အဝတ်ချိတ်တိုင်လုံး၌ ထားပေးလေသည်။
“ကဲ…ထိုင်ပါဦး…ကျွန်မကဒုရဲအုပ်လွန်းနီနီပါ…”
“ဟုတ်ကဲ့…စောစောက စခန်းမှူးကရဲအုပ်မလေးအကြောင်းပြောပြထားပါတယ်ခင်ဗျ……..”
ဟု…အမျိုးသားကြီးမှပြောလေတော့
သီရိမကျေနပ်ဟန်လေးဖြင့်နှုတ်မှ…
“ပြောမှာပေါ့…သူမလုပ်ပေးချင်တိုင်း
ဒီဘက်အတင်းပို့နေပြီးတော့”
ဟုဆိုလေရာ လွန်းနီနီမျက်မှောင်ကျုံ့ပြလိုက်သောအခါ
အသံတိတ်သွားရှာသည်။
“ဒီကနာမည်က…….”
“ကျွန်တော်နာမည် ဦးမောင်မြိုင်ပါ……..”
“အမှူကဘာအမှုများလဲ…….”
ဟုထပ်မံမေးမြန်းလေရာ…
ဦးမောင်မြိုင်၏မျက်ဝန်းများ ညှိးငယ်သွားသည်ကို
လွန်းနီနီသတိထားမိလိုက်မိ၏။
“ကျွန်….ကျွန်တော့်…သမီးလေး အသတ်ခံရလို့ပါ….”
“ဘယ်လိုများဖြစ်တာလဲ…..”
“ကျွန်တော်သမီးလေးက ဆယ်တန်းကျောင်းသူပါ…
စာလည်းအရမ်းကြိုးစားတယ်…
ကျောင်းမှာဆိုအမြဲအဆင့်တစ်နေရာကနေမဆင်းရှာဘူး…
သူအခုလိုစာတော်နေပေမယ့် ကျုပ်က
ဘယ်ကျုရှင်မှမထားပေးနိုင်ပါဘူးဗျာ…
စာတော်တဲ့ကျွန်တော်သမီးကို သူ့ဆရာက သူ့ရဲ့ဘော်ဒါမှာ
အခမဲ့သင်ပေးပါတယ်…နောက်လပိုင်းလောက်ဆိုစာမေးပွဲတွေစတော့မှာပါ…ဒါပေမယ့်ဗျာ…
သမီးလေးက ဘော်ဒါဆောင်ကနေ ပြန်လာခဲ့ပြီး အိမ်မှာ~~~~
တမိုင်မိုင်တတွေတွေဖြစ်နေခဲ့တ
ကျုပ်တို့လည်းမေးမြန်းကြည့်တော့သူကဘာမှမဖြေဘူး…
ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှ အိပ်ဆေးတွေသောက်ပြီး….
သူ…..သူ….သူဗျာ………………”
“ရပြီ…ရပြီ…ဒီလောက်ဆို ကျွန်မသဘောပေါက်ပြီ…
သေကြောင်းကြံစည်ရလောက်တဲ့ထိ
သူ့မှာဘာတွေဖြစ်ခဲ့တယ်ဆိုတာ ရှင်တို့မသိခဲ့ကြဘူးပေါ့…
ဥပမာပြောရရင် ချစ်သူ၊ရည်းစားကိစ္စတို့………”
“ဟင့်အင်း….အဲ့လိုမရှိပါဘူး….
ကျွန်တော့်သမီးလေးမှာအဲ့လိုကိစ္စမရှိဘူးဗျာ…
အခုဖြစ်ရတာဘော်ဒါဆောင်ကနေပြန်လာပြီးမှ
ဖြစ်ရတာ…ဒါကြောင့် ကျုပ်ဘော်ဒါဆောင်ကိုတရားစွဲ
ချင်တယ်ဗျာ………”
ဟု…ဦးမောင်မြိုင်မှာ မျက်ရည်များကို
သုတ်ဖယ်ရင်းပြောရှာသည်။
“အင်း…ဒီလိုဆိုရင်တော့ ရှင်ပြောတဲ့အချက်တစ်ခုထဲနဲ့
ကျွန်မတို့ဘက်ကနေတရားစွဲပေးရင်
အားလုံးကိုပြန်ပြီးအမှုကပတ်သွားနိုင်တယ်…
သက်သေခိုင်လုံမှသာ ကျွန်မတို့ဘက်က လုပ်ဆောင်ပေးလို့ရမှာ…ဒါပေမယ့်မပူပါနဲ့…ကျွန်မအကောင်းဆုံးဖြစ်အောင်
စုံစမ်းဖော်ထုတ်ပေးပါ့မယ်……”
“ကျေးဇူးတင်ပါတယ်ဗျာ…ကျုပ်…
အခုမှပဲစိတ်အေးရပါတယ်…
ကျုပ်အကူအညီတောင်းခဲ့တဲ့သူမှန်သမျှက
ကျုပ်ကိုငြင်းလွှတ်လိုက်ကြတာကြီးပါပဲ…အခုမှ…
အခုမှပဲ…ကျုပ်သမီးလေးအတွက်………….”
