ခွေးအလူသား

ကျွန်ပ်ဖြစ်ပြီးမြန်မာပြည်အနှံံ့ကြုံတွေ့ခဲ့ရသောသည်းထိတ်ရင်ဖိုအကြောင်းအရာဇတ်လမ်းများကို ပြောပြခိုင်း၍ ပြောပြနေရခြင်းဖြစ်၏ ။
တစတစဖြင့်ခွေးအအော်သံများမှာဝေး၍
ဝေး၍သွားလျက်နောက်ဆုံးတွင်လုံးပျောက်ကွယ်သွားပါတော့၏ ။
ကျွန်ပ်မှာ မြိတ်ကျွန်းစုဖက်သို့ရောင်စဉ်ကကြုံခဲ့ရသော ပင်လယ်ရေသူရဲဇတ်လမ်းကိုနားထောင်နေစဉ် ခွေးအအော်သံတစ်ခုကိုကြားလိုက်ရသောကြောင့်
ပြောလက်စ စကားကိုရပ်၍ ခနရပ်လိုက်ရင်းထိုအသံ
ကိုနားစွင့်ကြည့်ရာခွေးအအော်သံမှာအော်သံနဲ့မတူပဲငိုကြွေးနေသံနဲ့တူနေသလိုစိတ်အတွင်း ထင်နေမိ၏။
အော်သံမှာပျောက်မသွားပဲဆက်တိုက်ထွက်ပေါ်နေခြင်းကြောင့်ကျွန်ပ်စိတ်အတွင်းဖော်ပြရန်ခက်သောခံစားမူနဲ့အတူလူကအလိုလိုမတ်တတ်ရပ်ပြီးသားဖြစ်သွားတော့၏။
ကျွန်ပ်ရုတ်တရက်ထရပ်လိုက်ခြင်းကြောင့်ကျန်သူများကနားမလည်နိူင်စွာကြည့်နေသလို အောင်ပွေမှ
”..ဘာဖြစ်လို့လဲ…ဖိုးတေ….”
”…ဒီခွေးအအော်သံက တစ်ခုခုအကြောင်းရှိနေသလိုပဲ ငါသွားကြည့်မလို့…”
”…မင်းတစ်ယောက်တည်း ညဖက်ကြီးအန္တရယ်များလွန်းပါတယ် ငါတို့ပါလိုက်ခဲ့မယ်…”
ကျွန်ပ်စိတ်အတွင်းတခါတရံနားလည်ရခက်သောမသိစိတ်စေ့ဆော်မူကြောင့် အသက်ဘေးမှ လက်မတင်လွတ်ဖူးသော သာဓကများမကြာခနကြုံရခြင်းကြောင့် ယခုလည်းကျွန်ပ်မသိစိတ်ကတစ်ခုခုဖြစ်နေပြီဆိုသောအတွေးဝင်လာချိန်ထိုနေရာသို့သွားရန်ဆုံးဖြတ်မိခြင်းဖြစ်၏ ။
ကျွန်ပ်မှာလက်စွဲတော်သေနတ်ကိုစွဲကိုင်၍
တစ်ခြားသူများမှာလည်းဒူးလေး၊တုတ်၊ဓားကိုယ်
စီကိုင်၍ လက်နှိပ်ဓတ်မီးတဝင်းဝင်းဖြင့် ခွေးအအော်သံကြားရာသို့ထွက်လာခဲ့ကြ၏ ။
…ဟို…ဟို..မှာ..ခွေးအတစ်ကောင်..
…ဘေးမှာလူတစ်ယောက်လဲနေတယ်ထင်တယ်…
…အတော်အတင့်ရဲတဲ့ ခွေးအ..ကဲကွာ….
…ဝှစ်….ဝှစ်…..ဝှစ်…ဝှစ်…
…အိန်…အိန်…….
