ပြင်းထန်သောတိုက်ပွဲ

မျက်စောင်းထိုးကြည့်ရင်း “မတူဘူးကွသာလှရဲ့…အရာရာကိုလျော့တွက်လို့မရဘူး….အဲ့ဒီထဲမှာဒေါ်ဖွားဆင့်လည်းပါတာပေါ့…..သူ့မှာဘယ်လိုအကောင်တွေရှိမယ်မရှိဘူးဆိုတာငါတို့ကသိနိုင်တာမဟုတ်ဘူး…သူရဲ့ဆင့်ခေါ်အကောင်တွေကိုအာရုံရောက်နေချိန်ဒေါ်ဖွားဆင့်ရဲ့ပညာကိုကာဖို့ကျတော့မလွယ်တော့ဘူးကွ ဒီတော့ဆင့်ခေါ်ကောင်တွေကိုထိန်းထားနိုင်တဲ့တစ်ယောက်ယောက်ရှိမှဒီပွဲကိုနိုင်မှာ” “ဒါဆိုလည်းရှာကြည့်အုံးပေါ့ဗျာကျုပ်ပါကူရှာပေးပါ့မယ်” “ရှာတာပေါ့သာလှရာ…လွန်းနီနဲ့ငါလည်းအငြိမ်မနေရ​သေးဘူးကွ ေမှာ်ကြိုးနဲ့ဆက်သွယ်ကြည့်သလိုစိတ်အာရုံနဲ့လည်းရှာခဲ့ပီးပီ ဒါပေမယ့်မတွေ့ပါဘူးကွာ” “ဘာမှစိတ်ဓာတ်မကျပါနဲ့ဉီးလေးငွေပုရာ အချိန်တန်ရင်တော့ဒီမကောင်းတာတွေကိုကျော်လွှားသွားနိုင်မှာပါ” “အေးကွာအဲ့့လိုပဲတွေးရတာပေါ့” ကျုပ်နဲ့ဉီးလေးငွေပုစကားပြောနေချိန် စကားစပြက်သွားတဲ့ဉီးကြီးမောင်ကလည်း စကားစပြက်သွားပြီးကတည်းကတွေးတောနေတာကျုပ်တို့စကားရပ်မှပဲ စကားဝင်ပြောတာပေါ့ “ငါဒေါ်ဖွားဆင့်ရဲ့ပညာကိုအာရုံခံကြည့်နေတာကွသူ့ရဲ့အောက်ပညာတွေမှာအများဆုံးတွေ့ရသလောက်တော့အတောင်ပံနဲ့အကောင်တွေပဲငါ့မှော်ကလည်းဒီလိုနယ်ပယ်မှာအားနည်းတော့ဘာကောင်ရယ်လို့တော့မပြောတတ်ဘူး” ဉီးကြီးမောင်ပြောလာတော့လည်း ဉီးလေးငွေပုဘက်ကအကြည့်ကိုလည်းဉီကြီးမောင်ထံလွှဲလိုက်ရင်း “ဒါဆိုရင်ငှက်တို့လင်းယုန်တု့ိလိုအကောင်တွေဖြစ်ရမယ်” “မသိပါဘူးသာလှရာနောက်အပတ်ဆိုရင်တော့ငါတို့လည်းပြိုင်ရတော့မှာဟိုရောက်တော့မှမီးစင်ရေစင်ကြည့်ကတာပေါ့” “ဉီးကြီးမောင်မပေါ့နဲ့ဗျဒီတစ်ခါပြိုင်ရမှာကအသက်နဲ့လောင်းကြေးထပ်ရမှာတစ်ခုခုမှားတာနဲ့ပေးဆပ်ရမှာကများတယ်နော်” “ငါသိပါတယ်သာလှရာအများအတွက်ငါ့ အသက်ပေးခဲ့ရတာတောင်တန်ပါတယ်ကဲကဲငါလည်းရွာထဲလျှောက်လိုက်အုံးမယ်”

ဉီးကြီးမောင်ကလည်း​ပြောရင်းနဲ့ခြံထဲကလည်းထွက်သွားတာပေါ့ ဒီတော့လည်းကျုပ်နဲ့ ဉီးလေးငွေပုပဲကျန်ခဲ့တာပေါ့
