သန်းရင်သည် ရေနံဆီမီးခွက်လေး အဖုံးကို ဖွင့်ကာ အိမ်ထောင့်မှ ရေနံဆီပုလင်းလေးကိုယူပြီး မီးခွက်ထဲ ရေနံဆီဖြည့်နေ၏၊ ထို့နောက် ဆေးပေါ်လိပ်ကို ဖွာရှိုက်နေသော ကျော်ဆန်းအား ကြည့်ကာ စကားဆိုလိုက်သည်
“ကိုကျော်ဆန်း ကျမတို့ သားလေးတောင် ရှစ်နှစ် ပြည့်ပြီး ရှင်ပြုပေးချင်ပြီ ”
မိန်းမဖြစ်သူ၏ ပြောစကားကို ကျော်ဆန် သည် ဖွာလက်စ ဆေးပေါလိပ်ကို အားရပါးရ ဖွာရှိုက်လိုက်ပြီး မီးခိုးငွေ့များကို ပါးစပ်နှင့် နှားခေါင်းမှ မှုတ်ထုတ်လိုက်ကာ
“ငါလည်း ငါ့သားလေးကို ရှင်ပြုပေးချင်တာပေါ့ဟာ နောက်လ ထဲ အမေတို့ အလှူရှိတယ်တဲ့ ”
“တော်က သူတို့အလှူမှာ ထည့်ချင်လို့လား ”
“ငါညီ ကျော်သန်းကတော့ပြောတယ် ငါတို့သားလေးကို အလှူထည့်ချင်ရင် အဖေ နဲ့ အမေကိုပြောပေးမယ်တဲ့ ”
“အဲ့လို လုပ်လို့လည်း မဖြစ်သေးပါဘူးတော် ကျမသားလေး မျက်နှာငယ်နေမယ် ထင်တယ် ”
သန်းရင်၏ ပြောစကားကို ဆေးပေါ်လိပ်ကို လက်ကြားညှုပ်ထားပြီး အိမ်တိုင်ကို မှီနေသော ကျော်ဆန်း ခေါင်းတချက်ကို အသာအယာ ညိတ်လိုက်ပြီး
“ဟုတ်တယ် သန်းရင် ငါတို့သားလေးကို အမေတို့က မြေးလို့ အသိအမှတ်ပြုတာ မဟုတ်ဘူး ကျော်သန်းသားတွေ နဲ့တော့ တန်းတူ ထားမှ မဟုတ်ဘူး ငါ ပိုက်ဆံ ပို ရှာမယ်ဟာ အကြီးအကျယ် မဟုတ်တောင် ထိုက်သင့်တဲ့ အလှူလေးပေး ပြီး ငါတို့ ကိုယ်တိုင်း ရှင်ပြုပေးကြတာေပါ့”
“ကျမလည်း အဲ့လိုပဲ စဉ်းစားထားပါတယ် ကျမ ပဲနုတ် ကောက်ရိတ် ကောက်စိုက် လိုက်လို့ရတဲ့ ငွေလေး နဲ့ ရှင် အပ်တဲ့ ငွေလေးတွေ ပေါင်းရင်တော့ နည်းနည်းေတာ့ စုမိနေပါပြီ ”
သန်းရင်သည် ကျော်ဆန်း အားမငယ်အောင်သာ ပြောရချင်းဖြစ်သည် ၊ အမှန်တကယ်တော့ စုဆောင်းမိသည်ဆိုတာ သိပ်မရှိပါ ၊ လယ်ပိုင်ယာပိုင်မရှိသည့်အတွက် ဆန်ဝယ်စားနေရသည် မဟုတ်ပါလား ၊ပဲနုတ် ကောက်စိုက်သည် ဆိုတာ လည်း အချိန်ပြည့်လုပ်ရသည် အလုပ်တွေမဟူတ် ၊ ကျော်ဆန်းသည်လည်း အလုပ် လုပ်ရသည်မှာ ပင်ပန်းသည်ဟု ဆိုကာ ဆေးဖြစ်ဝါးဖြစ် အရက်ကလေး နည်းနည်းမှီဝဲ သည် ၊ ရသမျှ ငွေ သန်းရင်အား ပေးပေမဲ့ တောထဲသာ သွားနေရသည် အလုပ်က အခုတလောသိပ်မလုပ်ရပေ၊ သိုပေမဲ့ သူမနှင့် ယူပြီးမှ ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်နေရသည် လင်တော်မောင်အား။အပြစ်မတင်ရက်ပါ ၊ သန်းရင်တယောက် ရေနံဆီမီးခွက်ကို ငေးရင်းတွေးနေစဉ်
“သန်းရင် နင်အိပ်ချင်အိပ်တော့လေ ငါ မနက် တောတက်ရဦးမယ် ”
“အင်း အင်း ရှင်လည်း အိပ်တော့လေ ”
“အေးပါ ငါဆေးလိပ်လေးကုန်အောင်သောက်လိုက်ဦးမယ် ”
သန်းရင်သည် ကျော်ဆန်း၏စကားကို ခေါင်းညိတ်လို့သာ အသိအမှတ်ပြုလိုက်ပြီး အိမ်ခန်းလေးထဲသို့ဝင်သွားတော့သည်၊ ကျော်ဆန်းသည် ဆေးလိပ်ကို ဖွာရှိုက်ရင်း အတွေးနယ် ချဲ့နေပြန်သည် ၊ မိဘသဘော မတူသည့် သန်းရင်ကို ယူ၍ သူပင်ပန်းဆင်းရဲစွာ နေရသည့်အတွက် စိတ်မကောင်း ဖြစ်နေချင်းမဟုတ်ပေ ၊ သားနှင့် မယားကို ဝမ်းဝရုံသာ ရှာကျွေးနိုင်သည့် သူ့ကိုယ်သူ အားမရဖြစ်နေသည် ၊ မိဘများက အမွေ ဖြတ်လိုက်လို့ ဆိုတဲ့ အတွေးတော့ မဝင်မိပေ ၊ သူနဲ့ ခြားနားစွာ သူ၏ညီ ကျော်သန်းကတော့ အတော်ကို အဆင်ပြေသည် မိဘ ပေးစားသည့် မိန်းမကိုယူပြီး ၊ မိဘ၏ အရိပ်အောက်တွင် မတောင်းမတ နေရသည် ၊ အဖေကို အင်မတန်ကြောက်သော ညီဖြစ်သူကျော်သန်းသည် သူကျပ်တည်းနေတာကို သိသောအခါ ငွေတချို့ ခိုးပေးဖူးသည် သို့ပေမဲ့ သူမယူခဲ့ပါ ၊ သန်းရင်သည်လည်း လက်ခံမှာ မဟုတ် သည့်အတွက်ဖြစ်သည် ၊ နောက်လ လှူမဲ့ အလှူမှာ သားဖြစ်သူကို ထည့်ချင်သည် သိုပေမဲ့ လူသိရှင်ကြား သားအဖြစ်မှ စွန့်လွှတ်ထားသော သူ၏သားလေးကို မိဘ နှစ်ဦးက ကျော်သန်း၏ သားနည်းတူ ဘယ်လိုမှ ဆက်ဆံမည်မဟုတ်ပေ ၊ ကျော်ဆန်းတယောက် ဆေးလိပ်ကိုဖွာလိုက် မီးခိုးများမှုတ်ထုတ်လိုက် နှင့် အတွေးလွန်နေစဉ်
“အဖေ မအိပ်သေးဘူးလား ”
“အေးကွ မအိပ်သေးဘူး မင်း အပေါ့သွားမလို့လား အဖေ လိုက်ပို့ရမလား ”
*မဟုတ်ပါဘူ ကျနော် ရေဆာလို့ပါ ”
“အေးအေး ရေသောက်ပြီး သွားပြန်အိပ်တော့ ”
“မအိပ်ချင်တော့ပါဘူးဗျာ ”
ကျော်ဆန်း၏ သားတော်မောင် မောင်ခိုင်သည် သူ၏ ဖခက်အနားတွင် ထိုင်လိုက်ပြီး
“အဖေ ”
“အေး ပြော သား”
“အလှူလုပ်မဲ့ ဦးသောင်းရီ ဆိုတာ အဖေရဲ့ အဖေ မဟုတ်လား ”
“အရင်ကတော့ ဟုတ်တယ်ကွ အခုတော့ မဟုတ်တော့ဘူး ”
“အဖေ စကားက ဘယ်လိုကြီးလဲဗျ ”
“အရင်အဖေက ဦးသောင်းရီရဲ့သား မင်းအမေကို ယူပြီးတဲ့ နောက် သူ့သားမဟုတ်တော့ဘူး ”
“ရှုပ်နေတာပဲ အဖေရာ ကျနော်ကိုတော့ အဲ့လိုတော့ မလုပ်နဲ့ ဗျာ နော်”
“,ဘာကို ပြောတာလဲ သားရ ”
“အဖေ ရဲ့ အဖေ လုပ်သလိုလေ ”
“ဟားး ဟားး မလုပ်ပါဘူးကွာ စိတ်ချ စိတ်ချ ”
ကျော်ဆန်းသည် သူ၏ သားဖြစ်သူ ပြောစကားကို ကြားရပြီ ဦးခေါင်းကို ပုတ်ရင်း ရယ်မောလို့ သဘောကျနေလေပါတော့သည်။
▪️အခန်း-၃
မြေလတ်ဒေသ ၏ နေရောင်ချည်သည်က ပူပြင်းလှပေသည် ၊ ပူပြင်းသည်ဆိုသောငြား အချိန်သည်က နေမွန်းပင်မတည့်သေးပေ ၊ ထိုပူပြင်းသော နေရောင်ချည်အောက်တွင်ရှိ မက်ပဲခင်း ထဲတွင် လူများ ပဲနုတ်နေကြသည် ၊ ထိုပဲနုတ်နေသော သူများထဲတွင် သန်းရင် တို့လည်းပါသည် ၊ ယခု သန်းရင်ပဲ နုတ်နေသော အကွက်မှာ သူ၏ ယောက်ျားကျော်ဆန်း၏ မိဘများ၏ အကွက်ဖြစ်သည် ၊ သန်းရင်သည် လက်ရှည်အင်္ကျီကို ဝတ်ထားပြီး ခေါင်းမှာ တဘက်တထည်ကို ပေါင်းကာ ဝါးဖက်ဦးထုပ်ကို ဆောင်းထားသည် သူနှင့် အတူ တခြားသူများလည်း ထိုအတိုင်းဝတ်ထားကြသည်၊ သန်းရင်သည် တခြားသူများနှင့် တူတူ ငန်းတိုက်ပြီး ပဲနုတ်နေလေရာ သူမ၏ ဘေးတွင် ရွှေပုဖြစ်သည် ၊ သူတို့ နှင့် မလှမ်းမကမ်း ညောင်ပင်အရိပ်တွင်တော့ ကျော်သန်း၏ မိန်းမ မြရွှေ ထိုင်ပြီး ပဲနုတ်သည် အလုပ်သမားများကို ကြည့်နေသည် ၊
မရွှေပုသည် ပဲနုတ်နေရင်း သန်းရင်၏ မျက်နှာကို ကြည့်လိုက်မိသည် ၊ ထိုနောက် ညောင်ပင် အရိပ်မှ ကျော်သန်း၏ မိန်းမ မြရွှေ မျက်နှာကို တချက်လှည့်ကြည့်လိုက်ပြန်သည် ၊ ထို့နောက် သူမ၏ စိတ်ထဲတွင် သန်းရင်ကို အင်မတန်သနားလာမိသည် ၊ သန်းရင် အပျိုဘဝက ဆင်းရဲပေမဲ့ ချောမောလှပသူလေးဖြစ်သည် ၊ ယခု ညောင်ပင် ရိပ်အောက်တွင် ထိုင်နေသော မြရွှေသည် သန်းရင်၏ အလှကို မှီသူမဟုတ်ပေ ၊ အခုများတော့ ခြားနားစွာ ၊ လှပခဲသော သန်းရင်၏ မျက်နှာသည် သားရေး၊ အိမ်ထောင်မှု့အရေး ၊အရေးများစွာဖိစီးကာ လှပသော မျက်နှာမာ တင်းတိပ်များစွဲကပ်နေသည် ၊ ပြင်ဆင်ချင်းမရှိ နေပူထဲ အမြဲ အလုပ် လုပ်နေရသော သန်းရင်မှာ အပျိုတုန်းက နှင့် တခြားစီ ဖြစ်နေ၏ ၊ ချွေးမချင်း အတူတူ တယောက်က အလုပ်သမ တယေယက်က သူဌေးနေရာ ထိုသို့တွေးမိကာ မရွှေပု စိတ်မကောင်း ဖြစ်နေစဉ်
“အားး ”
“ဟဲ့ သန်းရင် ဘာဖြစ်တာလဲ ”
“ကျမ လက်ကို အကောင် တကောင်ကိုက်သွားတာ ထင်တယ် ”
“ဟဲ့ ဟဲ့ ကြည့်ကြစမ်း ဘာကောင် လဲ ”
သန်းရင်အနားရှိ အလုပ်သမား များ ရုန်းရုန်းဖြစ်နေစဉ် မြရွှေမှ ညောင်ပင် အောက်မှနေ၍
“ကောင်မတွေ နေမွန်းမတည့်သေးဘူးနော် သိမ်းဖို့ စဉ်းစားမနေနဲ့”
“မဟုတ် မြရွှေ သန်းရင်ကို ဘာကောင်ကိုက်သွား ”
“ဟိုမှာ မွေ မွေဟ ”
မရွှေပု ၏စကားမဆုံးခင် လူတယောက် ၏ အလန့်တကြားအော်သံ ကြောင့် ပဲနုတ်နေသူများဘေးသိူ့ အလျှင်အမြန်ရှောင်လိုက်ကြပြီး
“အဲ့ တာဆို သန်းရင်ကို ပိုးထိတာပဲ ”
“လုပ်ကြပါဦး သန်းရင်ကို ပိုးထိလို့ဟဲ့ ”
ပိုးထိခံလိုက်ရသော သန်းရင် မျက်လုံးအဝိုင်းသားနှင့် ကြောင်ငေးနေသည် ၊ သူမသည် ပိုထိခံထားရာသော ဒဏ်ရာကို လက်နှင့် ဆုပ်ကိုင်လိုက်ပြီး သူဘေးမှာရှိေသာ မရွှေပုအား
“မရွှေပု ကျ ကျမဘာမှ ဖြစ်လို့ မရဘူးနော် ကိုကျော်ဆန်းက တောသွားတယ် အိမ်မှာ ကျ ကျမသားလေးတယောက်ထဲ ”
“ဘာမှ မဖြစ်ပါဘူး ဟယ် လာလာ ငါတို့ ရွာပြန်ကြမယ် ”
အရွှေပုနှင့် တခြားအမျိုးသမီးသုံးယောက်သည် သန်းရင်ကို တွဲလိုက်ပြီး ညောင်ပင်အောက်တွင် ထိုင်နေသော မြရွှေအား
“မြရွှေ သန်းရင်ကို လှည်း နဲ့ လိုက်ပို့ပေးပါလား ပိုးထိထားလို့ ”
“အော် မြက်ချောေမွ နေမှာပါအေ အခု သူဘာမှ မဖြစ်တာ ပြန်ရင်လည်း ပြန်ပါ လှည်းနဲ့တော့ လိုက်ပို့လို့ မဖြစ်ဘူး ဟောဟိုမှ လှည်းက ပဲတွေ တင်ထားပြီးပြီလေ ”
မြရွှေသည် ယိုင်ပတ်ထားသော လှည်းအား လက်ညှိုးညွှန်၍ ဆိုလေရာ သန်းရင်သည်
“ရတယ် ရတယ် မရွှေပု လမ်းလျှောက်ပြန်ရအောင် ”
သန်းရင်သည် ပြောပြောဆိုဆို လမ်းလျောက်လိုက်ရာ ကျန်သူများလည်း သူမအားတွဲ၍ ရွာကိုပြန်သော လမ်းဘက်သို့ လှမ်းလိုက်ကြပါလေတော့သည်။
▪️အခန်း-၄
ဦးသောင်းရီ၏ မက်ပဲခင်း နှင့် ရွာသည်က အတော်လှမ်း၏ ၊ ယခု သန်းရင်ကို တွဲပြီး လမ်းလျှောက်နေသော မရွှေပုတို့၏ စိတ်ထဲတွင် သွားနေကြထက် ပို၍ ဝေးနေသည် ဟုထင်နေရသည် ၊ သန်းရင်၏ ခြေလှမ်းများက လေးလံလို့လာမှု့ နှင့်အတူ လူသည်လည်းမောဟိုက်လို့နေသည် သန်းရင်သည် မောပန်းနေသည့် အသံနှင့်
“မ မရွှေပု ကျမ ပင်ပန်းနေပြီ ခဏနားပါရစေ ကျမ မျက်စိတွေ ပြာလာသလိုပဲ “,
“သန်းရင် အားတင်းထားပါဟယ် ရောက်တော့မှာ ပါ ”
“ကျ မ အသားတွေ တအားနာလာပြီ ကျမကို မထိကြပါနဲ့ ”
“သန်း ရင် ငါတို့က သာသာလေး ကိုင်တာပါဟယ် ”
“ကျမ သားလေး ကို ရှုင်ပြုပေးချင်တယ် ”
“အဲ့တာ တွေ အိမ်ရောက်မှပြော ရွာပြန်ရောက် ရင် ဆေးဆရာကြီးဆီ တန်းသွားမယ် လာ လာ”,
လှည်းလမ်းဘေး သစ်ပုဂံပင် အရင်းတွင် ပင်စီကို မှီပြီး မျက်လုံးမှိတ်ထားသော သန်းရင်အား မရွှေပုတို့ လက်မောင်းကို ဆွဲပြီး တွဲလိုက်ရာ
“ကျမ ကို မကိုင်ပါနဲ့ အမလေး အသားတွေတအားနာတယ် သေပါပြီတော်”
မရွှေပုတို့ သန်းရင်၏ လက်ကို ပြန်လွှတ်မှ သန်းရင် ငြိမ်သွား၏ ၊ မရွှေပုတို့ အတန်ကြာ ငြိမ်နေသော သန်းရင်အား
“သန်းရင် ထ ထ ”
မရွှေပုသည် သစ်ပုဂံပင် ပင်စီမှာ မျက်လုံး မှိတ်ပြီး မှီနေသော သန်းရင်၏ လက်မောင်းအား ဆွဲလိုက်သော အခါ သန်းရင်သည် ခေါင်းငိုက်စိုက်ကြ၍သွားပါလေတော့သည် ၊
▪️အခန်း-၅
ရွာပြင်မှာသေသော သန်းရင် ၏ ရုပ်အလောင်းကို ရွာသားတချို့၏ ကန့်ကွက်မှုကြောင့် ရွာထဲ သယ် ခွင့် မရပါ သင်္ချိုင်းတွင်သာ စင်ထိုး၍ အလောင်းအားတင်ထားရသည် ၊ သန်းရင်၏ အလောင်းဘေးတွင်တော့ သူမ၏သားမောင်ခိုင် ငိုရှိုက်နေသည် ၊ တောတက်သွားသော ကျော်ဆန်းသည်က သူ၏ မိန်းမ သန်းရင် သေသည်ကို သိမည်မဟုတ်ပါ တောထဲ တွင် သစ်တုံးများအား လွှဆွဲသော ကျော်ဆန်းကို လိုက်ရှာဖို့က မဖြစ်နိုင်ပါ ၊ ဤသို့ နှင့် သန်းရင်၏ အသုဘအား သူမကို ချစ်ခင်ကြသော ရွာသားများ အကူအညီ နှင့် သင်္ဂြိုလ်လိုက်ကြပါလေတော့သည်၊
သန်းရင် နာရေး ပြီးလို လေးရက်မြောက်နေ့တွင် ကျော်ဆန်းရွာသို့ ပြန်ရောက်လာသည် ၊ ရွာထဲဝင်ချိန် ေတွ့ရသည့် လူများသည် သူ့အားအဓိပ္ပါယ် မဖော်တက်သော အကြည့်များဖြစ်ကြည့်ကာ နုတ်ဆက်နေသည် ၊ သူစိတ်ထဲတွင် ဘဝင်မကြသလို ခံစားနေရသည်၊ သူလွယ်အိတ်ထဲမှ သစ်ပိုင်ရှင် အပိုပေးလိုက်သော မုန့်ဖိုး ငွေများကို လက်နှင့် စမ်းရင် ပြုံးလိုက်သည်၊ ဒီငွေများကို သန်းရင်ကို ပေးရင် သားရှင်ပြုအလှူအတွက် စုရမည်ဟု တန်းပြောမည်ဆိုတာ သိသည် ၊ သူ၏ လက်တဖက်တွင်တော့ သန်းရင် နှင့် သားလေးအတွက် အဝတ်အစား အသစ်ဝယ်လာ၏ ၊ ယခုတော တက်တာ အတော် အဆင်ပြေ၏ သူတို့ ဆွဲပေးသော သစ်များ အတော်ညီညာသည့်အတွက် သစ်ပွဲစားများက မုန့်ဖိုးများပေးလိုက်ကြသည့်အတွက် သူတို့ လွှသမားတွေ ငွေရွှင်လာသည် ၊ ကျော်ဆန်းသည် သူ၏ မိန်းမအား အဝတ်အစား မဝယ်ပေးနိုင်တာ အတော်ကြာနေပြီ ဖြစ်သည် ၊ သူမိန်းမအား သူယူလာသော ပါတိတ်အား ပေးလိုက်သော အခါ ဖြစ်သွားမည့် မျက်နှာကို မြင်ရောင်ပြီးပြုံးလိုက်မိသည် ၊ သူမ ပြောမည့်စကားများကို လည်း ကြိုသိနေသည်
“ကိုကျော်ဆန်းရယ် ဘာတွေဝယ်လာတာလဲ တော် ဒီပါတိတ် ဝယ် မဲ့ အစား ဆီပိဿလိုက်ဝယ်တာ ကောင်းဦးမယ်တော် တော်ကတော့ စဉ်းကို မစဉ်းစားဘူး ”
သန်းရင်၏ ဗျစ်တောက် ဗျစ်တောက် ပြောမည့် စကားများကို သူကြိုသိသည် ၊ သို့ပေမဲ့ သူမ ပျော်ရွှင်နေတယ် ဆိုတာ လည်း သူသိသည် ပါးစပ်မှာ မည်သို့သော ပြစ်တင်မှုများဆိုနေပေမဲ့ သူမ၏ ရင်ထဲတွင် ကျေနပ်ပီတိဖြစ်နေမယ် ဆိုတာ ငယ်လင် ငယ်မယားများ ဖြစ်၍ ကျော်ဆန်းကောင်းကောင်း သိနေသည် မဟုတ်ပါလား၊ ကျော်ဆန်း တယောက်ထဲ တွေးကာ ပြုံးရင်း နှင့် လမ်းလျှောက်လာရာ သူ၏ အိမ်လေးဆီသို့ပင် ရောက်လာတေ့ာ့သည် ၊ အိမ်ကြီး အိမ်ကောင်းများ၏ ခွေးကတစ်သို့ တက်သည့် လှေကားလောက်သာ ရှိသော သူတို့၏ အိမ်လှေကားလေးကို ရောက်သောအခါ ကျော်ဆန်းသည် အိမ်ထဲ ကို ကြည့်ရင်းလှမ်း ခေါ်လိုက်သည်
“သန်းရင်ရေ ငါပြန်လာပြီဟေ့ သာေလးေကာရှိလား။ ရှိမယ် မထင်ပါဘူး ထုံးစံအတိုင်း သွားကစားတယ်မဟုတ်လား ”
ကျော်ဆန်း စကားလှမ်း၍အော်ပြောေနပေမဲ့ အိမ်ထဲမှေန မည်သည့် စကားသံမှ ပြန်မပြော အိုးခွက်များကို ဆေးကြောနေသည့် အသံများသာ ကြားရ၍
“သန်းရင် နင်ကတော့ အလုပ်နဲ့ လက်နဲ့ကို ပြတ်တယ်မရှိဘူး နားနား နေနေ နေပါဦးမိန်းမရယ် ”
ကျော်ဆန်း တံခါးမရှိသော အိမ်ဝင်ပေါက်လေးမှ အိမ်ထဲ ဝင်သွားလိုက်သည် ကျော်ဆန်း အိမ်ထဲရောက်သည် နှင့် အိုးခွက် ပန်းကန်သံ များက ပျောက်ကွယ်သွားရာ
“သန်းရင် လာဦးဟ နင်ငါ့ကို ဆူမဲ့ အလုပ်တခု လုပ်လာတယ် လာ”
ကျော်ဆန်းသည် သူ၏ မိန်းမအတွက် ဝယ်လာသော ပါတိတ်လေးကို ထုတ်ပြီး စကားဆိုနေသည် ၊ သို့ပေမဲ့ မည်သည့် စကားမှ ပြန်မပြော၊ ဝါးကြမ်းခင်းလေးဖြစ်သည့်အတွက် မီးဖိုချောင်ဘက်မှာ ကြမ်းခင်းကို ခြေဖြစ် နင်းသည့် အသံများကြောင့် ကျော်ဆန်း မီးဖိုချောင် ဘက်တွင် သူ၏ မိန်းမ ရှိနေသည် ဟုထင်နေချင်းပေ ၊အတန်ကြာခေါ်သောလည်း ပြန်မထူးသော ကြောင့် ကျော်ဆန်း မီးဖိုချောင်ဘက် သွားကြည့်လိုက်သည် ၊ မီးဖို ချောင်ဘက်တွင်လည်း မည်သူမှ ရှိမနေသော အခါ
“ကြောင် ဖြစ်မယ် ငါကတော့ သန်းရင်ထင်နေတာ မရွှေပုတို့့အိမ် လည်နေတာဖြစ်မယ် ”
ကျော်ဆန်း စိတ်ထဲ တွင်တော့ သန်းရင်သည် မရွှေပုတို့ နှင့် သန်းရှာရင်း အတင်းတုတ်နေကြမည်မှာ မလွဲဟုတွေးထားလိုက်သည် ၊ ထို့ကြောင့် တခြားမိန်းမ များရှေ့ သန်းရင်အား ပါတိတ်ပေးမည်ဟု တွေးရင်း မရွှေပုတို့ အိမ်ထွက်ခဲ့ပါလေတော့သည်။
▪️အခန်း-၆
ကျော်ဆန်းသည် မရွှေပု အိမ်ဝိုင်းရှေ့ ရောက်လာပြီ ဖြစ်သည် မရွှေပု၏ အိမ်အရိပ်တွင်တော့သူထင်ထားသလို အမျိုးသမီး သုံးယောက် သန်းရှာရင်း စကားပြောနေကြသည် ၊ ကျော်ဆန်းအိမ်ဝိုင်းထဲ ဝင်လိုက်ပြီး သူအား ကျောပေးထိုင်ပြီး သန်းရှာနေကြသော အမျိုးသမီးများအား
“သန်းရင် ငါက အိမ်တောင် ရောက်ပြီးပြီ နင်က ဒီမှာ အတင်းပြောနေတယ်ပေါ့”
ကျော်ဆန်း၏ စကားကြောင့် သန်းရှာပြီး စကားပြောနေသော မရွှေပုတို့ ကျော်ဆန်းဘက်လှည့်ကြည့်လိုက်သည် ကျော်ဆန်းကို မြင်သော အခါ စိတ်မကောင်းသော မျက်နှာ များ ဖြစ်ကုန်ကြသည် ၊ ပြောင်းလဲ သွားသော မရွှေပုတို့၏ မျက်နှာများကို အကဲ ခက်မိသော ကျော်ဆန်းမှ
“မရွှေပု ကျုပ်မိန်းမ ကော ဘယ်သွားလဲ ”
ကျော်ဆန်းမှ ထိုသို့ပြောသောအခါ မရွှေပုသည် ဖြန့်ချထားသော ဆံပင်ကို ဘီးတဘက် ပတ်လိုက်ပြီး
“သန်းရင်ရေ နင့်ယောက်ျားငါ့ကို မေးနေပြီ ငါဘယ်လို ဖြေရမလဲ ”
ကျော်ဆန်းကြောင်ငေးနေသည် မရွှေပုဘာတွေ ပြောနေတာလဲ ဟုလည်း သူတေွးနေမိသည်၊
ထိုနောက် ့ အိမ်ထဲ မှ မရွှေပု၏ ယောက်ျား ကို မင်းသိန်း ထွက်လာကာ ကျော်ဆန်း ပုခုံးကို ဖတ်လိုက်ပြီး
“လာ ကျော်ဆန်း မင်းသာကို ငါတို့ အိမ်ခေါ်ထားတယ် မင်းညီ ကျော်သန်း က ခေါ်ထားမယ် လို့ပြောပေမဲ့ ကလေးကလည်း မလိုက်ဘူး အဲ့တာကြောင့် ငါခေါ်ထားတာ ”
“ကို မင်းသိန်း ခင်ဗျား ဘာတွေပြောနေတာလဲ နားမလည်ဘူး ”
“စိတ်ထိန်းကွာ လူတိုင်းကြုံတွေ့ ရမဲ့ အရာတွေပဲ တနေ့ငါတို့ လည်း အဲ့ဒီလမ်း ပဲသွားရမှာ ”
“နေပါ ဦး ဘာတွေဖြစ်နေတာလဲ”
“သန်းရင် မရှိတော့ဘူးကွ မင်းအဖေ မက်ပဲခင်း ထဲမှာ ပဲနုတ်ရင်း ပိုးထိလို့ ဆုံးပြီ”
“ဗျာ ”
မင်းသိန်း၏ ပြောစကားကြားသည် နှင့် ကျော်ဆန်းကိုင်ထားသော ပါတိတ်ဝမ်းဆက် အဆင်လေးသည် ကျော််ဆန်းလက်ထဲမှလွတ်သွားကာ မြေပေါသို့ကျသွားပါလေတော့သည် ။
▪️အခန်း
ကျွန်းပျဉ်ထောင်အိမ်ကြီး၏ တိုင်ကြီးများသည် ခန်းနားထည်ဝါစွာ ရှိနေသည် ကျွန်းတိုင်ကြီး များက အိမ်အောက်တွင် ခန်းနား ထည်ဝါစွာ အလုံးလိုက်ရှိနေပြီ အိမ်အပေါ်ထပ်ကို ကျွန်းပျဉ်များဖြစ်ကာရံထားပြီး ကျွန်းပြုတင်းပေါက်များ ကျွန်းတံခါးများနှင့် ရှေးသူကြွယ်အိမ်ကြီး ပေါ်သိူ့ ကျော်ဆန်းတက်သွားတော့သည် ၊ အိမ်ပေါ်ေရာက်သောအခါ ကွမ်းအစ်မှ ကွမ်းယာနေသော လူကြီးတယောက်သည် ကျော်ဆန်းကို ကြည့်နေသည် ၊ ထိုနောက် အိမ်ကြီး၏ အိမ်ခန်းထဲမှ ထွက်လာသော လူရွယ် နှင့် ဘုရားအိုးစင်တွင် ဘုရားပန်း လှုနေသော အမျုးသမီးကြီးကာ ကျော်ဆန်းအားကြည့်နေသည် ၊ အိမ်ခန်းမှ ထွက်လာသော လူရွယ်မှ ကျော်ဆန်း အား ကြည့်ကာ
“အကို ကျော်ဆန်း ”
ကျော်ဆန်းကို ခေါ်နေသောသူမှာ ကျော်သန်းဖြစ်၏ ၊ ထို့အတွက် ကွမ်းယာနေသော လူကြီးမှာ ကျော်ဆန်း၏ အဖေ ဦးသောင်းရီဖြစ်၏ ကျော်ဆန်းသည် သူ၏ ညီခေါ်သည်ကို ဂရုမပြု ကွမ်းယာနေသော ဦးသောင်းရီ ရှေ့သွားလိုက်ပြီး
“ခင် ဗျား အတော်ရက်စက် ပါလား ဦးသောင်းရီ ”
ကျော်ဆန်း၏ စကားကြောင့် ကျန်လူများအံဩကာ သူ့အား ဝိုင်းကြည့်နေကြသည် ၊ ဦးသောင်းရီသည် သူ၏ ရှေ့တွင် ရပ်နေသော ကျော်ဆန်းအားမျက်လုံး ပင့်ကြည့်ပြီး
“မင်းဘာလုပ်တာလဲ မင်းနဲ့ ဒီနေရာ နဲ့ ဘာဆိုင်လို့လာတာလဲ ”
“ဟုတ်တယ် ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး ကျုပ်သွားမှာပါ ခေါ်ရင်တောင် ခင်ဗျားတို့လို့ အတ္တမာန တွေပြည့်နေတဲ့ လူတွေရှိတဲ့ အိမ် ကျုပ်မနေဘူး ”
“ဟေ့ကောင် မင်းစော်ကား လှချည်လား ငါက မင်းအဖေကွ မင်းအဖေ ”
“ဘာအဖေလည်း အရွယ်ရောက်လုထဲက လူငှားတွေနဲ့ တူတူရုန်းကန် ပြီး ကျွဲလို နွားလို အလုပ် လုပ်ပေးခဲ့တယ် မင်းညီလေးက စာတော်တယ် ဆိုလို့ ကျုပ်ကျောင်းထွက် ပြီး လူငှားတွေနဲ့ အလုပ် လုပ်တယ် ခင်ဗျားတို့ဆီက စပါးတတင်း ပဲတတင်း ခိုးဖူးလား လူငှားလုပ်တဲ့ သူတွေကို သွားမေးကြည့် ”
“မင်း ဘာလို ချင်လို့ ဒီစကားတွေ လာပြောနေတာ လဲ ”
“ကျုပ် မသိလို့မေးပါ ဦးမယ် သန်းရင်းကိုကျုပ်ယူတာ ဘာလို့ အဲ့လောက်ဖြစ်ပျက်နေတာလဲ ပြေားးပါဦး သန်းရင်က ခင်ဗျား တို့ကို ဘာတွေ များ လုပ်ထားလို့လဲ”
“ကျော်ဆန်း မင်းမိန်းမ သန်းရင် ရဲ့ အဖိုးက သုဘရာဇာကွ အဲ့တာ မင်းသိလား မင်းက ငါတို့ ဆွေဂုဏ်မျိုးဂုဏ်မှ မထောက် သုဘရာဇာရဲ့ မြေးယူရလား”
“ဟားးး ဟားး သုဘရာဇာ မြေးမို့လို့ ဟုတ်လား ခင်ဗျားလည်း သေရင် အဲ့သုဘရာဇာဆီပဲ သွားရမှာပဲ ”
“မင်း မင်း ဟေ့ကောင် ထွက်သွား စမ်း ”
“သွားမှာပါ ကျုပ်လည်း နေချင်တယ်များထင်နေလား အရင်က ကျုပ်ကို ဘယ်လောက် ပစ်ပယ် ပစ်ပယ် ခင်ဗျား နဲ့ ဟောဟိုက မိန်းမကြီးကို ကျုပ်အဖေ အမေလို့ အမြဲ သတ်မှထားတာ ဒီနေ့တော့ ခင်ဗျားတို့က ကျုပ်အဖေ အမေ မဟုတ်တော့ဘူး အဲ့လိုပြောလို့ ခင်ဗျားတို့ ဝမ်းနည်းနေမှာ မဟုတ်ဘူးဆိုတာ သိတယ် ပြောစမ်းပါဦးဗျာ ခင်ဗျား တို့ကို ကျုပ်မိန်းမက ဘာတွေနစ်နာအောင် လုပ်လို့ လှည်းလေးနဲ့တောင် လိုက်မပို့ရတာလဲ ”
“မင်း ဘာတွေ ပြောနေတာ လဲ ကျော်ဆန်း ”
“ခင်ဗျားတို့ သိပ်ရက်စက်တယ် ကျုပ်မိန်းမ ခင်ဗျာ ပဲခင်းထဲမှာ ချွေးမတယောက်အနေ နဲ့ နေတာ မဟုတ်ပါဘူး ပဲနုတ်လိုက်တဲ့ အလုပ်သမအနေ နဲ့ ပဲနုတ်နေတာပါ ပိုးထိတာကိုတောင် လှည်းနဲ့ မပို့နိုင်ဘူးလား ဗျာ အခုတော့ကျုပ်မိန်းမ လမ်းဘေး အပင်ကို မှီပြီး သေရတာ၊ ပြောပါဦး ကျုပ်မိန်းမက ခင်ဗျားတို့ဆီက ဘာပေးပါ ညာပေးပါလို့ တောင်းဘူးလား ခင်ဗျားတို့ ဂုဏ်တွေ ဒြပ်တွေ ထိခိုက်အောင်ကော လုပ်ဘူးလား ပြောစမ်းပါဦးဗျ ခင်ဗျားတို့ အတင်းကို တောင် သူမပြောပါဘူးဗျာ အခုတော့ ကျုပ် ကျုပ်မိန်းမ သေတာ တောင် လမ်းဘေးမှာဗျ အလောင်းကို အိမ်တောင်သယ် ခွင့်မရဘူး ဒီမြိုင်သာ ရွာကခင်ဗျား စကားတခွန်းဆို အကုန်ပြီးတဲ့ ရွာပါ ခင်ဗျာကြီး ကျုပ်မိန်းမ အလောင်းကို အိမ်လေးပေါ်ရောက်အောင်တော့ လုပ်ပေးသင့်ပါတယ် ဗျာ ”
ကျော်ဆန်း ပြောရင်းနှင့် မျက်ရည်များကျလာသည် ၊ဦးသောင်းရီ အပါအဝင် ကျန်လူများ ငြိမ်နေကြသည်။ ကျော်ဆန်းသည် ကျလာသော မျက်ရည်များကို လက်နှင့် သုပ်လိုက်ပြီး စကားဆက်ဆိုသည်
“ကျုပ်ကို အမွေဖြတ်တုန်းက လည်း ကျုပ် နဲ့ ကျုပ်မိန်းမ ခင်ဗျားကို ဘာအပြစ်ပြောလဲ တရွာလုံးလိုက်မေးကြည့် ခင်ဗျာတို့ မကောင်းကြောင်းကျုပ်တို့ တခွန်းမှ မဟခဲ့ ဘူး ငယ်ငယ် ကတည်က ဒီအိမ်မှာ နေတုန်းကလည်း ကျုပ် ခင်ဗျားတို့ အပေါ် ဘာတွေများဆိုးခဲ့လဲ ဟိုဟာ ဆိုလည်း ညီလေးဖို့ ဒီဟာဆိုလည်း အငယ်ကိုဦးစားေပး ကျုပ်ပြုံးပြုံးပဲနေခဲ့တယ် ဘုရားပွဲ သွားရင်တောင် ခင်ဗျားတို့ ကျုပ်ကို ခေါ်ဘူးလား မင်းက အိမ်စောင့် ဆိုပြီးပဲထားခဲ့တာ မဟုတ်လား ကျုပ်ဘာတွေများ စောဒက တက်ဘူးလို့လဲ ဟိုက ကျုပ်အမေဆိုတဲ့ မိန်းမကြီးက ကျုပ် လယ်ထဲမှာ လူငှားတွေနဲ့ ကျွဲလို နွားလို ရုန်းပြီး လုပ်နေတုန်းက တဲမှာ ငပိ ငခြောက် ပဲ ပေးပြီး နေတိုင်း အလုပ် လုပ်နေရတာ ခင်ဗျားတို့ သားတရက် ကလေး လာမှ ဝက်သားဟင်း လာပို့တယ် တဲ့လား ကျုပ် အဲ့ အချိန်က မနာခဲ့ဘူးဗျ ခင်ဗျားတို့က ကျုပ် အဖေ ကျုပ်အမေ ကျုပ် ညီ တွေ ဖြစ်နေလို့ ၊ အခုတော့ ကျုပ်အသဲထဲထိ နာတယ် အလုပ်သေအောင် လုပ်နေတဲ့သူ ကျ မချီးမွန်းပဲ ဘာမှမလုပ်တဲ့ ကောင် ကျ သူမွေးမှ စီးပွားတက်တယ် ဆိုပဲ ”
ကျော်ဆန်းသည် မျက်ရည်များကျပြီး ပြောသောစကားကြောင့် ဘုရားအိုးစင် ရှေ့တွင် မက်တပ်ရပ်နေသော မိန်းမကြီးမှာ မျက်ရည်များဝိုင်းလာပြီး
“ငါ ငါတို့မှားခဲ့ပါတယ် ”
“ကျုပ် က လည်း ခင်ဗျားတို့ သားအရင်းပါပဲဗျာ ဘုရားဒကာ နဲ့ ကျောင်းဒကာမကြီးတွေက ကျုပ် မိန်းမ ပိုးထိတာတောင် လှည်းလေး နဲ့ ရွာလိုက်မပို့ကြပါလားဗျ ဘာလဲ ပဲတွေတင်ထားလို့ ဆိုလား ကျုပ်မိန်းမက ခင်ဗျားတို့ အတွက် အဲ့ မက်ပဲ တွေလောက်တောင် တန်းဖိုး မရှိပေမဲ့ ကျုပ် အတွက်က ခင်ဗျားတို့ ပိုင်ဆိုင်မှု့တွေ ထက်ပိုတန်ဖိုးရှိတယ် ဗျ ”
“ငါ ငါ တို့တကယ် မသိတာပါ ကျော်ဆန်း ”
“တော်ပါဗျာ ကျုပ်တို့က ခင်ဗျားကြီးတို့ မကြိုက်တာ လုပ်လို့ မခေါ် မပြောနိုင်ဘူးထား ကျုပ် ကျုပ် သားလေးမှာ ဘာအပြစ်ရှိလို့လဲ ဗျာ ခင်ဗျာတို့ တွေ လမ်းမှာ တွေ့ ရင်တောင် ငါသွေးသားပဲ ဆိုပြီး ငါမြေးလို့ မခေါ်တောင် မောင်ခိုင်လို့တောင် ခေါ်ဘူးလား ခင်ဗျာတို့က ကျော်သန်းသားတွေကို ချိလိုက်ပိုး လိုက် လုပ်ပြီး လမ်းလျှောက်နေချိန် ကျုပ်သားလေးက ခင်ဗျားတို့ကို ခေါ်ချင်နေတာ တောင် ခင်ဗျားတို့ လှည့်ကြည့်ခဲ့ လား မောင်ခိုင်ရေ နေကောင်းလားလို့တောင် နုတ်မဆက်ဘူး မဟုတ်လား ကျုပ်သားက ဘာအပြစ်ရှိလို့လဲ ဘုရားဒကာကျောင်းဒကာ ကြီးတွေရဲ့ ၊ ခင်ဗျားတို့က ကျုပ်ကို ပြတ်ပြီး သားပါ ကျုပ်က ခင်ဗျားတို့ကို အခုမှပြတ်တာ ခင်ဗျားတို့ သေလည်း ကျုပ်မလာဘူး ကျုပ်သေလည်း ခင်ဗျာတို့မလာ နဲ့ ”
ကျော်ဆန်းသည် ကျနေသော မျက်ရည်များကို လက်နှင့်သုပ်ပြီး အိမ်အောက်သို့ ဆင်းသွားတော့ သည် ၊ အိမ်ပေါ်မှာ ရှိနေသော သူများက ကျော်ဆန်းအား ခေါ်နေပေမဲ့ တချက်ကလေးမျှ တုန့်ဆိုင်းမနေပဲ အိမ်ပေါ်မှ ဆင်းသွားတော့သည်။ ကျော်ဆန်း အိမ်အောက်ရောက်သော အခါ အိမ်ပေ့ါသို့ မြရွှေသည် ကလေးကို လက်ကဆွဲလို့ အိမ်ပေါ်တက်လာပြီး ငေးငိုင်ပြီး နေသော ကျော်သန်းအား
“ကိုကျော်သန်း ခုဏက ကျော်ဆန်း ဘာလုပ်တာလဲ ”
“ဟဲ့ကောင်မ ငါ့အကိုက နင့် ထက် ကြီးတယ် ”
“ထူးထူးဆန်းဆန်း တော်က ဘာဖြစ်နေတာလဲ ”
ကျော်သန်း၏ စကားကို မကေျမနပ် ပြောနေသော မြရွှေအား ဘုရားအိုးစင် နားတွက် ရပ်နေသော မိန်းမကြီးမှ
“မိန်းယုတ်မ နင့် အပေါ် ငါ့သားကြီးက ဘာတွေ လုပ်ထားလို့ နင်အဲ့လောက် ကုန်းတိုက်နေရတာလဲ ဟဲ့ နင်ပြောတော့ ရွာထဲမှာ သန်းရင် နဲ့ ငါ့သားကြီးက ငါတို့ မကောင်းကြောင် အကုန်ပြောတယ်ဆို နင်ပဲပြောလိုက်တာ ပလုံစီနေတာပဲ အခုငါ့သားကြီး လာပြောသွားတာ နဲ့ တခြားစီပါလားဟဲ့ ”
“အမေတို့က ကျမ စကား မယုံဘူလား”
ထိုချိန် ငြိမ်ပြီး ငေးငိုင်ကာ ကွမ်းကို ငုံထားသော ဦးသောင်းရီသည် ငုံထားသော ကွမ်း ကို ထွေးထုတ်လိုက်ပြီး
“မြရွှေ နင်ကို အဲ့နေ့က မက်ပဲ ခင်းထဲ သွားကူခိုင်း ထားတာပါ နင် သန်းရင် ပိုးထိတာ သိသိ ကြီးနဲ့ လှည်း နဲ့ တောင် လိုက်မပို့ဘူးမဟုတ်လား ”
“ကျမ က အဆိပ် မရှိတဲ့ မွေ ကိုက်တယ် ထင်လို့ပါ နောက်ပြီး မက်ပဲတွေကလည်းတင် ”
“တိတ်စမ်း တကယ် အိမ်ပေါ်က နှင် ချသင့်တာ နင့်လိုမိန်းမကိုပဲ ငါတို့ မှားပြီ မနွဲ့ေရ ငါတို့ အပေါ်အနစ်နာခံခဲ့ တဲ့ သားကြီးကို ငါတို့ ရက်စက်ခဲ့ မိပြီ ”
ဦးသောင်းရီသည် သူ၏ မိန်းမအား ကြည့်ပြီး စိတ်မကောင်းစွာ စကားဆိုလိုက်သည် ပြီးနောက် မြရွှေနှင့် ကျော်သန်း ဘက်လှည့်ကာ
“ကျော်သန်း မင်းမိန်းမက မင်းနဲ့ မရခင်ကတည်းက ငါ နဲ့ ကျော်ဆန်းကို ကုန်းတိုက်နေတဲ့ မိန်းမ ပဲကွ ငါကလည်း ဒီမိန်းမယုတ် ပြောသမျှတွေကို ဦးနှောက်မဲ့ တဲ့ ငတုံးကြီး လို ယုံခဲ့မိတယ် ကျော်ဆန်း ဒီလောက်ပင်ပန်းဆင်းရဲတာ မြင်နေရာတာတောင် ငါ အမှန်တရားကို မသိခဲ့ ဘူး နောက်ဆုံး သန်းရင် သေတဲ့ထိ ငါ့အတ္တ မာနတွေ ဖုံးပြီး အမှန်တရားကို မသိခဲ့ ဘူ ငါဒီနေ့သိပြီ မင်းမိန်းမကို ငါ့အိမ်ပေါ်က ဆင်းခိုင်းတော့ မင်းလည်း လိုက်သွား ရင် လိုက်သွားနိုင်တယ် ”
“ကျနော်လည်း ဒီကောင်မနဲ့ မပေါင်းနိုင်တော့ဘူး အဖေ ”
“ကျော်သန်း ရှင်ဘာပြောတာလဲ ပြန်ပြောစမ်း ”
“တောက် ဒီမိန်းမ ကဲဟာ ကဲဟာ အခုအိမ်ပေါ်က ဆင်း ငါ့သားကို ထားခဲ့ ”
“ဖြန်း ဖြန်း”
ကျော်သန်း၏ ဒေါသ အသံနှင့် အတူ မြရွှေ၏ ပါးအား လက်နှင့် ရိုက်သံက ထွက်ပေါ်လာပြီး မရှေးမနှောင်းတွင် မြရွှေ၏ တောင်းပန် ငိုယိုသံက ထွက်ပေါ်လာပြန်ပါလေတော့သည်။
▪️အခန်း
ဦးဖိုးဝေတို့အား သူ၏ သားကို ကယ်ပေးဖို့ လာပြောသော ကျော်ဆန်းအကြောင်းကို ကိုထွေးမှ ပြောပြနေချင်းဖြစ်သည်
“ကျော်ဆန်းက သနားစရာပါဗျာ သူမိန်းမ သေပြီးကတည်းက အရက်သမား ဖြစ်သွားတာ မောင်ခိုင်ကို တော့ မရွှေပုက ပဲ စောင့်ရှောက်ထားရတာပေါ့ဗျာ ”
“နေပါ ဦး သူအဖိုး နဲ့ အဖွားကကော မောင်ခိုင်ကို မခေါ်ဘူးလား ”
“ခေါ်တာ့ေပါ့ ဆရာကြီးရာ မောင်ခိုင်က မလိုက်ဘူးဗျ အခုဆို မောင်ခိုင်က ၉ နှစ်တောင်ရှိနေပြီ ကျော်ဆန်း နဲ့ တူတူနေတာပါ ကျော်ဆန်းက အရက်ကြောင် ကြောင်နေတာလားမသိပါဘူးဗျာ သူ့သား နားမှာ အရိပ်မဲ ကြီးကပ်နေတယ် ဆိုပြီးလိုက်ပြောနေတာပါပဲ ”
“မောင်ခိုင် ကရှင်မပြူရသေးဘူးလား”
“မပြုရသေးပါဘူး ”
“ကိုထွေး ဟန်ကျတာပဲ မောင်ခိုင်လေးကို ရှင်ပြုပေး ပြုတဲ့နေရာ မှာ သူရဲ့ အမေသန်းရင် ကို အလှူအမ အနေနဲ ထားရမယ် အဲ့တော့ ငါတို့ မောင်ခိုင်အိမ်ကို အခုည သွားကြတာပေါ့ ကွာ ”
ဦးဖိုးဝေသည် သူ၏ ရှေ့မှ ရေနွေးကြမ်းကို တငုံသောက်လိုက်ကာ မသိမသာ ပြုံးနေပါလေတော့သည်။
▪️အခန်း-၇
ရေနံဆီမီးခွက် ၏ အလင်းရောင် အောက်တွင် ကိုးနှစ်အရွယ် ကောင်လေးတယောက်သည် အိပ်ပျော်နေသော သူ၏ အဖေ ဘေးတွင် ထိုင်နေပြီ ဘာမှ မရှိသော နေရာအား ပြုံး ရွှင်စွာကြည့်ပြီး စကားဆိုနေသည်
“အမေ အဖေကတော့ အိပ်သွားပြီ ဗျာ အဖေက အခုထိ အမေကို ကြောက်နေတုန်းပဲ ”
“ဟုတ်မယ် အမေ အဖေ့ကို အရက်မသောက်ဖို့ ကျနော်ပြောပါတယ် ”
“မရဘူး အမေ ”
“ဝတ်ရှင်တာပေါ့ ကျနော်လည်း မငယ်တော့ဘူးလေ ”
“,ရပါတယ် အမေ မငိုပါနဲ့ ကျနော် သိပါတယ်”
တယောက်တည်းစကားပြောနေသော ကောင်လေးမှ မောင်ခိုင်ဖြစ်သည် သူ၏ မြင်ကွင်းထဲတွင်တော့ သူ၏အမေနှင့် စကားပြောလေချင်းဖြစ်သည်
“သားအဖေက အမေ့ကို ဘာလို့ကြောက်နေတာလဲ မသိဘူး”
“အမေ့ကို လွမ်းတယ် ဆိုပြီး အရက်တွေ သောက်နေပြန်ပြီ မဟုတ်လား ”
“အဲ့တာဆို သာကို ချစ်ရင် မသောက် နဲ့ လို့ပြောလေ “။
“သားလေး ကိုရင်ဝတ်ချင်နေပြီလား”
“အမေ သားကို ရှင်ပြုပေးချင်တယ် အမေ သားကိုရှင် ပြုမပေးနိုင်ခဲ့ ဘူး အဟင်း အဟင်း”
ထိုသို့ အများအမြင်တွင် တယောက်တည်း စကားပြောနေသော မောင်ခိုင်အား အိမ်ပေါက်ဝ မှ ကြည့်နေကြေသယ ဦးဖိုးဝေ နှင့် သူရိယ ထို့နောက် ကိုထွေး နှင့် မောင်မြင့်ကို မြင်သော အခါ မောင်ခိုင်သည် သူ၏ အမေရှိသည်နေရာကို ကြည့်ကာ
“အမေ ဘာမှ မကြောက်နဲ့ နော် ကျနော် သူတို့ကို ပြန်ခိုင်းလိုက်မယ် ”
မောင်ခိုင်သည် ထိုသို့ပြောပြီး ဦးဖိုးဝေတို့ဘက်ကိုကြည့်လိုက်ကာ
“ဧည့်သည်တွေဆို အဖေအိပ်ပြီ ပြန်ကြတော့ ”
“ဦးထွေးတို့ပါကွ ”
“ဦးထွေးအဖေက အိပ်နေပြီ “,
“မင်း အဖေကို စကားပြော ချင်တာ မဟုတ်ဘူ မင်း အမေ နဲ့ စကားပြောချင်တာ ”
“ဗျာ ဦးထွေးတို့ အမေ့ အမေ့ကို မြင်တာ လား ”
“အေးမြင်တာပေါ့ကွ ”
ကိုထွေးသည် ထိုသို့ပြောပြီး ဦဖိုးဝေကို အိမ်ပေါ်အရင် တက်စေကာ သူတို့ပါ နောက်မှ လိုက်တက်လိုက်သည် ၊ အိမ်သေးသေး လေးမှာ လူများ ဝိုင်းထိုင်လိုက်သည်နှင့် အိမ်လေးထဲ ပြည့်မတက်ဖြစ်သွားသည် ဦးဖိုးဝေသည် မောင်ခိုင်၏ အနားတွင် ထိုင်လိုက်ပြီး တစ္ဆေဖြစ်နေသော သန်းရင်ကို ကြည့်ကာ
“ကဲ သန်းရင် နင်ဒီတိုင်း အမြဲတမ်းနေသွားလို့မရဘူး ”
ဦးဖိုးဝေသည် သူမ၏ နာမည်ကိုခေါ်နေသောအခါ သန်ရင်မှာ အံဩနေပြီး
“နင် နင်က ငါ့ကို မြင်တာလား”
“ကဲ ငါရှည်ရှည်ဝေးဝေး မပြောတော့ဘူး ဒီက ကိုထွေးတို့ နင့် သားကို ရှင်ပြုပေးလိမ့်မယ် ဒီအလှူမှာ နင်က နင့် သားရဲ့ အလှူအမ ပဲ “,
“အလှူအမ ”
“အေးဟုတ်တယ် ”
“ငါကညအလှူအမ နော် ”
“ဟုတ်တယ် နင်က အလှူအမ နင့်သားကို ရှင်ပြုတဲ့ အချိန် အမျှပေးရင် နင်သာ ဓုခေါ်ရမယ် ကြားလား”
“ငါ အလှူ အမ ဖြစ်ရမယ် ဆို ခေါ်မယ် ခေါ်မယ် ”
“အေးအဲ့တာာဆို အလှူ လုပ်မဲ့ ရက် နင့်ကို ကိုထွေး တို့ လာပြောလိမ့်မယ် နင်ကို အလှူအမ သန်းရင် ဆိုပြီး ဖိတ် လိမ့်မယ်ကြားလား”
“ကြား ကြားတယ် ”
” အဲတာဆိုလည်း ငါတို့ပြန်တော့မယ် နင့်သားနဲ့ စကာဆက်ပြောလိုက်ဦးး ငါပြောတာသာမမေ့နဲ့ ”
ဦးဖိုးဝေ ပြောသည်ကို သန်းရင် သည် ခေါင်းညိတ်အသိ အမှတ်ပြုလိုက်ချိန် သူတို့လည်း ကျော်ဆန်းအိမ်မှာ ဆင်းလို့ ထွက်သွားပါတော့သည် ၊ အိမ်ထဲတွင်တော့ မောင်ခိုင်တယောက် စကားတွေ ရယ်မောကာ ပြောနေလေပါတော့သည် ။
▪️အခန်း-၈
ဦးဖိုးဝေနှင့် သူရိယသည် ကိုထွေးနှင့် မောင်မြင့်အား အလှူသေချာလုပ်ဖို့ မှာလိုက်ပြီး မြိုင်သာရွာမှ ထွက်လာခဲ့တော့သည် ၊ တနာရီမျှ လမ်းလျှောက် လိုက်ချိန်တွင်တော့ သူတို့၏ မလှမ်း မကမ်းတွင် အသက်ငါးဆယ် အရွယ် ယောက်ျားကြီးတယောက် ကျွဲတကောင်၏ ကျော်ပေါ် လမ်းလျှောက်နေလေသည် ၊ ထို မြင်ကွင်းကိုကြည့်ပြီး ဦးဖိုးဝေသည် သူရိယအား
“လူလေး အစွဲတွေက ကြောက်စရာကောင်းတယ် အဘတို့ အလုပ်ပေါ်ပြန်ပြီဟေ့”
သူရိယနှင့် ဦးဖိုးဝေသည် မြက်စားနေသော ကျွဲကြီး၏ ကိုယ်ပေါ်လမ်း လျှောက်နေသော ပုဂ္ဂိုလ် အား ကြည့်၍သာ နေလိုက်ကြပါလေတော့သည်။
▪️ဦးဖိုးဝေ နှင့် သားစွဲမိခင် သည်က ဤမျှသာ
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း
Leave a Reply