အရူးမကြီးဒေါ်ပု

အဲ,ဒီလိုနဲ့တစ်နေ့ရောက်တော့ အရူးမကြီးဒေါ်ပုရဲ့သတင်းဆိုးကို စကြားလိုက်ရတယ်ဗျ။
အဲဒီတုန်းကဆောင်းတွင်းတုန်း ဖြစ်မယ်ဗျ၊ကျွန်တော်လည်းသေချာ တော့မမှတ်မိတော့ပါဘူး။

ဘာလဲဆိုတော့ အသက်၆၀ကျော်၇၀နီးပါးရှိနေတဲ့ အရူးမကြီးဒေါ်ပုကို ဘုရားစေတီးကြားထဲမှာအမျိုးသား တစ်စုကရက်ရက်စက်စက် ရို.က်နှက်ပြီး ကိုယ့်အမေအရွယ်ကြီးကို စော်ကားကြတယ်တဲ့ဗျာ။

ဘုရားအနားမှာနေတဲ့လူတွေကလည်း အရူးမကြီးဒေါ်ပုရဲ့အော်သံကြားပေမယ့် ဘယ်သူကမှထွက်မပြောရဲ၊ဘယ်သူကမှ ရင်မဆိုင်ရဲတော့အရူးမကြီးဒေါ်ပုခင်မျာ တဏှာရူးလူတစ်စုရဲ့အဓမ္မပြုကျင့်မှုကို ခံစားခဲ့ရတာပေါ့ဗျာ။

အရူးကိုတောင်အလွတ်မပေးပဲ ပိုးစိုးပက်စက်တဏှာရူးတဲ့လူတွေလည်း လောကကြီးမှာရှိသေးပါလားလို့ တွေးပြီးဒေါ်ပုအတွက်စိတ်မကောင်း ဖြစ်မိတာပေါ့ဗျာ။

ဟုတ်မဟုတ်တော့ သေချာမသိပေမယ့် တချို့လူတွေပြောကြတာကတော့ အရူးမကြီးဒေါ်ပုခင်မျာ အဲသလိုပြုကျင့် ခံရပြီးမြစ်ဆိပ်ထဲမှာခါးအောက်ပိုင်းကို ရေတောင်စိမ်ပြီးနေရတယ်တဲ့။

ဘယ်လောက်တောင်နာကျင်ခံစားရမလဲ ဆိုတာစဥ်းစားသာကြည့်ပေါ့ဗျာ အသက်၆၀ကျော်၇၀အရွယ် အရိုးပေါ်အရေတင်နေတဲ့ခန္ဓာကိုယ် ပိုင်ရှင်ဒေါ်ပုကိုမှရို.က်နှက်ပြီး စော်ကားရက်လေခြင်းဗျာ။

တွေးမိတိုင်းဒေါသဖြစ်မိတာ အကြိမ်ကြိမ်ပါပဲ။
ဘယ်လိုပဲပြောပြော အရူးမကြီးဒေါ်ပုရဲ့ ဝဋ်ကြွေးကကုန်ရမယ့်နေ့ရောက်လာပြီလို့ဆိုရမှာပါပဲ။

ဘာကြောင့်လဲဆိုတော့ ဒီလိုအဖြစ်တွေဖြစ်ပြီးသိပ်မကြာခင်မှာပဲ အရူးမကြီးဒေါ်ပုဟာ လူ့လောကကြီးထဲကနေအပြီးတိုင် ထွက်ခွာသွားလို့ပဲဖြစ်ပါတယ်။

ဒေါ်ပုရေ ဖြစ်လေရာဘဝဆက်တိုင်းမှာ ဒီလိုအဖြစ်ဆိုးနဲ့မကြုံပါစေနဲ့လို့ ရင်ထဲကနေလှိုက်လှိုက်လှဲလှဲဆုတောင်း ပေးလိုက်ပါတယ်ဗျာ။

ကျွန်တော်အခု​ရေးသားခဲ့တဲ့ ဇာတ်လမ်းလေးကလုပ်ကြံပြီး ရေးသားထားခြင်းမဟုတ်ပါ။
အမှန်တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုသာဖြစ်ပါတယ် သို့ပေမယ့်ကာယကံရှင်ရဲ့နာမည်ကိုတော့လွှဲပြောင်းရေးသားထားပါတယ်။

စာဖတ်သူအားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 2024.10.18 အောင်ဓူဝံ