ပျော်ရွှင်နေခဲ့ကြတော့သည်။   “ဝေယံကျော်ရေ.. မင်းဦးလေးနေတဲ့ရွာက တောင်ငူကနေ တော်တော် ဝေးသေးလားကွ”   “နည်းနည်းပဲဝေးတာပါ.. ဆိုင်ကယ်ကယ်ရီ ပြန်ပြီး စီးသွားရမှာကွ”   “ဒါထက် ရွာနာမည်ကရော ဘာလည်း”   “မင်းကလည်းကွာ ဟိုရောက်ရင် သိလိမ့်မယ်”   ဝေယံကျော်က ကားစီးရင် မူးတတ်တဲ့ အတွက်ကြောင့် စကားကို ဖြတ်ချလိုက်လေတော့သည်။ ထို့ကြောင့် ဘယ်သူမှတော့ ဆက်မမေးတော့ပေ။ အပြင်ကို ငေးကြည့်လာတဲ့ သူတွေလည်း ကြာလာတော့ ညောင်းလာကာ ကားထိုင်ခုံကိုသာ မှီလျက် လှဲလျောင်းရင်း လိုက်ပါလာခဲ့လေတာ့သည်။   ...

တွေ့ကရာလူကို အိမ်ခေါ်မလာသင့်ဘူးကွ၊ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ၊ နောက်ဒီလိုမျိုး ရှုပ်ရှုပ်ယှက်ယှက်တွေ အိမ်ခေါ်လာရင် မင်းကိုပါ အလုပ်ဖြုတ်ပစ်မယ်”   ဒရိုင်ဘာမောင်မျိုးက မျက်နှာငိုင်ကျသွားတယ်ဗျ၊   “ဟုတ်၊ ဟုတ်ကဲ့ပါ မမကြီး၊ ကျွန်တော်ဆင်ခြင်ပါ့မယ်”   မောင်မျိုးနဲ့ ဦးဖိုးထူးနဲ့ ကျုပ်လက်မောင်းကို တစ်ယောက်တစ်ဖက်ဆွဲကိုင်ချုပ်ပြီးတော့ ကျုပ်ကိုအိမ်ပေါ်ကနေအတင်းဆွဲချလာပါရောဗျာ၊ ကျုပ်ကတော့ မလျော့သေးဘူးဗျ၊   “မဟုတ်ဘူး၊ ကျုပ်ကူညီမှဖြစ်မယ်၊ မဟုတ်ရင် ဒီအိမ်မှာ တစ်ယောက်ယောက်သေရလိမ့်မယ်”   ကျုပ်အရူးကြီးတစ်ယောက်လို အော်ဟစ်နေမိတယ်ဗျ၊ အိမ်ထဲကနေထွက်လာတဲ့အချိန်မှာပဲ အိမ်ရှေ့ကိုကားတစ်စီးက ထိုးစိုက်သွားတယ်၊ ကားလေးကတော့ အဲဒိခေတ်က သူဌေးသူကြွယ်တွေမှ စီးနိုင်တဲ့ ...

မေ့ကိုတိုက်ရှာသည်။ သူဆေးတိုက်ပြီးတာနဲ့ အိပ်ယာပေါ်ကို ပြန်သိပ်ပေးလိုက်သည်။   သူရက ဆိုင်းနောင်အမေ နေမကောင်းသည်ကို ကြားသိရသဖြင့် သတင်းမေးဖို့ ရောက်လာခဲ့သည်။ အိမ်ရှေ့မှာ ဝမ်းနည်းစွာ ထိုင်နေတဲ့ ဆိုင်းနောင်က အိမ်ထဲဝင်လာတဲ့ သူငယ်ချင်းကိုတွေ့တော့ မျက်ရည်များကိုသုတ်လိုက်ပြီး အားရဝမ်းသာ ဆီးကြိုရှာသည်။   “ဟာ သူငယ်ချင်း လာလာ။ ”   “အေး မင်းအမေသက်သာရဲ့လား”   “မသက္သာပါဘူးကြာ။ ငါ့အမေရဲ့အဆုပ်က ကျွမ်းနေပြီတဲ့။ ကုလို့မရတော့ဘူးတဲ့။ ”   “ဟာ… အခုလိုကြားရတာ စိတ်မကောင်းလိုက်တာ ဆိုင်းနောင်ရာ”   ...

နှင့် တောအုပ်အတွင်းသို့ အိမ်ဥိးနှင့်ကြမ်းပြင်ကဲ့သို့ သွားလာနိုင်သည်။ ဝါးပိုးဝါးကြီးကြီး သုံးလုံးခန့်ကို ရွာအရောက်ထမ်းပြန်နိုင်သေးသည်။ တစ်ခါတရံ ရွာလယ်လမ်းတွင် ခြင်းခတ်ကြသည့်အခါ ကာလသားများနှင့်အတူ ခြင်းခတ်လေ့ရှိသေးသည်။ ကိုညိုကြီးတို့ ကာလသားဖြစ်သည့်အခါ ဘိုးသက်ရှည်အသက်ရှည်ရသည့်အကြောင်းကို ဆွေးနွေးငြင်းခုံကြသည်။ ဘိုးသက်ရှည်မှာ ဆေးကောင်းဝါးကောင်းတစ်ခုခုရှိမည်ဟု အားလုံးကထင်မြင်ကြသည်။ နောက်ဆုံး လူငယ်ဘာသာဘာ၀ အလောင်းအစားများပင်ပါလာခဲ့သည်။ ဘိုးသက်ရှည်မှာ ကလေးများထဲတွင် ကိုညိုကြီးကို ပိုမိုခင်တွယ်ကာ တူသားအရင်းသဖွယ်ချစ်ခင်သည်ဖြစ်ရာ ကိုညိုကြီးမှာ ဘိုးသက်ရှည်အား အနီးကပ်စောင့်ကြည့်ရန် တာဝန်ကျလေတော့သည်။ ဘိုးသက်ရှည်တစ်ယောက် ဆေးသုံးမသုံး၊ နည်းကောင်းရှိမရှိကို အကဲခတ်ရန်ဖြစ်သည်။ သို့နှင့် ကိုညိုကြီးမှာ မိဘများနှင့်ရန်ဖြစ်စကားများသည်ဟု အကြောင်းပြကာ အိမ်ပေါ်မှဆင်းလာခဲ့လေသည်။ ...

ဝတ်ဆင်ထားသောမိန်းကလေးငယ်တစ်ဦးအား တွေ့လိုက်ရသောကြောင့်ပင်ဖြစ်လေသည်။ ထိုမိန်းမငယ်အား အောင်ချစ်တစ်ယောက်ကြည့်နေစဉ်အခိုက် ” ဖျတ် “ကနဲပျောက်သွား၏။ ထိုအချိန်မှအောင်ချစ်လည်းသတိရသွားပြီး   ” သရဲ ”   .ဟုအော်ကာ ချောင်းကမ်းပါးပေါ်သို့တက်ပြေးလေ၏။ နောက်မှအောင်ချစ်လည်း   ” ငါစိတ်ထင်တာပါဟု ”   တွေးကာစက်ဘီးအားယူ၍ မြို့သို့ဆက်မသွားတော့ပဲ ရွာကိုသာပြန်လာလိုက်ပြီး စက်ဘီးကိုမိုးညိုထံသို့ပြန်ပေးလိုက်သည်။   နောက်နေ့ရောက်သော် မိုးညိုတစ်ယောက်ပွဲရုံတွင် ဆန်ဝယ်သူများကျနေသဖြင့်အလုပ်ရှုပ်နေ၏။ အလုပ်သိမ်းချိန်ရောက်သဖြင့် အလုပ်သိမ်းကာရွာသို့ပြန်မည်အလုပ်   ” ဟဲ့မိုးညို နင်ရွာပြန်မလို့လား ”   မိုးညိုလည်းအသံကြားရာ လှည့်ကြည့်လိုက်ရာ မိမိနှင့်တစ်ရွာထဲနေသူ ...

သန်းရင်သည် ရေနံဆီမီးခွက်လေး အဖုံးကို ဖွင့်ကာ အိမ်ထောင့်မှ ရေနံဆီပုလင်းလေးကိုယူပြီး မီးခွက်ထဲ ရေနံဆီဖြည့်နေ၏၊ ထို့နောက် ဆေးပေါ်လိပ်ကို ဖွာရှိုက်နေသော ကျော်ဆန်းအား ကြည့်ကာ စကားဆိုလိုက်သည်   “ကိုကျော်ဆန်း ကျမတို့ သားလေးတောင် ရှစ်နှစ် ပြည့်ပြီး ရှင်ပြုပေးချင်ပြီ ”   မိန်းမဖြစ်သူ၏ ပြောစကားကို ကျော်ဆန် ‌သည် ဖွာလက်စ ဆေးပေါလိပ်ကို အားရပါးရ ဖွာရှိုက်လိုက်ပြီး မီး‌ခိုးငွေ့များကို ပါးစပ်နှင့် နှားခေါင်းမှ မှုတ်ထုတ်လိုက်ကာ   “ငါလည်း ငါ့သားလေးကို ရှင်ပြုပေးချင်တာပေါ့ဟာ နောက်လ ...

လှည့်ကာ သူ၏သူငယ် ချင်းတွေ ပျင်းနေမှာစိုး၍၊ ငယ်ငယ်က သူကြားဖူးတဲ့ သရဲပုံပြင်တစ်ပုဒ်ကို ပြောနေခြင်းဖြစ်၏။ သူ၏ ဘေးတစ်ဖက်တွင် မိန်းကလေးတစ်ဦးနှင့်၊ နောက်အခန်းတွင် မိန်းကလေးနှစ်ဦး။ ” တော်စမ်းပါ၊ မောင်ထူးရယ်၊ နင့်ပုံပြင်ကလည်း ကြောင်တောင် တောင်နဲ့ ဘာမှန်းကို မသိဘူး၊ သက်သက် ငါတို့ကို လာခြောက်နေ တယ် ” မောင်ထူး၏ ဘေးမှ မိန်းကလေးက စိတ်တိုစွာပြောလိုက်၏။ သူမက မြမိုးသိမ့်။ နောက်က ကောင်မလေး နှစ်ယောက်က ခင်စန္ဒာ နဲ့ နှင်းမြဖြူ။ “ဟား၊ ဟား၊ ...

တစ်ခု ဖြစ်နေ၍၊ ” လုံးမ အဲဒါ နင်လား” ဟု မေးပြီး၊   ဘေးနားက မီးအိမ်ကို မီးစာမြှင့်လိုက်တော့ အရိပ်မည်းကြီး လှစ်ကနဲ ထွက်ပြေးသွား၍၊ ဦးကြင်အောင်လည်း ” ဘယ်သူလဲ လုံးမလား ” ဟု အော်ကာ မီးအိမ်ကိုင်လျက်လိုက်ပါသွားတော့ ခန်းဆီး အလွန်မှာပဲ ရုတ်ချည်း ပျောက်ကွယ်သွား၍ ဦးကြင်အောင်လည်း လန့်သွားကာ ကြက်သီးပင်ထလာတော့၏။   ဒေါ်လုံးမ ကို ပြောပြတော့လည်း ” ကြင်အောင် အဲဒါ ဝိုင်းချစ်ပဲ ငါတို့ကလေးက ငါတို့နဲ့ ...

ဖျန်းကနဲ ထစေသတဲ့။   ဒုတိယ ေိ့မှာ တင် တစ်ယောက်မှ ကောင်းကောင်း မအိပ်ကြရဘူးတဲ့။   ပန်းရံတွေ လက်သမား တွေ ဆိုတော့ နေရာမျိုးစုံ စရိုက်မျိုးစုံ ပါတဲ့ လူမျိုးစုံ တွေပေါ့ဗျာ။ တစ်ချို့ကသရဲခြောက်တယ်လို့ ယုံကြည်ကြသလို တစ်ချို့ကလည်း မယုံကြည်ကြပြန်။   ဒီလိုနဲ့ တစ်ခါ မနက်ရောက်ပြန်တော့ ကုန်းဂမူလေးဟာ မူလအတိုင်း ပြန်ဖြစ်နေပြန်သတဲ့။ ကျင်းငယ်မြောင်းငယ်တွေလည်း ဘာမှမရှိတော့ဘူးတဲ့။ အရာတောင် မကျန်ခဲ့ဘူးဆိုပဲ။   ဒီတော့ နောက်တစ်ခါ ထပ်ဖြိုရပြန်တာပေါ့။   သုံးည ...

တော့သည် ။ ခရီးရောက်မဆိုက် နားဖို့ ရေမိုးချိုး ဖို့ကိုပင် ဒုတိယ နေရာထားလိုက်၏။   “အဘ ညောင်ညိုပင် ဆိုတာက ”   “တို့ရွာ အပြင်က … ညောင်မုတ်ဆိတ်တွေ ပြိုင်းပြိုင်းထနေတဲ့ ညောင်ပင်ကြီး အကြောင်းပေါ့ကွာ ”   အဘ ဦးထွန်းသစ် ထိုသို့အစချီလိုက်တော့ ကျွန်တော်လည်း စိတ်၀င်စားနေသော ရွာအပြင်က ညောင်ပင်ကြီး အကြောင်းဖြစ်နေသည်မို့ ၀မ်းပန်းတသာ နားဆင်လိုက်ပါတော့၏။   “အဲ့အချိန်တုန်းက အဘ အသက် ၁၂ နှစ်လောက်ပဲ ရှိအုံးမယ် ...