နည်းနည်းနှာပွနေကြတာ၊ ယုတ်စွအဆုံး မရီးဘက်က ဆွေမျိုးတွေ၊ မိဘတွေကတောင်မှ အေးအေးဆေးဆေးပဲ၊ အဲဒီတုန်းကတော့ ယောက်ျားတစ်ယောက် မိန်းမနှစ်ယောက်ယူတာ ဆန်းမှမဆန်းကိုးဗျ။ ဒါပေမယ့်လည်း မိန်းမတွေစိတ်ကအဆန်းသား၊ မုန့်ကိုသာခွဲဝေစားမယ်၊ အချစ်ကိုတော့ ခွဲဝေမစားနိုင်ဘူးဆိုတဲ့ စိတ်ကလည်းရှိသေးတာကိုး၊ ဒါကြောင့်် ကျုပ်က မိန်းကလေးတွေက အချစ်နဲ့ပတ်သက်လာရင် အမြင်ကျဉ်းတယ်လို့ပြောတာ၊ အခုလည်းကြည့်ဗျာ၊ ကျုပ်အိမ်ရောက်တော့ အမေနဲ့ မရီးနဲ့က တကြိတ်ကြိတ်နဲ့ဗျ။ အဖေကတော့ ဘယ်ထွက်သွားတယ်မသိပါဘူး၊ ကျုပ်လည်း မောမောနဲ့ရေနွေးတစ်ခွက်ငှဲ့တော့ အမေက ကျုပ်အနားကိုကပ်လာတယ်။ “ဟဲ့အလတ်ကောင်၊ နင့်အကိုနဲ့ခင်နှောင်းကိစ္စကိုနင်ဘယ်လိုမြင်သလဲ၊ နင်ရော နင့်အကိုကို အဲဒီဟာမနဲ့ သဘောတူသလား” ကျုပ်ကတော့ ရေနွေးခွက်ကိုင်ပြီး ...
နေခဲ့တာလို့ အမေဖြစ်သူပြောပြ၍သူရသိရသည်။ သူရတို့လှည်းအဖွားဖြစ်သူခြံထဲဝင်လိုက်တော့ လူတော်တော်များများကိုတွေ့လိုက်ရတယ်။ သူရလည်း အိမ်ပေါ်သို့တက်ကာအဖွားဖြစ်သူအခန်းထဲဝင်သွားလိုက်တယ်။ အဖွားက မျက်လုံးလေးမှိတ်ပြီးကုတင်ပေါ်မှာပုတီးစိပ်နေလေတယ်။ သူရကအဖွားဖြစ်သူဘေးမှာထိုင်လိုက်ပြီး အဖွားလက်ကလေးကိုကိုင်လိုက်တယ်။ “အဖွား မြေးလေးရောက်ပြီနော်” အဖွားကမျက်လုံးဖွင့်ပြီးသူရကိုပြုံးပြလေတယ်။ အဲ့ဒီနောက်အခန်းထဲမှာရှိနေတဲ့သူတွေဘက်လှည့်ပြီး…။ “ငါ့မြေးနဲ့ ငါနှစ်ယောက်တည်းစကားပြောစရာရှိတယ် သားတို့သမီးတို့အပြင်ထွက်နေပေးပါ” အခန်းအတွင်းကလူတွေလည်းအဖွားစကားကြောင့်အခန်းထဲကအကုန်ထွက်သွားခဲ့တယ်။ သူရနဲ့ အဖွားဖြစ်သူပဲကျန်ခဲ့တယ်။ “မြေးလေး ” ”ဗျာအဖွားပြောလေ” ”အဖွားက သေနေ့စေ့နေပြီကွဲ့ အဖွားမသေခင်လေးမှာငါ့မြေးကို အမွေပေးခဲ့ချင်တာလေးရှိတယ်” ”ဟုတ်အဖွား” ” လာပါဦးအဖွားနားတိုးပါအုံး” အဖွားဖြစ်သူက သူ့လက်နှစ်ဖက်လုံးနဲ့သူရမျက်လုံးကိုအုပ်လိုက်လေတယ်။ ပြီးတော့ ပါးစပ်ကနေဥုံခံကာတစ်စုံတစ်ခုရွတ်ဖတ်နေတယ်။ သူရမှာ အဖွားဖြစ်သူလက်နဲ့အုပ်ထားတဲ့မျက်လုံးနှစ်ဖက်လုံးကပူရှိန်းရှိန်းဖြစ်လာတာကိုသတိထားမိလိုက်တယ်။ စိတ်ထဲမှာလည်း အဖွားဆေးလိမ်းပြီးလက်မဆေးဘူးနဲ့တူတယ်လို့ထင်နေခဲ့တယ်။ အဖွားဖြစ်သူက သူရမျက်လုံးကိုအုပ်ထားတဲ့လက်တွေဖယ်လိုက်ပြီး ...
