အတုံ့အလှည့်

အမှောင်ရိပ်များသန်းလာပြီဖြစ်သည် ထို့ကြောင့် သူတို့လည်း ရွာသိုပြန်ရန်အတွက် တောအ
တွင်းမှ ထွက်မည်အလုပ် မြူခိုးများ ရုတ်တရက်ဝေလာပြီး တစ်ယောက်နဲ့တစ်ယောက်ပင် သဲသဲကွဲကွဲ မမြင်ရလောက်အောင်ဖြစ်လာသည်။ထိုအခါ ကပ္ကိယကြီးက

“အားလုံးသတိထားကြဟေ့ ဒါ တ‌စ္ဆေတွေ ဒိုကိုခွဲထုတ်ဖို့ လုပ်နေတာပဲ လူစုမကွဲစေနဲ့”

ကပ္ပိယကြီးလည်း ထိုသို့ သတိပေးစကားပြောလိုက်ပြီး ရောက်သည့်နေရာမှာပင်ရပ်နေလိုက်သည် ထိုအခါ သူတို့လည်း ကပ္ပိယကြီးနားမှာ ရပ်နေကြရင်း မြူခိုးများကြားကို သတိထားပြီးစောင့်ကြည့်နေလိုက်သည် သို့သော်ဘာမှတော့ မမြင်ကြရ ဒါကြောင့် ကိုမြင့်ဆောင်က

“မောင်းလုံး မင်းဘယ်မှထွက်မသွားနဲ့ကြားလား”

ကိုမြင့်ဆောင် မောင်လုံးကို စိတ်မချဖြစ်သွားပြီး သတိပေးစကားဆိုလိုက်သည် ထိုအခါ မောင်လုံးက

“ဟုတ်ကဲ့ပါဗျာ့ ကျုပ်ဘယ်မှ ထွက်မသွားပါဘူး”

မောင်လုံး၏ အသံသည် အနည်းငယ်တုန်ယင်နေပြီး စိုးရိမ်စိတ်များဖြစ်ပေါ်နေကြောင်းကို သိသာစေသည်။ဒါ‌ေပမဲ မြူခိုးများတစ်တောလုံ‌ေဝနေ၍ ရွာသို့ပြန်ရန်လည်း မဖြစ်နိုင် ဒါကြောင့်ထိုနေရာမှာပင် စုဖွဲ၍ရပ်နေကြပြီး မြူခိုးများပြယ်သွားမည့် အချိန်ကို စောင့်နေကြသည်။ထိုအချိန် တောအတွင်း၌ ကြောက်မက်ဖွယ် အသံကြီးများကို ကြားလာရပြီး

“မောင်လုံး မင်းတို့ရွာထဲက ကြားရတာဒီလိုအသံမျိုးတွေပဲလားကွ”

“ဟုတ်တယ် ကပ္ပိယကြီး ဒီအသံတွေပဲ”

မောင်လုံးလည်း ကြောက်ကြောက်ရွံ့ရွံ့နှင့်ပြောလိုက်ပြီး ကိုမြင်ဆောင်နှင့် ကျောချင်းကပ်ထားလိုက်သည်။ထိုအချိန် တောအတွင်းမှအော်သံများသည် သူတို့နှင့်တဖြည်းဖြည်းနီးကပ်လာတာကို သတိထားမိလိုက်ပြီး သူနှင့် ကျောချင်းကပ်ထားသော မောင်လုံးတစ်ယောက် ချွေးများပြန်နေသည်ကိုသိလိုက်ပြီး ကိုမြင့်ဆောင်က

“မောင်းလုံး မင်းစိတ်ကိုညိမ်ညိမ်ထားကြားလား ဒို့နားကနေဘယ်မှထွက်မသွားနဲ့”

ကိုမြင့်ဆောင်လည်း မောင်လုံအကြောက်လွန်၍ ထွက်ပြေးသွားမည်ကိုစိုးရိမ်ပြီး သတိပေးစကား ထပ်ပြောလိုက်ရချင်းဖြစ်ပြီး မောင်လုံးကလည်း

“ဟုတ်ကဲ့ပါဗျာ့ ကျုပ်ဘယ်မှထွက်မသွားပါဘူး”

“အေး ခဏနေရင် ဒီမြူခိုးတွေ ပြယ်သွားမှာပါကွ အဲ့ဒီအခါကြရင် တို့ရွာပြန်လို့ရပြီ”

ကိုမြင့်ဆောင် မောင်လုံးအားမငယ်ရန် ပြောလိုက်ရပေမဲ့ မြူခိုးများပြယ်သွားသည့်တိုင်အောင် မိုးချုပ်တော့မည်ဖြစ်သည် ဒါပေမဲ့ မိုးချုပ်ယုံသက်သက်ဆိုလျှင် ရွာကိုပြန်၍ရနိုင်းသေးပြီး ယခုလိုတ‌ေတာလုံး မြူခိုးတွေ ဝေ့ဆိုင်းနေတော့ အရှေ့အနောက်ပင် ဘယ်ဟာမှန်းမသိဖြစ်နေပြီး မိုးချုပ်တာထက်ပင် ပိုဆိုးနေသည်။ထိုအချိန် သူ့ကျောကိုကပ်ထားသော မောင်လုံး၏ကျောပြင်သည် ရုတ်တရက် အောက်သို့လျှောကြသွားတာကိုသိလိုက်ပြီး

“အား လုပ်ကြပါဦးဗျာ့ ကျုပ်ခြေထောက်ကို ဆွဲနေပြီဗျာ့”

မောင်လုံး၏ ငယ်သံပါအောင် အော်ဟစ်လိုက်သံကိုကြားလိုက်ရပြီး ကိုမြင့်ဆောင်လည်း

“မောင်းလုံး မင်းဘာဖြစ်တာတုန်းကွ မောင်လုံး မောင်လုံး”

ကိုမြင့်ဆောင်၏ စိုးရိမ်တကြီး အော်ခေါ်လိုက်သံနှင့်အတူး မောင်လုံး၏

“ကိုမြင့်ဆောင် လုပ်ပါဦးဗျာ့ ကျုပ်‌ေခြ‌ေထာက်ကိုဆွဲသွားပြီဗျာ့ လုပ်ကြပါဦး”

