ခဲ့လေသည်။ ဘိုးသက်ရှည်တို့အိမ်က ရွာအတွင်းမှာဆိုသော်လည်း အောင်ကြီးက ရွာပြင်ကိုဦးတည်ကာ လျှောက်လှမ်းသွားနေသဖြင့် ကိုသက်ကိုက အံ့အားသင့်နေလေသည်။ “ဟေ့ကောင် အောင်ကြီး၊ မင်းပြောတော့ ဘိုးသက်ရှည်အိမ်ကိုသွားမှာဆိုကွ၊ အိမ်အမိုးလန်သွားလို့ သွားကူပေးရမယ်ဆို” “မင်းကွာ၊ ငါက မင်းမိန်းမရှေ့မို့ တမင်ပြောလိုက်တာကွ” “ဒါဖြင့်အခုဘယ်ကိုသွားနေတာလဲ” “ငါတို့ရဲ့ဂွင်ရှိတယ်လေကွာ မင်းမေ့နေပြီလား” “မမေ့ပါဘူးကွာ၊ ငါလည်းအဲဒါကြောင့် ပင်လယ်ဘက်သွားချင်တာကွ၊ ဒါပေမယ့် မခင်ကတားနေတယ်မဟုတ်လား” “ငါသိပါတယ်ကွာ၊ အဲဒါကြောင့်လည်း မင်းကိုတစ်ဖက်လှည့်နဲ့ မင်းအိမ်ကနေလာခေါ်ထုတ်တာပေါ့ကွ၊ သက်ကိုရ ဟား၊ ဟား” “မင်းတော်တော် ကောက်ကျစ်တဲ့ကောင်ပဲ အောင်ကြီးရာ” “ဟား၊ ဟား အဲဒါကိုကောက်ကျစ်တယ်မခေါ်ဘူးကွ၊ ဉာဏ်ပါးတယ်လို့ခေါ်တယ်” ...
တော်တော်ပုတဲ့အကောင်။ တစ်ချို့ကတော့ ဒီကောင့်ကို ကားယား တင်မြင့်လို့ ခေါ်တယ်။ ဘာဖြစ်လို့တုံးဆို တော့ တင်မြင့်က ပုကွကွနဲ့ လမ်းလျှောက် ရင် ဒီကောင့်ခြေထောက်တွေက ကားယား ကားယားနဲ့ လျှောက်လို့ဗျ။ “အဲ့ကောင် တာတေ၊ မင်းတော်တော် နေနိုင်တဲ့ကောင်ကွာ၊ မြို့ရောက်တာ တောင် ငါ့ဘက်ကို လှည့်မလာဘူး” ကားယားတင်မြင့်က အိမ်ပေါ်ကို ကား ယားကားယားနဲ့ တက်လာပြီး ပြောတာ ဗ်။ “ငါလည်း လာဖို့ပဲကွ တင်မြင့်ရ၊ ငါ ရောက်တဲ့ညက ငါ့ဘကြီး လေဖြတ် လို့ မရောက်သေးတာကွ” ...
စက် ရအောင် လုပ်ပေးစမ်းပါ” နောက်ညမှာ ပိုက်ဆံများများ ချထိုးသည့်အခါ ပါသွား လိုက် နည်းနည်းထိုးသည့်ပွဲဆိုလျင် နိုင်လိုက်နှင့် မနက် စာရင်းချုပ်တော့ ပထမညကဲ့သို့ပင် တစ်ဝက်နီးပါးသာ အမြတ်ကျန်ခဲ့သည်။ ဝိညာဉ်ကိုတင်စိန်ကတော့ ခေါက် ဆွဲမစားရ၊ အကြွေးနှင့် တိုးနေပြန်သည်။ တစ်ညလာ နောက်ညမှာ၊ တစ်ညလာ နောက်ညမှနှင့် ပါးစပ်နှင့် သာ ကျွေးနေခဲ့သည်။ နာရေး ငါးရက်မြောက်နေ့၊ ထိုနေ့ အသုဘချမည့်နေ့ ဖြစ်သည်၊ ထိုညမှာတော့ ဝိညာဉ်သရဲလည်း သည်း မခံနိုင်တော့။ ရိုက်သည့်အလှည့်တိုင်း ရှုံးလေသည်။ နောက်ဆုံး ချေးငှားပြီး ...
