တော်တော်ပုတဲ့အကောင်။
တစ်ချို့ကတော့ ဒီကောင့်ကို ကားယား
တင်မြင့်လို့ ခေါ်တယ်။ ဘာဖြစ်လို့တုံးဆို
တော့ တင်မြင့်က ပုကွကွနဲ့ လမ်းလျှောက်
ရင် ဒီကောင့်ခြေထောက်တွေက ကားယား
ကားယားနဲ့ လျှောက်လို့ဗျ။
“အဲ့ကောင် တာတေ၊ မင်းတော်တော်
နေနိုင်တဲ့ကောင်ကွာ၊ မြို့ရောက်တာ
တောင် ငါ့ဘက်ကို လှည့်မလာဘူး”
ကားယားတင်မြင့်က အိမ်ပေါ်ကို ကား
ယားကားယားနဲ့ တက်လာပြီး ပြောတာ
ဗ်။
“ငါလည်း လာဖို့ပဲကွ တင်မြင့်ရ၊ ငါ
ရောက်တဲ့ညက ငါ့ဘကြီး လေဖြတ်
လို့ မရောက်သေးတာကွ”
“ဟေ…ဟုတ်လား၊ ခုရော ဘကြီး
ဘယ်လိုနေတုန်း”
ဒီကောင်တွေက ကျုပ်ကျောင်းတက်
တုန်းက ကျုပ်ဆီလာရင်း ဘကြီးအိမ်
က စားနေသောက်နေကျတွေလေဗျာ၊
ဘကြီးကိုလည်း အတော်ခင်တာ။
“ခုတော့ ကောင်းသွားပြီကွ၊ လာ ထိုင်
တင်မြင့်”
တင်မြင့်ကား ခုံတန်းလျားလေးမှာဝင်
ထိုင်လိုက်တယ်။ ကျုပ်က နဂါးဆေး
ပေါ့လိပ်တစ်လိပ်ထုတ်ပြီး ဓနုဖြူဒေါ်
ရင် ကြေးမီးခတ်ကလေးပါ ကမ်းပေး
လိုက်တယ်။ ကားယားက ကျုပ်ပေး
တဲ့ ဆေးပေါ့လိပ်ကို ကပျာကယာ
မီးညှိပြီး ဖွာရောဗျာ။
ဒီကောင့် ကြည့်ရတာ မောလာတဲ့ပုံပဲဗျ။
ပခုံးမှာလည်း လွယ်အိတ်ကြီးတစ်လုံး
လွယ်လို့၊ လက်မှာကလည်း ဘောင်ချာ
စာအုပ်တစ်အုပ်နဲ့ ခဲတံနီပြာတံကြီးတစ်
ချောင်း ကိုင်လို့ဗျ။ ဒီကောင်က စျေး
ကောက်လေဗျာ။ စျေးထဲမှာရော စျေး
ပြင်မှာပါ ဒီကောင်က စျေးကောက်
ကောက်ရတာ။တစ်ဆိုင်ကို တစ်ကျပ်
ဗျ။ဒီကောင် မောမောနဲ့ နဂါးဆေးပေါ့
လိပ်ကို တစ်ဖွာပြီးတစ်ဖွာ ဖွာနေတာဗျို့။
စျေးကောက် ကောက်လာရတော့
မောလာတယ် ထင်ပါရဲ့ဗျာ။ ဆေး
လိပ်သောက်ရင် အမောမခံနိုင်ဘူး
သာပြောတာဗျ။ တကယ်တမ်း မော
လာတော့လည်း ဆေးလိပ်လေးတစ်
ဖွာ နှစ်ဖွာ ရှိုက်လိုက်မှ အမောပြေ
တာဗျို့။
“တာတေ မင်းသတင်းတွေ ငါကြား
တယ်ကွ”
“ဟေ…ဘာသတင်းတုံးကွ၊
ကားယားရဲ့”
“မင်းက ဆရာဖြစ်နေပြီဆို ပယောဂ
တွေ ဘာတွေ လွှတ်နိုင်တာဆို”
“ဟာ မဟုတ်ပါဘူး ကားယားရဲ့၊
မင်းကို ဘယ်သူပြောလို့တုံး”
“ဘန့်ဘွေးကုန်းက သိန်းဇော်လည်း
ပြောတယ်။ပြီးတော့ မီးလောင်ကုန်း
က ပန်းစုံတို့ ညီအစ်ကိုလည်း ပြော
တယ်။ ပန်းစုံက မြို့ရောက်ရင် ငါတို့
အိမ်မှာတည်းတာကွ၊ ဒီတော့ မင်းသ
တင်းကို ငါက မကြားဘဲ နေမလား
ကွ တာတေရ”
“ငါ ဆရာ မဟုတ်ပါဘူး ကားယားရာ၊
ဆရာတွေ လာရင် လိုက်ပြီးအကူအညီ
ပေးတာပါကွာ၊ မင်းလည်း သိသားနဲ့၊ ငါ
က ငယ်ငယ်ကလေးတည်းက လွှတ်စပ်
စုတတ်တဲ့ကောင်လေကွာ၊ ဒီတော့ ရွာ
ဘက်ကို ဆရာကြီးတွေ ကြွလာရင် ထူး
ထူးဆန်းဆန်းတွေကို တွေ့ချင် မြင်ချင်
တာနဲ့ သူတို့ကို အကူအညီပေးရင်း
လျှောက်လိုက်တာဟေ့”
“ဟာ ဘာပဲပြောပြောလေကွာ၊ မင်း
မှာဒီလိုထူးဆန်းတဲ့ ကိစ္စတွေမှာ အ
တွေ့အကြုံ တော်တော်ရှိနေမှာပဲ”
“အေး…ဒါတော့ ဟုတ်တာပဲ၊ တော်
တော်များများကို ကြုံဖူးသွားတာကွ
သူငယ်ချင်းရေ”
“ဟုတ်ပြီ၊ ဒါဆိုရင် ငါ မင်းကို ပြော
ပြတော့မယ်၊ ငါ့မှာ ကိစ္စတစ်ခုရှိလို့
မင်းကို လာတွေ့တာကွ”
” ဟေ…ဟုတ်လား၊ ဒါဆိုရင် ပြောပြ
လေကွာ၊ ကားယားရာ”
“ဒီလိုကွ၊ ငါတို့စျေးမှာ စျေးစောင့်ငါး
ယောက် ရှိတယ်။ ဟိုတလောက ဦး
လောဆိုတဲ့ အဘိုးကြီး ဆုံးသွားတယ်
ဦးလောရဲ့နေရာမှာ ကိုခွေးဆိုတဲ့လူ
တစ်ယောက် ခန့်ပြီး စျေးကို အစောင့်
ငါးယောက်နဲ့ ညတိုင်း စောင့်နေတာ
ပဲကြ”
“အေး…အဲဒီတော့ ဘာဖြစ်လို့တုံး”
“ဒီလိုကွ တာတေရ၊ ငါတို့စျေးထဲကို
ညဘက်ဆိုရင် သရဲကြီးတစ်ကောင်
ဝင်ဝင်လာပြီး ငါးစျေးတန်းမှာ ပြုတ်
ကျကျန်နေတဲ့ သားစိမ်းငါးစိမ်းတွေကို
လာစားနေတာ သုံးလလောက် ရှိပြီကွ”
“ဟေ …မင်းတို့မြင်ရလို့လား”
“ဟ…ငါကတော့ မမြင်ဘူးကွ တာတေ
ရ၊ညစောင့်တွေကတော့ တွေ့ကြရတာ
ပေါ့၊အဲဒီသရဲကိုတွေ့ရင် ကျန်တဲ့ည
စောင့်တွေက ကြောက်ပြီး ထွက်ပြေး
သွားပေမယ့်ဘလောကြီးက မကြောက်
ဘူးတဲ့ကွ၊သူ့လောက်လေးခွနဲ့ သရဲ့ကို
လိုက်ပစ်တာဆိုပဲ”
“ဟေ …ဟုတ်လား”
” လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတော့
ကင်းစောင့်နေရင်းနဲ့ ဘလောက မူး
တယ် မူးတယ်လို့အော်ပြီး အကောင်း
သားကနေ ဘုန်းကနဲ လဲပြီး သေသွား
ရောပေါ့”
“ဟာ …ဟိုသရဲများ လုပ်လိုက်တာ
လာူ ကားယားရယ်”
“အေးပေါ့ကွ၊ စျေးထဲမှာ လူတိုင်းက
ဒီအတိုင်းပြောပြတာ တာတေရဲ့၊ စျေး
စောင့်ကြီး ဦးလောကို သရဲကပ်သွား
တယ်ဆိုပြီး ပြောကြတာ၊ အဲဒီလိုပြော
နေတုန်း အခြေအနေက ပိုဆိုးလာ
တော့ စျေးသည်တွေလည်း ကြောက်
လန့်ကုန်ကြတာပေါ့ကွာ”
“နို့ နေပါဦးကွ၊ ဒီသရဲက အခု ဘာ
ထပ်လုပ်နေလို့တုံး”
“ဟာ မပြောပါနဲ့တော့ကွာ၊ အခုဖြစ်နေ
တာက သရဲက တစ်ကောင်မဟုတ်ဘဲ
နှစ်ကောင် ဖြစ်နေလို့ကွ”
“ဟေ …ဟုတ်လားကွ”
“ဟုတ်ပါ့ တာတေရာ၊ အခုဆိုရင် ည
စောင့်တွေလည်း ကြောက်ပြီး အလုပ်
ထွက်တော့မယ် လုပ်နေကြပြီကွ”
“အေး ဟုတ်တယ် တာတေ၊ ညဆိုရင်
အဲဒီသရဲနှစ်ကောင် နပမ်းလုံးတာ တစ်
စျေးလုံး အုန်းဆန်နေတာကွ”
“ဟေ…ဟုတ်လားကွ”
“ဟုတ်ပါ့ တာတေရာ၊ အခုဆိုရင် ည
စောင့်တွေလည်း ကြောက်ပြီး အလုပ်
ထွက်တော့မယ် လုပ်နေကြပြီကွ”
“နေဦးကွ၊ ကားယားရဲ့၊ သေသွားတဲ့
မင်းတို့ညစောင့်ကြီးကို ဆွမ်းတွေ ဘာ
တွေ သေသေချာချာ သွတ်ပေးကြရဲ့
လား ပြီးတော့ အမိန့်တွေ ဘာတွေရော
သေသေချာချာ ပြန်ရဲ့လား”
“ဆွမ်းကတော့ သူ့ဆိုင်မှာ သွတ်တာ
ပေါ့ကွ၊ အမိန့်တော့ ပြန်ရတာပေါ့၊သူ
က အစိုးရဝန်ထမ်းလေကွာ”
ကျုပ်က ဘာမှမပြောဘဲ ငြိမ်ပြီးစဉ်းစား
နေလိုက်တယ်။ ပြီးတော့မှ …
“ကဲ ဒီလိုလုပ် ကားယားရာ၊ ညရှစ်နာရီ
လောက် ငါ့ကို လာခေါ်ကွာ၊ မင်းနဲ့ ငါ
စျေးထဲ ဝင်ပြီး ညစောင့်တွေနဲ့ အတူတူ
စောင့်ကြတာပေါ့”
“အေး ဟုတ်ပြီ၊ ဟုတ်ပြီ၊ ညရှစ်နာရီ
လောက် မင်းကို ငါလာခေါ်မယ်”
ညရောက်တော့ ကျုပ်က မျက်ကွင်းဆေး
ကွင်းပြီး အဆင်သင့် စောင့်နေတယ်။ရှစ်
နာရီကျော်ကျော်လောက်ကျတော့ ကျုပ်
ကို ကားယား လာခေါ်တယ်။
ကျုပ်တို့ စျေးထဲဝင်ပြီး ညစောင့်တွေနဲ့
အတူတူ ကင်းစောင့်ကြတာပေါ့ဗျာ။ည
စောင့်ငါးယောက်က အထိုင်ကင်းဗျ။
ကျန်တဲ့လေးယောက်က နှစ်ယောက်
တစ်တွဲ လှည့်ကင်းထွက်တယ်။ စျေး
လမ်းတွေမှာ လျှောက်လှည့်ကြည့်ရ
တာပေါ့ဗျာ။ဆိုင်ကြိုဆိုင်ကြားတွေမှာ
ဓါတ်မီးတဝင်းဝင်းနဲ့ လိုက်ထိုးကြည့်
ကြရတာလေ။ ဒါပေမဲ့ ဒီရက်ကတော့
စိတ်ချရပါတယ်။ စျေးဖောက်မယ့်သူ
မရှိရင်တောင် စျေးထဲက သရဲနှစ်
ကောင် သတ်ပုတ်နေတဲ့သတင်းက
တစ်မြို့လုံး ပျံ့နေတော့ စျေးထဲကို
ဝင်ခိုးရဲတဲ့သူ ရှိမှာမဟုတ်ဘူးဗျ။
“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်”
အထိုင်ကင်းကလူက တစ်နာရီ တစ်
ခါ တစ်ခါ နာရီသံချောင်းခေါက်ရသ
ဗျ။သံချောင်း ဆယ့်တစ်ချက်ခေါက်
ပြီး ကျုပ်နဲ့ ကားယားကလည်း အထိုင်
ကင်းမှာ ထိုင်နေကြတာလေဗျာ။
“ဟာ ချကြပြီဟေ့ တာတေရ၊
လာ လာ မင်းကြည့်မယ်ဆိုရင်
ငါလိုက်ပြမယ်”
ကားယားက ရှေ့က ပုကွကွ ကား
ယားကားယားနဲ့ သွားရောဗျာ။ကျုပ်
ကလည်း သူ့နောက်က ကပ်လိုက်
လာတာပေါ့ဗျာ။ အနောက်မှာ အ
ထိုင်ကင်းသမားကြီးပါ လိုက်လာ
တာဗ်။
“မင်းတို့နှစ်ယောက်စလုံး ထသွားတော့
ငါတစ်ယောက်တည်း မနေဝံ့တော့ဘူး
ကွ တင်မြင့်ရ”
အထိုင်ကင်းသမားက တင်မြင့်ကို
ပြောတာဗျ။
“ကိုစံပွင့် ဒါ ငါးခြောက်တန်းဘက်က
အသံထင်တယ်ဗျ”
“အေး ဟုတ်တယ်၊ ဟုတ်တယ်၊ သွား
သွား အဲဒီကို သွားဟေ့”
ကားယားက စျေးမြောက်ဘက်ကို ချိုး
ဝင်လိုက်တယ်။
“ဝုန်း၊ ဝုန်း၊ ဂျိုင်း၊ ဂျိုင်း”
ဟာ တွေ့ပြီဗျို့၊ တွေ့ပြီ။ မဲမဲအကောင်
ကြီးတစ်ကောင်နဲ့ ဆံပင်ဖားလျားချထား
တဲ့ လူလိုလို သရဲလိုလိုတစ်ယောက်နဲ့
သတ်နေကြတာဗျ။
“ကားယား ရပ်တော့၊ ရှေ့ဆက်မသွားနဲ့”
ကျုပ်က လေသံနဲ့ ပြောလိုက်တော့မှ
ဒီကောင် ကားယားတုန့်ကနဲ ရပ်သွား
တာဗ်။
“ကားယား မင်းကို ငါ မေးဦးမယ်”
“ဘာတုံး တာတေ”
“ဆုံးသွားတဲ့ မင်းတို့ညစောင့်ကြီးက
ဘယ်လိုပုံတုံးကွ”
“အရပ်ထောင်ထောင်မောင်း သျှောင်
ထုံးကြီးနဲ့ကွ”
“သေတုန်းက စွပ်ကျယ်နဲ့ ပုဆိုးအပြာ
ကွက်တုံးကြီးနဲ့လား ကားယား”
“အေး ဟုတ်တယ် တာတေ၊ မင်း
ဘာမြင်ရတုံး”
“မင်းတို့ ဘလောကြီး မကျွတ်သေးဘူး
ကွ၊ သရဲမဲမဲအကောင်ကြီးနဲ့ အကြိတ်
အနယ် သတ်နေတာ၊မင်းတို့ စျေးစောင့်
ဘေလာကြ”
“ဟေ…ဟုတ်လား”
ဒီတစ်ခါ မေးတာက ကားယား မဟုတ်
တော့ဘူးဗျ။ အထိုင်ကင်းစောင့်တဲ့ ကို
စံပွင့်ကြီး မေးသဗျ။
ကျုပ်က ကိုစံပွင့်ကို လှည့်ကြည့်ပြီး
ခေါင်းညိတ်ပြလိုက်တယ်။ ကိုစံပွင့်
ဆိုတဲ့ စျေးစောင့်ကြီးက နောက်ကို
ခြေတစ်လှမ်း ဆုတ်လိုက်ပြီး မျက်
နှာပျက်သွားတယ်ဗျ။ ဒီတော့ မိတ်
ဆွေ ဦးလောကြီး သရဲဖြစ်နေတာ
ကို ကြားတော့ တော်တော်ကို
ကြောက်သွားပုံပဲဗျ။
“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဂျိုင်း၊ ဂျိုင်း”
သရဲဦးလောကလည်း ခေသူတော့
မဟုတ်ဘူးဗျ။ သူ့ထက် အကောင်ကြီး
တဲ့ အမဲကောင်ကြီးကို ခံတွယ်နေတာ
ဗျ။ အသည်းတော်တော်ကောင်းတဲ့
ဦးလောပဲဗျာ။ ကျုပ် လုပ်ရမယ်ဆို
တာ စဉ်းစားရတော့တာဗျ။ ခဏ
ကြာတော့ ကျုပ်သိသွားပြီဗျို့။
“ကဲ ကားယား ပြန်ကြစို့၊ မနက်ဖြန်
ညကျမှ တစ်ခုခုလုပ်ကြတာပေါ့ကွာ”
အိမ်ပြန်ရောက်တော့ ညဆယ့်တစ်
နာရီခွဲပြီဗျ။ကျုပ်မဖဲဝါကို အကြောင်း
ကြားပြီး အိပ်မက်တောင်းတယ်။ကျုပ်
လည်း ချက်ချင်းကို အိပ်ပျော်သွားတာ
ဗျို့။ လေတွေ တိုက်လိုက်တာဗျာ။
သစ်ပင်ကြီးတွေတောင် ယိမ်းထိုး
လို့ဗျ။ဒါပေမဲ့ အရွက်ကလေး တစ်
ရွက်တောင် မလှုပ်တာကတော့
ဆယ်နှစ်ရာသီအဝါပင်ကြီးဗျ။
တစ်ပင်လုံးမှာ အဝါရောင်ပွင့်တွေ ထိန်
နေအောင် ပွင့်လို့၊ လေတွေ ဒီလောက်
တိုက်နေတာတောင် အရွက်ကလေး
တစ်ရွက်မလှုပ်ဘူး။အပွင့်ကလေးတစ်
ပွင့် မကြွေဘူးဗျ။
“တာတေ ”
ကျုပ်တစ်ကိုယ်လုံးမှာ ကြက်သီးတွေ
ဖျန်းကနဲ ထသွားတယ် ဆံပင်တွေတောင်
ထောင်ကုန်ရောဗျာ။ မဖဲဝါက ကျုပ်ကို
အိပ်မက်ပေးတိုင်း ကျုပ်နဲ့ ရွယ်တူပုံစံမျိုး
ပြောင်းထားတာပါပဲ။
ဒါပေမဲ့ ကျုပ်ကလည်း လန့်သွားတာ
ချည်းပါပဲ။ မလန့်တဲ့အခါ တစ်ခါမှကို
မရှိဘူးဗျ။ ကျုပ်က ဆယ့်နှစ်ရာသီပင်
အောက်မှာ ရပ်နေတဲ့ မဖဲဝါကို ကြည့်
လိုက်တယ်။ နားရွက်ကြားမှာညှပ်ပြီး
ပန်ထားတဲ့ ဆယ့်နှစ်ရာသီပန်းအဝါ
လေးကို ကျုပ်ငေးကြည့်လိုက်မိတယ်။
“တာတေ နင် ဘာသိချင်လို့တုံး”
ဒီတော့မှ ကျုပ် သတိဝင်သွားတာဗျ။
“သြော် …မဖဲဝါ မြို့ကစျေးထဲမှာ သရဲ
နှစ်ကောင် ညတိုင်း သတ်နေကြလို့ဗျ”
ကျုပ်က ဒါပဲ ပြောရသေးတာ၊ မဖဲဝါ
က ချက်ချင်းပြောတော့တာဗျို့။
“တာတေ စျေးထဲကို ဝင်လာတဲ့ သရဲက
မဲကြီးလို့ ခေါ်တဲ့ အကောင်၊ စျေးတောင်
ဘက်က ကုက္ကိုပင်ကြီးမှာနေတာ နှစ်သုံး
ဆယ်လောက် ရှိပြီ။ ငလောက မနေ့တစ်
နေ့ကမှ သရဲဖြစ်တာ၊ ငမဲကို သူ ဘယ်
နိုင်မှာတုံး၊ ဒါပေမဲ့ ငလောကို နိုင်အောင်
လုပ်ပေးမှ ဖြစ်မယ်၊ ငလော နိုင်သွားရင်
ဒီစျေးထဲကို ငမဲ ဘယ်တော့မှ ဝင်မှာမ
ဟုတ်တော့ဘူး။ သရဲဆိုတာ သူ့ကိုနိုင်
တဲ့ အကောင်ရှိရင် အဲဒီနေရာကို ဘယ်
တော့မှ မသွားတော့ဘူး။ ရော့ ဟောဒီ
ရှားဖြူသီးတွေ ယူသွားပြီး ငလောကို
ရှားဖြူသီးနဲ့ ပေါက်ပေး၊ ဒါမှ ငလောနိုင်
မှာ၊ ငလော နိုင်ရင် ငမဲကြီး နင်တို့စျေး
ထဲကို ဘယ်တော့မှ ဝင်မှာမဟုတ်ဘူး”
ကျုပ် လန့်နိုးသွားတယ်။ ယောင်ပြီး
ကျုပ်လက်ထဲကို စမ်းကြည့်တယ်။
မဖဲဝါပေးလိုက်တဲ့ ရှားဖြူးသီးတစ်
ဆုပ်ကြီး ကျုပ်ယူလာတာဗျ။
ကျုပ်လည်း ကြောင်တောင်တောင်
ဖြစ်သွားပြီး လက်ထဲမှာ ရှားဖြူးသီး
ရှာနေမိတာဗျို့။ ခဏကြာတော့
ကျုပ်ပြန်အိပ်သွားတယ်။ မနက်
မိုးလင်းတော့ ဘကြီးကို လက်ဖက်
ရည်နှင့် အီကြာကွေး ဝယ်ပေးဖို့
ကျုပ်အိပ်ရာက ထလိုက်တယ်။
ကျုပ်ကျောကုန်းအောက်က ခိုး
လို့ခုလု ဖြစ်နေတော့ ထကြည့်
လိုက်တော့ …
“ဟာ ရှားဖြူသီးတွေပါလား”
ကျုပ် တော်တော်ကို အံ့သြသွားတာဗျ။
ညက အိပ်မက်မှာ မဖဲဝါ ကျုပ်လက်ထဲ
ကို ထည့်ပေးလိုက်တဲ့ ရှားဖြူသီးတွေ
တကယ်ပါလာတာဗျို့။တစ်လုံး နှစ်လုံး
သုံးလုံး လေးလုံး ငါးလုံး။ကျုပ် ရှားဖြူ
သီးတွေကို ကောက်ယူလိုက်တယ်။
အားလုံး ငါးလုံးဗျ။ ညရှစ်နာရီခွဲတော့
ကျုပ်သူငယ်ချင်း စျေးကောက် ကား
ယား ရောက်လာရောဗျ။
ကျုပ်လည်း စက္ကူနဲ့ ထုတ်ထားတဲ့ ရှား
ဖြူသီးထုပ်ကို ယူလာခဲ့တယ်။စျေးထဲက
အထိုင်ကင်းမှာ စျေးစောင့်ငါးယောက်
ကျုပ်ရယ်၊ ကားယားရယ် ထိုင်ပြီး စကား
ပြောနေကြတာဗျို့။ ကျုပ်ကလည်း နဂါး
ဆေးပေါ့လိပ်လေးဖွာရင်း စျေးစောင့်ကြီး
တွေ တိုက်တဲ့ ရေနွေးကြမ်းတွေ သောက်
နေတာဗျ။
တော်တော်လေး ညဉ့်နက်လာတော့
လှည့်ကင်း လေးယောက်က နှစ်ယောက်
တစ်တွဲ တွဲပြီး စျေးလမ်းတွေထဲ ဝင်သွား
ကြတယ်။
ဒီည ထိုင်ကင်းကျတာ ကိုစံပွင် မဟုတ်
တော့ဘူးဗျ။ ကိုဖိုးထင်တဲ့။ ညဆယ့်တစ်
နာရီထိုးတော့ ကိုဖိုးထင်က နာရီသံချောင်း
ဆယ့်တစ်ချက်ခေါက်လိုက်တယ်။ ကျုပ်နဲ့
ကားယားကတော့ နားစွင့်နေ ကြတာပေါ့
ဗျာ။
“ဝုန်း ဝုန်း ဝုန်း ဂျိုင်း ဂျိုင်း”
“ဟော ချကုန်ကြပြီဟေ့ တာတေရေ၊
ဒီတစ်ခါ အသံကြားတာက ငါးခြောက်
တန်း မဟုတ်တော့ဘူးကွ၊ အမဲသား
ဆိုင်ဘက်က ကြားတာကွ”
ပြောပြောဆိုဆိုနဲ့ ကားယားက ရှေ့ကနေ
သုတ်ခြေတင်တယ်။ သူ့နဂိုပုံစံအတိုင်းပေါ့
ဗျာ။ ပုကွကွ ကားယားကားယားနဲ့ လျှောက်
သွားတာဗျ။ ကျုပ်နဲ့ စျေးစောင့် ကိုဖိုးထင်က
လည်း ကားယားနောက်က ခပ်သုတ်သုတ်
လိုက်ကြရတာပေါ့ဗျာ။
“ဟော တွေ့ပြီဗျို့၊ ဟိုနေ့က ပုံစံအတိုင်း
ပဲဗျို့”
မဲမဲအကောင်ကြီးနဲ့ ဦးလောသရဲ လုံးထွေး
နေကြတာဗျ။ ကျုပ်က မျက်ကွင်းဆေး
ကွင်းလိမ်းလို့သာ မြင်နေရတာပေါ့ဗျာ။
“ဝုန်း”
ငမဲကြီးက သရဲဦးလောကို ဆောင့်ကန်
လိုက်တာဗျို့။ သရဲဦးလော လွင့်ထွက်
သွားပြီး ဆိုင်ရှေ့က ကာထားတဲ့ သွပ်ပြား
တွေနဲ့ ဝုန်းကနဲ မြည်အောင် ဆောင့်ပြီး
ပြုတ်ကျသွားတာဗျို့။
ဒါပေမဲ့ သရဲဦးလောက လွှတ်အသည်း
ကောင်းတဲ့ သရဲဗျ။ ချက်ချင်းကုန်းထပြီး
ငမဲကြီးကို ရင်ဆိုင်လိုက်တယ်။ ကျုပ်က
စက္ကူထုတ်ကို ကပျာကယာဖြည်ပြီး အထဲ
က ရှားဖြူသီးတစ်လုံးကို ယူလိုက်တယ်
ကဲကွာ၊ ပစ်ပြီဗျို့။ ကျုပ် ပစ်လိုက်ပြီ။
သရဲဦးလောရဲ့ကျောကုန်းကို ကျုပ်ပစ်
လိုက်တဲ့ ရှားဖြူသီးက တည့်တည့်မှန်
သွားတယ်။ ဟာ ကြီးလာပြီဗျို့။ သရဲ
ဦးလော အကောင်ကြီး ကြီးလာပြီဗျို့။
ကျုပ် ထပ်ပစ်တယ်။ ရှားဖြူသီး ငါးလုံး
စလုံး သရဲဦးလောကြီးကို ထိသွားတယ်။
မဖဲဝါရဲ့ အစွမ်းများ ကြီးလိုက်တာဗျာ။
ရှားဖြူသီးတွေ ထိသွားတဲ့ သရဲဦးလော
ကြီးဗျာ ကျုပ်မျက်စိအောက်မှာတင်
ကြီးကြီးလာလိုက်တာ ငမဲကြီးထက်
သုံးဆလောက်ကို ဖြစ်သွားတာဗျ။
ငမဲကြီးဆိုတာ သရဲဦးလောကြီးကို
ကြက်သေ သေပြီးကြည့်နေတော့တာဗျို့။
သရဲဦးလောကြီးကိုကြောက်လန့်တကြား
ဖြစ်နေတဲ့ပုံပဲဗျ။ ပြေးပြီဗျို့။ ပြေးပြီ။ ဦး
လောသရဲကြီးက ဒေါသတကြီးနဲ့ ပြေး
ပြီ ငမဲကြီးကို ထိုးတော့တာဗျို့။
“ဖုန်း၊ ဖုန်း၊ ဖုန်း၊ ခွမ်း၊ ခွမ်း၊ ခွမ်း”
သရဲဦးလောက သူ့ရဲ့ ဧရာမလက်သီး
ကြီးတွေနဲ့ ငမဲကြီးကို ဘယ်ပြန်ညာပြန်
ထိုးတော့တာဗျာ။ ငမဲကြီးဆိုတာ ဘာမှ
ကို ပြန်မလုပ်ဝံ့တော့ဘဲ ခေါင်းကြီးငုံ့ထား
ပြီး သရဲဦးလော ထိုးသမျှကို ခံနေရတော့
တာဗ်။
“ဝုန်း၊ ဝုန်း၊ ဝုန်း”
ဟော ပြေးပြီ၊ ပြေးပြီ။ ငမဲကြီး ပြေးပြီဗျို့။
သရဲဦးလော တစ်ချက်အလစ်မှာ ငမဲကြီး
ပြေးတော့တာဗျ။
သရဲဦးလောက အနောက်က ပြေးလိုက်
သေးတယ်။ ဒါပေမဲ့ ငမဲကြီးက ခုန်ပြီး စျေး
ကို ကျော်ထွက်သွားရောဗျာ။ သရဲဦးလော
လက်သီးကြီးနှစ်ဖက်ကို ဆုပ်ပြီး ထွက်ပြေး
သွားတဲ့ ငမဲကြီးကို မကျေမနပ်နဲ့ ကြည့်နေ
တာဗ်။
ဟော ပြန်သေးသွားပြီဗျို့။ သရဲဦးလောရဲ့
အရွယ်တဖြည်းဖြည်း ပြန်သေးလာပြီ။ကျုပ်
လည်း ကားယားကို လက်ဆုပ်ပြီး ခပ်သုတ်
သုတ် လှမ်းထွက်လာခဲ့တယ်။ ကားယားနဲ့
ကိုဖိုးထင်လည်း ကျုပ်နောက်ကကပ်ပြီး
ပါလာကြတယ်။ အထိုင်ကင်းနေရာကို
ရောက်တော့ ကျုပ်က ကားယားကို
ပြောလိုက်တယ်။
“ကားယား မင်းတို့စျေးထဲကို ညတိုင်း
ဝင်လာတဲ့ မဲမဲကောင်ကြီး ဘယ်တော့
မှ လာမှာမဟုတ်တော့ဘူးကွ၊ အိမ်း…
ဒါပေမဲ့ မင်းတို့ စျေးသူစျေးသားတွေ
ပိုက်ဆံစုပြီး စျေးစောင့်ဦးလောကို
ဆွမ်းထပ်သွတ်ပေးကြပါကွာ၊ ဒီတစ်
ခါ သူ့အိမ်မှာ မလုပ်ဘဲ စျေးထဲမှာပဲ
ဘုန်းကြီးတွေ ပင့်ပြီး ဆွမ်းသွတ်လိုက်
ကွာ ပြီးတော့ ဘုန်းကြီးတွေကို စျေး
ဝင်းကြီးထဲမှာ နေရာအနှံ့ ပရိတ်ရွတ်
ပေးဖို့ မင်းတို့ စျေးကြီး ပြန့်ပြီး သန့်
သွားမှာ ကားယားရဲ့”
“စိတ်ချ သူငယ်ချင်း၊ မနက်ကျရင်
လူကြီးတွေကို အားလုံးပြောပြပြီး
ဘလောအတွက် ဒီစျေးထဲမှာပဲ
ဆွမ်းပြန်သွတ်ဖို့်စီစဉ်လိုက်မယ်”
ကားယားတင်မြင့်က ကျုပ်တို့ဘကြီးအိမ်
အရောက် လိုက်ပို့ပေးတယ်။
ကျုပ်အိမ်ပြန်ရောက်တော့ ညတစ်နာရီတောင် ထိုးနေပြီဗျာ။
ပြီးပါပြီခဗျာ
credit-photo
လူသတ်ကုန်းက မဖဲဝါ စာအုပ်မှကောက်နုတ်တင်ပြထားသည်။
စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and shareလေးနဲ့
အားပေးသွားပါအုံးဗျာ။
Leave a Reply