ဥစ္စာစောင့်

တည်းလျှောင်သွားရင်းနဲ့ တွေ့ခဲ့တာကွ”

“ကဲဗျာ အဲ့ဒါဆိုလည်း ကျုပ်ညနေရွာကိုပြန်လာခဲ့မယ် အဲ့ဒီအခါကြမှပဲ တစ်ခုခုကြည့်လုပ်ကြတာပေါ့ အခု‌တော့လုပ်စရာရှိတာလေးတွေ လုပ်လိုက်ဦးမယ်”

ကိုမြင့်ဆောင်ထိုသို့ပြောလိုက်တော့

“အေးကွာ အဲ့ဒါဆိုလဲ ငါပြန်လိုက်ဦးမယ် ညနေကြရင်တော့ မင်းလာဖြစ်အောင်လာခဲ့နော့် တော်ကြာတစ်ခုခုထပ်ဖြစ်နေမှာဆိုးလို့”

ကိုလှမောင် သေချာအောင်ထပ်မှာလိုက်ပြီး ရွာကိုပြန်ခဲ့လိုက်‌ေတာ့သည်။

ကိုလှမောင် ပြန်သွားတာနဲ့ ကိုမြင့်ဆောင်လည်း လုပ်စရာရှိတာ‌ေတွကို ဆက်လုပ်နေလိုက်သည်။

ဒီလိုနဲ့ ညနေပိုင်းနေဝင်ခါနီး အချိန်ရောက်တော့ ကိုမြင့်ဆောင် ဖိုးခေါင်ကြီးနေတဲ့ ဥနှဲပင်ကြီဆီကိုသွားလိုက်ပြီး
သူဒီညရွာပြန်မည့်အကြောင်းကို ဖိုးခေါင်ကြီးကို ပြောပြလိုက်တယ် ဖိုးခေါင်ကြီးကတော့သူ့ထုံးစံအတိုင်း သူသိသည်ဆိုတဲ့အကြောင်းကို သစ်ရွက်တွေကို တဖျောဖျောမြည်အောင် လှုပ်ပြသည်။

ဒီလိုနဲ့ ကိုမြင့်ဆောင်ရွာရောက်တော့ ဦးဘိုးခင်အိမ်ကို မသွား‌ေသးပဲ ရွာအနောက်ဘက် လမ်းအခန့်သင့်သည့်ကိုလှမောင်အိမ်ကို အရင်ဝင်လိုက်တယ်

ကိုလှမောင်က သူ့ကိုမြင်တော့

“ဟ မြင့်ဆောင် ရောက်လာပြီလားကွ ငါ မင်းလာမှလာပါ့မလားလို့ စိတ်ပူနေတာ အခုမှပဲစိတ်အေးသွားတော့တယ် လာထိုင်ဦး”

ကိုမြင့်ဆောင် ကိုလှမောင်၏ အိမ်တန်းလျှားပေါ် ဝင်ထိုင်ရင်း

“ကိုယ့်ရွာကိစ္စပဲဗျာ မလာပဲနေပါ့မလား”

“အေးကွာ မင်းထမင်းရောစားပြီးပြီလား ငါ့အိမ်မှာပဲ စားလိုက်လေကွာ”

“ကျုပ်စားခဲ့ပြီးပါပြီး ဒါနဲ့ သရဲကိုတွေ့ခဲ့တဲ့နေရာက ဘယ်နေရာတုန်းဗျ ကျုပ်တဲမှာတုန်းက အဲ့ဒါကို မမေးလိုက်မိဘူး”

“ငတူးကတော့ ဦးသာရင် အိမ်ဝိုင်းထောင့်က သရက်ပင်နားမှာတွေ့တာ ထွန်းညိုကတော့ ဦးသာရင်အိမ်ခေါင်ရင်းလမ်းကနေ ရွာတောင်ဘက်လမ်းကို လာနေတာမြင်လို့ လမ်းထိပ်ကစောင့်နေရင်း တွေ့လိုက်တာတဲ့ကွ”

“ဒါဆိုဒီည အဲ့ဒီလမ်းကပဲစောင့်နေရင် ကောင်းမလားမသိဘူး”

“ငါ့အထင်ပြောရရင် တကူးတက စောင့်နေစရာမလိုဘူးကွ”

“ဟုတ်လား ဘာဖြစ်လို့တုန်းဗျ ‌ပြောပါဦး”

“ဒီလိုကွာ ငတူးတွေ့ခဲ့တာလည်း ဦးသာရင်သရက်ပင်နားမှာ ထွန်းညိုတွေ့တာကလည်း အဲ့ဒီသရက်ပင်ရှိတဲ့ လမ်းကနေပြီးလာနေလို့‌ ‌ေတွ့ခဲ့တာ နောက်ပြီးငါတို့သူခိုးလို့ထင်ပြီး လိုက်တုန်းကလည်း အဲ့ဒီသရက်ပင်နားရောက်တော့ ပျောက်သွားတာကွ”

“ဒါဆို ခင်ဗျား ပြောချင်တာက အဲ့ဒီသရက်ပင်မှာနေတယ်လို့ ပြောချင်တာလား”

“အေး ဟုတ်တယ်ကွ ငါကတော့ အဲ့ဒီသရက်ပင်ကို စောင့်ကြည်ချင်တယ် မင်းရော ဘယ်လိုထင်တုန်း”

“အဲဒါဆိုလဲ ခင်ဗျားပြောတဲ့အတိုင်းပဲ အဲ့ဒီသရက်ပင်ကိုပဲ စောင့်ကြည့် ကြည့်တာပေါ့”

သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ ရွာထဲမှ လူလေးငါးရောက်နှင့်အတူ ကိုလှသောင်း သူတို့ဆီကို ရောက်လာပြီး

“ဟ မြင့်ဆောင် ရောက်လာပြီလားကွ”

“အေးဗျာ ဒါနဲ့ ခင်ဗျားတို့ ကျုပ်နဲ့လိုက်ခဲ့ဖို့ ‌ေရာက်လာတာများလား”

