ရမ္မက်ခြားမှစတေးခံဘဝများ

လှည့်ကာ သူ၏သူငယ်
ချင်းတွေ ပျင်းနေမှာစိုး၍၊

ငယ်ငယ်က သူကြားဖူးတဲ့ သရဲပုံပြင်တစ်ပုဒ်ကို ပြောနေခြင်းဖြစ်၏။
သူ၏ ဘေးတစ်ဖက်တွင် မိန်းကလေးတစ်ဦးနှင့်၊
နောက်အခန်းတွင် မိန်းကလေးနှစ်ဦး။

” တော်စမ်းပါ၊ မောင်ထူးရယ်၊ နင့်ပုံပြင်ကလည်း ကြောင်တောင်
တောင်နဲ့ ဘာမှန်းကို မသိဘူး၊ သက်သက် ငါတို့ကို လာခြောက်နေ
တယ် ”
မောင်ထူး၏ ဘေးမှ မိန်းကလေးက စိတ်တိုစွာပြောလိုက်၏။
သူမက မြမိုးသိမ့်။

နောက်က ကောင်မလေး နှစ်ယောက်က ခင်စန္ဒာ နဲ့ နှင်းမြဖြူ။

“ဟား၊ ဟား၊ ဟား ” မောင်ထူး သဘောကျစွာရယ်လိုက်၏။

သူက နောက်ကြည့်မှန်ကို ကြည့်ကာ ကားနောက်မှာ ထိုင်နေသော
ခင်စန္ဒာ နဲ့ နှင်းမြဖြူ ကို……

” ခင်စန္ဒာ၊ နင်တို့ ကြောက်သွားတယ်မလား၊ ရှက်မနေပါနဲ့၊
ဝန်ခံလိုက်စမ်းပါ၊ ငါက ပုံပြောတာ အရမ်းတော်တယ်လေ ၊ အဟားး ”

” သွားစမ်းပါ၊ အဆုံးမရှိ ၊ အစရှိမရှိတဲ့ နင့်ပုံပြင်က ဘာမှန်းလည်း
မသိဘူး၊ ကား ကိုပဲ ဂရုစိုက် မောင်းစမ်းပါ၊
ငါတို့လန့်သွားတာကလည်း နင့်ပုံပြင်ကြောင်း မဟုတ်ဘူး၊
နင့်ရဲ့ အသံဆိုးနဲ့ အော်လိုက်လို့ လန့်သွားတာ၊ ရှင်းပြီလား ”

ခင်စန္ဒာ အော်ပြောလိုက်တော့ မှ မောင်ထူး လည်း
” နင်တို့ကလည်း နည်းနည်းပါးပါးတော့ ကြောက်ကြစမ်းပါဟာ၊
ငါ့ မှာ နင်တို့ကြောက်အောင်လို့ မနည်းကြိုးစားပြောရတာဟ”

ဟု ပြောလိုက်တော့၏။

****** ****** ***** **** **** ***** *****

” ကျွီ ”

ကွန်ဒိုတစ်ခု၏ အရှေ့တွင် မောင်ထူး၊ ကားကို ရပ်လိုက်၏။

” ကဲ၊ မယ်မင်းကြီးမ၊ မြမိုးသိမ့်ရေ၊ မယ်မင်းကြီးမ ရဲ့ နေရာသို့
ရောက်ပါပြီ ခင်ဗျ ”

မြမိုးသိမ့် ကားပေါ်မှ ဆင်းလိုက်၏။

” မောင်ထူး၊ ခင်စန္ဒာတို့ကို အိမ်အထိရောက်အောင် လိုက်ပို့လိုက်
အုန်း၊ ကားကိုလည်း ဂရုတစိုက်မောင်း ”

မြမိုးသိမ့် က ကားပေါ်မှ ဆင်းပြီးသည်နှင့် မောင်ထူး ကိုမှာကြား
လိုက်၏။

” အေးပါဟ၊ ခါတိုင်းလဲ နင်တို့ကို ငါပဲ လိုက်ပို့နေကြပဲကို၊
နင်လည်း ကိုယ့်အခန်းကို ရောက်အောင်ပြန်အုန်း ”

“ကဲ၊ ငါတို့ သွားပြီ ၊ ဘိုင့် ”

မြမိုးသိမ့် လည်း မောင်ထူးတို့ကို လက်ကာပြကာ သူမ၏ အခန်းရှိရာ
ငါးလွှာသို့ တတ်ရန်အတွက် ဓာတ်လှေကား ဆီသို့ လျှောက်လာခဲ့၏။

” အေမ ”
ဓာတ်လှေကားသို့မရောက်မီ ရုတ်တရက် သူမ၏ နားသို့ဝင်ရောက်လာတဲ့ အသံတစ်သံ။
သူမ ၏ ခြေလှမ်းများ ရပ်တန့်သွား၏။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်တော့လည်း ဘယ်သူမှမရှိ။

သူမလည်း ” ငါ နားကြားမှားတာ နေမှာပါ ” ဟုတွေးကာ ဆက်
လျှောက်လာခဲ့၏။

ဓာတ်လှေကားထဲ ရောက်သည် နှင့် ငါးလွှာခလုတ်ကို နှိပ်လိုက်၏။

ထိုစဉ်မှာပင် ဓာတ်လှေကားထဲမှ မီးလုံးများ မှိတ်တုတ်မှိတ်တုတ်
ဖြစ်သွား၍၊

” အောင်မလေးတော့၊ ဘာဖြစ်ရပြန်တုန်း၊ မဟုတ်မှလွဲရော၊ ဓာတ်လှေကား ရပ်သွားတာများလား ”

မြမိုးသိမ့် တစ်ယောက် ကြောက်လန့်ကာ ဓာတ်လှေကား၏
အနောက်နံရံတွင် မှီနေလိုက်၏။

” အေမ ”

ဒီတစ်ခါ ကြားရသည်က ဓာတ်လှေကားထဲမှ ဖြစ်၍ မြမိုးသိမ့်
ကြောက်ကာ ဇောချွေးများပြန်လာ၏။

” ဟင်၊ မလာနဲ့ မလာနဲ့ မလာနဲ့ ”

မြမိုးသိမ့် မျက်လုံးမှိတ်ကာ မလာနဲ့ ဟု အော်နေမိ၏။

” အမေ၊ သားကိုကြည့်ပါ၊ သားဒီမှာပါ ”

” မကြည့်ဘူး၊ မကြည့်ဘူး၊ ကယ်ကြပါအုန်း၊ ကယ်ကြပါအုန်း ”

သူမ ဘယ်လောက်ပဲ အော် အော် သူမ ၏ အော်သံကို တစ်ယောက်
မှ မကြားသည်ကို သူမ ကတော့ မသိပေ။

” သားကို ကြည့်ပါ အမေ၊ သားဒီမှာပါ၊ အမေ့သားဒီမှာပါ ”

” မကြည့်ဘူး၊ မကြည့်ဘူး၊ သွား သွား၊ ငါ့ဆီမလာနဲ့ ”

” ဟီး၊ ဟီး၊ ဟီး ” ကျွန်မကို မခြောက်ပါနဲ့၊ ကျွန်မကို မခြောက်ပါနဲ့
တောင်းပန်ပါတယ်”

မြမိုးသိမ့် ကြောက်ကာ ငိုလိုက်တော့၏။
**** ***** **** *********
ခဏကြာသည်အထိ အသံက တိတ်သွား၍

မြမိုးသိမ့် လည်း မျက်လုံးကို အသာကလေးဖွင့်ကာ ကြည့်လိုက်၏။

သူမ ၏ အရှေ့မှာ သူမကိုကျောပေးကာရပ်နေသည်က
အဝတ်မပါဗလာကိုယ်ကျင်း ခန္ဓာနဲ့ ကလေးငယ်လေး
တစ်ယောက်။

” ဟင် ”

မြမိုးသိမ့် ပြန်၍ မျက်စိမှိတ်ကာ ငိုပြန်၏။

” ဟီး၊ ဟီး ၊ ဟီး ၊ ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မ ကို မခြောက်ပါနဲ့
ကျွန်မတောင်းပန်ပါတယ် ”

” အမေ၊ အမေ သားကို မချစ်ဘူးလားဟင်၊ အမေ သားအပေါ်ဘာ
လို့ဒီလို လုပ်ရက်ရတာလဲ ”

မြမိုးသိမ့် နားမလည်နိုင်ပါ။
သူ့ကို အမေ ဟု လာခေါ်နေသော ဤ ကလေးငယ်လေးက မည်သူ
နည်း။
ထိုကလေးငယ်ကား သူမ ၏ စိတ်အကြံကို သိလေသည်လားမသိ၊

” အမေ၊ အမေ သားကို မမှတ်မိဘူးလား၊ သားက အမေ့သားလေ၊
အမေ ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ အမေ့သားလေ ”

ထိုကလေးငယ်ကား ပြောရင်း ငိုပါတော့၏။

” အမေ သားကို သတ်ခဲ့တာ၊ အမေသားကို သတ်ခဲ့တာ ”
အသံက တစ်ဖြည်းဖြည်းကျယ်လောင်လာ၍ မြမိုးသိမ့် ဓာတ်လှေ
ကား၏ အထွက်ခလုတ်ကို အကြိမ်ကြိမ် နှိပ်နေမိ၏။

” ဟင် ”

ဓာတ်လှေကားက ပွင့်မလာပေ။

ကလေးငယ်လေးကို ကြည့်လိုက်ပြန်တော့လည်း ထိုကလေးငယ်က
ဓာတ်လှေကားထဲ မရှိတော့ပြီ။

မြမိုးသိမ့် ဓာတ်လှေကား ရဲ့ အပေါ်၊ အောက်၊
ဝဲ၊ ယာ ပတ်ပတ်လည် ကြည့်နေမိ၏။

ထိုအခိုက် မီးက မှိတ်တုတ် မှိတ်တုတ် နှင့် အလွန်လျင်မြန်စွာဖြစ်လာ
၍ ၊ မြမိုးသိမ့် လည်း ကလေး တစ်နေရာရာမှ ပေါ်လာကာ သူမကို
ခြောက်လှန့်မှာကို စိုးထိတ်နေ၏။

ထိုအခိုက် ဓာတ်လှေကား ရဲ့ မီးက လုံးဝပြန်လင်းလာခဲ့၏။

” အေမ ”

မြမိုးသိမ့် မကြားချင်ဆုံးသော ဒီအသံကို သူမ၏ ခြေထောက်အောက်
မှ ကြားလိုက်ရပြန်တော့၏။

“ဟင် ”

သူမ၏ ခြေထောက်မှ တစ်စုံတစ်ခု တတ်လာနေတာကိုမြင်၍၊
မြမိုးသိမ့် ခါချ၏။

သို့သော်လည်း ထိုအရာသည်ကား တဖြည်းဖြည်း ဝမ်းဗိုက်နား
ရောက်လာ၏။

” ဟင်၊ အား အား၊ ကယ်ကြပါအုန်း ကယ်ကြပါအုန်း ”

သူမ၏ ဗိုက် ကား ကိုယ်ဝန်သည် တစ်ယောက်ကဲ့သို့ ဖောင်းကြွလာ၏။

” အား၊ အား ၊ အား ”

သူမ၏ ဗိုက်က နာကျင်လာ၍ ဗိုက်ကို လက်နှစ်ဖက်နှင့် ကိုင်ကာ
အော်လိုက်၏။

ထိုအခါ သူမ၏ သေးသွယ်ပြီး လှပတင့်တယ်သော ပေါင်တံ နှစ်ခု
ကြားမှ သွေးများ ယိုစီးလာ၏။

” ဟင်၊ အောင်မလေး၊ သွေးတွေ သွေးတွေ၊ ကယ်ကြပါအုန်း၊ ကယ်ကြပါအုန်း ”

သူမ ကား နာကျင်မှု့ဒဏ်ကို မခံနိုင်တော့၍ ထိုင်ချလိုက်ပါတော့၏။

” အား၊ အား ”

သူမ တစ်ခါအော်ပြန်ကာ ဗိုက်ကို စမ်းကြည့်တော့ ဘာမှ မရှိတော့ပဲ
ဒီအတိုင်း ပုံမှန်ဖြစ်သွားပြန်၏။

” အေမ ”

ဒီတစ်ခါ အမေ ဟု ခေါ်သံက သူမ၏ကိုယ်မှ ထွက်နေသော သွေး
ပုံကြားကဖြစ်၍၊
မရဲတရဲ နှင့်ကြည့်လိုက်တော့ အချင်းတန်းလန်းနဲ့ သွေးအိုင်ထဲလဲနေ
သောကလေးငယ်တစ်ယောက်ကို ထိတ်လန့့်စွာမြင်တွေ့လိုက်ရ
တော့၏။

” အား၊ အား ”

” တိန် ”
ဓာတ်လှေကား ပွင့်သွားခဲ့၏။

သူမလည်း ဓာတ်လှေကားထဲမှ အလျင်အမြန်ထွက်ကာ မိမိ၏
အခန်းဆီသို့ ဦးတည်လျက်ပြေးလာခဲ့တော့၏။