“ဉီးလေးငွေပု…ဒေါ်ဖွားဆင့်နဲ့တိုက်ဖို့အတွက်ကျုပ်ဘာတွေပြင်ဆင်ထားရမလည်း” “သဲလက်တစ်ဆုပ် ကိုနေလှန်းပြီးမီးဖုတ်ထားဖို့လိုတယ်ကွ ငါကြားဖူးတာကတော့အောက်မိစ္ဆာတွေကသဲပူကိုကြောက်ကြတယ်တဲ့” “ဒါဆိုလည်းကျုပ်သဲပူလုပ်ထားလိုက်မယ်လေဗျာ” “အေးကွာလုပ်ထာတော့လည်းပိုကောင်းတာပေါ့သဲရမယ့်နေရာကိုတော့စိုင်းလောင်တို့ကိုရှာမေးပေါ့ကွာ” ဉီးလေးငွေပုကလည်း လိုရင်းသာပြောပြီးအိမ်ပေါ်တက်သွားတာပေါ့ ကျုပ်ကလည်း သဲပူလုပ်ရန်သဲလိုတာကြောင့်လည်း စိုင်းလောင်တို့ကိုရှာရတာပေါ့ ရွာထဲဟိုဟိုိဒီဒီရှာပေမယ့်လည်းငနဲနှစ်ကောင်ကိုမတွေ့ရတော့လည်းအကြံဟိုက်တာပေါ့ “ဉီးလေးဉီးလေး….စိုင်းလောင်နဲ့စိုင်းလော့ဖန်ဆိုတဲ့ကောင်လေးနှစ်ယောက်ကိုတွေ့မိသေးလားဗျ” ကျုပ်ကလည်း လမ်းသွားလမ်းလာဉီးလေးတစ်ယောက်ကိုလည်းမေးကြည့်လိုက်တာပေါ့ ထိုသူကလည်းခနမျှစဉ်းစားပြီး “အော် ကိုငွေပုမြေးနှစ်ကောင်ကိုပြောတာလား…ခုနကတော့ရွာအပြင်တမာပင်ပေါ်မှာတွေ့ခဲ့တယ်ကွတော်တော်အဆော့မက်တဲ့ကောင်တွေပါကွာမိုးလင်းတာနဲ့အပင်ပေါ်ရောက်နေတာ” “ဟုတ်ကဲ့…ကျေးဇူးပါဉီးလေး” ကျုပ်ကလည်းကျေးဇူးတင်ကြောင်းပြောပီးတော့လည်းရွာအပြင်ကိုထွက်လာခဲ့တာပေါ့ ဖြစ်ချင်တော့ရွာအပြင်မှာကလည်းတမာပင်တွေကအပေါသားဗျ ကျုပ်ကလည်း တမာပင်တွေအနှံ့လိုက်ရှာပြီး ၁၅မိနစ်ခန့်ကြာတော့လည်း ရွာနဲ့ခပ်ဝေးဝေး တမာပင်တစ်ပင်ပေါ်မှာလည်းစိုင်းလောင်တို့ကိုတွေ့ရတယ်လေ “ဟ..ရှာရတာမောနေတာပဲကွာ..မင်းတို့ကဒီမှာဘာလာလုပ်နေကြတာလည်း” “အကုိသာလှကဘာကိစ္စရှိလို့ကျုပ်တို့ကိုလိုက်ရှာနေရတာလည်း မိန်းကလေးလိုက်ပြောခိုင်းမလို့လာဒီကိစ္စတေဆိုရင်တော့မကူညီဘူးနော်” “ပေါက်ကရပြောတော့မယ် စိုင်းလောင်ရာ တကယ်လို့မိန်းကလေးလိုက်ပြောခိုင်းဖို့ရှာတယ်ဆိုရင်တောင်ခုလောက်ဆိုမိန်းကလေးကအိမ်ရောက်နေလောက်ပြီ” “ဒါဆိုဘာကိစ္စရှိလို့လည်း” “အောက်ကိုဆင်းခဲ့ကြစမ်းပါအုံးကွာ…အောက်ကနေပင့်ပြောနေရတာပိုမောလို့ပါကွာ” “ဒါဆိုလည်းဆင်းပေးပါ့မယ်ဗျာ” စိုင်းလောင်နဲ့ စိုင်းလော့ဖန်ကလည်း တမာပင်ပေါ်ကဆင်းလာတယ်ဗျ “ကဲပြောဘာကိစ္စလည်း” “ကိစ္စကတော့ဒီရွာမှာသဲရမဲ့နေရာရှိလား” ကျုပ်ပြောလိုက်တော့လည်း စိုင်းလောင်တို့ကခနစဉ်းစားပြီး “ရှိတယ်ဗျ.ရှိတယ်…ဒါနဲ့အကိုသာလှကဘာလုပ်ဖို့လည်းသဲတွေကို” “လုပ်စရာရှိလို့ပါကွာ…မင်းသိတယ်ဆိုရင်လည်းငါ့ကိုလိုက်ပြအုံးကွ” “သဲရတဲ့နေရာဆိုရင်တော့ ဉီးလေးစိုင်းဖော့ယမ် ရဲ့စပါးကျီနားတော့ရှိတယ်ဗျ အကုိသာလှသွားမယ်ဆိုလိုက်ပို့ပေးပါ့မယ်” “ေအးကွာဒါဆိုလည်းသွားကြတာပေါ့” ကျုပ်တို့သုံး​ယောက်ကလည်း စကားပြောရင်းနဲဘထွက်ခဲ့တာပေါ့ ဉီးလေးစိုင်းဖော့ယမ်ရဲ့အိမ်ကိုရောက်တော့လည်းခြံထဲဝင်ခဲ့တာပေါ့ “ဉီးလေးစိုင်းဖော့ယမ် ကျုပ်တိူ့သဲကျင်းထဲကသဲနည်းနည်းလိုချင်လို့ပါ” “အော်စိုင်းလောင်နဲ့စိုင်းလော့ဖန်ပါလားနေပါအုံးသဲကဘာလုပ်ဖို့လည်း” “မသိပါဘူးဗျာဉီးလေးရယ်လွှတ်လိုက်လို့လာယူတာ” “အေးအေးဒါဆိုလည်းအဲ့မှာတူးယူသွားကွ” ဉီးလေးစိုင်းဖော့ယမ် ကလည်းကျုပ်တို့ကိုတူးယူရန်ပြောပီးတော့လည်းအိမ်ထဲပြန်ဝင်သွားတာပေါ့ ကျုပ်တို့ကလည်း ပေါက်တူးတွေိကိုင်ပီးတော့လည်းစပါးကျီနားကိုရောက်လာတာပေါ့ စိုင်းလောင်တို့ပြောသလို ဟုတ်လည်းဟုတ်တယ်ဗျ ကျင်းကြီးတစ်ခုထဲမှာကလည်းသဲတွေနဲ့ဗျ ကျုပ်ကလည်းတွင်းထဲကသဲတွေကိုပေါက်တူးပြားနဲ့ သယ်ယူပြိးတော့လည်း အပြင်ကိုထုတ်လိုက်တာပေါ့ “စိုင်းလောင်နဲ့စိုင်းလော့ဖန် ရပြီကွသဲကတစ်ကယ်ဆိုလက်တစ်ဆုပ်စာပဲလိုတာပိုတာတော့လိုရမယ်ရယူထားလိုက်မယ်” ကျုပ်တို့ကလည်း ပိုင်ရှင် ဉီးလေးစိုင်းဖော့ယမ် ကိုကျေးဇူးတင်ကြောင်းပြောပီးတော့လည်းပြန်လာခဲ့တာပေါ့ အိမ်ရောက်တော့လည်း သဲတောင်းကိုမြေပေါ်ချ ခဲကြီးကြီးသုံးလူံးနဲ့လည်း ယာယီဖိုခနောက်မီးဖိုလုပ်တာပေါ့ “စိုင်းလော့ဖန်ရေ မင်းတို့အိမ်မှာမသုံးတော့တဲ့အိုးလေးဘာလေးမရှိဘူးလား” “အိုးပိန်ကြီးတစ်ခုတော့ရှိတယ်ဗျလိုချင်ရင်ကျုပ်သွားယူပေးပါ့မယ်” “​အေးကွာပိန်ပိန်ရတယ်ယူလာခဲ့” စိုင်းလော့ဖန်ကလည်း အိမ်ထည်းပြေးသွားပြီးတော့ ပြန်ထွက်လာတော့ အိုးမဲတစ်လူံးကိုလည်းယူလာတာပေါ့ သူ့အိုးမဲကလည်း ပိန်နေတာကတော့ ဟိုဘက်အိုးနှုတ်ခမ်းနဲ့ဒီဘက်အိုးနှုတ်ခမ်းနဲ့တောင်ထိတော့မယ်ဗျ ကျုပ်ကလည်း အိုးကိုမီးဖိုပေါ်တင်အိုးထဲကိုလည်း သဲတွေထည့်ပီးတော့လည်း မီးပူပူပေးထားလိုက်တယ် သဲပူရပြီဆိုတော့လည်း သဲပူကိုအေးအောင်ထားပီး အိပ်သေးသေးတစ်ခုထဲကိုလည်း ထည့်ထားတာပေါ့ စိုင်းလောင်နဲ့စိုင်းလော့ဖန် တိ​ု့ပြန်ထွက်သွားချိန်မှာတော့ ကျုပ်ကလည်း ပေါက်လှကနေယူလာတဲ သစ်သားဓားတိုလေးကိုလည်း ကြည့်နေတာပေါ့

“သာလှရေဒီညတော့ ငါတို့နဲ့ဒေါ်ဖွားဆင့်ပညာပြိုင်မဲ့နေရာကိုလည်းသတ်မှတ်ရမဲ့ညပဲကွ” ညစာထမင်းစားနေတုန်း ဉီးလေးငွေပုကလည်းပြောလိုက်တာပေါ့ ကျုပ်ကလည်းပါးစပ်နားရောက်နေတဲ့ထမင်းလုပ်ကိုလည်း ပါးစပ်ထဲထည့်လိုက်ရင်း “နေပါအုံးဗျ..​ပညယပြိုင်မဲ့နေရာကိုဘယ်လိုရွေးကြမှာလည်း” “ဒီအတွက်ကအဆင်ပြေပါတယ်ကွာ….ထမင်းစားပြီးလို့မှော်နိူးတဲ့အခါဒေါ်ဖွားဆင့်ကငါတို့ကိုအသိလာပေးလိမ့်မယ်” “အော်ဒီလိုလား ဒါနဲ့ဉီးလေးငွေပုကျုပ်သဲပူရပြီဗျ” “ရရင်လည်းမင်းသိမ်းထားအုံးအခက်တွေ့ရင်လည်းသုံးရလောက်မှာပါ” “ကျုပ်ကတော့အဲ့ဒီဒေါ်ဖွားဆင့်ဆိုတဲ့ပညာသည်ကိုလည်းပညာပေးချင်လှပီ” “ကိုယ့်ကိုယ်ကိုယ်သာဒီလောကထဲကနေထွက်မသွားရအောင်ဂရုစိုက်ပါအုံး” ဉီးလေးငွေပုပြောလိုက်တော့လည်းကျုပ်ကရှိန်သွားတာပေါ့ မကြာပါဘူးထမင်းစားပြီးတော့လည်းဉီးလေးငွေတို့ကတရားထိုင်တယ်ဗျ တရားထိုင်ပီးတော့လည်း တရားဖြုတ်တော့လည်း စကားဆက်ပြောနေကြတာပေါ့ ကျုပ်တို့စကားပြောနေချိန်ပြတင်းပေါက်ကနေ စာတစ်ရွက်အထဲကိုဝင်လာ တယ်လေ စာထဲမှာပါသည်ကိုတော့ဉီးကြီးမောင်နဲ့ဉီးလေးငွေပုကလည်းသေချာဖတ်နေတာဗျ “ဉီးကြီးမောင်အထဲမှာဘာတေပါလည်းဗျ” “ပညာပြိုင်မဲ့နေရာတဲ့သူ့အကွက်ထဲကိုတမင်ထည့်နေတာ…ခုတော့မသိပေမယ့်နောက်အပတ်ရောက်ရင်တော့မင်းသိလာမှာပါ”

ဘာလိုလိုနဲ့လည်း တစ်ပတ်ကျော်အချ်န်ဆိုတာကုန်ဆုံးခဲ့တာပေါ့ အချိန်ကတော့ အဂ္်ါနေ့ညရဲ ၁၀နါရီအချိန် ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ် အပ်ကျသံကိုပင်ကြားနိုင်လောက်တယ်လေ ဉီးကြီးမောင်နဲ့ဉီးလေးငွေပုကလည်း မီးခိုးများ နဲ့ပြည့်နက်နေတဲ့ နေရာကိုလည်းသွားနေတာပေါ့ ထိုနေရာကတော့ ပညာပြိုင်ဖို့ချိန်းဆိုထားတဲ့ နေရာလည်းဖြစ်တာပေါ့
“ဒေါ်ဖွားဆင့်..ကျုပ်တို့ကငယ်သူတွေမို့လေးစားစွာနဲ့ရောက်လာရန်ဖိတ်ခေါ်ပါတယ်” ဉီးလေးငွေပုပြောလိုက်တော့လည်း ပတ်ဝန်းကျင်ကနဂိုထက်တိတ်ဆိတ်သွားပြီးတော့လည်း အမဲရောင်မီးလုံးကြီးကတော့ သစ်ပင်များဘေးကကွေ့ပတ်ရင်းနဲ့လည်း ကျုပ်တို့ရှေ့ရောက်လာပြီးတော့လည်းဒေါ်ဖွားဆင့်ကြီးဖြစ်သွားတယ်လေ “ငွေပုတို့တောင်ရောက်လာပြီလား…အဖွားကတော့ညှာမှာမဟုတ်ဘူးနော်..မင်းနောက်ဆုတ်မယ်ဆိုအချိန်မှီပါသေးတယ်” ဒေါ်ဖွားဆင့် ပြောလိုက်တော့လည်း ဉီးလေးငွေပုကခေါင်းခါရင်းနဲ့ “ရပါတယ် ဒေါ်ဖွားဆင့်ကြိုက်သလိုတိုက်ပါရွာအတွက်ကျုပ်နဲ့လွန်းနီနဲ့ပဲရှိတာကြောင့်နောက်ဆုတ်ဖို့ကတော့မဖြစ်နိုင်ပါဘူး” “ဟုတ်ပါတယ်ကျုပ်ကလည်းတခြားအရပ်ဒေသကဆိုပေမယ့်ဒိရွာအရေးမှာလည်းအသက်ကိုရင်းပြီးကူညီမှာ ကျုပ်တို့ကလည်းအစွမ်းကုန်တိုက်မှာမို့ဒေါ်ဖွားဆင့်ဘက်ကလည်းညှာဖို့မလိုပါဘူး” ဉီးကြီးမောင်နဲ့ဉီးလေးပုပြောလိုက်တော့လည်း ဒေါ်ဖွားဆင့်ကြီးကခေါင်းညိတ်ရင်းနဲ့ “အေးလေ….နင်တို့ကိုသနားလို့အသက်ချမ်းသာပေးတာတောင်အသက်မရှင်ချင်တဲ့သူတေပဲငါကအသက်နုတ်ပေးရမှာပေါ့” ဒေါ်ဖွားဆင့်ကြီးကလည်း ပြောရင်းနဲ့ မြေကိုလက်နဲ့ရိုက်လိုက်တော့လည်း အမဲရောင်အတန်းကြီးတွေထွက်လာပြီးတော့လည်း ဉီးကြီးမောင်နဲ့ ဉီးလေးငွေပုဆီကိုပြေးသွားတယ်ဗျ ပြေးဝင်လာတဲ့ မဲမဲအတန်းကြီးကိုလည်း လက်နဲ့ပုတ်ချ ပါးစပ်ဟလို်က်တော့လည်းပါးစပ်ထဲကမီးတွေထွက် ထိုမီးများနဲလည်း ဒေါ်ဖွားဆင့်ကိုမှုတ်တာပေါ့ ဒေါ်ဖွားဆငိ့ကြီးကလည်းလက်ကိုလှည့်လိုက်တော့ အတားအစီးတစ်ခုကလည်းပေါ်လာ ဉီးကြီးမောင်ရဲ့မီးတေကိုလည်းတားထားတာပေါ့ တစ်ဖက်မှာကတော့ ဉီးလေးငွေပုပေါ့ ဉီးလေးငွေပုကလည်း ဒေါ်ဖွားဆင့် ရဲ့ အမဲတန်းကြီးကိုလည်း လက်ထဲက တုတ်နဲ့ရိုက်ချ မြေကိုခြေနဲ့ကန်လိုက်တော့လည်း မြေကြီးထဲကလှံများထွက်လာပြီး ဒေါ်ဖွားဆင့်ဆီကိုလည်းပြေးဝင်သွားကြတာပေါ့ ဒေါ်ဖွားဆင့်ကလည်း လက်တစ်ဖက်နဲ့ မြေကိုရိုက်လိုက်တော့လည်း မြေတံတိုင်းကြီးတစ်ခုက ဒေါ်ဖွားဆင့် ရှေ့မှာပေါ်လာပြီးတော့လည်း ဉီးလေးငွေပုရဲ့လှံတွေကို ကာဆီးထားတာပေါ့ “နင်တို့တွေငယ်ပါသေးတယ်ငွေပုရယ်” ဒေါ်ဖွားဆင့်ကလည်ပြောပြီးတော့လည်း ပါးစပ်ကပွစိပွစိနဲ့ရွတ်လိုက်တော​့ ကိုယ်ကတော့ လူခန္ဓာကိုယ် ဉီးခေါင်းကတော့ ငှက်ဉီးခေါင်းနဲ့ သတ္တဝါဆန်းကြီးကလည်း မိုးပေါ်က နေပျံဝဲလျက်ကျုပ်တို့ဆီကိုလည်းအရှိန်နဲ့ပြေးဝင်ဟန်ရှိတယ် အခြေနေကိုလည်းအကဲဖြတ်နေတာလားတော့မသိဘူးလေ ကျုပ်ကလည်း အတွေးတစ်ခုဝင်လာတာပေါ့ ကျုပ်ကတော့ ခါးနောက်မှာ ထိုးထားတဲ့သစ်သားဓားလေးကိုလည်းထုတ်လိုက်ရင်း သတ္တဝါဆန်းကြီးအနားရောက်လာတဲ့အခါတိုက်ခိုက်ဖို့အတွက် ဟန်ချက်ပြင်လိုက်တယ် ထုိသစ်သားဓားလေးကလည်းဉီးကြီးမောင်ပေးထားတဲ့ဂဠုန်တောင်နိုင်တဲ့ ဓားလေးလေဗျာ ဓားလေးကလည်းသိပ်တော့မကြီးဘူးဗျ ဓားမြှောင်လောက်လေးပဲရှိတာမို့ အလွယ်ခါးမှာထိုးပီး လိုရမယ်ရ ကျုပ်ကယူလာခဲ့တာလည်းမှန်သွားတာပေါ့

“သာလှ…..” ဉီးကြီးမောင်ရဲ့စိုးရိမ်တစ်ကြီးအော်သံနဲ့အတူ သတ္တဝါဆန်းကြီးကလည်း ကျုပ်တို့ဆီတစ်ရှိန်ထိုး​ပြေးဝင်လာတာပေါ့ ထိုသတ္တဝါဆန်းကြီးအနားမရောက်ခင် ကျုပ်လက်ထည်းက သစ်သားဓားလေးကလည်း အရောင်တွေလက်လာပြီးတော့လည်း သတ္တဝါဆန်းကြီးအနားရောက်လာတာနဲ့ ကျုပ်ကလည်း အားနဲ့ခုတ်ချလိုက်တာပေါ့ ကျုပ်ကလည်း ရေညှိကိုခုတ်လိုက်ရသလို ဓားကလည်း အိဝင်သွားတာပေါ့ ကျုပ်ကိုင်ထားတာ သစ်သားဓားလား သံဓားလားလို့တောင်မယုံသင်ကာဖြစ်မိတာပေါ့ ကျုပ်နဲ့ဝါးတိုတစ်ရိုက်အကွာခပ်လှမ်းလှမ်းမှာကလည်း မြေကြီးကိုတရွတ်တိုက်ဆွဲသွားသံကိုလည်းကြားရတာပေါ့ ကျုပ်ကလည်း နောက်ကိူလှည့်ကြည့်လိုက်တော့ ငှက်ဉီးခေါင်းလူကိုယ်နဲ့သတ္တဝါဆန်းကြီးကတော့ ခေါင်းကြီးပြတ်ပြီးတော့လည်း အသက်ပြောက်နေတာပေါ့ ကျုပ်ကလည်း ဓားကိုကြည့်လိုက်တော့ အရောင်တွေကပြန်မှိန်သွားပြီးတော့လည်း သာမာန်သစ်သားဓားလေးပြန်ဖြစ်သွားတာဗျ “ဒီအကောင်ကဘာကောင်လည်း ငါ့ရဲ့ဂဠုန်မိစ္ဆာကိုတောင်သတ်နိုင်တယ်ဆိုတော့နင်ကဘာကောင်လည်း” ဒေါ်ဖွားဆင့် ကြီးကလည်း သူ့ရဲ့အကောင်ကြီးသေသွားတော့လည်း စိတ်ဆိုးဒေါသဖြစ် ကျုပ်ကိုလည်း အော်ဟစ်ပြောဆိုတာပေါ့ “အော်ဒေါ်ဖွားဆင့်….မသိရင်လည်းမှတ်ထားပေါ့ဗျာဒီကောင်လေးကခဗျားကိုနိုမ်နင်းမဲကောင်လေးပေါ့” ဉီးလေးငွေပုကလည်းဝင်ပြောတယ်ဗျ ဉီးလေးငွေပုကြည့်ရတာကလည်း ကစားပွဲတစ်ခုကိုအနိုင်ရမယ်မှန်းသေချာနေတဲ့သူလိုဖြစ်နေတာဗျ “ဂဠုန်မိစ္ဆာကိုသတ်နိုင်တယ်ဆိုပြီးဘဝင်မြင့်မနေနဲ့ငါ့ရဲ့စက်တွေကိုလည်းခံစားကြည့်လိုက်စမ်း” ဒေါ်ဖွားဆင့်ကလည်း လက်ခုပ်နှစ်ချက်တီးလိုက်တော့ မျက်လုံးများနီရဲနေတဲ့ဘီလူးကြီးနှစ်ကောင်ကလည်း အမှောင်ရိပ်ထဲကထွက်ပေါ်လာပြီးတော့လည်း ဉီးကြီးမောင်တို့ဆီကိုပြေးဝင်သွားတာဗျ လက်ထဲကတင်းပုတ်ကြီးကိုလည်း ဟန်နဲ့ရွယ်ဉီးကြီးမောင်တို့ကိုလည်းထုချလိုက်တာပေါ့ ကျုပ်ကလည်း ဉီးကြီးမောင်နဲ့ဉီးလေးငွေပုအတွက်စိုးရိမ်သွားတာဗျ “ဒေါ်ဖွားဆင့်….ခဗျားကောင်တွေကလည်းမျက်စိဝါးနေတယ်ထင်တယ်ကျုပ်တို့နဲ့သစ်ပင်နဲ့ကိုမှားထုနေကြတယ်” ကျုပ်တို့နဲ့မလှမ်းမကမ်းကွင်းပြင်မှာကလည်း ဉီးကြီးမောင်နဲ့ဉီးလေးငွေပုကပြန်ပေါ်လာရင်းနဲ့လည်း ေဒါ်ဖွားဆင့်ကြီးကို ပြောတာဗျ ဘီလူးကြီးနှစ်ကောင်ကလည်း သူတု့ိအားရပါးရထုနေတဲ့နေရာကိုကြည့်လိုက်တော့လည်း အပင်ငယ်လေးနှစ်ခုကိုပဲတွေ့ရတော့လည်း ဉီးကြီးမောင်တို့ဘက်ကိုလှည့် တင်းပုတ်ကိုမြှောက်ရင်းနဲ့လည်း ဉီးကြီးမောင်တို့ဆီပြေးဝင်သွားပြန်တယ်လေ တင်းပုတ်ရိုက်သံမ​ျားနဲ့လည်းပတ်ဝန်းကျင်ကဆူညံနေတာပေါ့ မကြာပါဘူးဉီးကြီးမောင်နဲ့ဉီးလေးငွေပုကလည်း ကျုပ်အနားကိုလျှောက်လာကြတယ် “ကဲဒေါ်ဖွားဆင့်…ခဗျားကောင်တွေကတော့ကုန်ပြီခဗျားပဲရှိတော့တယ်” ဉီးလေးငွေပုကလည်း အပြုံးနှောရင်းနဲ့ပြောတာပေါ့ “ငါ့ဘဝမှာအရူံးဆိုတာမရှိဘူးနင်တို့ကိုငါမရှုံးစေရဘူး” ဒေါ်ဖွားဆင့်ကလည်းအော်ဟစ်ရင်းနဲ့လည်း ဆံထုံးမှာထိုးထားတဲ့ ဘီးဆံပတ်ကိုလည်း ချွတ်ကျုပ်တို့ဆီိကို​ပစ်ပေါက်လိုက်တော့လည်း အနီရောင်မီးများနဲ့ဘီးဆံပတ်ကြီးဖြစ်ပြီးတော့လည်း ကျုပ်တို့ဆီ​ပြေးလာတာပေါ့ ကျုပ်တို့နဲ့ဒေါ်ဖွားဆင့်ကလည်းမနည်းဝေးတော့ မီးကွင်းဘီးဆံပတ် ကြိးကလည်းတန်းတော့မရောက်ဘူးပေါ့ “သာလှ သာလှအဲ့တာနောက်ဆုံးပညာပဲမင်းတပလ္လင်ခွေထိုင်လိုက်ကွာ” ဉီးလေးငွေပုကလည်းပြောလိုက်တော​့ ကျုပ်ကလည်းတပလ္လင်ခွေအမြန်ထိုင်ချလိုက်တယ် ကျုပ် ရဲ့ဘေးမှာကလည််း အပြာရောင်စက်ကွင်းကြီးပေါ်ခလာပြီးတော့လည်း ကျုပ်တို့ဆီကိုပြေးဝင်လာတဲ့မီးဘီးဆံပတ်ကြီးကလည်း ထိုစက်ကွင်းနဲ့တိုက်မိပြီး ကျယ်လောင်စွာပေါက်ကွဲသွားတာပေါ့ “အောင်မယ်…ဒင်းကဘယ်ကိုပြေးချင်တာလည်းလာခဲ့” ပညာတွေကုန်သွားတဲ့အတွက်ပြေးရန်ဟန်ပြင်နေတဲ့ဒေါ်ဖွားဆင့်ကိုလည်းဉီးကြီးမောင်ကပညာနဲ့ချုပ်လို်က်တာပေါ့ “ဒေါ်ဖွားဆင့် ခဗျားလည်းအမုန်းတရားတွေကိုဖြေဖျောက်လိုက်ပါ​တော့ ကောင်းမွန်တဲ့ဘဝကိုရောက်ဖို့လည်းကျုပ်တို့အလှူပြုပေးပါ့မယ်ကောင်းရာမွန်ရာရောက်ပါစေဒေါ်ဖွားဆင့်” ဉီးလေးငွေပုလကလည်း မလှုပ်နိုင်ရှိနေတဲ့ ဒေါ်ဖွားဆင့်ရဲ့ ခေါင်းကိုလည်းလက်နဲ့ကိုင်ရင်းပြောလိုက်တော့လည်း အဖြူရောင်အငွေ့တွေအဖြစ်ပြောင်းလဲသွားတာပေါ့ ဒီတော့မှ ဉီးလေးငွေပုနဲ့ဉီးကြီးမောင်ကလည်းကျုပ်ဘက်ကိုပြန်လှည့်လာပြီးတော့လည်း “ကဲသာလှရေ…ဒေါ်ဖွားဆင့်ကိစ္စတော့ပြီးပြီ ဂဠုန်မိစ္ဆာကိုနိုမ်နင်းနိုင်လို့သာအောင်မြင်ခဲ့တာမဟုတ်ရင်ငါကောလွန်းနီကောငဠုန်မိစ္ဆာကိုနိုင်မှာမဟုတ်ဘူး…ဒါနဲ့မင်းရဲ့အဲ့ဒီဓားကဘယ်ကရတာလည်း” ဉီးလေးငွေပုကလည်းပြောရင်းနဲ့ဓားအကြောင်းလည်းမေးတာပေါ့ “ဘယ်ကရသလည်းဆိုတော့ဉီးကြီးမောင်ဆီကပေါ့ဗျာ..ဒီဓားကိုလည်းဉီးကြီးမောင်ကျုပ်ကိုပေးထားတာဗျလွန်ခဲ့တဲ့နှစ်ကဖြစ်မယ်ထင်တယ်” ကျုပ်ပြောလိုက်တော့လည်းဉီးလေးငွေပုကဉီးကြီးမောင်ကိုကြည့်တယ်ဗျ “လွန်းနီမင်းပေးထားတာဆိုဟုတ်လား” “ငါလည်းခုမသတိရတယ်…အေးဟုတ်တယ်ကွဒါပေမယ့်ဒီကောင်ယူလာမယ်လို့မထင်ထားဘူး” “အစကတော့ယူမဲ့အစီအစဉ်မရှိပါဘူးဗျာ…ဒီကိုထွက်လာခါနီးဉီး​ကြိးမောင်ရဲ့သစ်သားဓားလေးတွေ့တော့အသုံးလိုရင်လိုမှာဆိုပီးယူလာခဲ့တာ” “ဟ…ဟန်ကျသွားတာပေါ့ကွာကဲကဲအိမ်ပြန်ကြရအောင်အချိန်လည်းမရှိတော့ဘူး” ကျုပ်တို့ကလည်းအိမ်ပြန်ခဲ့ကြတာပေါ့

အလာလမ်းခရီးမှာစိုးရိမ်ပူပန်မူတွေရှိသလောက်အပြန်လမ်းမှာတော့ဉီးကြီးမောင်နဲ့ဉီးလေးငွေပုရဲ့စိတ်တွေပေါ့ပါးနေမယ်ဆိုတာကျုပ်သိလိုက်ပါတယ်ဗျာ