ဆက်သွယ်ခဲ့သည်။ စာပို့ခဲ့သည်။ လူအများကို အသိပေးထားသည့် ကိစ္စဖြစ်သည့်အတွက် ယခုကဲ့သို့ဖြစ်သွားသည့်အတွက် သူမအရှက်ကွဲရုံမျှအပ ဘာတစ်ခုမှမတတ်နိုင်။ ထိုည၌အခန်းကျဉ်းလေးထဲ၌ သူမအားရအောင်ငိုပစ်သည်။ အသံများပင်မထွက်နိုင်သည်အထိငိုသည်။ မိဘနှင့်အပေါင်းအဖော်တို့ကအားပေးချော့မော့သည့်တိုင် သူမအငိုမရပ်နိုင်သေး။ နာနာကျဉ်းကျဉ်း သူမှမုန်းပစ်လိုက်ချင်သည်။ သို့သော် ဘယ်လိုမှမမုန်းခဲ့နိုင်။ မနာကျည်းခဲ့နိုင်။ သူ့အပေါ် ချစ်သည့်အချစ်တို့ တစက်ကလေးမှ မလျော့ခဲ့နိုင်။ အဆက်အသွယ်မလုပ်သည့်တိုင် သူမအားလို့နေမှာ ဟုသာ သူမဖြေသိမ့်ခဲ့သည်။ ညစဉ်ညတိုင်း သူ့ဆီမှ စာတစ်လေးတစ်စောင်များပို့လေမလား၊ဖုန်းလေးတစ်ကောများခေါ်လေမလားဆိုပြီး အိပ်မရအောင်မျှော်နေခဲ့မိသည်။ တရေးလန့်နိုးတိုင်း စာများပို့ထားလေမလား ဟူသောအတွေးကြောင့် ဖုန်းစရင်ကိုဖွင့်ဖွင့်ကြည့်နေခဲ့မိသည်။ ညပေါင်းများစွာ အလွမ်းစခန်းဖွင့်ခဲ့ရသည်။ ဖုန်းစခရင်ထက်မှ သူ့ပုံလေးကိုကြည့်ပြီး ပါးပြင်မှပူနွေးသောမျက်ရည်စတို့ လှိမ့်ကျခဲ့ဖူးသည်။ ...
ပြည့်နှက်လို့။ ‘ တော်တော် ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်ဆိုတာ အသိသာကြီး။ အငြိုးတကြီးနဲ့ လုပ်သွားဟန်တူရဲ့’လို့ ဆယ်စုနှစ် တခုစာ ကျေးရွာဥက္ကဌ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ဦးစံဝင်းက မှတ်ချက်ပေးတယ်။ သေမှုသေခင်း စစ်ဆေးနေတဲ့ စခန်းမှုး ဦးခင်ကျော်ကတော့ မြေပြင်အနေအထားကို လေ့လာနေဆဲမို့၊ ဥက္ကဌစကားကို ဘာမှ မဝေဘန်သေးဘူး။ သူ့အလုပ် သူ ဆက်လုပ်နေတယ်။ ပတ်ဝန်းကျင်မှာ သဲလွန်စ တခုတလေ ကျန်ခဲ့မလားလို့ နှံ့စပ်အောင် ရှာဖွေနေတယ်။ အဲ့သလို ရှာဖွေနေရင်းက သူ့တပည့် ဆာဂျင်မူးလာကို လှမ်းမေးလိုက်တယ်။ ...