ရွာပြင်တောစပ်ဆီမှခွေးအအော်သံက
ပေါ်လာလိုက်ပျောက်သွားလိုက်ဖြင့်ရှိနေရာအသံကြားရာသို့ကျွန်ပ်တို့အဖွဲ့နားစွင့်၍ရောက်သွားကြသောအခါ
တောင်ခြေတောစပ်နားတွင်ခွေးအတစ်ကောင်ကိုတွေ့ရမီးရောင်အောက်တွင်တွေ့လိုက်ရတော့၏ ။
ထို့အတူ ခွေးအ နံဘေးတွင်မြေပြင်ပေါ်လဲကျနေသောလူတစ်
ယောက်ကိုမသဲမကွဲလှမ်းတွေ့လိုက်ရ၏ ။
ကျွန်ပ်တို့ရောက်သွားချိန်တွင် ခွေးအမှာလဲကျနေသူကိုလှည့်ပတ်၍ ဂနာမငြိမ်ဖြစ်နေ၏။
ခွေးအများမှာလူကို မျက်နှာခြင်းဆိုင်အတွေ့
မခံပဲရှောင်တိမ်းတတ်ကြသော်လည်း ယခုခွေးအမှာ
လူအုပ်စုလိုက်သူ့ထံလာနေသော်လည်း ရှောင်ပြေးသွားခြင်းမရှိသောကြောင့် အနည်းငယ်ထူးဆန်း၍တခုခုလွဲမှားနေသလို ကျွန်ပ်စိတ်အတွင်းခံစားနေရစဉ် ၊ရွာသားများမှာ
လဲနေလူအတွက် စိတ်ပူနေကြသလို ရဲတင်းသော
ခွေးအကိုကြည့်၍ဒေါသဖြစ်သွားဟန်ဖြင့် ဒူးလေးများဖြင့်ချိန်၍ပစ်ခတ်လိုက်ကြတော့၏ ။
ကျွန်ပ်မှာ ပုံမှန်မဟုတ်သောမှားယွင်းသောအခြေအနေကိုခံစားမိသောကြောင့်မပစ်ခတ်ရန်တားမြစ်မည်ကြံလိုက်စဉ်ကျွန်ပ်နောက်ကျသွားရတော့၏။
ခွေးအမှာသူ့ကိုချိန်၍ပစ်ခတ်သောမြှားချက်များကိုရှောင်ပြေးရမည့်အစားငြိမ်သက်စွာရပ်ကြည့်နေရာ မြှားတံများများက ကိုယ်ခန္ဓာကိုယ်ထိမှန်သွားခြင်းကြောင့်လဲကျသွားတော့၏။
မြှားတွင်အဆိပ်သုတ်ထားခြင်းကြောင့်မြေပေါ်တွင်ငြီးနေရင်းခနအကြာငြိမ်သက်သွားတော့၏ ။
”…ဟာ..ဒါ…ခွေးအတွေနဲ့ ပါလာတဲ့ကောင်လေး မဟုတ်လား…”
”…ခွေးအတွေအတွက်ချထားတဲ့အဆိပ်ကိုစားမိပုံပဲ..အသက်မရှိတော့ဘူး…”
”..သရဲတစ္ဆေမှတ်နေတာ လူအစစ်ပါလား ဘယ်လိုကြောင့်များခွေးအတွေကြားရောက်နေတာပါလိမ့်….”
လဲကျနေသူအနီးရောက်သောအခါ ထိုသူမှာရှစ်နှစ်ကိုးနှစ်အရွယ်ခလေးတစ်ယောက်ဖြစ်နေပြီးအဆိပ်ကိုစားမိဟန် ပါးစပ်ရင်ဘတ်တဝိုက်တွင်
ကျွန်ပ်တို့ချထားသော ထမင်းများကပ်လျက် ပါးစပ်မှလည်း အမြုတ်တစီစီထွက်လျက်ရှိနေပါ၏ ။
အဆိပ်မှာခွေးအစားမိပါကနှစ်ရက်သုံးရက်ကြာ
မှအဆိပ်တန်ခိုးပြ၏။
အကယ်၍လူသားတစ်ယောက်သာစားမိပါက
အဆိပ်မှာနာရီပိုင်းအတွင်းအဆိပ်များတက်
၍သေဆုံးနိူင်၏ ။
ကျွန်ပ်အဆိပ်ကြောင့်လူသားတစ်ယောက်သေဆုံးရလေခြင်းဟူသောအတွေးက ကျွန်ပ်စိတ်နှလုံးကို ပြင်းထန်စွာထိခိုက်လျက်ရှိနေပါ၏ ။
ခွေးအများအတွက်ရည်ရွယ်ထားသောအဆိပ်ကလူသားများဘေးဒုက္ခမကြုံစေရန်ရည်ရွယ်ထားခဲ့သော်လည်း
ယခုကျွန်ပ်အဆိပ်ကလူသားတစ်ယောက်သေဆုံးရသည်ဟူသော ခံစားမူက ခံစားရခက်လွန်းလှ၏။
..နောင်…ဝေ…ဝေ..