မောင်လုံး၏ ကြောက်လန့်တကြားအော်သံနှင့်အတူ သူ၏ခန္ဓာကိုကြီး သစ်ရွက်ခြောက်များပေါ်၌ တရွက်တိုက် ပါသွားသည့် အသံကိုပါကြားလိုက်ရပြီး ကိုမြင့်ဆောင်က

“မောင်လုံး မင်းဘယ်မှာတုန်းကွ မောင်လုံး”

သူ မောင်လုံးကို စိုးရိမ်တကြီးေအာ်‌ေခါ်ရင်း မောင်လုံးကို တရွတ်တိုက်ဆွဲ‌ေခါ်သွားသည့် အသံကြားရာနောက်သို့ လိုက်လာခဲ့သည် ထိုအချိန် ကပ္ပိယကြီးနဲ့ကိုပြူးကလည်း သူ့နောက်မှ လိုက်လာခဲ့ကြပြီး သူတို့နှစ်ယောက်သည် မောင်လုံးစဖြစ်ဖြစ်ချင်းမသိကြ ကိုမြင့်ဆောင်သာမောင်လုံးနှင့် ကျောချင်းကပ်ထား၍ မောင်လုံးခန္ဓာကိုယ် အောက်လျှောသွားသည်နှင့် မောင်လုံးတစ်ခုခုဖြစ်ပြီဆိုတာ သိလိုက်ချင်းဖြစ်သည် ထိုကြောင် သူ မောင်လုံးနောက်သို့အရင် လိုက်လာခဲ့ပြီး ကိုပြူးနဲကပ္ပိယကြီးကတော့ သူ့နောက်အနည်ငယ်ကြာမှာ သိလိုက်ရချင်းဖြစ်သည် ထိုအပြင် တစ်ယောက်နှင့်တစ်ယောက် မမြင်ကြရ၍ မောင်လုံး၏အော်သံကို ကြာရပေမဲ့လည်း ရုတ်တရက် ဘာမှမလုပ်နိုင် မောင်လုံးနောက်လိုက်ရာတွင်လည်း အနည်းငယ်နောက်ကြနေသည် ကိုမြင့်ဆောင်ကတော့ မောင်လုံးအောက်လျှောသွားသည်နှ့င့် သတိထားနေပြီး သူကိုဆွဲသွားပြီဆိုသည်နှင့် တန်းလိုက်လာချင်းဖြစ်သည် ထိုကြောင့် သူ့နောက်မှာလိုက်လာသည့် ကိုပြူးတိုနှင့်အတန်ငယ် ကွာသွားပြီဖြစ်ပြီး မောင်လုံး၏ ‌အော်ဟစ်သံကိုတော့ ကြားနေရဆဲဖြစ်သည်။

(၃)

“ကိုမြင့်ဆာင် လုပ်ပါဦးဗျာ့ ကျုပ်ကိုဆွဲသွားပြီဗျာ့ ကယ်ကြပါဦး”

မောင်လုံးလည်း ထိုသို့သာ ပါးစပ်ကတတွတ်တွတ်အော်ပြောရင်း သူ၏ခြေထော်ကိုကိုင်၍ တရွတ်တိုက်ဆွဲခေါ်သွားရာနောက်သို့ပါသွားသည်။သူလည်း ထိုသူကိုမမြင်ရပဲ သူ၏ခြေထောက်နှစ်ဖက်ကို ကိုင်ထားမှန်းသာသိရပြီး သစ်ရွက်ခြောက်များအပေါ်၌ တဖြောဖြောနှင့် လိုက်ပါနေရသည်

ကိုမြင့်ဆောင်လည်း မောင်လုံး၏အသံကြားရာနောက်သို့သာ လိုက်နေရပြီး မောင်လုံးကိုတော့မမြင်ရ ထို့ကြောင့် ပါးစပ်မှသာ မောင်လုံးကို အဆက်မပြတ်အော်ခေါ်‌နေရင်း နောက်မှပြေးလိုက်နေရသည်။

ထိုသို့သူ မောင်းလုံး၏နာမည်ကို တတွတ်တွတ်အော်ခေါ်ရင်း နောက်မှလိုက်ခဲ့ရာ အတော်အတန်ဝေးသောနေရာသို့ပင် ရောက်ခဲ့ပြီဖြစ်သည်။ထိုနေရာသို့ရောက်တော့ သူ့နောက်မှလိုက်လာသည့် ကပ္ပိယကြီးနဲ့ကိုပြူးတို့လည်း ဘယ်နားပြတ်ကျန်နေခဲ့မှန်းမသိ သူတစ်ယောက်တည်းသာ မောင်လုံးအသံကို နားစွင့်နေရင်း

“မောင်လုံး မင်းဘယ်ရောက်သွားတာတုန်းကွ ဟေ့ကောင်မောင်လုံး ငါ့ကိုပြန်ပြောစမ်းပါဦးကွ”

ကိုမြင့်ဆောင် မောင်လုံးအသံမကြားရတော့၍ ပို၍စိတ်ပူလာပြီး မောင်လုံး၏နောက်သို့ မည့်သိုလိုက်ရမည်မသိဖြစ်သွားသည်။ ဒါပေမဲ့ သူဒီအတိုင်းရပ်နေ၍မဖြစ် ဒါကြောင့် မောင်လုံး၏ နောက်ဆုံးအော်သံကြားလိုက်ရသည့်ဘက်သို့ ဆက်လိုက်လာခဲ့သည်။သူလက်ထဲ၌ လေးဂွကိုကိုင်ဆောင်ခဲ့သော်လည်း မြူခိုးများအုန့်ဆိုင်းနေ၍ ဘာမှမမြင်ရထို့အပြင် ပြေးလွှားလာရာလမ်းတ‌ေလျှာက် ခလုတ်တိုက်လဲသည့် အကြိမ်ပေါင်းလည်းများစွာကြုံခဲ့ရသည်။ ထို့ကြောင့် သူကိုင်ဆောင်လာသော လေးဂွလည်းဘယ်နားကြကျန်လို့ ကျန်ခဲ့မှန်းမသိ မောင်လုံးအတွက်သာ စိတ်စောနေ၍ လေးဂွကိုပြန်ရှာဖွေမနေတော့ပဲ ရှေ့သို့သာ ဆက်ပြီးလိုက်လာခဲ့သည်။

