ရင်ဝယ်ထားသားလည်းမဟုတ်

တစ်ခု

ဖြစ်နေ၍၊

” လုံးမ အဲဒါ နင်လား” ဟု မေးပြီး၊

 

ဘေးနားက မီးအိမ်ကို မီးစာမြှင့်လိုက်တော့ အရိပ်မည်းကြီး လှစ်ကနဲ

ထွက်ပြေးသွား၍၊

ဦးကြင်အောင်လည်း ” ဘယ်သူလဲ လုံးမလား ” ဟု အော်ကာ

မီးအိမ်ကိုင်လျက်လိုက်ပါသွားတော့ ခန်းဆီး အလွန်မှာပဲ

ရုတ်ချည်း ပျောက်ကွယ်သွား၍ ဦးကြင်အောင်လည်း လန့်သွားကာ

ကြက်သီးပင်ထလာတော့၏။

 

ဒေါ်လုံးမ ကို ပြောပြတော့လည်း

” ကြင်အောင် အဲဒါ ဝိုင်းချစ်ပဲ ငါတို့ကလေးက ငါတို့နဲ့ မခွဲနိုင်လို့

အတူလာနေ နေတာ” ဟုပြောပြန်၏။

 

” လုံးမရေ စိတ်ကိုထိန်းပါအုန်းဟာ ငါတို့သားလေး ငါတို့သားလေး

က……”

ဦးကြင်အောင့် ရင်ထဲ ဆို့နစ်သွား၏။

 

” လုံးမရယ် အဲဒီ အရိပ်မည်းကြီးက တကယ်ပဲ ငါတို့သားဆိုရင်

တောင် သားလေး ကောင်းရာဘုံဘဝ ရောက်နိုင်အောင် ငါတို့ ကုသိုလ်

တွေ လုပ်ပေးရမယ်လေကွာ ” ဟု ပြောတော့

 

ဒေါ်လုံးမ တစ်ယောက် ခင်ပွန်းအား ကတ်ကတ်လန်အောင်ရန်တွေ့ပြီး

” လုပ်ရဲလုပ်ကြည့်” ဟုပါ ခြိမ်းခြောက်လိုက်သေး၏။

×××××××××

 

တစ်ညလည်းမဟုတ်၊ နှစ်ညလည်းမဟုတ်၊ ညတိုင်း ထိုနေရာမှာ

လှစ်ကနဲ ဒီနေရာမှာ လှစ်ကနဲ မြင်ရတဲ့သော အရိပ်မည်းကြီးကြောင်း

ဦးကြင်အောင်လည်း

အိပ်မပျော် စားမဝင်ဖြစ်လာပြီး လူလည်း ပိန်လိန်ချုံးကပ်လာ၏။

 

တစ်ခါတော့ ဦးကြင်အောင်က ရွာထဲက ပယောဂလိုလို ဗေဒင်လိုလို

ဦးတင့်လူ ဆို သူနဲ့ သွားပြီး အိမ်ကပြဿနာကို တိုင်ပင်ကြည့်တော့

ဒေါ်လုံးမ ထိုအညေကြောင်းကို သိသွား၍၊

 

အိမ်မှာ ရှိသမျှ ကွဲနိုင်တဲ့ ပစ္စည်းတွေကို ခွဲထုဖျတ်ဆီးလိုက်တော့၏။

 

ဦးကြင်အောင်လည်း အကြံအိုက်နေလေပြီ။

 

သို့သော်လည်း ” ဇီး(ဆီး)ပင်နှင့်လုံးမ တစ်ခုခု တော့ ပက်သက်နေ

တာသေချာတယ်၊ ငါ ဇီးပင်ကို ရှာဖွေမှ ရမယ်” ဟုတွေးကာ

လုံးမ အိမ်မှာ မရှိတဲ့ အခိုက်အတန့်ကို ချောင်းနေလိုက်တော့၏။

***********

 

တစ်နေ့တော့

ဦးကြင်အောင် စောင့်နေတဲ့ အခွင့်အရေးကိုရ၍၊ ဇီးပင် အနီးတဝိုက်ကို

ဝှေ့ဝိုက် ကွေ့ပက် ရှာတော့၊

စိုထိုင်းပြီး မို့မောက်နေတဲ့ မြေစာပုံလိုပြုလုပ်ထားတဲ့ မြေစုကိုတွေ့ရ၍၊

 

ထူးဆန်းနေတာကြောင်း ခြေနဲ့ အသာကလေး ယက် ကြည့်လိုက်

တော့၊ ဦးကြင်အောင် တွေ့လိုက်ရတာက….

တတောင်သာသာရှိတဲ့ သစ်သား သေတ္တာလည်း တစ်လုံးကိုပင်။

 

ထိုသေတ္တာလေး ကို ဖွင့် လိုက်တော့

” အား ဟီး ဟီး ” ဟု အော်သံ တစ်ခု ကိုကြားလိုက်ရ၍ လှည့်ကြည့်

တော့ ဘယ်သူမှ ရှိမနေ၍၊

သေတ္တာလေး ရဲ့ အတွင်းကို ကြည့်လိုက်တော့၊

 

သေတ္တာထဲတွင် ရွှံ့နဲ့လုပ်ထားတဲ့ အုတ်ဂူပုံစံ ဂူသေးသေးလေးတစ်ခု

ရှိပြီး ထိုဂူမှာ အပေါက်ကလေး တစ်ပေါက်ဖောက်ထားသေး၏။

ထိုအပေါက်ကလေးမှ အဝတ်အစ တစ်ခုထွက်နေ၍ ထို အဝတ်အစကလေးကို

ဆွဲနှုတ်လိုက်တော့ အဝတ်စများနဲ့ ရစ်ပတ်ထားတဲ့ လူရုပ်ကလေး

တစ်ရုပ်ကို ထူးဆန်းအံ့သြစွာမြင်တွေ့လိုက်ရတော့၏။

 

ထိုအခိုက်မှာပင် ကျောထဲ စိမ့်လာပြီး တစ်စုံတစ်ယောက် စိုက်ကြည့်

နေသလိုခံစားလာရ၍၊ ထိုနေရာမှ အမြန်ဆုံးထွက်ခဲ့ကာ၊

ဒီကိစ္စတွေကို တတ်သိနားလည်တဲ့

ဦးတင့်လူဆီကို သေတ္တာကလေးကိုထမ်းကာ ရောက်ခဲ့တော့၏။

 

ဦးကြင်အောင်က အကျိုးအကြောင်းအလျဉ်းသင့်ပြောပြကာ

သေတ္တာထဲက အရာကိုတွေ့တော့

 

” အောင်မလေး ကြင်အောင် ကြင်အောင် ဒါ ဒါ ခင်ဗျားမိန်းမ

သရဲမွေးထားတယ် ဆိုတဲ့ သဘောပဲ ဖြစ်နိုင်တာကတော့ ခင်ဗျား

သားရဲ့မြေစာပုံက ရွှံ့နဲ့ ခင်ဗျားသားရဲ့ အဝတ်အစတွေပဲ။

 

ဒါပေမဲ့ ခင်ဗျားကြုံခဲ့ရပုံတွေကို နားထောင်ကြည့်ရတာတော့ ခင်ဗျား

ရဲ့အိမ်မှာ ရှိနေတာက ခင်ဗျားသားရဲ့ ဝိညာဉ်မဟုတ်ဘူးဆိုတာပဲ။

 

ဒါနဲ့ လုံးမကော ဘယ်မှာလဲ”

 

” ကျုပ်ခင်ဗျားဆီ လာတုန်းက တော့ အိမ်မှာ မရှိဘူးဗျ

ခုလောက်ဆို. . . . ”

 

ဦးကြင်အောင် တစ်ယောက် ဇနီးသည်အတွက် ချက်ချင်းစိုးရိမ်သွား၏။

 

” ကြင်အောင် ခုလောက်ဆို ခင်ဗျားမိန်းမ မွေးထားတဲ့ အကောင်

ဗြောင်းဆန်နေလောက်ပြီ ကျုပ်တို့ ခင်ဗျား အိမ်ကို ခုသွားမှ ရတော့မယ်

ခင်ဗျားမိန်းမ အန္တရာယ်ရှိနေပြီ လာ လာ ခုပဲ သွားကြတာပေါ့”

*****************

 

ဦးတင့်လူ တွေးထားသည့်အတိုင်းပင်။

 

နှစ်ယောက်သား ခြံရှေ့တံခါးဝ ရောက်သည်နှင့်

” သတ်မယ် ခုတ်မယ်” ဟု အော် ဟစ်သံ။

ပစ္စည်းတွေကို ရိုက်ခွဲသလိုမျိုး ဝုန်းဒိုင်းကြဲသံ တို့ကိုကြားလိုက်ရတော့၏။

 

” တင့်လူ ဘယ်လိုလုပ်ကြမလဲ ငါ့မိန်းမ ဒီလောက်ခတ်ထန်ကြမ်းတန်း

တာ ငါတစ်ခါမှ မတွေ့ဖူးမမြင်ဖူးဘူး”

 

” ကြင်အောင် ခုလုပ်နေတာက ခင်ဗျားမိန်းမ မဟုတ်ဘူးကွ

ခင်ဗျားမိန်းမ မွေးထားတဲ့အကောင်ဝင်ပူးပြီးလုပ်နေတာ

လုံးမ မွေးထားတဲ့ သရဲက ခင်ဗျားသား မဟုတ်ဘူးဆိုတာ ပိုသေချာပြီ”

 

” ဟာ ဒါ ဒါ ဆို ခု ခု”

 

” စိမပူနဲ့ ကျုပ်ရှိပါတယ် အဲအကောင်ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး”

ဦးတင့်လူ သေတ္တာကိုကြည့်ရင်းပြောလိုက်၏။

 

ဦးတင့်လူတို့ အိမ်ပေါ်ရောက်သည်နှင့်

 

ထဘီကို ဒူးထိ တိုတိုလေးဝတ်ကာ ” တောက်”ခေါက်လျက်

ယောကျာ်းတစ်ယောက်လို လမ်းလျောက်နေသောဒေါ်လုံးမက

 

” အော် နင်တို့ ခုတော့ အမှန်ကို သိသွားကြပြီပေါ့လေ ကြင်အောင်

ကြင်အောင် နင်တို့ လင်မယားကို ငါသတ်မလို့ကြံနေတာကွ”

ဟု ယောကျာ်းရင့်မာလေသံဖြင့်ပြောလိုက်၍

ှုဦးကြင်အောင်လန့်သွား၏။

 

ဦးတင့်လူတို့ ဒေါ်လုံးမနဲ့ ခပ်လှမ်းလှမ်းတွင်ထိုင်လိုက်ကြ၏။

 

” ကဲ မိစ္ဆာကောင် ကိုယ့်နေရာ ကိုမနေပဲ ဘာလို့လူတွေနေတဲ့ နေရာ

ရောက်လာရတာလဲ အဟဲ ဟဲ ငါစကားအများကြီးမပြောချင်ဘူး

မိစ္ဆာကောင် သင် ကိုယ့်နေရာ ကိုပြန်တာကောင်းမယ်”

 

ဦးတင့်လူ ရဲ့ စကားကို ကြားတော့ ဒေါ်လုံးမဆီမှာ ဝင်ပူးနေတဲ့

အကောင်က

” ငါ့ကို အမိန့်လာပေးရအောင် နင်က ဘာကောင်မို့လို့တုန်း

ငါက ဒီရွာသုဿာန်က သက်တမ်းအကြီးဆုံးအကောင်ပဲ

ဆရာကောင်

ကိုယ့်နေရာကိုယ်နေ မဆိုင်ရင်ဝင်မရှုပ်နဲ့

ငါ လာချင်လို့ လာတယ်ထင်လား ဒီကောင်မ ခေါ်လို့ ငါလာတာ”

 

ထိုစကားကိုကြားတော့ ဦးတင့်လူက သူ့ရဲ့ ကွမ်းဂျေးကပ်နေတဲ့

သွားကိုပေါ်အောင်ပြုံးကာ

 

” အောင်မာ မိစ္ဆာကောင် လုံးမက နင့်ကို ခေါ်လို့လား သူ့သားကို

ခေါ်တာများ နင်မို့ အလစ်ဝင်ရဲတယ် မိစ္ဆာကောင် ခုချက်ချင်း

နေမြဲနေရာ သို့ ပြန်စမ်း”

 

ဦးတင့်လူက စကားပြောနေရင်း ဦးကြင်အောင်အား သွပ်ပြားတစ်ချပ်

ယူခိုင်းလိုက်၏။

 

” အောင်မာ နင်ကများငါ့ကို ရာရာစစ သူ့သားနေရာကို ငါမယူရင်လည်း

တစ်ခြားအကောင်ယူမှာပဲ”

 

ဦးကြင်အောင် က သွပ်ပြားရလာပြီဖြစ်၍ ဦးတင့်လူအား ကမ်းပေးလိုက်၏။

ဦးတင့်လူက ထိုသွပ်ပြား အပေါ်တွင် သေတ္တာကလေးကိုတင်ကာ

သူ့မှာ အသင့်ပါလာတဲ့ လွယ်အိတ်ထဲက အင်းပြားတစ်ခုနှင့်

ဖယောင်းတိုင်တစ်တိုင်ကိုထုတ်ယူလိုက်ပြီး သေတ္တာ

အပေါ်တင်ထားလိုက်၏။

 

” ကောင်းပြီ မိစ္ဆာကောင် နင် ကိုယ့်သဘောနဲ့ ကိုထွက်မလား

ငါနှင်ထုတ်ရမလား”

ဦးတင့်လူ အာဏာသံဖြင့်မေးလိုက်၏။

 

” မထွက်ဘူး ငါလုံးဝမထွက်ဘူး ဒီကောင်နဲ့ ဒီကောင်မ ကို မသတ်ရချင်း ငါ မထွက်ဘူး ငါ့ကို တစ်သက်လုံး ကျွေးမွေးမယ်ပြောပြီး ခေါ်လာ

တာ ငါ မထွက်ဘူး”

 

ဒေါ်လုံးမ ပြောပြောဆိုဆို နှင့် ရှေ့သို့ လှမ်းလာ၍ ဦးတင့်လူက

” မိစ္ဆာကောင် ထိုင်နေစမ်း ” ဟု ပြောကာ ဖယောင်တိုင်ကို မီးထွန်း

လိုက်တော့ ဒေါ်လုံးမ

” အား” ဟု အော်ကာ ဖင်ထိုင်ကျသွား၏။

 

” ဟဲ ဟဲ မိစ္ဆာကောင် မှတ်ထား အဲဒါ နင်တို့ ကို နှိမ်နင်းဖို့ အတွက်

ငါကိုယ်တိုင်စီရင်ထားတာ ” ဟု ပြောပြီး

ဖယောင်းတိုင်ကို အင်းပြားအပေါ်မှာ ထွန်းလိုက်၏။

 

သို့သည့်တိုင် ဒေါ်လုံးမ အား ဝင်ပူးနေသောအကောင်မှာ မာန်မချပေ။

 

” အော် နင်က ခုထိ မာန်ကြွနေတုန်းကို ကောင်းပြီ တွေ့ကြပြီပေါ့”

 

ဦးတင့်လူက လွယ်အိတ်ထဲမှ မှိုင်းခံစာ ရွတ် တစ်ရွတ် ထုပ်ကာ

ဖယောင်းတိုင် မီးထက်က ဝဲလိုက်၏။

 

ထိုအခါ ဦးကြင်အောင် မြင်လိုက်ရသည်က ထိုစာရွတ်မှာ ရေးဆွဲ

ထားသော တင်းပုတ်ကိုယ်စီ ကိုင်လျက် သတ်မည့် ဟန် ပြင်နေ

သည့် ဘီလူးသုံးကောင် ကိုပင်တည်း။

 

ထိုစာရွတ် ကို မီး ရှို့လိုက်သည်နှင့် ” ဝုန်း ” ဆို သေတ္တာကလေး

မီးထလောင်တော့၏။

 

ထိုအခါမှ ဝင်ပူးနေတဲ့ အကောင်က ” အောင်မလေး ပူလှချေရဲ့

လောင်လှချေရဲ့ ထွက်ပါတော့မယ် နောက်မဝင်ရဲတော့ပါဘူး”

ဟု အော်ပါတော့၏။

 

” မိစ္ဆာကောင် ဒီအိမ်က သေသွားတဲ့ကလေးကော နင်တို့နဲ့ ရှိနေသေးလား”

ဦးတင့်လူ၏ အမေးကြောင်း ဦးကြင်အောင် ခေါင်းထောင်သွား၏။

 

” အောင်မလေး ပူတယ် ပူတယ် အဲဒီကလေး မရှိတော့ပါဘူး

ကျွတ်လွတ်သွားပြီဖြစ်တဲ့အတွက် သုဿာန်စောင့်မသိအောင်

ဝင်ရောက်မိတာပါ

အသက်ချမ်းသာပေးပါ အသက်ချမ်းသာပေးပါ”

 

မည်သို့ပဲ တောင်းပန် တောင်းပန် ဦးတင့်လူ ကား သေတ္တာကလေး

ပြာမှုန့် ဖြစ်သည်အထိ မီးရှို့လိုက်ပါတော့တယ်။

 

ထိုအခါမှ ဒေါ်လုံးမ လည်း ခွေလျက်လဲသွားပါတော့၏။

 

ဦးကြင်အောင် လည်း ဒေါ်လုံးမ ကို ပြေးပွေ့ လိုက်ပြီး

ဦးတင့်လူအား စိုးရိမ်သော အကြည့်ဖြင့် ကြည့်လိုက်၏။

 

” ကြင်အောင် ခင်ဗျား ဘာမှမပူနဲ့တော့ အကုန်လုံး ဘေးကင်းသွားပါပြီ

ဘာအန္တရာယ်မှ မရှိတော့ပါဘူး လုံးမလည်း မကြာမီသတိရလာမှာပါ

ကဲ ကဲ ကျုပ် ဒီပြာတွေကို သွားမြုပ်လိုက်အုန်းမယ်”

 

ထိုအခါမှ ဦးကြင်အောင် လည်း အသက် ဖြင့်ဖြင့် ရှုနိုင်ပြီး ရင်ထဲမှမဟာ အပူလုံး ကြီး ငြိမ်းအေးသွားသလို ခံစားလိုက်ရပါတော့၏။

******

*********************

 

ပြီးပါပြီ = လေးစားစွာဖြင့် = wizard