မေ့ကိုတိုက်ရှာသည်။ သူဆေးတိုက်ပြီးတာနဲ့ အိပ်ယာပေါ်ကို ပြန်သိပ်ပေးလိုက်သည်။
သူရက ဆိုင်းနောင်အမေ နေမကောင်းသည်ကို ကြားသိရသဖြင့် သတင်းမေးဖို့ ရောက်လာခဲ့သည်။ အိမ်ရှေ့မှာ ဝမ်းနည်းစွာ ထိုင်နေတဲ့ ဆိုင်းနောင်က အိမ်ထဲဝင်လာတဲ့ သူငယ်ချင်းကိုတွေ့တော့ မျက်ရည်များကိုသုတ်လိုက်ပြီး အားရဝမ်းသာ ဆီးကြိုရှာသည်။
“ဟာ သူငယ်ချင်း လာလာ။ ”
“အေး မင်းအမေသက်သာရဲ့လား”
“မသက္သာပါဘူးကြာ။ ငါ့အမေရဲ့အဆုပ်က ကျွမ်းနေပြီတဲ့။ ကုလို့မရတော့ဘူးတဲ့။ ”
“ဟာ… အခုလိုကြားရတာ စိတ်မကောင်းလိုက်တာ ဆိုင်းနောင်ရာ”
“သူရ ငါ့ကိုကူပေးပါဦး ငါ့အမေပြန်ကျန်းမာလာဖို့ ငါ့ကိုကူပြီးဆုတောင်းပေးပါဦး။ ငါမွာ ဒီအမေပဲရှိတာဟ ငါ ငါ့အမေကိုအဆုံးအရှုံးမခံနိုင်ဘူး သူငယ်ချင်းရာ ငါ့ကိုကူညီပါဦးကြာ”
“ငါသိပါတယ် ဆိုင်းနောင်ရာ။ စိတ်ချငါသေချာဆုတောင်းပေးမယ်။ မင်းအားတင်းထားနော် မင်းအမေနေပြန်ကောင်းလာမှာပါကွ။”
ပြောသာပြောရသည် ရောဂါကျွမ်းနေသူတစ်ယောက် ပြန်မကောင်းလာနိုင်တော့မှန်း သိနေပြီမို့ ဆိုင်းနောင်အတွက် စိတ်မကောင်းဖြစ်ရသည်။ သို့ပေမယ့် သူငယ်ချင်းကို စိတ္သက္သာရာရအောင် ထိုသို့နှစ်သိမ့်ပေးလိုက်ခြင်း ဖြစ်သည်။ ဆိုင်းနောင် ပုံစံက အရင်နဲ့မတူ။ တစ်ချိန်က ရုပ်ဆိုးတဲ့သူ့အမေကြောင့် အမြဲသိမ်ငယ်ရှက်စိတ်ဝင်ပြီး သူများရဲ့လှပချောမောတဲ့အမေကို ထိုင်အားကျခဲ့သူဆိုင်စနောင်က အခုသူ့အမေကို ဆုံးရှုံးရတော့မယ်လို့ သိလိူက်ရတဲ့အချိန်မှာ သွေးရူးသွေးတန်းနဲ့ ကမ်ဘာပျက်တော့မလို ဖြစ်နေရှာသည်။
“ဟှောင့်ဆိုင်းနောင် ငါတို့ငါးတွေအများကြီးရပြီဆိုတော့ ပြန်ကြအောင်လေ”
“အေးပြန်ကြမယ်လေ။”
ဆိုင်းနောင်က ထိုသို့ ပြန်ပြောရင်း ပလိုင်းထဲက ငါးကို တစ်ဝက်ခွဲကာ သူရကိုပေးလိုက်ပြီး ထိုနေရာမှထွက်လာကြသည်။ ရွာထဲရောက်တော့ ဆိုင်းနောင်ကက အိမ်တစ်အိမ်ထဲ ဝင်သွားသည်….။
“ရော့အန်တီ သားကအန်တီစားဖို့အတွက် ကိုယ်တိုင်သွားဖမ်းလာခဲ့တာ”
“ကျေးဇူးပါသားရယ်။ ဂရုစိုက်ပြန်ဦးနော်”
“ဟုတ်ကဲ့အန်တီ ဒါဆိုသားပြန်ပြီနော်”
“အေးကွယ် ငါ့သားလေး ကျန်းမာ ချမ်းသာပါစေကွယ်”
ပြုံးရွှင်လျှက်ထွက်လာသော ဆိုင်းနောင်ကို သူရက တအံ့တသြကြည့်မိသည်…..။
“ဟှောင့် ဒီအန္တီက မင်းငယ်ငယ်တုန်းက ကျောင်းလာရင် မင်းအမေအနေနဲ့ လိုက်ပေးတဲ့သူမလား”
“ဟုတ်တယ်လေကွာ ရုပ်ဆိုးမကြီးကို ငါ့အမေပါလို့ ကျောင်းကိုခေါ်လာရင် ငါစောက်ရှက် ကြဲမွာပေါ့ကွ။ အဲ့ဒါကြောင့် စောက်ရှက်မကွဲရအောင် ဒီအန္တီကို ငါ့အမေအဖြစ် ငှါးပြီးခေါ်လာတာလေ”
“သြော် ဒါနဲ့ မင်းငါးတွေအကုန်ပေးခဲ့တော့ မင်းအမေအတွက်ကော”
“တော်ပါကွာ ဒီလောက်ရုပ်ဆိုးသူအတွက် ငါပင်ပင်ပန်းပန်း ရှာခဲ့တဲ့ငါးတွေနဲ့ ထိုက်တန်လို့လား…။ မင်းသိပါတယ် ငယ္ငယ္ကဆို ငါ့အမေကြောင့် ငါသိမ်ငယ်ခဲ့ရတာ။ ”
“ဒါပေမယ့် အမေကအမေပဲလေကွာ”
“ဟမတူဘူးလေ မင်းကြည့်လိုက်စမ်း သူမ်ားအေမေတြက လှပပြီး ငါ့ကိုလည်း ဂရုစိုက်ပေးတာတွေ့လား။ ငါအမေက ရုပ်လည်းဆိုးသေး ငါ့ကိုလည်း ဂရုတစိုက်မရှိဘူး။ သူမ်ားအေမေတြကိုပဲ အားက်ပါတယ္ကြာ။ ရုပ်လည်းလှတယ် ဂရုလည်းစိုက်တယ်။ ဘယ်ဘဝကရေစက်တွေကြောင့် ဒီလောက်ရုပ်ဆိုးတဲ့သူက ငါ့အမေလာဖြစ်နေလဲမသိဘူး စိတ်ပျက်တယ်”
ထိုသို့စိတ်ပျက်လက်ပျက် ငြီးငြူနေတဲ့ ဆိုင်းနောင်ကိုကြည့်ပြီး သူရဘာမွ ပြောချင်စိတ်မရှိတော့။
သူတို့အိမ်ပြန်ရောက်တော့ ဒေါ်နုအေးက သူရကို ပြုံးပြနုတ်ဆက်သည်။ ပြီးနောက်….။
“သားလေး ဗိုက်ဆာရင်စားတော့လေ။ စားပွဲပေါ်မှာ အမေပြင်ပေးထားတယ် ”
ဆိုင်းနောင်က သူ့အမေအား ဘာမှပြန်မပြောပဲ မီးဖိုချောင်သို့ ဝင်သွားသည်။
“သြော် သားလေးလည်း တစ်ခါတည်းစားသွားလေ ပြီးမှပြန်ပေါ့”
“ရတယ်အန်တီ သားအိမ်ရောက်မှစားတော့မယ်ဗျ။ တော်ကြာအိမ်မှာ ထမင်းမစားရင် အမေစိတ်မကောင်းဖြစ်မှာစိုးလို့”
“သြော် အေးပါကွယ်။ ဒါဆိုဂရုစိုက်ပြန်ဦးနော်”
“ဟုတ်ကဲ့အန်တီ….ဆိုင်းနောင်ရေ ငါပြန်ပြီနော်”
ဆိုင်းနောင်က ထမင်းစားနေရင်း လက်ပြနုတ်ဆက်သည်။ သူရက ထိုအိမ်မှ ထွက်လာခဲ့ရင်း တစုံတခုကို တွေးမိသည်။
“အခုမှသတိထားမိတယ် …… ဆိုင်းနောင်က သူ့အမေကို ရုပ်ဆိုးတယ်လို့ပြောတာ သူ့အမေမှာ မျက်လုံးတစ်ဖက်မရှိလို့ကိုး။ ဒုက္ခပဲ ဘာမှမဆိုင်ပဲ မရှက်သင့်တာကိုရှက်နေတယ်။ အဲ့ကောင်တော့ ငရဲတွေကြီးကုန်တော့မှာပဲ ဟူး…… ”
သူရသည် သက်ပြင်းမောကြီးကိုချပြီး အိမ်သို့ပြန်လာခဲ့သည်။
“အဟွတ်… အဟွတ်…အဟွတ်”
“ဟာ အေမ အေမ့ ဟှောင့်သူရ လာပါဦးကြာ ငါ့အေမရဲ့ ပါးစပ်မှာ သွေးတွေကျနေတယ်ဟ ”
ဆိုင်းနောင် ခေါ်သံကြားမှ အတွေးကမ်ဘာထဲရောက်နေတဲ့ သူရ ကပြာကယာထပြီး အိမ်ထဲပြေးဝင်သွားသည်။
“ဘယ္လို ဖြစ်တာလဲ ဆိုင်းနောင်ရာ”
“ငါလည်းမသိဘူးကွ၊ လုပ်ပါဦးသူရရာ။ အမေအတွက်တခုခုလေး လုပ်ပေးပါဦး။ ငါ ငါဘာလုပ်ရမလဲမသိလို့ပါကွာ…. အေမ အေမ့”
“အေး အေးပါကွာ ခဏေလး ငါဆရာမသွားခေါ်လာခဲ့မယ် ခဏပဲနော်သူငယ်ချင်း”
သူရ ထိုသို့ပြောပြီး အိမ်ပေါ်က ပြေးဆင်းလာပြီး အိမ်အောက် ရောက်ရုံရှိသေး။
“ဟာ အေမ အေမ့ အေမ ထပါဦးအမေရယ် သားခေါ်နေတယ်လေအမေ အေမထပါဦးဗ်ာ ”
ဆိုင်းနောင်ရဲ့ ထိုသို့ အော်ဟစ်ငိုကျွေးသံများကို ကြားလိုက်ရသည်။
“အမေ ထပါဦးဆိုဗ်ာ ။ အဟီးဟီး သားကိုထားမသွားပါနဲ့အမေရယ်။ သားနောင်တရပါပြီ သားမှားခဲ့ပါတယ်။ သားဆီပြန်လာပါအဟီးဟီး ပြန်လာခဲ့ပါအမေရယ်။ ”
သူတို့အဖြစ်ကို မျက်ရည်အဝိုင်းသားနဲ့ ရပ်ကြည့်နေတဲ့ သူရကိုမြင်တော့ ထိုင်နေရာမှ ကုန်းထလာသည်။ ဆိုင်းနောင်သည် သူရလက္ကို အားကိုးတကြီး ဆုပ်ကိုင်လိုက်ပြီး…။
“သူရ သူငယ်ချင်း လုပ်ပါဦးကွာ ငါ့အေမေသ သွားပြီထင်တယ်။ ငါ့အမေကိုပြန်လာအောင် ခေါ်ပေးပါဦး။ ငါတောင်းပန်ပါတယ် ငါ့အမေကို ပြန်ခေါ်ပေးပါဦးကွာ အဟီးဟီးဟီး”
ဟု အကူညီတောင်းရှာသည်။ သူရလည်း မျက်ရည်ကျရုံမှအပ ဘာမှမတတ်နိုင်ပေ။ ဆိုင်းနောင်က သူ့အမေဆီကို ပြန်ပြေးသွားသည်…။
” အေမ….. ထပါဦးအမေရဲ့ သားတောင်းပန်ပါတယ် သားမှားပါတယ်ပြန်လာပါ သားကိုတစ်ယောက်ထဲ မထားခဲ့ပါနဲ့အမေရယ် အဟီးဟီးဟီးဟီး ”
ဆိုင်နောင် ယူကျုံးမရစွာဖြင့် အရူးတစ်ယောက်လို အော်ဟစ်ငိုကျွေးနေတော့သည်။ သူရသည် သူ့အမေကို လှုပ်နိုးငိုကျွေးနေတဲ့ ဆိုင်းနောင်ကို ကြည့်ပြီး သံဝေဂရမိသည်။ ပြီးနောက်….။
“မင်းအမေ ပြန်မလာနိုင်တော့ဘူး ဆိုင်းနောင်ရေ… သူမင်းနဲ့ ဝေးရာကို ထွက်သွားပြီကွ။ မင်းမလိုချင်ပါဘူးဆိုတဲ့ မင်းရဲ့ အမေရုပ်ဆိုးမကြီးက မင်းအတွက် နောင်တတံခါးကို ထာဝရပိတ်သွားခဲ့ပြီ သူငယ်ချင်းရ…..။
ရင်ထဲမှ ဆို့နစ်စွာ ထွက်ပေါ်လာတဲ့ စကားလုံးများက နုတ်ခမ်းအပြင်သို့ တိုးထွက်လာနိုင်စွမ်း မရှိတော့ပါချေ……။
။(ပြီး)။ #စာရေးသူ – #ဝေဘုန်းဇျာန်(မိုင်းဝယ်သား)
အခုတော့ သူ့သားကလည်းမရှိတော့ပါဘူး။ ဆိုင်ကယ်တိုက်မှုဖြစ်ပြီး ဆုံးပါးသွားတာကြာပြီလို့ သိရပါတယ်ခင်ဗျာ။
Leave a Reply