ဖျန်းကနဲ ထစေသတဲ့။
ဒုတိယ ေိ့မှာ တင် တစ်ယောက်မှ ကောင်းကောင်း မအိပ်ကြရဘူးတဲ့။
ပန်းရံတွေ လက်သမား တွေ ဆိုတော့ နေရာမျိုးစုံ စရိုက်မျိုးစုံ ပါတဲ့
လူမျိုးစုံ တွေပေါ့ဗျာ။
တစ်ချို့ကသရဲခြောက်တယ်လို့ ယုံကြည်ကြသလို တစ်ချို့ကလည်း
မယုံကြည်ကြပြန်။
ဒီလိုနဲ့ တစ်ခါ မနက်ရောက်ပြန်တော့ ကုန်းဂမူလေးဟာ မူလအတိုင်း
ပြန်ဖြစ်နေပြန်သတဲ့။
ကျင်းငယ်မြောင်းငယ်တွေလည်း ဘာမှမရှိတော့ဘူးတဲ့။
အရာတောင် မကျန်ခဲ့ဘူးဆိုပဲ။
ဒီတော့ နောက်တစ်ခါ ထပ်ဖြိုရပြန်တာပေါ့။
သုံးည မြောက်မှာတော့ ခေါင်းဆောင်ဖြစ်သူ ဦးစောမြ က
” ငါတို့ ဒီည လုံးဝ မအိပ်ပဲ ဒီနေရာမှာပဲ အရက်သောက်ရင်း ထိုင်
စောင့်ကြမယ် ဘာတွေများဖြစ်လာမလဲ ကြောက်တဲ့သူတွေ
ခုကတည်းက တန်းလျားမှာ သွားအိပ်ကြ” လို့ ပြောတော့
ကျန်တဲ့သူတွေလည်း သဘောတူကြတာပေါ့။
အဲဒီ ညမှာတော့ ညအတော်နက်သည့်တိုင်အောင် ဘာမှမထူးတော့
တစ်ယောက်က
” ဆရာစောမြ သရဲတွေ ကြောက်နေပြီထင်တယ် ခုထိဘာသံမှ
မကြားရသေးဘူး ပျင်းတောင်ပျင်းလာပြီဗျာ အရက်တွေလည်း ကုန်
တော့မယ် ပျော်စရာဖန်တီးရအောင်” ဆိုပြီး
ထဖောက်ပါသတဲ့။
ကျန်တဲ့သူတွေကလည်း သူပြောတာကို တဝါးဝါးတဟားဟားရယ်လျက်
တဲ့ဗ်။
အဲလူတွေထဲ ကိုအာရ်နန် လို့ခေါ်တဲ့ ကုလားတစ်ယောက်ပါသတဲ့။
ကိုအာရ်နန် ဟာ စကားမပီတပီ
” ဆရဲလား ( သကိုဆသံဖြင့်) လာဆမ်းပါစေ ( စကိုဆသံဖြင့်)
နာ့ကိုခြောက်ပါမီးကင်ပြီးအယက်( ရကိုယသံဖြင့်) မြည်းလိုက်မယ်
ဘာမှတ်နေလဲ နာ ဟေ့” ဟုအော်ပြောလိုက်တော့
အားလုံးကထရယ်ကြပြန်ပါသတဲ့။
မရယ်တာကတော့ ခေါင်းဆောင်စောမြ နဲ့ တခြားလူအနည်းငယ်သာ
ကျန်သတဲ့။
ပထမတော့ ခေါင်းဆောင် စောမြ ကသူ့လူတွေ ပျော်နေတာထင်တာနဲ့
သူပါရောရယ်လိုက်သတဲ့။
ဒါပေမဲ့ တစ်ယောက်က
” ဟေ့ကောင် ဆန်းတိုး ငါ့ကိုကလိမထိုးနဲ့ ငါယားတတ်တယ်ကွ”ဟု
ပြောတော့ ဆန်းတိုးဆိုသူကလည်း
” ဟာ မင်းမှားနေပြီ အောင်ဝင်း မင်းကသာ ငါ့ကို ကလိထိုးနေတာကွ
ဟား ဟား ဟား ဟား” တဲ့။
ကျန်တဲ့သူတွေလဲ တစ်ယောက်ကိုတစ်ယောက်လွှဲချ နဲ့ နောက်တော့မှ
သဘောပေါက်ကြတယ်ထင်တယ်။
သူတို့က သောက်ထားတော့ အယုတ္တအနတ္တ ဆဲဆိုကြပါတော့သတဲ့။
သူတို့ရယ်တာမောတော့မှ ကလိထိုးတာရပ်သွားသတဲ့ဗျ။
သူတို့ရပ်သွာတော့ ” ခစ် ခစ် ခစ်” ဆိုတဲ့ကလေးရယ်သံက
ဟိုလူကြားကမြည် ဒီလူကြားကမြည်တဲ့ဗျ။
ဒီကြားထဲ တစ်ယောက်က
” ဘာလဲ ဒီလောက်နဲ့ လာမစမ်းနဲ့ မောင်ခိုင်တဲ့ တစ်ခိုင်ပဲရှိတယ်
သတ္တရှိရင် ကိုယ်ထင်ပြစမ်းပါ” ဆိုပြီး ပါးစပ်ဖွာလိုက်တော့
သူတို့ကြည့်နေစဉ်မှာပဲ ရှည်လျားလှတဲ့ လက်ဖြူဖြူ တစ်ချောင်းက
အမြည်းခွက်ကိုလာနှိုက်သတဲ့။
” ညီညီ မင်းလက်ကလည်းကွာ ဖြူဖတ်ဖြူရော်ကြီး သရဲလက်ကျနေတာ
ပဲ ”
” ဟာ ဆရာ စောမြ ကျွန်တော် အဲလောက်မဖြူပါဘူး အဲဒါ ဆန်းတိုး
လက်ပဲနေမှာပေါ့”
ခေါင်းဆောင်စောမြ နဲ့ ညီညီ တို့ ပြောနေကြတုန်းမှာပဲ
လက်လေး/ငါးချောင်း တစ်ပြိုင်နက်တည်း ခွက်ကိုလာနှိုက်တော့တာ
ပဲတဲ့။
ဒီတော့မှ ဝဲကြီး ဆိုသူက ” ဆရာစောမြ အဲဒါ ကုန်းဂမူ ထွက်လာတဲ့
လက်တွေဗျ ကျွန်တော်တော့ပြေးပြီ” ဟု ပြောကာ တန်းလျားဆီ
ဦးတည်ပြီးပြေးပါလေရော။
သို့ပေမဲ့ တန်းလျား ရောက်လုမှာပဲ မူလ အရက်ဝိုင်းနားကိုပြန်ရောက်
လာသတဲ့ဗ်။
ကြိုးစားပြေးပေမဲ့ နေရာကကိုမရွေ့တော့ဘူးတဲ့။
သဘောကျလို့ ရယ်တဲ့သူကရယ်လို့ပေါ့။
ခဏကြာတော့ ” ကျွန်တော့ကို ကယ်ကြပါအုန်း ကျွန်တော်ရပ်လို့မရ
တော့ဘူး”
ဝဲကြီး၏ စကား အဆုံးမှာ လူလေး ငါး ယောက်က ဝဲကြီး၏ခြေကို
အတင်းထိန်းထားတာတောင် ဓာတ်လိုက်သလိုဖြစ်နေတာတဲ့။
ကြာလာတော့ ထိန်းထားသူတွေမောလာ၍ လွှတ်ချလိုက်တော့
ဝဲကြီးတစ်ယောက် ကုန်းဂမူ ကို ပတ်ပြီး ပြေးပါတော့သတဲ့ဗျ။
မောပေမဲ့ ရပ်လို့မရဘူးဆိုပဲ။
ဝဲကြီးပြေးနေတာကို သူ့လူအပေါင်းကြည့်နေရင်း ရုတ်တရက်ဆိုသလို
အကုန်လုံး နားတွေအုံလာပြီး ခေါင်းမူးလာကာ ပတ်ဝန်းကျင်
တစ်ခုလုံး ပတ်ချာလည်နေတော့တာပဲတဲ့။
ပြီးတာနဲ့ အကုန်လုံး စုပြုံကာ လဲကျသွားတော့တာပဲတဲ့။
မနက်ရောက်တော့ ကုန်းဂမူ လေးဟာ ပကတိ အတိုင်း ပြန်ဖြစ်နေပြန်
ပြီ။
ပြီးတော့ ခေါင်းဆောင်စောမြ ကလွဲရင် အကုန်လုံးရုတ်တရက် ဖျားကာ
အိပ်ရာထဲ လဲကြတော့တာပါပဲ။
စောမြ က တာဝန် ရှိသူတွေကို အကျိုးအကြောင်း ရှင်းပြပြီး ဆရာတော်
သံဃာတော်တွေကို ပင့်ဖိတ်ကာ ပရိတ်ရွတ်တာ။
အလှူပေးရေစက်ချတာ။အမျှဝေတာ တို့လုပ်ကြတာပေါ့။
ထိုနေ့ ညမှာတော့ စောမြ ကို အိမ်မက်လာပေးသတဲ့။
စောမြ လန့်နိုးလာပြီး အချိန်ကိုကြည့်တော့ အချိန်က အရုဏ်တတ်ဖို့
နည်းငယ်သာ လိုတော့တယ်။
စောမြ လည်း သူ့လူတွေကို သွား နှိုးတော့ ထူးဆန်းစွာပင်
အားလုံးနေ ကောင်းသွားကြပြီး အဲမှာ ဝဲကြီးဆိုသူက
” ဆရာ စောမြ ကျွန်တော် ထူးဆန်းတဲ့ အိမ်မက် တစ်ခုမက်တယ်ဗျ”
လို့ပြောတော့
စောမြ လည်း အံ့သြကာ သူလည်းထူးဆန်း တဲ့ အိမ်မက်တစ်ခု မက်
ကြောင်းပြောပြီး ဝဲကြီးကို ” မင်း အိမ်မက်က ဘယ်လိုလဲ” ဟု
မေးလိုက်တော့
” အဲဒါက ခု ကျွန်တော်တို့ တူးဖြိုနေတဲ့ ကုန်းဂမူ လေး ဟာ
၈၈ အရေးအခင်း တစ်နိုင်ငံလုံး ဆန်ပြဿနာဖြစ်တုန်းက ဝမ်းရောဂါ
အသည်းရောင် အသားဝါရောဂါ တွေ ကြောင်း သေသွားတဲ့
၇ နှစ်နှင့် အထက် ကလေး ၂၆ ယောက်- တိတိကိုစုပြုံမြှပ်နှံထားတာတဲ့။
ပြီးတော့ အဲ ကုန်းဂမူ လေး ကို ယောကျာ်းကြီးတရပ်စာလောက်တူး
လိုက်ရင် အရိုးတွေ စုပြုံနေတာ တွေ့လိမ့်မယ်တဲ့။
အဲ အရိုးတွေကို ကောင်းမွန်စွာ မီးသဂြိုလ် ပေးပါတဲ့ဗျ”
ဝဲကြီး၏ စကားအဆုံးမှာ အားလုံး ပါးစပ် အဟောင်းသား ဖြစ်ကုန်
ကြတာတဲ့။
ဘာလို့လဲ ဆိုရင် အိပ်မက်တစ်ခုတည်းကို သူတို့အားလုံး မက်ကြလို့ပါပဲ။
အိပ်မက်အတိုင်း တူးကြည့် လိုက်သည့်အခါ တကယ်ကိုပင် တစ်ချို့
ဆွေးမြေ့နေပေမဲ့ တစ်ချို့မဆွေးမြေ့သေးတဲ့ အရိုးတွေကို အံ့သြစွာ
တွေ့လိုက်ကြရတော့တယ်။
နောက်တစ်ခါ သံဃာတော်တွေကို ပင့်ဖိတ်ပြီး သရဏာဂုံ တင်ပေးပြီးမှ
ကောင်းမွန်စွာ မီးသဂြိုလ် လိုက်ကြတော့တယ်။
ပြီးတော့ သူတို့လေး တွေ အတွက် အမျှပေးဝေလိုက်ကြတယ်။
အဲဒီနေ့ကစပြီး ခြောက်လှန့်တာတွေ မရှိတော့ပေမဲ့
ကျောင်းဆောင်ကိုတော့ အနောက်ဘက်ကို မတိုးချဲ့တော့ပဲ
ကျောင်းဆောင်ကို ဂငယ်ပုံစံ ဆောက်လုပ်ပြီးမှ ယခု နှစ်ထပ်ကျောင်းဆောင် လည်း တော်တော် လည်းပြီးနေပါပြီ။
ကုန်းဂမူ လေးကိုတော့ ဒီအတိုင်း ခြံဝိုင်းလေးကာပြီး မြေလွတ်ထား
လိုက်တော့တယ်။
တကယ်တမ်း ရှေ့မီ နောက်မီ လူကြီးတွေကို စုံစမ်း မေးမြန်းကြည့်တော့ ကလေးတွေ အစုလိုက် အပြုံလိုက် သေတာကို မှတ်မိကြပေမဲ့
၂၆ ယောက် ထက်များပြားကြောင်းပြောကြသလို
ဘယ်နေရာမှာ မြှပ်နံ ခဲ့တယ်ဆိုတာကိုတော့ ခုထိ
အငြင်းပွားစဖွယ် ဖြစ်နေဆဲပါပဲ။
******************************
*********** * * * * * * * * * * * *****************
( ပြီးပါပြီ )
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ပြီး လိုရာဆန္ဒ ပြည့်ဝကြပါစေ။
အစဉ် ထာဝရ လေးစားစွာဖြင့် = wizard
Leave a Reply