မြွေတွန်သံများ ကြားတတ်လေ့ရှိသဖြင့် အိမ်အပြင်သို့ပင်မထွက်ရဲလောက်အောင်လည်း ဖြစ်နေပေတော့သည်။ ကြာတော့ အိပ်ပျက်ညတွေများလာသော ဦးစိတ္တတစ်ယောက် အားပျက်ကာ မိသားစုသဖွယ်ဖြစ်နေသော သမားတော်ကို အိမ်သို့ပင့်ကာပင် ဆေးကုသရလေတော့သည်။ သမားတော်ကြီးက ရောဂါစဖြစ်ရသည့်အကြောင်းရင်းကို မေးမြန်းလာတော့ ဦးစိတ္တတစ်ယောက် မိသားစုဝင်သဖွယ် ဖြစ်နေသော သမားတော်ကြီးကို ပတ္တမြားလက်စွပ်စ၍ ရှိလာခဲ့သည်မှ အစပြုပြီး ယခုလက်ရှိ ကြုံတွေ့နေရသည့် အဖြစ်အပျက်များကို ပြောပြလိုက်သည်မှာတော့ …… ” ဟာ ဒီအတွက်တော့ ဘာမှမပူပါနဲ့ ကုန်သည်ကြီးရဲ့ မောင်ရင်ပြောသလိုဆို ဒါ မြွေတွေနဲ့တခုခုဆက်စပ်နေမယ်ဆိုတာ သေချာတယ်။ ကျုပ်မိတ်ဆွေထဲမှာ ဒီလိုကိစ္စမျိုးတွေကို အထူးကျွမ်းကျင်တဲ့ သူတစ်ယောက်ရှိတယ်ကွဲ့။ ...

နားကပ်ကာဆံပင်သပ်၍မှန်ကြည့်လိုက်သည်ထို့နောက်အံ့သြဟန်ဖြင့် ””’ဟာ—-ဟေ့ကောင်မင်းမှန်ကဘာမှလဲမပေါ်ပါလားကွ”” သူငယ်ချင်းစကားကြောင့်သူ့ရင်သည်ဒိန်းကနဲဖြစ်သွားကာသူငယ်ချင်နားရောက်သွားကာ သူ့့လက်ထဲကမှန်ကိုကြည့်လိုက်တော့မှန်ထဲတွင်ဘာရုပ်မှမပေါ်ပါသူအလွန်အံ့သြတုန်လှုပ်ရင်း ဘာပြောရမှန်းမသိဖြစ်သွားသည်ထို့ကြောင့်သူငယ်ချင်းကသူ့့အား ””ဟေ့ကောင်မင်းမျက်နှာကြည့်ရတာဖြူ ဖတ်ဖြူလျှော်နဲ့နေကောင်းရဲ့လားငါလဲရောက်နေတာကြာပြီပြန်မယ်ကွာ—–နောက်မှလာမယ်—မင်းလဲနားလိုက်တော့——”” သူငယ်ချင်းကမှန်အားဘီရိုထဲပြန်ထည့်ကာပြန်သွားလေသည်သူ့စိတ်ထဲမှာတော့ဇဝေဇဝါဖြစ်ကာကျန်ခဲ့သည်။ နောက်တပတ်လောက်နေတော့ထိုသူငယ်ချင်းသည်ခရီးသွားရင်းကားမှောက်၍ဆုံးသွားလေသည်။ သူငယ်ချင်းသတင်းကြားတော့သူအတော်စိတ်ခြောက်ခြားသွားသည်မှန်လာရောင်းသော ကောင်လေးစကားသည်မှန်နေသည်လားသူဝေခွဲရခက်နေသည်တိုက်ဆိုင်တာလဲဖြစ်မည်ဟုတွေးကာ သူလက်မခံချင်ပေဒါနဲ့သူမှန်ကလေးအားတခြားပစ္စည်းများအောက်ထိုးထားလိုက်သည်။ မကြာခင်တနေ့တွင်သူ့နဲ့ဝါသနာတူမိတ်ဆွေတစ်ယောက်ရောက်လာသည်သူကဆိုင်ထဲက ပစ္စည်းများမွှေနှောက်ရှာနေရင်းထိုမှန်ကလေးအားတွေ့သွားပြန်သည်။ ””’ဒီမှန်ကလေးကဘယ်ခေတ်ကပစ္စည်းလဲဗျ””” ””မသိပါဘူးဗျာလေ့လာမကြည့်ရသေးဘူး”” သူကစကားသာပြောနေရပေမိတ်ဆွေမှန်ကြည့်လိုက်မှာစိုရိမ်နေသည်သူစိုးရိမ်နေသလိုပင် ထိုမိတ်ဆွေကမှန်အားမျက်နှာနားကပ်ကာကြည့်လိုက်တာကြောင့်သူ့ရင်တွေအတော်ခုန်သွာသည်။ ””’မှန်ကအမြင်သိပ်မကြည်ဘူးမှန်တိုက်ဆေးလေးပွတ်လိုက်ပါလားဗျ””’ ထိုအခါမှသူစိတ်အေးသွားသည်။ထိုမိတ်ဆွေပြန်သွားတော့သူလဲမှန်အားမသိမ်းမိသတိမေ့သွားသည်။ ””’ဦးလေးရှေးဟောင်းဒါးလေးဘာလေးမရှိဘူးလားဗျ”””’ ချာတိတ်တစ်ယောက်ဒါးလာမေးတာ့သူကကြည့်လိုက်ရာလမ်းထဲကကောင်လေးဖြစ်နေသည်။ ”””ဟ—မင်းကဒါးဘာလုပ်ဖို့လဲကွ—-မင်းအရွယ်ကစာသင်ရမဲ့အရွယ်ကို”” ထိုကောင်ကလေကသူမသိမ်းဖြစ်သောမှန်ကလေးအားဆတ်ကနဲယူကြည့်လိုက်သည်။ ””’ဦးလေးဒါကဘာလဲ—–မှန်မဟုတ်ဘူးလားဘာမှလဲမပေါ်ဘူးဦးလေးမှန်က””” ထိုကောင်လေစကားကြောင့်သူစိတ်လှုတ်ရှားသွားကာစိုးရိမ်စိတ်နှင့်ပြောလိုက်သည်။ ””မင်းဒီရက်ပိုင်းအပြင်သိပ်မထွက်နဲ့ကြားလားဘုရားရှိခိုးအိပ်—မင်းကဒါးလိုချင်တယ်ဆိုတော့အန္တရယ်ရှိနေသလား’မသိဘူး””” သူ့့စကားအားထိုကောင်ကလေးကဇဝေဇဝါဖြင့်ခေါင်းကုတ်ကာပြန်သွားသည်။ သူကြိတ်၍ဆုတောင်းနေမိသည်ထိုကောင်လေးဘာမှမဖြစ်ပါစေနှင့်ဟူ၍သို့ပေမဲ့သူ့ဆုတောင်းမပြည့်ပါ မကြာခင်ထိုကောင်ကလေးရန်ဖြစ်ကာဆေးရုံရောက်သွားရင်းဆေးရုံတွင်ဆုံးသွားလေသည်။ နောက်ထပ်နှစ်ယောက်သုံးယောက်လဲထိုမှန်ထဲဘာမှမမြင်ရဆိုကာတိုက်ဆိုင်စွာသေဆုံးသွားကြသည်။ သေဆုံးသူများအားလုံးကလဲအသေဆိုးနဲ့သေကြတာဖြစ် သည်ဒါဟာတိုက်ဆိုင်တာမဟုတ်တာသေချာသွားပြီ လာရောင်းသောကောင်းလေးစကားသည်မှန်နေပြီဒါဟာမရဏမှန်ဖြစ်မည်ဟုသူတွေးမိကာ မှန်အားဆိုင်ထဲတွင်မထားရဲတော့ဘဲသတင်းစာစက္ကူနှင့်ထုတ်ကာသူ့အိပ်ခန်းထဲထည့်ထားလိုက်သည်။ သူ့မှန်အားဖျက်စီးလိုက်မယ်စိတ်ကူးထားသည်ဒါဟာအကောင်းဆုံးနည်းလမ်းဟုသူထင်သည်။ နောက်တပတ်လောက်နေတော့သူဆိုင်မထွက်ဘဲနေမကောင်း၍အိမ်မှာအနားယူနေသည်။ နေ့လယ်ဘက်သူဧည့်ခန်းထဲကပက်လက်ထိုင်ခုံပေါ်တွင်အိပ်ပျော်သွားရင်းအိမ်မက်ဆိုးများမက်နေသည်။ အိမ်မက်ထဲတွင်သူထိတ်လန့်နေသောမှန်ကလေးထဲမှမဲမဲအခိုးအငွေ့များထွက်လာသည်ကိုမြင့်ရကာ သူလန့်နိုးသွားသည်ဒါနဲ့အိပ်ခန်းထဲပြောင်းအိပ်မယ်ကြံကာထလာတော့သူအခန်းဝတွင် ...

အမှောင်ရိပ်များသန်းလာပြီဖြစ်သည် ထို့ကြောင့် သူတို့လည်း ရွာသိုပြန်ရန်အတွက် တောအ တွင်းမှ ထွက်မည်အလုပ် မြူခိုးများ ရုတ်တရက်ဝေလာပြီး တစ်ယောက်နဲ့တစ်ယောက်ပင် သဲသဲကွဲကွဲ မမြင်ရလောက်အောင်ဖြစ်လာသည်။ထိုအခါ ကပ္ကိယကြီးက “အားလုံးသတိထားကြဟေ့ ဒါ တ‌စ္ဆေတွေ ဒိုကိုခွဲထုတ်ဖို့ လုပ်နေတာပဲ လူစုမကွဲစေနဲ့” ကပ္ပိယကြီးလည်း ထိုသို့ သတိပေးစကားပြောလိုက်ပြီး ရောက်သည့်နေရာမှာပင်ရပ်နေလိုက်သည် ထိုအခါ သူတို့လည်း ကပ္ပိယကြီးနားမှာ ရပ်နေကြရင်း မြူခိုးများကြားကို သတိထားပြီးစောင့်ကြည့်နေလိုက်သည် သို့သော်ဘာမှတော့ မမြင်ကြရ ဒါကြောင့် ကိုမြင့်ဆောင်က “မောင်းလုံး မင်းဘယ်မှထွက်မသွားနဲ့ကြားလား” ကိုမြင့်ဆောင် မောင်လုံးကို စိတ်မချဖြစ်သွားပြီး သတိပေးစကားဆိုလိုက်သည် ထိုအခါ ...

တွင် လွင့်ပြန်လျက်ရှိသည်။သဘောရိုး နှင့် သီဆိုပျော်မြူး နေပေမဲ့ စိတ်တွင်တော့ ကြိတ်မနိုင် ခဲမရဖြစ်လို့ နေသည့်သူမှာ တော့ အခြားသူ မဟုတ်ပေ ဦးပေါက်စ၏ သမီး မြကေသီ ဖြစ်လေသည် ။      မြကေသီသည် အိမ်ပေါ်မှ နေ၍ ပြတင်းတံခါးကို ဖွင့်လိုက်ပြီး     “ဟဲ့ အောက်က တယောက် အပေါ်တက်ခဲ့စမ်း “     “ဟုတ်ကဲ့ပါ မမလေး “    မကြာသော အချိန်တွင် အမျိုးသမီးငယ်လေးတယောက်သည် ပြတင်းတံခါးတွင် ရပ်နေသောမြကေသီ၏ အနားသို့ ...

ပေါင်းများစွာနဲ့စစ်ဆေးပြီးမှ တာဝန်ပေးကြတာ” “ ဒါဆိုရင် ဒီပုဂ္ဂိုလ်က ထွက်ရပ်ပေါက်မဟုတ်ဘူးပေါ့” သက်ခိုင်စကားကြောင့် အောင်မြတ်သာက ပါးလွှာတဲ့နှုတ်ခမ်းလေးအောက်မှာ ပုန်းကွယ်နေတဲ့ သွားတက်ဖြူဖြူလေးပေါ်အောင် ရယ်လိုက်ပြီး “ အမှန်တိုင်းပြောရရင် သူက မင်းတို့ရောက်ဖူးတဲ့ မဟာမြိုင်တောရဲ့အတွင်းပိုင်းကိုတောင် သွားခွင့်မရှိဘူး၊ ဘယ်လိုလဲ ဒရဝမ်လုပ်မလား… ကိုယ်နေမယ့်အပင်နှစ်ပင်(သက်ခိုင်အတွက် ညောင်ပင်၊ တောက်ရအတွက် သပြေပင် မဟာမြိုင်တောမှာပေါက်နေတဲ့အကြောင်းကိုတော့ အောင်မြတ်သာနှင့်နတ်မျက်စိမြဒင်ဝတ္တုမှာဖတ်ရှုနိုင်ပါတယ်)ကြီးထွားသန်မာအောင် ကျင့်ကြံမလား”လို့ပြောတော့ သက်ခိုင်နဲ့တောက်ရက “ ဒရဝမ်တော့မလုပ်ပါဘူး ကျွန်တော်တို့က ဆရာလိုဖြစ်အောင်ပဲကြိုးစားမှာ… “လို့ပြောကာ ရယ်မောလိုက်ကြတယ်။ +++++++++ “ အ… အ… အ….အ” ဇရပ်ဘေးမှာပေါက်နေတဲ့ ...

အဝတ်ချိတ်တိုင်လုံး၌ ထားပေးလေသည်။ “ကဲ…ထိုင်ပါဦး…ကျွန်မကဒုရဲအုပ်လွန်းနီနီပါ…” “ဟုတ်ကဲ့…စောစောက စခန်းမှူးကရဲအုပ်မလေးအကြောင်းပြောပြထားပါတယ်ခင်ဗျ……..” ဟု…အမျိုးသားကြီးမှပြောလေတော့ သီရိမကျေနပ်ဟန်လေးဖြင့်နှုတ်မှ… “ပြောမှာပေါ့…သူမလုပ်ပေးချင်တိုင်း ဒီဘက်အတင်းပို့နေပြီးတော့” ဟုဆိုလေရာ လွန်းနီနီမျက်မှောင်ကျုံ့ပြလိုက်သောအခါ အသံတိတ်သွားရှာသည်။ “ဒီကနာမည်က…….” “ကျွန်တော်နာမည် ဦးမောင်မြိုင်ပါ……..” “အမှူကဘာအမှုများလဲ…….” ဟုထပ်မံမေးမြန်းလေရာ… ဦးမောင်မြိုင်၏မျက်ဝန်းများ ညှိးငယ်သွားသည်ကို လွန်းနီနီသတိထားမိလိုက်မိ၏။ “ကျွန်….ကျွန်တော့်…သမီးလေး အသတ်ခံရလို့ပါ….” “ဘယ်လိုများဖြစ်တာလဲ…..” “ကျွန်တော်သမီးလေးက ဆယ်တန်းကျောင်းသူပါ… စာလည်းအရမ်းကြိုးစားတယ်… ကျောင်းမှာဆိုအမြဲအဆင့်တစ်နေရာကနေမဆင်းရှာဘူး… သူအခုလိုစာတော်နေပေမယ့် ကျုပ်က ဘယ်ကျုရှင်မှမထားပေးနိုင်ပါဘူးဗျာ… စာတော်တဲ့ကျွန်တော်သမီးကို သူ့ဆရာက သူ့ရဲ့ဘော်ဒါမှာ အခမဲ့သင်ပေးပါတယ်…နောက်လပိုင်းလောက်ဆိုစာမေးပွဲတွေစတော့မှာပါ…ဒါပေမယ့်ဗျာ… သမီးလေးက ဘော်ဒါဆောင်ကနေ ပြန်လာခဲ့ပြီး အိမ်မှာ~~~~ တမိုင်မိုင်တတွေတွေဖြစ်နေခဲ့တ ကျုပ်တို့လည်းမေးမြန်းကြည့်တော့သူကဘာမှမဖြေဘူး… ...

အဲ,ဒီလိုနဲ့တစ်နေ့ရောက်တော့ အရူးမကြီးဒေါ်ပုရဲ့သတင်းဆိုးကို စကြားလိုက်ရတယ်ဗျ။ အဲဒီတုန်းကဆောင်းတွင်းတုန်း ဖြစ်မယ်ဗျ၊ကျွန်တော်လည်းသေချာ တော့မမှတ်မိတော့ပါဘူး။ ဘာလဲဆိုတော့ အသက်၆၀ကျော်၇၀နီးပါးရှိနေတဲ့ အရူးမကြီးဒေါ်ပုကို ဘုရားစေတီးကြားထဲမှာအမျိုးသား တစ်စုကရက်ရက်စက်စက် ရို.က်နှက်ပြီး ကိုယ့်အမေအရွယ်ကြီးကို စော်ကားကြတယ်တဲ့ဗျာ။ ဘုရားအနားမှာနေတဲ့လူတွေကလည်း အရူးမကြီးဒေါ်ပုရဲ့အော်သံကြားပေမယ့် ဘယ်သူကမှထွက်မပြောရဲ၊ဘယ်သူကမှ ရင်မဆိုင်ရဲတော့အရူးမကြီးဒေါ်ပုခင်မျာ တဏှာရူးလူတစ်စုရဲ့အဓမ္မပြုကျင့်မှုကို ခံစားခဲ့ရတာပေါ့ဗျာ။ အရူးကိုတောင်အလွတ်မပေးပဲ ပိုးစိုးပက်စက်တဏှာရူးတဲ့လူတွေလည်း လောကကြီးမှာရှိသေးပါလားလို့ တွေးပြီးဒေါ်ပုအတွက်စိတ်မကောင်း ဖြစ်မိတာပေါ့ဗျာ။ ဟုတ်မဟုတ်တော့ သေချာမသိပေမယ့် တချို့လူတွေပြောကြတာကတော့ အရူးမကြီးဒေါ်ပုခင်မျာ အဲသလိုပြုကျင့် ခံရပြီးမြစ်ဆိပ်ထဲမှာခါးအောက်ပိုင်းကို ရေတောင်စိမ်ပြီးနေရတယ်တဲ့။ ဘယ်လောက်တောင်နာကျင်ခံစားရမလဲ ဆိုတာစဥ်းစားသာကြည့်ပေါ့ဗျာ အသက်၆၀ကျော်၇၀အရွယ် အရိုးပေါ်အရေတင်နေတဲ့ခန္ဓာကိုယ် ပိုင်ရှင်ဒေါ်ပုကိုမှရို.က်နှက်ပြီး စော်ကားရက်လေခြင်းဗျာ။ တွေးမိတိုင်းဒေါသဖြစ်မိတာ အကြိမ်ကြိမ်ပါပဲ။ ...

ထိုင်နေတယ် ဘိုးတော်က ကျုပ်ကို ငွေတချို့ ထုတ်ပေးတယ်ဗျ။ပြီးတော့ ဘူတာရုံထဲကို မျက်စပစ်ပြပြီး     “ကောင်လေး လက်မှတ်သွားဝယ်ကွာ “     ကျုပ်လည်း ဘာမှပြန်မပြောပဲ ဘူတာရုံထဲ ဝင်ခဲ့လိုက်တယ် လက်မှတ်ရောင်းတဲ့ အပေါက်လေးကနေတဆင့်ကြည့်မိတော့ ရုံပိုင်ကအိပ်နေတာ တွေ့ရတယ်။အစောကြီးရှိသေးတာကိုဗျာ ဒါပေမဲ့ ကျုပ်လည်း ဘိုး‌တော်က ခိုင်းတာဆိုတော့ နှိုးလိုက်ရတာပေါ့ ။     “ရုံပိုင်ကြီး ဗျို့ ရုံပိုင်ကြီး “     “ဟေ့ ဘယ်သူတုန်းကွ အစောကြီး ငါးနာရီမှ ရထားဆိုက်မှာ မင်းတို့ကလည်း သုံးနာရီပဲ ရှိသေးတယ် ...

အနည်းငယ်လေးလံလှသည်ဟု ဆိုနိုင်ပေသည်။ ထနောင်းရိပ်မဝင်ခင်မှာပဲ ဦးပေါကြီးက တိုးကျော်ကိုကြည့်ကာ “မင်းကွာ၊ မင်းလှည်းပြတ်ကျန်ခဲ့လို့ငါတို့က စောင့်နေတာကွ” “နောက်ကျမှာပေါ့ကွာ၊ တိုးကျော်က မသွားခင် အိမ်သာတက်ချင်သလိုလို ရေသောက်ချင်သလိုလိုဖြစ်နေလို့ဟေ့” ဘကြီးမိုးအပြောကို တိုးကျော်က မည်သို့မျှမတုန့်ပြန်တော့ဘဲ မချိသွားဖြဲလုပ်နေမိသည်။ အချိန်က ညခုနစ်နာရီခန့်ရှိတော့မည်မို့ ပတ်ဝန်းကျင်တစ်ခွင်လုံးကို အမှောင်ထုကလွှမ်းခြုံထားသည်။ ဦးပေါကြီးက ဘကြီးမိုးကိုကြည့်ရင်း “ဘကြီးမိုး ကျုပ်တို့ဘယ်လမ်းက သွားကြမလဲဗျ” “တောလမ်းက လမ်းတိုတယ်ဆိုပေမယ့် ညရေးညတာကျတော့ သွားလို့မကောင်းပြန်ဘူးကွ၊ ငါတို့မှာ အချိန်လည်းရှိတယ်ဆိုတော့ ကပိုင်ရိုးဘက်က ဆင်းမယ်ကွာ” ဘကြီးမိုးက ဦးဆောင်သူမို့ အားလုံးက ဘကြီးမိုးအကြံအစည်ကိုလက်ခံလိုက်ကြသည်။ တောလမ်းအတိုင်းသွားလျှင် မြို့သို့ ...

တိုင်ပင်ရပါတော့သည်။ ၁၉၂၄ ခုနှစ် လက်နက်ဥပဒေအရ ဆင်များကို သုတေသနလုပ်ရုံမှလွဲ၍ လုံးဝပစ်ခတ်သတ်ဖြတ်ခွင့် မရှိပါ။ ပစ်ခတ်ရန်လည်း ပါမစ်လျှောက်ပြီး ခွင့်ပြုချက်ရမှသာ ပစ်ခတ်သတ်ဖြတ်ခွင့် ရှိပါသည်။ ဤကိစ္စကို ပစ်ပြီးမှသာ ခရိုင်သစ်တောဝန်နှင့် ရှင်းမည်ဟု စိတ်ကူးထားပါသည်။ ထို့နောက် မုဆိုးအဖွဲ့နှင့်တိုင်ပင်ပြီး အဓိက စခန်းချပြီး ပစ်ရမည့်နေရာကို ရွေးချယ်ရပါသည်။ နောက်ဆုံးတွင် မုဆိုးအဖွဲ့ မရောက်သည်မှာ အကြာဆုံးဖြစ်သည့် ချောင်းဂီစခန်းကို ရွေးလိုက်ကြပါသည်။ ထိုစခန်းသို့ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ဗိုလ်ကြီးအောင်ခင်(အငြိမ်းစားဗိုလ်မှူးကြီး၊ အငြိမ်းစားမြို့တော်ဝန်၊ အငြိမ်းစားသံအမတ်ကြီး)နှင့် ဗိုလ်ကြီးမောင်မောင်အေး (အငြိမ်းစားဗိုလ်မှူး၊ အငြိမ်းစား ဦးဆောင်ညွှန်ကြားရေးမှူး-ဟိုတယ်ခရီးသွား) တို့အဖွဲ့ ...