ထိုသို့ဖြစ် သူရှေ့ဆက်လျှောက်လာရင်း တဖြည်းဖြည်း မြူခိုးများပြောက်ကွယ်လာကာ ပကတိညအမှောင်သာပြန်ဖြစ်သွားပြီးပတ်ဝန်းကျင်ကို အတန်အသင့်ပြန်မြင်လာရသည်။

ထိုအခါ သူရောက်နေသည့် နေရာကိုခန့်မှန်းကြည့်လိုက်‌မိပြီး သူတို့ရွာပျက်ကြီးဆီကို လာရောက်ကျွေးမွေးစဉ်တုန်းက ဖောက်လုပ်ထားခဲ့သော လှည်းလမ်းအစသို့ရောက်နေတာကိုသိလိုက်ရပြီး မောင်လုံးအား ဆွဲခေါ်သွားသောတစ္ဆေကောင်သည် ထိုရွာပျက်ကြီးနှင့်ပတ်သက်နေမလားဆိုတာကို တွေးမိလိုက်သည်။ ထိုကြောင့်သူလည်း ထိုရွာပျက်ကြီးဆီသို့သွားရန်ဆုံးဖြတ်လိုက်ပြီး သူတို့ဖောက်လုပ်ခဲ့သည့် လှည်းလမ်းအတိုင်း ဆက်လိုက်လာခဲ့သည်။ထိုသို့ဖြစ် လမ်းတနေရာသို့ရောက်တော့

“ကိုမြင့်ဆောင် ကျုပ်ဒီမှာဗျာ့”

‌သူရှေ့၌ ဆိုင်ဆိုင်ကြီးရပ်နေသော မောင်လုံးကိုမြင်လိုက်ရပြီး သူလည်း ဝမ်းသာအားရဖြစ်

“မောင်လုံး မင်းဘာမှဖြစ်ဘူးနော် ငါမင်းကိုလိုက်ရှာနေတာကွ”

သူ ဝမ်းသာအားရပြောလိုက်ပေမဲ့ မောင်လုံးက ဘာမှပြန်မ‌ေပြာပဲ သူ့ကိုသာရပ်ကြည့်နေသည်။သူလည်း မောင်လုံးအ‌ေကြာက်လွန်၍ ပြန်မပြောနိုင်ချင်းဖြစ်မည်ဟု ထင်လိုက်ပြီး မောင်းလုံးအနားသို့ခပ်သွက်သွက်‌ေလျှာက်သွားလိုက်သည် ထိုအခါ မောင်လုံးက သူလာနေတာကာကိုကြည့်ပြီး သူအနား‌ေရာက်ခါနီး၌ တဟားဟာအော်ရယ်လိုက်ပြီး ပျောက်ကွယ်သွားသည်။

ကိုမြင့်ဆောင်လည်း တစ္ဆေသရဲတစ်ကောင် သူ့ကို မောင်လုံးဟန်ဆောင်၍ ခြောက်လှန်ချင်းဖြစ်မှန်းသိလိုက်သည်။ဒါပေမဲ့ သူ မောင်လုံးအတွက်စိတ်ပူနေ၍ ထိုသရဲတ‌ေစ္ဆခြောက်လန့်တာကို ငရုမစိုက်တော့ပဲ ရှေ့သိုသာဆက်လျှောက်လာသည်။ထိုအခါလည်း

“မြင်ဆောင် မင်းမောင်လုံးကိုတွေ့ လားကွ”

ပြောပြောဆိုဆို တောစပ်မှထွက်လာသော ကိုပြူးကိုမြင်လိုက်ရပြီး သူလည်း

“မင်းတို့ငါ့ကို လာခြောက်မနေနဲ့ မောင်လုံးဘယ်မှာလည်းဆိုတာသာပြေ့ာစမ်း”

သူ ထိုသို့ခပ်မာမာ‌ေမးလိုက်တော့

“မြင့်ဆောင် မင်းဘာတွေ လာပြောနေတာတုန်းကွ ငါငပြူးပါ”

“ဟုတ်လား ငပြူး ဒါဆို ကပ္ပိယကြီး ဘယ်မှာကျန်နေခဲ့တုန်းကွ”

သူလည်း သိသိရက်နဲ့တမင်မေးလိုက်တော့ ထိုတစ္ဆေ ဘာဖြေရမှန်းမသိဖြစ်သွားသည် သူလည်း ဘာမှဆက်ပြောမနေတော့ပဲ သူ့လွယ်အိပ်ထဲမှာ ရှိနေသေးသည့် ဆေးနီလုံလေးများဖြင့် ပစ်ပေါက်လိုက်သည် တစ္ဆေလည်း နဂိုရုပ်သွင်ပြန်ပေါ်လာပြီး နာနာကျင်ကျင်အော်ကာ ထွက်ပြေးသွားသည်။

သူလည်း ရွာပျက်ကြီးရှိသို့ အစဉ်အတိုင်းလျှောက်လာရင်း လရောင်ထိုးကြနေသော သစ်ပင်ရိပ်အောင်၌ တရှုံ့ရှုံ့ငိုကြွေးနေသော မောင်လုံးကို တွေ့လိုက်ရပြီ့း

“မောင်လုံး မင်းတကယ်မောင်လုံလား”

“ဟုတ်တယ်ဗျာ့ ကျုပ်ခြေထောက်ကိုဆွဲလာတဲ့ တစ္ဆေက ဒီနားရောက်မှ လွှတ်လိုက်လို့ ကျုပ်ဘယ်မှမသွားရဲပဲ ထိုင်ငိုနေတာဗျာ့”

“ဟုတ်လားကွ ဒါနဲ့မင်းဘာမှမဖြစ်ဘူးနော်”

သူလည်းမောင်လုံးကို ပြန်တွေ့လိုက်ရ၍ ဝမ်းသာအားရဖြစ်သွားပြီး ထိုသို့မေးလိုက်တော့ မောင်းလုံးက

“ကျုပ်ဘာမှမဖြစ်ပါဘူးဗျာ့ ဒီအတိုင်းပါပဲ”

“အေးကွ တော်သေးတာပေါ့ ငါ မင်းတစ်ခုခုဖြစ်သွားပြီထင်ပြီး စိုးရိမ်နေတာကွ”

ကိုမြင့်ဆောင်လည်း ထိုသို့ပြောဆိုလိုက်ပြီး မောင်လုံးအနားသွားမည်လုပ်လိုက်ပြီးမှ ဒီလောက်တစ္ဆေတစ်ကောင် တရွတ်တိုက်ဆွဲသွားတာတောင် ဘာမှမဖြစ်ပဲ ရှိနေသည့်မောင်းလုံးကို အံ့ဩမိသွားပြီး ဘာမှဆက်ပြောတော့ပဲ ရှေ့သို့ဆက်ထွက်လာခဲ့သည်။ထိုအခါ မောင်လုံးက

“ကိုမြင့်ဆောင် ဘယ်သွားမလို့တုန်းဗျာ့ ကျုပ်ကိုလာရှာတာမဟုတ်ဘူးလား ဒီမယ်ကျုပ်ကို ကြည့်စမ်းပါဦးဗျာ့”

ကိုမြင့်ဆောင် နောက်သို့လှည့်မကြည့်ပဲ ရှေ့သိုသာ ဆက်လျှောက်နေသည်။ထိုသို့သူပြောသည့်အတိုင်း နောက်လှည့်ကြည့်လိုက်ပါ မောင်လုံးမဟုတ်ပဲ ပုံးပျက်ပန်းပျက်ဖြစ်နေသည့် တစ္ဆေတစ်ကောင်ကိုမြင်ရမည်ဆိုတာ ကိုမြင့်ဆောင်သိပြီးသားဖြစ်သည် ထိုတစ္ဆေလည်း သူနောက်လှည့်မကြည့်မှန်းသိ‌ေတာ့

“အေး သွားသွား အဲ့ဒီမှာ မင်းကိုစောင့်နေတဲ့သူတွေ အများကြီးပဲ မင်းလည်း အဲ့ဒီမှာပဲ တစ်သက်လုံးနေလိုက်တော့”

ထိုတစ္ဆေလည်း အသံဩဩကြီးဖြင့်ပြောရင်း တဝါးဝါးအောရယ်နေတော့သည် ကိုမြင့်ဆောင်လည်း မောင်လုံးအတွက် စိတ်ပူနေ၍ ရှေ့သို့သာ ခပ်သွက်သွက်ဆက်‌ေလျှာက်လာရင်း ရွာပျက်ကြီးရှိရာနှင့် ပို၍နီးလာပြီဖြစ်သည်။

ထိုနေရာနှင့် နီးလာသည်နှင့် တစ္ဆေသရဲများ၏ ခြောက်လန့်ချင်းကို ပို၍ခံရလေဖြစ်ပြီး သူလည်း သူ့အတွက်စိတ်မပူပဲ မောင်လုံးအတွက်သာ ပို၍စိတ်ပူလာရသည်။ထိုသို့ဖြစ် တဖြည်းဖြည်း ရွာပျက်ကြီးကို လှမ်းမြင်ရသည့်နေရာသို့ ရောက်‌လာပြီဖြစ်သည်။

သူထိုနေရာသို့ရောက်တော့ သူတို့ရှင်းလင်းထားသည့် မြေကွက်လပ်များဖြစ်သည့် ရွာပျက်ထဲမှအရိုးများကို မြှပ်နှံထားရာနေရာနှင့် သူတို့ကို့ကျွေးမွေးစဉ်တုန်က ရှင်းလင်းထားသောနေရာများကို လရောင်အောက်မှာ ကောင်းစွာမြင်နေရပြီး သူလည်း ထိုနေရာသို့ ခပ်သွက်သွက်လျှောက်လာခဲ့သည်။ထို့‌ေနာက် အနီးနားပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်‌တော့ အရိုးများကို မြုပ်နှံထာသည့် မြေပုံဘေး၌ လဲကြနေသော လူတစ်ယောက်ကို မြင်လိုက်ရပြီး သူလည်း မောင်လုံးဖြစ်သည်ဆိုတာကိုသိလိုက်သည်။ထို့‌ေကြာင့် ထိုနေရာသို့ပြေးသွားပြီး လဲကြနေသော မောင်လုံးကို ပွေ့ထူကာ

“မောင်လုံး ဟေ့ကောင်မောင်လုံး”

သူ မောင်လုံး၏ ခန္ဓာကိုယ်ကိုလှုပ်ခါပြီး ခေါ်ကြည့်လိုက်သည် သို့သော် မောင်လုံး ပြန်မထူးနိုင်ပဲ သတိလစ်မေ့မြောနေတာကိုတွေလိုက်ရသည်။‌ေမာင်လုံး၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပွန်းပဲ့ရာတို့ဖြင့် စုတ်ပြတ်သတ်နေပြီး တရွတ်တိုက်ဆွဲခေါ်သွားရာလမ်းတလျှောက်ရှိ မြေပြင် သစ်ကိုင်းသစ်ခက်တိုနှင့်ပွတ်တိုက်မိထား၍ဖြစ်မည်ထင်သည်။သို့သော် ဦးခေါင်းတွင်တော့ ဒါဏ်ရာမရှိ သူလည်း ထို့အတွက် အနည်းငယ်စိတ်အေးသွားပြီး

“မောင်းလုံး မောင်လုံး သတိထားစမ်းပါကွာ ငါရောက်လာပြီလေကွာ ဟေ့ကောင်မောင်လုံး ထစမ်းပါဦးကွ”

ကိုမြင့်‌ေဆာင် အကြိမ်ကြိမ်ခေါ်နေပေမဲ့ မောင်လုံး သတိရမလာသေးပဲ သတိလစ်နေဆဲပင်ရှိ‌သေးသည်။ သူလည်းမောင်လုံးကိုကြည့်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကာ ပတ်ဝန်းကျင်ကိုပင်မေ့လျော့သွားသည်။ ထိုအခိုက် ကြောက်မက်ဖွယ်အသံကြီးများကိုကြားလိုက်ရပြီး သူလည်း သတိပြန်ဝင်လာကာ အနီးအနားကိုကြည့်လိုက်သည်။ထိုအခါ သူတို့နားကို တရွေ့ရွေ့တိုးကပ်လာသည့် ရွာပျက်ထဲမှ တ‌စ္ဆေများကို မြင်လိုက်ရပြီး ကိုမြင့်ဆောင်လည်း