ဟုဆိုကာ ထပ်မံ၍ငိုကြွေးပြန်သည်။
ခဏမျှကြာသွားလေတော့ ဦးမောင်မြိုင်စခန်းမှပြန်သွားတော့သည်။
လွန်းနီနီလည်းသူမအခန်းထဲကျန်နေသေးသော သီရိကို…
“ဦးမောင်မြိုင်တို့မိသားစုအကြောင်းကို.
တို့သေချာသိချင်တယ်သီရိ……
နောက်ပြီးသေဆုံးသွားတဲသူ့ရဲ့
သမီးနာမည်ကဘယ်လိုခေါ်သလဲ……”
“ကောင်မလေးနာမည်က မြိုင်တဲ့ စီနီယာ…….”
“မြိုင်………..”
စွဲမက်ဖွယ်နာမည်တစ်ခုကို လွန်းနီနီခေါ်လိုက်စဥ်
သီရိမှဓာတ်ပုံလေးတစ်ပုံကို
သူမ၏စားပွဲထက်တင်ပေးလေသည်။
ထိုဓာတ်ပုံလေးကိုလွန်းနီနီယူကာကြည့်လေတော့
ချောမောလှပသည့် ကောင်မလေးတစ်ဦးဖြစ်နေခဲ့၏။
သူမ၏ချောမောမှုကြောင့်
ဝတ်ဆင်ထားသော
ခပ်နွမ်းနွမ်းအဝတ်အစားများကပင်
တောက်ပနေသယောင်ထင်စေသည်။
“ဒါ…မြိုင်ပဲ စီနီယာ…ကလေးမလေးက ဆယ်တန်းဆိုတော့
အရွယ်လည်းရောက်နေပြီ…”
“အင်း…မိန်းမချောလေးပဲ……”
ဟု…လွန်းနီနီရေရွတ်လေတော့….
“သေချာပြီလားစီနီယာ……..”
“ဘာကိုလဲ…”
“ဒီအမှုကိုလက်ခံဖို့လေ”
“အင်း…သေချာသလောက်ပဲ…….”
“ဒီအမှုက အထက်ဖိအားရှိနိုင်တယ်နော်…”
“ဘာကြောင့်လဲ…”
“ဘာကြောင့်လဲဆိုတော့…အဲ့ကအဆောင်ပိုင်ရှင်က…
ဝန်ကြီးရဲ့တူတော်တယ်စီနီယာ…..”
“သြော်……ဒါဆိုရင် သိပ်သေချာတာပေါ့ သီရိရယ်………”
“ဟင်း…စီနီယာကိုတော့လက်လန်ပါတယ်…
တခြားသူတွေခေါင်းရှောင်နေချိန်…စီနီယာက
အမြဲတန်းတန်းကြီးဝင်တိုက်တော့တာပဲ….
ဟူးးး….မလွယ်ပါလားနော်……….”
“ဒါ…တို့ရဲ့ထုံးစံပဲလေကွယ်……….”
ဟု…လွန်းနီနီတချက်ပြုံးရင်းပြောလိုက်တော့လေသည်။
**************************
သူမနာမည်က အင်ကြင်း……..။
ယခုသူမရောက်ရှိနေသည်က “တော်ဝင် ဘော်ဒါဆောင်”ပင်။
“တော်ဝင်ဘော်ဒါဆောင် ” သည်မြို့၌ချမ်းသာသော
မိသားစုများမှသားသမီးများသာတက်နိုင်သော
အဆောင်တစ်ခုဖြစ်၏။
သူမကိုယ်တိုင်တောင် ယခုအလုပ်လေးရရှိဖို့ရန်
လူရင်းရှိ၍ရရှိခဲ့ခြင်းပင်။
သူမအလုပ်မှာ ညဘက်ဂိုက်လုပ်ပေးရမည့်
တာဝန်ဖြစ်သည်။
“ဆရာမအင်ကြင်း…ဆယ်တန်းတွေကိုဒီညဆယ်နှစ့်နာရီထိမောင်းပေးပါ…စာမေးပွဲကနီးလာပြီဆိုတော့”
“ဟုတ်ကဲ့ပါဆရာ…”
အဆောင်ပိုင်ရှင်ဦးပိုင်သူ၏အမိန့်အတိုင်းသူမ
လိုက်နာရသည်။
ဆယ်တန်းမိန်းကလေးများကိုသာ ကြည့်ရှု့ရသည်မို့
သူမအတွက်အနည်းငယ်ဝန်ပေါ့၏။
ညစာကျက်ချိန်၌
ယောကျာ်းလေးများကယောကျာ်းလေးအဆောင်၌သာစာကျက်ရပြီး မိန်းကဘေးများမှာ
သူမနှင့်အတူမိန်းကလေးအဆောင်၌စာကျက်ရသည်။
သူမကိုယ်တိုင်အဆောင်သို့ရောက်လာခဲ့သည်မှာ ရက်ပိုင်းလောက်သာ ရှိသေးသည်မို့ အားလုံးနှင့်မရင်းနှီးသေးပေ။
ယခင်ဆရာမမှာ ကျန်းမာရေးမကောင်း၍
အလုပ်ထွက်သွားခဲ့ခြင်းကြောင့်ယခုအလုပ်ကို
သူမရရှိခဲ့ခြင်းပင်။
ဆယ်တန်းများစာကျက်နေကြရင်း
ဆယ့်နှစ်နာရီကျော်လေတော့
အာလုံးကိုအနားပေးလိုက်ပြီး…
အောက်ထပ်စာကျက်ဝိုင်းရှိမီးများပိတ်ရန်သူမစစ်ဆေးရပြန်သည်။
မီးများစစ်ဆေးဖို့ကြည့်နေချိန် အခန်းတံခါးအပြင်၌ ရပ်တန့်နေသော မိန်းကလေးတစ်ဦးကိုသူမမြင်လိုက်သောအခါ…
“ဟိတ်…ကလေးမလေး…အဆောင်ပေါ်တက်တော့လေ…”
ဟု…သူမသတိပေးလိုက်လေတော့ ကျောပေးထားသော
အဆောင်သူလေးမှာ သူမဘက်သို့လှည့်လာပြီး
ပြုံးရယ်ပြကာ အပြင်သို့ချက်ချင်းထွက်သွားတော့၏။
“ဟော…ဟိတ်…ဘယ်သွားမလို့လဲ…မိုးချုပ်နေပြီလေ…
ဟိတ်………”
မျက်နှာချောချောကောင်မလေး၏အပြုအမူကြောင့်
သူမထိတ်လန့်သွားကာ အဆောင်အပြင်သို့လိုက်ဖို့ပြင်၏။
ထိုစဥြ…
“ဆရာမ…ဘယ်လဲ……”
အပေါ်ထပ်မှဆင်းလာသော အဆောင်သူလေးတစ်ဦးမှမေးလိုက်ခြင်းပင်။
“ဟိုမှာလေ…ကောင်မလေးတစ်ယောက်…
အပြင်ထွက်သွားလို့…”
“ရှင်…ဆရာမ…အဆောင်သော့က ညနေကတည်းကခတ်ထားတာလေ…သော့မဖွင့်ပဲဘယ်သူထွက်နိုင်မှာလဲ”
အဆောင်သူလေးအပြောကြောင့် သူမကိုင်ထာသော
အဆောင်ဝန်းတံခါးကိုကြည့်လိုက်မိသည်။
အမှန်ပင်…တံခါးမှာသော့ကြီးခတ်လျက်သားဖြစ်နေ၏။
“ဟင်……….”
“ကဲပါ…ဆရာမရယ်…အပေါ်တက်ကြစို့…
အပေါ့အပါးသွားဦးမလား…သမီးလိုက်စောင့်ပေးမယ်……”
ဟုအဆောင်သူလေးမှဆိုသောအခါ သူမထိတ်လန့်မိလျက်သား
ခေါင်းခါပြလိုက်သည်။
ထိုနေ့ညတညလုံးသူမစိတ်ထဲတနုတ်နုတ်ဖြင့်
အိပ်မပျော်ခဲ့ရပေ။
*****************************
အင်ကြင်းတစ်ယောက်ညဘက်အိပ်မပျော်ပေ။
အကြောင်းမှာသူမအိပ်ပျော်တိုင်း သူမဘေးနားမှစကားပြောသံများကြားရ၏။
ပြောသံမှာလည်းဝေဝေဝါးဝါးမို့မည်သည်တို့ကိုပြောနေသည်ဆိုတာ သူမ မသိ….။
သူမနိုးလာပြန်လျှင်လည်း မည်သူမှရှိမနေ။
ထိုအချက်များကြောင့် အဆောင်၌ နေရခြင်းကိုပင်
သူမ ကြောက်လန့်လာရသည်။
အခြားသောအဆောင်သူများမှာတော့ အခန်းကျယ်၌စုပေါင်းအိပ်ကြခြင်းဖြစ်ပြီး…
သူမတစ်ဦးသာ အခန်းထဲ၌အိပ်ရခြင်းပင်။
အဆောင်၌သရဲရှိလေသလားဟု…
အဆောင်သူလေးများကိုမေးမြန်းပါသော်လည်း
မည်သူကမှမဖြေနိုင်ကြ။
ထိုသို့ဖြင့် သူမနှင့်ရင်းနှီးလာသူမှာ သက်သက်ဆိုသော
ကလေးမလေးတစ်ဦးသာ။
ထိုကလေးမလေးမှာလည်း သူမပထမဦးဆုံးတွေ့ခဲ့သည့်
အဆောင်သူလေးပင်။
“သက်သက်…ညဘက်တွေဆို စကားပြောသံတွေကြားမိသလား……..ဒါမှမဟုတ်ဆရာမပဲကြားနေရတာလား”
ဟု…မေးမြန်းသောအခါ သက်သက်သည်မျက်နှာမပျက်ဘဲ…
“ဒီကိစ္စကရိုးနေပြီဆရာမ…ကျွန်မတို့လည်းကြားရတာပဲ”
“ဟင်…သက်သက်တို့လည်းကြားရတယ်ဆိုတော့…
သရဲတကယ်ရှိတယ်ပေါ့………..”
ဟုမေးလိုက်သောအခါ သက်သက်မျက်နှာတည်သွားပြီး…
“သရဲမဟုတ်ဘူးဆရာမ…ဒါကျွန်မတို့သူငယ်ချင်း
မြိုင်ပဲ…………..”
“မြိုင်…မြိုင်ဆိုတာက………”
“မြိုင်ဆိုတာ…ဟောသည်ပုံထဲကသူပဲ…………”
သက်သက်ပြပေးသော အဆောင်သူများစုပေါင်းရိုက်ထားသည့်
ဓာတ်ပုံလေး….။
သက်သက်ညွှန်ပြသောကောင်မလေးကိုမြင်ရချိန်
အင်ကြင်းမျက်လုံးများဝိုင်းစက်သွားရပြီး
ရင်မှာတဒိတ်ဒိတ်ဖြစ်ခဲ့ရသည်။
အကြောင်းမှာ မြိုင်ဆိုတာ သူမ တွေ့ခဲ့ရသော မိန်းမချောလေး
ဖြစ်နေခဲ့ခြင်းပင်ါ
“သူက…သူက….သရဲမဟုတ်ဘူးဆိုတော့ ဘာလဲသက်သက်”
သက်သက်ဖြေမည့်စကားကို အင်ကြင်းသိချင်နေမိသည်။
“သူက အသတ်ခံရတာ………..”
“ဘယ်လို……..”
“ဟုတ်တယ်…သူက လူယုတ်မာကြောင့် သေရတာ…
သူမသေသင့်ပဲသေခဲ့ရတာ………..”
ဟုပြောရင်းသက်သက်မျက်ရည်များကျလာခဲ့သည်။
အင်ကြင်း နားမလည်နိုင်သလို သက်သက်၏မျက်ရည်များကို
တအံ့တသြငေးကြည့်နေမိသည်။
မျက်ရည်များကိုသုတ်ဖယ်ရင်း….
“ဒီအကြောင်းကိုဆရာမ မသိသလိုနေပေးပါ…
မဟုတ်ရင် ဆရာမကိုလည်း အန္တရာယ်ရှိလာနိုင်တယ်……”
ဟု…ဆိုပြန်လေရာ အင်ကြင်းတံတွေးများကိုမြိုချရင်း
ခေါင်းညိတ်လိုက်လေသည်။
***********************************
“ဆရာမတို့ စုံစမ်းမှုအခြေအနေဘယ်လိုရှိပြီလဲ”
စခန်းမှူး၏အမေးကြောင့် လွန်းနီနီ…
“အမှုမှန်ပေါ်ဖို့ ကျွန်မတို့ကြိုးစားနေပါတယ်ဆရာ…
မကြာခင်သေချာပေါက်တရားခံကိုမိစေရပါမယ်….”
“အင်း….ဒီအမှုက အထက်ကဖိလာနိုင်တယ်ဆိုတာ…
ဆရာမသိပါတယ်နော်…ကိုယ့်ဘက်ကသက်သေအထောက်အထားခိုင်မာနေဖို့လိုအပ်တယ်……..”
“ကျွန်မသိပါတယ်ဆရာ……..”
“ကောင်းပြီ…………”
လွန်းနီနီစခန်းမှူးထံမှပြန်ထွက်လာပြီးနောက်
သီရိ၏စားပွဲသို့ရောက်လာခဲ့ပြီး…
“အရင်ဂိုက်ဆရာမကိုစုံစမ်းလို့ရပြီလားသီရိ……..”
“ဒေါ်သူဇာက နေရာပြောင်းသွားတယ်စီနီယာ…
ဒါပေမယ့် သီရိသေချာစုံစမ်းကြည့်တော့ သူ့နေရာကို
သိခဲ့ရပြီ………”
“ကောင်းပြီ…ဒါဆိုရင် တို့တွေသူ့ဆီသွားကြတာပေါ့”
“ဆရာမ…ဧည့်သည်ရောက်နေတယ်……”
အပြင်သွားဖို့ပြင်ဆင်နေချိန်ရောက်ရှိလာသော ရဲဘော်လေးကြောင့် ရပ်တန့်သွားကြရသည်။
ရဲဘော်လေးနောက်ပါးမှ…မိန်းမပျိုလေးတစ်ဦးနှင့်အမျိုးသမီးတစ်ဦးကိုလွန်းနီနီတစ်ချက်ကြည့်လိုက်ပြီး…
“ကျွန်မအခန်းကိုလိုက်ခဲ့ကြပါ……..”
ဟုဆိုကာခေါ်သွားလေတော့သည်။
“ကဲ…ထိုင်ကြပါ…ဘာကိစ္စများရှိလို့လဲ”
ဟုမေးမြန်းသောအခါ အမျိုးသမီးသည် သူ၏ထဘီစကိုလက်ဖြင့်တင်းတင်းစုပ်ကိုင်ထားသည်ကိုတွေ့ရ၏။
“ပြောပါ…ဘာအကြောင်းများရှိကြလို့လဲ”
ဟုထပ်ပြောလေသောအခါ….
“ဦး…ဦးမောင်မြိုင်ကပြောတယ်…
ဒီက… ဒီကအစ်မက
မြိုင်ရဲ့အမှုကိုစုံစမ်းနေတယ်ဆိုလို့……..”
လွန်းနီနီထိုအမျိုးသမီးကိုခေါင်းညိတ်ပြလိုက်ပြီး…
“ဟုတ်ပါတယ်…အခုညီမတို့လာရင်းကိစ္စကဘာများလဲ”
“ကျွန်မနာမည်ကအင်ကြင်းပါ…
တော်ဝင်ဘော်ဒါဆောင်မှာ ဂိုက်ဆရာမလုပ်နေပါတယ်…
သူကတော့အဲ့အဆောင်ကအဆောင်သူပါ
သက်သက်လို့ခေါ်တယ်……”
လွန်းနီနီ “တော်ဝင်ဘော်ဒါဆောင်”ဟူ၍စိတ်ဝင်စားသွားသည်။
“ကျွန်မတို့လာရတာက…မြိုင်…မြိုင့်အတွက်
အမှုမှန်ပေါ်စေချင်လို့ပါ……..”
ဟုဆိုလေရာ လွန်းနီနီ….
“ဒီကညီမတို့ ပြောပါ…ကျွန်မနားထောင်ပေးပါ့မယ်…..”
ဟုဆိုလေသောအခါ အင်ကြင်းသည်
သက်သက်ကိုကြည့်လိုက်သည်။
သက်သက်မှ…
“ကျွန်မနဲ့ မြိုင်နဲ့က ငယ်ပေါင်းသူငယ်ချင်းတွေပါ
ကျွန်မမိဘကထားပေးလို့ဘော်ဒါဆောင်မှာနေခဲ့ရပေမယ့်…
မြိုင်ကတော့စာတော်လို့ဆိုပြီး အခမဲ့သင်ကြားရပါတယ်…
ဒါပေမယ့် အဆောင်ပိုင်ရှင်ဆရာပိုင်သူက
သူ့အပေါ်အရမ်းနီးကပ်လွန်းပါတယ်…
ကျွန်မကိုမြိုင်တစ်ခါပြောဖူးတယ်…
ဆရာက ငါ့ကိုနမ်းတယ်တဲ့…အဲ့တုန်းက ကျွန်မလည်း
မြိုင့်အတွက်စိတ်ပူမိတယ်…
တနေ့….ကျွန်မတို့အဆောင်သူတွေကို
ညနေပိုင်းဘုရားသွားဖူးဖို့
လွှတ်ပါတယ်…။
မြိုင်တစ်ယောက်ထဲအဆောင်မှာနေခဲ့ရတယ်…
အဲ့တာကလည်းဆရာပိုင်သူခိုင်းစရာရှိတယ်ဆိုလို့ပါ…
တကယ်ဆို…အဲ့နေ့က ကျွန်မအဆောင်မှာသူနဲ့အတူနေခဲ့သင့်တာ…အခုတော့…..အဟင့်….အဟင့်…အဟင့်………”
သက်သက်တယောက်ပြောနေရင်းငိုကြွေးလေသည်။
လွန်းနီနီဆက်သိချင်သေး၍ သက်သက်ပြောမှာကို
နားထောင်နေသော်လည်း သက်သက်မှာငိုကြွေးနေစဲမို့
အင်ကြင်းမှ…
“ကျွန်မလည်း သက်သက်ပြောပြမှသိခဲ့ရတာ…
အဲ့နေ့က အဆောင်ကအရင်ဂိုက်ဆရာမနဲ့
မြိုင်နဲ့ပဲအဆောင်မှာကျန်ရစ်ခဲ့တာ…
ဂိုက်ဆရာမကနေမကောင်းလို့ဆိုပြီးသူ့အခန်းထဲမှာ
အိပ်နေတုန်း…ဆရာပိုင်သူက မြိုင်ကိုခိုင်းစရာရှိတယ်ဆိုပြီး
သူနေတဲ့အိမ်ကိုခေါ်သွားတယ်တဲ့လေ…
ဒါပေမယ့် အဲ့နေ့လည်းပြီးရောမြိုင်အဆောင်ကနေထွက်သွားတော့တာပဲ…
အဆောင်ကထွက်သွားတဲ့မြိုင်ကို သက်သက်က အတင်းပြန်လိုက်ခေါ်သေးတယ်တဲ့…
ဒါပေမယ့် မြိုင်လိုက်မလာခဲ့ဘူး…
နောက်ရက်ကျတော့မြိုင်သေတဲ့သတင်းကို
အားလုံးသိခဲ့ရတယ်တဲ့ အစ်မရယ်………..”
ပြောပြသူအင်ကြင်းမှာလည်း မျက်ရည်များဖြင့်…
လွန်းနီနီသက်ပြင်းတစ်ချက်ချလိုက်ပြီး…
“ဟင်းးးးးးးးး…….ဒါဆိုရင် မြိုင်သေရတာက
ဦးပိုင်သူနဲ့သက်ဆိုင်တယ်လို့ယူဆကြတယ်ပေါ့………”
“ယူဆတာတင်မဟုတ်ဘူးအစ်မ…သေချာတာ…
မြိုင်ကသေသွားတာတောင်မကျွတ်ဘူးအစ်မ…
ကျွန်မတို့အဆောင်မှာညဘက်တွေဆိုသူ့ကိုတွေ့ရတယ်…
အဆောင်သူတွေကိုသူ့လိုမဖြစ်ကြအောင်
ညတိုင်းအနားနားကနေ
တတွတ်တွတ်သတိပေးနေတတ်တာ
အစ်မရယ်…
ကျွန်မသူပြောတာတွေကိုနားလည်မိသလောက်က
ဆရာပိုင်သူနဲ့ဝေးဝေးနေပါတဲ့လေ………”
“အင်း…ညီမတို့အခုလိုလာပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်…ဒါပေမယ့် ညီမတို့လည်းဂရုစိုက်ကြပါဦး…
တကယ်လို့ ဦးပိုင်သူသာ ဒီကိစ္စနဲ့ပတ်သက်နေရင်
ညီမတို့ကို ရန်ပြုလာနိုင်တယ်…
ဒီကြောင့် ဘာမှမသိသလိုပဲဆက်နေပေးကြပါ………”
“စိတ်ချပါအစ်မ…ကျွန်မတို့အဆောင်သူတွေအားလုံး
ဒီကိစ္စကိုမပြောရဲကြပါဘူး….
သူတို့သိရင်ကျွန်မတို့ကို ရန်ပြုလာနိုင်တယ်ဆိုတာ
သိလို့ပါ………..”
“ကောင်းပြီ…ဒါဆိုရင်အချိန်မလင့်ခင်ပြန်လိုက်ကြပါဦး…
သီရိသူတို့ကိုစခန်းအပြင်ထိလိုက်ပို့ပေးလိုက်ပါ…
အဆောင်ထိလိုက်မပို့နိုင်တာတော့ခွင့်လွှတ်ပါကွယ်…..”
“ရပါတယ်အစ်မ…မြိုင့်အတွက်သာအမှုမှန်ပေါ်အောင်
ကူညီပေးပါ………….”
“စိတ်ချပါ…မကြာခင်ပေါ်ပေါက်စေရပါမယ်……”
အင်းကြင်းနဲ့သက်သက်တို့ပြန်သွားကြလေပြီ။
လွန်းနီနီလည်း မြိုင်၏အမှုအတွက်စဥ်းစားနေရ၏။
******************************
တစ်လကျော်မျှကြာသောအခါ…
“ဦးပိုင်သူထင်ပါရဲ့…….”
လက်ဖက်ရည်ဆိုင်ထိုင်နေသော ဦးပိုင်သူထံသို့
လွန်းနီနီတို့ရောက်ရှိလာခဲ့ကြသည်။
ဦးပိုင်သူမှာ လွန်းနီနီတို့ကိုတချက်ကြည့်ပြီး…
“ဟုတ်ပါတယ်…ဘာကိစ္စရှိလို့လဲ”
“ရဲဘော်တွေသူ့ကိုလက်ထိပ်ခတ်ဖမ်းခဲ့……..”
“ဟာ…….ဒါ….ဒါ…ဘာလုပ်တာလဲ…….”
လက်ဖက်ရည်ဆိုင်အတွင်းမှလူများကလည်းဝိုင်းအုံကြည့်နေကြသည်။
ဦးပိုင်သူမှာ ဒေါသတကြီးရုန်းကန်အော်ဟစ်နေ၏။
ထိုအခါ လွန်းနီနီမှ…
“ရှင့်ကို မြိုင်ကို လိင်ပိုင်းအကြမ်းဖက်မှု…
ချိန်းခြောက်မှုကြောင့်ဖမ်းတာပါ…
ကဲ…စခန်းရောက်မှရှင်းတော့”
“ဘာ…ဘာတွေလာပြောနေတာလဲ…
ငါဘယ်သူလဲနင်မသိတာလား…ဟေ့…အခုလွှတ်စမ်း…
ငါ့ကိုဘာကောင်ထင်နေတာလဲ…လွှတ်…”
ဦးပိုင်သူအတင်းရုန်းကန်နေ၏။
သို့သော်ရဲဘော်များကလည်း ဖမ်းချုပ်၍ခေါ်ဆောင်လာခဲ့သည်။
စခန်းသို့ရောက်တော့သတင်းမီဒီယာသမားများပါရောက်ရှိနေခဲ့ပြီး…
“တော်ဝင်ဘော်ဒါဆောင်ပိုင်ရှင်က အဆောင်သူလေးကို
လိင်ပိုင်းစော်ကားတာဟုတ်ပါသလား…..”
“မှားယွင်းပြီးဖမ်းတာလား”
ဟူသောအသံများကဝေဝေဆာဆာထွက်ပေါ်လာလေရာ…
“မှားယွင်းပြီးဖမ်းရအောင် ကျွန်မတို့က
ရဲလုပ်တန်းဆော့ကစားနေတာမဟုတ်ပါဘူး….
အခုကလည်းသက်သေအထောက်အထား
အပြည့်အစုံနဲ့ဖမ်းခေါ်လာတာပါ”
“ဦးပိုင်သူက ဝန်ကြီးနဲ့ဆွေမျိုးတော်စပ်တာသိပါသလား…
ဒီအကျိုးဆက်ကြောင့် ကိုယ့်ကိုဘေးထိနိုင်မှာမကြောက်ဘူးလား”
“ခြောက်တိုင်း…လန့်တိုင်းကြောက်ရအောင်
တရားဥပဒေဆိုတာ…အာဏာအပေါ်ကိုရပ်တည်တာမဟုတ်ပါဘူး…တရားဥပဒေဆိုတာ အမှန်တရားအပေါ်မှာပဲရပ်တည်ပေးတာပါ…ဒီအတွက်ကျွန်မအနေနဲ့
အမှန်တရားဘက်ကပဲရင်ဆိုင်ဖို့အသင့်ပါ……..”
လွန်းနီနီပြောလိုက်သောစကားကြောင့် သတင်းသမားများ
မည်သည့်စကားမှဆက်မမမေးနိုင်ကြတော့ပေ။
******************************
“ဦးပိုင်သူကိုဖမ်းခဲ့တာအတွက်
ဆရာမမှာဘယ်လိုသက်သေတွေရှိသလဲ….”
ဟု …ခန်းမှူးမှမေးလေရာ
“နံပါတ်တစ်…မြိုင်ကို ဦးပိုင်သူ လိင်ပိုင်းအကြမ်းဖက်တဲ့အချိန်မှာ ဦးပိုင်သူအိမ်မှာရှိတဲ့ ခြံစောင့်လင်မယား…
နံပါတ်နှစ် လိင်ပိုင်းအကြမ်းဖက်ခံရပြီး အဆောင်ကို ငိုကြီးချက်မနဲ့ပြန်လာတဲ့ မြိုင်ကို တွေ့ခဲ့ရတဲ့
ဂိုက်ဆရာမဒေါ်သူဇာ…
နံပါတ်သုံး ဦးပိုင်သူကိုယ်တိုင် မြိုင်ကို
ချိန်းခြောက်ထားတဲ့စာ…ဒါတွေက သက်သေပါဆရာ…..”
“ဆရာမတကယ်ရင်ဆိုင်နိုင်သလား…….”
“ကျွန်မသေချာမှလုပ်တာပါဆရာ….”
“ကောင်းပြီ…သူတို့ဘက်ကတော့အသည်းအသန်
ကာကွယ်ကြမှာပဲ…ဒီတော့…
ကျွန်တော်ဆရာမဘက်ကရပ်တည်ပေးပါ့မယ်…ကြိုးစားပါ”
“ကျေးဇူးတင်ပါတယ်ဆရာ……….”