ကင်းကြောင်း အပေါင်းအသင်းများပေါ်တွင်လည်း ကြီးမားသူတည်း။ မိုးကြီးညို့လာ၍ လေထန်စပြုလေတိုင်း အိမ်ကလေး၏အမိုးကိုမော့ကြည့်ရင်း ရင်ခုန်ရ၊စိတ်မောခဲ့ရခြင်းတို့သည် ကိုကြီးတည်းဟူသော ကိုလွှမ်းပိုင်ဦးနှင့် ချစ်ခြင်းအစ ကာလရောက်သည်မှစ၍ တည်ငြိမ်ခဲ့ရ၏။အရာရာဈေးကြီး၍ ဓနိဈေးတို့မှာလည်း ခေါင်ခိုက်နေ၏။သစ်သားတိုင်ယိုင်နဲ့နဲ့တို့က ပိုးမထိုး၊ခြမစားသေးပါပဲလျက် ဓနိအရည်အသွေးညံ့ဖျင်းခြင်းကြောင့် သုံးနှစ်ခံဟု ဆိုငြားလည်း တစ်နှစ်တည်းနှင့်မိုးမလုံလေမလုံဖြစ်ရ၍ အခါတိုင်းတွင် အနီတာတို့မိသားစု စိတ်မောခဲ့ရပါ၏။အဖေရှိစဥ်ကမူ ထိုသို့မဟုတ်ခဲ့ငြား ရင်ပူခဲ့ရသည်တော့အမှန်။ “ဘာမှ စိတ်မပူနဲ့၊ကိုကြီးနဲ့လက်ထပ်ပြီးရင် သည်အိမ်လေးကို ပြင်ဆောက်ပေးမယ်၊သွပ်မိုးနဲ့သစ်သားအိမ်ထက် လုံလုံခြုံခြုံတိုက်ကလေးဆို ပိုကောင်းမလားလို့၊အဲဒါ ကိုကြီး စဥ်းစားနေတာ” သူက ထိုသို့ပြောသည်တွင် မေမေသည် အားနာနေ၏။သူနှင့်လိုက်နေရန် မေမေကငြင်းခဲ့သည်ကိုး။ “ရပါတယ်ကွယ်၊ဒါတွေ မစဥ်းစားပါနဲ့၊အနီတာအတွက်သာ တွေးပါကွယ်” ...
.” ဟု…ဒေါ်ဝင်းနိုးစေရန်အော်ပြောလိုက်လေတော့ သမီးဖြစ်သူနန်းကြိုင်လေးနဲ့အတူအိပ်နေခဲ့သော ဒေါ်ဝင်းလည်းနိုးလာခဲ့ပြီး မီးခွက်ထထွန်းလေသည်။ ဘွားမယ်စိန်လည်းသူ၏ဆံပင်က်ို သေချာစွာပြန်ထုံး၍အိပ်ရာအတွင်းမှထလာခဲ့တော့သည်။ ဒေါ်ဝင်းကမီးပြပေး၍အိမ်အောက်ကိုဆင်းလာခဲ့ကြပြီး ခြံတံခါးဆီသွားလေတော့ သူကြီးနဲ့ရွာသားတွေကို ဦးဆုံးမြင်လိုက်ရ၏။ “ဘာဖြစ်လာကြတာလဲ” ဟု…ဘွားမယ်စိန်ကမေးတော့… “ရွာသစ်ကဘိုးတင့်တို့မိသားစုဗျ… ဘာတွေဖြစ်လာတယ်မသိဘူး… သူ့မိန်းမတော့လှည်းပေါ်မှာသတိလစ်နေတယ်ဘွားရဲ့” ဒေါ်ဝင်းကခြံတံခါးဖွင့်ပေးလိုက်သည်။ ဘိုးတင့်နဲ့သူ့သားတွေကတော့ မိခင်ဖြစ်သူကိုပွေ့ကာချီလာကြ၏။ “ဟိုကွပ်ပျစ်ပေါ်မှာတင်လိုက်… မိဝင်းခေါင်းအုံးလေးသွားယူချည်…” “ဟုတ်…ဟုတ်…အမေ” ဒေါ်ဝင်းအိမ်ပေါ်ကိုပြာပြာသလဲတက်သွားသည်။ ပြန်ဆင်းလာတော့ခေါင်းအုံးလေးပါလာခဲ့ပြီး ထိုခေါင်းအုံးလေးကို ဘိုးတင့်မိန်းမ၏ခေါင်းအောက်၌ ခုပေးလိုက်၏။ ဘွားမယ်စိန်ခြံဝိုင်းထဲမှာတော့ ရွာသားများကိုင်လာသော မီးတုတ်များ၏အလင်းကြောင့်အတော်အလင်းရနေသည်။ “ကဲ…လူတွေက မအုံကြနဲ့လေ…” “ဟေ့…ဘွားပြောတာကြားကြလား… ခပ်လှမ်းလှမ်းကပဲ ကြည့်ကြ” သန်းခေါင်ကျော်အချိန်ကြီး၌ ရွာလန့်ရသည့်ကိစ္စပေမို့ အားလုံးကစိတ်ဝင်တစားလာကြည့်ကြသည်။ ဘွားမယ်စိန်က… “ဘာဖြစ်လာကြတာလဲကွဲ့” ...
လူတွေကို ဘာမှအရေးမလုပ်ပါဘူးဗျာ၊ လူတွေက ပါးစပ်နဲ့အော်ပေမယ့် တကယ်ရောက်သွားတာက ကျုပ်ဗျ၊ ကျုပ်လည်း ဒီလောက်မိန်းမကို နှိပ်စက်တဲ့လူကို ကြည့်မရတာနဲ့၊ အနားမှာကျနေတဲ့ ထန်းဖလက်လို့ခေါ်တဲ့ ထန်းလက်အရိုးကြီးကောက်ပြီး ကိုကြွက်နီကို ဝင်ရိုက်တာပဲဗျာ၊ နှစ်ချက်လောက်ပဲ ရိုက်ရသေးတယ် ကိုကြွက်နီတစ်ယောက် မှောက်သွားပါရော၊ ထန်းဖလက်က ဆူးတွေပါတယ်ဆိုတော့ ကိုကြွက်နီကျောကုန်းကွဲပြီးတော့ သွေးတွေလည်းထွက်လာတာပေါ့ဗျာ၊ ဒီတော့ သူ့မိန်းမက ထိတ်လန့်တကြားနဲ့ သူ့ယောက်ျားကိုပြေးထူတယ်ဗျ။ “လာကြပါအုံးရှင်၊ ကျွန်ယောက်ျားသေပြီလားမသိဘူး” ကျုပ်က ဒေါသထွက်နေသေးတာ “အောင်မာ၊ ခင်ဗျားယောက်ျားကို ကျုပ်သာမတားရင် ခင်ဗျားသေလောက်ပြီဗျ၊ ဘာအခုမှ သူ့ဘက်က ဝင်နာနေတာလဲ” ကိုကြွက်နီမိန်းမက ကျုပ်ကိုလက်ညိုးငေါက်ငေါက်ထိုးရင်း ...