“မင်းတို့ငါ့ကို မနှောက်ယှက်သင့်ဘူး ငါမင်းတို့ကို့ ကူညီဖူတဲ့သူ တစ်ယောက်ပဲကွ”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ထိုတစ္ဆေများ နောက်သို့ပြန်ဆုတ်သွားကြပြီး သူတို့လည်း ကိုမြင့်ဆောင်ကို မှတ်မိသွားဟန်တူသည်ထိုအချိန် ထိုတစ္ဆေများ နောက်ဆုတ်လာတာမြင်တော့

“ဟဲ့အကောင်တွေ နင်တို့ ဘာဖြစ်နေတာတုန်း အဲ့ဒီ့ကောင်ကို ဝိုင်းပြီးကိုက်ဖြတ်စားပြစ်စမ်း”

ကိုမြင့်ဆောင် အသံလာရာဆီကိုကြည့်လိုက်တော့ မြင့်မြတ်‌သော သူတော်စင်တော၌ သူချုပ်နှောင်ခဲ့သော ကဝေတစ္ဆေမကြီးဖြစ်နေပြီး ထိုတစ္ဆေမကြီးသည် သူတော်စင်တောမှနှင်ထုတ်ခံရပြီး ဤအပြင်တောသို့ ထွက်း‌ပြေးလာရချင်းဖြစ်သည် ယခုသူနှင့်ထိုတစ္ဆေမကြီး ပြန်ဆုံနေပြီး သူ့ကိုအညှိုးတကြီးဖြင့်ကြည့်ရင်း ထိုတ‌စ္ဆေမကြီးက

“ဒီအကောင်က ငါတို့အလုပ်ကိုဖျက်စီးမယ့်ကောင်ပဲ ဒီကောင်ရှိနေရင် ငါတို့အလုပ် အောင်မြင်မှာမဟုတ်ဘူး ဒီကောင့်ကိုရှင်းပြစ်ရလိမ့်မယ်”

တစ္ဆေမကြီး ထိုသို့ပြောလိုက်‌ေတာ့ ရွာပျက်ထဲရှိ တစ္ဆေများက ကိုမြင့်ဆောင်ကို ကြည့်နေကြသည် ဒါပေမဲ့ ဘာမှ‌ေတာ့မလုပ်ကြ ထိုအခါတစ္ဆေမကြီးက

“သွားနင်တို့ အဲ့ဒီအကောင် ရက်ရက်စက်စက်သတ်ပစ်စမ်း”

တစ္ဆေမကြီး အမိန်ပေးလိုက်ပေမဲ့ ရွာပျက်ထဲရှိတစ္ဆေမျာက ဘာမှမလုပ်ကြပဲ တရွေ့ရွေ့ဖြင့်ထွက်ခွါနေကြသည် ဒါကိုမြင်တော့ ကဝေတစ္ဆေမကြီးက သူ့အနားမှ တစ္ဆေတစ်ကောင်ကို လည်ပင်းညစ်၍ အပေါ်သိုမြှောက်ကိုင်လိုက်သည် ထို့နောက် သူ၏ပါးစပ်ကြီးကိုဖြဲကာ ထိုတစ္ဆေကောင်၏ ဝိညဉ်ကိုဆုပ်ယူလိုက်တော့သည် ထို့နောက် ကြောက်မက်ဖွယ်အသံကြီးနဲ့ အော်ဟစ်လိုက်ပြီး ထိုအသံကိုကြားသည်နှ့င့် ရွာပျက်ထဲမှတစ္ဆေများ နားတွေကိုပိတ်ထားကြရသည်။

တစ္ဆေမကြီးလည် နောက်ထပ်တစ္ဆေတစ်ကောင်ကိုဖမ်းယူ၍ ဝိညဉ်ဆုပ်ယူမည်အလုပ် ကိုမြင့်ဆောင်လည်း‌ သူ့လွယ်အိပ်ထဲမှ ဆေးနီလုံး‌ေလများကိုထုတ်ယူလိုက်ပြီး ကဝေတစ္ဆေမကြီးကို ပစ်ပေါက်လိုက်သည် တစ္ဆေမကြီးလည်း စူးစူးဝါးဝါး အော်ပြီး ကိုမြင့်‌ဆောင်ကို လှည့်ကြည့်ကာ

“နင်ကလည်း အလာသားကို ဒါကြောင့်လည်း မယ်ဖြူက ငါ့ကိုချုပ်နှောင်ဖို့ အကူအညီတောင်းလိုက်တာဖြစ်မယ် ဒါပေမဲ့ ဒါမယ်ဖြူပိုင်တဲ့တောမဟုတ်ဘူး ငါပိုင်တဲ့တောဖြစ်သွားပြီး နင်သေဖို့သာပြင်ထား”

တစ္ဆေမကြီးလည်း ဒေါသတကြီးဖြင့် သူ့ထံသို့ ပြေးဝင်လာသည်။သူလည်း ဆေးနီလုံးလေးဖြင့် ထပ်မံ ပစ်ပေါက်လိုက်ပြန်သည် တစ္ဆေမကြီးနောက်သို့ တွန့်သွားပြီး အရင်တစ္ဆေတွေလို ကြောက်လန့်တကြားထွက်မပြေးသွား ဒါကြောင့် ဤက‌ေဝတစ္ဆေမကြီးသည် ချုပ်နှောင်ခံထားရသည့်တိုင်အောင် သာမန်တစ္ဆေတွေထက်ပို၍ အစွမ်းထက်နေသေးပြီး ထိုတစ္ဆေတွေကိုပင် ခြိမ်းခြောက်အကြပ်ကိုင်နိုင်သေးသည် ဒါကြောင့် ဤတောထဲရှိ တစ္ဆေများကို မင်းမူ၍ ရွာနက်ကြီးထဲမှ လူများကို ကြောက်လန်းအောင် ခြောက်လန့်ခိုင်းနေပုံရပြီး ရွာသူရွာသားများ ကြောက်လန့်စိတ် ကြီးစိုးသွားသည့်အချိန် သူလည်းငနက်ကြီးကဲ့သို့ ရွာထဲကို ဝင်‌ေနမည့်ပုံရသည်။ယခုလည်း သူ့ကိုချုပ်နှောင်ထားရုံသာမက သူအလုပ်ကိုပါ ဖျက်စီးမည့် ကိုမြင့်ဆောင်ကို သတ်ဖြတ်ရန် ဒေါသတကြီး ပြေးဝင်လာပြီး ကိုမြင့်ဆောင်လည်း သူ့လွယ်အိပ်ထဲမှ ဆေးနီလုံးလေးများဖြင့် အဆက်မပြတ်ပစ်ပေါက်နေရသည် ထို့သို့ပစ်ပေါက်နေတော့ တစ္ဆေမကြီး ရှေ့ဆက်မတိုးလာပဲ ဒေါသတကြီးဖြင့်အော်‌ဟစ်လိုက်သည်။

ထိုအခါ တစ္ဆေတောတစ်တောလုံး တဝေါဝေါဖြင့် ဆူညံသွားပြီး အရွယ်မျိုးစုံ ပုံသဏ္ဍန်မျိုးစုံဖြင့် တစ္ဆေသရဲများ ရောက်လာကြသည် ထို တစ္ဆေသရဲများသည် ရွာပျက်ကြီးထဲက တစ္ဆေတွေလိုမဟုတ်ပဲ ကြောက်ရွံ့ ထိတ်လန့်စရာ ပုံပျက်ပန်းပျက်ကြီးများဖြစ်ပြီး တော်ယုံလူဆိုလျှင် သူတို့ကို မြင်ရုံနှင့်ပင် လိပ်ပြာလွင့်သွားနိုင်သည်။

ကိုမြင့်ဆောင် တစ္ဆေသရဲမကြောက်တတ်သူဖြစ်၍သာ သူတို၏ပုံပန်းသဏ္ဍန်ကိုကြည့်ရဲနေပြီး သူလည်း ဤတစ္ဆေသရဲများကို မည်သို့ရင်ဆိုင်ရမည်ကို စဉ်းစားမရအောင်ဖြစ်နေသည်။သူဆီ၌ပါလာသော ဆေးနီလုံးလေးများသည်လည်း ကုန်သလောက်ပင်ဖြစ်သွားပြီး ထိုဆေးနီလုံးလေးများကုန်သွားပါက ဤတစ္ဆေသရဲများကို ဟန့်တားနိုင်မည်မဟုတ်တော့ပေ ထိုသို့ဖြစ် ကိုမြင်ဆောင်လည်း ကြံရာမရဖြစ်နေစဉ် ထိုသရဲတစ္ဆေများသူနားကို ဝိုင်းအုံလာကြတာမြင်လိုက်ရပြန်သည် သူလည်းလက်ကျန်ဆေးနီလုံးလေးများဖြင့်ပစ်ပေါက်ရင်း မောင်လုံးကိုထမ်းကာပြေးမည်အလုပ် သူ့ကျောကိုလက်ဝါးဖြင့် အရိုက်ခံလိုက်ရပြီး ရှေ့သို့ပင် ဟက်ထိုးလဲကြသွားသည်။ ထိုလက်ဝါး ရိုက်ချက်ကြောင့် ပါးစပ်ထဲမှ သွေးများပင်အန်ထွက်လာပြီး လဲကြနေရာမှ သူ့ကျောကို ရိုက်လိုက်သူအား လှည့်ကြည့်လိုက်သည် ထိုအခါ သူ့ကိုအခဲမကျေဖြစ်နေသော တစ္ဆေမကြီးဖြစ်နေပြီး သူ့နားသို့ တိုးကပ်လာနေတာကိုမြင်လိုက်ရသည် သူလည်း ပြန်ထဖို့ကြိုးစာနေရင်း တစ္ဆေမကြီ သူ့လည်ပင်းကို ဆုပ်ကိုင်ဖြစ်ညှစ်တာခံလိုက်ရပြီး တဖြည်းဖြည်းတင်းကျပ်လာသည် သူလည်းတစ္ဆေမကြီး၏ လက်နှစ်ဖက်ကို‌ဖြည်ဖို့ကြိုးစားနေရင်း တဖြည်းဖြည်းအသက်ရှုကြပ်လာကာ မျက်လုံးများပြာဝေလာပြီဖြစ်သည် ထိုအချိန် အဖြူရောင်အလင်းတန်းတစ်ခုကိုမြင်လိုက်ရပြီး ထိုအလင်းတန်းကို မြင်ပြီးသည့်‌ေနာက် သူ ဘာကိုမှမမြင်ရ‌ေတာ့ပဲ သတိလစ်‌ေမ့‌ေမြာသွားတော့သည်။

ကိုမြင့်ဆောင် သတိမလစ်ခင် မြင်လိုက်ရသော အလင်းတန်းသည် တစ်ခြားမဟုတ် ဆံဖြူအဖွားအိုထို‌ေနရာသို့ ရောက်လာချင်းဖြစ်ပြီး သူရောက်လာသည်နှင့် အနီးအနားမှတစ္ဆေသရဲများမနေရဲတော့ပဲ အဝေးသို့ထွက်ပြေးကြတောသည်။

ထိုအချိန် ချုပ်နှောင်ခံထားရသော တစ္ဆေမကြီးသည်လည် ကိုမြင့်ဆောင်၏ လည်ပင်းကို ဖြစ်ညှစ်ထားရာမှလွတ်လိုက်ပြီး သူ၏လည်းပင်ကို ပြန်လည်ဆုပ်ကိုင်ထားရသည် သူထိုသို့ဖြစ်ရသည်မှာလည်း ကိုမြင့်ဆောင် ချုပ်နှောင်ထားသော ချည်မန်းကြိုးကွင်းလေးသည် တဖြည်းဖြည်း တင်းကျပ်လာပြီး သူလည်းကိုမြင့်ဆောင်လိုပင် ပြန်လည်ခံစားလိုက်ရသောကြောင့်ဖြစ်သည်။ထိုအချိန် ဆံဖြူအဖွားအိုက

“မယ်ညို နင်အခုထိနောင်တမရသေးပဲ ဆက်မိုက်နေတုန်းပါလား နင်ဒီပုံးအတိုင်းသာ ဆက်လုပ်နေရင် နောင်ဘဝ‌ ဒီထက်ဆိုးတဲ့ဘဝကိုရောက်ဖို့ပဲရှိတယ်”

ဆံဖြူအဖွားအို ထိုသို့ပြောလိုက်ပေမဲ့ ကဝေတစ္ဆေမကြီး ဘာမပြန်မပြောနိုင်ပဲ သူ၏လည်ပင်းကိုသာကိုင်ရင်း တအစ်အစ်နှင့်ဖြစ်နေသည်။ ဆံဖြူးအဖွားအိုလည်း လဲကြနေသော ကိုမြင့်ဆောင်နှင့်မောင်လုံးကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေမိသည် ထို့နောက် မောင်လုံး၏ပါစပ်ထဲသို့ အဖြူရောင်အလင်းတန်းလေးတစ်ခု ပို့လွှတ်လိုက်ပြီး ကိုမြင့်ဆောင်၏ သတိလစ်နေသော ခန္ဓာကိုယ်ကြီးကို ပေါ့ပါးစွာမချီလျှက် သူနေထိုင်ရာ သူတော်စင်တောဆီသို့ ပြန်လည်ထွက်ခွါသွားတော့သည်။

(၄)

ကိုမြင့်ဆောင်ကို ဆံဖြူအဖွားအိုခေါ်သွားသည့်အချိန်နှင့် မရှေးမနှောင်းမှာပင် ကပ္ပိယကြီးနဲ့ကိုပြူးတို့ ထိုနေရာသို့ရောက်လာခဲ့ကြသည် သူတို့လည်း ကိုမြင့်ဆောင်နှင့် မောင်လုံးနောက်သို့ လိုက်လာခဲ့ကြရင်း တစ္ဆေတောထဲ၌ ဟိုရောက်ဒီရောက်ဖြစ်နေစဉ် ဤနေရာမှ အလင်းတန်းတစ်ခုကို မြင်လိုက်ရ၍ ရောက်ရှိလာချင်းဖြစ်သည်။ သူတို့ရောက်လာတော့ လဲကြနေသော မောင်လုံးကိုမြင်လိုက်ရပြီး ကိုပြူးက

“ကပ္ပိယကြီး ဟိုမှာမောင်လုံးဗျာ့”

ကိုပြူး ထိုသို့ပြောပြီး လဲကြနေသော မောင်လုံးဆီကိုပြေးသွားကာမောင်လုံးကိုပွေ့ထူလိုက်သည်။

“မောင်လုံး မောင်လုံး ဟေ့ကောင်မောင်လုံး”

ကိုပြူး မောင်လုံး၏ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်းကိုင်လှုပ်လိုက်တော့ မောင်လုံး တအင်းအင်းညည်းညူပြီး မျက်လုံးပွင်လာသည်။ထိုအခါ ကိုပြူးက

“မောင်လုံး သတိထားစမ်းပါဦးကွ မင်းတို့ဘယ်လိုဖြစ်တာတုန်း”

“တစ္ဆေမကြီးဗျာ့ တစ္ဆေမကြီး ကျုပ်ခြေထောက်ကို ဆွဲသွားတာတစ္ဆေမကြီးဗျာ့”

မောင်လုံး ကြောက်ကြောက်လန့်လန့်ပြောရင်း ကိုပြူးကို ကြည့်နေသည် ထိုအခါကိုပြူးက

“မောင်းလုံး သတိထားလေကွာ ငါတို့ရောက်လာပြီပဲ မင်းဘာမှမဖြစ်တော့ဘူး”

ကိုပြူးထိုသို့ပြောလိုက်တော့ မောင်လုံးက

“ကျုပ်ကြောက်တယ်ဗျာ့ ကျုပ်ခြေထောက်ကို တစ္ဆေမကြီးတစ်ကောင်ဆွဲသွားတာ”

“ဟုတ်ပါတယ်ကွာ အဲဒီတစ္ဆေမကြီး ခုမရှိတော့တာပါဘူး ငါတို့လည်း ရောက်လာပြီပဲ”

ကပ္ပိယကြီးလည်း ထိုသို့ပြောပြီး သူ၏လွယ်အိပ်ထဲမှ ဆေးလုံးလေးတစ်လုံးကို ထုတ်ယူ၍ မောင်လုံးကိုတိုက်လိုက်သည်။ထိုအခါ မောင်လုံးလည်း အတန်ငယ်စိတ်ညိမ်သွားပြီး

“ကျုပ်ခြေထောက်ကို တစ္ဆေမကြီးတစ်ကောင် ဆွဲသွားတာဗျာ့ မြူခိုးတွေပျောက်သွားတဲ့အချိန် သူ့ကိုမြင်လိုက်ရတယ် ကျုပ်လည်းသူကိုမြင်ပြီး မကြာခင် သတိလစ်သွားတယ်ထင်တာပဲဗျာ ဘာကိုမှမသိတော့ဘူ”

“အေးပါကွာ ငါတို့နားလည်ပါတယ် အခုမြင့်ဆောင်ကိုမတွေ့သေးဘူးကွ ဒီကောင် မင်းနောက်လိုက်သွားရင်း ဘယ်ရောက်နေမှန်းမသိဘူး”

ကိုပြူး ထိုသို့ပြောရင်း အနီးအနားဝန်းကျင်ကို ကြည့်လိုက်သည် ထိုအခါ ကိုမြင့်ဆောင် ပါးစပ်ထဲထွက်ကြလာတဲ့ သွေးကွက်မြင်လိုက်ရပြီး

“မောင်လုံး မင်းဘာဖြစ်သွားသေးတုန်းကွ ဒါမင်းကိုပေါ်ကထွက်တဲ့ သွေကွက်လား”

ကိုပြူး ထိုသို့မေးလိုက်တော့ မောင်လုံးသူ့ ခန္ဓာကိုယ် အနှံ့ကိုစမ်းသပ်ကြည့်လိုက်ပြီး