” အမေ၊ သားကို ကယ်ပါ၊ သားကိုကယ်ပါ ” ဟု အော်သံကား
ဓာတ်လှေကား အထဲတွင် ကျန်နေရစ်ခဲ့တော့၏။

***** **** ***** ****** ******** ******

အခန်းထဲ ရောက်သည် နှင့် တံခါးကို လျင်မြန်စွာ ပိတ်ကာ တံခါး
ကိုမှီ၍၊ ထိုင်ချလိုက်ပြီး၊ ခေါင်းငိုက်စိုက် နှင့် လက်ဖြင့် ဆံပင်တို့ကို
ပွတ်သပ်လိုက်၏။

သူမ ၏ ပါးပြင် နှစ်ဖက်မှာလည်း မျက်ရည်တွေစီးလို့။

ဓာတ်လှေကား ထဲမှာ မြင်ခဲ့ရသော ကလေးငယ်၏ ပုံရိပ်၊
ကလေးငယ်၏ အမေ ဟု ခေါ်သံ တို့က သူမရဲ့ အတွေးထဲက မထွက်
ပေ။
” အမေ ” ဟု ခေါ်သံကိုပဲ ထပ်တလဲလဲ ကြားနေရ၏။

သူမ လည်း တံခါးရင်းမှ ထကာ စီးကျလာသော မျက်ရည်တွေကို
သုတ်လျှက် အိပ်ကုတင်ပေါ်တွင် ခြေပစ် လက်ပစ် လှဲချလိုက်ပါ
တော့၏။
**** **** ***** ***** ****** ****

” ကဲ၊ ကဲ၊ ကြိုးစားထားကြဟေ့၊ ကြိုးစားထားကြ၊
ဒီပါတ်က နောက်ဆုံးအပါတ်ပဲ ၊ ကြိုးစားထားကြ ဟေ့ ”

ပန်းချီသင်တန်းဆရာက သူ၏ တပည့်များကို အော်ပြောနေ၏။
သူကိုယ်တိုင် သုံးလတိတိ သင်ပေးထားသော သင်တန်းသားများကို
အချိန်အကန့်သတ်နဲ့ ပန်းချီဆွဲခိုင်းထားခြင်းဖြစ်၏။

သူက သီဟသူ။

သီဟသူ က တပည့်များကို အော်ပြောပြီးနောက် သန့်စင်ခန်းဘက်သို့
ထွက်လာခဲ့၏။

သန့်စင်ခန်း ဘေစင် ၏ မှန်ကိုကြည့်ကာ ဆံပင်များကို သ လိုက်ပြီး၊
လက်ဆေး၊ မျက်နှာသစ်၏။

ပြီးသည်နှင့် သူက မှန်ကို ကြည့်လိုက်တော့ မှန်ထဲမှာ သူ့ပုံရိပ်မဟုတ်
ပဲ ခန္ဓာမှာ သွေးအလိမ်းလိမ်းပေကျံနေတဲ့ ကလေးငယ်တစ်ယောက်
ဖြစ်နေ၏။

” အောင်မလေး၊ ဘုရား ”

သီဟသူ နောက်သို့ ဆုတ်သွား၍ လဲကျမလိုဖြစ်သွား၏။

” အဖေ ”

သူ၏ နားထဲ ဝင်ရောက်လာသော ကလေးငယ်၏ အသံ။

တစ်ခါ မှန်ထဲကို ကြည့်လိုက်ပြန်တော့ သူ့ပုံရိပ်ပဲဖြစ်နေ၏။

” ဟူး၊ တော်ပါသေးရဲ့ ၊ ငါ အမြင်မှားတာပဲ နေမှာပါ ”

” ဝုန်း ”
သီဟသူ ၏ အတွေးစကား မဆုံးမီမှာပင် အိမ်သာတံခါးကို ဆောင့်
ပိတ်သံထွက်ပေါ်လာ၍၊
သီဟသူ အနည်းငယ်လန့်သွား၏။

” ဟေ့၊ အဲဒါ ဘယ်သူလဲ ”
သီဟသူ အော်မေးပေမဲ့ တစ်ဖက်က တုန့်ပြန်သံထွက်မလာ။

” ဟေ့၊ ဘယ်သူလဲလို့ ငါမေးနေတယ်လေ ”
သီဟသူ နည်းနည်းစိတ်တိုသွား၍၊ ထိုတံခါးပိတ်ထားသော အိမ်သာ
သို့ လျှောက်လာခဲ့၏။

” အဟီး၊ ဟီး ဟီး ဟီး ”

သူ၊ အိမ်သာနားသို့ မရောက်မီမှာပင် ထိုအိမ်သာထဲမှ ကလေးတစ်
ယောက်၏ ငိုသံ ထွက်ပေါ်လာတော့၏။

” ဒေါက်၊ ဒေါက်၊ ဒေါက် ၊ ဟေ့ အထဲမှာ ဘယ်သူလဲ၊ ဘာလို့ငိုနေ
တာလဲ၊ တံခါးဖွင့်စမ်း ”

သီဟသူ တံခါးခေါက်ကာ အော်ပြောနေပေမဲ့ အိမ်သာထဲကကား
ငိုသံကလွဲ၍ ဘာတုန့်ပြန်သံမှ ထွက်မလာပေ။

” ဝုန်း ”
သီဟသူ စိတ်မရှည်တော့၍ တံခါးကို ပစ်ကန်ပြီး ဖွင့်လိုက်တော့
ဘယ်သူမှ မရှိပေ။

“ဟာ ” သီဟသူ အံ့သြသွားရပြန်၏။

ထိုအိမ်သာထဲမှ ထွက်တော့ တစ်ခြားအိမ်သာတစ်လုံးထဲသို့
ကလေးငယ်လေးတစ်ယောက် ဝင်သွားတာကိုတွေ့လိုက်ရ၍၊

” ဟေ့၊ ကောင်လေး ရပ်စမ်း၊ ဟေ့ကောင်လေး ” ဟု အော်ကာ
နောက်မှ လိုက်သွားခဲ့၏။

ထိုကလေးငယ်ကား အိမ်သာတစ်ခုတွင် တံခါးကို ကျောပေးရပ်ကာ
ငိုနေ၏။
” ဟီး၊ ဟီး၊ ဟီး၊ ဟီး ”
သီဟသူ လည်း ကောင်လေးအနားသို့ရောက်လာ၏။

” ကောင်လေး၊ ဘာလို့ငိုနေတာလည်း ”
သီဟသူ ထိုသို့မေးလိုက်သော အခါ ကလေးမှာ အငိုတိတ်သွား
ပေမဲ့ ဘာမှ ပြန်မပြောပေ။

သီဟသူ လည်း ခပ်လန့်လန့်ဖြစ်တာကြောင်း မရဲတရဲနှင့် ကလေး
ရဲ့ ပခုံးကိုကိုင်ကာ ကလေးရဲ့မျက်နှာကို သူ့ဘက်လှည့်လိုက်၏။

” အောင်မလေး၊ သရဲ သရဲ သရဲ ”
သီဟသူ ဖင်ထိုင်လဲကျသွားတော့၏။

ကလေးမျက်နှာကို သူ့ဘက် အလှည့်မှာ မြင်လိုက်ရသည်က
မျက်လုံးမပါ၊ ပါးစပ်ပြဲပြဲ၊ ” အချင်း ” ကြိုး တန်းလန်းနှင့် သွေးအလိမ်း
လိမ်းပေကျံနေသော ကလေးသရဲ ကိုပင်ဖြစ်၏။

” အားးးး၊ သားသေရတာ အဖေ့ကြောင်း သားသေရတာ
အဖေ့ကြောင်း”

ကလေးက လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းကာ လည်ပင်းအရိုး
ကို တဂွမ် ဂွမ် ချိုးလျက် အချင်းကြိုးတန်းလန်းနှင့် သီဟသူ ၏
ရှေ့သို့ ပြေးဝင်လာ၏။

သီဟသူ လည်း ဝဲဘက်လက်၏ တတောင် နှင့် မျက်လုံးကိုကွယ်
ကာ ၊
” အား၊ အား၊ အား ” ဟု အော်လိုက်တော့၏။

” ဆရာ၊ ဆရာ၊ ဘာဖြစ်လို့လဲ ” ဟု မေးသံနှင့်အတူ သူ၏
တပည့်ကောင်လေး နှစ်ယောက်ရောက်လာ၏။
တခြားတပည့်တွေကတော့ သူတို့ဆရာ ဘာဖြစ်တာလဲ ဆိုတာကို
တံခါးဝမှ ချောင်းကြည့်နေကြ၏။

သီဟသူ လည်း လျင်မြန်စွာထကာ ဟန်ချက်ညီအောင်ထိန်းလိုက်
ပြီး၊ ဣနြေ္ဒဆယ်လျှက်
” ငါ၊ ဘာမှ မဖြစ်ပါဘူးကွာ၊ ညအိပ်ပျက်တာတွေများလို့
နည်းနည်း ဂယောင်ချောက်ချား ဖြစ်ရုံပါ ” ဟု လိမ်ပြောလိုက်တော့
၏။
******** ***** ***** **** **** *******

သီဟသူ တစ်ယောက် သူ့ရဲ့ အိမ်အပြန်လမ်းမှာ BMW အနက်
ရောင်ကားကြီးကို ဖြေညှင်းစွာမောင်းရင်း အတွေးနယ်ချဲ့နေ၏။

သူ့ကို ” အဖေ ” လို့ ခေါ်ပြီး လာခြောက်တဲ့ ကလေး သရဲ က
ဘယ်သူလဲ ဆိုတာ သူစဉ်းစားမရပေ။

” ဧကန္တ မိုးသိမ့်များ …….. ”
” ဟာ၊ ဘာလဲကွာ ၊ ဘာတွေလဲ ”
သီဟသူ တစ်ယောက်၊ တစ်ယောက်တည်း စကားတွေပြောရင်း
ဒေါသထွက်လာပြီး၊ ကားစတီယာရင် ကို ထုပါတော့၏။

ဟုတ်ပါသည်။

သီဟသူ နှင့် မြမိုးသိမ့် တို့ လွန်ခဲ့တဲ့ လအနည်းငယ်က ချစ်ကြိုး
သွယ်မိခဲ့ကြ၏။

သာမန်ချစ်ကြခဲ့ကြရာကနေပြီး အဆင့်တွေတတ်လာကာ ကုတင်
ပေါ်သို့ ရောက်ခဲ့ကြ၏။

ခဏတာ သာယာမှု့မှာ နစ်မျောရင်း သူတို့မလိုချင်ပဲ ကလေးတစ်
ယောက် သူတို့၏ ဘဝ ထဲသို့ ဝင်လာခဲ့တော့၏။

သူတို့က ထိုကလေးကို မလိုချင်ခဲ့ကြပါ။
သူတို့တကယ်လိုချင်ခဲ့တာက သာယာမှု့သက်သက်သာတည်း။

မြမိုးသိမ့် က သူမ မှာ သီဟသူ နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း
ကိုပြောတော့ သီဟသူ အကြီးအကျယ်လန့်သွားခဲ့၏။

” ဘာ၊ ကိုယ်ဝန် ရှိနေပြီ ဟုတ်လား ”

” ဟာ၊ ကိုယ်ကလေး အဖေ ဖြစ်မို့ အဆင်သင့်မဖြစ်သေးဘူးကွာ၊
အဲဒီကလေးကြောင်း ကိုယ့်ဘဝ ရဲ့ တတ်လမ်းတွေကို မပိတ်ပစ်
နိုင်ဘူး၊ ကိုယ့်မှာ ရည်မှန်းချက်တွေ တစ်ပုံကြီး ရှိသေးတယ် ”

သီဟသူ ရဲ့ စကားကိုကြားတော့ မြမိုးသိမ့် ဒေါပွသွား၏။

” အို၊ ကျွန်မ မသိချင်ဘူး၊ ကျွန်မမှာ ရှင်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ၊
ရှင်ကျွန်မ ကို လက်ထပ်မှ ဖြစ်တော့မယ် ”

” မဟုတ်သေးဘူး မိုးသိမ့်၊ မင်း သေသေချာချာတွေးကြည့်စမ်းပါ၊
မင်းကော ကလေးအမေ ဖြစ်ဖို့ အဆင်သင့် ဖြစ်ပြီလားပြော ”

သီဟသူ ရဲ့ မေးခွန်းကို မြမိုးသိမ့် ချက်ချင်းမဖြေနိုင်ပေ။

မြမိုးသိမ့် တရှုတ်ရှုတ်ငိုနေ၏။

” ကဲပါကွာ၊ ကိုယ်တို့ နှစ်ယောက်လုံးမှားခဲ့တဲ့အမှားပဲ၊ ပြန်ပြင်လို့မှ
မရေတာ့တာ၊
ဘာပဲဖြစ်ဖြစ်ကွာ ကိုယ် ဒီကလေးကို လက်ခံဖို့ အဆင်သင့်မဖြစ်
သေးဘူး ဒီတော့ လုပ်ရမှာ တစ်ခုပဲ ရှိတော့တယ် ”

သီဟသူ ၏ စကားက ဘယ်ကို ရည်ရွယ်နေတာလဲဆိုတာကို
မြမိုးသိမ့် ကောင်းကောင်းကြီး သဘောပေါက်၏။

သူမ၏ ဗိုက်ထဲက အပြစ်မဲ့တဲ့ကလေးလေးကတော့ သူတို့ဘဝထဲ
က သူ့ကို ထုတ်ပယ်တော့မှာဆိုတာ မသိရှာပေ။

” ကိုသီဟ၊ ရှင် ဘယ်လိုမျိုးပြောရက်နိုင်ရတာလဲ၊ ဒါ ကျွန်မတို့
နှစ်ယောက်ရဲ့ကလေးနော်၊ ရှင်ပြောတော့ ကျွန်မကို ချစ်တယ်ဆို

ကျွန်မ ကိုပဲ လက်ထပ်မယ်ဆို၊ ခု လက်ထပ်ဖို့ အကြောင်းခိုင်လုံ
နေပြီမလား၊ ရှင်ဘာလို့ …… ”

” တော်ပါတော့ဟာ၊ ငါ ခုချိန်မှာ ဒါတွေ မစဉ်းစားနိုင်သေးဘူး၊
မင်း ဘာပဲပြောပြော ငါ ဒီကလေးကို လက်မခံနိုင်ဘူး၊
ငါပြောသလို လုပ်တာကပဲ
ငါတို့ နှစ်ယောက်လုံးအတွက် အကောင်းဆုံးဖြစ်မှာပါ ”

သီဟသူ ပြောပြောဆိုဆို နှင့် ထွက်သွား၍ မြမိုးသိမ့် တစ်ယောက်
ဗိုက်ကို လက်နဲ့ပွတ်ကာ တစ်ရှုတ်ရှုတ် ငိုလျက်သာကျန်နေခဲ့တော့၏။
******* ***** ***** ***** *****

သူမ ကိုယ်တိုင်လည်း ကလေးအမေ ဖြစ်ဖို့ အဆင်သင့် မဖြစ်သေး
ပေမဲ့ ကလေးကို ဖျတ်ချပစ်ဖို့ထိ မတွေးရဲပေ။

ကိုယ်ဝန်ဖျတ်ချတယ်ဆိုတာ ကလေးကိုသတ်ပစ်တာပဲ
မဟုတ်လား။ ။

ကိုယ့်ကလေးကို ကိုယ်သတ်ပစ်ဖို့ထိ မြမိုးသိမ့် သတ္တိမရှိခဲ့ပါ။
ထို့ကြောင်း ချီတုံ့ချီတုံ လုပ်ရင်း နေ့တွေရက်တွေ ကုန်လွန်သွားခဲ့၏။

သီဟသူ နဲ့ တွေ့တိုင်းလည်း ” ကိစ္စပြီးသွားပြီလား { ကိုယ်ဝန်ဖျတ်ချ
လိုက်ပြီလား … ဟူလို } ဟု ချည်းမေးနေ၍၊

မြမိုးသိမ့်တစ်ယောက် အရင်လို မပျော်ရွှင်နိုင်တော့ပါ။

သူမရဲ့ ဘဝ ကလည်း တစ်ယောက်တည်း တစ်မျက်နှာ တစ်ကောင်
ကြွက်။
ကလေးကို တစ်ယောက်တည်း ထိန်းကျောင်းဖို့အတွက်လည်း
သူမ အတွက် မလွယ်ကူလှ။

ကလေးကို မွေးပြီး တစ်ယောက်တည်း ထိန်းကျောင်းတယ်ပဲ ထား
အုန်း၊ ပတ်ဝန်းကျင် ရဲ့ ကဲ့ရဲ့ လှောင်ပြောင်မှု့တွေကို သူမ
ဘယ်လိုမှ ခံနိုင်မှာမဟုတ်။

” ကလေး အဖေပါ” ဟု လက်ညိုးထိုးပြစရာ လူရှိပေမဲ့၊
တာဝန် မယူတတ်တဲ့သူ ဖြစ်နေတဲ့ အတွက် သူမ ကား သီဟသူ
နှင့် ချစ်ခဲ့မိ၊ မိုက်မဲမိ သည်ကို ပင် နောင်တရနေ၏။

ထို့ကြောင်း အသေအချာ စဉ်းစားရတော့၏။
ဘယ်လိုပဲတွေးတွေး သူမတစ်ယောက်တည်း ကလေးကိုမွေးပြီး
ပြုစုပျိုးထောင်ဖို့ မဖြစ်နိုင်။

နောက်ဆုံး သူမ သတ္တိမွေးကာ မိမိတိုက်ခန်းမှာပင် ကိုယ်ဝန် ကို
ဖျတ်ချ လိုက်ပါတော့၏။

ထိုအချိန်မှ စ၍ သူမ သီဟသူ နှင့် မတွေ့ဖြစ်တော့ချေ။ ။

” အဖေ ”
ရုတ်တရက် ကားနောက်ခန်းမှ ခေါ်သံကြောင်း သီဟသူရဲ့
အတွေးတွေ လွင့်ပြယ်သွား၏။

သီဟသူ နောက်ကြည့်မှန် ကို သူ့ဘက်ဆွဲကာ ကားနောက်ခန်းကို
ကြည့် လိုက်တော့ အဝတ်စလစ်၊ သွေးတွေပေကျံနေတဲ့ ကိုယ်နဲ့
ငုတ်တုတ်ကြီး ထိုင်နေသော ကောင်လေးကို မြင်တွေ့လိုက်ရ၍၊

သီဟသူ ကားကို လျင်မြန်စွာရပ်လိုက်၏။

” ကျွီ၊ ကျွီ၊ ကျွီ ”

သီဟသူ ကားပေါ်ကဆင်းပြီး နောက်အခန်းကို ကြည့်လိုက်တော့
ကောင်လေး မရှိတော့ပြီ။

” တော်ပါတော့ကွာ၊ တော်ပါတော့ ငါ့ကို မနှောက်ယှက်ပါနဲ့တော့၊
ငါတောင်းပန်ပါတယ်ကွာ၊ ငါ တောင်းပန်ပါတယ် ”

သီဟသူ ကားလမ်းမထက်မှာ တစ်ယောက်တည်း အော်ပြောနေမိ
၏။
လမ်းသွားလမ်းလာများက ” ရူးနေတာလား မသိ ” ဟူသော
အကြည့်နဲ့ သူ့ကို ကြည့်သွားကြ၍၊
သီဟသူ ကားပေါ်ပြန်တတ်ကာ အိမ်သို့ ဦးတည်လျက် မောင်း
နှင်လာခဲ့တော့၏။
****** **** ***** **** ***** *****

ထိုနေ့ ညသန်းခေါင်ယံ အချိန် …….

” ဒေါက်၊ ဒေါက်၊ ဒေါက် ”
တံခါးခေါက်သံကြောင်း မြမိုးသိမ့် နိုးလာခဲ့၏။

” အာ၊ ဒီအချိန်ကြီး ဘယ်သူ တံခါး လာခေါက်နေတာလဲ ”

” ဒေါက်၊ ဒေါက်၊ ဒေါက် ”

” ကဲ၊ လာပါပြီ၊ စွတ်ခေါက်မနေပါနဲ့တော့၊ တကတည်း ”

” ကျွီ ”
မြမိုးသိမ့် တံခါးဖွင့်လိုက်၏။

သူမ၏ တံခါးရှေ့မှာ ရက်နေသည်က သူမ နှင့် ရွယ်တူ မိန်းကလေး
တစ်ယောက်။

” ဒီမှာရှင့်၊ ရှင့်သားက ဘာလို့ အဲဒီလောက်တောင် ငိုနေရတာလဲ၊
နို့လည်းဘာလည်းတိုက်လိုက်ပါလား၊
ရှင့်သားငိုသံကြောင်း ကျွန်မတို့ဘက်က အိပ်လို့ကို မရဘူး၊

ကျွန်မတို့မှာ သက်ကြီးရွယ်အို မိဘတွေရှိတယ် ရှင့်၊ ကလေးအငို
တိတ်အောင်လုပ်အုန်း၊
ကလေး ဒီလောက်ငိုရတဲ့အထိ ဘာတွေများလုပ်နေတာမသိ၊
ဘယ်လိုလူတွေလဲ ”

တစ်ဖက်မိန်းကလေး မှာ ဒေါနဲ့မောနဲ့ ပြောချင်ရာပြောပြီး ထွက်
သွား၏။
” ဝုန်း ”
မြမိုးသိမ့် တံခါး ပြန်ပိတ်လိုက်၏။
ထိုအခါမှ စောနက မိန်းကလေး ပြောသွားသည်ကို သတိရပြီး
လန့်သွားခဲ့၏။

” ဟင် ”
သူမ ထိတ်လန့်ကာ အခန်းထဲ ဟိုဟိုသည်သည် ရှာကြည့်ပေမဲ့
သူမကလွဲပြီး ဘယ်သူမှ မရှိပေ။

သူမ ကြောက်လန့်ကာ အတွေးများနေတုန်း

” ဒေါက်၊ ဒေါက်၊ ဒေါက် ”
တံခါး ခေါက်သံက တစ်ခါ ထွက်ပေါ်လာပြန်၏။

” ကျွီ ”

” ဟင် ”

မြမိုးသိမ့် အလျင်အမြန် တံခါးကို သွားဖွင့်ပေမဲ့ ဘယ်သူမှမရှိချေ။
စောနက မိန်းကလေး တံခါးလာခေါက်ပြန်တာထင်၍၊
အခန်းဝ မှ ခေါင်းထုတ်ကာ ဟိုဘက်သည်ဘက်ကြည့်တော့လည်း
ဘယ်သူမှ မရှိ။

” ဝုန်း ”
မြမိုးသိမ့် တံခါးကို ပြန်ပိတ်ပြီး၊ အိပ်ရာပေါ်အပြေးတတ်ကာ
စောင်ကို ခေါင်းမြီးခြုံလျှက် ထိုင်နေလိုက်တော့၏။

စိတ်ထဲမှလည်း ” ငါ့ကို မခြောက်ပါနဲ့၊ ကျွန်မကို မခြောက်ပါနဲ့” ဟု
ရည်ရွတ်နေမိ၏။

” ဝုန်း ”
သူမခြုံထားသော စောင်ကို မမြင်ရတဲ့ အရာတစ်ခုက ဆွဲယူ
ပစ်လိုက်၏။
” အောင်မလေး၊ အား အား ”
မြမိုးသိမ့် အော်ဟစ်ကာ အိပ်ရာပေါ်မှ ပြေးဆင်းပြီး၊ တံခါးကို သွား
ဖွင့်ပေမဲ့ တံခါးက မပွင့်ပေ။

“ဒုန်း၊ ဒုန်း ၊ ဒုန်း ၊ ကယ်ကြပါအုန်း၊ ကယ်ကြပါအုန်း”
သူမ အော်ဟစ်ကာ တံခါးကို ထုနေမိ၏။

သူမ၏ အခန်းမှ မီးလုံးများ ရုတ်တရက် မှိတ်တုတ် မှိတ်တုတ်ဖြစ်ပြန်
ကာ ပစ္စည်း ပစ္စယ အချို့လည်း ထားမြဲနေရာမှ ပြုတ်ကျလာပြီး၊
တစ်ခန်းလုံး ဆူညံသွား၏။

” အား၊ အား၊ တော်ပါတော့၊ တော်ပါတော့ ”
မြမိုးသိမ့် လက်နှစ်ဖက်နဲ့ နားတွေကို ပိတ်ကာ အော်ပြောလိုက်တော့
မှ ရပ်သွားခဲ့၏။

သို့သော်လည်း သူမ ကို ကျောပေးလျက် ရပ်နေသော ကလေးကို
ကား သူမ၏ အရှေ့တွင်မြင်တွေ့လိုက်ရတော့၏။

” ကျွတ်၊ ကျွတ် ”
သူမ က တံခါးဖွင့်ဖို့ ထပ်ကြိုးစားပေမဲ့ တံခါးက ပွင့်မလာပေ။

” အမေ၊ အမေ သိပ်ရက်စက်တယ်၊ အမေ သားကိုသတ်တာ၊
အဖေရော အမေ ရော သားကို သတ်တာ”
ကလေးငယ်၏ အသံမှာ သြသြဖြစ်လာပြီး၊ ကြောက်မက်ဖွယ်ရာ
ဖြစ်လာခဲ့၏။

ထိုအခါမှ မြမိုးသိမ့် လည်း သူမကို လိုက်ခြောက်နေသော
ကလေးမှာ သူမ ဖျတ်ချခဲ့သော သူမ ၏ သန္ဓေသားမှန်း သဘော
ပေါက်သွားတော့၏။

ကိုယ်ဝန်ဖျတ်ချခဲ့စဉ်က သွေးအလိမ်းလိမ်းထွက်လာပုံ၊
နာကျင်ခံစားခဲ့ရပုံတို့ကို မြင်ယောင်လာ၏။

ဒီတစ်ခါ သူမ ပါးစပ်ကို လက်နဲ့ပိတ်ကာ ငိုကြွေးပါတော့တယ်။

” အမေ၊ တောင်းပန်ပါတယ်၊ သားရယ်၊ အမေတောင်းပန်ပါတယ်”
“ဟီး၊ ဟီး၊ ဟီး ” အမေတောင်းပန်ပါတယ်ကွယ်၊
အမေ့ မိုက်ပြစ်တွေပါ၊ အမေ့ မိုက်ပြစ်တွေပါ၊ အမေ တောင်းပန်ပါ
တယ်ကွယ် ”

မြမိုးသိမ့် တောင်းပန်စကားဆိုကာ ငိုကြွေးနေ၏။
ထိုအခါမှ တံခါး ” ကျွီ ” ကနဲ ပွင့်သွားပြီး၊ အိပ်ခန်းထဲမှ မီးများ
ပုံမှန်အတိုင်းဖြစ်သွားသလို၊ သူမ၏ ရှေ့တွင်လည်း ကလေးသရဲ
ရှိမနေတော့ပေ။

တံခါးပွင့် သွားပေမဲ့ သူမ ထွက်မပြေးတော့။
ကိုယ့်ကိုကိုယ်သာ ယူကျုံးမရ ဖြစ်ကာ နောင်တရနေ၏။

သူမ တို့ ရဲ့ ခဏတာပျော်ရွှင်မှု့ကြောင်း အပြစ်မဲ့တဲ့ အသက်တစ်ခု
ဆုံးရှုံးသွားရတာကို သူမ ဝမ်းနည်းနေမိ၏။

သူမ ကို ထိုသို့ လုပ်စေခဲ့သော သီဟသူ ကိုလည်း အမုန်းကြီးမုန်း
နေမိ၏။

” ဟီး၊ ဟီး၊ အမေ့ ကို ခွင့်လွှတ်ပါကွယ်၊ သတ္တိမရှိတဲ့ ဒီမိန်းမကို
ခွင့်လွှတ်ပါကွယ်၊ အမေ လို့ မခေါ်ထိုက်တဲ့ ဒီမိန်းမကို
ခွင့်လွှတ်ပါသားရယ် ဟီး ဟီး ဟီး ”

မြမိုးသိမ့် ကား ရင်ဘတ်ထုကာ ငိုကြွေးနေရှာ၏။

” သားလေး၊ နောက်ဘဝ နောက်ခန္ဓာမှာ ဒီလို အဖြစ်မျိုးနဲ့ မကြုံပါ
စေနဲ့ ကွယ် ၊ ဒီလိုမိန်းမ ဆီမှာ လူမဖြစ်ပါစေနဲ့ကွယ် ”

မြမိုးသိမ့် ၏ အော်ငိုသံကား တိတ်ဆိတ်နေသော သန်းခေါင်ယံ ကို
ဖြိုခွင်းလိုက်ပါတော့၏။
********* *** ***** *****

နောက်တစ်နေ့ မနက်ပိုင်း အချိန်……..

သီဟသူ အိမ်ပေါ်မှဆင်းလာ၏။
မိခင် နှင့် ဖခင်တို့က မနက်စာ အဆာပြေစားနေကြရင်း သီဟသူ
ကို မြင်တော့ မိခင်ဖြစ်သူက လှမ်းခေါ်လိုက်၏။

” ကဲ၊ သား လာ ထိုင် ထိုင် ၊ ဒီမှာ သားကြိုက်တဲ့ မုန့်ဟင်းခါးလေးကို
ငါးပေါင်းဆုပ်နဲ့ အမေကိုယ်တိုင် ရှယ် လုပ်ပေးထားတာ”

မိခင်ဖြစ်သူက ဝတ်စုံအပြည့်နဲ့ ပြင်ဆင်လျှက် ဆင်းလာသော သား
ဖြစ်သူ ကို

” ဒါနဲ့ သားက မနက်အစောကြီး ဘယ်သွားမလို့တုန်း၊ ပြင်ဆင်ထား
လိုက်တာများ မင်းသားကျနေတာပဲ ” ဟု ပြောလိုက်၏။

သီဟသူ ကား ပြုံးကာ သူ၏ နေရာတွင်ထိုင်လိုက်၏။

” သားရဲ့ ပန်းချီသင်တန်းက ပြီးတော့မှာလေ အမေ၊ သား အခု
အဲဒီသို့ သွားမလို့ ”

စသဖြင့် သားမိ သုံးယောက် ရယ်မောပျော်ရွှင်စွာ စကားပြောနေကြ
၏။
တကယ်က သီဟသူ နည်းနည်းလေးမှ မပျော်ရွှင်ပါ။
မိခင်နှင့်ဖခင် တို့ ကို မသိစေချင်ခြင်းကြောင်းသာ ဟန်ဆောင်ရယ်
မောနေရ၏။

” အမေ၊ သားတစ်ခုလောက် မေးလို့ရမလား ဟင် ”

သီဟသူ ရဲ့ အမေ က ရေနွေး ငှဲ့ရင်း သားဖြစ်သူကို ကြည့်ကာပြုံး
လိုက်၏။
” သြော်၊ မေးချင်တာများ သားရယ်၊ အထူးအဆန်းလုပ်လို့၊
ကဲ မေး၊ ဘာမေး မှာလဲ ”

သီဟသူ က မိခင် နှင့် ဖခင် တို့ကို ကြည့်လိုက်၏။
ပြီးမှ
” အမေ၊ သား ခုလိုမေးတာကို တစ်မျိုးမထင်ပါနဲ့၊ သား တကယ်
သိချင်လို့ပါ၊ သား ကို ကိုယ်ဝန်ရှိတုန်းက အဖေနဲ့အမေ ဖျတ်ချပစ်ဖို့
တွေးဖူးလား ဟင် ”

သီဟသူ မေးသာမေးရတာ နည်းနည်း ခပ်လန့်လန့်။
သူ၏ လုပ်ရက် ပေါ်သွားမှာကိုစိုးရိမ်နေ၏။

သီဟသူ ရဲ့ မေးခွန်းကြောင်း မိဘနှစ်ပါး အံ့သြသွားရသည်မှာ
အမှန်ပင်။
ဒီလိုမေးခွန်းမျိုးကို တစ်နေ့ သူ့သားက မေးလိမ့်မယ်လို့
သူတို့ ဘယ်သောအခါမှ တွေးလိမ့်မှာ မဟုတ်ဘူးလေ။

ဒါပေမဲ့ သီဟသူ ရဲ့ အမေ က သူ့ခင်ပွန်း၏ လက်မောင်းကိုကိုင်ကာ
ပြုံးရင်း ပြန်ဖြေ၏။

” သားကို ကိုယ်ဝန် ရှိတာကို စသိလိုက်ချိန်က အဖေ နဲ့အမေ ဘယ်
လောက်ထိ ပျော်သွားကြတယ်ထင်လဲ၊
အဲဒီအချိန် ပျော်ခဲ့ဖူးတဲ့ အပျော်ဟာ ဘယ်အရာနဲ့မှ ဖော်ပြလို့မရ
အောင်ပဲကွဲ့။

တကယ်တော့ အဲဒီတုန်းက အမေ တို့ တော်တော်လည်း ရုန်းကန်နေ
ရတဲ့ အချိန်ကွဲ့၊

ဒါပေမဲ့ သားက အမေတို့ ဘဝ ထဲ ဝင်လာတော့မှာ သိတော့
သား ရဲ့ အဖေ ခမျာ သူ့သားလေးအတွက် နေ့မနားညမနား အလုပ်
တွေကြိုးစားလိုက်တာ၊

အိမ်ပြန်ရောက်တော့လည်း အေးဆေးမနေဘူး၊ ရေခပ် အဝတ်လျှော်
နဲ့ အလုပ်ဟူသမျှ ကို တစ်ယောက်တည်း လုပ်နေတော့တာ။

အမေ က လုပ်နိုင်ပါသေးတယ်၊ ခုမှ ကိုယ်ဝန်က နုနုလေးပဲရှိသေးတာ
ပါ ပြောရင်လည်း မရ နဲ့ ပေါ့”

သီဟသူ၏ မိခင်က ပြောရင်း ခင်ပွန်းဖြစ်သူကို လှည့်ကြည့်၏။
သူမ၏ မျက်လုံးမှာလည်း မျက်ရည်ဥတွေခိုလို့။

” ဟုတ်တယ် သားရဲ့၊ တကယ်တော့ အဖေ က အဲဒီအချိန်တုန်းက
အဖေ တစ်ယောက် အဖြစ်ခံယူဖို့ အဆင်သင့်မဖြစ်သေးဘူးလို့
ထင်နေခဲ့ပေမဲ့။

တကယ်တမ်း
မင်း ရဲ့ မျက်မှာကို လည်း မြင်လည်းမြင်ရရော အဖေ့ရင်မှာလေ
ဘယ်လိုမျိုးလဲ မသိဘူး၊ ဝမ်းသာပီတိဖြစ်လွန်းလို့ မျက်ရည်တွတောင်
မင်းရဲ့ခေါင်းပေါ်မှ ကျကုန်တာဟေ့ ”

မိခင်နှင့် ဖခင်၏ စကားကို ကြားရတော့ သီဟသူ ကိုယ့်ကိုကိုယ်
အပြစ်တင်မဆုံး။
နောင်တရ မဆုံး၊ သူကိုယ်သူ ဆဲဆိုအပြစ်ပြောနေမိ၏။

ထိုအခိုက်မှာပင်
” သား၊ သား၊ သီဟ ၊ မင်း အခန်းထဲကို ကလေးတစ်ယောက် ဝင်
သွားပါလား၊ ဘယ်က ကလေးတုန်း ”

ရုတ်တရက် မိခင်ဖြစ်သူ ပြောလိုက်သော စကားကြောင်း သီဟသူ
စားပွဲပေါ်မှ လျင်မြန်စွာထကာ အိပ်ခန်းဆီသို့ အပြေးသွားကြည့်၏။

ဒါပေမဲ့ ဘယ်သူမှ မရှိပေ။

သီဟသူ ဝမ်းနည်းပက်လက်ဖြစ်သွား၏။
တံခါးကို မှီကာ ထိုင်ချလိုက်ပြီး၊ တာဝန်မယူတတ်တဲ့ယောကျာ်း၊
တာဝန်မယူတတ်တဲ့ ဖခင် တစ်ယောက်ဟု ကိုယ့်ကိုကိုယ် အပြစ်
ပြောနေမိ၏။

” အဟီး၊ အဟီး ဟီး ဟီး ”
ရုတ်တရက် အိပ်ကုတင်ပေါ်မှ ထွက်ပေါ်လာသော အသံ။

သီဟသူ လည်း ကုတင်ပေါ်သို့ ကြည့်လိုက်တော့ သူ့ကိုကျောပေး
ထိုင်နေသော ကလေးငယ်ကို တွေ့လိုက်ရတော့၏။

သီဟသူ ထလာကာ အပြေးကလေး သွားဖက်ပေမဲ့ ကလေးမှာ
ရုတ်တရက် ကွယ်ပျောက်သွား၏။
သီဟသူ အခန်းထဲ လိုက်ရှာပေမဲ့ နောက်ထပ်မတွေ့တော့ပေ။

ထိုနေ့ တစ်နေ့လုံး သီဟသူတစ်ယောက် ဘယ်မှ မသွားတော့ပဲ
အခန်းထဲမှာပဲ အောင်းနေလိုက်၏။

မိခင်က ပန်းချီသင်တန်း မသွားတော့ဘူးလား မေးတော့လဲ
ခေါင်းတွေအုံ့နေလို့ပါ ဟု ညာပြောလိုက်၏။

သီဟသူ အိပ်ရာတွင် ပက်လက်ကြီးလှဲရင်း ထိုထိုသည်သည်တွေး
နေရာကနေ မကြာမီ အိပ်ပျော်သွားတော့၏။
**** **** **** ***** **** ***** ***** ******

သီဟသူ တစ်ယောက် မြူတထောင်းထောင်းထနေတဲ့ တောနက်ထဲ
လမ်းပျောက်နေ၏။

ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်နေပြီး အလင်းရောင်ဟု
မဆိုစလောက်သာ ရှိ၏။

” ဟာ၊ ငါ ငါ ဘယ်ရောက်နေတာလဲ ”
သီဟသူ ကား သူ့ကိုယ်သူ အိပ်မက်ကမ္ဘာထဲရောက်နေမှန်း သူမသိ
ပေ။
” အဖေ ” သူ့နားထဲ ဝင်ရောက်လာသော အသံ။
ဤ အသံကို သူကောင်းကောင်းကြီးရင်းနှီးနေ၏။

ထို့ကြောင်း အသံလာရာကို လိုက်ရှာရင်း တစ်နေရာ အရောက်တွင်
သွေးအလိမ်းလိမ်းနဲ့ရပ်နေသော မြမိုးသိမ့်ကို တွေ့လိုက်ရတော့၏။

” ဟင်၊ မိုးသိမ့်၊ မိုးသိမ့် ”
သီဟသူ အော်ခေါ်ပေမဲ့ မြမိုးသိမ့်ကား ဘာမှ မတုန့်ပြန်ပေ။

မြမိုးသိမ့် ရပ်နေရာကနေ သူမ၏ ဗိုက်ထဲမှ တစ်ခုခုကို ထုတ်ယူနေ၏။

” မိုးသိမ့်၊ မလုပ်နဲ့ မလုပ်နဲ့ ”
သို့သော် သီဟသူ ၏ စကားကို မြမိုးသိမ့် နားမထောင်ချေ။

မြမိုးသိမ့် ၏ လက်ထဲ သွေးသံတရဲရဲ အချင်းကြိုးတန်းလန်းနဲ့ ကလေး
တစ်ယောက်ပါလာ၏။

” ငွဲ ငွဲ ငွဲ ”

” အဖေ ”
ကလေးမှာ အော်ဟစ် ငိုယိုနေရာကနေ ရာတ်တရက်
” အဖေ ” ဟု ခေါ်လိုက်၍၊

သီဟသူ လန့်ကာ ထိုနေရာမှ ပြေးမယ်လုပ်တော့ ကလေးငယ်က
သူ၏ အရှေ့တွင် ကြိုရောက်နှင့်နေ၏။

” အဖေ၊ သားကို မှတ်မိပြီလား၊ သား က အဖေ့သားလေ၊ အဖေ
သတ်လို့ သေသွားတဲ့ အဖေ့သားလေ ”

” ဟင် ”
ကလေးမှာ စကားပြောနေရာကနေ သူ၏ လက်ခြေ ခေါင်းတို့ကို
လက်မည်းမည်းကြီး တစ်ခုက တစ်ခုစီချင်းဖြတ်ယူခြင်းကိုခံနေရ၏။

” အဖေ၊ သားကို ကယ်ပါအုန်း၊ သားကို ကယ်ပါအုန်း ”
ကလေးမှာ နာကျင်စွာ အော်ဟစ်ရင်း သူ့တစ်ကိုယ်လုံး လက်မည်း
ကြီး၏ လက်ထဲ ပါသွားတော့၏။

သီဟသူ လိုက်တားပေမဲ့ မရတော့ပေ။

” အဖေ၊ အဖေ၊ အဖေ ” အဖေ ဟု အော်ခေါ်သံကား ထိုနေရာ
သည်နေရာတို့မှ ပေါ်လာပြန်ပြီး၊ သီဟသူ ကြည့်လိုက်တော့
သူ့ကို အဖေ ဟု ခေါ်နေကြသော မြောက်များစွာသော သွေးတရဲရဲ
နဲ့ ကလေးငယ်များကို မြင်တွေ့လိုက်ရတော့၏။

” အား၊ အား၊ အား ”
သီဟသူ လန့်နိုးသွားခဲ့၏။
သူ့တစ်ကိုယ်လုံးလည်း ချွဲတွေစိုရွှဲလျက်။

သူဘယ်အချိန်ထိ အိပ်ပျော်သွားသည်မသိ။ ညနေတောင်
အတော်လေးစောင်းနေလေပြီ။

သီဟသူ လန့်နိုးကာ အိပ်ရာပေါ်မှာထိုင်နေတုန်း သူ၏
နောက်ကျောဘက်မှ ” အဖေ ” ဟု ခေါ်သံကို ကြားလိုက်ရပြန်၍၊

သူလည်း မရဲတရဲ နောက်ကို အသာကလေး လှည့်ကြည့်လိုက်တော့
သူ့အိပ်ရာ တစ်ခုလုံး သွေးတွေနဲ့ ပြည့်နေသည်ကို မြင်တွေ့လိုက်ရ
တော့၏။
” ဟင် ” သီဟသူ လန့်ကာ ဝုန်း ကနဲထပြီး ကြည့်လိုက်
တော့လည်း ဘာမှ မရှိချေ။

သီဟသူ လည်း ရှည်ရှည်ဝေးဝေး တွေးမနေတော့ပဲ၊ ကားသော့ကို
ယူကာ အိမ်ပေါ်မှ ပြေးဆင်းလာခဲ့တော့၏။

မြမိုးသိမ့် ဆီကို ဦးတည်လျက်ပေါ့။ ။
******** ****** ******* *******

” ဒေါက်၊ ဒေါက်၊ ဒေါက် ”

” ဒေါက်၊ ဒေါက်၊ ဒေါက် ”
သီဟသူ တစ်ယောက် မြမိုးသိမ့် ရဲ့ အခန်းတံခါးကို အလောတကြီး
ခေါက်လိုက်၏။

” ကျွီ ”
တံခါး ပွင့်လာ၏။
သီဟသူ ၏ အရှေ့မှာ ရပ်နေသည်က ယောကျာ်းတစ်ယောက်။
ထိုသူကား မောင်ထူး ပင်တည်း။

” ခင်ဗျား က ”
သီဟသူ ဘာမှ မပြောပဲ အခန်းထဲ ဇွတ်ဝင်သွား၏။
သူ၏ အထင်အမြင်က မြမိုးသိမ့် မှာ နောက်တစ်ယောက်ရှိနေတယ်
ဟု ပေါ့။
သီဟသူ အခန်းထဲ ဝင်လာတော့ မြမိုးသိမ့် ရဲ့ နဘေးမှာ တစ်
ခြား မိန်းကလေးနှစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်ရ၍
သူထင်နေသလို မဟုတ်မှန်း သဘောပေါက်သွား၏။

သီဟသူ ကို မြမိုးသိမ့် မြင်တော့ ဝုန်း ကနဲထလိုက်ပြီး၊ ရန်တွေ့ပါ
တော့၏။
ထိုအခါ မောင်ထူး အနားသို့ ရောက်လာပြီး သီဟသူ အား
ဘာမပြောညာမပြော နှင့် ” ခွပ် ” ဆွဲထိုးလိုက်၏။
တစ်ချက်၊ နှစ်ချက်။

တစ်ခြားမိန်းကလေး နှစ်ယောက်ဖြစ်တဲ့ ခင်စန္ဒာ နှင့် နှင်းမြဖြူ က
မောင်ထူး ကို ဆွဲထားလိုက်၏။

တကယ်တော့ မောင်ထူး တို့ သုံးယောက်ကို မြမိုးသိမ့် က
ခေါ်လိုက်ခြင်းဖြစ်ပြီး၊ သူမ ရင်ဆိုင်နေရသော အကြောင်းစုံ
ကို ရှင်းပြလိုက်၍ မောင်ထူး တို့က အားပေး နှစ်သိမ့်နေကြခြင်းဖြစ်၏။

” သီဟသူ၊ ရှင် ဘာလာလုပ်တာလဲ၊ ရှင်အခု ကျွန်မ အခန်းထဲက
ထွက်သွား၊ ရှင့်မျက်နှာ ကျွန်မ မမြင်ချင်ဘူး ”

မြမိုးသိမ့် ဒေါသတကြီး အော်ပြောလိုက်၏။

” မိုးသိမ့်၊ ကိုယ်တောင်းပန်ပါတယ်ကွာ၊ ကိုယ့်လုပ်ရက်က ခွင့်လွှတ်
ဖို့ မထိုက်တန်မှန်း ကိုယ်သိပါတယ်၊ ဒါပေမဲ့ ကွာ ……….

” တော်စမ်းပါရှင်၊ ခုမှလာပြီး၊ မယာများပြမနေနဲ့၊ ရှင့်ကို ကျွန်မအရမ်း
မုန်းတယ်၊ ရှင် အခု ထွက်သွားလိုက်တာ ကောင်းမယ် ”

သီဟသူ ၏ စကားမဆုံး မီမှာပင် မြမိုးသိမ့် အော်ဟစ်ပြောဆိုလိုက်
၏။
သီဟသူ တကယ်ပင် နောင်တရနေပါပြီ။

” မိုးသိမ့်၊ ကိုယ်လည်း တစ်နေ့မှ မပျော်ပါဘူးကွာ၊ မင်းရင်ဆိုင်နေရ
သလို ကိုယ်လည်း ရင်ဆိုင်နေရတာပါ၊ ကိုယ်ဘယ်သွားသွား ဘယ်
လာလာ ခြောက်လှန့်ခံနေရတယ်၊ ကိုယ် ပြောတာကို ယုံပါကွာ”

သူတို့စကားပြောနေတုန်း အခန်းထဲရှိ ပစ္စည်းများ ပြုတ်ကျလိုကျ
ဟိုဘက်သည်ဘက်ရွှေ့လိုရွှေ့နှင့် ဆူညံနေပါတော့၏။

” မိုးသိမ့်၊ တွေ့လား ပြောနေရင်းတောင် ဖြစ်နေပြီ၊ သားလေးက
ကိုယ်တို့ကို ခွင့်မလွှတ်နိုင်ဘူး ထင်ပါရဲ့ကွာ”

မြမိုးသိမ့် ကား တရှုတ်ရှုတ်ငိုနေ၏။

” ဒီကိစ္စကို ဖြေရှင်းနိုင်မဲ့ သူကို ကျုပ်သိတယ်၊ ခင်ဗျား မပူပါနဲ့
အေး၊ ဒါပေမဲ့ ဒီပြဿနာကြီး ပြီးသွားရင် ခင်ဗျား၊ မိုးသိမ့် နဲ့
ဝေးဝေးနေပါ ”
ရုတ်တရက် မောင်ထူး ပြောလိုက်သော စကားကြောင်း
သီဟသူ တစ်ယောက် ရင်ထဲဆို့နစ်သွား၏။

” ဟုတ်တယ်၊ ရှင်ကျွန်မတို့ သူငယ်ချင်းနဲ့ ဝေးဝေးနေရမယ်၊
မိုးသိမ့် သူ့ဘဝ နဲ့သူနေပါစေတော့ ရှင်၊ ရှင် ထပ်ပြီး ဒုက္ခမပေးပါနဲ့
တော့ ”
ခင်စန္ဒာလည်း ဝင်ပြော၏။
မြမိုးသိမ့် ကား သူမ၏ သူငယ်ချင်းများ ပြောသည်ကို ဘာမှ ဝင်မပြော
ပေ။
” မိုးသိမ့်၊ တစ်ခုခုပြောပါအုန်းကွာ ” သီဟသူ အသနားခံပေမဲ့
မြမိုးသိမ့် ကား တိတ်ဆိတ်လျက်သာ။

” ဝုန်း၊ ဒုန်း၊ ဂလွမ် ” ဆူညံသံတို့ကား တဖြည်းဖြည်း ပို၍ ကျယ်
လောင်လာခဲ့တော့၏။
******* ***** ******* ***** ******

နောက်တစ်နေ့ ………
နေ့လည်ပိုင်း အချိန်။

မောင်ထူး နှင့် သူစိမ်းတစ်ယောက် မြမိုးသိမ့်၏ အခန်းသို့ ဝင်လာ၏။
ထိုသူစိမ်းတွင် အဖြူမှာ အမည်းရောင်အနည်းငယ်ရောစပ်ထားတဲ့
လွယ်အိတ်ကလေးတစ်လုံးကို လွယ်ထား၏။

” ကြွပါဆရာ၊ ကြွပါ ”
မောင်ထူး ၏ စကားကြောင်း ၊ မောင်ထူး နှင့် အတူပါလာသူက
မောင်ထူး ပြောသော ဒီပြဿနာ ကို ဖြေရှင်းပေမဲ့ ပယောဂဆရာ
ဖြစ်ကြောင်း အားလုံး သဘောပေါက်သွား၏။

ထိုသူက လူလတ်ပိုင်းအရွယ် တစ်ဦးပင်။
မျက်နှာက တည်တည်တံ့တံ့နှင့် ခန့်ငြားလှ၏။

အခန်း ထဲ စရောက်သည်နှင့် ထိုလူက အခန်းကို ပတ်ချာလည်
အောင်ကြည့်ပြီး၊
” ဒီအိမ်မှာ ဘုရား ခန်းမရှိဘူး ထင်တယ် ” ဟု ပြောလိုက်၏။

ထိုလူကား ပယောဂဆရာ မင်းဒေဝ ပင်ဖြစ်၏။
{ ကျွန်ုပ်၏ ဆရာ၊ ဆရာလင်းညို { အလင်္ကာလင်းညို } နှင့် ပညာ
အတူယူခဲ့ဖူးသူ၊ ဆရာတူတပည့် }

” ဟုတ်ကဲ့ဆရာ၊ ကျွန်မ က ဘာသာမဲ့တစ်ယောက်ပါ ”
မြမိုးသိမ့် ၏ အပြောကို ဆရာမင်းဒေဝ က သိပ်သဘောမတွေ့။

” အင်းပါလေ၊ ဒါက လူတိုင်း ရွေးချယ် ခွင့်ပဲ၊ ဘာမှ မဖြစ်ပါဘူး၊
ကိုယ့်ယုံကြည်ရာနဲ့ ကိုယ်ပဲ၊ ကဲ ထားပါတော့၊

ဖြစ်ပျက်ခဲ့တာတွေအကုန် လုံးကို ဖြစ်ကြောင်းကုန်စင် ကျုပ်သိရမှ
ဖြစ်မယ်၊ ဒါမှ ဒီကိစ္စကိုဘယ်လို ဖြေရှင်းရမလဲ ကျုပ်သိမှာ ”

” ဟုတ်၊ ဟုတ်ကဲ့ပါဆရာ ”

ဆရာမင်းဒေဝ က မြမိုးသိမ့် တို့ စီစဉ်သော နေရာတွင် တင်ပလ္လင်
ခွေ ထိုင်လိုက်၏။

မြမိုးသိမ့် က အခန်းထဲ ရှိသူတို့၏ နာမည်ကို ပြောပြီး မိတ်ဆက်၏။
ပြီးမှ …….

” ဒီလိုပါဆရာ …….. အစချီကာ မြမိုးသိမ့် မှ ဖြစ်ကြောင်း ကုန်စင်
ပြောပြလိုက်တော့ ဆရာမင်းဒေဝ၏ မျက်နှာအမူအရာက ချက်ချင်း
ပြောင်းလဲ သွား၏။

” ဒီကိစ္စကို ကျုပ် မကူညီနိုင်တော့ဘူး”
ဆရာမင်းဒေဝ ဒေါသတကြီးပြောကာ ထိုင်နေရာမှ ထ လိုက်၍
အကုန်လုံး အံ့သြသွားကြ၏။

ဆရာနဲ့ မောင်ထူး က သူငယ်ချင်းတွေမို့ မောင်ထူး က လေးစားသမှု့
နဲ့
” ဘာလို့လဲ ဆရာ ” လို့မေးလိုက်၏။

” မောင်ထူး၊ မင်းနဲ့ငါ သိလာတာကြာပြီ၊ ငါ ဒီလို ကိစ္စတွေကို မကြိုက်
ဘူးဆိုတာ မင်း သိပါတယ်နော်၊ ငါ လူသတ်သမား အားပေး မလုပ်
နိုင်ဘူး ”

ဆရာမင်းဒေဝ ရဲ့ စကားက မြမိုးသိမ့် နှင့် သီဟသူ တို့ကို ချက်
ချင်း မျက်နှာပျက်သွားစေခဲ့၏။

” ဒီမှာ ဆရာ၊ ဆရာ့စကား က ဘာသဘောလဲဗျာ၊ ကျွန်တော်တို့ကို
စော်ကား သလိုဖြစ်နေပြီ ”
သီဟသူ ဒေါပွသွား၍ ပြောမိလိုက်၏။

” ဟုတ်ပြီလေ၊ ဒီလိုဆိုရင် ငါ မေးပါရစေ၊
တကယ်လို့ မင်း ရဲ့ မိဘတွေသာ မင်းကို ကိုယ်ဝန်ရှိမှန်း သိခဲ့စဉ်က
ဖျတ်ချ ခဲ့မယ်ဆိုရင်ရော ဘယ့်နှယ်လဲ?

သီဟသူ ပို၍ ဒေါပွသွားပေမဲ့၊ မြမိုးသိမ့် က သီဟသူ ၏ လက်ကို ဆွဲ
ထား၍ စိတ်ထိန်းလိုက်ရ၏။
ကျေနပ်လှ၍ ကား မဟုတ်ပေ။

” ဆရာရယ်၊ ဆရာနဲ့ ကျွန်တော် ခင်မင်လာခဲ့ တာကို ထောက်ထား
သော အားဖြင့် ကျွန်တော့သူငယ်ချင်းကို ကူညီပါဗျာ၊
ဒီကိစ္စမှာ မြမိုးသိမ့် ရော သီဟသူ ပါ အမှားကြီးမှားတာ ဆိုတာ
သိပါတယ်ဗျ။

သူတို့လည်း နောင်တ ရနေကြပါပြီ၊ ပြီးတော့ လည်း ဆရာကူညီမှ
ဖြစ်မဲ့ ကိစ္စမို့လို့ပါဗျာ ”

ဆရာမင်းဒေဝ လည်း စိတ်လျော့လိုက်၏။

” ဟုတ်ပြီလေ၊ မောင်ထူး ဒီတစ်ခါ တော့ မင်းမျက်နှာကို ထောက်လို့
ငါ ကူညီပေးလိုက်မယ်။
ဒါပေမဲ့ နောက်နောင် ဒီလိုကိစ္စမျိုးဆိုရင် ငါနဲ့ဝေးဝေးနေတာ ကောင်း
ပါလိမ့်မယ်၊

စစ်မှန်တဲ့ သမားတော်က သူ့ဆီရောက်လာတဲ့ လူနာကို သူ့ရဲ့
ရန်သူပဲ ဖြစ်ဖြစ်၊ ချစ်သူ၊ မုန်းသူ၊ မလိုသူပဲဖြစ်ဖြစ် သူဆေးကုပေးမှာ
ပဲ ဘာလို့တိုတော့ ဒါက သူ့တာဝန်မို့လို့ ပဲ၊

အဲလိုပဲ၊ ငါက စစ်မှန်တဲ့ ဆရာတစ်ယောက် ဖြစ်ကောင်းဖြစ်ပါလိမ့် မယ်၊ ငါ့ရှေ့ဒုက္ခရောက်နေရင်တော့ ငါတတ်နိုင်တဲ့အရာဆိုရင် ကူညီဖို့ ဝန်မလေးဘူး၊
ဒါပေမယ့် ဒီလိုကိစ္စမျိုးနဲ့ကြုံရတာ ဒါ ပထမဆုံး နဲ့ နောက်ဆုံးဖြစ်ပါရ
စေ”

ဆရာမင်းဒေဝ က ပြောချင်တာတွေ ပြောပြီးတဲ့အခါ၊
သူ့ရဲ့ လွယ်အိတ်ထဲမှ အိတ်နီနီလေး တစ်လုံးကို ထုတ်လိုက်၏။

ထိုအိတ်နီကလေးထဲမှ တစ်ခါ သူ နှိုက်ယူလိုက်သည်က ဆံတစ်ဆုပ်။

” ကဲ၊ ဒီတိုက်ခန်း ရဲ့ ပိုင်ရှင် မြမိုးသိမ့် ရော ဒီကိစ္စနဲ့ ဆက်စက်
သက်ဆိုင်နေတဲ့ သီဟသူ ရော၊ ဒီပြဿနာကို ဖြေရှင်းပေးစေချင်
တယ် ဆိုတာ သေချာပြီနော် ”

ဆရာမင်းဒေဝ က စိတ်ဆိုးတုန်း အော်ဟစ်ပြောဆိုတတ်ပေမဲ့
သူ့ပညာရပ်တွေကိုအသုံးချနေစဉ်မှာတော့ တည်ငြိမ်လွန်းလှ၏။

” ဟုတ်၊ ဟုတ်ကဲ့ပါ ဆရာ၊ သေချာပါတယ် ”

ဆရာမင်းဒေဝ က ကာယကံရှင်တွေဆီမှ သုံးကြိမ်သုံးခါ သဘောတူ
ကြောင်း ရယူပြီး၊ လက်ထဲမှ ဆံတစ်ဆုပ် ကို ” ဖူး ” ကနဲ မှုတ်လိုက်ပြီး
သီဟသူ အား တိုက်ခန်း၏ နေရာ အနှံ့ကို ကြဲစေ၏။

သီဟသူ လည်း ဆရာမင်းဒေဝ ကို သိပ်ကြည်လှသည်မဟုတ်ပေမဲ့
မငြင်းရဲပေ။

” အားလုံ တိတ်တိတ်နေကြပါ၊ မလှုပ်ကြနဲ့၊ ကျုပ်…. ဘုရားကို
အာရုံပြု ရှိခိုးဖို့ လိုတယ် ” ဟု ပြော၍ တစ်ခြားသူများလည်း တုတ်
တုတ်မှ မလှုပ်ကြပေ။

ဆရာမင်းဒေဝ က ကျနစွာထိုင်ကာ လက်အုပ်ချီလျှက် ဂုဏ်တော်
တွေကို ပွားများပြီး၊ စိတ်ထဲ အာရုံပြုကာ ဘုရားရှိခိုးလိုက်၏။
မြမိုးသိမ့် ရဲ့ အခန်းမှာ ဘာဘုရားပုံတော်မှ မရှိပေမဲ့ပေါ့။

ဆရာမင်းဒေဝ ဘုရားရှိခိုးအပြီးမှာပဲ သီဟသူ လည်း ရောက်လာ၏။

” မစခင် ကျုပ်တစ်ခုပြောချင်သေးတယ်၊
မိစ္ဆာသရဲက နူးညံ့ပြီး ကျုပ်တို့က ချော့မော့ပြောလို့
ရမယ်ဆိုရင် ချော့မော့ပြီးပြောတယ်၊ အေး ဒေါနဲ့မောနဲ့ ပြောမယ်မှ
ဖြစ်မယ်ဆိုရင်လည်း ဒေါနဲ့ မောနဲ့ပြောတယ်၊

အဲလိုပဲ လူတွေကို ဒုက္ခပေးတတ်တဲ့ မကောင်းဆိုးရွားမလို့ သတ်ပစ်မှ ဖြစ်မယ်ဆိုရင်လည်း လက်မတွန့်ဘူး၊ ဟုတ်ပြီနော်”

ဆရာမင်းဒေဝ က သူ့ရဲ့ သဘောသဘာဝ ကို ပြောပြပြီး၊
ကျနသေချာစွာ တင်ပလ္လင်ခွေထိုင်၊ လက်နှစ်ဖက်ကို ဘေးသို့ချပြီး၊

ပါးစပ်မှ သာမန်လူ တို့ နားမလည်နိုင်သော ဂါထာမန္တရားတို့ကို ရွတ်
ဖတ်ကာ၊
” အို… ဒီအိမ် ဒီနေရာ ဒီတိုက်ခန်းမှာ ရှိတဲ့ သမ္မာဒေဝ နတ်
ကောင်းနတ်မြတ်၊ နတ်အပေါင်းနှင့် မိစ္ဆာညစ်ဆိုး မကောင်းဆိုးရွားတို့
အပါအဝင် မမြင်အပ်မမြင်ဖွယ်ရာ၊ သတ္တဝါတို့ ၊

ရတနာသုံးပါး နှင့် မိဘဆရာ တို့၏ ဂုဏ်တော်အသင်္ချေ၊ အနန္တတို့ကို
ဦးထိပ်ပန်ဆင်လျက်၊ ငါ ဆရာ အမိန့်မှတ်မည်၊

မမြမိုးသိမ့် နှင့် ကိုသီဟသူ တို့ကို လိုက်နှောက်ယှက်နေသော
ကလေးသရဲ ငါ၏ ရှေ့မှောက် ရောက်စေ၊

အကယ်၍ ထိုကလေးသရဲအား တားဆီးပိတ်ပင် နိုင်မဲ့ အရာတွေရှိ
ခဲ့ပါက ထိုကလေးသရဲအား အခွင့်ကိုပေးကြပါ၊ ငါဆရာအမိန့် …..

ဆရာမင်းဒေဝ က ထိုသို့ပြောပြီးနောက် ပါးစပ်မှလည်း တဥုံ ဥုံ
မြည်နေ၏။

ဆရာမင်းဒေဝ ရဲ့ အမိန့်စကားကို ကြားပြီးနောက် ခင်စန္ဒာ နဲ့
နှင်းမြဖြူ တို့က မောင်ထူး ၏ အနားသို့ တိုးကပ်လာ၏။

ထိုအခိုက်မှာပင် မြမိုးသိမ့် တိုက်ခန်းမှ မီးလုံးများ မှိတ်ချည် လင်း
ချည် ဖြစ်လာပြီး၊ ဘယ်က တိုက်နေမှန်းမသိသော လေက တဟူးဟူး
ထလာ၏။

ဆရာမင်းဒေဝ က လွဲလျင် အကုန်လုံးက ထိုထိုသည်သည်ကြည့်နေ
ကြ၏။

မီးလုံးများမှာ အားကုန်ခါနီး ဓာတ်မီးကဲ့သို့ ခပ်မှိန်မှိန်ဖြစ်သွားခြင်း
နှင့်အတူ စိမ်းညှီသော အနံ့တစ်ခုက စူးစူးရှရှ ဝင်ရောက်လာ၏။

” ဟာ၊ ဘာအနံ့ကြီးလဲ ”

” အွတ်၊ အွတ် ”
နှင်းမြဖြူ မှာ ထိုအနံ့ကြောင်း တအွတ်အွတ်အန်နေ၏။

ဆရာမင်းဒေဝ ကတော့ မျက်မှောင်ကြုတ်လျက်။

” ဟီး၊ ဟီး၊ ဟီး ”
မြမိုးသိမ့်တို့သူငယ်ချင်းတွေကြားမှ ထွက်ပေါ်လာသောကလေးငိုသံ။

ထိုငိုသံကြောင်း ခင်စန္ဒာ နှင့် နှင်းမြဖြူ တို့က လန့်ကာ နောက်သို့
အနည်းငယ်ဆုတ်သွား၏။

ကလေးငိုသံ နှင့် ငိုကာ ခေါင်းငိုက်စိုက်ကျလျှက် ထိုက်နေသူက
မောင်ထူး။

” ဟင်” ” ဟာ ”
အကုန်လုံးလန့်သွားကြ၏။

” ကဲ၊ ရောက်ပြီလား၊ ခုရောက်နေတာက မမြမိုးသိမ့် နဲ့ ကိုသီဟသူ တို့ကို လိုက်နှောက်ယှက်နေတဲ့ သူလား ”

ဆရာမင်းဒေဝ က သြဇာအာဏာသံ ပါပါနှင့်တည်တံ့စွာမေးလိုက်၏။
သို့သော် မောင်ထူး က ဘာမှပြန်မဖြေပဲ၊ ခေါင်းကို သာ အောက်သို့
စိုက်ထား၏။

” အော်၊ သင်းက မဖြေဘူးပေါ့၊ ငါဆရာ ကို မထီမဲ့မြင်ပြုရဲတယ်ပေါ့
ကဲ ကြာ”
” ဝုန်း ”
ဆရာမင်းဒေဝ က ကြမ်းပြင်ကို လက်ဝါးနဲ့ အားပါးတရရိုက်ထည့်
လိုက်တော့ ၊ မောင်ထူး မှာ နာကျင်စွာ အော်ဟစ်ရင်း ငိုပါတော့၏။

” အားးး၊ အောင်မလေး ကြောက်ပါပြီ၊ ကြောက်ပါပြီ၊ ဖြေပါ့မယ်၊
ဖြေပါ့မယ်” ဟု ပြောကာ
မောင်ထူး ငိုလျှက် ခေါင်းညိတ်ပြ၏။

” ဟေ့၊ မောင်ထူး သတိထားအုန်းလေ ”
မြမိုးသိမ့် က မောင်ထူးကို သတိပေး၏။

ဆရာမင်းဒေဝ က မြမိုးသိမ့် အား လက်ကာပြကာ တားလိုက်၏။

” ကဲ၊ ရောက်ပြီ ဆိုရင်၊ ပြော မြမိုးသိမ့် နဲ့ သီဟသူ တို့ကို ဘာ့
ကြောင်းလိုက်နှောက်ယှက်နေရတာလဲ ”

ဒီတစ်ကြိမ် ဆရာမင်းဒေဝ ထိုသို့မေးလိုက်တော့မှ မောင်ထူး ကို
သူမ၏ သား ကလေးသရဲက ဝင်ပူးကပ်နေမှန်း သဘောပေါက်
သွား၍၊ မြမိုးသိမ့် လည်း
နောက်နည်းနည်းဆုတ်သွားခဲ့၏။

ကလေးသရဲရဲ့ ပူးကပ်မှု့ကို ခံထားရတဲ့ မောင်ထူးက ဘာမှမပြော
ပဲ ခေါင်းငိုက်စိုက်ဖြင့်သာထိုင်နေ၏။

ဆရာမင်းဒေဝ မှ ကြမ်းပြင်ကို လက်ဝါးနဲ့ ဝုန်း ကနဲ ရိုက်ပြန်ကာ
” ဟေ့၊ ငါမေးနေတယ် ပြောစမ်း ” ဟု အမိန့်ပေးလိုက်တော့။

မောင်ထူး လည်း နာကျင်စွာ အော်ဟစ်ရင်း သီဟသူတို့ဘက်ကို
စောင်းငဲ့ကြည့်၏။

သူ၏ မျက်လုံးတို့ကား နီရဲနေ၏။

” ဟုတ်ကဲ့ပြောပါ့မယ်ဆရာ၊ ပြောပါ့မယ်၊
ကြောက်ပါပြီ၊ ပြောပါ့မယ် ပြောပါ့မယ် ၊

ကျွန်ုပ်က ယောကျာ်း
လေးလား မိန်းကလေးလား မသိရမီကတည်းက သေသွားခဲ့ရသူပါ၊

ဒါပေမဲ့ ကျွန်ုပ်က အဖေ့လို ယောကျာ်းလေးပဲဖြစ်ချင်တာပါ”
မောင်ထူး က သီဟသူဘက်ကိုကြည့်ကာပြော၏။

သီဟသူ ကား မျက်နှာကို အောက်စိုက်ထား၏။

” နာမည်ရော ကျွန်ုပ်မှာမရှိဘူး၊ ဖြူသလား မဲသလားလဲ မသိဘူး
ကျွန်ုပ်ရဲ့ပုံစံက ဘယ်လိုပုံစံလဲတောင်မသိဘူး၊
ဟီး ဟီး ဟီး ”

မောင်ထူး ကား ပြောရင်းငိုပြန်၏။

” အမေ တောင်းပန်ပါတယ် သားရယ်၊ အမေတောင်းပန်ပါတယ် ”
မြမိုးသိမ့် က ထကာ တောင်းပန်နေ၍၊
ဆရာမင်းဒေဝ က သူမ ကို တားဖို့၊ ခင်စန္ဒာ အား လက်ပြရပြန်၏။

” ဆရာ၊ ကျွန်ုပ်က ဘာအမှားလုပ်ခဲ့မိလို့လဲဆရာ၊ ဘာ့ကြောင်း
ကျွန်ုပ်က ရှင်သန်ခွင့်မရ ရတာလဲဆရာ၊
ကျွန်ုပ်မှာ ခိုနားစရာမရှိ လျောက်သွားနေရတာပါဆရာ၊

အမေ့ဆီ သွားပြန်တော့လည်း အမေ က နှင်ထုတ်တယ်ဆရာ၊
သားကို အမေ သိပ်မုန်းနေတာထင်တယ် ဆရာ”

မြမိုးသိမ့် ကား တရှုတ်ရှုတ်ငိုလျက်။
သီဟသူ လည်း စီးကျလာသော မျက်ရည်တို့ကို သုတ်လိုက်၏။

ခင်စန္ဒာ နှင့် နှင်းမြဖြူ တို့လည်း မျက်ရည်တွေနှင့်။

“သူတို့ နှစ်ယောက်က သားကို သတ်တာဆရာ၊ သူတို့ နှစ်ယောက်
က သားကိုသတ်တာ ”
ညင်သာစွာပြောနေသော မောင်ထူး မှ ရုတ်တရက် အော်ဟစ်ပြောဆို
လာ၏။

ထိုအခါ မီးလုံးများလည်း မငြိမ်မသက်ဖြစ်လာပြန်ပြီး၊
တံခါး နှင့် ပြူတင်းတို့လည်း ပွင့်ချည်ပိတ်ချည်ဖြစ်ကာ ဆူညံလာ၏။

တစ်ခါတခါ ပွင့်သွားသော ပြူတင်းများမှ အေးစက်သော လေပြင်း
တို့က ဝင်လာပြီး တိုက်ခတ်၍၊

ပစ္စည်းတို့လည်း လေထဲပျံဝဲလာပြီး ကိုင်ပေါက်သလိုဖြစ်လာ၏။

ခင်စန္ဒာ နှင့် နှင်းမြဖြူ တို့ကား တစ်ယောက်လက်ကို တစ်ယောက်
ဆုတ်ကိုင်ကာ အော်ဟစ်နေ၏။

” ဟေ့၊ ငါဆရာ ရှေ့မှာ မရိုမသေပြုရဲသလား ”
” ဝုန်း ”
ဆရာမင်းဒေဝ က ကြမ်းပြင်ကို လက်ဝါးနဲ့ ရိုက်ချလိုက်ပြန်တော့
အကုန်လုံးငြိမ်သက်သွားတော့၏။

ထိုအခါမှ မြမိုးသိမ့် နှင့် သီဟသူ တို့ ထလာကာ၊ မောင်ထူး၏ လက်
ကို ကိုင်လျက် သားဖြစ်သူအားတောင်းပန်ကြ၏။

” အဖေ့ကို ခွင့်လွှတ်ပါသားရယ်၊ အဖေ တောင်းပန်ပါတယ်၊
အဖေ မှားခဲ့ပါတယ် သားရယ်၊ အဖေ အရမ်းကို မှားခဲ့ပါတယ် ”

သီဟသူ လည်း မျက်ရည်တသွင်သွင်စီးလျက်တောင်းပန်၏။

” အမေ တောင်းပန်ပါတယ် သားရယ်၊ အမေတောင်းပန်ပါတယ်၊
အမေ သားကို မွေးဖို့ သတ္တိမရှိခဲ့လို့၊ ငါ့သားလေး ဒီလိုဖြစ်ရတာပါ၊
အမေ တောင်းပန်ပါတယ်ကွယ် ၊ အားလုံးက အမေ့ အမှားတွေပါ၊

အားလုံးက အမေ့ ရဲ့ အပြစ်တွေပါကွယ် ”

မြမိုးသိမ့်ရော သီဟသူ ပါ နောင်တကြီးစွာရကာ တောင်းပန်နေကြ
၏။
” ဟေ့၊ သင့်ရဲ့ မိဘ နှစ်ပါးက အမှားကိုသိပြီး၊ သင့်အပေါ်
လုပ်ခဲ့ ရက်စက်ခဲ့တာတွေ အတွက်တောင်းပန်နေကြပြီ၊

သင့်အပေါ် သူတို့လုပ်ခဲ့တာက အမှားကြီးမှားမှန်း ငါဆရာ သိပါ
တယ်၊ ဒါပေမဲ့ သင် ခုလို လိုက်နှောက်ယှက်နေလို့မရဘူး၊

သင်ရော သူတို့ကို တောင်းပန်ပြီး ခွင့်လွှတ်လိုက် ”

မောင်ထူး ချက်ချင်းပြန်မဖြေ။

ဆရာမင်းဒေဝ က လက်သီးဆုပ်ကာ ပါးစပ်မှလည်း
သူတို့အတတ်သူတို့ပညာဖြင့် ဂါထာလို မန္တာန်လိုလိုတို့ကိုရွတ်ပြီး
ကြမ်းပြင်ကို “ဝုန်း ” ကနဲ ရိုက်ချလိုက်ပြန်၏။

” အားးးးးး၊ သေပါပြီ၊ ကြောက်ပါပြီ၊ ဆရာပြောတဲ့အတိုင်းလုပ်ပါ့
မယ်၊ ဆရာပြောတဲ့ အတိုင်းလုပ်ပါ့မယ် ”

မောင်ထူး ကြမ်းပြင်မှာ လူးလှိမ့် အော်ဟစ်ရင်း အော်ပြော၏။

” သား၊ အဖေ တို့ကို ကြောက်လန့်စေခဲ့ရင် တောင်းပန်ပါတယ်၊
အဖေ နဲ့ အမေ၊
သား က အဖေ နဲ့ အမေ ကို သားရှိနေကြောင်း သိစေချင်ခဲ့တာပါ၊
သား အဖေ အမေတို့နဲ့ အတူနေချင်လို့ပါ ”

‘ ဟေ့၊ ဘာပေါက်ကရတွေလဲ၊ သင်း နဲ့ သူတို့နဲ့ ဘဝတွေမှ မတူ
တော့တာ၊ ဘယ်လို အတူနေလို့ရမှာလဲ၊

ငါ ရိုက်ထည့်လိုက်ရ ”

ဆရာမင်းဒေဝ က အာဏာသံပါပါနဲ့ပြောပြီး၊
ကြမ်းပြင်ကို ရိုက်မလို လုပ်တော့ မောင်ထူး က

” မရိုက်ပါနဲ့ဆရာ၊ သားကို မရိုက်ပါနဲ့ ” ဟု အော်ဟစ်ငိုယိုကာပြော
ပြန်၏။

ထိုအခါ မောင်ထူး သို့ ဝင်ရောက်ပူးကပ်နေသော သားဖြစ်သူ၏
အဖြစ်ကိုမြင်၍၊
မြမိုးသိမ့်ခမျာ မျက်ရည်အတွင်တွင်စီးလျက်၊ ဆရာမင်းဒေဝ ကိုသာ
တားမြစ်ချင်စိတ်ဖြစ်လာတော့၏။

” ဟေ့၊ တောင်းပန် ခွင့်လွှတ် မှာလား မခွင့်လွှတ်ဘူးလား၊
ငါက သိပ်စိတ်ရှည်တာ မဟုတ်ဘူး ”

” တောင်းပန်ပါ့မယ်ဆရာ၊ တောင်းပန်ပါ့မယ်၊ ဟီး ဟီး ဟီး ”
မောင်ထူး က ငိုကြွေးကာ မျက်လုံးထောင့်နီရဲရဲတွေနဲ့ ဆရာ
မင်းဒေဝ ကို စိုက်ကြည့်ပြီး၊

“သားတောင်းပန်တယ်၊ ဟီး ဟီး ဟီး၊

သားနဲ့ထိုက်တန်တဲ့ သား ရသင့်ရထိုက်တဲ့ ဘဝ ကို သား သွားရ
တော့မှာပါ၊
အဖေ နဲ့ အမေ့ကို သားခွင့်လွှတ်ပါတယ်၊ သားကိုလည်း
အဖေ နဲ့ အမေ ခွင့်လွှတ်ပေးကြပါ ”

ထိုအချိန် ဆရာမင်းဒေဝ မှာ တပလ္လင်ခွေထိုင်ကာ လက်နှစ်ဖက်
ကို ဘေးသို့ ချထား၏။

” အဖေ နဲ့ အမေ ကိုခွင့်လွှတ်ပါသားရယ်၊ နောက်ဘဝ နောက်
ခန္ဓာမှာ လူဖြစ်ခွင့်ရှိခဲ့ရင် ဒီလိုကံကြမ္မာဆိုးနဲ့ မကြုံရပါစေနဲ့သား
ရယ် ”

မြမိုးသိမ့် နှင့် သီဟသူ တို့က မောင်ထူး ကို ဖက်ထားလိုက်၏။

” သား သွားတော့မယ် အဖေ နဲ့ အမေ သားသွားရတော့မယ်”

ကလေးသရဲဝင်ပူးကပ်ခံထားရသော မောင်ထူး က ဆရာမင်းဒေဝ
ဘက်ကိုကြည့်ကာ၊

ကျေးဇူးတင်စကားပြောပြီးနောက်၊ မောင်ထူး ခွေကျသွားပါတော့၏။

မြမိုးသိမ့် နှင့် သီဟသူ တို့ကား မောင်ထူး ကို ဖက်ကာငိုလျက်။

” ကဲ၊ ခုမှ အလွမ်းသယ်မနေကြနဲ့၊ ခင်ဗျား တို့ရဲ့သားလေး ထွက်
သွားနှင့်ပြီ၊ ကောင်းရာမွန်ရာ ရောက်မှာပါ၊

တကယ်တော့ ကျုပ်မကူညီရင်လည်း ခင်ဗျား တို့ မလိုချင်လို့
သတ်ပစ်ခဲ့တဲ့ ခင်ဗျား တို့ရဲ့သားက ထွက်သွားမဲ့ပုံပဲ၊

အင်း ခုတော့ ဘာအနှောက်အယှက်မှ မရှိတော့ဘူး၊

အေး ဒါပေမဲ့ ကျုပ်ကတော့ ပြောစရာ ရှိတာ ပြောရမှာပဲ ”

ထိုအချိန် မောင်ထူး မှာ သတိမရသေးပေ။

” မြမိုးသိမ့်၊ ခင်ဗျားကို ကျုပ်ပြောခဲ့မယ်၊

မိန်းမတစ်ယောက်ရဲ့ တကယ့်တန်ဖိုး အစစ်အမှန်ဆိုတာ၊
ခင်ဗျား တို့ထင်နေသလိုမျိုး အလှအပတွေ၊ အနုအရွတွေ မဟုတ်
ဘူး၊ မိန်းမတစ်ယောက်ရဲ့ တကယ့်တန်ဖိုးက
” မိခင်စိတ်” ပဲ။

ဘယ်လောက်ပဲ ပျက်စီးနေတဲ့ မိန်းမ ဖြစ်နေပါစေ မိခင်စိတ်ရှိရင်
တော့ သူဟာ တန်ဖိုးရှိတဲ့ မိန်းမပဲ၊

ဘွဲ့တွေ၊ ဒီဂရီတွေ တပုံတခေါင်း ရှိနေပေမဲ့ မိခင်စိတ်မရှိရင်
အဲဒီမိန်းမဟာ တန်ဖိုးမရှိတဲ့မိန်းမပဲ”

မြမိုးသိမ့် အပါအဝင် တစ်ယောက်မှ မလှုပ်မယှက်နားထောင်နေ
ကြ၏။
” သီဟသူ၊ ခင်ဗျားလည်း ငါ့ကိုပြောနေတာ မဟုတ်ဘူးလို့၊
မမှတ်နဲ့ ယောကျာ်းတွေလည်း ဒီအတိုင်းပဲ၊

ကျုပ်သိတဲ့ မိန်းမ နဲ့ ယောကျာ်းရဲ့တန်ဖိုးဆိုတာ အဲဒါပဲ၊

ကျုပ်တို့ မိဘ နဲ့ ခင်ဗျား တို့ရဲ့ မိဘတွေသာ ကျုပ်တို့ ခင်ဗျားတို့ကို
လူ့လောကထဲ မခေါ်ပဲ သတ်ပစ်ခဲ့ရင်ကော ဒီနေ့ ကျုပ်တို့ဆိုတာ
ရှိလာနိုင်ပါ့မလား၊

အေး၊ အဲဒီလိုပဲ၊ မိဘ က မိဘတာဝန်ကို သိတတ်ရမယ်၊
သားသမီးက သားသမီးတာဝန်ကို သိတတ်ရမယ်၊
တာဝန်မဲ့တဲ့ မိဘတွေရဲ့ သားသမီး ဖြစ်လာရတာဟာလည်း
ငရဲပဲ။
တာဝန်မဲ့၊ တာဝန်မသိတတ်တဲ့ သားသမီးကို မွေးမိတဲ့ မိဘအတွက်၊ အဲဒီသားသမီးတွေဟာလည်း ငရဲပဲ၊

မိဘတွေ အနေနဲ့ ကိုယ်တကယ်တာဝန်ယူနိုင်ပြီဆိုမှ၊ တာဝန်ယူ
နိုင်မှ သားသမီးတွေကို လူ့ဘဝ ထဲ ခေါ်သင့်တယ်။

အေး၊ တာဝန်မယူချင်ပဲ ကိုယ့်ရဲ့ ပျော်ရွှင်မှု့သက်သက်၊ ခဏတာ
သာယာမှု့သက်သက် နဲ့ပဲ ခေါ်မယ်ဆိုရင်၊

အဲဒီ ကလေးတွေရဲ့ ငယ်ဘဝဟာ ပျော်ရွှင်မှု့၊ လွတ်လပ်မှု့တွေနဲ့
ကြီးပြင်းလာရမဲ့အစား၊
နာကျဉ်းမှု့တွေ စိတ်ဒဏ်ရာတွေ အမုန်း အာဃာတတွေနဲ့ပဲ
ကြီးပြင်းလာရလိမ့်မယ်။

အဲဒီလို တာဝန်မဲ့ တာဝန်မယူတတ်တဲ့ မိဘတွေကြောင်း ဒုက္ခ
ရောက်ရတဲ့ ကလေးတွေ၊ မိဘမဲ့ဖြစ်ရတဲ့ကလေးတွေ၊
ဘာမှန်းမသိရမီ ကတည်းက အဖျတ်ချခံ အသတ်ခံ လိုက်ရတဲ့
ကလေးတွေ ရေတွက် မကုန်နိုင်ဘူး၊

ခင်ဗျား တို့ ရဲ့ ခဏတာ ပျော်ရွှင် သာယာ မှု့ ရမ္မက်တွေကြား မှာ
အပြစ်မဲ့တဲ့
ကလေးတွေရဲ့ ဘဝ ကို မစတေးလိုက်ပါနဲ့၊

ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် အသက်တိုင်းက တန်ဖိုးရှိတယ်

နောက်နောင်၊ အဲဒီတာဖိုးရှိတဲ့ အသက်တွေရဲ့တန်ဖိုးကို ခင်ဗျား
တို့ သိနိုင်ဖို့ ကျုပ် မျှော်လင့်ပါတယ်”

ဆရာမင်းဒေဝ က နေရာမှ ထကာ သူ့လွယ်အိတ်ကလေးကို
လွယ်ပြီး ၊

” မြမိုးသိမ့် ရော သီဟသူ ပါ၊ ခင်ဗျားတို့ ဘာသာမဲ့ပဲဖြစ်ဖြစ်
ဘာပဲ ကိုးကွယ်ပါစေ ကျုပ်အတွက် အရေးမပါဘူး၊ ဒါပေမဲ့

ခင်ဗျားတို့ ရဲ့ သားလေးအတွက် ကုသိုလ်ကောင်းမှု့တော့လုပ်ပေး
စေချင်တယ်၊ အမျှဝေပေးစေချင်တယ်။
ဒါ ဟာ ဒီနေ့ ခင်ဗျားတို့ကို ကူညီခဲ့တဲ့ အတွက် ကျုပ်တောင်းတဲ့
တန်ကြေးပဲ”

ဆရာမင်းဒေဝ က ထိုသို့ ပြောကာ ထွက်သွားမည်ပြုပေမဲ့
ထိုအချိန်ထိ သတိမရသေးသော မောင်ထူး ကို ကြည့်ကာ

” ခင်ဗျား တို့ သူငယ်ချင်းအတွက်မပူပါနဲ့ သူပင်ပန်းသွားလို့ အိပ်
ပျော်နေတာပါ မျက်နှာကို ရေနဲ့ပက်လိုက် နိုးလာပါလိမ့်မယ် ” ဟု

ပြောပြီး၊ နောပ်ပြန်လှည့်မကြည့်သော ထွက်သွားခြင်းဖြင့်၊ ထို အခန်း
ထဲမှ ထွက်သွားတော့၏။
******* ***** ***** ***** *******

” ဝါး ”
မောင်ထူး ၏ မျက်နှာပေါ် ခင်စန္ဒာ ရေလောင်းချလိုက်၍ မောင်းထူး
လန့်နိုးလာ၏။

” ဟာ၊ ဘာဖြစ်တာလဲ၊ ဘာဖြစ်သွားတာလဲဟ ”

” နင့်ကို ကလေးသရဲ ဝင်ပူးသွားတာဟ မောင်ထူး ရ”

” ခင်စန္ဒာ နင် နင် ဘာပြောလိုက်တယ် ”

” ဟုတ်တယ်၊ နင့်ကို ကလေးသရဲ ဝင်ပူးသွားတာ”
ခင်စန္ဒာ က မောင်ထူး ကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်၏။

” အော်၊ ဒါ့ကြောင်း ငါ့တစ်ကိုယ်လုံး ကျဉ်ကနဲ ဖြစ်သွားပြီး၊
ဘာမှ မမှတ်မိတာကိုး ”
“ဒါနဲ့ ဆရာ နဲ့ ဟို အကောင် သီဟသူ ကော ”

” ဆရာရော သီဟသူပါ သွားနှင့်ပြီ ”

ထိုအချိန်ထိ မြမိုးသိမ့် မှာ ငူငူငိုင်ငိုင် ဖြစ်နေတုန်းပင်။

မောင်ထူး က မြမိုးသိမ့် ရဲ့ အနားသို့ သွားကာ

” မိုးသိမ့်၊ သူငယ်ချင်း၊ နင်ဘာဆက်လုပ်မှာလဲ ၊ သီဟသူ ကိုကော
နင် …….”
မောင်ထူး ဆက်မမေးတော့ပါ။

” ရပါတယ် မောင်ထူး ရဲ့၊ ငါ အခု အဆင်ပြေသွားပါပြီ၊
ပြီးတော့ မှားပြီးသား အမှားတစ်ခုကို သိသိရက်နဲ့ နောက်တစ်ခါ
မှားလောက်အောင်အထိ ငါ မရူးမိုက်သေးပါဘူး၊

သီဟသူ နဲ့ ငါ့ရဲ့ ဇာတ်လမ်း ဒီနေ့မှာပဲ ငါကိုယ်တိုင် အဆုံးသတ်
လိုက်ပြီ”

မောင်ထူး ၏ မျက်နှာကား ချက်ချင်းဝင်းပသွားတော့၏။

” ထားပါလေ၊ မောင်ထူး ငါ့ကို တစ်ခု ကူညီစမ်းပါ၊
ငါ ငါ့သားလေးအတွက် ကုသိုလ်ကောင်းမှု့တွေ လုပ်ချင်တယ်၊

ဒါ့ကြောင်း ငါ့သားလေးအတွက် အမျှအတမ်းဝေလို့ ရအောင်
နင် ကူညီပေးပါအုန်း ”

မောင်ထူး ကား ဝမ်းသာစွာဖြင့် မြမိုးသိမ့် ရဲ့ အကူအညီတောင်း
မှု့ကို လက်ခံလိုက်ပါတော့သတည်း။ ။
***** ***** ***** ***** ***** *******

ကိုယ့်ရဲ့တာဝန်ကို ကိုယ်မယူနိုင်တဲ့အခါ …..
တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်းကိုပဲ မဟုတ်ပဲ
ကိုယ့်ရဲ့ ပတ်ဝန်းကျင် ၊ ကိုယ့်ကလေးရဲ့ အနာဂတ်တွေကို ရိုက်ချိုး
ဖျတ်ဆီးပစ် သလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ ။

ဒါ့ကြောင်း
ကိုယ့်ရဲ့ကလေးတွေကို အမှန်တကယ်တာဝန်ယူနိုင်တဲ့ အမှန်
တကယ်ပြုစုပျိုးထောင်ပေးနိုင်တဲ့ မိဘတွေ ဖြစ်နိုင်ကြပါစေဟု

ဆန္ဒပြုရင်း …………………….

ပြီးပါပြီ။

ဆန္ဒ နဲ့ ဘဝ ထပ်တူ ကျနိုင်ကြပါစေ။

wizard { ဝိဇၨာ }