လောကငရဲ

ဆက်သွယ်ခဲ့သည်။

စာပို့ခဲ့သည်။ လူအများကို အသိပေးထားသည့် ကိစ္စဖြစ်သည့်အတွက် ယခုကဲ့သို့ဖြစ်သွားသည့်အတွက် သူမအရှက်ကွဲရုံမျှအပ ဘာတစ်ခုမှမတတ်နိုင်။

ထိုည၌အခန်းကျဉ်းလေးထဲ၌ သူမအားရအောင်ငိုပစ်သည်။ အသံများပင်မထွက်နိုင်သည်အထိငိုသည်။ မိဘနှင့်အပေါင်းအဖော်တို့ကအားပေးချော့မော့သည့်တိုင် သူမအငိုမရပ်နိုင်သေး။ နာနာကျဉ်းကျဉ်း သူမှမုန်းပစ်လိုက်ချင်သည်။ သို့သော် ဘယ်လိုမှမမုန်းခဲ့နိုင်။ မနာကျည်းခဲ့နိုင်။ သူ့အပေါ် ချစ်သည့်အချစ်တို့ တစက်ကလေးမှ မလျော့ခဲ့နိုင်။ အဆက်အသွယ်မလုပ်သည့်တိုင် သူမအားလို့နေမှာ ဟုသာ သူမဖြေသိမ့်ခဲ့သည်။ ညစဉ်ညတိုင်း သူ့ဆီမှ စာတစ်လေးတစ်စောင်များပို့လေမလား၊ဖုန်းလေးတစ်ကောများခေါ်လေမလားဆိုပြီး အိပ်မရအောင်မျှော်နေခဲ့မိသည်။ တရေးလန့်နိုးတိုင်း စာများပို့ထားလေမလား ဟူသောအတွေးကြောင့် ဖုန်းစရင်ကိုဖွင့်ဖွင့်ကြည့်နေခဲ့မိသည်။ ညပေါင်းများစွာ အလွမ်းစခန်းဖွင့်ခဲ့ရသည်။

ဖုန်းစခရင်ထက်မှ သူ့ပုံလေးကိုကြည့်ပြီး ပါးပြင်မှပူနွေးသောမျက်ရည်စတို့ လှိမ့်ကျခဲ့ဖူးသည်။ သူဘယ်သူတွေနှင့်များ စာတွေပို့၊ဖုန်းတွေပြောနေမလဲဆိုပြီး အတွေးလွန်ခဲ့ဖူးသည်။ ဆုံဆည်းခွင့်မပေးခဲ့သော ကံတရားကြီးကိုသာ သူမအပြစ်တင်မိသည်။ ချစ်ဖို့ရန်လွယ်သည်။ မေ့ပစ်ဖို့ရန်ခက်သည်။ သူ့ရဲ့ဥပေက္ခာတရားကြီး၏ ဒဏ်က ပိုခံစားရခက်သည်။ မီးစိမ်းလေးမြင်နေရက်နဲ့ ဘာမှလုပ်ခွင့်မရတော့သည့် အပါယ်ခံလူတစ်ယောက်၏ ဘဝသည်ကား အရှင်လတ်လတ်ငရဲကျခြင်းတည်း။
ချစ်တတ်ခဲ့ပြီးမှ နေရစ်ခဲ့တတ်အောင် သူမသင်ယူရပေဦးမည်။ သူ့စောင့်မျှော်နေခဲ့သောမီးစိမ်းလေးသည် နာရီဝက်အကြာ၌ 11 min ago ဆိုပြီးပေါ်နေ၏။ သူမပါးပြင်ထက်မှ မျက်ရည်စတို့လည်းခမ်းခြောက်စပြုပြီ။ မတူညီသောအချစ်တို့၏ လမ်းခရီးသည်ကား မဖြောင့်ဖြူးနိုင်မှန်း သူမသဘောမပေါက်သေးချေ။ ဆက်ပြီးသူစိမ်းတစ်ယောက်၏ မီးစိမ်းလေးထိုင်ကြည့်ဖို့ သူမနေ့တိုင်းဘေလ်ဖြည့်နေဦးမည်။….။

# ခွန်း