သိန်းဆောင်က… “မင်းကလည်းကွာ… ဒီမှာ ငါ့ငါးမျှားတံကိုကြည့်ပေးထားဦး… ငါသွားကူချေဦးမယ်…” လို့ပြောပြီး…မိုးအောင်ကိုမှာထားခဲ့ပြီးထွက်သွားခဲ့သည်။ မိုးအောင်ကတော့ ငါးမျှားတာကိုပဲစိတ်ရောက်ပြီး ကလေးအုပ်စုကိုဂရုမစိုက်‌ပေ။ ကိုသိန်းဆောင်နဲ့ တချို့ရွာသားတွေခမျာ ရေနစ်သူဘယ်သူ၊ဘယ်ဝါဆိုတာပင်မသိဘဲ ရေငုပ်၍အသည်းအသန်ရှာဖွေကြသည်။ မိုးကလည်းတ‌ဖြေးဖြေးမှောင်လာ၍မိုးအောင်သည် ကိုသိန်းဆောင်ရဲ့ငါးမျှားတံကို ကိုသိန်းဆောင်အိမ်ကိုပြန်ပို့ပေးပြီး မိမိအိမ်သို့ပြန်လာခဲ့သည်။ အိမ်သို့ရောက်ခါနီး… “ဟေ့မိုးအောင်…မင်းတူ‌ရေနစ်လို့ဆို…” ဟု အဘကြည်ကမေးလေသည်။ အဘကြည်အမေးကြောင့် မိုးအောင်မျက်လုံးပြူးသွားသည်။ “အဘကြည်ကလည်းကျုပ်တူမနက်က သူ့ဖအေနဲ့ ဟိုဘက်ရွာပါသွားတယ်လေဗျာ… မနက်ဖြန်မှပြန်လာကြမယ်ထင်တယ် …” လို့မိုးအောင်ပါးစပ်ကပြောနေပေမယ့် စိတ်ထဲမှာတော့တူဖြစ်သူအောင်စိုးအတွက် စိတ်ပူနေခဲ့သည်။ “မဟုတ်တာကွာ… မင်းအစ်မများတောင် ချောင်းဆီ အစောက လေးတင်အပြေးထွက်သွားကြပြီ… ရေနစ်တာမင်းတူပါ မိုးအောင်ရဲ့…” လို့အနားရောက်လာသော ဦးငွေသိန်းကပါ ...

တိုင်ပင်ကြည့်ရာ သူက “ခင်ဗျား အိပ်ချင် အိပ်လေဗျာ။ အလုပ်ကတော့ စီမံရင် ဖြစ်နိုင်ပါတယ်” ဟု ပြန်ပြောလေ၏။ အတိုရလျှင် ကျွန်ုပ်တို့သည် ထိုညအဖို့ ဘိုတဲ မရှိသည်နှင့် ထိုရွာ သူကြီးအိမ်တွင် အိပ်ကြရန် ဆုံးဖြတ်၍ တပည့်များ ပါလာမည့် လှည်းကိုသာ မျှော်လင့်နေကြလေတော့၏။သူကြီးအိမ်သို့ ရောက်ကြ၍ မကြာမီအတွင်း တပည့်များနှင့် ပစ္စည်း များ ဆိုက်ရောက်လာကြရာတွင် ကျွန်ုပ်တို့ လူစုသည် ဘိုအိမ် ပုံသဏ္ဌာန် ဆောက်လုပ်ထားသော သူကြီးအိမ်တွင် ဆင်ဝင်ဆောင်၌ နေရာထိုင်ခင်း ပြင်ဆင်ကြလေ၏။ ထိုအချိန်မှာ ညနေ ...

ကြောင်တွေဘာတွေလည်းမလာပါဘူး ဘယ်လိုဖြစ်ပါ လိမ့်” ကြပ်စင်၌ချိတ်ထားသောအမဲခြောက်တွဲများပျောက်ဆုံးနေသဖြင့် ကိုသာပေါ တစ်ယောက်တရားခံအားစဥ်းစားနေ ခြင်းဖြစ်သည်။ “ကိုသာပေါ ရှင်ဘာဖြစ်နေတာလဲ” “အေးကွာ ငါမနေ့ညကချိတ်ထားတဲ့ အမဲခြောက်တွဲ၁၀တွဲချိတ်ထားတာ အခု၆တွဲပဲကျန်တော့တယ်မစန်းရဲ့ မင်းလည်းယူမစားဘူးမလား။ “အင်းကျွန်မယူမစားပါဘူး ကျွန်မစားရင်ရှင်လည်းစားရမှာပေါ့ ပြီးတော့အမဲခြောက်တွဲ၄တွဲကို ကျွန်မကုန်အောင်မစားနိုင်ပါဘူးတော်” “အေးငါလည်းအဲဒါကိုပဲစဥ်းစားနေတာ” “ကြောင်တွေဘာတွေများစားသွား သလားမှမသိတာ ထားလိုက်ပါရှင် နောက်ရက်ကြသေချာဂရုစိုက်ပေါ့။ သူခိုးလားကြောင်လားသိရအောင်” “အေးအေး” ကိုသာပေါလည်းမစန်းပြောသလိုပဲ စိတ်ကူးလိုက်သည်။ နောက်တစ်နေ့ရောက်ပြန်တော့လည်း အမဲခြောက်တွဲများထူးထူးဆန်းဆန်း ပျောက်ဆုံးသွားပြန်သည်။ ကိုသာပေါလည်းမိမိစီးပွားရေးအား ထိပါးလာသဖြင့်သည်းမခံနိုင်ပဲ နေတော့သည်။ “တောက်,တော်တော့်ကိုလွန်သွားပြီ “ဘာလဲကိုသာပေါ အမဲခြောက်တွဲတွေ ထပ်ပျောက်ပြန်ပြီလား” “အေးကွာ,ဒါနဲ့ဆို၃ညရှိပြီ ကြောင်တော့မဖြစ်နိုင်ဘူးမစန်း ဒါသူခိုးလက်ချက်ပဲဖြစ်မယ်။ ...

စပါးတစ်ရာလျှင် သုံးဆယ်စားပေး အဖိုးအခဖြင့် ခွင့်ပြု ငှားရမ်းလိုက်တော့၏။ ထိုနေ့အပြီး နောက်ရက်များတွင် လူစွန့်စား သားအဖနှစ်ဦးဟုပင် ဆိုရမည့် ဦးရဲနိုင်နှင့် မသင်ဇာတို့မှာ မြေရိုင်းကွင်းကြီးအား အလုပ်သမား မငှားနိုင်သည် ဖြစ်၍ ကိုယ်တိုင်ကိုယ်ကျ ခုတ်ထွင် ရှင်းလင်းကြရလေသည်။ နှစ်ပေါင်းများစွာ ဖယ်ကြဉ်ခံထားရခြင်း၊ စွန့်ပယ် ပစ်ထားကြခြင်းတို့ကြောင့် ယင်းလယ်ကွင်းကြီးမှာ ချုံနွယ်ပိတ်ပေါင်းနှင့် မြက်ရိုင်းတောတို့ဖြင့် ပြည့်သိပ်နေလေရာ ဦးရဲနိုင်တို့ သားအဖခမျာ အားသွန်ခွန်စိုက် ပြုကာ ရက်အတန်ကြာ ရှင်းလင်းနေကြရ၏။ ထိုသို့ ရှင်းလင်းရာ၌ ကွင်းပြင်စပ်၏ အနားစွန်း ကန်သင်းရိုးပေါ်ရှိ ဇောင်ချမ်းပင်ကြီး တစ်ပင်နံဘေး ...

မြောင်းပုပ်စော်လို ပုပ်အက်အက်နဲ့နံလာတာမို့လို့ ကျုပ်လည်းပျို့တက်လာပြီးတော့ ခွက်ကိုဘေးနားကိုချထားလိုက်တော့တယ်။ “လာပါမောင်ကြီးရယ်၊ ယစ်ရွှေရည်မသောက်ဘူးဆိုရင်လည်း နှမနဲ့အတူတူပျော်ကြရအောင်လေ” မရွှေတောင်က ပြောဆိုပြီးတာနဲ့ သူ့ကိုယ်မှာဝတ်ထားတဲ့အဝတ်အစားတွေအားလုံးက သူ့အလိုလိုလျောကျသွားပြီးတော့ မရွှေတောင်က ဝတ်လစ်စားလစ်ဖြစ်သွားတယ်ဗျ၊ ကျုပ်လည်း သူ့ကိုပြူးပြီးကြည့်နေမိတယ်၊ မရွှေတောင်ရဲ့အလှက လှရက်နိုင်လွန်းပါတယ်ဗျာ၊ ဘိုင်စကုပ်မင်းသမီးမပြောနဲ့ လူ့ပြည်မှာရှိတဲ့မိန်းကလေးတွေအားလုံးထဲမှာတောင်မှ မရွှေတောင်လောက်လှတဲ့လူရှိပါ့မလားလို့ ကျုပ်ဖြင့်တွေးမိတယ်၊ မရွှေတောင်က ကျုပ်အပေါ်ကိုခွတက်လိုက်ပြီးတော့ ကျုပ်အင်္ကျီတွေကိုလက်ညှိုးနဲ့ထိလိုက်တာနဲ့ အဝတ်အစားတွေအကုန်လုံး ဗြုန်းခနဲပျောက်ကွယ်သွားပြီးတော့ ကျုပ်လည်း မိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားတော့တာပဲဗျာ၊ ဒါပေမယ့် ကျုပ်က လန့်လန့်နဲ့မရွှေတောင်ကိုတွန်းထုတ်လိုက်သဗျ၊ မရွှေတောင်က နားမလည်သလို အကြည့်နဲ့ကြည့်ရင်း။ “မောင်ကြီးဘယ်လိုလုပ်တာလဲ” “ကျုပ် . . . ကျုပ်အခု ...

အဖိုးဖြစ်သူမှ အပြည့်အဝ ယုံကြည် ထောက်ခံသည် မဟုတ်ပါလား။ထို့အတွက် အဖိုး၏ မြေးဖြစ်ရသည်မှာ ကံကောင်းသည်ဟု သူမ ထင်နေမိသည်။အဖိုးဖြစ်သူသည် သူမ၏ အဖေ၊အမေ မရှိတော့သည်ကို သတိ မထားမိအောင်ပင် သူ့အပေါ်ကောင်းမွန်လွန်းလှသည်။အဖေ၊အမေ ရှိသူများထက်ပင် လိုလေသေးမရှိ ပြည့်စုံအောင် ထားသည်။ထိုအတွက် ကျေးဇူးရှင် အဖိုးဖြစ်သူ စိတ်ဆင်းရဲစေမည့် မည်သည့်အလုပ်မျိုးမဆို ဘယ်တော့မှ မလုပ်ဟုလည်း သူမ ထမင်း စားနေရင်း စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်တော့သည်။     ◾အခန်း (၃)     မြနှင်းရီသည် သူမ မသုံးတော့သည်မှာ ကြာသော ...

ကြောက်ကြောက်နဲ့ တောတွေတောင်တွေထဲ ထွက်ပြေးလာကြရတာပါပဲဗျာ” “အင်း၊ ဒီလူတွေကတော့ တော်တော်ဆိုးတဲ့လူတွေပဲ၊ ဒါနဲ့ ခင်ဗျားတို့က အခုဘယ်ကိုပြေးမှာလဲ” “ကျုပ်တို့အခု ရှေ့ကိုနည်းနည်းဆက်သွားလိုက်ရင် ရွာပျောက်လို့ခေါ်တဲ့ ရွာတစ်ရွာကိုရောက်မယ်ဗျာ၊ အဲဒီရွာထဲမှာ စစ်ဘေးဒုက္ခသည်တွေ နေထိုင်ကြတယ်လို့ပြောတယ်၊ အဲဒီမှာအခြေအနေကြည့်ပြီးနေရင်း ဆက်ပြေးသင့်၊ မပြေးသင့်ကို စဉ်းစားရမှာပဲဗျာ” ဒီအချိန်မှာ ဂျပန်လေယာဉ်တွေက တဝူးဝူးနဲ့ ကျုပ်တို့ခေါင်းပေါ်ကနေ ဖြတ်ပျံသွားကြသဗျ၊ လူတွေအားလုံးလည်း ကြောက်လန့်တကြားနဲ့ နီးစပ်ရာသစ်ပင်တွေအောက်၊ လျှိုမြှောင်တွေထဲကို ပုန်းအောင်းကြရတာပေါ့ဗျာ၊ ကလေးတွေကိုအော်ခေါ်တဲ့လူကခေါ်၊ ပျောက်တဲ့လူတွေလိုက်ရှာတဲ့လူကရှာနဲ့ ဆူညံနေတာပါပဲဗျာ၊ သာဒင်က လေယာဉ်ပျံတွေ ပျံသွားတာကိုကြည့်ရင်း “တစ်ခုခုတော့ထူးတော့မယ်ကွ၊ ငါ့စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ်” ဗလကြီးက ...

ဤအလုပ်ကြီးကို ကျွန်တော် လုပ်မိခဲ့သည်။ အစပိုင်းကတော့ မဝံ့မရဲ ဖြစ်ခဲ့မိသော်လည်း နောက်ပိုင်း လုပ်တာများလာတော့ လုပ်ရဲ ကိုင်ရဲ လာသည်။ ထောင်နှုတ်ခမ်းနင်းနေရသော်လည်း ငွေရလွယ်လှသောအလုပ်ဖြစ်သောကြောင့်ကျွန် တော် မစွန့်လွှတ်နိုင်ခဲ့ပါ။ကျွန်တော် ငွေအများ ကြီးလိုချင်သည်။ ငွေကို ဖြစ်တဲ့နည်းနဲ့ရအောင် ရှာခဲ့သည်။ ငွေမရှိသောဘဝကို ကျွန်တော်မုန်း သည်။ ကျွန်တော်တို့ မိသားစုသေကွဲကွဲခဲ့ရတာငွေ မရှိလို့ အဖေခေါင်းမူးနေရက်နဲ့ ရက်မှန်ကြေး လေးမရမှာစိုးလို့ အလုပ်သွားလုပ်ရင်း ငြမ်းပေါ် ကမူးပြီးပြုတ်ကျပြီးသေစေခဲ့တာ ငွေမရှိလို့ အမေ လည်းကိုယ်ဝန်ဆောင်ဘဝမှာ အဟာရ ချို့တဲ့ခဲ့လို့ ညီမလေးကို မွေးပြီးပြီးချင်းမှာပဲ မသေသင့်ဘဲသေခဲ့ရတယ်….အဲ့ဒါလည်း ...

လျှပ်စစ်မီးမရှိဘူးဆိုတော့ ဝယ်ပြီးသားအသားတွေကို ချက်ချင်းဆေးကြောပြီးတော့ ကြော်ချင်ကြော်၊ လုံးချင်လုံးပြီး သိမ်းထားရတာပေါ့ဗျာ။ အမေက အမဲသားတွဲကိုယူပြီး အိမ်နောက်ဖေးက ရေချိုးတဲ့ကျောက်ပြားမှာ အမဲသားတွေကိုဆေးနေပါရော၊ အဲဒီအချိန်မှာ သူ့နောက်ကျောတွေက ချမ်းတက်လာတယ်တဲ့ဗျာ။ သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုးဖြစ်တာနဲ့ အနောက်ကိုလှည့်ကြည့်တော့ လူတစ်ယောက်က ရေချိုးခန်းအကာအနောက်ကို ရိပ်ခနဲမြင်သွားတာကို တွေ့လိုက်ရပါရောလား။ အမေက သိပ်ကြောက်တတ်တဲ့သူတော့မဟုတ်ဘူးဗျ၊ ရေချိုးခန်းကိုလှည့်ပတ်ကြည့်တော့လည်း ဘယ်သူမှမတွေ့ဘူး၊ နောက်ပြီး နေ့လည်နေ့ခင်းဆို ကျုပ်တို့အိမ်က ယောက်ျားသားတွေမရှိကြဘူးမဟုတ်လား၊ အဖေလည်း ရွာထဲသွားနေတာများတယ်။ “အင်း၊ ငါတွေ့လိုက်တာ ယောက်ျားခြေသလုံးပါ” အမေက သုံးပတ်လောက်လှည့်ရှာပြီး မတွေ့တော့ အမဲသားဆက်ဆေးပြီး အိမ်ထဲကိုပြန်လာခဲ့ပါရော၊ အဲဒီအချိန်အထိ ...

ဟန်ကလည်း တင်အောင်အား သဘောကျနေခဲ့လေသည်။ “ဆရာဘိုးဟန်… တနေ့က ခရီးထွက်တယ်ဆိုဗျ” “ဟုတ်ပါ့ တင်အောင်ရာ…။ ဆရာလည်းသွားရမယ့်ခရီးကိုအလောကြီးနေလို့ မောင်ရင့်ကိုတောင်မပြောမိဘူး။ ဒါနဲ့ဆရာကိုမောင်ရင်လာရှာသေးတယ်ဆို…ဘာကိစ္စများအရေးကြီးလို့တုန်း ပြောပါဦး” ဘိုးဟန်နှင့်တင်အောင် တို့ အိမ်ရှေ့ခန်း၌ စကားပြောနေကြသည်။ တင်အောင်ကလည်း ဘိုးဟန်ကိုပြောစရာရှိဟန်တူ၏။ ဘိုးဟန်ကိုကြည့်၍… “ကျုပ်…ဆရာကိုအပူကပ်စရာရှိတယ်ဗျာ…” “ဟေ…ဘာများတုန်း…။အထူးအဆန်းပါလားကွ” ဘိုးဟန်အံ့သြနေသည်။ သူကိုအမြဲပေးကမ်းတတ်သော တင်အောင်တစ်ယောက် မည်သည်ကိုအပူကပ်ချင်မှန်းသူစဥ်းစားမရခဲ့။ ဘိုးဟန် သူ၏ အဆီတဝင်းဝင်းမျက်နှာကြီးနှင့် မျက်ခုံးကိုတွန့်ချိုးကာ စဥ်းစားနေတုန်း တင်အောင်က… “အခြားမဟုတ်ဘူးဆရာ…ကျုပ် တစ်ဖက်ရွာက ကောင်မလေးတစ်ယောက်ကိုသဘောအကျကြီးကျနေလို့ပါ” တင်အောင်၏စကားကိုကြားသောအခါ ဘိုးဟန်သည် ခပ်ပြုံးပြုံးမျက်နှာဘေးဖြင့်… “ဒါများတင်အောင်ရာ… မင်းလည်းပိုက်ဆံရှိသူဌေးသားပေပဲ… အဲ့တော့ ...