လည်းအသက်ကြီးပြီး ရောဂါအခံရှိသူမို့အလုပ်မလုပ်နိုင်ချေ။ ဖခင်ဖြစ်သူကြတော့လည်း မိသားစု စားဝတ်နေရေးကိုခေါင်းထဲမထည့် ရသည့်လုပ်အားခကိုထင်သလို သောက်စားပစ်လေသည်။ သုတလည်းဖခင်ဖြစ်သူကို အလိုမကျပေမယ့် သားသမီးဖြစ်သည့် အတွက်ပြောပိုင်ခွင့်မရှိခဲ့ပေ။ သည်းမခံနိုင်၍ပြောသည့်အခါများတွင် လည်းမိခင်ကြီးမှာရောဂါထပ်တိုးရလေ သည်။ ထို့ကြောင့်သုတလည်းစိတ်ကိုလျှော့ကာ မြိုသိပ်ထားရလေသည်။ သုတလည်းအလုပ်မရှိပဲအားနေသဖြင့် ရပ်ကွက်ထဲလျှောက်သွားနေသည်။ “ဟေ့ကောင် သုတ နားတာလားဟ” “နားတာမဟုတ်ဘူး ငါ့ကောင်ရေ အလုပ်ကပိတ်ထားတာကွ။ ငါလည်းအလုပ်မရှိတာနဲ့ ပျင်းလို့အိမ်က ထွက်လာတာ” “ငါမြေတူးသွားမလို့ကွ မင်းလိုက်မလား အနည်းဆုံးတော့ လေးငါးခြောက်ထောင် ရတာပေါ့ကွာ။ မင်းလုပ်ချင်ရင်လိုက်ခဲ့ပေါ့ မင်းလည်းဒီနေ့အားနေတာပဲ……” “အေးကွာ လိုက်ခဲ့မယ် အလကားလျှောက်သွားနေလို့ ငွေမရဘူး ငါမင်းနဲ့မြေတူးလိုက်ခဲ့မယ်။ သုတလည်းအသိမိတ်ဆွေက ...

ပါဘူးရှင် ” “ငါပြောပြီးပြီပဲ နင့်ကိုတိုက်လို့မရဘူးလို့ သွားနင်ပြန်တော့ နင်နေတဲ့ဆီကိုပြန်တော့” အဲလူကြီးကကျွန်မကိုအသည်းအသန် ပြန်ခိုင်းတယ်၊ကျွန်မလည်းမပြန်ဘူးလို့ ပြောလိုက်တယ်။ “ဟေ့ကောင်တွေသွား ခေါင်းဆောင်ကိုသွားခေါ်ချေ ” အဲဒီလူကြီးကသူ့ဘေးကလူနှစ်ယောက် ကိုခိုင်းလိုက်ပါတယ်။ သူ့စကားဆုံးသွားတော့သူ့ဘေးက လူနှစ်ယောက်လည်းဖျက်ကနဲပျောက်သွားကြတယ်။ ဒါနဲ့ကျွန်မလည်းပေကပ်ပြီးထိုင်နေလိုက်တယ်။ ခဏလောက်နေတော့ “ဒုန်း ဒုန်း ဒုန်း” ဆိုပြီးအသံကြီးကိုကျွန်မကြားလိုက်ရ တယ်။ ကျွန်မမော့ကြည့်လိုက်တော့ နည်းတဲ့လူကြီးလားရှင် သူ့ခြေသလုံးက ကျွန်မထိုင်နေတာထက်တောင်ရှည်နေ သေးတယ်၊ဒါနဲ့သူကခေါင်းကြီးငုံ့ပြီး ကျွန်မကိုပြောတယ်။ ကောင်မလေးနင်ပြန်တော့တဲ့ ကျွန်မလည်းမပြန်နိုင်ဘူးလို့ ခပ်မာမာပဲပြောလိုက်တယ်။ အဲဒါနဲ့သူတို့ရဲ့ခေါင်းဆောင်ကသူတို့ကို ဟေ့ကောင်တွေသူ့ကိုလိုက်ကြစမ်းဆိုပြီး ပြောလိုက်ပါတယ်။ သူတို့ခေါင်းဆောင်ကပေးတဲ့အမိန့်သံ ကိုလည်းကြားရော ချက်ချင်းပါပဲရှင် ရေနွေးကြမ်းထိုင်သောက်နေတဲ့ လူကြီး၅ယောက်က ...

ငှားသွားလဲ သိလားဗျ “     ဖိုးထွေး၏ အမေးကို ပေါက်တူးထမ်းထားသော လူကြီးသည် ခေါင်းကို တဆက်ဆက် ညိတ်ပြီး နားထောင်ကာ     “သိပြီကော သိပြီ နို့အဲ့တာ လူလိမ်တွေလားဟ “     “ဟုတ်တာပ ဦးလေးရယ် ကျုပ်တို့ ရွာက ဆန်တွေကော ငွေတွေ ကော လိမ်သွားတာဗျို့ “     “မင်းတို့ ရွာက ကောင်တွေ ငါနဲ့တွေ့တာတောင် မပြောဘူးကွာ”     “ရှက်လို့နေမှာပေါ့  ကျုပ်တို့ တောင် မခံချင်လို့ အဲ့လူလိမ်တွေကို ...

“အေး အဲ့တာတော့ ငါလက်ခံတယ် ၊ ဘိုးထင်   ကြာတယ်ကွာ သတ္တိရှိရင် ဒီနေ့ နွားတိုက်မယ် လို့ပြောလိုက်ကွာ အဲ့ကောင်ဖိုးထွေးကို “ “ပြောလိုက်မယ် ဗျာ …ကိုသာရ ခင်ဗျားကောင်တွေကိုလည်းပြောဦး လောက်စလုံး နဲ့ လောင်းလို့ရတယ် လို့ ပြီးတော့ စိမ်းစားဥ လည်း လောင်းလို့ရတယ် နော် “ “အေးအေး ပြောလိုက်မယ် ဟိုကောင်တွေလည်း ထွန်ဖြုတ်ကုန်းမှာ စိမ်းစားဥ တူးနေကြတယ် အတော်ပဲ “ သာအေးသည် မောင်ဘိုးထင် စိမ်းစားဥနှင့် လောင်းလို့ရသည် ဆိုသည့်စကားကို နားမလည်ပဲ ...

သာမက အခြားရွာကလူတွေပါ အလုပ်လာလုပ်ခဲ့ကြတယ်။ အခုလဲ ရွှေတောင်ရွာသူဌေးဦးသန်းလှိုင်အပ်ထားတဲ့ စပါးတွေကို တစ်ပတ်အတွင်း အပြီးလုပ်ပေးမယ်ဆိုပြီးကတိခံထားတဲ့ အချိန်ကစပြီး အလုပ်သမားတွေကဖျား၊ စက်ကလဲ အလိုလိုနေရင်း ရပ်ရပ်သွားတဲ့အတွက်ကြောင့် မနက်ဖြန်အမှီပေးရမယ့် ဆန်အိတ်တွေရဖို့အတွက် အလုပ်သမားတွေ နားချိန်တောင်မရပဲ လုပ်နေခဲ့ရရှာတယ်။ နေ့လည်လောက်ရောက်တော့ မောင်ကြီး ရောက်လာပြီး “ ဆရာ စက်က မော်တာမလည်တော့ဘူး” “ ဟင် ဟိုနေ့ကပဲ အသစ်ထည့်ထားတာလေ … ဘယ်လိုဖြစ်တာလဲ..” “ ဟုတ်တယ်ဆရာ ကျွန်တော်တို့စမ်းကြည့်တော့လဲ ချို့ယွင်းချက်မတွေ့ဘူး..ဒါပေမယ့် နာရီဝက်လောက် လည်ပြီးရင် အလိုလိုရပ်ရပ်သွားတာ … ဟိုလုပ်ဒီလုပ်နဲ့ဆိုရင် ...

နောက်ပြီး အစ်ကိုက ရုပ်ရှင်မင်းသား ရဲအောင်နဲ့လည်း တူတယ်နော်” ပြောပြီး ရယ်နေသေး။ အသံက နှာသံလေးနဲ့။ ဟုတ်မှာပေါ့။ ကိုယ်က ထရပ်ကားမောင်းသမား ဆိုတော့ မြို့ထဲမှာ သွားလာ နေရတာလေ။ “ဪ … ဟုတ်လား” “အစ်ကို မြေဝိုင်း ရှာနေတာ မဟုတ်လား … ညီမ ကူရှာပေးမယ်လေ” “ခင်ဗျားက မြေပွဲစားလား” “ဟင်း … ဟင်း … ညီမက မြေပွဲစား စစ်စစ် မဟုတ်ပါဘူး … အစ်ကို့လို ရင်းနှီးတဲ့ သူတွေသာ ...

ဟုတ်ပ ထွေးလေရာ၊ကျုပ်အတွက် တော့ နှစ်ရက်စာလောက် ဖူလုံသွား ပြီပေါ့ဗျာ” “ဒါထက် ဘိုးဥာဏ်ရော မမြင်ပါလား” “အဘက ယာထဲသွားတယ်ဗျ၊ ဟိုရက် က ကျုပ်မြေဆီပက်ထားတာ အခြေ အနေသွားကြည့်တယ်ဗျ” “သြော် …” ကျုပ်နဲ့ စကားပြောရင်း ထွေးလေး ပြားကြည်က အိမ်ပေါ်တက်သွားရောဗျ။ “ဟဲ့ …ပြားကြည်လား၊ လာဟေ့ ဒီကို။ အရီးက မီးမိုးထဲမှာ ထမင်းအိုးငှဲ့လက်စ ဖြစ်နေလို့ ပြားကြည်ရေ” “လာပြီ အရီးရေ လာပြီ” အမေနဲ့ ထွေးလေးပြားကြည်နဲ့ မီးဖိုထဲမှာ စကားပြောကြတဲ့ အသံကို ...

တပိုတပါးသွားရန် မီးဖိုနားမှထွက်ခဲ့လိုက်သည် (၂) ကိုပြူးတစ်‌ေယာက် မီးဖိုနှင့် ခပ်လှမ်းလှမ်းတနေရာ၌ ထိုင်လိုက်သည် ထိုနောက့် ဘယ်သူမှမရှိမှန်းသိသော်လည်း အကျင့်ပါနေ၍ ဘေးဘီကို တစ်ချက်‌ေဝ့ကြည့်လိုက်ပြီး စိတ်ချလက်ချ ဗိုက်ပြဿနာကိုဖြေရှင်းနေလိုက်သည်။ ကိုပြူး ထိုသို့တပိုတပါးသွားနေရင်း နောက်တစ်ခါပတ်ဝန်းကျင်ကို ကြည့်လိုက်မိပြန်သည် ထိုအခါ လရောင်ထိုးကြနေသော သစ်ပင်းကြီးများကြား၌ ဆယ့်တစ်နှစ် ဆယ်နှစ်နှစ်အရွယ်ကောင်လေးတစ်ယောက် သူနှင့်မလှမ်းမကမ်းမှသွားနေတာကို မြင်လိုက်ရပြီး ကိုပြူးရုတ်တရက်အံ့ဩသွားသည် ဒီအချိန်ကြီး ဘယ်ရွာက ကလေးများတောထဲ လျှောက်သွား‌နေပါလိမ့်ဟုလည်းတွေးလိုက်မိသည်။ ထို့နောက် သူလည်း တပိုတပါးကိစ္စပြီးသွားပြီဖြစ်၍ ညကြီးမင်းကြီး တောထဲတောင်ထဲ၌ တစ်ယောက်တည်းလျှောက်သွားနေသော ထိုကောင်လေးနောက်သို့လိုက်လာခဲ့၏ သူထိုသို့လိုက်လာနေမှန်းသိတော့ သူရှေ့မှသွားနေသောကောင်လေးက သစ်ပင်တစ်ပင်၏အကွယ်သို့ဝင်သွားတာကို‌မြင်လိုက်ရပြီး ...

တော့သည်။     “ပေတူးရေ တောကြက်ရရင်တော့ ကောင်းသားဟ”     “တောကြက်မရလည်း ငှက်လောက်ဆို အဆင်ပြေပါတယ်ကွာ “     “ရတာပေါ့ ပေတူးရာ လာလာ ဒီတောထဲက လူတယောက်မှ ဝင် ပုံ မပေါ်ဘူးဟ “     ထိုချိန် ပေတူးသည် လေသံတိုးတိုးဖြစ် မောင်ဘိုးထင်အားစကားဆိုလေသည်     “ဟို ဟို မှ တောက်ကြက်ဖ မဟုတ်လား ဘိုးထင် “     “အေးအေး ငါပစ်လိုက်မယ် “     မောင်ဘိူးထင်သည် လေးဂွကို ...

မောင်ဘိုးထင်အား ပြုံး၍ ကြည့်နေပါတော့သည် ။ ◾အခန်း (၂)      ညနေချမ်းအချိန်အခါတွင် ဖြစ်၏။ဦးအုန်း၏ အိမ်အောက် စားပွဲတန်းလျားတွင် ထမင်းပွဲပြင်နေသောသူများမှာ မောင်ဘိုးထင်တို့ အဖွဲ့ဖြစ်သည်။သာအေး၊သာရ၊ဖိုးထွေး‌ နှင့် ပေတူးတို့ သည် ဟင်းခွက်များယူခဲ့ကာ ဧည့်သည်ဖြစ်သော ဇေယျာ နှင့် အဖွားနွေဦးတို့အတွက် ထမင်း၀ိုင်းပြင်ဆင်ပေးနေကြခြင်းဖြစ် သည်။ထို့နောက် ပေတူးသည် တန်းလျားတွင် ထိုင်နေသော အဖွားနွေဦးအား     “အဖွား မနက်စာကို ဘိုးထင်တို့အိမ်မှာ စားမှာ မဟုတ်လား။ ကျုပ်တို့ အဲ့ဒီကိုပဲ ယူခဲ့မယ် အမေ့ကို ကျုပ် အကြော်မှာထားတယ်ဗျ ...