“အေးလေကွာ ငါရောဒီကောင်တွေရော ဒီည မင်းနဲ့အတူလိုက်ခဲ့ဖို့ ရောက်လာတာ”

‌ကိုလှသောင်း ထိုသို့ ပြောလိုက်တော့ ကိုမြင့်ဆောင် သေချာစဉ်းစားကြည့်လိုက်ပြီး ကိုလှမောင်ကို မေးလိုက်သည်။

“ကိုလှမောင် အဲဒီသရဲမကို ဘယ်အချိန်တွေမှာ တွေ့ရတတ်တာလဲဗျ”

“ဟို‌ကောင်တွေ တွေ့ခဲ့တာတော့ ဆယ့်နှစ်နာရီ နောက်ပိုင်းပဲကွ ဘာဖြစ်လို့တုန်း”

“အဲ့ဒါဆို အဲဒီသရဲမ ရွာထဲကိုရောက်နေတာ လူတွေကိုဒုက္ခပေးချင်လို့ မဟုတ်လောက်ဘူးဗျ ဒါပေမဲ့ တစ်ခုခုတော့ ဖြစ်ချင်နေပုံပဲ”

ကိုမြင့်ဆောင်ပြောတာကို ကိုလှမောင်သဘောမပေါက် ဒါကြောင့်

“မင်းဆိုလိုတာကို သဘောမပေါက်ဘူးကွာ ရှင်းရှင်းလင်းလင်းသိအောင် ပြောစမ်းပါဦး”

ကိုလှမောင် ထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင် သူထင်မြင်မိတာကို ပြောလိုက်သည်

“ဒီလိုဗျ သူသာ ရွာကိုဒုက္ခပေးချင်တယ်ဆိုရင် အဲ့ဒီလို လူခြေတိတ်ချိန်ကြမှ ထွက်မှာမဟုတ်ဘူးဗျ ဒါပေမဲ့ ဒီလိုလူခြေတိတ်ချိန်ကြမှ အပြင်ကိုထွက်လာတာလည်း
အကြောင်းတစ်ခုခုတော့ရှိရမယ် အဲ့ဒါကို ဒီည ကျုပ်သိအောင်မေးကြည့်မယ် ဒါပေမဲ့ ခင်ဗျားတို့လိုက်ခဲ့လို့တော့ မဖြစ်ဘူးဗျ”

“ဘာဖြစ်လို့တုန်းကွ မြင့်ဆောင်ရ”

ကိုလှသောင်း ထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင် ပြန်ရှင်းပြရပြန်သည်

“ဒီလိုဗျာ ခင်ဗျားတို့ပါလိုက်လာရင် သူထွက်လာမှာ မဟုတ်တော့ဘူး ဒါဆို သူဘာကြောင့်ရွာထဲရောက်နေတယ်ဆိုတာ ကျုပ်လည်းသိရမှာ မဟုတ်တော့ဘူဗျ”၀0

“အေးကွာ အဲ့ဒါဆိုလဲ ငါတို့လိုက်မနေတော့ဘူး မင်းပြောသလို ဒို့ကိုမြင်ပြီးသူမထွက်လာရင် ရွာထဲမှာအကြာကြီးဆက်ရှိနေမှာဆိုးရတယ်ကွ ဒါပေမဲ့ မင်းတစ်ယောက်ထဲရော ဖြစ်ပါ့မလား”

ကိုလှသောင်းထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင်က

“ရတယ် ကျုပ်အတွက်တော့ စိတ်မပူနဲ့”

“အေးကွာ ဒါဆိုရင်လဲ မင်းလိုအပ်တာပြော ငါတို့ဘာလုပ်ပေးရမလဲ အချိန်ရှိတုန်းလေး စော‌စောစီးစီး ကြိုလုပ်ထားရအောင်လို့ တော်ကြာဒီထက်မှောင်လာရင် ရွာထဲသိပ်မသွားရဲတော့ဘူး”

“ရတယ် ကိုလှမောင် ကျုပ်အတွက် ဘာမှမလိုအပ်ပါဘူး ဒါနဲ့ ဒီည ရွာထဲကလူတွေကို ရွာထဲလျှောက်မသွားဖို့ သတိပေးထားသငိ့တယ်ဗျ”

ကိုမြင့်ဆောင် ထိုသို့ ပြောလိုက်တော့ ကိုလှသောင်းက

“ရွာထဲလျှောက်သွားဖို့ နေနေသာသာ အိပ်အောက်တောင်မဆင်းရဲကြပါဘူးကွာ ဒီကောင်တွေတောင် ငါအရက်တိုက်မယ်ပြောပြီး မနည်းခေါ်ခဲ့ရတာ”

ကိုမြင့်ဆောင် ကိုလှသောင်းခေါ်လာသူများကို ပြူံပြီးကြည့်လိုက်တယ်

ထို့နောက် သူနှင့်သိကျွမ်းပြီးသား ထိုသူများနှင့် ရောက်တက်ရာရာစကားများ ပြောဆိုနေလိုက်ပြီး သရဲမထွက်လာမည့် အချိန်ကို စောင့်နေလိုက်သည်။

ထိုသို့ သူတို့ဝိုင်းဖွဲ့စကားပြောနေရင်း ဆယ်တစ်နာရီထိုးလောက်ကြတော့ ကိုလှသောင်းနှင့်ပါလာသော ရွာထဲမှလူများ ကိုလှမောင်အိမ်ရှိ တန်းလျှားများပေါ်တွင် အသီးသီး အိပ်နေကြ‌ေတာ့သည်။ ကိုမြင့်‌ဆောင် ကိုလှမောင်နှင့်ကိုလှသောင်းတို့ သုံးရောက်သာ စကားဆက်ပြောနေကြပြီး ခွေးဟောင်သံကို နားစွင့်နေကြသည်။

“မြင့်ဆောင် မင်းတစ်ယောက်ထဲသွားလို့ ဖြစ်ပါ့မလားကွ တော်ကြာတစ်ခုခုဖြစ်ရင် ကူညီလို့ရအောင် ငါတို့နှစ်ယောက် မင်းနဲ့လိုက်ခဲ့မယ်”

ကိုလှမောင် ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

“ရပါတယ် ကိုလှမောင်ရ သရဲတစ္ဆေသာမှန်ရင် ကျုပ်အတွက် ဘာပြဿနာမှ မရှိပါဘူး”

“သရဲတစ္ဆေ ဆိုတာကတော့ အမှန်ပဲကွ ရွာကလူတွေ
ညဘက် အပြင်မထွက်ရဲကြပေမဲ့ ဘာပစ္စည်းမှ ပျောက်သံမကြားရဘူး”

“အဲ့ဒါဆို ကျုပ်အတွက် ခင်ဗျားတို့ဘာမှမပူနဲ့ ဒီမှာပဲအေးအေးဆေးဆေးနေပြီး ကျုပ်ပြန်လာမယ့် အချိန်ကိုစောင့်နေ နောက်ကတော့ မလိုက်ခဲ့ကြနဲ့နော့်”

“အေးပါကွာ ငါတို့ကလည်း မင်းအတွက်စိတ်ပူလို့ ပြောတာပါ မင်းကမလိုက်နဲ့ဆိုတော့ ဒို့အတွက် ပိုကောင်းသွားတာပေါ့”

သူတို့သုံးယောက် စကားပြောနေစဉ်မှာပဲ ရွာထဲမှ ခွေးဟောင်သံများကိုကြားလိုက်ရပြီး

“မြင့်ဆောင် သရဲမတော့ထွက်လာပြီကွ ဒါသူ့ကိုမြင်လို့ ခွေးတွေဟောင်တဲ့အသံပဲ”

ကိုလှ‌မောင် ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က

“ဒါဆိုလဲ ကျုပ်သွားကြည့်လိုက်ဦးမယ်ဗျာ”

ပြောပြောဆိုဆို ကိုမြင့်ဆောင် လေးဂွလွယ်အိပ်ကိုလွယ်ကာ ကိုလှမောင်အိမ်မှ ထွက်ခဲ့လိုက်သည်။

(၃)

ကိုမြင့်ဆောင် ရွာလည်လမ်းအတိုင်း ဦးသာရင်၏ သရက်ပင်ဆီကို ခပ်သွက်သွက်လျှောက်လာလိုက်သည်

သူထိုသရက်ပင်နားရောက်‌တော့ သူရှေ့ခပ်လှမ်းလှမ်းမှ တရွေ့ရွေ့ လွင့်မျောနေသောလူတစ်ယောက် မိန်းမတစ်ယောက်ပုံစံမျိုးဖြစ်သည် ကိုမြင့်ဆောင် ထိုမိန်းမနောက်ကို ပိုပြီးမြန်မြန်လိုက်ခဲ့လိုက်တယ် ထို့‌ေနာက် ထိုမိန်းမနားသို့‌ေရာက်ရန် ဆယ်ပေဆယ့်ငါးပေခန့်အလိုလောက်မှနေပြီး

“ဒီမှာ ရပ်လိုက်စမ်း မင်းဘယ်သူလဲ ဒီအချိန်ကြီး လမ်းပေါ်ထွက်ပြီး ဘာလုပ်နေတာလဲ”

ကိုမြင့်ဆောင် မေးလိုက်သည့်အသံကြောင့် ထိုသူ ရှေ့ဆက်မသွားပဲ ရပ်နေလိုက်သည် ထိုသို့ရပ်နေပြီး
နောက်သို့လှည့်မကြည့်ပဲ ကိုမြင့်ဆောင်ကို ပြန်မေးလိုက်သည်

“ရှင် ကျမကို မကြောက်ဘူးလား”

ရုတ်တရက် ကိုမြင့်ဆောင် ထိုအသံကိုကောင်းကောင်း နားမလည် ထိုအမျိုးသမီ၏ အသံသည် ပါးစပ်ကိုတခုခုဖြင့်ပိတ်ပြီးပြောနေသည့် အသံမျိုးဖြစ်နေသည်
ဒါကြောင့်သူ ထိုအမျိုးသမီးကို ထပ်ပြီးမေးလိုက်သည်

“မင်း ဘာပြောတာလဲ ငါနားမလည်ဘူး”

“ရှင် ကျမကို မကြောက်ဘူးလားလို့ မေးနေတာ”

ထိုအခါမှသူ ထိုအမျိုးသမီးပြောတာကို နည်းနည်းနားလည်လာပြီး

“ဘာကြောင့် ငါကမင်းကို ကြောက်ရမှာလဲ”

“ကျွန်မ တွေ့ခဲ့တဲ့ ရှင်တို့ရွာသားနှစ်ယောက်ကတော့ ကျွန်မ မျက်နှာကိုမြင်တာနဲ့ လန့်ပြေးတာပဲ ရှင်လဲအဲ့ဒီလိုပဲ နေမှာပါ”

“မင်းမျက်နှာက တော်တော်ကြောက်စရာ ကောင်းနေလို့လား”

“အဲ့ဒါကတော့ ရှင်ကျမမျက်နှာကိုမြင်ရင် သိမှာပေါ့”

ထိုသို့ပြောပြီး သူ့မျက်နှာကို ကိုမြင့်ဆောင်ဘက်ကို တဖြည်းဖြည်း လှည့်လိုက်သည် ကိုမြင့်ဆောင် ထိုအမျိုးသမီး၏ မျက်နှာကိုမြင်လိုက်တော့ လန့်ဖြတ်မသွားပါ ထိုထက်အရုပ်ဆိုးသော တစ္ဆေသရဲများကိုပင် သူမြင်ဘူးတွေ့ဘူးသူဖြစ်သည် ဒါပေမဲ့ ရိုးရိုးသာမန်လူများ အဖို့တော့ ထိုအမျိုးသမီး၏မျက်နှာကိုမြင်ယုံဖြင့် ထိတ်လန့်ကြောက်ရွံ့ကြမည်မှာသေချာသည်