ပျောက်မှာစိုးလို့ ခြင်ထောင်ထဲထည့်ပြီးအိပ်တဲ့လူဗျာ။ ကိုဂျမ်းက ကြက်သမားဆိုတော့ သွားလေရာကြက်ခေါ်သွားတာမဆန်းဘူးဗျ၊ ဒါပေမယ့် အခုတစ်ခေါက်ရွာကိုရောက်လာတယ်ဆိုတာကတော့ ဆန်းတယ်ဗျို့၊ ကြက်လည်းပါလာပုံထောက်တော့ ရွာဘက်နားမှာ ဝိုင်းကောင်းရှိလို့လာတာဖြစ်မှာဗျ။ ကိုဂျမ်းက ထောက်ရှာရိုးရွာသားဗျ၊ အမေက ထောက်ရှာရိုးရွာသူကိုးဗျာ၊ အမေ့အမျိုးတွေတော်တော်များများ ထောက်ရှာရိုးမှာရှိသဗျ၊ ထောက်ရှာရိုးရွာဆိုတာ ကျုပ်တို့ရွာနဲ့ တော်တော်တော့လှမ်းသဗျ၊ ရွာကနေ လှည်းနဲ့တောင်မှ မနက်မိုးလင်းခါနီးထွက်ရင် ထောက်ရှာရိုးကို ညမိုးကြီးချုပ်လောက်မှရောက်တတ်တာဗျ။ ဒီနေရာမှာ ကိုဂျမ်းအကြောင်းလေး ကြုံတုန်းပြောပြချင်သဗျာ၊ ကိုဂျမ်းက အမေ့မောင်အငယ်ဆုံးဗျ၊ အမေတို့ကလည်း ဆွေကြီးမျိုးကြီးထဲကပဲဗျာ၊ မွေးချင်းတယ် ဆယ်ယောက်ရှိတယ်၊ ဒါပေမယ့် ကိုဂျမ်းက အမေနဲ့တော့ ဖအေတူမအေကွဲတွေဗျ၊ အမေရဲ့အဖေ၊ ကျုပ်တို့အဘိုးက ...
သီးနှံခင်းအားလုံး မြမြမောင်းမောင်း မှိုင်းမှိုင်းညို့ညို့ ညို။ ပဲစင်းငုံခင်းများ၊ နှမ်းခင်းများ၊ ငရုတ်ခင်းများ၊ နေကြာခင်းများ၊ ပဲလွန်းခင်းများသည် အပွင့် ဝေဝေဖြာဖြာ။ – အညာဒေသ သဘာဝ ပေါက်ပင်များဖြင့် တန်ဆာဆင် ထားသော ကဇာခင်တန်းရိုး၌ပင်လျှင် အပင်အားလုံး ချုံပုတ် ချုံနွယ် အားလုံး ရွှန်းမြမြစိမ်း။ အစိမ်းရောင် အကိုင်း အခက် အလက်များပေါ်၌ ငွေပွင့် ဖူး ဖူးသလို မြူးကြွဟန်ဖြင့် ပွင့်ဖူးနေသော နဘူးပန်းခိုင် လှလှလေးများ၊ ပတ္တမြား နားကပ် ကဲ့သို့ သဏ္ဌာန်ရှိသော ကောင်းဖူး၊ ကဖောင်းပွင့်များ၊ ...
လိုက်နဲ့…အခြေအနေကအတော်ဆိုးနေတာဗျ” ဟုပြောလေတော့ ဘွားမယ်စိန်ခေါင်းညိတ်၏။ “ဒီလိုဆိုရင်ကိစ္စကအလျင်လိုစရာပဲ… ကဲပါ..ဘွားလိုက်ခဲ့မယ်…မိဝင်း… ညည်းက ညည်းတူမောင်တိုးတို့ကိုသွားခေါ်ချည်စမ်း” “ဟုတ်ကဲ့အမေ…ကျုပ်တခါထဲသွားဖို့ပြင်ခိုင်းပြီးမှ ခေါ်လာရမှာမဟုတ်လား” “အေး..ဟိုမှာကောင်လေးတွေအတွက်စိုးရိမ်ရတယ်… ဒိလိုကြောင့်အမြန်သာလာခိုင်းလိုက်တော့” “ဟုတ်ကဲ့…ဒါဆိုကျုပ်သွားလိုက်တော့မယ်…” “အေး..အေး…မောင်ရင်တို့ကမုန့်ဆီကြော်နဲ့အကြမ်းရည်လေးသောက်ကြဦး…ဘွားပြင်စရာရှ်ိတာ သွားပြင်ထားလိုက်ဦးမယ်ကွယ်…” “ဟုတ်ကဲ့ဘွား…ကျုပ်တို့စောင့်နေပါ့မယ်…” ဖိုးကျော်တို့မှာကွပ်ပျစ်ပေါ်၌စောင့်ဆိုင်းနေကြတော့သည်။ ဘွားမယ်စိန်မှာတော့ယူစရာအဝတ်အစားတစုံရယ် လက်ဆွဲတော်တောင်ဝှေးနှင့် ချည်လွယ်အိတ်လေးကို သေချာစစ်ဆေးကာယူဆောင်ဖို့ရန်အတွက်ပြင်ဆင်နေခဲ့သည်။ အချိန်အတော်ကြာလေတော့မောင်တိုးတို့မှာနွားလှည်းကြီးနှင့်အတူရောက်ချလာခဲ့ကြသည်။ နွားလှည်းအထက်၌မောင်တိုး၊မောင်အုန်းနှင့်ဒေါ်ဝင်းတို့ပါ၏။ နွားလှည်းရပ်လိုက်သည်နှင့်ဒေါ်ဝင်းမှာလှည်း အထက်မှဆင်းလာခဲ့ပြီး… “အမေရေ…မောင်တိုးတို့ရောက်ပြီနော်…” ဒေါ်ဝင်းပြောလည်းပြောခြံထဲဝင်လာတော့သည်။ ဖိုးကျော်တို့မှာလည်းကွပ်ပျစ်ပေါ်မှဆင်းလာခဲ့ကြတော့၏။ မောင်တိုးတို့မှာလည်း ဖိုးကျော်နှင့်မရင်းနှီးသောကြောင့် ပြုံးယုံသာပြုံးပြနေကြသည်။ ဘွားမယ်စိန်လည်းသူ၏ယူဆောင်စရာများကိုယူဆောင်ရင်း အိမ်အောက်သို့ဆင်းလာခဲ့တော့၏။ မောင်တိုးတို့ကိုမြင်လေတော့… “မောင်တိုးနဲ့မောင်အုန်းရေ…ဒါက ဆေးတောရွာက မောင်ဖိုးကျော်လို့ခေါ်တယ်…အရင်တခါဘွားဆီလာအကူအညီတောင်းဘူးတယ်…။မောင်ရင်တို့နဲ့တော့ မဆုံလိုက်ရဘူးထင်တယ်…အခုလည်း သူတို့ရွာမှာအရေးကြီးလို့ ဘွားကိုလာခေါ်တာကွဲ့…” “ဟုတ်ကဲ့ဘွား…” ...
ထွန်းမောင်ရှေ့မှာ ထိုင်လိုက် ကြသည်။ “ကျနော်တို့က အိမ်မှာ ဆရာမှ ရှိပါ့မလားလို့” “လာရင်းကိစ္စက” “အောက်စုရွာက ဦးလေးကျော်အောင် လွှတ် လိုက်တာပါ။ ဦးလေးကျော်အောင် နေမကောင်း ဖြစ်နေတာနဲ့ မလိုက်လာနိုင်ဘူးဆရာ” “ဦးကျော်အောင်နဲ့ ကျတော်သိတာ ကြာပါပြီ မတွေ့ကြတာလည်း ကြာပြီ၊ အကြောင်းကိစ္စ ထူးတယ်နဲ့ တူတယ်” “ထူးဆို ဆရာရယ် လေးရက်တိတိရှိပြီ၊ ရွာကို ခဲတွေနဲ့ အပစ်ခံနေရလို့ ” “ဘယ်အချိန် စပစ်တာလဲ” “ညခုနှစ်နာရီဆို ခဲတွေနဲ့ ဘယ်သူလာပစ်နေ မှန်း မသိဘူး၊ ရွာဦးထိပ်က စပြီး ...