ခွေးအကြားမှလူသားတစ်ယောက်ရောက်နေရခြင်းအကြောင်းကို အမျိုးမျိုးသောထင်ကြေးပေးမူများဖြင့်ရှိနေကြစဉ်..
သာယာသောကြေးစည်သံလေးက ပျံ့လွင့်လာ၏ ။
ခပ်ဝေးဝေးမှကြေးစည်သံမှာတဖြည်းဖြည်းနီးကပ်လာခြင်းနဲ့အတူရသေ့တစ်ပါးမှာကြေးစည်လေးကိုတစ်ချက်ချင်းထု၍ကျွန်ပ်တို့လူစုထံလျောက်လာနေ၏ ။
(နောက်မှသိရသည်က ထိုရသေ့မှာ တောင်ပေါ်တွင်နေထိုင်၍ တစ်လတစ်ခါခန့်
ရွာသို့အလှူခံဆင်းလာလေ့ရှိကြောင်း အောင်ပွေပြောပြချက်အရသိရ၏ ။ )
”…အရာအားလုံးကံစီမံရာအတိုင်းပါပဲလား …
သံယောဇဉ် မေတ္တာတရားဟာ မျိုးနွယ်မတူပေမယ့်
မေတ္တတရားက ဒီအတားအဆီးတွေကိုကျော်ဖြတ်
ပြလိုက်တာ ဒီခွေးအနဲ့ ဒီလူသားကသက်သေပါလား…..”
ရသေ့ကြီးမှာလဲကျနေသေဆုံးနေသော
ခွေးအနဲ့ကောင်လေးကိုကြည့်၍ လူသားကောင်လေးကိုသိနေဟန်ကြောင့် ကျွန်ပ်နဲ့
တခြားလူများမှ ထိုကောင်လေးအကြောင်းသိပါက
ပြောပြရန်ဝိုင်းဝန်းလျောက်ထားကြရာ ရသေ့ကြီးထံမှ
ကျွန်ပ်တသက်လုံးမမေ့နိူင်မည့်ဇတ်လမ်းတပုဒ်ကို
ကြားသိခဲ့ရပါတော့၏ ။
——————-××—————-
လွန်ခဲ့သောဆယ်နှစ်ခန့်အချိန်က
တစ်နှစ်ခန့်အရွယ်သားငယ်လေးကိုသစ်ပင်အောက်တွင်သိပ်၍လင်မယားနှစ်ယောက်မှာ တောင်ယာလုပ်
ငန်းခွင်ဝင်နေကြစဉ်ဝက်ဝံကြီးတစ်ကောင်ရုတ်တရက်ရောက်လာပြီးလင်မယားနှစ်ယောက်ကိုတိုက်ခိုက်ရာလင်မယားနှစ်ယောက်လုံးပြေးချိန်မရလိုက်ပဲ ဝက်ဝံကုတ်ရာများဖြင့် သွေးအိုင်ထဲလဲကျအသက်ပျောက်ကုန်ကြတော့၏ ။
ထိုအချိန်အိပ်ပျော်နေသောခလေးမှာလန့်နိူး၍
ငိုယိုနေရာ ခလေးအားရန်ပြုရန်လျောက်လာစဉ်
မမျော်လင့်သောအခြေအနေတစ်ခုဖြစ်ပေါ်လာတော့၏ ။
ရုတ်တရက်ခလေးရှေ့သို့ခွေးအလင်မယားရောက်လာပြီးခွေးအကို မာန်ဖီ၍စူးရှစွာကြည့်နေကြရာ ဝက်ဝံမှာခွေးအလင်မယားကိုရင်မဆိုင်ဝံ့ဟန်ဖြင့်ထွက်ခွာသွားတော့၏ ။
အစပထမခွေးအလင်မယားမှ အိပ်နေသောခလေးကို စားသောက်ရန်ခြုံပုတ်အတွင်းမှချောင်းမြောင်းနေကြခြင်းဖြစ်သည်။
သို့ရာတွင် သူတို့ထက်အရင်ဝက်ဝံရောက်လာသောအခါ စိတ်ပြောင်းသွားဟန်ဖြင့်ခလေးကို အကာအကွယ်ပေးနေကြတော့၏ ။
ခွေးအမကြီးမှာလွန်ခဲ့သောသုံးလေးရက်ကအစာရှာထွက်နေစဉ်တစ်ခြားခွေးအများကသူ့သားပေါက်များကိုစားသောက်သွားသောကြောင့်လောလောလတ်လတ်သားသမီးဆုံးရူံးထားရသူဖြစ်၏ ။
ခလေးမှာ ခွေးအများကိုကြောက်လန့်ဟန်မတူပဲ
တခိုးခိုးတခစ်ခစ်ရယ်မောနေရာ ခွေးအမကြီးမှာ လူသားခလေးကိုသူ့သားအဖြစ်မွေးစားရန်ဆုံးဖြတ်လိုက်ဟန်ဖြင့် ခလေးအင်ကျီကို ကုတ်မှဖွဖွကိုက်၍မွေးစားရန်ခေါ်သွားတော့၏ ။
ခွေးအမကြီးမှာတစ်ခြားသောခွေးအများကြားတွင်နေထိုင်လျင်ခလေးအသက်အန္တရယ်စိုးရိမ်ရသောကြောင့်တစ်ခြားခွေးအများနဲ့ဝေးရာတွင်နေထိုင်၍သူ နို့တိုက်၍ခလေးကိုမွေးမြူတော့၏ ။
အစာရှာရန်မထွက်တော့ပဲ သူ့ချစ်လင်ခွေးအထီးရှာပေးသမျကိုသာစား
သောက်၍ခလေးကိုမျက်စိအောက်မှအပျောက်မခံစောင့်ရှောက်တော့၏ ။
ထိုသို့ဖြင့်ခလေးအနည်းငယ်သွားလာနိူင်သောအရွယ်ရောက်သောအခါလူသားများချက်ပြုတ်ထားသော ထမင်းများခိုး၍သော်လည်းကောင်း၊အသီးအနှံများကိုရှာဖွေ၍တဖုံကျွေးမွေးပြန်သည်။
လူငယ်လေးမှာခွေးအလင်မယားကိုအဖေအမေဟု
မှတ်ထင်၍သူအမေအဖေလူပ်ရှားသွားလာမူများကိုအတုယူလျက်ခွေးအအူသံကိုခွေးအသံနဲ့တထပ်တည်းတူအောင်ပြုလုပ်တတ်လာ၏ ။
လူသားများကိုမြင်တွေ့သော်လည်းသူနဲ့မျိုးနွယ်တူ
ဟုမထင်မှတ်ပဲသူ့ကိုယ်သူခွေးအတစ်ကောင်အဖြစ်
စိတ်အတွင်းထင်မှတ်နေတော့၏။
ထိုသို့ဖြင့်ကောင်ငယ်လေးမှာကိုးနှစ်ဆယ်နှစ်အရွယ်ရောက်လာချိန်ခွေးအများအမဲလိုက်နည်းများလူပ်ရှားမူများနဲ့တသားတည်းကျ၍တခြားခွေးအများနဲ့ရောနှော၍အမဲလိုက်နိူင်လာတော့၏ ။
လွန်ခဲ့သောတပတ်က ရွာအတွင်းဝင်၍ဝက်သား
ပေါက်ကိုမိသားစုသုံးယောက်ဝင်ရောက်ဖမ်းယူကြစဉ်အသက်အရွယ်ရလာသော ခွေးအကြီးမှာလူသားများကြောင့်အသက်ပေးလိုက်ရတော့၏ ။
ကောင်လေးမှာခွေးအမကြီးကိုသူ့အမေ၊ခွေးအထီးကြီးကိုသူ့အဖေဟုထင်မှတ်ထားရာ ခွေးအထီးကြီးသေဆုံးသွားချိန်များစွာဝမ်းနည်း
ကြေကွဲသွားရ၏ ။
ထို့အတူ လူသားများကိုလည်းမုန်းတီးနာကျည်းစိတ်
ဝင်သွားတော့၏ ။
ထို့ကြောင့်တစ်ခြားခွေးအများကိုစုရုန်း၍
ရွာကိုဝင်ရောက်ဒုက္ခပေးခြင်းပင်ဖြစ်၏ ။
သို့ရာတွင် အရက်စက်အကောက်ကျစ်ဆုံးလူသား
တို့၏ လှည့်ကွက်ဆင်အဆိပ်ကိုစားမိသောကြောင့်
သေဆုံးရခြင်းဖြစ်ပါတော့၏ ။
ကောင်ငယ်လေးသေဆုံးသွားချိန်တွင်ခွေးအမကြီးမှာသားဖြစ်သူသေဆုံးသွားသော ပူဆွေးမူကြောင့် ကောင်လေးအလောင်းဘေးတွင်ပူဆွေးသောကဖြင့်အော်ဟစ်နေစဉ်လူသားများလက်ချက်ဖြင့်သေဆုံးရခြင်းဖြစ်ကြောင်း ရသေ့ကြီးမှ
ကောင်လေးဇတ်ကြောင်းပြောပြလာရာ နားထောင်နေသူအားလုံးငြိမ်ကျသွားကြပါတော့၏ ။
ရသေ့ကြီးမှာထူးဆန်း၏။
ကောင်လေးခွေးအများအကြောင်းပြောပြရာတွင်
ဘေးမှထိုင်ကြည့်နေသည်အလားပြောပြနေ
ခြင်းဖြစ်၏ ။
ခွေးအစုံတွဲနဲ့ကောင်လေးဆုံချိန်မှစ၍ယခုသေဆုံးချိန်ထိသူကြည့်ပြီးသားဇတ်လမ်း
တပုဒ်ကိုပြောပြနေသလိုပြောပြနေခြင်းဖြစ်၏။.
မည်သို့မည်ပုံသိသည်ကိုမေးမြန်းရန်ကျွန်ပ်
စိတ်ကူးနေစဉ်မှာပင် ရသေ့ကြီးမှာကြေးစည်လေးကို
တနောင်နောင်ထု၍ ကျွန်ပ်တို့အနီးမှထွက်ခွာသွား
ပြီဖြစ်၏ ။
.
ယခုအချိန်တွင်ကျွန်ပ်တို့မှာ ခွေးအနဲ့လူသားတို့ကြားမှထူးခြားစွာဖြစ်တည်လာသောသံယောဇဉ်ကိုအံ့သြစိတ်ဖြစ်ရခြင်းနဲ့အတူ စိတ်မကောင်းကြီးစွာဖြစ်နေရပါတော့သည်။
ထိုအထဲတွင်မှစိတ်မကောင်းအဖြစ်ရဆုံးလူ
မှာကျွန်ပ်ပင်ဖြစ်ပါတော့၏ ။
ယခုဝမ်းနည်းစရာဇတ်လမ်း၏ အဓိကတရားခံမှာကျွန်ပ်သာအဓိကဟု ကို့ဘာသာအပြစ်တင်နေမိပါတော့၏ ။
မနက်အလင်းရောင်လာသောအခါ ကျွန်ပ်မှာ ပထမခွေးအထီးကြီးမြုတ်နှံရာနေရာကိုမေးမြန်း၍ ထိုခွေးအထီးကြီးမြုတ်နှံရာဘေးတွင်မြေကျင်းနှစ်ကျင်းတူးကာ ခွေးအမနှင့်ကောင်လေးကိုမြုတ်နှံပေးလိုက်၏။
အလောင်းများကိုတစ်ခြားသောတောတိရိစ္ဆာန်များမဖျက်စီးစေနိူင်ရန်ကျောက်တုံးကျောက်ခဲများမြေစာပုံများပေါ်တင်ခြင်းကိုအားလုံးဝိုင်းဝန်း၍လုပ်ဆောင်ကြ၏ ။
ကျွန်ပ်ကိုခွင့်လွတ်ပေးရန်နဲ့နောက်ဘဝတစ်ခုတွင်
မိသားစုအဖြစ်ပြန်ဆုံကြပြီးပျော်ပျော်ရွင်ရွင်ဖြင့်
ယခုလိုအဖြစ်ဆိုးမျိုးမကြုံတွေ့စေရန်ကျွန်ပ်မှာစိတ်တွင်းဆုတောင်းပေးနေမိ၏ ။
ကျွန်ပ်တသက်တွင်ယခုကြုံတွေ့ခဲ့ရသောထူးဆန်း၍ဝမ်းနည်းဖွယ်ဇတ်လမ်းကိုမည်သို့မျမေ့ပျောက်နိူင်တော့မည်မဟုတ်ပေ။
ဝမ်းရေးအတွက် အကုသိုလ်အလုပ်ဖြစ်သော
မုဆိုးအလုပ်ကိုမစွန့်နိူင်သေးသော်လည်း နောက်နောင်
ကျွန်ပ်တသက်လုံးအဆိပ်ကိုမည်သည့်အကြောင်းနဲ့မျမသုံးရန်ကိုမူကားစိတ်တွင်သံဓိဋ္ဌန်ချထားလိုက်ပါတော့သတည်း…။
==========××==========
ပြီးပါပြီ