ကိုမြင့်ဆောင် ထိုအမျိုးသမီးမျက်နှာကို သေချာကြည့်လိုက်သည် ထိုအမျိုးသမီး၏မျက်နှာကို အရေပြားတစ်ခုဖြင့် ဖုန်းအုပ်ခံထားရခြင်းဖြစ်သည် ရုတ်တရက်ကြည့်မည်ဆိုလျှင်တော့ မသိသာနိုင် လာမျှမပါသည့် ပြောင်ချောမျက်နှာကြီးလိုဖြစ်နေသည် သေသေချာချာ ကြည့်လိုက်ရင်တော့ ထိုအရေပြားအောက်၌ သူ၏နဂိုမျက်နှာရှိနေသေးသည်ကို ခန့်မှန်းလို့ရနိုင်သည်

ကိုမြင့်ဆောင် ထိုအမျိုးသမီး၏မျာက်နှာကို အကဲခတ်ကြည့်နေရင်း သူဒီရွာထဲဘာကြောင့်ရောက်နေသည်ကိုမေးလိုက်သည်

“မင်း ဒီရွာထဲကို ဘာလာလုပ်တာလဲ ဒီရွာလူတွေကိုလူတွေကို ဒုက္ခပေးဖို့ ရောက်လာတာမဟုတ်လား”

“ကျွန်မ ဒီရွာကလူတွေကို ဒုက္ခပေးဖို့ရောက်လာတာ မဟုတ်ပါဘူး”

“ဒါဖြင့် မင်းက ဒီရွာကိုဘာရည်ရွယ်ချက်နဲ့များ ရောက်လာတာတုန်း”

“ကျွန်မ ဒီရွာထဲကို ကျောက်အိုးချောင်းရေစီးနဲ့ မျောပါပြီး ရောက်လာတာပါ”

ကိုမြင့်ဆောင် ဘာမျှမပြောသေးပဲ အတန်ကြာ စဉ်းစားလိုက်ပြီး

“မင်းကို ကြည့်ရတာ သရဲတစ္ဆေတစ်ကောင်တော့ မဖြစ်နိုင်ဘူး ဒါပေမဲ့လူလည်းမဟုတ်ဘူး မင်းဘာလဲဆိုတာ ငါ့ကို ပြောပြစမ်းပါ”

ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ ထိုအမျိုးသမီးက
ပြန်‌ဖြေလိုက်သည်

“ကျွန်မ ကျောက်အိုးချောင်းထဲမှာ‌ေနတဲ့ ဥုစ္စာစောင့်မတစ်ယောက်ပါ ကျောက်အိုးချောင်းရေကြီးတော့ ကျွန်မ ကိုပွားရုပ် ရေစီးနဲ့မျောပါပြီး ဒီရွာထဲကိုရောက်လာတာပါ”

“ဒါဆို မင်းဘာလို့မပြန်ပဲ ဒီရွာထည်းမှာ ဆက်နေနေတာလဲ”

“ကျွန်မ မပြန်နိုင်လို့ပေါ့ ကျွန်မကိုယ်ပွားရုပ် ရှိတဲ့နေရာကနေပြီး ဝေးဝေးလန်လန်မသွားနိုင်ဘူး ဒါကြောင့် ဒီရွာထဲမှာပဲ ဆက်နေနေရတာ”

“ဒါဆိုမင်း ဘယ်လိုလုပ်မှ မင်းနေတဲ့နေရာကို ပြန်‌နိုင်မှာ
လဲ”

“ကျွန်မကိုယ်ပွားရုပ်ကို ကျောက်အိုးချောင်းထဲ ပြန်ပို့လိုက်ရင် ကျွန်မလဲကိုယ့်နေရာကို ပြန်ရောက်သွားမှာပါ
အဲ့ဒီလို လုပ်ပေးဖို့ကိုလည်း ကျွန်မရွာထည်းထွက်ပြီး အကူအညီရှာနေရတာ ဒါပေမဲ့ သူတို့ကျွန်မကို မြင်တာနဲ့ ကြောက်လန့်တကြား ထွက်ပြေးကုန်တာပဲ”

ထိုဥုစ္စာစောင့်မ သူ ရွာထဲကို‌ေရာက်လာရခြင်းအကြောင်းကိုပြောပြလိုက်တော့ ကိုမြင့်ဆောင်က

“ကောင်းပြီလေ ငါမင်းကိုယ်စားရုပ်ကို ကျောက်အိုးချောင်းထဲ ပြန်ပို့ပေးပါမယ် ဒါပေမဲ့ ငါမသိလို့ မေးပါဦးမယ် မင်းမျက်နှာက ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ”

ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ ဥုစ္စာစောင့်မက
ပြုံးပြလိုက်သည် ထိုသို့သူမပြုံးမှန်းကို သူမျက်နှာပေါ်မှဖုံးအုပ်ထားသော အရေပြားတွန့်သွားတာကိုကြည့်ပြီး ကိုမြင့်ဆောင်သိလိုက်ခြင်းဖြစ်သည် ထို့နောက် သူ့မျက်နှာ
ဘာကြောင့် ဒီလိုဖြစ်နေတာကို ပြောပြလိုက်သည်။

“ဒါ သိုက်ချုပ်ဘိုးဘိုး ကျွန်မကို ဒဏ်ခတ်ထားတာပါ
ဟိုအရင်တုန်းက ကျောက်အိုးချောင်းကို ရောက်လာတဲ့
ယောက်ျားတွေက အခန့်သင့်လို့ ကျွန်မကိုမြင်သွားကြရင် စွဲလမ်းသွားကြတယ် အဲ့ဒီအတွက် သူတို့ဒုက္ခရောက်သွားကြတာပဲ”

“နေပါဦး သူတို့ကမင်းကို စွဲလမ်းမိရုံနဲ့ ဘယ်လိုများ ဒုက္ခရောက်သွားကြတုန်း”

ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့

“သူတို့ ကျွန်မမျက်နှာကိုမြင်ပြီး အဲ့ဒီလိုစွဲလမ်းသွားကြတော့ ကျွန်မရှိတဲ့ ကျောက်အိုးချောင်းကို အမြဲတမ်း လာလာနေကြတယ် သူတို့အဲ့ဒီလို အမြဲလာ‌‌ေနကြ‌ေတာ့ သိုက်စောင့်သရဲသဘက်တွေက ခြောက်လှန့်လွှတ်ကြ တယ် အဲ့ဒီလိုခြောက်လှန့်လွှတ်‌ေတာ့ ကျွန်မရှိတဲ့‌ေနရာကို မလာရဲတော့ဘူး ဒါပေမဲ့ သူတို့ရဲစွဲလမ်းစိတ်ကို မဖြတ်နိုင်ပဲ ရူးသွပ်သွားကြတယ်”

“ဒါနဲ့ နေပါဦး သူတို့အဲ့ဒီလိုရူးသွပ်သွားကြတာနဲ့ပဲ မင်းကိုဘာကြောင့် ဒဏ်ခတ်ရတာလဲ”

“ဒီလိုပါ သူတိုတွေ အဲဒီလိုရူးသွပ်သွားကြတော့ သိုက်ချုပ်ဘိုးဘိုး စိတ်မကောင်းဘူး ဒါနဲ့ပဲ ကျွန်မကိုနေက်ထပ်မတော်တဆ လူတွေတွေ့မြင်ခဲ့ရင် ဒီလိုစိတ်မကောင်းစရာတွေ ထပ်မဖြစ်အောင် ကျွန်မကို‌အ‌ေရပြားတစ်ခုနဲ့ ဖုံးအုပ်ပေးလိုက်တယ် အဲ့ဒီနောက်ပိုင်း ကျွန်မနဲ့ မတော်တဆတွေ့တဲ့ဘယ်သူမဆို ကြောက်လန့်ထွက်‌ပြေးကြတော့တာပါပဲ”

ကိုမြင့်ဆောင် ထိုဥုစ္စာစောင့်မ၏ စကားကို ပြီးဆုံးအောင်နားထောင်လိုက်ပြီး

“ဒါဆို မင်းကိုယ်စားအရုပ် ဘယ်မှာရှိတယ်ဆိုတာ ငါ့ကိုပြောပြ ငါ အဲ့ဒီအရုပ်ကိုယူပြီး မင်းနေရာကို ပြန်လိုက်ပို့ပေးမယ်”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ထိုဥုစ္စာစောင့်မက

“ကျေးဇူးတင်ပါရှင် ဒါနဲ့ ရှင့်နာမည် ဘယ်လိုခေါ်လဲ
ဆိုတာ ကျွန်မကိုပြောပြပါလား”

“ကျုပ်နာမည် မြင့်ဆောင်ပါ”

“ရှင်က အောက်လမ်းဆရာတစ်ယောက်တော့ မဟုတ်ပါဘူးနော်”

“ကျုပ် အောက်လမ်းလဲမဟုတ်ဘူး အထက်လမ်းလဲ မဟုတ်ဘူး ရိူရိုးသာမာန်လူတစ်ယောက်ပါ ဘာဖြစ်လို့လဲ”

“ရှင် ကျမကိုယ်စားအရုပ်ကို သွားပို့တဲ့အခါ ဘိုးဘိုးမြင်ပြီး ကျွန်မတို့သိုက်ကို ဒုက္ခပေးဖို့ရောက်လာတဲ့သူလို့ ထင်နေမှာဆိုးလို့ပါ ဘိုးဘိုးက ကျွန်မတို့နေရာကိုအောက်လမ်းဆရာတွေလာတာမကြိုက်ဘူးရှင့် ဒါပေမဲ့ ရှင်က သာမန်လူတစ်ယောက်ဆိုရင်တော့ ဘိုးဘိုးဘာဒုက္ခမှပေးမှာ မဟုတ်ပါဘူး”

“ကဲဗျာ ဒါဆိုရင်လဲ ခင်ဗျား ကိုယ်စားအရုပ် ဘယ်နေရာမှာ ရှိတယ်ဆိုတာသာကျုပ်ကိုပြော နောက်နေ့မနက် ကျုပ်ယူပြီး ခင်ဗျားနေတဲ့နေရာကိုသွားပြန်ပို့လိုက်မယ်”

“ကိုမြင့်ဆောင် ကျမကိုယ်စားအရုပ်က ဟိုသရက်ပင်‌အောက်က ငွေပန်းပင်ရုံလေးထဲမှာရှိတယ် နောက်ပြီး
ကျမ ကိုမြင့်ဆောင်ကို အကူအညီ တောင်းစရာတစ်ခုရှိသေးတယ်”

“ပြောပါ ကျုပ် ဘာများထပ်ကူညီပေးရမှာလဲ”

“ဒီလိုပါ ကျွန်မကိုယ်စားအရုပ်ကို ကိုမြင့်ဆောင် သွားပို့တဲအခါကြရင် အဲ့ဒီအရုပ်ကလေးရဲ့မျက်နှာမှာ ဘိုးဘိုးအစီအမံလုပ်ပြီး ဖုံးအုပ်ထားတဲ့အရာတွေကိုဖယ်ရှား‌ေပး‌ေပးဖို့ အကူအညီတောင်းချင်တာပါ”

“ရပါတယ် ကျုပ် ခများပြောတဲ့အတိုင်း လုပ်ပေးပါမယ်”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်ပေမဲ့ ထိုဥုစ္စာစောင့်မက
ဆက်ပြောလိုက်ပြန်သည်

“ဒါပေမဲ့ ရှင်က သာမာန်လူတစ်ယောက်ဆို့တော့ ဖယ်ရှားပေးဖို့ လွယ်မှာမဟုတ်ဘူး”

“ဘာဖြစ်လို့ မလွယ်ရတာလဲဗျာ့”

“အဲ့ဒီအရာတွေက အစီအမံနဲ့ လုပ်ထားတဲ့အရာတွေဆိုတော့ တော်ယုံလူဖြက်နိုင်မှာ မဟုတ်ဘူး တကယ်လို့မပြက်ပြက်အောင် ဖြက်မယ်ဆိုရင်လဲ အဲ့ဒီကိုယ်စားအရုပ်ရဲ့ မျက်နှာအတိုင်း ကျွန်မမျက်နှာကလည်း ပျက်စီးသွားရမှာပဲ”

“ဒါဆို ကျုပ်က ဘယ်လိုလုပ်ပေးရမှာလဲ”

“အဲ့ဒီ မျက်နှာပေါ်ကအရာတွေကို သူလိုလို ကွာကြသွားအောင်လုပ်နိုင်ဖို့လိုတယ် ဒါမှကျမမျက်နှာ မပျက်စီးမှာ”

“ကဲ အဲ့ဒီလိုဆို ကျုပ်မိတ်ဆွေ ကပ္ပိယကြီးဆီကို ခများကိုယ်စားအရုပ်လေးယူသွားကြည့်မယ်ဗျာ သူခများပြောသလို လုပ်နိုင်မလားဆိုတာတော့ မပြေားတတ်ဘူး”

“အဲ့ဒီလိုဆို ကျေးဇူးတင်ပါတယ် ကိုမြင့်ဆောင်”

ဥုစ္စာစောင့်မ ‌ထိုသို့ပြောပြီး ရပ်နေသည့် ကိုမြင့်ဆောင်ဘေးခပ်ကွာကွာမှဖြတ်ကာ တဖြည်းဖြည်းလွင့်မျောသွားပြီး သူ့ကိုယ်စားအရုပ်ကလေးရှိသည့် ဦးသာရင် သရက်ပင်းနားသို့အရောက် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ကိုမြင့်ဆောင် ကိုလှမောင်အိမ်သို့ ပြန်လာခဲ့လိုက်သည်
သူပြန်ရောက်တော့ သူ့ကိုမအိပ်ပဲ စောင့်နေသည့် ကိုလှမောင်နှင့်ကိုလှသောင်းက ဆီးကြိုမေးသည်

“မြင့်ဆောင် ဘယ်လိုတုန်းကွ သရဲနဲ့တွေ့ခဲ့လား”

“တွေ့တော့တွေ့ခဲ့တယ်ဗျ ဒါပေမဲ့ သရဲတော့မဟုတ်ဘူး”

“ဟေ သရဲမဟုတ်ရင် ဘာတုန်းကွ ပြောစမ်းပါဦး”

“ဥုစ္စာစောင့်မဗျာ့”

“ဟေ ဥုစ္စာစောင့်မကို ဘယ်လိုဖြစ်ပြီး တို့ရွာထဲရောက်နေရတုန်းကွ ရွာထဲမှာများ ဥုစ္စာသိုက်ရှိနေလို့လား”

ကိုလှမောင် ထိုသို့အံ့ဩတကြီး မေးလိုက်တော့ ကိုမြင့်ဆောင်က သူနှင့်ဥုစ္စာစောင့်မ ပြောဆိုခဲ့တာ‌ေတွကို ပြန်ရှင်းပြလိုက်သည် သူရှင်းပြလိုက်တော့ ကိုလှမောင်က

“အေးကွ ဒါကြောင့် အဲဒီသရက်ပင်ကို ငါသက်ာမကင်းဖြစ်နေတာ အခုမှပဲဘာကြောင့်ဖြစ်နေတယ်ဆိုတာ သိရတော့တယ် ဒါဆို မြင့်ဆောင် မင်း မနက်ဖြန်အဲ့ဒီအရုပ်ကို သွားပြန်ပို့ရမှာပေါ့”

“အေးဗျာ မနက်ဖြန် ကျုပ်တဲကိုပြန်ရင်း တစ်ခါတည်းယူသွားလိုက်မယ် မပြန်ခင် သူပြောခဲ့တဲ့အတိုင်း လုပ်လို့ရမရ ကပ္ပိယကြီးဆီကိုတော့ ခဏဝင်ကြည့်ရဦးမှာပဲ”

“ကဲ ဒါဆိုလဲ ဒီညတော့ ငါ့အိမ်မှာပဲ အိပ်လိုက်တော့ကွာ
မနက်ဖြန်ကြမှပဲ မင်းလုပ်စရာရှိတာဆက်လုပ်ပေါ့ကွာ”

ဒီလိုနဲ့ ကိုမြင့်ဆောင်လည်း ကိုလှမောင်အိမ်မှာပင် အိပ်လိုက်တော့သည်

(၄)

နောက်နေ့ရောက်တော့ ကိုမြင့်ဆောင် မိုးမလင်းခင် စောစောထကာ ညကဥုစ္စာစောင့်မပြောပြထားတဲ့ သူ့ကိုယ်စားရုပ်ကလေး ရှိသည်ဆိုတဲ့နေရာကို သွားကြည့်လိုက်သည် သူပြောတဲ့အတိုင်းပင် သရက်ပင်အောက်ရှိ ငွေပန်းပင်ရုံထဲတွင် အမြင့်လက်တစ်ဝါးစာအရွယ် မိန်းမအရုပ်ကလေးတစ်ရုပ်ကို တွေ့လိုက်ရသည် ထိုအရုပ်ကလေး၏မျက်နှာကို သစ်စေးဖြူဖြူကဲသို့သော အရာတစ်မျိူမျိုးနှင့် သုပ်လိမ်းထားတာကိုတွေ့လိုက်ရသည်