နောက် လျှောခနဲလဲကျတော့သည်။ ဦးတောကျော်မှာ လက်မြန်သဖြင့် အိုက်ခမ်းကျောပေါ်မှ ခြင်းတောင်းကြီးအား ဖမ်းဆွဲထားလိုက်၍သာ အိုက်ခမ်းတစ်ယောက် ဆင်ခြေလျောကြီးအတွင်းသို့ ကျမသွားခြင်းဖြစ်သည်။ အိုက်ခမ်းက မတ်တပ်ပြန်ထသော်လည်း ဘယ်ဖက်လက်မှာ ကောက်နေလေသည်။ ဆရာခိုက ထိုလက်အားကြည့်ရှုစစ်ဆေးပြီး “အရိုးကျိုးသွားပြီး အိုက်ခမ်းရေ၊ ရှေ့ရွာရောက်တော့ ငါကုပေးမယ်၊ မင်းဆက်လျှောက်နိုင်တယ်မဟုတ်လား” အိုက်ခမ်းက ခေါင်းညိတ်လိုက်ကာ ထိုလက်အား တွဲလောင်းချလျှက် ဆက်လက်လျှောက်လှမ်းလာသည်။ မကြာမီ သစ်လုံးတိုင်ကြီးနှစ်တိုင်စိုက်ထူထားသည့် နေရာသို့ရောက်ခဲ့သည်။ အရှေ့တွင်တော့ တောင်ခါးပန်းက အနည်းငယ်ကျယ်ဝန်းသွားကာ မြေပြန့်သဖွယ်ဖြစ်သွားသည်။ ထိုနေရာတွင် အိမ်ခေါင်မိုးနှင့် မြေကြီး ထိလုနီးပါး တည်ဆောက်ထားသည့် တဲအိမ်ပုကလေးများကိုတွေ့လိုက်ရသည်။ “ရောက်ပြီ၊ ...
ပြန်သည်။ ငတာကလည်း သူ့ဇလုံထဲ၌ မိဂျမ်း ထည့်လာသော ထမင်းကို မထား။ မိဂျမ်း ဇလုံထဲ ပြန်ပို့ပြန်သည်။ “စားပါဟာ နင် ဒီလိုလုပ်တော့ ငါ ဘယ်လို မျိုးကျပါ့မလဲ၊ ဘယ်လို ဖြစ်တာလဲ” ငတောက သူ စ,စားမှ မိဂျမ်းစားတော့မည် သိ၍ ထမင်း တစ်လုတ်ကို ခွံ့ရင်း မေးသည်။ ထမင်းဆို၍ ဆန်ဖြူထမင်း မဟုတ်။ သုံးလွန်တင် ထမင်း။ သုံးလွန်းတင် ထမင်းမှာ မောင်းနှင့်လောင်း ချွတ်ထားသော ပြောင်းဆန် ပါသည်။ ရိုးရိုးဆန် ပါသည်။ ...
*မီးသရဲကြီး*📖📖📖 ********************* (ဖြစ်ရပ်မှန်) ယခုဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များသည် လွန်ခဲ့သည့် ဆယ့်ငါးနှစ်ခန့်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များဖြစ်ပါသည်။ (၁) စလင်းမြို့ အနောက်ဘက် နှစ်မိုင်ခန့်အကွာမှာ အလွန်နာမည်ကြီးလှတဲ့ ဝက်သည်းကန်ကြီးရှိပါတယ်။ ဝက်သည်းကန်လို့ပြောလိုက်ရင် ထိုနားတစ်ဝိုက် မသိသူမရှိရုံသာမက၊ ထိုမြို့ကိုရောက်ဖူးတဲ့သူတွေပါ အကုန်သိကြပါတယ်၊ အလွန်ကျယ်ဝန်းလှတဲ့ကန်ကြီးဖြစ်ပြီး ကန်ပတ်ပတ်လည်မှာ ရွာတွေတည်ထားပါတယ်။ အနီးအပါးရွာတွေအားလုံးက ဝက်သည်းကန်ကြီးကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြရတာပါ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက်လဲ ကန်ရေနဲ့ ရာသီမရွေးစိုက်ပျိုးနိုင်ကြသလို၊ ကန်ရေနဲ့ ငါးမွေးသူများလဲရှိပြီးတော့၊ ကန်ထဲမှာ အလေ့ကျကျက်စားနေတဲ့ ငါးတွေ၊ ငှက်တွေကို ဖမ်းယူပြီးအသက်မွေးတဲ့သူတွေလဲရှိပါတယ်။ ဒါပေမယ့် အဲဒီဒေသမှာ ဝက်သည်းကန်ကြီးနာမည်ကြီးလှသလို မီးသရဲကြီးလို့ ...
ဘာလုပ်မှန်မသိ ကြောင်အမ်းအမ်း ဖြစ်နေကြ၏။ မြွေဟောက်ကြီးသည် မနှဲမိ၏ မျက်လုံးကို ညှို့ယူနေသကဲ့သို့ စိုက်တတ်မတ်တတ်ကြီး ကြည့်နေသည်။ တစ်စုံတရာကို ဆက်သွယ် အသိပေးနေသလိုပင်။ သို့သော် ဘာမှ မကြာလိုက်သလို အချိန်တခဏအတွင်း မြွေဟောက်ကြီးသည် ပါးပြင်းကို ရုတ်၍ လျင်မြန်စွာ နတ်စင်လျှောက်လမ်းမှတဆင့် အိမ်အပြင်သို့ လျှောကနဲ ထွက်ခွာ ပျောက်ကွယ်သွားလေ၏။ ထိုအခါ မနှဲမိ တစ်ယောက်သည် ဘယ်လိုဖြစ်မှန်းမသိ။ ခန္ဓာကိုယ်မှ အားအင်များအား တစ်စုံတစ်ယောက်သောသူက စုပ်ယူဝါးမြိုသွားလိုက်သလို နှုန်းချိပျော့ခွေ လဲကျသွားလေတော့သည်။ နတ်မေးလာသူ မိန်းမတိုသည် မနှဲမိကို ကူရန် လာ၍ ...
ရှိပေသည်။ ထိုလင်မယား၌အသက်ဆယ့်ရှစ်နှစ်အရွယ် ချောမောသည့် မယ်စိန်ဆိုသည့် သမီးတစ်ယောက်ရှိပေသည်။ လင်မယား နှစ်ယောက်လုံးသည် တံငါသည်အလုပ်ကို လုပ်ကိုင်ကြပါသော်လည်း သမီးဖြစ်သူ မယ်စိန်လေးအား မည်သည့်အလုပ်မှမလုပ်ခိုင်းကြ။ အသက်ငါးဆယ်ကျော် မိအို၊ဖအိုများသည် မယ်စိန်လေးအား အသည်းတမျှ ချစ်မြတ်နိုးကြ၏။ မိအို၊ဖအိုများကဲ့သို့ မယ်စိန်လေးအား ချစ်မြတ်နိုး နေသူတစ်ယောက်လည်း ရှိပေသည်။ ထိုသူသည်က ခင်မောင်ဆွေဆိုသည့် အင်းသူကြီး တစ်ယောက်ဖြစ်၏။ ခင်မောင်ဆွေ၏ အသက်သည်လေးဆယ်ကျော်အရွယ်ဖြစ်ပြီး ဆယ့်ရှစ်နှစ်အရွယ် မယ်စိန်လေးအား အရှင်ရရ အသေရရလိုချင်သူတစ်ယောက် ဖြစ်သည်။ ထိုသို့ ခင်မောင်ဆွေက ချစ်ကြိုက်နေပါသော်လည်း မယ်စိန်ကမနှစ်မြို့ပေ။ “တော်ကြီးကို…ကျုပ်ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး….ဒါကြောင့် တော်ကြီး ...
ကိုးကွယ်ပသနေကြတာပဲ ဖြစ်မယ်” “ဒါဆိုရင် ဘိုးရဲ့၊ ရုပ်တုတွေကို စားစရာ သောက်စရာတွေ ကျွေးမွေးနေတာ ဘာအကျိုးမှ မရှိဘူးပေါ့” “အင်း၊ ဒီကိစ္စက ပြောရတာ ခက်သားလား တာတေရဲ့။ မင်းသိချင်ရင်တော့ ဘိုးပြောပြရမှာ ပေါ့လေ။ တစ်ခါတုန်းကပေါ့ကွယ်။ ဘိုးရဲ့ အရီးလေးတော်တဲ့ ဒေါ်လုံးဆိုတာရှိသကွဲ့၊ ဒေါ်လုံးရဲ့ ယောင်္ကျားက ပုလိပ်အင်စပိတ်တော်ကွဲ့” “အင်စပိတ်တော်ဆိုတာ ဘာတုံး ဘိုးရဲ့” ကျောက်ခဲက ဝင်မေးတာဗျ။ ကျောက်ခဲရော၊ သံမဏိရော ရှိတယ်လေဗျာ။ အင်စပိတ်တော်ဆိုတာ ပုလိပ်အရာရှိပေါ့ကွယ်၊ ပုလိပ်ဆိုတာက ဘိုးတို့ခေတ်က ခေါ်တာပေါ့ကွာ၊ ခုခေတ်တော့ ရဲလို့ပဲ ...