လာတောင်းတတ်သည်။ အောင်ပသည် အလွန်သဘောကောင်းသည်။ စိတ်မနှံ့ဟုဆိုသော်လည်း ကြမ်းကြမ်းတမ်းတမ်းထဲက မဟုတ်ပါ။ သူက တယောက်တည်း ငိုချင်ငို၊ ရယ်ချင်ရယ်၊ ပြောချင်ရာ ပြောနေတတ်သူ ဖြစ်သည်။ သူ့ကို လူတွေက သနားပြီး တခုခုပေး၊ တခုခု ကျွေးလိုက်လျှင် ပြောလေ့ရှိသည့် စကားမှာ “ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်” ဆိုသည့် စကားသာ ဖြစ်သည်။ ထိုနေ့က ဆရာကြီး ဦးမင်းသူသည် ကျောင်းကို စောစောလာသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် လမ်းတွင် အောင်ပနှင့်တွေ့သည်။ အောင်ပက လမ်းဘေးတွင်ရပ်ပြီး ဆရာကြီးကို ဆလံပေးကာ ...

သွား ကြမို့ဗျ” “ဟေ ဟုတ်လား ချစ်ခိုင်တို့ ဝိုင်းမှာ ဘာတွေလုပ်စားကြမလို့တုံး” “မလုပ်စားပါဘူး အရီးရဲ့ ။ မနက်ကသတင်းကို သွားပြီး မေးစမ်းကြမလို့ပါ” “ဟေ ဘာသတင်းတုံး ကျောက်ခဲရ ၊ ငါလည်း ဘာမှ မသိရပါလား” “ဟာ ကိုကြီးတာတေ ကလည်း ရွာရှေ့ပိုင်းက ဘလေးချစ်ခိုင်တို့ဝိုင်းမှာ မနက်အစောကြီး ကျီးကန်းတွေရောက်နေလို့ဗျ။ လင်းတကျောဖြူ ကြီးတစ်ကောင်လည်းပါတယ်တဲ့” “ဟာ ဒီကောင် ကျောက်ခဲ ငါကအဟုတ်မှတ်လို့ ဝိုင်းထဲက သစ်ပင်တွေမှာ ကျိးကန်းနားတာဘာဖြစ်တုံးကွ၊ ဒါများအထူးအဆန်းလုပ်လို့ကွာ လာ လာ ဒီမှာပဲ ...

တွေလေဗျာ။ ဟိုတုန်းကတော့ ကျုပ်ကလည်း ဒီကောင့်အိမ်ကို မကြာမကြာ ရောက်တယ်ဗျ။ ဒီကောင်ကလည်း ကျုပ်အိမ်ကို မကြာမကြာ ရောက်တယ်။ အခုတော့ သူလည်း သူ့အိမ်အလုပ်တွေနဲ့ ကျုပ်ကလည်း ကျုပ်အလုပ်တွေနဲ့ ဆိုတော့ တစ်ယောက်ဆီကို တစ်ယောက် အရောက် အပေါက်နည်းသွားတော့တာပေါ့ဗျာ။ “သိန်းဇော် လာလေ သူငယ်ချင်း ” ဒီကောင်ကလည်း ခေါ်ရင်း ဝင်လာတာ လှေကားတောင် ရောက်နေပြီဗျ။ ကျုပ်ထိုင်နေတဲ့ တန်းလျားမှာပဲ ဝင်ထိုင်တာဗျ။ ကျုပ်ကလည်း နဂါးဆေးပေါ့လိပ်တစ်လိပ်နဲ့ မီးခတ်ကလေး ကမ်းပေးလိုက်တယ်။ သိန်းဇော်ကလည်း နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး ဖွာလိုက်တယ်။ ...

မည်းမည်း ကလေးအရာဝတ္ထုတစ်ခုမှာ ဖြုတ်ခနဲ ထခုန်လိုက် မြေကြီးပေါ် ပြန်ကျလိုက်နဲ့ ခုန်ဆွ ခုန်ဆွဖြင့် မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် ထိတ်လန့်သလို ဖြစ်သွားခဲ့ရသည်။ သေသေချာချာ ကြည့်ရင်းမှ သစ်မြစ်ဆုံလေးတစ်ခုကို တွေ့ရပြန်သဖြင့် အနားသို့ ကပ်သွားကာ ကောက်ယူကြည့်လိုက်သည်။အရာဝတ္ထုမှာ တစ်လက်မသာသာ သစ်သားကို ထုလုပ်ထားသော အရုပ်ကလေးတစ်ရုပ်ဖြစ်နေကြောင်း တွေ့ရသည်။ ဟင်…ဘယ်လိုဟာပါလိမ့် လရောင်တွင် သေချာကြည့်မိသောအခါပို၍ပင် အံ့သြသွားရလေသည်။ အရုပ်ကလေးမှာ ဖုံးဖုံးဖိဖိ အဝတ်အစားမပါပဲ ကိုယ်လုံးတီး ဆောင့်ကြောင့် ထိုင်နေပုံဖြစ်ပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ထားသည်။ ရှည်လျားသော ဆံပင်များက ကြောပြင်ကိုဖြတ်ပြီး ...

မဟုတ်လား။ အဲဒီ မီးနေစရိတ်ကလေး ကာမိသွားရင်ပဲ မနည်းဘူးဆို ငါ ပိုက်ချဆင်းရတာပါဟာ” ဟု ပြောသွားခဲ့၏။ သူပြောတာလည်း မှန်နေတော့ အတားရခက်သားပါကလား။ သူမသည် သက်မကို ခပ်လေးလေးပင် ချလိုက်၍ မီးထွန်းညှိရန် မီးခွက် စမ်းသပ်ရှာဖွေနေ၏။ တွေ့လျှင် မီးခွက်ကို ထွန်းညှိလိုက်ပြီးနောက် လမ်းမ၌ ပြေးလွှားကစားနေကြဆဲပင် ရှိနေသေးသော သူမ၏ ရင်သွေးကလေးများကို လှမ်းခေါ်ကာ ကြက်များပင် အိပ်တန်းတက်ကုန်ပြီဖြစ်၍ သူတို့လည်း အိပ်တန်းတက်ဖို့ တော်ပြီဖြစ်ကြောင်း သတိပေး ပြောဆိုလိုက်၏။ ဤတွင် ကလေးများသည် အိမ်ပေါ်သို့ တစုတရုံးတည်း တက်လာကြကာ ...

မယ့် မောင်တင်နီကတော့ ညိုမြအပေါ် မေတ္တာမယွင်းပဲချစ်မြဲတိုင်းချစ်နေခဲ့တယ်။ ဒီလိုနဲ့ ညိုမြရဲ့ရောဂါက တစ်ဖြေးဖြေးပိုဆိုးလာခဲ့ပြီး ယခင် လှပတောင့်တင်းခဲ့တဲ့ ခန္ဓာကိုယ်ကရောဂါအခြေအနေကြောင့် ပိန်ခြုံးကာ အရိုးပေါ်အရေတင် ဖြစ်လာခဲ့တယ်။ မောင်တင်နီကလဲ အစွမ်းထက်တဲ့သမားတော်ပေါင်းများစွာနဲ့ ပြသခဲ့ပေမယ့် ညိုမြရဲ့ ရောဂါကို ပျောက်ကင်းအောင်မကုသနိုင်ခဲ့ပဲ လက်လျော့ခဲ့ရတယ်။ ဒီလိုနဲ့ဘယ်လိုမှမရတော့တဲ့အဆုံး အိပ်ယာထဲလဲနေတဲ့ ညိုမြကိုအနီးကပ်ပြုစုရင်းနေလာခဲ့တာ အိမ်ထောင်သက်၁၃နှစ်ပြည့်ဖို့ နှစ်လ အလိုမှာ ညိုမြဆုံးပါးသွားခဲ့တယ်။ ရက်လည်ဆွမ်းသွပ်ပြီးတဲ့ညရောက်တော့ တစ်နေ့လုံးပင်ပန်းတဲ့ ဒဏ်ကြောင့် မောင်တင်နီအစောကြီးအိပ်ပျော်သွားခဲ့တယ်။ အိပ်ပျော်နေတုန်း လက်မောင်းကိုကိုင်ပြီးလှုပ်နှိုးတဲ့အရှိန်ကြောင့် အိပ်ယာကနေ လန့်နိုးလာတဲ့ အချိန် နှာခေါင်းထဲကို အလွန်ဆုံးဝါးတဲ့အပုတ်နံ့တွေထောင်းခနဲဝင်လာခဲ့တယ်။ မောင်တင်နီလဲ အိပ်ယာဘေးမှာချထားတဲ့ ...

ဦးဘသာကြီးဆီကပ်ပြီး ပြောရတောပေါ့ဗျာ။ “ဦးဘသာကြီး ကျုပ်ကိုပညာသင်ပေးပါလားဗျ” “အောင်မယ်၊ မင်းကပညာတတ်ပြီးတော့ ဘာလုပ်ချင်လို့လဲကွ” သူအဲဒီလိုမေးတိုင်း ကျုပ်ရေရေရာရာမဖြေတတ်ဘူးဗျ၊ ကျုပ်အကြောင်းပြချက်တွေ လျှောက်ပေးတိုင်းလည်း သူက မကောင်းဘူး မလုပ်ပါနဲ့ချည်းပြောနေတာဗျ။ ဒီတစ်ခါတော့ ကျုပ်ကနပ်သွားပြီလေ။ “ကျုပ်ကိုပညာသင်ပေးပါ၊ မဟုတ်ရင်လည်း တုတ်ပြီးဓါးပြီး အဆောင်လေးတွေ၊ ဆေးလေးတွေ ချီးမြှင့်ပေးပါဗျာ” “အစီအရင်တွေ၊ ဆေးတွေဆိုတာ အလကားရတာမဟုတ်ဘူ့းကွ၊ တစ်ခုခုကိုပေးဆပ်မှ တစ်ခုခုပြန်ရတာကွ၊ နေပါအုံး၊ တုတ်ပြီးဓါးပြီးတော့ မင်းကဘာလုပ်ချင်လို့လည်း၊ ဓါးပြတိုက်စားမလို့လား” “မဟုတ်ပါဘူးဗျ၊ အကာအကွယ်ဖြစ်တာပေါ့” “မဟုတ်တာတွေမလုပ်ကောင်းဘူးကွ ငါ့တူရ၊ ငါပြောပြမယ်၊ တုတ်ပြီးဓါးပြီးတဲ့နည်းတွေ အများကြီးရှိပါတယ်ကွ၊ တစ်ပွဲတိုးနည်းဆိုတာ လိုချင်မှ ...

နဂါးဆေးပေါ့လိပ်ကလေးကိုယူပြီး ဖွာလိုက်တယ် “ကိုကြီးမောင်ပု၊ နေပူကြီးထဲ ဘယ်ကလှည့်ဝင်တာတုံးဗျ” “ဘယ်ကမှ မလှည့်ဘူး တာတေရ၊ မင်းဆီကိုပဲ လာတာကြ ” “ဟင် ဟုတ်လား ၊ ကိစ္စရှိလို့လား ကိုကြီးမောင်ပု” “ရှိတယ်ကွ တာတေရ ” ကိုမောင်ပုက ဆေးလိပ်ဖွာရင်း ကျုပ်ကိုပြောဖို့ စကားကို စဉ်းစားနေတာဗျ။ “ဒီလိုကွ တာတေရ၊ ငါတို့ ဘွားတော်ကြီး ဆုံးတာ ဒီနေ့ဆိုရင် နှစ်ပတ်ရှိပြီကွ” “ဟုတ်ကဲ့ ” “အဲဒါ အိမ်မှာ ထူးထူးခြားခြား ဖြစ်နေလို့ကွ ” “ဗျာ၊ ဘာဖြစ်စရာရှိလို့တုံး ...

သေပါတယ်။ ကဲဟေ့… သပ်သပ်ရပ်ရပ်နဲ့ မြန်မြန်လုပ်ကြ။ ငါ သမင်အုပ် အခြေအနေ အကဲခတ်ဦးမယ်” သမင်လိုက် သမင်ခြောက် ခေါင်းဆောင် ငကျင်သည် ဝါးငါးပြန် ခြောက်ပြန်ခန့်မြင့်သည့် ညောင်ပင်မတ်မတ်ကြီးဆီ သွားကာ ကြောင်တစ်ကောင်လို လွှားခနဲ တက်လိုက်သည်။ ကျန်အဖွဲ့သားများက ထောင်ထားသော ပိုက်ကို စစ်ဆေးခြင်း၊ ဝထိုးထားသော သစ်ကိုင်းချုံကိုင်းများကို အားမရသည့်နေရာ ထပ်ဆင့်ခြင်း၊ ပိုက်အောက်၌ ချုံသဏ္ဌာန်လို အကိုင်းအခက်ဖြည့်ခြင်းဖြင့် တပျော်တပါး။ ခွေးများမှာ စုပေါင်း၍ တောလိုက်နေကျပီပီ တစ်ကောင်နှင့် တစ် ကောင် ရန်မရှိဘဲ ဆော့လိုက် ကစားလိုက် ...

အမှတ်(၄၀) ဖြစ်သည်။ ထိုစဥ်က ယခုအဆောက်အအုံနေရာ၌ မဟုတ်ပါ။ တာမွေဗလီဝင်းတွင်း၌ ဖြစ်၏။ ကိုနှင်းမောင်၏အရည်အချင်းအမြောက်အမြားအနက် မင်းကြီးက ခေါ်ယူတွေ့ဆုံသည့်အခါ၌ ထူးခြားသောအရည်အချင်းတစ်ခုကိုလည်း ထပ်မံ၍ ကျွန်ုပ် သိရှိရပြန်၏။ ကျွန်ုပ်သည် မင်းကြီးနှင့် တွေ့ရမည့်နေ့ဆိုလျှင် မင်္ဂလာဦးည သတို့သမီးကဲ့သို့ စိတ်လှုပ်ရှားခဲ့ရ၏။ မတည်မငြိမ် ဖြစ်ခဲ့ရ၏။ မင်းကြီးအား အထက်အရာရှိတစ်ဦးအနေနှင့် လေးစားသည်ထက် ပို၍ ထိတ်လန့်နေသည်ဟု ထင်ပါသည်။ ကိုနှင်းမောင်ကမူ ရန်ကုန် ပုလိပ်မင်းကြီးနှင့် တွေ့ဆုံရမည့်အတွက် သူ့အနေနှင့် တစုံတရာထူးခြားမှု မဖြစ်ရုံမျှမက တကယ်တမ်း တွေ့ဆုံရာ၌လည်း ကိုနှင်းမောင်သည် ပုလိပ်မင်းကြီးအား သူသောက်နေကျ ...