ကိုမြင့်ဆောင် ထိုအရုပ်ကလေးကို လွယ်အိပ်ထဲကို ထည့်လိုက်ပြီး ကပ္ပိယကြီးကို ပြကြည့်ဖို့အတွက် ဘုန်းကြီးကျောင်းဘက်သို့ ထွက်လာခဲ့တော့သည်

ဘုန်းကြီးကျောင်းသို့ရောက်တော့ ရေနွေးအိုကျိုနေသည့် ကပ္ပိယကြီးက သူလာတာကိုမြင်ပြီး

“ဟ မောင်မြင့်ဆောင် စောစောစီးစီး ဘာကိစ္စများရှိလို့
ကျောင်းကိုရောက်လာရတာတုန်း”

“ဒီလိုဗျာ ဒီအရုပ်ကလေးရဲ့ မျက်နှာပေါ်မှာရှိတဲ့ အရာတွေကို ကပ္ပိယကြီး ဖျက်ပေးလို့ရနိုင်မလား လာပြတာ”

ကိုမြင့်ဆောင် သူလွယ်အိပ်ထဲမှာ ထည့်လာသည့် ဥုစ္စာစောင့်မ၏ ကိုယ်စားအရုပ်ကလေးကို ကပ္ပိယကြီးကိုပေးလိုက်သည် ကပ္ပိယကြီးက ထိုအရုပ်ကလေးကို သေချာကြည့်ပြီး

“မြင့်ဆောင် မင်းဒီအရုပ်ကို ဘယ်ကရခဲ့တာတုန်းကွ”

ကပ္ပိယကြီး ထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင်က သူညတုန်းက ရွာထဲရောက်နေသည့် ဥုစ္စာစောင့်မနှင့် ပြောဆိုခဲ့တာတွေကို ကပ္ပိယကြီးကို ပြောပြလိုက်သည်
ဒီတော့ ကပ္ပိယကြီးက ကိုယ်စားအရုပ်၏ မျက်နှာကိုသေချာကြည့်ပြီး

“မြင့်ဆောင် ငါဖျက်ပေးလိုက်လို့ရှိရင် ဒီအစီအမမ်ကိုလုပ်ထားတဲ့ သူတို့ရဲ့ သိုက်ချုပ်ဘိုးဘိုးဆိုတာက ကျေနပ်ပါ့မလားကွ တော်ကြာမကျေနပ်ရင် မလိုလားပဲ ပြဿနာတွေထပ်ဖြစ်လာမှာ ဆိုးရတယ်”

ကိုမြင့်ဆောင် ခေါင်းကိုကုပ်လိုက်ပြီး

“အဲဒါတော့ ကျုပ်လဲသေချာမသိဘူးဗျ”

ထို့နောက် သူ အတန်ကြာစဉ်းစားပြီးတော့မှ

“ကဲ ကပ္ပိယကြီး ဒါဆိုလဲ သူ့ရှိတဲ့အတိုင်းပဲပြန်ပို့လိုက်မယ်ဗျာ”

ကိုမြင့်ဆောင် ကပ္ပိယကြီးလက်ထဲမှ အရုပ်ကလေးကို ပြန်ယူလိုက်သည် ထိုအခါ ကိုမြင့်ဆောင် လက်ထဲပါလာသော ထိုကိုယ်စားအရုပ်ကလေး လက်ထဲမှရုန်းထွက်ပြီး
အောက်သို့ပြုတ်ကြသွားတယ် ကိုမြင့်ဆောင် သူ့လက်ထဲမှ ရုန်းထွက်သွားတဲ့ ထိုအရုပ်ကလေးကိုကြည့်ပြီး

“ကပ္ပိယကြီး ဒါဘယ်လိုဖြစ်တာတုန်းဗျ”

“ကြည့်ရတာတော့ မင်းအရုပ်ကသူ့နေရာသူ မပြန်ချင်ဘူးနဲ့တူတယ်”

ကပ္ပိယကြီးထိုသို့ ပြောလိုက်တော့ ကိုမြင့်ဆောင်က

“မဖြစ်နိုင်ဘူးဗျ သူကိုယ်တိုင်ပဲ ကျုပ်ကို အကူအညီတောင်းပြီး ပြန်ပို့ခိုင်ခဲ့တာ”

“အင်း ဒါဆိုရင်တော့ သူမျက်နှာပေါ်ကအရာတွေကို ဖယ်ရှားခိုင်းတာပဲဖြစ်မယ်ကွ”

သူတို့နှစ်ယောက် ထိုသို့ပြောနေတုန်း မြေကြီးပေါ်မှာ လဲကြနေတဲ့ ကိုယ်စားအရုပ်က တဖြည်းဖြည်း မတ်မတ်ပြန်ရပ်လာသည် ကပ္ပိယကြီးလည်း အရုပ်ကလေးထိုသို့ဖြစ်လာတာကိုကြည့်ပြီး

“မြင့်ဆောင် ငါသူမျက်နှာပေါ်ကအရာတွေကို ဖျက်ပေးလိုက်မယ်ကွာ”

ကပ္ပိယကြီး ထိုသို့ပြောပြီး အရုက်ကလေးကိုကောက်ယူလိုက်ပြီး စားပွဲတစ်ခုပေါ်ကိုပက်လက်လှန်ချထားလိုက်တယ် ထို့နောက် ဆွမ်းချက်ကျောင်းလေး၏ ဝါးထရံမှာ ချိတ်ဆွဲထားတဲ့ လွယ်အိပ်ထဲမှ အင်းစာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး အရုပ်ကလေး၏ မျက်နှာကို ပွတ်သပ်ပေးလိုက်တယ် ထိုအခါကြတော့ ကိုယ်စားအရုပ်ကလေး၏ မျက်နှာဟာနဂိုမူလအတိုင်း ပြန်ဖြစ်သွားတာကိုတွေ့လိုက်ရသည် ထိုအခါကြတော့ ကပ္ပိယကြီးက

“ကဲ မြင့်ဆောင် ငါကတော့သူပြောတဲ့အတိုင်း လုပ်ပေးပြီးသွားပြီး မင်းသွားပို့ဖို့ပဲကျန်တော့တယ်”

ကိုမြင့်ဆောင် ကပ္ပိယကြီး ကမ်းပေး‌သော ကိုယ်စားအရုပ်ကိုယူကာ

“ဒါဆို ကျနော် ပြန်လိုက်ဦးမယ် ကပ္ပိယကြီး တော်ကြာနေမြင့်နေရင် မကောင်းဘူး”

ကိုမြင့်ဆောင် ကပ္ပိယကြီးကို နှုတ်ဆက်ကာ ဘုန်းကြီးကျောင်းမှ ပြန်လာခဲတော့သည်။

(၅)

ကိုမြင့်ဆောင် ဥုစ္စာစောင့်မ သူ့ကိုယ်စားအရုပ်ကိုပြန်ကို့ခိုင်းသည့် ကျောင်အိုးချောင်းထဲသို့ ရောက်လာခဲ့ပြီဖြစ်သည် ဒါပေမဲ့ သူဘယ်နားထားခဲ့ရမှန်းမသိ ဟိုနားထားခဲ့ရ ကောင်းနိုးနိုး ဒီနားထားခဲရ ကောင်းနိုးနိုးဖြစ်နေသည် သူထိုသို့ဖြစ်နေသည့်အချိန် သူဆီကို လာနေတဲ့
လူကြီးတစ်‌ဦးကိုမြင်လိုက်ရသည်

ထိုလူကြီးက သူနဲ့မလှမ်းမကမ်းမှာရပ်ပြီး

“မောင်ရင် ဒီကိုဘာလာလုပ်တာလဲကွဲ့”

“ကျနော် ဒီကိုအရုပ်တစ်ရုပ် လာပို့တာပါ အဲ့ဒါဘယ်နားထားခဲ့ရမှန်းမသိလို့”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ထိုလူကြီးက

“မောင်ရင်လာပို့တဲ့ အရုပ်ကဘယ်မှာလဲ”

ကိုမြင့်ဆောင် သူလက်ထဲမှကိုင်ထားသည့် ကိုယ်စားအရုပ်ကို ထိုလူကြီးမြင်သာအောင် ပြလိုက်သည်။

ထိုအခါ ထိုလူကြီးက ကိုမြင့်ဆောင် လက်ထဲမှကိုယ်စားအရုပ်ကို သေချာကြည့်ပြီး ထိုကိုယ်စားအရုပ်ကလေး၏မျက်နှာမှာ ဘာမှရှိမနေတော့မြင်တော့

“အင်..အရင်လိုပြန်ဖြစ်တော့မယ် ထင်ပါတယ် ကဲ
မောင်ရင် အဲ့ဒီအရုပ်ကို မင်းဘေးက ကျောက်ဖျာလေးပေါ်မှာပဲ တင်ခဲ့လိုက်ပါ သူ့နေရာသူပြန်ရောက်သွားပါလိမ့်မယ်ကွယ်”

ကိုမြင့်ဆောင် သူ့လက်ထဲမှ ကိုယ်စားအရုပ်ကို ကျောက်ဖျာလေးပေါ်တင်ထားခဲပြီး ရွာသို့ပြန်ရန်လှည့်ထွက်လာခဲ့သည်

သူထိုသို့ ထွက်လာပြီး ခြေလှမ်းဆယ့်လေးငါးလှမ်းသို့အရောက်

“ကိုမြင့်ဆောင်”

ကိုမြင့်ဆောင် သူနာမည်ခေါ်သံကြားပြီး နောက်သို့လှည့်ကြည့်လိုက်သည်

သူ ကိုယ်စားအရုပ်ကလေး တင်ထားခဲ့သည့် ကျောက်ဖျာလေးပေါ်မှ အလွန်တရာချောမောလှပတဲ့အမျိုးသမီးတစ်ဦး ရပ်နေတာကိုမြင်လိုက်ရသည်။

ကိုမြင့်ဆောင် ထိုအမျိုးသမီးကိုကြည့်ပြီး

“ကျုပ်နာမည်ကိုခေါ်တာ ခများလား”

“ဟုတ်ပါတယ် ကျမခေါ်တာပါ ကိုမြင့်ဆောင်ကို ကျေးဇူးတင်စကား ပြောချင်လို့ပါ”

“ဘာအတွက်ကြောင့်လဲဗျ”

“ကျွန်မနေတဲ့ နေရာကို ရောက်အောင်ပြန်ပို့ပေးတဲ့အတွက် ကိုမြင့်ဆောင်ကို ကျေးဇူးတင်ပါတယ်”

ကိုမြင့်ဆောင် ဘာပြန်ပြောရမှန်းအသိ ထိုအချိန် သူ့အား အရုပ်ကလေးကို ကျောက်ဖျာပေါ်တင်ထားရန် ပြောတဲ့လူကြီးက

“ကဲ ငါ့‌မြေး အထဲပြန်ဝင်တော့ မောင်ရင်မင်းလည်း ပြနိုင်ပါပြီကွယ်”

ထိုသို့ပြောကာ ထိုလူကြီး ကျောက်အိုးချောင်းလေးအတိုင်း ချောင်းဖျားဘက်ကို ထွက်သွားသည် ကိုမြင့်ဆောင် ထိုလူကြီး ကိုလိုက်ကြည့်နေရာမှ စောစောကကျောက်ဖျာပေါ်မှ အမျိူသမီးကို ပြန်ကြည့်လိုက်သည် ထိုအမျိုးသမီးလည်း မရှိတော့ သူတင်ထားခဲ့သည့် ကိုယ်စားအရုပ်ကလေးကိုလည်း မတွေ့ရတော့ပေ

ဒါကြောင့် ကိုမြင့်ဆောင်လည်း ထိုနေရာမှထွက်လာကာ ရွာသို့ပြန်ခဲ့လိုက်တော့သည်။

 

 

အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow