ဘကြီးမိုးက ဦးဆောင်သူမို့ အားလုံးက ဘကြီးမိုးအကြံအစည်ကိုလက်ခံလိုက်ကြသည်။ တောလမ်းအတိုင်းသွားလျှင် မြို့သို့ သုံးလေးနာရီခန့်သာသွားရသော်လည်း တောထူထပ်ခြင်း၊ အမှောင်ကျခြင်းတို့ကြောင့် နွားလှည်းသွားလာရာတွင် အနှောင့်အယှက်များရှိနိုင်ပေသည်။ ထို့ကြောင့် ဘကြီးမိုးအကြံအစည်ကို အားလုံးက လက်ခံလိုက်ကြခြင်းဖြစ်သည်။ ဘကြီးမိုးက တိုးကျော်လှည်းပေါ်သို့ပြန်တက်လိုက်ပြီး အရှေ့ဆုံးမှစတင်မောင်းနှင်ခဲ့လေသည်။ သူတို့အနောက်တွင် ကောင်းစံ၏လှည်းပါပြီး ဦးပေါကြီးလှည်းမှာ နောက်ဆုံးမှလိုက်လာခဲ့လေသည်။ ဆောင်းအကုန်နွေအကူးမို့ ရာသီဥတုက ပူသည်ဟုလည်းမဆိုသာ၊ အေးသည်ဟူ၍လည်း မဆိုသာပေ၊ ကောင်းကင်တွင် ရှစ်ရက်လခြမ်းကလေးက ကွေးကွေးကလေးသာနေလေသည်။ မိုးကောင်းကင်တွင် တိမ်မှောင်တိမ်လိပ်များကင်းစင်၍ တိမ်ပါးပါးလွှလွှသာ တစ်ပျောက်တစ်လေရှိသည်မို့ လရောင်က ပတ်ဝန်းကျင်ကိုဖြာကျနေလေတော့သည်။ ရွာအပြင်ထွက်လာခဲ့သည့်အခါ လုပ်ငန်းသိမ်းထားသည့် လယ်ခင်းယာခင်းများကို လရောင်အောက်တွင် ...

သီရမှာတော့ မုန့်ဟင်းခါးပန်းကန်နှင့် လက်ဖက်ရည်ခွက်ကြား ခေါင်းမဖော်နိုင်ပေ။ သီရိစားသောက်ပြီးသောအခါ… “လမ်းမှာစားဖို့မုန့်လေးဝယ်ထားဦးသီရိ… ညကျရင်မိုးချုပ်မှရောက်လိမ့်မယ်…” “ဟုတ်ကဲ့စီနီယာ…သီရိဝယ်မှာပါ ဟီး…. မဟုတ်ရင်ဗိုက်ဆာနေမှာလေ” လွန်းနီနီခေါင်းညိတ်လိုက်သည်။ ဆောင်းသည် အတော်အချမ်းပိုနေ၏။ မိုးအုံသည်မို့ပို၍အေးစက်လွန်းလှသည်။ သူမတို့ကိုယ်၌ ကုတ်အင်္ကျီများဝတ်ဆင်ထားသော်လည်း ချမ်းအေးကြနေစဲပင်။ ဂျင်းဘောင်းဘီအရှည်များ…. ဘွတ်ဖိနပ်များဝတ်ဆင်ထားသော သူမတို့အား ခရီးသွားများမှာငေးကြည့်နေကြသည်။ သူမတို့အား ဟောင်ကောင်ဂျက်မများဟုပင် ထင်မှတ်နေပုံရ၏။ ထိုသူတို့၏အကြည့်များကိုဂရုမစိုက်နိုင်… သီရိဝယ်ချင်သော မုန့်များကိုဝယ်ယူခဲ့ပြီး ကားဆီသို့ပြန်လာခဲ့ကြတော့သည်။ “ကဲ…မမလေး တလှည့်နားပါ….ကျွန်မမောင်းပါ့မယ်….” ဟု..လွန်းနီနီမှပြောလေသောအခါ… သီရိမှ… “ကောင်းပါပြီ ကျွန်ယုံတော် သင်မောင်းပါ……” ဟု…စစနောက်နောက်ပြန်ပြောလေရာ လွန်းနီနီ၏ လက်သီးစုပ်သည် သီရိ၏ခေါင်းအထက်သို့ ခပ်ဖွဖွလေး ...

ကပ္ပိယကြီး ထိုသို့ ရှင်းပြလိုက်တော့ ကိုပြူးက ထိတ်လန့်တကြားဖြစ်သွားပြီး “ဟာ ဒါဆိုကျုပ်တို့ရွာကလူတွေတော့ အကုန်ဒုက္ခရောက်ကြပြီ‌ေပါ့ ကပ္ပိယကြီး တစ်ရွာလုံး လေပွေမိစ္ဆာတွေဝင်သွားတာဆိုတော့ လူတိုင်းရစ်ပတ်ခံရမှာပဲ ကလေးငယ်တွေဆို ဘယ်လိုလုပ်မတုန်း” ကိုပြူး ထိုသို့ပြောလိုက်တော့ ကပ္ပိယကြီးက “ဒီကောင်တွေက ကလေးသူငယ်‌ေတွရဲ့ စိတ်ကိုတော့မဖမ်းစားနိုင်ဘူးကွ သူတို့ဖမ်းစာနိုင်တာ အရွယ်ရောက်ပြီးသားလူ‌ေတွရဲ့ စိတ်ကိုပဲဖမ်းစားနိုင်တာ ဒါပေမဲ့တစ်ရွာလုံး ဒုက္ခရောက်မဲ့ကိစ္စကိုတော့ ဒီအတိုင်းထားလိုမဖြစ်ဘူး ဒီကောင်တွေကိုနောက်ကလိုက်ပြီးရှင်းရမှာပဲ” ကပ္ပိယကြီး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က “ဒီအရိပ်တစ္ဆေကောင်တွေကို လိုက်ရှင်းဖို့ဆိုတာ လွယ်ပါ့မလား ကပ္ပိယကြီး” ထိုအခါ ကပ္ပိယကြီးက “လွယ်တော့မလွယ်ဘူးပေါ့ကွမြင့်ဆောင့် ဒါပေမဲ့ ဖြစ်အောင်‌‌ေတာ့ လုပ်ရမှာပေါ့ ...

“အေး အဲ့တာတော့ ငါလက်ခံတယ် ၊ ဘိုးထင်   ကြာတယ်ကွာ သတ္တိရှိရင် ဒီနေ့ နွားတိုက်မယ် လို့ပြောလိုက်ကွာ အဲ့ကောင်ဖိုးထွေးကို “ “ပြောလိုက်မယ် ဗျာ …ကိုသာရ ခင်ဗျားကောင်တွေကိုလည်းပြောဦး လောက်စလုံး နဲ့ လောင်းလို့ရတယ် လို့ ပြီးတော့ စိမ်းစားဥ လည်း လောင်းလို့ရတယ် နော် “ “အေးအေး ပြောလိုက်မယ် ဟိုကောင်တွေလည်း ထွန်ဖြုတ်ကုန်းမှာ စိမ်းစားဥ တူးနေကြတယ် အတော်ပဲ “ သာအေးသည် မောင်ဘိုးထင် စိမ်းစားဥနှင့် လောင်းလို့ရသည် ဆိုသည့်စကားကို နားမလည်ပဲ ...

ဖို့ကောင်းတယ်ဗျ အားလုံးကြားရသည် ဦးလေးက ဘုရားစာကိုဆက်ရွှတ်နေသည် ရီသံမာခနနေတော့ပျောက်သွားပြန်သည် ဦးလေးမျက်လုံးဖွင့်လာပြီးမရဘူး ပညာအရမ်းမြင့်နေပြီ ငါကယ်လို့မရတော့ဘူးပြောတော့အမျိုးတွေကော မိသားစုတွေကောအားလုံးငိုကြကုန်သည် အမေကဦးလေးကို ငါ့သားကိုရအောင်ကယ်ပေးပါ လို့ပြောပြီးငိုနေရှာတယ် ဒါနဲ့အိမ်ဘေးကအဖိုးတယောက်ရောက်လာပြီး ကျနော်အဖေအား မင်းရဲ့သားကို ငါသိတဲ့ ဆရာတယောက်နားသွားကုကြည့်ပါလား ပြောလာတော့သည်အားလုံးကလည်းကုကြည့်ရန်တိုက်တွန်း ကြတော့သည် ခုတော့ညနက်နေပြီ ဘယ်လိုလုပ်မလည်း မနက်မှပဲသွားရှာမှရမာလေ အဲ့ဒီဆရာအိမ်လည်းတိတိကျကျမသိ ဆရာဝန်ကြီးကိုအရင်ပင့်လိုက်သည်ဆရာဝန်က အသက်ကယ်ဆေးတွေ ထိုးပေးပြီး စိတ်မကောင်းပါဘူးလို့ အမေကိုပြောတဲ့အသံကြားလိုက်ရသည် ကျနော် ဘုရားစာပဲရွှတ်နေတော့သည် ဘာမှအာရုံမထားတော့ပဲဘုရားတရားသာစိတ်ထဲထားတော့သည် ပတ်ဝန်းကျင်ကလူတွေလည်းပြည့်နေပြီ အဲ့ညတော့ကံကောင်းစွာကျော်ဖြတ်လာသည် နောက်နေ့မနက်လင်းသည်နှင့် အိမ်ဘေးကအဖိုးနှင့်အဖေအမေ ဦးလေးတို့ ဆရာကိုပင့်ရန်ထွက်သွားကြလေသည် ကျနော်ကတော့မျက်လုံးအနည်းငယ်ပဲဖွင့်နိုင်တယ် သူများပြောတာတွေတော့ကြားနေရတယ် မေးရင်လည်းကြားတယ် ...

ခံစားနေရတယ်။ ကျွန်မရဲ့မြင်ကွင်းထဲမှာ ကားအကြီးကြီးနှစ်စီး တိုက်မိတာ ကို မြင်နေရတယ်။ ကားပေါ်က လူတွေလည်း လွင့်စဉ်ထွက်ကုန်ကြတယ်။ ထိုမြင်ကွင်းကိုကြည့်ရင်း သွေးပျက်သလို ဖြစ်နေရပါတယ်။ အဖြစ်အပျက် တွေကို ရပ်ကြည့်နေရင်းက “အိမ်ထဲဝင်လေ- ဘာတွေကြည့်နေတာလဲ” အသံကြား၍ ကျွန်မလည်း အိမ်ထဲ ပြန်ဝင်လာခဲ့တယ်။ အသံရှင်ကိုတော့ မတွေ့လိုက်ဘူး။ ဘယ်သူများ လာပြောတာလဲမသိဘူး။ ထိုအချိန်မှာပဲ နာရီနှိုးစက်သံကြား၍ လန့်နိုးခဲ့ပါတယ်။ “ဟင်း”ကျွန်မ အိပ်မက်တွေ မက်နေတာပဲ။ ကျွန်မလည်း မောပန်းစွာနဲ့ သက်ပြင်းချရင်း အိပ်ခန်းထဲမှာ မီးဖိုခန်းဆီကို လျှောက်လာခဲ့ပါတယ်။ မီးဖိုခန်းထဲမှာ အရိပ် တစ်ခုလှစ်ခနဲတွေ့လိုက်ရတယ်။ ...

ကျောင်းသားနဲ့ ထမင်းစားကြပေါ့”    “တင်ပါ့ ဘုရား တပည့်တော်တို့ လာခဲ့ပါ့မယ် “     ကိုရင်လေးသည် ဦးဖိုးဝေတို့အား  ဆွမ်းစားကျောင်းဆီ လာရန်အတွက် မှာကြားပြီး ပြန်ကြွသွားလေသည်။သူရိယသည် အခန်းထောင့်မှ တံမြက်စည်းကို ယူကာအခန်းထဲတွင် သန့်ရှင်းရေးလုပ်နေရင်းမှ ဦးဖိုးဝေအား စကားဆိုလိုက်လေသည်။     “အဘ ဒီအခန်းထဲမှာ မကျွတ်မလွတ်သေးတဲ့ သူတယောက်ရှိနေတယ် မဟုတ်လား “     “ဟုတ်တယ် လူလေး “     “ကျနော့်အထင် သူက ကပ္ပိယကြီးဖြစ်နေမလား “     “အင်း သိချိန်တန်ရင်တော့ ...

ဆေးရွက်ကြီးငုံ၍ မီးပုံကြီးဘေး၌ ထိုင်နေလေသည်။ ဦးဖေတင်တို့ သုံးဦးလည်း မီးပုံနံဘေး၌ပင် လှဲလျောင်းအနားယူနေလေသည်။ ခဏကြာသောအခါ ခွေးပုသည် ရုတ်တရက်ထလာကာ မုဆိုးကြီးတေမိအား “မုဆိုးကြီး အိပ်ချင်အိပ်လေဗျာ…ကျွန်တော် စောင့်ပေးမယ်” ဟု ပြောလေသည်။ မုဆိုးတေမိလည်း ခွေးပုကို ရုတ်တရက်ကြည့်လိုက်ကာ ခေါင်းခါပြ လိုက်ပြီးလျှင် “ရပါတယ် ဗျာ ခင်ဗျာဘာသာ အိပ်ပါ ကျွန်တော်စောင့်ပေးပါ့မယ်”ဟု သဘောရိုး​ဖြင့်ပြောလိုက်လေသည်။ ခွေးပုကလည်း “ဟုတ်ပါပြီဗျာ”…. ကျွန်တော်အပေါ့သွားအုန်းမယ် ဟုဆိုကာ သူလွယ်ထားသည့် လွယ်အိပ်ထဲမှ ဆေးမှုန့်ထုတ်ကို နိူက်ယူလိုက်ကာ မုဆိုးတေမိ မသိအောင် မီးပုံအတွင်းသို့အသာလေး ပစ်ထည့်လိုက်ကာ အပေါ့သွားမည်ဟုဆိုကာ ...

သို့သော်နွားများပျောက်တာရှတာဖြစ်လာသည့်အပြင် တစ်ခါတစ်ရံလူကိုပါ​ခြောက်လန့်သောကြောင့် ထိုရွာအနောက်ဘက်ကွင်းကို မသွားဖို့ရန်ပင် လူကြီးများကတားမြစ်ထားကြရသည်။ ယခုလည်းသာကျော်က ဦးညိုတုတ်ပြောသည်ကို နားမထောင်ဘဲ ရွာအနောက်ဘက်ကွင်းကို နွားသွားကျောင်းခဲ့ရာမှနွားတစ်ကောင်ပျောက်ခဲ့လေသည်။ တစ်ရက်၌ ရွာက ငပေနဲ့ ပေါက်စ ဆိုသည့် ကလေးနှစ်​ယောက်ထိုရွာအနောက်ဘက်ကွင်းရှိ သရက်ပင်ကြီးဆီကိုရောက်လာခဲ့ကြသည်။ သရက်ပင်ကြီးကလည်း သရက်သီးတွေအတော်သီးနေသည် မလို့ ကလေးနှစ်​ယောက်အတော်ပျော်သွားကြ၏။ “ငပေ…မြန်မြန်တက်ပါကွ…” “ဟ…ငါတက်နေတာပဲလေ…မင်းကဘာဖြစ်လို့ လောနေရတာလဲပေါက်စရဲ့” “မင်းလည်းသိရဲ့သားနဲ့ငပေရာ… ဒီကွင်းကသရဲရှိတယ်လေ…တို့မြန်မြန်ခူးပြီး မြန်မြန်ပြန်ကြရအောင်ကွာ…” “အေးပါကွာ…လာ…ငါ့နောက်ကလိုက်တက်” ငပေနဲ့ပေါက်စတို့လည်းသရက်ပင်ပေါ်ကိုတွယ်၍ တက်ကြသည်။ ရွာထဲရှိသရက်ပင်တွေကဒီအပင်​လောက်အလုံးမကြီး၍ ငပေနဲ့ပေါက်စတို့နှစ်ယောက်တိုင်ပင်ကာ ထွက်လာခဲ့ကြခြင်းဖြစ်သည်။ သရက်သီးများရသလောက်ခူး၍ ရသမျှကိုလည်းမြေပေါ်ကို ပစ်ချထားကြသည်။ “ဒီလိုနေပြန်တော့လည်း… ဘာသရဲမှမရှိဘူးလို့ထင်ရတယ်နော်ပေါက်စ” “မင်းပါးစပ်ပိတ်စမ်းပါ ငပေရာ… ...

တော့ တက်တူတို့ထိုးသလိုမျိုး ဆေးတွေထိုးလို့ရတယ်၊ အဲဒီဆေးတွေကတော့ နည်းနည်းအောက်လမ်းနည်းဆန်တယ်ကွ၊၊ နောက်ပြီး အင်းတွေ၊ အစောင်တွေလည်းရှိသေးတယ်” “တုတ်ပြီးဓါးပြီးဆိုတိုင်း အချိန်ပြည့်ပြီးနေတာမဟုတ်ဘူးကွ၊ သူက ကိုယ်လိုချင်တဲ့အချိန်မှ ပြီးအောင်လို့ မနန်တွေ အုပ်မန်းရတာကွ” “ဪ၊ ဒီလိုလား မသိပါဘူးဗျာ၊ ကျုပ်က အချိန်ပြည့်ရတယ်ထင်နေတာ” “တက်တူကြီး ထိုးထားတဲ့ ဘီလူးသားပိုက်ဆေးဆိုရင် တုတ်ဓါးပြီးတာမှန်ပေမယ့် သူက အောက်လမ်းနည်းတစ်မျိုးပဲကွ၊ ဘီလူးဆေးထိုးထားတော့ အဲဒီဆေးကိုစောင့်တဲ့ ဘီလူးက ကိုယ့်ကိုယ်မှာဝင်ဆွဲနေတာပေါ့ကွာ၊ လူကလည်း ဘီလူးစိတ်ပေါက်ပြီး ကြမ်းကြမ်းတမ်းတမ်း ပေပေကမ်းကမ်းနေတာမဟုတ်လား” (ထိုအချိန်က ဦးတက်တူမသေသေးပါ) “ဟုတ်တယ်နော်” “ပြီးတော့ အဲဒီဆေးတွေကလည်း အထူးသဖြင့် ...