“မဟုတ်ဘူးဗျာ့ ဒါကျုပ်ခန္ဓာကိုယ်က ထွက်တဲ့သွေးကွက်မဟုတ်ဘူး”

“ဒါဆို ဒါမြင့်ဆောင်ဆီကထွက်တဲ့ သွေးကွက်ပဲဖြစ်ရမယ်ကွ ဒီကောင်ဒီနား ရောက်ခဲ့ပုံပဲ”

“ဟုတ်လားဗျာ့ ကျုပ်လည်း တချိန်လုံး သတိလစ်နေတော့ ဒီနားကိုတောင် ဘယ်လိုရောက်နေမှန်းမသိဘူး”

မောင်းလုံးတ‌စ်ယောက် သူ့ခြေထောက်ကိုကိုင်ဆွဲသွားသော တစ္ဆေမကြီးကိုမြင်လိုက်ရပြီး မကြာခင် သတိလစ်သွားချင်းဖြစ်သည် ဒီနေရာကိုရောက်နေမှန်းလည်းသူမသိ နောက်ပြီး ကိုမြင့်ဆောင်ဒီနေရာသို့ ရောက်လာခဲ့ပြီး တစ္ဆေသရဲများနှင့်ကြုံတွေ့သွားတာကိုလည်းမသိပဲ ကိုမြင့်ဆောင်ကို ဆံဖြူအဖွားအိုခေါ်သွားတာကိုလည်းမသိလိုက်ပေ ထိုအဖြစ်အပျက်တွေဖြစ်ပျက်နေသည့် တစ်လျှောက်လုံးသတိလစ်မေ့မြောနေခြင်းဖြစ်ပြီး ယခုကိုပြူးတို့ရောက်လာမှ သတိပြန်ရလာခြင်းဖြစ်သည်။ သူလည်း သူ့ဘေးမှသွေကွက်ကြီးကိုကြည့်ပြီး ကိုမြင့်ဆောင်အတွက် စိတ်မကောင်း ဖြစ်နေမိသည်။ဒါပေမဲ့ သူလည်း ယခုအချိန်ထိအောင် ကြောက်လန့်စိတ်ကမပြေ‌သေး ထိုအချိန် ကိုပြူးက

“မြင့်ဆောင် ဟေ့ကောင် မြင့်ဆောင် မင်းဘယ်ရောက်နေတာတုန်းကွ ငါတို့ဒီကိုရောက်နေပြီလေကွာ”

ကိုပြူးလည်း အနီးနားမှာ ကိုမြင့်ဆောင်ရှိလိုရှိညား အော်ခေါ်ကြည့်လိုက်သည် ဒါပေမဲ့ မည်သည့်တုန့်ပြန်သံကိုမှမကြားရ၍

“ကပ္ပိယကြီး ဘယ်လိုလုပ်မတုန်းဗျာ့ မြင့်ဆောင် တခုခုဖြစ်နေပြီထင်တယ်”

“အေးကွ ဒို့ဒီနားလိုက်ရှာကြည့်ရအောင် တစ်နေရာရာမှာ သတိလစ်မေ့မြောနေတာလားမသိဘူး မတွေ့မှပဲ နောက်တစ်နေရာ ပျောင်းရှာတာပေါ့”

ကပ္ပိယကြီးလည်း သွေးကွက်တွေ့သည့် နေရာအနီးအနား၌ပင် ကိုမြင့်ဆောင်ရှိနိုင်သည်ထင်ပြီး ထိုနေရာအနီးအနားတစ်ဝိုက် ရွာပျက်ကြီးထဲပါမကျန် အကုန်လိုက်ရှာကြည့်ကြသည်။သို့သော် ကိုမြင့်ဆောင်၏ အရိပ်ရောင်ကိုမျှမတွေ့ရပဲ တဖြည်းဖြည်း မိုးပင်လင်းလာပြီဖြစ်သည်။ထိုအချိန် ရောက်တော့ ကပ္ပိယကြီးက

“ငပြူး ဒို့ဒီအတိုင်း ဆက်ရှာနေလို့တော့ မဖြစ်ဘူးကွ မောင်လုံးကိုရွာအရင်ပြန်ပို့မှဖြစ်မယ် နောက်ပြီးမှ ထပ်လာကြတာပေါ့”

ကပ္ပိယကြီးလည်း မောင်လုံးကိုကြည့်ကာ ပြောလိုက်ချင်းဖြစ်ပြီး မောင်လုံး၏ခန္ဓာကိုယ်အနှံ့ တရွတ်တိုက်ဆွဲခေါ်ခံရသော ဒါဏ်ရာတို့ကြောင့် အရေပြားများစုတ်ပြတ်ကာ သွေးချင်းချင်းနီနေသည်။ထိုဒါဏ်များဖြင့် ကိုမြင့်ဆောင်ကို ဆက်ရှာနေပါက မောင်လုံးကိုမငှဲ့ညှာရာကြမည်ဖြစ်ပြီး ကိုပြူးကလည်း

“အေးဗျာ ဒါဆိုလည်း မောင်လုံးကို အရင်လိုက်ပို့ ကြတာပေါ့ ဒါပေမဲ့ မြင့်ဆောင်ကိုတော့မတွေ့ တွေ့အောင်ရှာမှဖြစ်မယ်ဗျာ့ ကျုပ်သူ့ကို့ မတွေ့ချင်း ရွာမပြန်သေးဘူး”

“အေးပါကွာ ငါးလည်းမင်းလိုပဲ မြင့်ဆောင်ကိုမတွေ့ တွေ့အောင်ရှာမှာပါ ဒါပေမဲ့ အခုတော့ မောင်လုံးကို အရင်လိုက်ပို့ လိုက်ကြရအောင်”

ကပ္ပိယကြီး ထိုသို့ပြောပြီး ထိုင်ရာမှာထလိုက်သည် ထိုအခါ သူနဲ့မောင်လုံးလည်း ကပ္ပိယကြီးနောက်မှ ထရပ်လိုက်ကြပြီး မောင်လုံးကိုပြန်ပို့ရန် ရွာနက်ကြီးဘက်သို့ ထွက်ခဲ့လိုက်တော့သည်။

အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်

 

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး