သရဲမကြောက်တဲ့ဖိုးနောက်

စက် ရအောင် လုပ်ပေးစမ်းပါ”

နောက်ညမှာ ပိုက်ဆံများများ ချထိုးသည့်အခါ ပါသွား
လိုက် နည်းနည်းထိုးသည့်ပွဲဆိုလျင် နိုင်လိုက်နှင့် မနက်
စာရင်းချုပ်တော့ ပထမညကဲ့သို့ပင် တစ်ဝက်နီးပါးသာ
အမြတ်ကျန်ခဲ့သည်။ ဝိညာဉ်ကိုတင်စိန်ကတော့ ခေါက်
ဆွဲမစားရ၊ အကြွေးနှင့် တိုးနေပြန်သည်။ တစ်ညလာ
နောက်ညမှာ၊ တစ်ညလာ နောက်ညမှနှင့် ပါးစပ်နှင့်
သာ ကျွေးနေခဲ့သည်။

နာရေး ငါးရက်မြောက်နေ့၊ ထိုနေ့ အသုဘချမည့်နေ့
ဖြစ်သည်၊ ထိုညမှာတော့ ဝိညာဉ်သရဲလည်း သည်း
မခံနိုင်တော့။ ရိုက်သည့်အလှည့်တိုင်း ရှုံးလေသည်။

နောက်ဆုံး ချေးငှားပြီး ရိုက်သည့်တိုင် အနိုင်မရ၊
အရှုံးသာ တစ်ပွဲပြီး တစ်ပွဲ ကြုံနေတော့သည်။ မည်
သူကမှ ဖိုးနောက်ကို မချေးငှားတော့၊ သို့ကြောင့်
ဖိုးနောက်စိတ်ဆိုးလာပြီး အရက်ကို တစ်ဝမူးအောင်
သောက်သည်။အိမ်ရှေ့သို့ ထွက်ပြီး သေသူကိုတင်စိန်
နာမည်ကို အော်ခေါ်ပြီး ဆဲနည်းမျိုးစုံနှင့် ဆဲပါတော့
သည်။

သေသူကိုတင်စိန်၏ ဇနီးသားသမီးများ မိဘဆွေမျိုး
များက တုတ်ဓါးဆွဲကုန်ကြသည်။

“ဟေ့ ဘယ်ကောင်မှ မကြောက်ဘူးကွ၊ သတ္တိရှိ
တဲ့ကောင်တွေ ငါ့ကို ထိရဲထိကြည့့်စမ်း၊ ငါနဲ့ တင်
စိန်က သဘောတူထားတာကွ၊ ဒီကောင် ဂတိမ
တည်လို့ဆဲတာ၊ ဘာဖြစ်လည်း တင်စိန်”

“ဒုတ်”

“အား”

ဘယ်သူဖိုးနောက်ကို ရိုက်လိုက်မှန်းမသိ၊ ဒေါသ
ထွက်နေသော လူအများရှေ့မှာ၊ ဖိုးနောက်မှောက်
သွားသည် မိသားစုများက အားပေးကြသည်။

“ဒါ တင်စိန်လုပ်ပစ်လိုက်တာပဲ ကောင်းတယ်
ဒီလောက် မိုက်ရိုင်းတဲ့ကောင် အသေသာဆော်
ပစ်”

မူးမိုက်လဲကျသွားပြီး ခဏကြာသတိပြန်ရလာသည်။

“ဟေ့ကောင် တင်စိန် မင်းက ငါ့ကို အလစ်တွယ်
တယ်ပေါ့ ဟုတ်လား …မင်းကိုကြောက်မယ်များ
ထင်လား လာ အခု ငါရှေ့ကို လာခဲ့”

စိန်ခေါ်ပြီး ဆဲနည်းမျိုးစုံနှင့် အော်ဟစ်၍ ဆဲနေစဉ်

“ဘုံး”

“အင့်”

မမြင်ရသော ရိုက်ချက်ကြောင့် ဖိုးနောက်မှောက်
သွားပြန်သည်။ ခဏအကြာမှာပဲ ပြန်သတိရလာ
သည်။ စိန်ခေါ်လိုက်၊ ဆဲလိုက်၊ ဝိညာဉ်သရဲက
ထိုးကြိတ်လိုက်နှင့် ကြာတော့ သရဲလက်လျော့
သွားပုံရသည်။

ဘယ်လောက်ပင် အော်ဆဲ၊ အော်ပြီး စိန်ခေါ်ပေ
မယ့် ဝိညာဉ်သရဲပေါ်မလာတော့။ လူ့ဘဝကလည်း
သူငယ်ချင်းဖြစ်ပြန်၊ ခေါက်ဆွဲမကျွေးသည့်အတွက်
ဖဲရှုံးအောင်လည်း အကူအညီမပေးပဲထားခဲ့ပြီးပြီ
ထိုကိစ္စနှင့်ပင် ကျေအေးလောက်ပြီ သဘောထားခဲ့
လေသလား မသိ ဝိညာဉ်သရဲက လက်တုန့်ပြန်ခြင်း
မရှိတော့ပဲ ပျောက်ကွယ်သွားခဲ့သည်။

အသံကုန်ဟစ်အော်နေသော ဖိုးနောက်လည်း
မအော်နိုင်တော့ ဖဲဝိုင်း နောက်မှာ မူးမူးနှင့် ထိုး
အိပ်နေတော့သည်။ ထိုအချိန်မှစ၍ သရဲမကြောက်
တဲ့ ဖိုးနောက်ဟု အမည်ထွင်သွားသည်။

ဤသို့ဖြင့် ဖိုးနောက် ရပ်ကွက်လှည့်ပြီး ဖဲရိုက်
လိုက် အနီးနား ရွာများသို့ လှည့်လည်ရိုက်လိုက်
နှင့် အချိန်တို့ တရွေ့ရွေ့ကုန်ခဲ့သည်။

အချိန်မတော်လည်း ရပ်ကွက်ကျော် ရွာကျော်၍လည်း
ဖဲဝိုင်းရှိသည်အသံကြားသည်နှင့် ရောက်အောင်သွား
သည်။ နိုင်သည့်အခါ နိုင်၊ ရှုံးသည့်အခါ ရှုံးသည်။

တစ်ရက် သူနေသော သဲတောရွာ၊ အလယ်ပိုင်းရပ်
ကွက်မှာ နာရေးဖြစ်နေသည်၊ ဖိုးနောက်အတွက် အ
ဆင်ပြေသည်၊ အသုဘအိမ်က သူနေသော အိမ်နှင့်
လည်း သိပ်မဝေးလှ၊ ရွာလယ်မှာ ရေကန်ကြီးတစ်
ကန်ရှိသည် အလျားပေသုံးရာ၊ အနံပေ နှစ်ရာခန့်
ကျယ်သော သောက်သုံးရေကန်ကြီးဖြစ်သည်။

အသုဘဖြစ်နေသော အိမ်နှင့် ဖိုးနောက်တို့အိမ်က
ကန်တစ်ကန်သာ ခြားနေသည်။ နာရေးအိမ်လေး
ရက်မြောက်ညမှာ ဖဲဝိုင်းက စောစော မသိမ်းပေမယ့်
ဖိုးနောက်ကတော့ စောစောသိမ်းလိုက်သည်။

ဖိုးနောက်မှာပါသမျှ ကုန်သွားပြီ ရစရာလမ်းလည်း
မမြင်တော့ အလကားရသော အရက်ကို အဝ
သောက်ပြီး အိမ်ပြန်လာခဲ့သည်။ အချိန်က မနက်
နှစ်နာရီပဲ ရှိသေးသည်၊ ဖိုးနောက် နာရေးအိမ်မှာ
မအိပ်တော့ပဲ အိမ်သို့ပြန်ရန် ထွက်ခဲ့တော့သည်။

အိမ်ကို ကန်ဘောင်ပေါ်မှ ပြန်ရန်စိတ်ကူးရသည်။
ထိုဖြတ်လမ်းက ပြန်လျင် ရွာလမ်းအတိုင်းပြန်သည်
ထက် ခရီးတစ်ဝက်တိုသည်။ ကန်ပေါ်ကို ညဘက်
ရောက်လျှင် သရဲခြောက်သည်ဟု နာမည်ကြီးသည့်
အတွက် မည်သူမှ ကန်ပေါင်မသွားရဲကြတော့
သရဲမကြောက်တဲ့ ဖိုးနောက်ကတော့ သရဲခြောက်
သည် မခြောက်သည်သူမသိ အရက်မူးမူးနှင့် ဖြတ်
လမ်းက ပြန်ခဲ့သည်။

ကောင်းကင်မှာ လရောင်မရှိသော်လည်း ရာသီဥ
တုက သာယာသလို ကောင်းကင်က ကြယ်များ
အရောင်နှင့် ခပ်လှမ်းလှမ်းအထိတော့ အထင်အ
ရှားမြင်ရသည်။

သူကန်ဘောင်နား မရောက်ခင် ကန်ဘောင်ပေါ်
တက်သော လမ်းအတိုင်း မဲမဲနှင့် လူတစ်ယောက်
တက်သွားသည်ကို မြင်လိုက်သည်။ သူကဲ့သို့ပင်
နာရေးအိမ်က ပြန်လာသူဟု ထင်လိုက်မိသည်။

ထိုလူကို မီရန်သူ ခပ်သွက်သွက် လျှောက်လိုက်
သည် ကန်ဘောင်ပေါ်မှာ ကုက္ကိုပင်ကြီးများ ပတ်
ပတ်လည် ပေါက်နေသည်။

ကန်ဘောင်ပေါ်မှာ ကုက္ကိုပင်ကြီးများ ပတ်ပတ်
လည်ပေါက်နေသည်။ ရှေ့က လူကို မီလုမီခင်
မှာ ရှေ့ကလူ ရုတ်တရက် ပျောက်သွားသည်။
သူအံ့သြသွားသည်။ ရှေ့ကိုလည်း ဆက်သွား
သည်ကိုမတွေ့၊ ရေကန်ထဲဆင်းသူမရှိသလို၊
ကန်ဘောင်အောက်ကိုလည်း ဆင်းသည်မ
တွေ့၊ ဤ အတိုင်းဆိုပါက ကုက္ကိုပင်ကြီးဘေး
မှာ ပျောက်သွားသည့်အတွက် ဤအပင်က
သရဲသူ့ကို ခြောက်လှန့်ခြင်း ဖြစ်သည်ဟု
အတတ်သိလိုက်တော့သည်။

“ဒါ ငါ့ကို သရဲခြောက်တာပဲ၊ ဒီအပင်မှာနေတဲ့
သရဲပဲ တွေ့ကြပြီပေါ့ ကိုရွှေသရဲရယ်”

ဖိုးနောက်ပုဆိုးကို ကွင်းသိုင်းလိုက်သည်။
ကုက္ကိုပင်ကြီးကို သေးနှင့်ပန်းပစ်လိုက်တော့
သည်။

“မင်းထက် မိုက်တဲ့ကောင်တွေ သရဲမကြောက်
တဲ့ ဖိုးနောက်ဆိုတာ မင်းတို့မကြားမိဖူးလား
ဟား ဟား ဟား”

စိတ်ထဲကျေနပ်မှ ထိုသစ်ပင်ကြီးနားက ထွက်
လာခဲ့တော့သည်။

အိမ်ရောက်တော့ အသက်ခြောက်ဆယ်ကျော်ပြီ
ဖြစ်သော မိခင်နှင့် ဖခင်တို့ကို အော်နှိုးကာ တံခါး
ဖွင့်ခိုင်း၍ အိမ်ထဲ ဝင်ပြီး အိပ်လိုက်တော့သည်။
ထိုကဲ့သို့ ကုက္ကိုပင်ကို သေးနှင့်ပန်းပြီး အိပ်ခဲ့ရာ
အိပ်ယာကနိုးတော့ ပြဿနာက စပေါ်တော့သည်။

မနက်မိုးလင်း၍ ဆီးသွားချင်သော်လည်း ဘယ်
လိုမှ သွားမရ၊ ဆီးအိမ်ကြီးက ပေါက်ကွဲတော့
မည့်အလား တင်းကျပ်နေသည်။

ဖိုးနောက် အိမ်သာသွားပြီး အပေါ့သွားသည်
ဆီးတစ်စက်ပင်မကျ။

“အား…အမေရေ…နာတယ်ဗျ”

ဖိုးနောက် တစ်နေ့လုံးအော်ဟစ်နေသည်။
နားလည်တတ်ကျွမ်းသည်ဆိုပြီး ဆေးနည်း
မျိုးစုံပြောပြီး ဆေးတိုက်ကြသည်။ ဆေးတစ်
ခါသောက်တိုင်း ရေတစ်ခွက်သောက်ရင်း
ဗိုက်ထဲရေတွေ ရောက်ပေမယ့် အပေါ့တစ်
စက်ပင် သွားမရ၊

ညနေပိုင်း ကျေးလက်ဆေးပေးခန်းဖွင့်သဖြင့်
သွားပြရာ ဆရာက ဆီးချူသော်လည်း ဆီးမ
ထွက်၊ ဆရာစမ်းသပ်သည့်အခါ ဆီးအိမ်မှာ
ဆီးမရှိဟု ဆိုသည်။

ထိုကြောင့် ဆီးနှင့် သက်ဆိုင်သော ဆေးများကို
သောက်ရန် ပေးလိုက်သည်။

ဆေးခန်းက ထွက်ပြီး အပြင်ရောက်သည်နှင့် ဆီး
အိမ်ကြီး ပြန်တင်းလာကာ အော်ဟစ်နေရပြန်သည်။

“မင်း ညဘက်ဖြစ်ဖြစ် နေ့ဘက်ဖြစ်ဖြစ်၊ သွားရင်း
လာရင်း သစ်ပင်ကြီးတွေနားရယ်၊ လမ်းဘေးရပ်ပြီး
တော့ မတောင်းပန်ပဲ ဆီးသွားခဲ့သေးလား”

“ဆီးသွားတာ ဒီမှာ ဖြစ်နေတာနဲ့ ဘာဆိုင်လို့လည်း”

“ငါမေးတာပဲ ဖြေပါ …မင်းဆီးသွားခဲ့သေးလား”

“သွားခဲ့တယ် ညက ကန်ဘောင်ပေါ်က ကုက္ကိုပင်
မှာ နေတဲ့ သရဲခြောက်လို့ အော်ဆဲပြီး သေးနဲ့
ပန်းခဲ့တယ်”

“ဟာ…မလုပ်ကောင်းတာတွေ လုပ်ချလာတာပဲ
ကဲ…မသင်း မင်းသားရဲ့ ကိစ္စသွားတောင်းပန်မှ
ဖြစ်မယ်”

“မတောင်းပန်နဲ့ ဒီသရဲကိုင်ထားတာမှန်ရင် ဘာ
လို့ သွားတောင်းပန်ရမှာလည်း ငါနဲ့ သွားကိုင်
တုတ်ပစ်လိုက်မယ်”

“ဟာ မလုပ်ကောင်းတာတွေကွာ”

“ဟဲ့ တိရစ္ဆာန်ကောင် နင်သေချင်လို့လား”

“အမေကလည်းဗျာ …သူတို့လုပ်တိုင်း ခံနေလို့
ရမလားဗျ၊ သစ်ပင်မှာနေလို့မရအောင် သွားခုတ်
လှဲပစ်လိုက်မယ် ခုတ်လို့မရရင် အောက်ကမီးနဲ့
တိုက်မယ်”

“မင်း လုပ်တိုင်း ရပ်ကွက်လူကြီးတွေက ခံမလား၊
သရဲနဲ့ မရှင်းရခင် ရပ်ကွက်ရုံးရောက်ပြီး အဖမ်းခံ
ရမှာ သေချာတယ်”

“ဒါဆိုလည်း လက်မပါရရင် ပါးစပ်နဲ့ သွားအော်
ဆဲမယ်၊ ငါ့ကို ဆီးပြန်သွားအောင် လုပ်ပေးမှ
ကျေနပ်မယ်”

ဖိုးနောက်လည်း ပြောပြောဆိုဆို အိမ်ပေါ်က
ဆင်းသွားသည်။

“ဟဲ့..မသင်း…မင်းသားနောက်ကို လိုက်ဦး
ဒီကောင်ကွာ…အကြောက်အလန့်ကို မရှိဘူး”

“ရှင်လိုက်မှာ မီမှာပေါ့…နားလည်အောင် ပြောဆို
ဆုံးမပြီး ခေါ်ခဲ့ပါ”

“အင်း…ပြောစကား ဆိုစကား နားမထောင်တာ
ဆိုးတယ်”

ဖိုးနောက်လည်း ခဏအတွင်း ကန်ဘောင်ပေါ်သို့
ရောက်သွားသည်။ ဆီးအိမ်တင်းကျပ်နာကျင်သည့်
ခံစားချက်နှင့် ဒေါသပေါက်ကွဲနေသည်။

သူညက အပေါ့သွားခဲ့သော သစ်ပင်ကြီးဆီအ
ရောက် သွားပြီး အပင်ပေါ်မော့ကြည့်ကာ အော်
ဟစ်ဆဲဆို စိန်ခေါ်နေတော့သည်။ ဆီးသွားချင်
သော်လည်း မသွားနိုင် သွား၍ မရသဖြင့် စိတ်
အလွန်ဆိုးနေသည်။

“ဟေ့ကောင် သရဲဝိညာဉ်ကောင်၊ ငါအခု အပေါ့
သွားချင်လို့ မရတော့ဘူး၊ ငါ့အပေါ့သွားလို့ရအောင်
လုပ်ပေးရင် လုပ်ပေး၊ မပေးရင် မင်းနေလို့မရအောင်
အောက်ကနေ မီးနဲ့ လာတိုက်မယ်”

“သစ်ပင်ကို ရေနံဆီလောင်းပြီး မီးလာရှို့ပစ်မယ်
ငါ့ကို ဆီးသွားလို့ရအောင်လုပ်ပေး”

“လာ…သား …ဖိုးနောက် အဲဒီလို မပြောရဘူး
မင်းဒုက္ခရောက်မယ်”

“ရောက်ရောက်ဗျာ…ခင်ဗျားကြီးတို့သွားကြ
ကျုပ် ဒီသစ်ပင်အောက်က လုံးဝမသွားဘူး၊
ဆီးသွားလို့ရမှ ဒီနေရာက ထွက်သွားမယ်
ဟေ့ကောင်…သရဲ …မင်း သစ်ပင်ပေါ်မှာရှိတယ်
ဆိုတာ ငါသိတယ်၊ အခု အောက်ကိုဆင်းခဲ့”

“ဖိုးနောက် လာပါသားရယ် သရဲကို ဒီလို စိန်
မခေါ်ရဘူး သရဲစိတ်ဆိုးရင် မလွယ်ဘူး”

“ဒီကောင် ကျုပ်ကိုမကြောက်လို့ရမလား၊ ကျုပ်
က အပွဲပွဲနွှဲလာတဲ့ကောင်၊ သရဲမကြောက်တဲ့
ဖိုးနောက်လို့တောင် နာမည်ရနေတာ ဒီကောင်
ကျုပ်ဆီးသွားလို့အောင် လုပ်ပေးမှာ ကျုပ်ကျေ
နပ်နိုင်မယ်…ခင်ဗျားကြီးတို့ကို ရှင်းပြနေရတာနဲ့
လိုရင်းမရောက်ဘူး၊ ခင်ဗျားတို့ အိမ်ပြန်မလား
မပြန်ဘူးလား”

“မင်း လိုက်မယ်ဆိုရင် ပြန်မယ်”

“သွားပါဗျာ ကျုပ်ရဲ့ ဆီးအိမ်က နာရတဲ့အထဲ ခင်
ဗျားကြီးက တမှောင့် သေသေ ရှင်ရှင်ဗျာ အခု
ဒီက ထွက်သွား”

လူကြား၍ မကောင်းအောင် အော်ဟစ်နေသဖြင့်
ဖခင်ကြီးနှင့် မိခင်ကြီးတို့လည်း လှည့်ပြန်သွား
တော့သည်။

“ဖျောင်း”

ကုက္ကိုပင်ပေါ်မှ လက်မောင်းလုံးသာသာ သစ်
ကိုင်းတစ်ကိုင်းကျိုးပြီး လွင့်ကျလာသည်။ ပင်
စည်ကို ထောက်ပြီး လွင့်စင် ထွက်လာသည်။

ထိုစင်ထွက်လာသော သစ်ကိုင်းက ဖိုးနောက်
၏ ဆီးစပ်တည့်တည့်ကို ဖောက်ဝင်သွားသည်။

“အား”

နာကျင်စွာ အော်လိုက်သော အသံကြီးကြောင့်
ဖခင်နှင့် မိခင်တို့ ဖိုးနောက် ရှိရာပြန်ပြေးလာကြ
သည်။ ကုက္ကိုကိုင်း စူးဝင်နေသော နေရာက သွေး
များ ထွက်မလာပဲ ဆီးများ ဒလောဟော ထွက်ကျ
နေသည်။ ဖိုးနောက်လည်း အသက်ပျောက်နေပြီ
ဖြစ်သည်။

“ဖိုးနောက်…ဖိုးနောက် လူမိုက်ကြီး …ကိုယ်သေ
လမ်း ကိုယ်ရှာသွားတာပေါ့ ဟီး…ဟီး…ဟီး…ဟီး”

“တောက်…ငိုမနေနဲ့ မသင်း လူကြီးစကား နား
မထောင်ဘူး…ကိုယ်သေတွင်း ကိုယ်တူးတဲ့ကောင်
မင်း အခု သရဲကို စိန်ခေါ်နိုင်သေးလား ကွာ…”

ဖခင်ကြီးက ဆုံးမပြောဆိုမရ၊ မျက်စေ့အောက်မှာ
ပင် သေဆုံးသွားသည့်အတွက် ယူကြုံးမရစွာ ပြော
ဆိုနေသည် သရဲမကြောက်တဲ့ဖိုးနောက် သရဲသတ်
လို့ သေခဲ့ပါတော့သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)

Credit