လွန်းနီနီ…မြိုင်အတွက်အစွမ်းကုန်ကြိုးစားပေး၏။
တရားခွင်၌လည်း လူသက်သေ…ပစ္စည်းသက်သေများ
သေချာတင်ပြရသည်။
လွန်းနီနီရှာဖွေတွေ့ရှိထားသော မြိုင်၏ပစ္စည်းများအတွင်းမှ
ဦးပိုင်သူကိုယ်တိုင်ရေးထားသော စာရွက်မှာ…
“ငါ့အကြောင်းကို အခြားသူတွေသိတဲ့နေ့
နင်အရှက်ကွဲတဲ့နေ့ပဲ မြိုင်…
မြိုင်ဆိုတဲ့ကောင်မလေးက ဆရာအပေါ်မရိုးသားကြောင်း
အရှက်မရှိကြောင်းတွေ ငါ့ဘက်ကဖွလိုက်ရင်
နင်ကော နင့်မိဘတွေကော သတ်သေချင်စိတ်ပေါက်သွားလိမ့်မယ်…ဒီတော့ငါပြောသလိုပဲနေ…ငါခေါ်ရင်လာခဲ့….”
ဟူ၍…ပင်တည်း………။
ဦးပိုင်သူအိမ်ရှိ ခြံစောင့်လင်မယားကိုလည်း
လွန်းနီနီတို့ချော့တခါခြောက်တလှည့်မေးမြန်းလေမှ…
“အဲ့နေ့ညနေက
ဆရာပိုင်သူ့မိန်းမအပြင်ထွက်သွားတယ်…
အဲ့အချိန်ပဲ ဆရာပိုင်သူ ကောင်မလေးတစ်ယောက်ကိုအိမ်ခေါ်လာခဲ့တာ ကျုပ်တို့တွေ့တယ်…
ခဏကြာတော့သူတို့အခန်းထဲက အော်သံရုန်းသံတွေကြားတော့
ကျုပ်တို့လည်းဘာလုပ်ရမယ်မသိခဲ့ဘူး…”
ဟုဝန်ခံကြလေသည်။
ဂိုက်ဆရာမဒေါ်သူဇာမှာက…
“ကျွန်မအဲ့နေ့ကနေမကောင်းလို့အဆောင်မှာနေခဲ့တာ…
ဆရာပိုင်သူ မြိုင့်ကိုလာခေါ်သွားတာလည်းကျွန်မတွေ့လိုက်တယ်…နောက်ပြီးမြိုင်ငိုယိုပြီးပြန်လာတာလည်း
ကျွန်မတွေ့တယ်…
အဲ့နောက်ရက်ကျ မြိုင်အဆောင်မှာမနေတော့ဘူး..
မကြာပါဘူး မြိုင်သတ်သေတယ်ဆိုတဲ့သတင်းလည်းကြားရော…ကျွန်မဒီအဆောင်မှာဆက်နေဖို့ကြောက်မိတာနဲ့…
အမျိုးတွေနေတဲ့ဆီကိုပြောင်းသွားလိုက်မိတာပါ……..”
ဟု…ပြောလေသည်။
ထိုသို့သော သက်သေများရှိသော်လည်း
ဦးပိုင်သူတို့ဘက်မှငြင်းဆန်ကြသည်။
နောက်ဆုံး၌
လွန်းနီနီ၏ကြိုးပမ်းမှုကြောင့်
တရားဥပဒေအရပြစ်ဒဏ်ပေးလိုက်နိုင်၏။
ဦးပိုင်သူပိုင်ဆိုင်သော
ဘော်ဒါဆောင်သည်လည်းပိတ်သိမ်းခံခဲ့ရသည်။
ထိုသို့ဖြင့်အဆုံးမှာတော့ မြိုင့်အတွက် လွန်းနီနီ
အမှန်တရားကိုရှာဖွေပေးလိုက်နိုင်ခဲ့သည်။
မြိုင်အတွက်လည်း ဦးမောင်မြိုင်တို့မှ
အလှူအတန်းလုပ်ပေးကြသေးသည်။
အဲ့သည်နောက် မြိုင်ဆိုသောကလေးမလေးကို
မည်သူမျှမမြင်မတွေ့ရတော့ပေ။
ပြီးပါပြီ။
ယခုစာမူဟာဖြစ်ရပ်မှန်ပါ…
သို့သော် မြိုင်ဟုနာမည်လွှဲထားရသော မိန်းမပျိုလေးအတွက်
အမှန်တရားဖော်ထုတ်ပေးနိုင်သူမရှိသေးရှာပါ။
ပြောပြပေးသော အစ်မအားကျေးဇူးတင်ပါတယ်ရှင်။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply