မရဏမှန်

နားကပ်ကာဆံပင်သပ်၍မှန်ကြည့်လိုက်သည်ထို့နောက်အံ့သြဟန်ဖြင့်
””’ဟာ—-ဟေ့ကောင်မင်းမှန်ကဘာမှလဲမပေါ်ပါလားကွ””
သူငယ်ချင်းစကားကြောင့်သူ့ရင်သည်ဒိန်းကနဲဖြစ်သွားကာသူငယ်ချင်နားရောက်သွားကာ
သူ့့လက်ထဲကမှန်ကိုကြည့်လိုက်တော့မှန်ထဲတွင်ဘာရုပ်မှမပေါ်ပါသူအလွန်အံ့သြတုန်လှုပ်ရင်း
ဘာပြောရမှန်းမသိဖြစ်သွားသည်ထို့ကြောင့်သူငယ်ချင်းကသူ့့အား
””ဟေ့ကောင်မင်းမျက်နှာကြည့်ရတာဖြူ ဖတ်ဖြူလျှော်နဲ့နေကောင်းရဲ့လားငါလဲရောက်နေတာကြာပြီပြန်မယ်ကွာ—–နောက်မှလာမယ်—မင်းလဲနားလိုက်တော့——””
သူငယ်ချင်းကမှန်အားဘီရိုထဲပြန်ထည့်ကာပြန်သွားလေသည်သူ့စိတ်ထဲမှာတော့ဇဝေဇဝါဖြစ်ကာကျန်ခဲ့သည်။
နောက်တပတ်လောက်နေတော့ထိုသူငယ်ချင်းသည်ခရီးသွားရင်းကားမှောက်၍ဆုံးသွားလေသည်။
သူငယ်ချင်းသတင်းကြားတော့သူအတော်စိတ်ခြောက်ခြားသွားသည်မှန်လာရောင်းသော
ကောင်လေးစကားသည်မှန်နေသည်လားသူဝေခွဲရခက်နေသည်တိုက်ဆိုင်တာလဲဖြစ်မည်ဟုတွေးကာ
သူလက်မခံချင်ပေဒါနဲ့သူမှန်ကလေးအားတခြားပစ္စည်းများအောက်ထိုးထားလိုက်သည်။
မကြာခင်တနေ့တွင်သူ့နဲ့ဝါသနာတူမိတ်ဆွေတစ်ယောက်ရောက်လာသည်သူကဆိုင်ထဲက
ပစ္စည်းများမွှေနှောက်ရှာနေရင်းထိုမှန်ကလေးအားတွေ့သွားပြန်သည်။
””’ဒီမှန်ကလေးကဘယ်ခေတ်ကပစ္စည်းလဲဗျ”””
””မသိပါဘူးဗျာလေ့လာမကြည့်ရသေးဘူး””
သူကစကားသာပြောနေရပေမိတ်ဆွေမှန်ကြည့်လိုက်မှာစိုရိမ်နေသည်သူစိုးရိမ်နေသလိုပင်
ထိုမိတ်ဆွေကမှန်အားမျက်နှာနားကပ်ကာကြည့်လိုက်တာကြောင့်သူ့ရင်တွေအတော်ခုန်သွာသည်။
””’မှန်ကအမြင်သိပ်မကြည်ဘူးမှန်တိုက်ဆေးလေးပွတ်လိုက်ပါလားဗျ””’
ထိုအခါမှသူစိတ်အေးသွားသည်။ထိုမိတ်ဆွေပြန်သွားတော့သူလဲမှန်အားမသိမ်းမိသတိမေ့သွားသည်။
””’ဦးလေးရှေးဟောင်းဒါးလေးဘာလေးမရှိဘူးလားဗျ”””’
ချာတိတ်တစ်ယောက်ဒါးလာမေးတာ့သူကကြည့်လိုက်ရာလမ်းထဲကကောင်လေးဖြစ်နေသည်။
”””ဟ—မင်းကဒါးဘာလုပ်ဖို့လဲကွ—-မင်းအရွယ်ကစာသင်ရမဲ့အရွယ်ကို””
ထိုကောင်ကလေကသူမသိမ်းဖြစ်သောမှန်ကလေးအားဆတ်ကနဲယူကြည့်လိုက်သည်။
””’ဦးလေးဒါကဘာလဲ—–မှန်မဟုတ်ဘူးလားဘာမှလဲမပေါ်ဘူးဦးလေးမှန်က”””
ထိုကောင်လေစကားကြောင့်သူစိတ်လှုတ်ရှားသွားကာစိုးရိမ်စိတ်နှင့်ပြောလိုက်သည်။
””မင်းဒီရက်ပိုင်းအပြင်သိပ်မထွက်နဲ့ကြားလားဘုရားရှိခိုးအိပ်—မင်းကဒါးလိုချင်တယ်ဆိုတော့အန္တရယ်ရှိနေသလား’မသိဘူး”””
သူ့့စကားအားထိုကောင်ကလေးကဇဝေဇဝါဖြင့်ခေါင်းကုတ်ကာပြန်သွားသည်။
သူကြိတ်၍ဆုတောင်းနေမိသည်ထိုကောင်လေးဘာမှမဖြစ်ပါစေနှင့်ဟူ၍သို့ပေမဲ့သူ့ဆုတောင်းမပြည့်ပါ
မကြာခင်ထိုကောင်ကလေးရန်ဖြစ်ကာဆေးရုံရောက်သွားရင်းဆေးရုံတွင်ဆုံးသွားလေသည်။
နောက်ထပ်နှစ်ယောက်သုံးယောက်လဲထိုမှန်ထဲဘာမှမမြင်ရဆိုကာတိုက်ဆိုင်စွာသေဆုံးသွားကြသည်။
သေဆုံးသူများအားလုံးကလဲအသေဆိုးနဲ့သေကြတာဖြစ်
သည်ဒါဟာတိုက်ဆိုင်တာမဟုတ်တာသေချာသွားပြီ
လာရောင်းသောကောင်းလေးစကားသည်မှန်နေပြီဒါဟာမရဏမှန်ဖြစ်မည်ဟုသူတွေးမိကာ
မှန်အားဆိုင်ထဲတွင်မထားရဲတော့ဘဲသတင်းစာစက္ကူနှင့်ထုတ်ကာသူ့အိပ်ခန်းထဲထည့်ထားလိုက်သည်။
သူ့မှန်အားဖျက်စီးလိုက်မယ်စိတ်ကူးထားသည်ဒါဟာအကောင်းဆုံးနည်းလမ်းဟုသူထင်သည်။
နောက်တပတ်လောက်နေတော့သူဆိုင်မထွက်ဘဲနေမကောင်း၍အိမ်မှာအနားယူနေသည်။
နေ့လယ်ဘက်သူဧည့်ခန်းထဲကပက်လက်ထိုင်ခုံပေါ်တွင်အိပ်ပျော်သွားရင်းအိမ်မက်ဆိုးများမက်နေသည်။
အိမ်မက်ထဲတွင်သူထိတ်လန့်နေသောမှန်ကလေးထဲမှမဲမဲအခိုးအငွေ့များထွက်လာသည်ကိုမြင့်ရကာ
သူလန့်နိုးသွားသည်ဒါနဲ့အိပ်ခန်းထဲပြောင်းအိပ်မယ်ကြံကာထလာတော့သူအခန်းဝတွင်
အိမ်အကူကောင်မလေးသည်သူသေချာသိမ်းထားသည့်မှန်အားအဝေးကကြည့်လိုက်
အနီးကကြည့်လိုက်ဖြင့်အလုပ်ရှုတ်နေသည်ကိုမြင်လိုက်ရတော့သူ့မျက်လုံးတွေပြာသွားကာဒေါသထွက်သွားသည်။
””’ဟဲ့—နင်ကဘာလို့ငါသိမ်းထားတာပစ္စည်းကိုယူကိုင်ရတာလဲစည်းကမ်းမရှိလိုက်တာ””’
သူ့ဒေါသသံကြောင့်ကောင်မလေးကလန့်သွားကာထစ်ထစ်အအဖြင့်ပြန်ဖြေလိုက်သည်။
””’ ‘မဟုတ်ဘူးဦးလေးးးးးးးးးဦးလေးအခန်းထဲဝင်ရှင်းပေးရင်းဒီအထုတ်ကပြေနေလို့—–ပြန်ထုတ်ပေးမလို့လုပ်တာမှန်တချပ်ဖြစ်နေလို့ယူကြည့်မိတာ———အဲဒါ—-အဲဒါ””’
သူအလွန်စိုးရိမ်သွားပြန်သည်ထိုကောင်မလေးလင်မယားကိုသူ့အိမ်မှာခေါ်ထားသည်မှာကြာပြီဖြစ်သည်။
သူ့တို့လင်မယားကအလုပ်လုပ်တာတော်သည်စေတနာပါသည်သူ့ယောင်္ကျားလေးကလဲဆိုင်တွင်အားကိုးရသည်။
သူအလောသုံးဆယ်ကောင်မလေးအားမေးလိုက်သည်။
”””အဲတော့ဘာဖြစ်လဲအမြန်ပြောစမ်း”””’
””’ဦးလေးမှန်က——ပုံမပေါ်ဘူးးးးးးးးးးး””’
သူ့နားထဲမိုးကြိုးပစ်သလိုဖြစ်သွားကာအရုပ်ကြိုးပြတ်ဖြစ်သွားကာလဲကျသွားသည်။
သူအားကောင်မလေးကနားမလည်နိုင်အောင်ဖြစ်သွားကာသူ့ယောက်င်္ကျားအားပြေးခေါ်လိုက်သည်။
သူ့အိပ်ယာထဲ၂ရက်လောက်အနားယူပြီးနေပြန်ကောင်းလာတော့အိမ်ကကောင်မလေးလင်မယားက
နယ်ကသူ့့အမေဆေးရုံတင်ရ၍ခဏပြန်ချင်တယ်ပြော၍ပြန်လွှတ်လိုက်သည်။
နောက်တပတ်လောက်နေတော့ထိုလင်မယားမှကောင်လေးပြန်ရောက်လာကာ
ကောင်မလေးရေနစ်၍ဆုံးသွားကြောင်းသိလိုက်ရတော့သူစိတ်တွေဆောက်တည်ရာမရဖြစ်သွားကာ
မှန်အားမကြည့်မိအောင်သတင်းစာစက္ကူအထပ်ထပ်ပတ်၍တူနှင့်အစိတ်စိတ်အမွာမွှာထုပြစ်လိုက်သည်။
ထို့နောက်တွင်မှန်ကွဲစများအားအိတ်အထပ်ထပ်ဖြင့်ပတ်ကာအိတ်တွင်
အန္တရယ်ရှိသည်မှန်ကွဲစများရှတတ်သည်—–ဟုရေးကာအမှိုက်ပုံတွင်သွား၍လွှတ်ပစ်လိုက်လေသည်။
ထိုအချိန်မှစ၍မရဏမှန်တစ်ချပ်ဒီလောကကြီးထဲကပျောက်ကွယ်သွားလေသည်။
သို့ပေမဲ့ခွန်လမင်းထံတွင်တော့ထူဆန်းသောရှေးဟောင်းပစ္စည်းများရှိနေအုံးမည်ထင်ပါသည်။
တခါတရံမှာလူတို့လိုက်၍မမှီသောဂမ္ဘီရဆန်းကျယ်သောအကြောင်းအရာများစွာသည်ဒီလောကကြီးထဲမှာအများအပြားရှိနေမှာပါ။

ပြီး
D Moe Moe