ရမ်းဘီလူးငစူး

တယ်တဲ့လေ..သေဆုံးပြီးသားအောက်မိစ္ဆာအချင်းချင်းတွေ့တဲ့အခါကြရင်တော့အဲ့ဒီ အောက်မိစ္ဆာနှစ်ယောက်ကရေကုန်ရခမ်းတိုက်ကြတာတဲ့” “နေပါအုံးဗျသူတို့ကအတူတူတွေကိုဘာလို့တိုက်ကြတာလည်း” “အဲ့တာကလည်းဒီလိုရှိတယ်အောက်မိစ္ဆာတစ်ကောင်က အခြားအောက်မိစ္ဆာ၄ကောင်ရဲ့​ခေါင်းအခွံကိုရရင်လည်းလူ့ပြည့်ကိုအနှစ်၅၀ပြန်လာလို့ရတယ်” “အော်အဲ့တာကြောင့်အချင်းချင်းတိုက်ကြတာကိုးဒါဆိုဒေါ်ဖွားဆင့်ကအောက်မိစ္ဆာ၄ယောက်ကု်အနိုင်ယူပြီးမှကျုပ်တို့ဆီပြန်ရောက်လာတာပေါ့”

“အေးပေါ့ကွာအဲ့လိုပြောရတာပေါ့..မင်းဂဠုန်မိစ္ဆာကိုနိုမ်နင်းလိုက်လို့မဟုတ်ရင်ထင်သလောက်လွယ်ကူမှာမဟုတ်ဘူးကွ” “ထားပါဗျာဒါနဲ့စိုင်းလော့ဖန်တို့ကောမနက်စာစားပြီးကတည်းကပြောက်သွားကြပီနော်” “အေးလေကွာသူတို့ရဲ့အလုပ်သွားလုပ်ကြပီထင်တယ်” “ဒါနဲ့ဉီးလေးေငွပုအိမ်မှာလုပ်စရာရှိသေးလားဗျ” “ဘာဖြစ်လို့လည်းသာလှရဲ့လုပ်စရာရယ်တော့မရှိပါဘူး” “အဖွားနန်းစောမွယ် ဆီကိုသွားမလို့ပါ….အိမ်မှာအလုပ်လေးရှိရင်လုပ်ပေးခဲ့မလို့” ကျုပ်ပြောလိုက်တော့လည်း ဉီးလေးငွေပုကပြုံးရင်းနဲ့ “သွားချင်ရင်လည်းသွားပေါ့ကွာတော်ကြာမှ ဒေါ်နန်း​စောမွယ်နဲ့လည်း​ကြိုက်နေအုံးမယ်နော်” “ဟာဗျာဉီးလေးငွေပုကတော့ပေါက်ကရပြောရော့မယ်ကျုပ်လည်းလူသိပ်မလန်းသေးတော့ဆေးလေးဘာလေးတောင်းရင်းနဲ့သွားမလို့ပါ” “ငါကနောက်တာပါသာလှရာသွားသွား” ကျုပ်ကလည်း ခြံထဲကထွက် အဖွားစောနန်းမွယ်ရဲ့အိမ်ဘက်ကိုလည်းထွက်ခဲ့တာပေါ့ အရင်တစ်ခါကတော့ စိုင်းလောင်တို့ပါတော့မပျင်းရပေမယ့်ဒီတစ်ခါတော့ကျုပ်တစ်ယောက်ထဲဆိုတော့အနည်းငယ်တော့ပျင်းမိသားဗျ “ဟေ့ကောင်မင်းနေအုံး..မင်းနဲ့စာရင်းရှင်းစရာရှိသေးတယ်” ကျုပ်ကလည်း အဖွားစောနန်းမွယ်အိမ်နဲ့ လူနှစ်ခေါ်အကွာလောက်ရောက်တော့လည်း ကျုပ်နဲ့အရင်တစ်ခါ ရန်ဖြစ်ခဲ့ကြတဲ့ လူတစ်စုကလည်း တုတ်ဓားတွေနဲ့လမ်းဘေးခြုံထဲကလည်းကျုပ်ကိုပြောရင်းနဲ့ထွက်လာကြတယ်လေ “အော်ဘယ်သူတွေလည်းလို့…မိတ်ဆွေကြိ်းတွေပဲ” ကျုပ်ကလည်းထိုသူတွေိကိုကြောက်စိတ်မရှိဘူးလေ ထိုသူများကလည်း ကျုပ်ကိုမကြေမချမ်းကြည့်နေကြတာပေါ့ “တိတ်စမ်း..ငါတို့ခုလာတာမင်းကိုအရင်တစ်ခါကိစ္စအတွက်စာရင်းရှင်းဖို့ပဲ..မိတ်ဆွေဖွဲ့ဖို့မဟုတ်ဘုး” “ဒါဆိုလည်းရှင်းစရာရှိတာရှင်းပေါ့ကွာ..ဒါနဲ့မင်းတို့က လက်နက်နဲ့၆ယောက်ငါကလက်နက်မဲ့တစ်ယောက်ဆိုတော့မင်းတို့အတွက်နစ်နာနေပါအုံးမယ်” “ဟာကွာတော်တော်လေရှည်တဲ့ကောင်…ဟကောင်တွေဒီကောင့်ကိုအသေခုတ်ပြစ်ကွာ” ကျုပ်ပြောလို်က်တော့လည်း မိုးကြိုးက စိတ်တိုမျက်နှာကြီးနီရဲပြီးတော့လည်း သူ့လူတွေကို ကျုပ်ကိုခုတ်ရန်ပြောတာပေါ့ မိုးကြိုးရဲ့လူများကလည်း ဓားတွေကိုကိုင်ရင်းကျုပ်ဆီကိုပြေးလာကြတယ် ကျုပ်ရဲ့ ခန္ဓာကိုယ်ကလည်းညောင်းညာတာတွေပြောက်ပြီး တက်ကြွနေတာပေါ့ မိုးကြိုးရဲ့လူများရဲ့ဓားကွက်တွေကိုလည်း ကြုိသိနေတာဗျ ကျုပ်ကလည်း ဓားချက်များကိုသွက်လက်စွာရှောင်တိမ်းရင်းနဲ့လည်း ပထမဆုံးလူရဲ့ဝမ်းဗိုက်ကိုလည်း အားပြင်းပြင်းလက်သီးတစ်လုံးပစ်ကျွေးလို်က်တာပေါ့ ထိုသူကလည်းနောက်ကိုလဲကျ ဗိုက်ကိုဖိရင်းနဲ့လည်း ပြန်မထနိုင်ဖြစ်နေတာပေါ့ “မင်းကဘယ်ဆိုးလို့လည်း….အရင်တစ်ခါသစ်သားနဲ့ရိုက်တာပြီးတယ်ဆိုပေမယ့်ဓားကိုတော့ပီးမယ်မထင်ဘူးနော်” မိုးကြိုးကလည်း ပြောရင်းနဲ့ ဓားကိုဝင့်ပြီး ကျုပ်ကိုပြေးခုတ်တာဗျ ကျုပ်ရှောင်လိုက်တော့လည်း ကျုပ်ဘေးက သစ်ပင်တွေကိုဓားချက်တွေကထိတာပေါ့ မိုးကြိုးရဲ့ဓားချက်မိရင်လည်း ကျုပ်ကတော့ဘယ်လိုဖြစ်မယ်မသိ ဘေးနားကအပင်တွေကတော့ အပိုင်းပိုင်းပြက်ကုန်တယ်လေ မိုးကြိုးဓားချက်တွေကိုရှောင်နေချိန် မိုးကြိုးလူများကလည်း ဝိုင်းတိုက်ကြတယ်လေ ကျုပ်ကလည်း ဓားချက်တွေကိုရှောင်ရင်းက မောလာတာပေါ့ တစ်ချက်တော့ကျုပ်ကရှောင်ရင်းနဲ့ မိုးကြိုးလူရဲ့ ဓားကိုလည်းလု မိုးကြိုးရဲ့ဓားချက်ကိုကာရင်းနဲ့လည်း ဓားတစ်ချက်ဝှေ့လိုက်တာပေါ့ “ဆရာ…..ဆရာ..ကိုမိုးကြိုး” ကျုပ်ရဲ့ဓားထိပ်မှာကလည်း သွေးစများပေနေပြီးတော့လည်း မိုးကြိုးကတော့နောက်ကိုလဲကျသွားတယ်လေ မိုးကြိုးလဲကျသွားတော့လည်းသူ့လူများက ကျုပ်ကိုမတိုက်တော့ပဲ မိုးကြိုးအနားဝိုင်းကြတာပေါ့ “ငါဘာမှမဖြစ်ဘူးအပေါ်ယံရှပ်ထိသွားတာ” မိုးကြိုးကလည်း ဗိုက်ကိုလက်နဲ့အုပ်ပြီးထလာတာပေါ့ “မင်းတို့ဒီလောက်ဆိုဘယ်သူကခြသေ့်ဘယ်သူကဘာလည်းဆိုတာသိလောက်ပါပြီ” “အေးဒီတစ်ခါတော့ရှိစေအုံးပေါ့ကွာနောက်တစ်ခါဆိုမင်းအသေပဲ” မိုးကြိုးကလည်း မကျေနပ်တဲ့ဟန်နဲ့ အပင်ငယ်လေးတွေကိုကန်ပြီးတော့လည်း ကျုပ်နဲ့ဆန့်ကျင်ဘက်ကိုထွက်သွားတာပေါ့ ကျုပ်ကလည်း အဖွားစောနန်းမွယ်ဆီကိုဆက်လာခဲ့တာပေါ့ “အဖွားဘာတွေလုပ်နေလည်းဗျ” ကျုပ်ကလည်းအိမ်ထဲဝင်လိုက်နော့ စဉ့်အိုးသေးသေးလေးထဲကိုငုံ့ကြည့်နေတဲ့ အဖွားစောနန်းမွယ်ကိုတွေ့တော့လည်းမေးလိုက်တာပေါ့ “အော်သာလှတောင်ရောက်လာပြီလား” “ဟမ်…အဖွားကကျုပ်နာမည်ကိုသိတယ်လား” “သိတာပေါ့သာလှရာ…..နင်တောင်ငါ့နာမည်ကိုသိတယ်မလား” ကျုပ်ကလည်းအံ့့သြရတာပေါ့ အဖွားစောနန်းမွယ်ကလည်း ကျုပ်နာမည်ကိုိသိရုံမက သူ့နာမည်ကို ကျုပ်သိတယ်ဆိုတာလည်းသိနေတာလေ “ဒါနဲ့အဖွားစော…မိုးကြိုးဆိုတဲ့သူအကြောင်းသိလား” “မိုးကြိုးလား…..သိတာပေါ့အရက်သမား…ကြက်သမားလေ..မကောင်းတာအကုန်လုပ်တယ်…ဒါနဲ့နင်ကဘာလို့သိချင်တာလည်း” “ဒီလိုပါပဲအဖွားစောရယ်ကျုပ်နဲ့အကြောင်းလေးတွေရှိလို့ပါ” “မဖုန်းကွယ်ချင်စမ်းပါနဲ့သာလှရယ်..နင်တို့တွေဒီလာတဲ့လမ်းမှာတောင်ရန်ဖြစ်လာကြသေးတယ်မလား” “ဗျာ….

” ကျုပ်ကလည်းအသံထွက်ရေရွတ်မိတာပေါ့ “အံ့သြ သွားတာလည်း သာလှရဲ့တကယ်တော့ငါလည်းအကြားအမြင်ရလို့မဟုတ်ပါဘူးဒီမှော်ရေပြင်ကိုကြည့်ပြောတာ” “ေမှာ်ရေပြင်ဟုတ်လား…ဘယ်တာကိုပြောတာလည်း” “ဒီမှာလေဒီစဉ့်အိုးထဲကရေကိုကြည့်လိုက်” “ဒါခုနကကျုပ်တို့ဖြစ်ခဲ့တဲ့ပွဲပဲဗျ…..ဘာလို့ဒီမှာလာပေါ်နေရတာလည်း” ကျုပ်ကလည်းစဉ့်အိုးလေးထဲကရေပြင်မှာပေါ်နေတဲ့ကျုပ်တို့ိကိုလည်းပြန်မြင်နေရတော့လည်းသိချင်စိတ်ကထိန်းမရမေးမိတာပေါ့ “အဲ့တာကိုတော့မှော်စဉ့်အိုးလို့ခေါ်တယ်သာလှရဲ့အထည်းကရေကလည်းမှော်ပုဝါနဲ့ခံထားတဲ့ရေတွေပဲ..ဒီစဉ့်အိုးလေးကိုအဖွားဧရာဝတီဘက်ရောက်တုန်းကလူတစ်ယောက်လက်ဆောင်ပေးလိုက်တာ…အဖွားတဲနဲ့ တော်တော်ဝေး​ဝေးမှာဖြစ်နေတဲ့ထူးထူးခြားခြားအရာတွေကလည်းဒီမှာလာပေါ်တယ်လေ…ဒါပေမယ့်ရွာအထိတော့စည်းကမရောက်ဘူး” “ဒါနဲ့ကျုပ်တို့ရန်ဖြစ်တာကထူးခြားလု့ိလားဗျဒီမှာလာပေါ်တယ်ဆိုတော့” “ပုံမှန်ဆိုရင်တော့ဘယ်ထုးခြားပါ့မလည်းမှော်ဆရာတစ်ယောက်ပါနေတော့လည်းထူးခြားလို့ပေါ်တာပေါ့” “အော်ဒါဆိုအဖွားစောကကျုပ်မှာမှော်ရှိတယ်ဆိုတာသိသွားပီပေါ့” “သိတာပေါ့သာလှရယ်အရင်တစ်ခါဟိုခလေးမကြောင့်ပြဿနာဖြစ်ကတည်းကသိနေတာ” “အော်…”

“အဖွားစောမှာဒီစဉ့်အိုးနဲ့မှော်ရေ​​​​ ပြင် နဲ့ရှိတာဒီရွာက ဘယ်သူမှမသိဘူးလားဗျ” “မသိပါဘူးသာလှရယ်…ငါကလည်းတခြားဟာတွေမှမရှိပါဘူးဒီမှော်ရေပြင်ပဲရှိတာ….ငါ့မှာဒီ​မှော်ရေပြင်ရှိတာသိကြရင်လည်းသူတု့ိသိချင်တာတွေလာမေးနေကြလိမ့်မယ်…အဲ့ဒီတော့သိသင့်တာတွေကောမသိသင့်တာတွေကောသိသွားကြရင်မလိုလားအပ်တာတွေဖြစ်လာနိုင်တယ်လေ” အခြေနေအရပ်ရပ်ကို တွက်ဆပြီးမှကိစ္စတစ်ခုကိုလုပ်တဲ့ အဖွားနန်းစောမွယ်ကိုလည်းလေးစားမိတာပေါ့ ကျုပ်လိုဆိုရင်တော့မှော်ရေပြင်ရှိတာတစ်ရွာလုံးသိကုန်မှာဗျ “ဒါနဲ့အဖွားစောကသားတွေသမီးတွေမြေး​တွေမြစ်တွေမရှိဘူးလား” ကျုပ်မေးလိုက်တော့လည်း အဖွားစောကတိတ်ဆိပ်သွားတယ်လေ သူ့ကြည့်ရတာကလည်းတစ်ခုခုကိုသတိရသလိုအထီးကျန်သလိုဖြစ်နေတာဗျ “အစကတော့ရှိတာပေါ့သာလှရယ်…သားတွေကလည်းမလိမ်မာကြဘူး…တနေကုန်အရက်သောက်…သွားချင်ရာသွားနေကြတာလေ ဒီတော့ငါလည်း….ရွာကနေထွက်ပြီးဒီရွာကိုရောက်လာတာ” “ဒါနဲ့ဖွားစောမှာကသားဘယ်နှစ်ယောက်ရှိတာလည်း…သူတို့တွေကကောဖွားစောထွက်လာတော့လိုက်မခေါ်ကြဘူးလား” “အဖွားစောမှာက..သားနှစ်​​ယောက်ရှိတယ်နှစ်ယောက်လုံးကလည်းလူစိုးညီကိုတွေပဲလေ….အဖွားစောထွက်လာတုန်းကသားငယ်ကတော့လိုက်ခေါ်သေးတယ်အဖွားစောကပြန်မလိုက်တာ…အဖွားဆီကိုလည်းလူမလာသတင်းမပါးနဲ့….ဘယ်လိုတွေရှိနေကြလည်းမသိပါဘူးသာလှရယ်” ကျုပ်ကလည်း အဖွားစောပြောတာကြားရတော့ စိတ်ထဲမကောင်းဘူးပေါ့ဗျာ သားနှစ်ယောက်ရှိပါရက်နဲ့ အေးအေးဆေးဆေးမနေရ ခုချိန်ထိလည်း သီးနှံလေးတွေစိုက်ပြီးအဖွားစောကလည်းနေရတယ်လေ သားနှစ်ယောက်လိမ်မာရင်ဖွားစောဘယ်လောက်ပျော်နေလိမ့်မလည်းကျုပ်ကလည်းတွေးနေမိတာပေါ့ “ဒါနဲ့သာလှနင်ကကော…ညီကိုမောင်နှမရှိသေးလားဒါမှမဟုတ်တစ်ယောက်ထည်းလား” “မရှိပါဘူးဖွားစောရယ်တစ်ယောက်ထဲပါ….ညီကိုမောင်နှမရယ်လု့ိမရှိတော့တစ်ခါတလေအထီးကျန်သလိုခံစားရတယ်ဗျာ” “အေးလေ…..ညီကိုမောင်နှမလေးရှိတော့တော်သေးတာပေါ့” အဖွားစောကလည်းပြောပြီးတော့ ရေနွေးပူပူကိုလည်းမှုတ်သောက်နေတာပေါ့ ကျုပ်ကလည်းခြံအပြင်ဖက်ကိုကြည့်လိုက်တော့ နွယ်များတက်နေတဲ့သရက်ပင်ကြီးကိုလည်းတွေ့တော့ မေးစရာတစ်ခုခေါင်းထဲဝင်လာတာပေါ့ “ဖွားစောလူကြီးတွေပြောပြောနေကြတဲ့….အာသာဝတီနွယ်နီနတ်ပန်းဆိုတဲ့ပန်းအကြောင်းလေးပြောပြပါလား” ကျုပ်မေးလိုက်တော့ လည်းဖွားစောက ကျုပ်ကိုတစ်ချက်ကြည့်တစ်ခုခုကိုစဉ်းစားရင်းနဲ့လည်း “အာသာဝတီနွယ်နီနတ်ပန်းနဲ့ပက်သက်လု့ိအဖွားသိတာတွေတော့ရှိတယ်…အဖွားလည်းငယ်ငယ်ကလူကြီးတွေပြောတာကိုမှတ်ထားတာ” “ဒါဆိုလည်းဖွားစောကတစ်ဆင့်ကျုပ်ကိုပြန်ပြောပြပေါ့ဗျာ” “အေးလေပြောရမယ်ဆိုရင်တော့….အာသာဝတီနွယ်နီနတ်ပန်းဆိုတာကလည်းနတ်ပြည်မှာပဲရှိတဲ့ပန်းကွဲ့….နှစ်ပေါင်းတစ်ထောင်ကြာမှတစ်ခါပဲပွင့်တဲ့ပန်း…ပန်းပုံကတော့..ကြာပန်းနဲ့လည်းတူတယ်..အဖြူရောင်နဲ့အနီဖျော့နဲ့..စပ်ထားတဲ့အရောင်….အဖွားကြားဖူးတာကတော့….အာသာဝတီနွယ်နီနတ်ပန်းကိုလည်း ကုမ္ဘာဏ္နှစ်ကောင်စောင့်တယ်လို့ဆိုကြတယ်ကွဲ့” “ဒါဆို….အာသာဝတီနွယ်နီနတ်ပန်းကတော်တော်ရှားတာပေါ့” “အေး​လေရှားဆို…နတ်ပြည်မှာတောင်နှစ်တစ်ထောင်မှတစ်ခါပဲပွင့်တာကိုး” “ဒါဆိုရင်….အာသာဝတီနွယ်နီနတ်ပန်းကိုမြင်ဖူးတဲ့သူမရှိလောက်ဘူးနော်” “သာလှရယ်….မြင်ဖူးသူရှိလို့အရောင်တွေကအစ..ပြောပြတာပေါ့” “မြင်ဖူးတဲ့သူရှိတယ်လားဗျ” “ရှိတာပေါ့အဖွားအသက် ၁၅လောက်တုန်းကရွာမှာဖြစ်ပျက်ခဲ့တဲ့ထူးဆန်းတဲ့အကြောင်းပြောပြမယ်” “ကြိုက်တာပေါ့ဖွားစောရယ်…ကျုပ်ကလည်းထူးဆန်းတာမှနားထောင်ချင်တာ” “အေးလေဒါဆိုလည်းလွန်ခဲ့တဲ့နှစ်ပေါင်း၅၀ ကျော်ကိုပြန်သွားကြတာပေါ့သာလှရယ်”
အဖွားစောကလည်း ရေနွေကြမ်းကိုနောက်ဆုံးတစ်​ကြိုက်မော့လိုက်ပြိ်းတော့လည်း အဖြစ်ပြက်ကိုစပြောတာပေါ့ဗျာ

အချိန်များကလည်း လွန်ခဲ့တဲ့နှစ်၅၀ ကျော်ကိုရောက်ရှိခဲ့ပီ မြှားကိုင်းများကိုဘယ်လက်ကကိုင်ပြီးတော့လည်း မြှားကျည်တောက်များ ကျောမှာလွယ်ထားတဲ့ မုဆိုးများကလည်း ခြုံနွယ်များကိုဖယ်ရင်း တောထဲတိုးဝင်နေကြတာပေါ့
“ဒီနေ့မှကွာသားကောင်ကလည်းရှားလိုက်တာခုအချိန်ထိမြှားကျည်တောက်ထဲကမြှားတံမပြောနဲ့မြှားကိုင်းထဲကမြှားတံတောင်မပြစ်ရသေးဘူး” “အေးလေကွာငါလည်းဘာထူးလည်းမြှားကိုင်ရတာလက်တောင်ညောင်းလာသလိုပဲ” မုဆိုးသုံးယောက်ထဲကနှစ်ယောက်ကလည်း ညည်းငြူပြောဆိုနေကြခြင်းလည်းဖြစ်ပါတယ် ကျန်မုဆိုးတစ်ယောက်ကလည်း သက်ပြင်းတစ်ချက်ချရင်းနဲ့ “ခုလိုညည်းနေလို့တော့ဘာမှရမှာမဟုတ်ဘူးကွ..ဒီတိုင်းဆိုညနေအိမ်ရောက်တောင်သားကောင်ပါမှာမဟုတ်ဘူး…ဒီတော့ ဆေးတော်ကြီးတောင်ကိုသွားပြီးအမဲပစ်ကြတာပေါ့” “ဟေဆေးတော်ကြီးတောင်ဟုတ်လား…အဲ့နေရာကဘယ်သူ့မှမသွားဖု့ိတာမြစ်ထားတဲ့နေရာလေ” “ဟုတ်တယ်ကိုစံရဲ့ကျုပ်လည်းကြောက်တယ်” “ဟာကွာမင်းတို့နှစ်ယောက် ကလည်းငါ့ညီလုပ်နေပြီးကြောက်တတ်လိုက်တာ…အဲ့နေရာကလူတွေမသွားကြတော့သားကောင်ကအတော်ပေါနေမှာကွမင်းတို့စိတ်မပူနဲ့မင်းတို့အကိုငါတစ်ယောက်လုံးပါတယ်” “ဖြစ်ပါ့မလားကိုစံရယ်တစ်ခုခုလွဲချော်ရင်ဒုက္ခနော်” “ဘာပဲဖြစ်ဖြစ်ငါအာမခံတယ်…စိတ်အေးအေးသာလို်က်ခဲ့” “အေးဗျာ..ကိုစံအာမခံလို့သာလိုက်ရတာကျုပ်ကတော့ကြောက်တယ်” “လာပါကွာ..

ငါကမင်းတို့ရဲ့အကိုအရင်းပါမင်းတို့ကိုမဟုတ်တာလုပ်ပါ့မလား” အကုိစံဆိုသူရဲ့ စွဲဆောင်ကောင်းမူကြောင့်လည်း ညီဖြစ်သူနှစ်ယောက်က လိုက်ခဲ့တာပေါ့ တစ်နာရီခွဲလောက်လမ်းလျှောက်လာပြီးတော့လည်း ဘယ်သူမှမလာကြတဲ့ ဆေးတော်ကြီးတောင်ခြေကိုလည်းရောက်လာခဲ့တယ် ၁၅မိနစ်ခန့် ပတ်ဝန်းကျင်မှာလှည့်နေရင်းကလည်း သမင်အုပ်တစ်အုပ်ကိုတွေ့တာနဲ့ သုံးယောက်သားပြစ်ခတ်လိုက်တော့ သမင်အုပ်ကများတာကြောင့် တစ်ယောက်တစ်ကောင်ရကြတယ်လေ “ကဲ ငပုနဲ့ ညွန့်ဝေငါ့ညီတို့….ငါတို့ခုတိုသမင်သုံးကောင်ရပြီဘာဖြစ်လို့လည်း…ဘာမှမဖြစ်ဘူးမလား..ဘေးစကားတွေကိုခေါင်းထဲထည့်မနေစမ်းပါနဲ့” “ဟုတ်သားပဲအကိုစံရာအစကတော့ကြောက်နေတာဗျ ခုတော့လည်းဘာမှကြောက်စရာမရှိဘူးနော်” မုဆိုးညီကိုသုံးယောက်ကလည်း ရလာတဲ့သမင်းအသားများကိုဖြတ်ပြီးတော့လည်း အင်ဖက်များနဲ့ထုပ် ကျောပိုးအိတ်များထဲကိုလည်းထည့်ကြတာပေါ့ “ညွန့်ဝေ..ငပု..ဟိုတောင်ထိပ်နားကမီးခိုးတွေထွက်နေပါလား ငါတို့လိုမုဆိုးတွေထင်တယ်ရွာနီးချောင်းစပ်ကဆိုရင်အတူပြန်​ကြဖို့သွားကြရအောက်” ညီကိုသုံးယောက်ကလည်း မီးခိုးထွက်ရာ တောင်ထိပ်ပေါ်ကိုလည်းတက်ခဲ့ကြတာပေါ့ တောင်ထိပ်ရောက်တော့လည်း ကျောက်ဖျာအစွန်းတစ်ခုပေါ်ကို ညီကိုသုံး​ယောက်ထို်င်ပီးအမောဖြေနေကြတာပေါ့ “အကိုစံမီးခိုးလာတာက ကျုပ်တို့အောက်ချိုင့်ထဲကဗျ..ဘယ်လိုလည်းချိုင့်ထဲဆင်းကြမှာလား” ငပုမေးလိုက်တော့လည်း မောင်စံကတော့စဉ်းစားရင်းနဲ့ “နေအုံးကွ..မုဆိုးတော်တော်များများကချိုင့်ထဲသိပ်ဆင်းလေ့မရှိဘူး..အန္တာရာယ်နဲ့ရုတ်ရက်ရင်ဆိုင်ရရင် သွက်သွက်လက်လက်လှုပ်ရှားလို့မရလို့ကွ…ဒီတော့ဒီအောက်ကိုအကဲခတ်ပြီးမှဆင်းရမယ်…နေအုံးငါအရင်ကြည့်လိုက်မယ်” မောင်စံကလည်း ပြောပြီးတော့ ကျောက်ဖျာအစွန်းဘက်ကိုသွားပြီးတော့လည်း အောက်ကိုငုံ့ကြည့်လိုက်တယ် “ငပုနဲ့ညွန့်ဝေလာကြစမ်းဒီကို” ေမာင်စံရဲ့အံ့သြ စွာခေါ်သံကြောင့်လည်း ငပုနဲ့ညွှန့်ဝေက မောင်စံအနားရောက်လာတာပေါ့ “အကုိစံဘာဖြစ်လို့လည်းဗျ” “ဟိုမှာကြည့်လိုက်ကွ….ဘာတွေလည်းမသိဘူး” မောင်စံပြရာကိုကြည့်လိုက်တော့လည်း “ဟာလှလိုက်တဲ့မိန်းကလေးတွေိဗျာသူတို့ကဒီမှာဘာလုပ်နေကြတာလည်းမသိဘူး” “နှာထမနေနဲ့ကွဒီလိုနေရာမှာဘယ်မိန်းကလေး မှမရှိနိုင်ဘူးငါ့အထင်ဒါတွေက ကျတ်တွေလားမသိဘူး” “အကိုစံဒီလိုဆို ကျုပ်တို့ပြန်ရအောင်ဗျာ…” “ဟာကွာဘာမှန်းတောင်သေချာမသိသေးဘူးပြန်စရာလားကွသေချာကြည့်ပါအုံး” အခြေနေဘာမှန်းမသိတာကြောင့်လည်း မောင်စံတု့ိသုံးယောက်ကတော့ ဆက်ကြည့်နေကြတယ်လေ “ဟာဘယ်လိုဖြစ်သွားတာလည်း” ရုတ်တရက်လည်းကောင်းကင်ကနေ အဖြူရောက်တိမ်ကြိုးတစ်ခုကြလာပြီးတော့လည်း မိန်းကလေးများနဲ့ရှိနေတဲ့ထိုနေရာကပန်းဉယျဉ်ကြီးဖြစ်သွားတော့လည်း အားလုံးကအံ့အားသင့်ကုန်ကြတယ်လေ

မိန်းကလေးများကလည်း ဉယျဉ်ကြီးထဲမှာလွပ်လပ်စွာဆော့ကစားနေကြတယ် ဉယျဉ်ကြီးထဲမှာကလည်း ပန်းတွေက​ရောက်စုံရှိပြီးတော့လည်း ရေတွေက ကြည်လင်နေတယ်လေ သိပ်မကြာခင်မှာပဲ ကြာပန်းပုံနဲ့ ဖြူနီစပ် ပန်းတွေကလည်း ပွင့်လာကြတယ်လေ ထိုပန်းများပွင့်တော့လည်း တခြားကျန်တဲ့ပန်းတွေကအရောင်တွေမှိန်ကုန်ကြတယ် ဖြူနီစပ် အရောင်ရှိတဲ့ ပန်းလေးကလည်း အရောင်အသွေးကြည်လင်လှပြီးတော့လည်း မောင်စံနဲ့ညီကိုနှစ်ယောက်စလုံးကပါ ငေးမောကြည့်နေမိတာပေါ့ သူတို့ဘဝမှာလည်းဒီလောက်လှတဲ့ပန်းကိုမမြင်ဖူးကြဘူးလေ ထိုပန်းလှလှဘေးများပွင့်လာတော့လည်း မိန်းကလေးများက ခူးယူပန်ဆင်ကြတာပေါ့ တစ်နာရီနီးပါး ပျော်ပါးဆော့ကစားပြီးကြတော့လည်း လဲမွှေးလေးတွေလိုလေပေါ်မှာပျံဝဲပြောက်ကွယ်သွားကြတယ် ဉယျာဉ်ကြီးကလည်း ချိုင့်ဝှမ်းကြီးပြန်ဖြစ်သွားတာပေါ့ ညီကိုသုံးယောက်ကလည်း ထူးဆန်းတဲ့အရာတွေကိုမျက်မြင်တွေ့လိုက်တော့လည်း အထူးဆန်းကြီးထူးဆန်းနေကြတယ် ညီကိုသုံး​ယောက်လည်းထိုနေရာကနေပြန်လာခဲ့ပီးတော့လည်း ရွာရောက်တော့ သူတို့မြင်ခဲ့ရတာတွေပြောပြတော့ ဘယ်သူမှမယုံကြဘူးလေ တနေ့တော့ မောင်စံတို့ညီကိုသုံး​ယောက်ဘုန်းတော်ကြီးကျောင်းကိုရောက်တော့ ဆရာတော်ဘုရားကိုမေးကြည့်တော့လည်း ဆရာတော်ဘုရားရဲ့ပြောပြချက်အရ မောင်စံတို့က ကံကောင်းတဲ့သူတွေဖြစ်ပြီးတော့ အာသာဝတီနွယ်နီနတ်ပန်းဆိုတဲ့ နှစ်တစ်ထောင်ကြာမှတစ်ကြိမ်ပဲ ပွင့်တဲ့ပန်းနဲ့ နတ်သမိီးတွေကိုလည်းမြင်ခဲ့တယ်လို့အမိန့်ရှိတယ်လေ နောက်တစ်ပတ်လောက်ကြာတော့လည်း မောင်စံတို့ထိုနေရာကိုပြန်သွားကြည့်တော့လည်း နတ်သမိးများနှင့် အာသာဝတီနတ်ပန်းကိုမမြင်ရ သရဲတစ္ဆေများနေ့လည်ခင်းမှာတောင်ခြောက်လှန့်လိုက်တာကြောင့် ခွေးပြေးဝက်ပြေးပြေးခဲ့ရသေးတယ် အဲ့ဒီကတည်းကလည်း မောင်စံတို့ဆေးတော်ကြီးတောင်ကိုမသွားကြတော့တာသေတဲအထိပဲဆိုပါတော့

အဖွားစောစကားဆုံးတဲ့အထိလည်း ကျုပ်ကအသက်ရှုဖို့တောင်မေ့နေသလို စိတ်ဝင်စားနားထောင်နေမိတာပေါ့
“ငါလည်းနောက်မို့ဆိုမသိပါဘူး…အဲ့ဒီမောင်စံတု့ိညီကိုသုံးယောက်ကငါ့ရဲ့အကိုဝမ်းကွဲတွေမိုလို့ငါ့ကိုပြန်ပြောပြလို့သိရတာ” “အော်…ဒါဆိုအဖွားစောကမေးမကြည့်ဘူးလား” “ငါကဘာကိုမေးရမှာလည်းသာလှရဲ့” “ဟိုလေဗျာ….နတ်သမိးတွေမြင်ရတယ်ဆိုတော့ချောရဲ့လားလို့မေးမကြည့်ဘူးလား” “မေးတာပေါ့ဟယ်…ငါလည်းခလေးအရွယ်ဆိုတော့သိချင်တာအကုန်မေးလိုက်တာပဲ..အကုိပုပြောတာကတော့တော်တော်လေးကိုလှကြတာတဲ့…အသားအရည်လေးတွေဆိုတာဖြူဖွေးနေတာပဲတဲ့” “ကျုပ်လည်းတစ်ခါလောက်တော့….နွယ်နီနတ်ပန်းကော…နတ်သမီးတွေကောမြင်ဖူးချင်ပါရဲ့” “အမလေးသာလှရယ်ဖြစ်မှဖြစ်ရလေ…လွယ်မှအလွယ်တာ..အကိုစံတို့အကိုပုတို့တောင်ကံတအားကောင်းလို့မြင်ခဲ့ရတာ” “ဒါနဲ့ဖွားစော….ကျုပ်လည်းပြန်လိုက်အုံးမယ်ဗျအိမ်ကထွက်လာတာလည်းကြာပြီ” “အော်အေးအေးသာလှအိမ်အတွက်စားချင်ရင်ဖရုံသီးတစ်လုံးခူးသွားပါလား” “ရပါတယ်ဖွားစောရယ်…ပြန်လိုက်အုံးမယ်ဗျို့” ကျုပ်ကလည်း ဖွားစောကိုနှုတ်ဆက် အိမ်ကိုလည်းပြန်လာခဲ့တာပေါ့ ဘာလိုလိုနဲ့လည်း ရက်သတ္တပတ်ကြာခဲ့ပီဗျ “သာလှရေမင်းညီနှစ်ယောက်နဲ့ မောင်းခယ်မ ကို စပါးမျိုးစျေးတွေသွားမေးပေးစမ်းပါကွာ” ဉီးလေးပု ကလည်းရေနွေးကြမ်းသောက်နေတဲ့ကျုပ်ကိုလှမ်းပြောတာဗျ “ဟုတ်ကဲ့ဉီးလေးငွေပု…ကျုပ်သွားပေးပါ့မယ်…ဒါနဲ့စိုင်းလောင်နဲ့စိုင်းလော့ဖန်ကကောဘယ်သွားလည်းဗျ” “မင်းညီနှစ်ယောက်အိမ်ထဲမှာရှိတယ်ကွမင်းနဲ့အတူထည့်ပေးလိုက်မလို့အိမ်မှာကပ်ခိုင်းထားတာ” “အော်ဒါဆိုလည်း…ကျုပ်တို့ခုသွားလိုက်မယ်လေ…ကျုပ်ကရွာမသိလို့စိုင်းလောင်တို့ကိုပဲအားကိုးရမှာ” “စွတ်အားကိုးမနေနဲ့ကွ….တော်ကြာမောင်းခယ်မ မရောက်ပဲ….တည်ပင်ရွာရောက်​​နေအုံးမယ်အဲ့ကောင်တွေကဟိုဆိုဒီရောက်နဲ့ကွ” ဉီးလေးပုပြောလိုက်တော့လည်းကျုပ်တို့ကရိိမိကြတာပေါ့ ကျုပ် စိုင်းလောင်နဲ့စိုင်းလော့ဖန် ကတော့မောင်းခယ်မ ကိုလည်းထွက်ခဲ့တယ် မောင်းခယ်မကလည်း ခု ရွာနဲ့ကနည်းနည်းလှမ်းတယ်ဗျ လမ်းတွေကလည်းမကောင်းသလို ရွာကြားလမ်းရှည်ကြီးတွေကလည်း ခြုံတွေပိတ်ပေါင်းထူထပ်နေတယ်လေ မိန်းကလေးတစ်ယောက်ထဲဆို မောင်းခယ်မနဲ့ကြားရွာကြားလမ်းရှည်ကိုသွားဖို့မသင့်ဘူးဗျ “အနှောက်အယှက်ကောင်ရပ်လိုက်စမ်း” ရုတ်တရက်လည်း ခြုံကွယ်နောက်ကလူတစ်ဖွဲ့ထွက်လာကြတယ် တခြားဘယ်သူရှိပါ့မလည်း မိုးကြိုးတို့အဖွဲ့ပေါ့ ဒါပေမယ့်ဒီတစ်ခါ အဖွဲ့ဝင်အသစ်တိုးလာတယ်ဗျ လည်ပင်းမှာအရိုးပုတီး အိမ်ကျီအပြဲ ဆံပင်ဘုတ်သိုက်နဲ့ တောင်ဝှေးတစ်ချောင်းနဲ့လူတစ်​ယောက်ပေါ့ သူ့ပုံကြည့်တာနဲ့ အောက်ပညာသည်ဆိုတာလည်းသိသာတာပေါ့ “မိုးကြိုးမင်းဟာကများပြီနော်နိုင်တာလည်းမဟုတ်ဘူးဘာလို့ငါ့ကိုတိုက်ခိုက်ချင်နေရတာလည်း” “မင်းကတော့လုပ်ခဲ့တဲ့ကောင်ဆိုတော့မေ့ပစ်နို်င်တာပေါ့ငါကတော့လူတင်နာတာမဟုတ်ဘူးအရှက်ပါကွဲသွားလို့မင်းကိုမသတ်ရရင်မကျေဘူး” “အေးလေဒါနဲ့ဒီတစ်ယောက်ကဘယ်သူလည်း” “မင်းကိုနိုင်မယ့်အဓိကခေါင်ပေါ့ကွာ…မင်းကအောက်လမ်းပညာနဲ့တုတ်ပီးဓားပြီးလုပ်ထားတယ်ဆိုတာငါသိတယ်ဒီတော့အောက်လမ်းမှန်သမျှနိုင်တဲ့အောက်ပညာဆရာကြီးကိုငါခေါ်လာတာ…ဒီတစ်ခါမင်းဘာမှမပီးတော့ဘူး”

“မင်းအတွေးနဲ့မင်းကတော့ဟုတ်နေတာပဲမိုးကြိုးရာ…စကားတွေများမနေနဲ့လုပ်စရာရှိတာလုပ်….ဒါနဲ့စိုင်းလောင်နဲ့စိုင်းလော့ဖန်မင်းတို့မောင်းခယ်မကိုသွားနှင့်ငါနောက်ကလိုက်ခဲ့မယ်” “ဖြစ်ပါ့မလားအကိုသာလှဒီလူတွေကများတယ်နော်” “ရပါတယ်ကွာမင်းတို့သာစိတ်အေးအေးသွား” “ဒါဆိုဒီကောင်တွေကိုဗျင်းပြီးလိုက်ခဲ့နော်အကိုသာလှ” စိုင်းလောင်နဲ့စိုင်းလော့ဖန် ကလည်း ကျုပ်ကိုသမင်လည်ပြန် ကြည့်ရင်းကြည့်ရင်းနဲ့လည်း မောင်းခယ်မဘက်ကိုထွက်သွားတာပေါ့ “ကဲစလိုက်ကြပြီပေါ့ကွာ” မိုးကြိုးကလည်း သွေးသုတ်ထားတဲ့ဓားနဲ့လည်း ကျုပ်ကိုဝင်ခုတ်တာဗျ ကျုပ်ကလည်း ပုံမှန်ရှောင်တိမ်းတာပေါ့ တကယ်တော့မိုးကြိုးတို့လူခေါ်လာတာအပိုပဲလေကျုပ်ကလည်းအောက်လမ်းမှမဟုတ်တာ ဒီတော့လည်း ကျုပ်ကဘာဖြစ်မှာလည်း မိုးကြိုးရဲ့ဓားချက်ကလည်းနောက်တစ်ခါ ဝင်လာပြန်တယ်လေ ဒီတစ်ခါကျုပ်ကလည်း ဘေးကိုရွေ့ရှောင်လိုက်တုန်း နောက်တစ်ယောက်ရဲ့ ဓားသွားကြောင့်လည်း ကျုပ်လက်မောင်းက ဓားချက်မိသွားတ​ာပေါ့ “ဘယ်လိုလဲတုတ်ပီးဓားပီးဆရာကြီးရဲ့ခုတော့ပီးနိုင်သေးလား” ကျုပ်လက်ဓားထိသွားတော့လည်းမိုးကြိုးက သူတို့ခေါ်လာတာမှန်တယ်ဆိုပြီးကျုပ်ကို မထိတထိပြောနေတာပေါ့ နောက်တစ်ကြိမ်မိုးကြိုးရဲ့ဓားချက်ကိုရှောင် လက်ကောက်ဝတ်ကိုလည်းရိုက်ချလိုက်တယ် မိုးကြိုးရဲ့လူတစ်ယောက်ဓားချက်ကလည်း ဒုတိယအကြိမ် ကျုပ်ကျုပ်ပေါင်ကိုလည်း ရှပ်ထိသွားတာပေါ့ ကျုပ်ကလည်း ခန္ဓာကိုယ်ရဲ့နာကျင်မှုကြောင့် စိတ်တွေကလည်း ကြမ်းတမ်းလာခဲ့တယ် ခုတော့ကျုပ်စိတ်များထိန်းချုပ်၍မရတော့ဘူးလေ မြေပေါ်ကျနေတဲ့ဓားကိုယူလိုက်ပြီးတော့လည်း လာသမျှဓားချက်တွေကို အလူးအလဲကာနေရင်းက ကျုပ်နောက်ကလည်း ခြေသံအကျယ်ကြိိးတစ်ခုကိုလည်းကြားရတာပေါ့ “ဟာ…ဟာ…..ဘာကောင်ကြီးလည်းဘီလူးကြိ်းလား” မိုးကြိုးတို့အဖွဲ့ကလည်း ကျုပ်ကိုမတိုက်တော့ပဲ ကျုပ်နောက်ကအရာကိုလည်းအကြည့်ရောက်သွားကြတယ် ကျုပ်ကလည်း နောက်ကိုကြည့်လိုက်တော့ ညာလက်မှာ ဆူးတင်းပုတ် ဘယ်လက်မှာ ပုစိန်ကိုင်ထားတဲ့ ဘီလူးကြိီးကလည်း မိုးကြိုးတို့ကို ဒေါသတကြီးနဲ့ကြည့်နေခဲ့တယ် ရုတ်တရက်ကောင်းကင်ကလည်း မဲမှောင်လာ ဒေါသထွက်နေတဲ့ကျုပ်စိတ်တွေကလည်း ဘီလူးကြီးမြင်တော့ဘာရယ်မသိ ပို၍စိုးခဲ့တာပေါ့ ပတ်ဝန်းကျင် အမှောင်ကျသွားသည်ကလည်း ညအခါကဲ့သို့ပင် မှောင်မဲလာခဲ့တယ် မိုးကြိုးနဲ့သူ့လူများကိုလည်း ခပ်ရိပ်ရိပ်သာမြင်ရတယ်လေ ဘီလူးကြီးကလည်း ကျုပ်ကိုကျော်တက် မိုးကြိုးတို့ခေါ်လာတဲ့ ဆရာကြီးကိုလည်းခြေနဲ့စောင့်နင်းချလိုက်တော့ အောက်ဆရာကြီးကလည်း အရိုးတွေကြေ မြေမှာလည်း စုပုံသွားတာပေါ့ ကျုပ်ကလည်း မြေပေါ်ကိုဓားနဲ့ထောက်ပြီးအနားယူနေမိတယ် ဘီလူးကြီးကလည်း ဆရာကြီးကိုသတ် လျှင်မြန်တဲ့ အရှိန်နဲ့လည်း မိုးကြိုးရဲ့လူများကို ဖမ်းဆုပ် ပါးစပ်ထဲပစ်သွင်းနေခဲ့တယ် နောက်ဆုံးကျန်သူကတော့ မိုးကြိုးပေါ့ မိုးကြိုးကလည်းကျုပ်ဆီကိုကြောက်လန့်တကြားပြေးလာရင်းကျုပ်ရှေ့ရောက်တော့လည်း မြေပေါ်မှာဒူးထောက်ထိုင်ချပြီးတော့လည်း “ငါ​တောင်းပန်ပါတယ်ကွာ….ငါတောင်းပန်ပါတယ်….ငါ့ကိုမသတ်ပါနဲ့ကွာ…..ငါဉီးချပြီးတောင်းပန်ပါတယ်…..အား.” မိုးကြိုးကလည်း စကားပင်ဆုံးအောင်မပြောရ ဘီလူးကြီးကလည်း ခေါင်းကနေဆွဲ အစာအဖြစ်နဲ့လည်း ပါးစပ်ထဲကိုထိုးသွင်းသွားခဲ့တယ် ကျုပ်ကလည်း ဒိိအဖြစ်တွေကိုကြောက်လန့်မူမရှိ ပုံမှန်မြင်ကွင်းလိုကြည့်နေမိတယ် အားလုံးကုန်သွားတော့လည်း ဘီလူးကြီးကကျုပ်ရှေ့မှာထူးထောက်လိုက်တယ် “အရှင်….အရှင့်ကိုထိခိုက်နာကျင်အောင်လုပ်တဲ့သူများကို ကျုပ်ချေမှုန်းပြီးပါပြီ” “ခဗျားကဘယ်ကဘီလူးလဲ…ကျုပ်ကိုဘာလို့ကာကွယ်ပေးတာလည်း” “ကျုပ်ကအရှင့်ရဲ့ဒေါသစိတ်ဘက်က ယမ်းဘီလူးငစူးပါ..အရင်ဘဝထဲကအရှင့်ဆီမှာအမူထမ်းခဲ့တဲ့သူပါ…အရှင်ဒေါသထွက်သည့်အချိန်မျိုးမှာ ကျုပ်ကိုဆင့်ခေါ်နိုင်ပါတယ်..” “ဒါဆိုမင်းကငါ့ကိုယ်ထဲမှာအမြဲရှိနေတာပေါ့” “ဟုတ်ပါတယ်..အရှင့်ကိုကာကွယ်ဖို့ကကျုပ်တာဝန်ပါ” “ဒါဆိုလည်းမင်းသွားလိုတဲ့နေရာသွားလို့ရပြီ…ကျုပ်ဆင့်ခေါ်မှသာလာပါ” “ကောင်းပါပြိအရှင်” ဘီလူးကြီးကလည်း ကျုပ်ကိုအရိုအသေပြု မျက်စိရှေ့မှာတင်ပြောက်ကွယ်သွားခဲ့တယ် ထိုတော့မှ ကောင်းကင်ကလည်းပြန်လည်ကြည်လင်လာခဲ့တယ် ကျုပ်ကလည်း အနားယူနေရာကထ နိးစပ်ရာရေအိုင်မှာလည်း ခြေလက်ဆေးပြီး ဘာမှမဖြစ်ခဲ့သည့်ပုံစံနဲ့ မောင်းခယ်မရွာဘက် ကိုလည်းထွက်ခဲ့တာပေါ့