သည် …့ “နောက်တရက်ရဲများနှင့်ရပ်ကွက်လူကြီးများစုကာ သေသူများရဲ့ခေါင်းအုံးမျှောကာအလောင်းရှာပွဲကျင်းပတော့ ကမ်းလုံးညွတ်များလူများပြည့်နေလေသည် … ကိုယ်တို့လဲကျောင်းကဆရာမများနှင့်လိုက်ကာသွားကြည့်လေသည် … ် “ဖြူဖြူတို့သားအဖရေထဲဆင်းသွားသောနေရာတွင်ဌက်ပျောပွဲအုန်းပွဲနှင့် တတ်သိနားလည်သူများမှတင်မြှောက်၍ဖြူဖြူတို့သားအဖအလောင်းအားနေရာပြရန်ပြောနေသည်ကိုက ဝမ်းနဲစရာအလွန်ကောင်းလေသည် ……့ “ပြောဆိုပြီးမှဖြူဖြူတို့သားအဖအိပ်သောခေါင်းအုံးနှစ်လုံးအားရေထဲသို့မျောလိုက်လေသည် … ဖြူဖြူ့အဖေခေါင်းအုံးသည်ရေလယ်တွင်တဝဲဝဲတလည်လေည်နှင့်လည်နေကာ ဖြူဖြူရဲ့ခေါင်းအုံးလေးသည်ရေစီးနှင့်မျောပါသွားရာဆရာမများနှင့်ကျောင်းသူကျောင်းသားများငိုကြလေသည်… “ကိုယ်တို့ကလေးတွေလဲခေါင်းအုံးမျောပွဲကြည့်ကာဖြူဖြူအတွက်စိတ်မကောင်းပေ့ “လာကြည့်သောလူအုပ်ကြီးလဲမျက်ရည်မဆည်နိုင်ကြပေ … “ထူးဆန်းသည်က မျက်ရည်လုံးဝမကျသောဖြူဖြူ့အမေဖြစ်သည်ဖြူဖြူအဖေရေးပေးခဲ့သော သေတန်းစာနှင့်ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးပေးခဲ့သောဖြူဖြူ့အဖေရဲ့မေတ္တတရားနှင့် ကိုယ်ရင်နှင့်လွယ်မွေးခဲ့သောသမီးကလေးကိုပင်သံယောစဉ်ပြတ်နိုင်သောကြောင့်ဒေါသထွက်ကာ တယောက်တပေါက်ပြောနေသောလူအုပ်ကြီးကိုရဲနှင့်ရပ်ကွက်လူကြီးများကတားနေရလေသည် …့ “နောက်တနေ့မနက်မှာတော့ဖြူဖြူအဖေအလောင်းသည်ကမ်းစပ်တွင်ပုတ်ပွ၍ပေါ်လာကာ ဖြူဖြူ့အလောင်းကိုတော့မတွေ့ရပေနောက်၃ရက်၄ရက်လောက်မှာတော့ချောင်းဟိုဘက်ကမ်းတွင် ကလေးအလောင်းတလောင်းတွေ့သည်ဟုသတင်းကြားလေသည် … ၇ရက်လည်တဲ့နေ့မှာတော့ဖြူဖြူတို့နာရေးအိမ်သို့ရပ်ကွက်ကလူများက ဖြူဖြူ့အမေကိုမုန်းသောကြောင့်ဘယ်သူမှမသွားဖြူဖြူ့အဖေရုံးက မိတ်ဆွေအနည်းငယ်နှင့်ဖြူဖြူကျောင်းမှဆရာဆရာမများနှင့်ကျောင်သူကျောင်းသားများသာသွားကြလေသည် ……့ ဖြူဖြူဆုံးပြီးကိုယ်တို့ကလေးတသိုက်ညဘက်ဖြူဖြူတို့အိမ်နားကမုန့်ဆိုင်တွင် ်မုန့်သွားဝယ်စားရာအိမ်ပေါက်ဝတွင်ရပ်နေသောဖြူဖြူ့အားတွေ့ကြရာ ငယ်သံပါအောင်အော်၍ပြေးကြလေသည့် ရပ်ကွက်ထဲကလူများကလဲဖြူဖြူတို့သားအဖကို ိုဟိုနားတွေ့လိုက်ဒီနားတွေ့လိုက်ဖြင့်မကြာခဏတွေ့ကြရာစိတ်မကောင်းဖြစ်နေကြလေသည် … ...

ကိုမမြင်ဘူးလား” “ဟ အလွတ်ကြီးလေဗျာ ခင်ဗျားနဲ့အဝေးကြီးထိတောင်မထိပဲနဲ့ အသားလွတ်လာကောနေတယ်” “အံမယ် အံမယ် မနေ့တစ်နေ့ကမှ ဆိုင်ကယ်စီးနိုင်တဲ့ကောင်ကများ မာရေကျောရေနဲ့ ထိရဲထိကြည့် တိုက်ရဲတိုက်ကြည့်လိုက်လေ သီတာ အကြောင်းသိသွားမယ် ဟင်းဟင်း” “အမေ ဘာဖြစ်တာလဲ” ဒေါ်သီတာသမီးမကြည်ပြာ အိမ်ထဲမှထွက်လာပြီးမေးလိုက်ခြင်း ဖြစ်သည်။ “ဘာဖြစ်ရမလဲ သမီးရယ် မနေ့တစ်နေ့ကမှ ဆိုင်ကယ်စီးနိုင်တဲ့ လူတွေပေါ့အေ၊ဆိုင်ကယ်ကိုမိုးမမြင် လေမမြင်မောင်းလို့ အမေကပြောနေရတာ” “ဘာမိုးမမြင်လေမမြင်လဲဗျ ခင်ဗျားအသားကိုထိတောင်ထိမိတာ မဟုတ်ဘူး။ လူကြီးဖြစ်ပြီးစကားကို လူကြီးပီပီသသ ပြောစမ်းပါ ဒေါ်သီတာရာ” “အံမယ် နင်ကငါ့အမေကိုများ လူကြီးမပီသဘူးလေးဘာလေးနဲ့ နင်ကဘာစောက်ဆင့်ရှိလို့လဲ အကောင်ရဲ့ နင့်လိုဆိုင်ကယ်အစုတ်ကို ...

မိန်းမဆန်လိုက်တာလို့ အပြောခံရမှာစိုးလို့သာ အောင့်အည်းနေရတာ ။ လုံးလုံး မျက်နှာကြော မတည့်ဘူး ။ ဒါတောင် … ဒင်းက ‘ ကိုကြီး …သမီး အခန်းက မီးလုံး ဘာဖြစ်မှန်း မသိဘူး ကြည့်ပေးပါဦး ‘ တို့။ ‘ ကိုကြီးရေ … ဒီနေ့ သမီး ဝက်စအုကြော် ကြော်ထားတယ် ။ ခဏနေ ပူပူလေး လာစားလိုက်နော် ‘ နဲ့ ။ သူနဲ့ ကျနော်ပဲ တရင်းတနှီး ရှိနေသလိုလို လာခေါ်နေသေးတယ်။ ...

ဘူး။အဲဒါတွေကြောင့်လည်း မိထားရီက ကျုပ်ကို ချစ်တာ ဗျ။ မိန်းမလိုက်စားဖို့ ဝါသနာပါရင်ကျုပ်ထောင်ကျတာ ကြာလှပေါ့ဗျာ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ၊သူများတွေအိပ်ကောင်းတဲ့အချိန်မှာကျုပ်က ဝင်ခိုးရတာ။တစ်ခါ တလေကျုပ်ဝင်ခိုးရတဲ့အိမ်ကမိန်းမတွေများအိပ်နေလိုက်ကြတာဗျာ။ ဖင်ပေါ်ခေါင်း ပါနဲ့ ကိုယ့်အိမ်ကိုယ်ရာဆိုတော့လွတ်လွတ်လပ်လပ်အိပ်ကြတာနေမှာပေါ့။ ကျုပ် လိုချင်တာက ထမင်းစားဖို့ဖန်တီးနိုင်တဲ့ငွေလေးကျုပ်က သူခိုးအလုပ်သာလုပ်တာ၊ ဒုသနသောအဖြစ်မခံနိုင်ဘူး။ ပုဒ်မ ၃၇၆တော့ ကြောက်တယ်။ ဒီလိုကိစ္စမျိုးဆိုရင် ဝေါင်ဝေါင်ရှေးပဲဗျို့။ ဝါသနာပါလို့ကတော့ မုဒိမ်းမှုရော၊ ခိုးမှုရော၊ ပုဒ်မနှစ်ခုနဲ့ ထောင်နန်းစံရမှာ မြေကြီးလက်ခတ်မလွဲပေါ့ဗျာ။ အဲ-ကြုံတုန်းကြွားလိုက်ဦးမယ်။ ကျပ်ခိုးစားလာတဲ့ ကာလအပိုင်းအခြားအတွင်းမှာတစ်ခါမှ အဖမ်းမခံရဖူးဘူးဗျ။ ဘာဖြစ်လို့လည်းဆို တော့ ခိုးလို့ရသမျှ သိုသိုသိပ်သိပ်ပဲ သုံးစွဲတာကိုး။ ...

တဘက်ကိုမောင်အုန်းက ငြင်းဆန်လိုက်သည်။ ထဘက်အားဘွားမယ်စိန်က နံဘေးတွင်ထိုင်နေသောသမီးဖြစ်သူဒေါ်ဝင်းဆီပြန်ပေးပြီး သည်နှင့် မောင်အုန်းပြောမည့်အကြောင်းအရာအား နားထောင်နေလိုက်တော့သည်။ “သူကြီးအိမ်မှာ ဧည့်သည်တွေရောက်နေတယ်ဘွား…။အခုကျုပ်ကိုလွှတ်လိုက်တာကလည်း အဲ့ဧည့်သည်တွေကိစ္စပဲဗျ” “ဘယ်ကဧည့်သည်လည်းမောင်အုန်း” “သူကြီးနဲ့ဆွေမကင်းမျိုးမကင်းထဲကပဲဗျ…။မြို့ကလို့တော့ပြောတယ်..ပိုက်ဆံတော့ရှိမယ့်ပုံပဲ” “အမ်း…။အခုလာတာကဘာကြောင့်လဲ” “အဲ့ဧည့်သည်တွေရဲ့သမီးကအရမ်းချော အရမ်းလှတယ်ဗျ…။ရယ်လိုက်ရင်ကို သွားတက်လေးနဲ့…ဟီး… ကျုပ်ဖြင့်ကြည့်တောင်မဝဘူးဗျာ” “ဒေါက်…” “အမလေးဗျ…။အား…လား…လား…နာလိုက်တာဗျာ” ဘွားမယ်စိန် ပြောင်စပ်စပ်မျက်နှာပေးဖြစ်နေသော မောင်အုန်း၏ခေါင်းအား ရေနွေးကြမ်းပန်းကန်လုံးဖြင့်အသာထု့လိုက်လေတော့ မောင်အုန်းခမျာ မျက်နှာကြီးရှုံ့ကာမဲ့ကာဖြစ်သွားရလေသည်။ ဘွားမယ်စိန် နှင့် မောင်အုန်း၏အဖြစ်ကိုဒေါ်ဝင်းကြည့်ရင်း တဟားဟားရယ်မောလို့နေလေ၏။ “ကဲ…လာရင်းကိစ္စပဲပြော…။ဘယ့်နဲ့မဟုတ်တာပတ်ပြောနေရင် မောင်ရင်အအေးမိပြီး နောက်ရက်အလောင်းပြင်နေရတော့မယ်” “အာ…ဘွားကလည်း….ကျုပ်ပြောပါ့မယ်ဗျ။ ဒီလိုဘွားရဲ့အဲ့ဧည့်သည်တွေရဲ့သမီးလေးက ပြောရရင်အသက်နှစ်ဆယ်ကျော်လေး…။အယ်..အဲ့ကလေးမလေးက တစ်ခါတစ်လေကျရင် အမူအရာတွေကပြောင်းတယ်ဗျ…” “ဘယ်လိုပြောင်းတာလဲ….သေချာပြောစမ်းဘွားကို” “ဟုတ်ဘွား…။သူ့မိဘတွေပြောတာတော့…တစ်ခါတစ်လေငိုနေတယ်…။တစ်ခါတစ်လေကျပြန်တော့ရယ်နေပြန်ကောတဲ့…အယ်..နောက်တစ်ခါတစ်လေကျပြန်တော့ ဒေါသတွေထွက်နေပြန်ရောတဲ့ ...

ချိုမြင့်နဲ့ချစ်ကြိုက်ကာအိမ်ထောင်ပြု လိုက်ကြပြီးညားကာစအိမ်ခွဲနေရန်အဆင်မပြေသောကြောင့်ဖခင်ကြီးအိမ်မှာပင်ဆက်နေပြီးလင်မယားနှစ်ယောက်ပုဇွန်စက်ရုံတွင်အလုပ်ဆက်လုပ်ပြီးပိုက်ဆံစုနေကြသည်။   လင်မယားနှစ်ယောက်လုံးအလုပ်ကြိုးစားမူကြောင့် နိူင်ဝင်းတို့လင်မယားကိုပုဇွန်စက်ရုံသူဌေး မှကော့သောင်းတွင်စက်ရုံအသစ်တစ်ခုဖွင့်သည့်အချိန်တွင်လင်မယားနှစ်ယောက်လုံးရာထူးတိုးလစာတိုးပေးပြီးကော့သောင်းစက်ရုံကိုရွေ့ပြောင်းခိုင်းတာကြောင့်နိူင်ဝင်းတို့လင်မယားနှစ်ယောက်မှာ ဦးဖိုးကွန်းကိုအကျိုးအကြောင်းပြောပြပြီးကော့သောင်းစက်ရုံကိုရွေ့ပြောင်းခဲ့ကြပါတော့သည် ။   တစ်ခြားသားသမီးများမှာဦးဖိုးကွန်းနဲ့ဘယ်သူမှ လာနေရန်အဆင်မပြေသောကြောင့်အိမ်ကြီးတွင်ဦးဖိုးကွန်းတစ်ယောက်သာကျန်နေရစ်ခဲ့တော့သည်။   နိူင်ဝင်းတို့လင်မယားမှာကော့သောင်းမြို့တွင် အလုပ်လုပ်ရင်းဇနီးချိုချိုမြင့်မှာသားဦးလေးတစ်ယောက်မွေးတာကြောင့်နိူင်ဝင်းတစ်ယောက်အလုပ်ကိုနဂိုကထက်ပိုပြီးကြိုးစားလုပ်ရင်းရှိနေ၏ ။   ထိုအချိန်မှာပင်.. ၊လူကြုံဖြင့်နိူင်ဝင်းထံသတင်းဆိုးတစ်ခုရောက်လာပါသည်။   ဖခင်ကြီးမှာနေမကောင်းအသည်းအသန်ဖြစ်နေ သောသတင်းပင်ဖြစ်ပါတယ်။   နိူင်ဝင်းလည်းသူတစ်ယောက်တည်း ထားဝယ်ပြန်လာပြီးဖခင်ကြီးအခြေအနေက်ုကြည့်ရာတစ်ယောက်တည်းထား၍မဖြစ်နိူင်တာမို့ တခြားညီအစ်ကိုမောင်နှမများနဲ့တိုင်ပင်ကြည့်ရာ ဘယ်သူမှဖခင်ကြီးအနားမနေနိူင်ဟုဆိုလာကြတာ ကြောင့် စက်ရုံပိုင်ရှင်သူဌေးကိုပြောပြီး ထားဝယ်ပြန်ပြောင်းလာခဲ့ကြ၏ ။   ဇနီးဖြစ်သူမှာခလေးငယ်လေးနဲ့မို့အလုပ်ထွက်ခိုင်းပြီးသူတစ်ယောက်တည်းပုဇွန်စက်ရုံမှာအလုပ်ဆင်းပါတော့တယ် ။   ဦးဖိုးကွန်းဟာတစ်ယောက်တည်းဖြစ်သလိုစားသောက်ပြီးအဟာရချို့တဲ့ကာ အိပ်ယာထဲလဲနေခြင်းပင်။ ပြုစုမယ့်သူရှိပြီးစားကောင်းသောက်ကောင်းစားး ရချိန်မှာတော့ပြန်ပြီးကျန်းမာလာပါတော့သည် ။   ...

တူသွားကြတာမျိုးတွေလည်းရှိတတ်ပေမယ့် ဒီလိုနေ့မျိုး ဆိုရင်တော့ ပိုပိုရော သူရော အိမ်မှာပဲ စာလုပ်ကြတာပါ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက် ကဆိုတော့ အခုလိုမျိုးဖုန်းတွေကလည်း မပေါ်သေးဘူးလေ။ သူဘယ်သွားမယ်၊ ဘာ လုပ်မယ်ဆိုတာကို လူကြုံနဲ့ ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ လာပြောနေကြတာမျိုးဆိုတော့ ဒီညမှာ တော့ သူဘုရားပွဲမှာ ရှိနေတာပဲ ဆိုပြီး ပိုပို စိတ်ချလက်ချရှိနေပါတယ်။ ညကိုးနာရီလောက်မှာ ပိုပိုဘုရားရှိခိုးပါတယ်။ ထူးခြားတာက ဘုရားမကန်တော့ခင် ပိုပို ရဲ့ စိတ်တွေ တအားလေးလံလွန်းလာတာပါ။ မေမေ့ကိုတောင် ပြောပြလိုက်မိတဲ့အထိပါ ပဲ။ “မေမေ ခွေးတွေက ဘာလို့ ...

ကျွန်ပ်ဖြစ်ပြီးမြန်မာပြည်အနှံံ့ကြုံတွေ့ခဲ့ရသောသည်းထိတ်ရင်ဖိုအကြောင်းအရာဇတ်လမ်းများကို ပြောပြခိုင်း၍ ပြောပြနေရခြင်းဖြစ်၏ ။ တစတစဖြင့်ခွေးအအော်သံများမှာဝေး၍ ဝေး၍သွားလျက်နောက်ဆုံးတွင်လုံးပျောက်ကွယ်သွားပါတော့၏ ။ ကျွန်ပ်မှာ မြိတ်ကျွန်းစုဖက်သို့ရောင်စဉ်ကကြုံခဲ့ရသော ပင်လယ်ရေသူရဲဇတ်လမ်းကိုနားထောင်နေစဉ် ခွေးအအော်သံတစ်ခုကိုကြားလိုက်ရသောကြောင့် ပြောလက်စ စကားကိုရပ်၍ ခနရပ်လိုက်ရင်းထိုအသံ ကိုနားစွင့်ကြည့်ရာခွေးအအော်သံမှာအော်သံနဲ့မတူပဲငိုကြွေးနေသံနဲ့တူနေသလိုစိတ်အတွင်း ထင်နေမိ၏။ အော်သံမှာပျောက်မသွားပဲဆက်တိုက်ထွက်ပေါ်နေခြင်းကြောင့်ကျွန်ပ်စိတ်အတွင်းဖော်ပြရန်ခက်သောခံစားမူနဲ့အတူလူကအလိုလိုမတ်တတ်ရပ်ပြီးသားဖြစ်သွားတော့၏။ ကျွန်ပ်ရုတ်တရက်ထရပ်လိုက်ခြင်းကြောင့်ကျန်သူများကနားမလည်နိူင်စွာကြည့်နေသလို အောင်ပွေမှ ”..ဘာဖြစ်လို့လဲ…ဖိုးတေ….” ”…ဒီခွေးအအော်သံက တစ်ခုခုအကြောင်းရှိနေသလိုပဲ ငါသွားကြည့်မလို့…” ”…မင်းတစ်ယောက်တည်း ညဖက်ကြီးအန္တရယ်များလွန်းပါတယ် ငါတို့ပါလိုက်ခဲ့မယ်…” ကျွန်ပ်စိတ်အတွင်းတခါတရံနားလည်ရခက်သောမသိစိတ်စေ့ဆော်မူကြောင့် အသက်ဘေးမှ လက်မတင်လွတ်ဖူးသော သာဓကများမကြာခနကြုံရခြင်းကြောင့် ယခုလည်းကျွန်ပ်မသိစိတ်ကတစ်ခုခုဖြစ်နေပြီဆိုသောအတွေးဝင်လာချိန်ထိုနေရာသို့သွားရန်ဆုံးဖြတ်မိခြင်းဖြစ်၏ ။ ကျွန်ပ်မှာလက်စွဲတော်သေနတ်ကိုစွဲကိုင်၍ တစ်ခြားသူများမှာလည်းဒူးလေး၊တုတ်၊ဓားကိုယ် စီကိုင်၍ လက်နှိပ်ဓတ်မီးတဝင်းဝင်းဖြင့် ခွေးအအော်သံကြားရာသို့ထွက်လာခဲ့ကြ၏ ။ …ဟို…ဟို..မှာ..ခွေးအတစ်ကောင်.. …ဘေးမှာလူတစ်ယောက်လဲနေတယ်ထင်တယ်… ...

ပြီး ငြီးတာနဲ့ ခဲနဲ့လှမ်းပေါက်မယ်မှတ်” တစ်ယောက်ကိုတစ်ယောက်စလိုက်နောက်လိုက် နဲ့ပျော်စရာအချိန်လေးကို လှလှအေးတစ်ယောက်လိုချင်နှစ်သက်တာအမှန် သူမဘ၀မှာ ငွေသော်က မရှိမဖြစ်သလို ငွေသော်အတွက်လဲ လှလှအေးက မီးအိမ်ရှင်လေးဖြစ်၏ ပိတောက်ပင်ပေါ်မှဆင်းလာတဲ့ငွေသော်က ထိပ်ဆုံးဖျားမှခူးလာတဲ့ ပိတောက်ပန်းတစ်ခက်ကို လှလှအေးဆံကေသာပေါ်မှာ တယုတယပန်ဆင်ပေးလိုက်သည် ဒီလိုတစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေရရင်သိပ်ကောင်းမှာပဲအတွေးနဲ့ ကြည်နူးနေမိ၏ ” ကိုသော် လှပြောစရာရှိတယ်” “အင်း​ ပြောလေ လှ ဘာပြောမို့လဲ” ” လှတို့ချစ်သူဖြစ်နေတာကို အဖေတို့သိအောင် အမှန်တိုင်းပြောရင်ကောင်းမလားလို့” “လှ ကပြောချင်လို့လား” “မပြောလဲတစ်နေ့ကျရင်သိရမှာပဲဟာ လှအဖေတို့ကိုနား၀င်အောင်ပြောကြည့်မယ်လေ” “အင်းပါ လှပြောချင်ရင်လည်းလှသဘောပါ” “ဒါဆို ကို့သဘောမပါဘူးပေါ့” “မဟုတ်ပါဘူး လှသဘောကကို့သဘော ...

ပျောက်ကွယ်သွားလေသည်။ ကြက်သေသေနေသော ဒေါ်ခင်ကြီးကို ရွာထဲမှ လူများအပါအဝင် တူဖြစ်သူ ဖိုးထူးက… “အရီးခင်…အဆင်ပြေရဲ့လားဗျ။ ကျုပ် အရီးကို အသိပေးစရာရှိလို့ လာတာဗျ။ အရီး စိတ်ခိုင်ခိုင်ထားနော်။” “မဟုတ်ပါစေနဲ့။ ကျုပ်ထင်သလို မဖြစ်ပါစေနဲ့။ ဘုရား…ဘုရား…ဘုရား” ဒေါ်ခင်ကြီးစိတ်ထဲတွင် ကြိတ်မှိတ်ကာ ဆုတောင်းလေသည်။ “ဦးလေး ထွန်းရှိန်တို့ပါတဲ့ မြို့တက်တဲ့ကား ချောက်ထဲကျပြီး ဦလေးထွန်းရှိန်အပါအဝင် ကားထဲက လူတွေအားလုံး သေပြီဗျ။” ဆို့နင့်နေသော အသံဖြင့် ဖိုးထူးမှ ဒေါ်ခင်ကြီးအား အသိပေးလေသည်။ “ဟီး…ဟီး…ဟီး” ဒေါ်ခင်ကြီးတစ်ယောက် ငိုပွဲဆင်ကာ သတိလစ်သွားလေသည်။ ဒေါ်ခင်ကြီးတွင်မူ တွယ်နှောင်စရာ ...