ဘိုးသူတော်

တုန်း ကိုပြူးရောက်လာပြီး

“ဟ မြင့်ဆောင် ဦးဘိုးခင်က ပျိုးစည်းနှီးမဝယ်ပဲ မင်းကိုထိုးခိုင်းတာလားကွ”

“မဟုတ်ပါဘူးကွာ သူကဝယ်ဖို့ပြောပါတယ် ငါလည်းအားနေတာနဲ့ ရသလောက်ထိုးနေတာပါ ဒါနဲ့ မင်းဒီနေ့ ဘယ်မှမသွားဘူးလားကွ”

“အေးကွာ ဒီနေ့ ငါဘယ်မှမသွားဘူး အဲ့ဒါ အားနေတာနဲ့ မင်းဆီထွက်လာတာ”

“ဟုတ်လား ဒါဆိုအတော်ပဲကွာ ဒီညမင်းနဲ့ငါ ထိန်ပင်ရွာကို သွားရအောင်”

“ဘာလုပ်ဖို့တုန်းကွ”

“ဒီလိုကွ ထိမ်ပင်ရွာမှာ ညဘက်ကြီးကြေးစည်တီးပြီး ရွာထဲလျှောက်သွားနေတဲ့အသံ ကြားရလိုတဲ့ကွ အဲ့ဒါ ဦးစိန်တင် လာပြောတာနဲ့ ငါလည်းအခုညလာခဲ့မယ်လို့ပြောလိုက်တယ်”

“အေးကွာ ဒါဆိုလဲသွားကြည့်တာပေါ့ ဒါနဲ့ ဘယ်အချိန်လောက်သွားကြမတုန်း”

“အင်း ကြေးစည်သံက ညဆယ့်တစ်နာရီလောက်စကြားရတာဆိုတော့ အဲ့ဒီအချိန်လောက်ရောက်အောင် သွားကြတာပေါ့ကွာ”

“‌ဒါဆို ဒီကနေ ညကိုးနာရီလောက် သွားကြတာပေါ့ အဲ့ဒါဆို ဟိုကို မင်းပြောတဲ့ ဆယ့်တစ်နာရီလောက်ရောက်မှာပဲ”

“အေး အဲ့ဒါဆိုလဲ မင်းပြောတဲ့အချိန်သွားကြတာ‌ေပါ့ကွာ ကဲ ရေနွေးကြမ်းသောက်ဦးကွာ ငါလည်းနှီးဆက်ထိုးလိုက်ဦးမယ်”

ကိုပြူးလည်း ဓါးတစ်ချောင်းယူပြီးရေနွေးကြမ်းသောက်ရင်း ကိုမြင့်ဆောင်ကို ပျိုးစည်းနှီးထိုးကူကာ တစ်ခြားအကြောင်းအရာများကိုပြောဆိုနေကြရင်း နေ့လည်းဆယ်တစ်နာရီလောက်‌ေရာက်တော့

“ကဲ မြင့်ဆောင် ငါပြန်ဦးမယ်ကွာ ညကြမှတစ်ခေါက်ပြန်လာခဲ့မယ်”

“အေးကွာ ဒါဆိုလည်း ငါစောင့်နေမယ်‌ေနာ့် မင်းညကြရင်တော့ လာဖြစ်‌အောင်လာခဲ့”

“စိတ်ချပါကွာ ငါလာခဲ့ပါမယ် မင်းသားတစ်ယောက်တည်းမသွားနှင့်နဲ့ဦး”

“မသွားပါဘူးကွာ မင်းရောက်လာမှသွားမှာပါ”

“ကဲ ဒါဆိုလဲ ငါသွားပြီဟေ့”

ကိုပြူး ထိုသို့နှုတ်ဆက်ပြီး အိမ်သို့ပြန်သွားတော့သည် ထိုအခါ ကိုမြင့်ဆောင်လည်း လုပ်လက်စအလုပ်များကို လက်စသပ်ကာ ခဏနေတော့ ဘုန်းကြီးကျောင်းဆွမ်းသွားပို့သည့် ဦးဘိုးခင်တို့ပြန်ရောက်လာ၍ ဦးစိန်တင် နှုတ်ဆက်သွားသည့်အကြောင်းကို ပြောပြလိုက်ပြီး နေ့လည်စာ ထမင်းစားချိန်ရောက်နေပြီဖြစ်၍ ဦးဘိုးခင်တို့နဲ့အတူ နေ့လည်စာ စားလိုက်ကြသည်။

ထို့နောက် ကိုမြင့်ဆောင် နွားတင်းကုပ်ထဲမှ နွားကြီးနှစ်ကောင်ကို မောင်စိုးစဉ်းထားသည့် နွားစာများထည့်ကျွေးထားလိုက်ပြီး အိမ်အောက် တန်းလျှားပေါ်မှာထိုင်၍ ပျိုးစည်းနှီးဆက်ထိုးနေလိုက်သည်။ ထိုအချိန် အိမ်လည်
သွားနေသော မောင်စိုးရောက်လာပြီး

“ဦးမြင့်ဆောင် ထိမ်ပင်ရွာကအကြောင်းကြားပြီးလားဗျာ့”

“အေး ကြားပြီးပါပြီကွာ မနက်ကပဲ ဦးစိန်တင်ငါ့ကိုလာပြောသွားတယ်ကွ”

“ဟုတ်လား ဒါဆိုဦးမြင့်ဆောင် ဒီည ထိန်ပင်ရွာသွားကြည့်မှာပေါ့”

“အေးပေါ့ကွ ငါနဲ့ငပြူးဒီည ထိန်ပင်ရွာကို သွားကြည့်ကြမလို့”

“ဒါဆို ကျုပ်လည်းလိုက်ခဲ့မယ်ဗျာ အိမ်မှာတစ်ယောက်တည်းနေရတာပျင်းလို့”

“ဒါဆိုလဲ လိုက်ခဲ့ကွာ ဒို့ကညကိုးနာရီထိုးလောက်မှ ရွာကထွက်မှာနော့်”

“ရတယ်ဗျာ ဘယ်အချိန်ထွက်ထွက် လိုက်ခဲ့ရဖို့ပဲအရေးတယ်”

“ဒါဆိုလည်းပြီးရောကွာ ဒို့သွားရင်မင်းကိုခေါ်လိုက်မယ်”

ထိုအခါ မောင်စိုးထမင်းစားရန် အိမ်ပေါ်တက်သွားပြီးကိုမြင့်ဆောင်လည်း နှီးဆက်ထိုးနေလိုက်သည်။

ဒီလိုနဲ့ တဖြည်းဖြည်း မိုးချုပ်လာတော့ ကိုမြင့်ဆောင်နဲ့မောင်းစိုး အိမ်အောက်တန်းလျှားပေါ်မှာထိုင်ပြီး ကိုပြူးလာမည့်အချိန်ကို စောင့်နေလိုက်သည်။ထိုသို့ဖြစ်
ညကိုးနာရီးထိုးခါနီးတော့ ကိုပြူးရောက်လာပြီး

“ကဲ မြင့်ဆောင် သွားရအောင်ကွာ”

“အေး သွားကြတာပေါ့”

ကိုမြင့်ဆောင် တန်းလျှားပေါ်မှထရပ်လိုက်ပြီး တိုင်မှာချိတ်ထားသည့် သူ၏လွယ်အိပ်ကိုယူလွယ်လိုက်သည်။
ထိုအခါ တန်းလျှားပေါ်မှထရပ်လိုက်တဲ့ မောင်စိုးကိုမြင်တော့ ကိုပြူးက

“မောင်းစိုး မင်းရောလိုက်ခဲ့မှာလား”

“ဟုတ်တယ်ဗျာ့ ကျွန်တော်လည်း လိုက်ခဲ့မလို့”

“အေးကွာ ဒါဆိုလဲ လိုက်ခဲ့ ဒါပေမဲ့ ဟိုရောက်လို့သရဲလိုက်လို့ပြေးရရင်တော့ တာဝန်မယူဘူးနော်”

ကိုပြူး ထိုသို့မောင်စိုးကိုစလိုက်တော့ မောင်းစိုးက

“ဘယ်သူအပြေးမြန်တုန်း စမ်းကြည့်လေဗျာ ဦးလေးတို့ပဲ ကျန်ခဲ့မလား ကျွန်တော်ပဲကျန်ခဲ့မလားဆိုတာကို”

မောင်စိုး ထိုသို့စိန်ခေါ်လိုက်တော့ ကိုပြူးဘာမှပြန်မပြောတော့ပဲ ပြုံးစိစိဖြင့်သာ ကြည့်နေသည်။

ထိုသို့ဖြစ် ကိုမြင့်ဆောင် ကိုပြူးနဲ့မောင်စိုးတို့သုံးယောက် ညကိုးနာရီထိုးလောက်ကြတော့ သလဲကုန်ရွာမှာထွက်ခဲ့ပြီး ရွာအနောက်ဘက်လှည်းလမ်းအတိုင်း ထိမ်ပင်ရွာဘက်သို့ လျှောက်လာခဲ့လိုက်သည်။

(၂)

ဒီလိုနဲ့ သူတို့သုံးယောက် ညဆယ့်တစ်နာရီထိုးလောက်ကြတော့ ထိမ်ပင်ရွာခေါင်းရင်းရှိ ထုံးစေတီလေးတည်ထားသည့် ဘုရားကုန်နားသို့ ရောက်လာခဲ့ကြသည်။

သူတို့ ထိုနားကိုရောက်တော့ ဘုရားကုန်းပေါ်မှနေပြီး ကြေးစည်တီးလိုက်သည့်အသံကိုကြားလိုက်ရ၍ ဘုရားကုန်းပေါ်သို့ မော့ကြည့်လိုက်ကြသည်။

ထိုအခါ လရောင်အောက်တွင် ဘုရားရင်ပြင်ပေါ်မှနေ၍ ကြေးစည်ကိုတီးလျှက် တောင်ကုန်းအောက်သို့ဆင်းလာသော ဖိုးသူတော်တစ်ဦးကို မြင်လိုက်ရပြီး
ကိုမြင့်ဆောင်က

“ငပြူး ဟိုမှာမြင်လား ဖိုးသူတော်တစ်ယောက်တောင်အောက်ကိုဆင်းလားတာ”

“အေးမြင်တယ်ကွ အဲဒီဖိုးသူတော်က ဒီအချိန်ကြီး ဘာလာလုပ်တာတုန်း ထိန်ပင်ရွာမှာလည်း ဖိုးသူတော်မရှိပါဘူး”

“လာကွာ ဒို့ဟိုသစ်ပင်နောက်နေ အဲ့ဒီဖိုးသူးတော် လာလုပ်မှတုန်းစောင့်ကြည့်ရအောင်”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်ပြီး လမ်းဘေးသစ်ပင်တစ်ပင်၏အကွယ်မှနေ၍ ထိုဖိုးသူတော်ကိုစောင့်ကြည့်နေလိုက်သည်။ကိုပြူးနဲ့မောင်စိုးလည်း သူနှင့်အတူပါလာခဲ့ပြီးသူကဲ့သို့ပင်ကြည့်နေလိုက်သည်။ထိုအချိန် ဖိုးသူတော်သည် ဘုးရားကုန်းအောက်သို့ ရောက်လာခဲ့ပြီး
ထိန်ပင်ရွာထဲ့သို့ဝင်သည့်လမ်းအတိုင်း ကြေးစည်ကိုတီးလျှက် တရွေ့ရွေ့သွားနေတာကိုတွေ့လိုက်ရသည်။ထိုအခါ ကိုပြူးက

“မြင့်ဆောင် ဒါဆိုထိန်ပင်ရွာထဲမှာ ကြေးစည်သံကြားနေရတယ်ဆိုတာ ဒီဖိုးသူတော်များ ရွာထဲလျှောက်သွားနေတာလား”

“ဖြစ်နိုင်တယ်ကွ လာကွာဒို့ကောင်တွေသူ့နောက်က လိုက်ကြည့်ရအောင်”

ကိုမြင့်ဆောင် ထိုသို့ပြောပြီး ဖိုးသူတော်နောက်မလှမ်းမကမ်းမှနေပြီး သူတို့သုံးယောက် ဖိုးသူ‌‌ေတာ်မသိ‌ေအာင်လိုက်လာခဲ့လိုက်သည် ။ဖိုးသူတော်လည်း သူတို့နောက်ကလိုက်လာသည်ကိုမသိပဲ ရွာထဲသို့တန်းတန်းမတ်မတ်ပင်ဝင်သွားသည်။ဖိုးသူတော် ထိုသို့ ရွာထဲရောက်သွားသည်နှင့် ထူဆန်းစွာပင် သူ့ကိုမမြင်ရတော့ပဲ ကြေးစည်းသံကိုသာ ကြားနေရသည်။

ထိုအခါ ကိုပြူးက

“ဟမြင့်ဆောင် ဖိုးသူတော် ဘယ်ရောက်သွားတုန်းဟ”

ကိုမြင့်ဆောင် ထိုအခါမှ လွယ်အိပ်ထဲမှလေးဂွကို ထုတ်ကိုင်လိုက်ပြီး

“ဟိုမှာကွ ရွာထဲမှာပဲ လမ်းပါ်မှာကြေးစည်းကိုထုပြီး သွားနေပြီ”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ မောင်စိုးက

“ဦးမြင့်ဆောင် စောစောက ကျွန်တော်တို့ အဲ့ဒီဖိုးသူတော်ကိုမြင်ရပါတယ် အခုမှဘာလို့မမြင်ရတော့တုန်း”

“ဒါကတော့ ဖိုးသူတော်က သူ့ကိုရွာထဲကလူတွေမမြင်အောင် ကိုယ်ဖျောက်ထားတဲ့သဘောရှိတယ်ကွ”

“ဟုတ်လားဗျာ့ သူကဘာလို့ ကိုယ်ဖျောက်ထားတာတုံး”

“ဒါကတော့ ရွာထဲကလူတွေကို ထိတ်လန့်စေချင်လို့နေမှာပေါ့ကွာ သူဒီလိုလုပ်မှ သူ့ကိုမမြင်ရပဲ ကြေးစည်သံကိုကြားနေရတော့ ရွာထဲကလူတွေထိတ်လန့်ကြမှာပေါ့”

“သူကဘာကြောင့် ဒီလိုလုပ်ရတာတုန်းဗျာ့”

“ဒါတော့ ငါလည်းသေချာမသိဘူးကွ သူနဲ့တွေ့မှပဲမေးကြည့်ရမှာ ကဲ မင်းတို့နှစ်ယောက်လည်း မမြင်ရမယ့်အတူတူ ရွာထဲလိုက်မနေနဲ့ကွာ ဒီမှာပဲစောင့်နေကြ တော်ကြာ ရွာထဲသွားပြီးလူတွေတရုန်းရုန်းနဲ့ ခွေတွေဆူနေမှာဆိုးရတယ်”

“အေး ဒါဆိုလဲငါတို့ဒီနားမှာပဲစောင့်နေမယ် တစ်ခုခုဖြစ်ရင်တော့ အော်သာအော်လိုက် အားမနားနဲ့ ငပြူးပြေးလာခဲ့မယ်”

“ပြေးလာပြီး ဦးလေးကဘာလုပ်မှာတုန်းဗျာ့”

မောင်စိုးမေးလိုက်တော့ ကိုပြူးက

“ပြေးလာပြီး ရပ်ကြည့်နေရမှာပေါ့ကွာ ငါ့မှသူ့ကိုမမြင်ရတာကို”

“ဒါနဲ့များဗျာ ပြောနေရသေးတယ် လာဒီနားမှာပဲထိုင်စောင့်နေရအောင်”

မောင်စိုး ထိုသို့ပြောပြီး ကိုပြူးကိုခေါ်ကာ ရွာအဝင်လမ်း ခြံစည်းရိုးဘေးနားကပ်ထိုင်နေလိုက်ကြသည်
ထိုအခါမှ ကိုမြင့်ဆောင်လည်း ဖိုးသူတော်ဝင်သွားသည့်လမ်းအတိုင်း ရွာထဲကိုဝင်ခဲ့လိုက်သည်။

(၃)

ကိုမြင့်ဆောင် သူရှေ့မှကြေးစည်ကိုတီးပြီးသွားနေသည့် ဖိုးသူ‌ေတာ်နောက်သို့ လိုက်လာခဲ့ရင်း တဖြည်းဖြည်းနီးလာတော့ ဖိုးသူတော်က နောက်သို့လှည့်ကြည့်ပြီး

“ဘယ်နဲလဲ ကျုပ်ကြေးစည်သံကိုကြားပြီး ဆွမ်းလောင်းဖို့လိုက်လာတာလား”

“မဟုတ်ဘူးဗျာ့ ဦးသူတော် ဒီအချိန်ကြီး ဘာတွေအလှူခံနေတာလဲသိချင်လို့ လိုက်လာတာ”

“ဒီလိုပဲပေါ့ကွာ ဒီအချိန်ကြီးအလှူခံတယ်ဆိုမှတော့ အသက်ရအသက် လဖက်ရလဖက်ပေါ့”

“ဘာလဲဗျာ့ အသက်ရအသက် လဖက်ရလဖက်ဆိုတာ”

“ဒီလိုကွာ လဖက်ရတော့ငါရေနွေးကြမ်းခတ်သောက်လို့ရတာပေါ့ အသက်ရတော့လည်း ငါ့တပည့်လုပ်ခိုင်းပြီး
ခိုင်းစားလို့ရတာပေါ့ မဟုတ်ဘူးလား အခုမင်းလိုပေါ့ကွာ”

ဖိုးသူတော် ထိုသို့ပြောပြီး တဟီးဟီးတဟားဟားရယ်လေသည်။ဖိုးသူတော် ထိုသို့ရယ်လိုက်သော အသံကြီးသည် ကြောက်မက်ဖွယ်ကောင်းလှပြီး ရယ်နေရင်းနဲ့ ကိုမျက်လုံးနှစ်လုံးသည် အပြင်ကိုကျွတ်ကျမတတ် ပြူးထွက်လာပြီး မျက်နှာကြီးကလည်း ပုံ့ပြဲပြဲကြီးဖြစ်လာကာ ကျောက်မက်ဖွယ် အဆင်းသဏ္ဍန်ကြီးဖြစ်လာသည်
ဒါပေမဲ့ ကိုမြင့်ဆောင်က မတုန်မလှုပ်ပဲရပ်ကြည့်နေတာမြင်တော့

“ဟကောင် မင်းကြောက်ရမှန်း လန့်ရမှန်းမသိဘူးလားကွ”

“ဘာဖြစ်လို့တုန်းဗျာ့”

“မင်းကို ငါခြောက်နေတာလေကွာ ဒါမှကြောက်လန့်ပြီးသေသွားတော့ ငါ့တပည့်ဖြစ်မှာပေါ့”

“ဦးသူတော် ရွာထဲလျှောက်သွားနေတာ အဲ့လိုလုပ်ဖို့လားဗျာ့”

“အေးပေါ့ကွ ငါအဲ့လိုလုပ်ချင်လို့ ရွာထဲလျှောက်သွားနေတာ ဒါပေမဲ့ တစ်ယောက်မှထွက်မကြည့်ကြပါဘူးကွာ
အခု ထွက်ကြည့်တဲ့ မင်းကြတော့လဲ ငါ့ကိုမကြောက်ပြန်ဘူး”

“ဒါဆိုလဲ ဦးသူတော်ဒီလိုလုပ်မနေနဲ့ပေါ့ဗျာ့”

“မလုပ်လို့ ရမလားကွ မင်းမကြောက်ပေမဲ့ တခြားကြောက်တဲ့လူတွေရှိသေးတာကို အဲ့ဒီလိုလူမျိုးနဲ့တွေ့ရင်
ငါလည်း တပည့်တစ်ယောက်ရပြီပေါ့ကွာမဟုတ်ဘူးလား ဒါနဲ့မင်းက ဒီရွာကရောဟုတ်ရဲ့လား”

“မဟုတ်ဘူးဗျာ့ ကျုပ်က ဒီရွာရဲ့အရှေ့ဘက်ကရွာက
ခင်ဗျား ဒီလိုလုပ်နေတယ်ဆိုလို ကျုပ်လာကြည့်တာ”

“အမယ် တယ်ဟုတ်ပါလားကွ မင်းကငါ့ကို ရွာထဲမဝင်နိုင်အောင် နှင်ထုတ်မယ်ဆိုတဲ့သဘောပေါ့”

“ဒါကတော့ ဦးသူတော်ထွက်သွားရင် ကျုပ်နှင်ထုတ်စရာမလိုပါဘူးဗျာ့”

“တယ်ဟုတ်တဲ့ကောင်ပါလား မင်းက သူတော်တစ္ဆေကို အနုနည်းနဲ့ နှင်ထုတ်နေတာပဲ ဒီလိုလွယ်လွယ်နဲ့ရမလားကွ”

“ဒါဆို ဦးသူတော်က ဘယ်လိုလုပ်မှ ရွာထဲကထွက်မှာတုန်း”

“ဒါကတော့ မင်းအပိုင်းပဲ မင်းငါ့ကိုရွာထဲ မဝင်နိုင်အောင်လုပ်နိုင်ရင် ငါရွာထဲဝင်နိုင်မှာမဟုတ်တော့ဘူး ဒါပေမဲ့ သူတော်တစ္ဆေကိုလွယ်လွယ်နဲ့တော့ မင်းတားနိုင်မှာမဟုတ်ပါဘူးကွာ”

ဖိုးသူတော်တစ္ဆေ ထိုသို့ပြောပြီး တဟားဟားရယ်ကာ ကြေးစည်ကိုတီးပြီး ရွာထဲလျှောက်သွားနေပြန်သည်။
ကိုမြင့်ဆောင်လည်း နောက်မှလိုက်ပြီး ဖိုးသူတော်တစ္ဆေကို ဘယ်လိုနှင်ထုတ်ရမလဲ စဉ်းစားနေသည်။သူ့ဆီမှာလည်း တစ္ဆေသရဲကိုမြင်နိုင်သည်မှာလွဲပြီး ထူထူးခြားခြား ဘာအစွမ်းအစမှရှိမနေ ဒါကြောင့်သူ နောက်နေ့မှပဲကပ္ပိယကြီးကို အကျိုးအကြောင်းပြောပြ၍ သူတော်တစ္ဆေကိုနှင်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။

ဒါ‌‌ေပမဲ့ အခုညလည်း သူရောက်မိလက်စနဲ့ သူတော်တစ္ဆေကိုရွာအပြင်ရောက်သွားရန်အကြံတစ်ခုရလိုက်ပြီး

“ကဲ ဦးသူတော် ခင်ဗျားနဲ့ကျုပ် ပညာပြိုင်မယ်ဗျာ ခင်ဗျားနိုင်ရင် ရွာထဲမှာဆက်နေ ကျုပ်နိုင်ရင်တော့ ခင်ဗျားရွာထဲကထွက်သွားရမယ် ဘယ်လိုလဲ”

“ရတယ်လေကွာ သူတော်တို့ကလည်း ဒီလိုလူမျိုးမှကြိုက်တာ ကဲဘယ်လိုပြိုင်ကြမလဲပြော ငါရှုံးတာနဲ့ အခုချက်ခြင်းရွာထဲကထွက်သွားမယ်”

သူတော်တစ္ဆေထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်က အထင်သေးတဲ့ပုံစံနဲ့ကြည့်လိုက်ပြီး

“ဦးသူတော် ကျုပ်စိန်ခေါ်တာကိုလက်ခံရဲမှာမဟုတ်ပါဘူးဗျာ ကိုယ်ဟာကိုပဲ ရွာထဲမှာခြေညောင်းအောင် လျှောက်သွားနေလိုက်ပါတော့”

ကိုမြင့်ဆောင် ထိုသို့ သူ့ကိုအထင်သေးသည့်ပုံစံဖြင့် ပြောလိုက်တော့ ဦးသူတော်က

“မင်းကြိုက်တဲ့ ပုံစံကိုသာပြောကွာ သူတော်တစ္ဆေတို့က စိန်ခေါ်ရင်ဗွာမခတ်တတ်ဘူးကွ”

“ဟုတ်ပါမလားဗျာ့”

“ဟုတ်တယ်ကွာ မင်းကြိုက်တာသာပြော ငါလက်မခံနိုင်ရင် ငါရှုံးတယ်လို့သတ်မှတ်ပြီး အခုချက်ခြင်းရွာထဲကထွက်သွားမယ် ဘယ်လိုလဲ”

“ကဲ ဒါဆိုလည်း ကျုပ်ကြိုက်တာပြောပြီ လက်မခံနိုင်ရင်တော့ ဦးသူတော်အရှုံးပဲ”

“စကားမရှည့်နဲ့ကွာ ဘာလဲဆိုတာသာ မြန်မြန်ပြောသူတော်တို့ပြိုင်ခြင်လှပြီ”

သူတော်တစ္ဆေ ထိုသို့ တက်ကြွသည့်ပုံစံဖြင့်ပြောလိုက်တော့ ကိုမြင့်ဆောင်က

“ကဲ ဒါဆိုလည်းလာဗျာ ရွာအပြင်ဘက်မှာ သွားပြိုင်ရအောင် ရွာထဲမှာဆိုတော့ လွပ်လွပ်လပ်လပ်မရှိဘူး”

“အေး အဲ့ဒါဆိုမြန်မြန်လာကွာ”

သူတော်တစ္ဆေထိုသို့ပြောပြီး ကြေးစည်ပင်မတီးတော့ပဲ ရွာအပြင်ကို ထွက်သွားသည် ကိုမြင့်ဆောင်လည်း နောက်မှလိုက်လာခဲ့ရင်းရွာအပြင်ဘက်သို့ရောက်တော့
ကိုပြူးနဲ့မောင်စိုးထွက်လာသည် ထိုသို့ကိုပြူးနဲ့မောင်စိုးထွက်လာတာကိုမြင့်တော့ သူတော်တစ္ဆေက

“ဪ မင်းက ဒီကောင်တွေအားကိုနဲ့ ငါ့ကိုရွာအပြင်ခေါ်ထုတ်လာတာကိုး ရတယ်လေကွာ သူတော်တို့ကလည်း အဲ့ဒီလိုအကျောပေးပြီး ပြိုင်လို့နိုင်တာကို ပိုသဘောကြတာ”

“သူတို့နဲ့ မဆိုင်ပါဘူးဗျာ့ ကျုပ်နဲ့ပဲပြိုင်မှာပါ သူတို့ပါပါရင် ဦးသူတော်ကို ဝိုင်းပြီးအနိုင်ကြင့်ရာကြနေမဆိုးလို့”

“စကား မရှည်နဲ့ကွာ ဘယ်သူပါပါဂရုမစိုက်ဘူး ကဲ မင်းဘယ်လိုပြိုင်မလဲသာပြော”

“လွယ်လွယ်လေးပါဗျာ ဒီကနေ ရွာထဲပြန်ဝင်တဲ့သူ အရှုံးပဲ”

“ဟာ ဟုတ်သေးဘူးလေကွာ အဲ့ဒါပြိုင်တာမှမဟုတ်ပဲ”

“အဲဒါလည်း ပြိုင်တာပေါ့ဗျာ ဘာလဲ ဦးသူတော်လက်မခံဘူးလား ကျုပ်စိန်ခေါ်တာကို လက်မခံရဲရင် ဦးသူတော်ရှုံးပြီနော်”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ ဦးသူတော်က

“ကဲ ဒီတစ်ညတော့ မင်းပြောသလို ငါရွာထဲပြန်မဝင်တော့ပါဘူးကွာ ဒါပေမဲ့ နောက်နေ့ညကြရင်တော့ မင်းတားလို့ရမှာမဟုတ်ဘူး ဒီနေ့ညလည်း ငါလောသွားလို့ခံလိုက်ရတာပါကွာ”

“ဘာပဲဖြစ်ဖြစ် ဦးသူတော်ပြောတဲ့အတိုင်း ဒီနေ့ညရွာထဲပြန်ဝင်လို့မရတော့ဘူးနော့် ရွာထဲပြန်ဝင်လည်းရှုံးပြီ
ကျုပ်စိန်ခေါ်တာကို လင်မခံရင်လဲရှုံးပြီ”

“ငါသိပါတယ်ကွာ ဒါနဲ့မင်းတို့ပြန်ရင် ဟိုကောင်လေးကိုထားခဲ့ကွာ ငါ့အဲ့ဒီကောင်ကို တပည့်အဖြစ်ခေါ်ထားလိုက်မယ်”

သူတော်တစ္ဆေ မောင်စိုးကိုပြူးပြဲကြည့်ပြီး ထိုသို့ပြောလိုက်တော့ မောင်စိုးနားမှာရပ်နေသည့် ကိုပြူးက

“ဒီကောင့်ကို တပည့်အဖြစ်ခေါ်ထားချင်ရင်တော့ ကျုပ်နဲ့ ပညာဆက်ပြိုင်မှရလိမ့်မယ်ဘယ်လိုလဲ”

“တော်ပါပြီကွာ ဒီနေ့ညတော့ ငါတစ်ပွဲရှုံးထားလို့ မပြိုင်ချင်တော့ဘူး ဒါပေမဲ့ နောက်နေ့ညရောက်ရင်တော့ မင်းတို့ပြန်လာခဲ့ကြပေါ့ အဲ့ဒီအခါထပ်ပြိုင်ကြတာပေါ့ တကယ်လို့ငါရှုံးသွားရင် ဒီရွာထဲကိုဘယ်တော့မှမဝင်တော့ဘူး”

“ကောင်းပြီလေ ဒါဆိုလဲ ကျုပ်တို့မနက်ဖြန်ည ပြန်လာခဲ့မယ် သူတော်တစ္ဆေ ဘုရားကုန်းပေါ်မှာပဲစောင့်နေလိုက်ပေါ့”

“အမယ် မင်းတို့က ငါနေတဲ့နေရာတောင်သိနေပါလား
လာခဲ့ကြကွာ ငါစောင့်နေပါမယ်”

သူတော် တစ္ဆေ ထိုသို့ပြောပြီး ဘုရားကုန်းပေါ်သိုတက်သွာသည်။ ထိုအခါ ကိုမြင့်ဆောင်တို့သုံးယောက်လည်း
သူတို့ရွာကို ပြန်လာခဲ့လိုက်ကြတော့သည်။

(၄)

ထိုသို့ဖြစ် နောက်နေ့မနက်ရောက်တော့ ကိုမြင့်ဆောင် လယ်ထဲ၌လုပ်စရာရှိသည်များကိုလုပ်ကိုင်လိုက်ပြီး နေ့ခင်းဘက်ရောက်တော့ကပ္ပိယကြီးဆီသွား၍ အကျိုးအကြောင်းရှင်းပြလိုက်သည်။ထိုအခါ ငပ္ပိယကြီးက

“အင်း ဖိုးသူတော်တစ္ဆေတွေက ရိုင်းရိုင်းစိုင်းစိုင်းတွေတော့ မဟုတ်ကြဘူးကွ ဒါပေမဲ့ သူတို့ကို တော်ရုံဆရာသမားတွေတောင် မနှင်နိုင်ကြဘူး သူတို့ကလည်း လူတွေကိုစနောက်တတ်တယ် ဒါပေမဲ့ သူတို့ကစနောက်တယ်ဆိုပေးမဲ လူတွေကတော့ ကြောက်လှန့်ကြတာ‌ပေါ့ကွာ”

“ဟုတ်တယ်ဗျာ့ အခုဆိုရင်ပဲ ထိမ်ပင်ကုန်းကလူတွေ သူ့ကိုကြောက်ရွံ့နေကြပြီ အဲ့ဒါကပ္ပိယကြီး ညကြကျုပ်တို့နဲ့လိုက်ခဲ့ပြီး အဲ့ဒီသူတော်တစ္ဆေကို ရွာထဲမဝင်နိုင်အောင် နှင်းထုတ်ပေးလို့ရမလား လိုက်ကြည့်လှည့်ပါဦးဗျာ့ နှင်လို့ရရင်လဲ တစ်ခါတည်းနှင်ပေးလိုက်စေချင်တယ်‌”

“အေးပေါ့ကွာ ရွာသူရွာသားတွေ ထိတ်လန့်နေတော့လည်း တစ်ခါတည်းနှင်ထုတ်လိုက်တာ ကောင်းပါတယ် ဒီလိုမှမဟုတ်ရင်းလည်း တဆင့်တက်ပြီးပိုဆိုးလာနိုင်တယ်ကွ”

“ဟုတ်တယ်ကပ္ပိယကြီး အဲ့လိုလုပ်လိုက်တော့ တခါတည်းနားအေးသွားတာပေါ့ ဒီလိုဆို ကျုပ်လည်းပြန်လိုက်ဦးမယ်ဗျာ ညကြမှ ကပ္ပိယကြီးကို တစ်ခေါက်လာခေါ်လိုက်မယ် အခုတော့ အိမ်မှာလုပ်စရာလေးတွေကျန်နေသေးလို့”

“အေး ပြန်ချင်ပြန်တော့လေကွာ ဒါပေမဲ့ ငါကိုတော့ လာခေါ်မနေနဲ့ ညကြ ငါမင်းဆီကိုလာခဲ့လိုက်မယ် ညကြဒို့ခပ်စောစောလေးသွားကြတာပေါ့”

“ကောင်းပါပြီဗျာ ဒါဆိုလဲကျုပ်အိမ်ကပဲစောင့်နေလိုက်မယ်”

ကိုမြင့်ဆောင် ထိုသို့ပြောပြီး အိမ်သို့ပြန်ခဲ့လိုက်တော့သည်။ ထို့နောက် အိမ်သိုပြန်ရောက်တော့ နွားစာစဉ်းနေသောမောင်စိုးတွေ့လိုက်ရပြီး

“မောင်စိုး ဒီနေ့ည မင်းဒို့နဲ့လိုက်ခဲ့ဦးမှာလားကွ”

“လိုက်တော့ပါဘူးဗျာ ညတုန်းကဖိုးသူတော်ကြီး ကျွန်တော့်ကိုပြူးပြဲပြနေတာ ကြောက်စရာကြီးဗျာ့ ဦးမြင့်ဆောင်တို့အနားမှာရှိလို့သာပေါ့ ကျွန်တော်တစ်ယောက်တည်းသာ အဲ့လိုပုံစံမျိုးကြီးတွေ့လိုကတော့ဗျာ တကျိုးတည်းထွက်ပြေးပြီသာမှတ်”

မောင်စိုး ထိုသို့ပြောလိုက်တော့ ကိုမြင့်ဆောင်လည်းပြုံးစိစိဖြင့်ကြည့်ရင်း မောင်စိုးစဉ်းထာသော နွားစာမျာကိုယူပြီး နွာစာကျင်းထဲကိုထည့်ပေးလိုက်သည်။

ထို့နောက် အိမ်မှာလုပ်စရာရှိသည့် အလုပ်များကိုလုပ်ကိုင်နေရင်း တဖြည်းဖြည်းချုပ်လာပြီဖြစ်၍ ကိုမြင့်ဆောင်လည်း ရေမိုးချိုး ထမင်းစာသောက်ပြီး အိမ်အောက်တန်းလျှားပေါ်တွင်ထိုင်ကာ ကပ္ပိယကြီးနှင့်ကိုပြူးကိုစောင့်နေလိုက်သည်။ထို့‌ေနာက် သိပ်မကြာခင်မှာပဲ ကပ္ပိယကြီးနှင်ကိုပြူး သူ့ထံရောက်လာခဲ့ပြီး သူတို့သုံးယောက် ထိမ်ပင်ရွာသို့ခပ်စောစောပင်ထွက်လာခဲ့လိုက်သည်။

(၄)

သူတို့သုံးယောက်တော့ ထိမ်ပင်ရွာသို့ရောက်တော့ ဦးစိန်တင်၏အိမ်တွင်ရေနွေးကြမ်း‌သောက်ပြီး သူတော်တစ္ဆေ ရွာထဲဝင်လာမည့်အချိန်ကိုစောင့်နေကြရင်း ရွာလူကြီး ဦးစိန်တင်က

“မြင့်ဆောင် မင်းညတုန်က ရွာထဲရောက်လာသေးတယ်မဟုတ်လား”

“ဟုတ်တယ်ဗျာ့ ကျုပ် သူတော်တ‌ေစ္ဆနောက်ကလိုက်ပြီး ရွာထဲဝင်ခဲ့တာ”

“အေးငါလည်း ကြေးစည်သံကြားတာနဲ့ အိမ်အောက်မဆင်းရဲပဲ အိမ်ပေါ်ကချောင်းကြည့်နေတာ ကြေးစည်သံကြားပြီး မကြာခင် လူတစ်ယောက်ရွာထဲဝင်လာတာမြင်လိုက်လို့ ငါလည်းသေချာကြည့်နေတာ နောက်မှမင်းမှန်းသိပြီး မင်းရွာထဲရောက်လာတာကိုသိလိုက်ရတာ ဒါနဲ့ မင်းညကတစ်ယောက်တည်း စကာတွေလည်းပြောလို့ပါလားကွ”

“ဟုတယ်ဗျာ့ အဲဒါကျုပ်သူတော် တစ္ဆေနဲ့ စကားပြောနေတာ ဒါနဲ့ ကျုပ်ရွာထဲကထွက်သွားပြီး နောက်ထပ်ကြေးစည်သံ ကြားရသေးလားဗျာ့”

“‌အေး မင်းထွက်သွားပြီးနောက်ပိုင်းတော့ မကြားရတော့ဘူးကွ ငါလည်း မင်းအဲ့ဒီကြေးစည်တီးနေတဲ့လူကို နှင်ထုတ်လိုက်ပြီ ထင်နေတာ”

“ကျုပ်နှင်မထုတ်နိုင်ပါဘူးဗျာ ဒါကြောင့် ကပ္ပိယကြီးကိုခေါ်လာတာပေါ့”

“အေးကွာ ဘာပဲဖြစ်ဖြစ် ဒို့ရွာကို ကူညီတဲ့သူတွေကိုတော့ ကျေးဇူးတင်ရမှာပဲ ဒါနဲ့ အခုညရော မင်းတို့ဘယ်လိုလုပ်ကြဦးမလဲ”

“ကျုပ်တို့နှစ်ယောက်ကတော့ ညတုန်းကပြောခဲ့တဲအတိုင်း ဖိုးသူတော်တစ္ဆေနဲ့တွေ့ဖို့ ဘုရားကုန်းကိုသွားလိုက်ဦးမယ်ဗျာ့ ကပ္ပိယကြီးကတော့ ရွာထဲမှာနေခဲ့လိမ့်မယ်”

“အေးကွာ အကူအညီလိုရင်တော့ ပြောကြနော့် ဘာမှအားမနာကြနဲ့”

ထိုသို့ဖြစ် တဖြည်းဖြည်း ညဆယ့်တစ်နာရီထိုးခါနီးတော့ ကိုမြင့်ဆောင်နှင့်ကိုပြူး ထိမ်ပင်ရွာထဲမှထွက်ခါသူတော်တစ္ဆေနေသည့် ဘုရားကုန်းဘက်သို့ ထွက်လာခဲ့ကြသည်။

သူတို့နှစ်ယောက် ဘုရားကုန်းပေါ်သို့ရောက်တော့ ဘုရားရင်ပြင်တော်ပေါ်မှာ တင်ပလ္လင်ခွေထိုင်နေ‌သောသူတော်တစ္ဆေကို တွေ့လိုက်ရပြီး

“ဦးသူတော် ရွာထဲမသွားသေးဘူးလားဗျာ့”

“သွာတော့သွားမှာပေါ့ကွာ ဒါပေမဲ့ မင်းတို့လာမယ်ဆိုလို့ ထိုင်စောင့်နေတာ မင်းတို့လည်း ဂတိတော့တည်သားပဲကွ ငါမလာရဲလောက်တော့ဘူးထင်နေတာ”

“လာရဲတာပေါ့ဗျာ ကျုပ်တို့ကိုလည်း ပေါ့သေးသေးတော့မထင်လိုက်ပါနဲ့”

“မထင်ပါဘူးကွာ ကဲဘာပြိုင်မလဲဆိုတာသာပြော”

“လက်ဝှေ့ထိုမယ်ဗျာ”

ကိုပြူးထိုသို့ ပြောလိုက်တော့ သူတော်တစ္ဆေက ကိုပြူး
ကိုသေချာကြည့်ပြီး

“အင်း မင်းမှာဆေးကောင်းဝါးကောင်းရှိတဲ့ပုံပဲကွ ဒါကြောင့် တစ္ဆေတစ်ကောင်ကို ဒီလိုစိန်ခေါ်ရဲတာ ငါပြောတာဟုတ်တယ်မဟုတ်လား”

ဖိုးသူတော်တစ္ဆေ ထိုသို့ပြောလိုက်တော့ ကိုပြူးအံ့ဩသွားသည် အမှန်လည်းသူ ကပ္ပိယကြီးပေးထားသောလက်ဖွဲကြိုးလေးရှိနေ၍ ထိုသို့စိန်ခေါ်လိုက်ခြင်းဖြစ်ပြီးထိုလက်ဖွဲကြိုးလေးသာမရှိပါက စိန်ခေါ်ရဲမည်မဟုတ်ပေ ဒါကိုသိနေသော သူတော်တစ္ဆေက

“ကဲ မင်းတို့လည်း ငါ့ကိုရွာထဲဝင်လို့မရအောင်တားနိုင်မှာမဟုတ်ဘူး ငါလည်းမင်းတို့ကို ကြောက်လှန့်အောင်မလုပ်နိုင်ဘူး ဒါကြောင့် ကိုယ့်အလုပ်ကိုလုပ်တာပဲကောင်းပါတယ်ကွာ မကျေနပ်ရင်ငါ့နောက်ကလိုက်ခဲ့ပေတော့”

သူတော်တစ္ဆေ ထိုသို့ပြောပြီး ကြေးစည်းကိုထုကာ ဘုရားကုန်းပေါ်မှဆင်း၍ ရွာဘက်သို့တရွေရွေ့သွားနေတော့သည်။ကိုမြင့်ဆောင်နဲ့ကိုပြူးလည်း သူတော်တစ္ဆေ၏‌ေနာက်မှလိုက်ခဲ့ကြပြီး ရွာထဲသို့ရောက်သည့်နှင့် ကိုပြူးသူတော်တစ္ဆေကိုမမြင်ရတော့ ကြေးစည်းသံကိုတော့ကြားနေရဆဲဖြစ်သည်။

ထိုသို့ဖြစ် သူတော်တစ္ဆေသည် ကြေးစည်းကိုထုပြီး ရွာလမ်းအတိုင်းလျှောက်သွားနေသည်။ကိုမြင့်ဆောင်နဲ့ကိုပြူးလည်းသူ့နောက်မှလိုက်နေပြီး ကပ္ပိယကြီး ဖိုးသူတော်တစ္ဆေကို မည်သို့နှင်ထုတ်မည်ကို သိချင်နေကြသည်။

ထိုအချိန် ဖိုးသူတော်တစ္ဆေတီးခတ်လိုက်သည့် ကြေးစည်သံအပြင် နောက်ထပ်ကြေးစည်တီးသံတစ်သံကိုပါထပ်ကြားလိုက်ရပြီး ထိုကြေးစည်သံသည် ကပ္ပိယကြီးတီးခတ်လိုက်သော ကြေးစည်သံဖြစ်မှန်း သူတို့နှစ်ယောက်သိလိုက်ကြသည်။ထိုကပ္ပိယကြီးတီးခတ်လိုက်သော ကြေးစည်သံကိုကြားတော့ သူတော်တစ္ဆေက

“ဘယ်နဲ့ ဒီရွာထဲ ငါ့အပြင်တစ်ခြား သူတော်တစ္ဆေတစ်ကောင်ရောက်နေတာတုန်းဟ ဒီကောင့်ကို နောက်နေ့ငါနဲ့ အချိန်မတိုက်အောင် ပြောထားရဦးမယ်”

သူတော်တစ္ဆေ ထိုသို့ တကိုယ်ထဲ‌ေပြာရင်း ကိုမြင့်ဆောင်ကိုလှည့်ကြည့်လိုက်ပြီး

“မဟုတ်မှလွဲရော ဒီသူတော်ကို မင်းတို့ခေါ်လာတာမဟုတ်လား”

“ဟုတ်တယ်ဗျာ့ ဟိုမှာလာနေပြီ”

ကိုမြင့်ဆောင် ထိုသို့ပြောပြီး သူတို့နှင့်မျက်နှာချင်းဆိုင်မှ ကြေးစည်းကိုတီးပြီးလာနေသော ကပ္ပိယကြီးကိုညွှန်ပြလိုက်သည် ထိုအခါ ဖိုးသူတော်တစ္ဆေလည်း ကပ္ပိယကြီးကိုကြည့်ပြီး

“ဖိုးသူတော် မဟုတ်ပါဘူးကွ ကပ္ပိယကြီးပါ လာပစေဦးပေါ့ကွာ အဲ့ဒီကောင် ဒီနားရောက်မှ ငါအကြောင်းသိအောင် ပြရဦးမယ်”

သူတော်တစ္ဆေ ထိုသို့ပြောပြီး ရှေ့ဆက်မသွားတော့ပဲ သူတို့ဆီလာ‌ေနသည့် ကပ္ပိယကြီးကိုရပ်ပြီး ‌‌ေစာင့်နေလိုက်သည် ဒီလိုနဲ့ ကပ္ပိယကြီး သူတို့နားရောက်လာတော့

“ဟေ့ ကပ္ပိယ မင်းကဘာကြောင့် ငါအလှူခံနေတဲ့အချိန်လာနှောက်ယှက်ရတာတုန်း”

“အမယ် ညကြီးအချိန်မတော် ရွာသူရွာသားတွေကို ကြောက်ရွံ့ထိတ်လန့်အောင်လုပ်နေတဲ့ သူတော်တစ္ဆေကများ ပြောရတယ်ရှိသေး ဒီအချိန်ကြီးအလှူခံတော့ရော သူတော်တစ္ဆေဘာများရမှာမိုလို့တုန်း”

“ရတာပေါ့ကွ ဒီရွာကလူတွေကြောက်ရွံ့နေကြတာကိုက ငါအလှူခံလို့ရတဲ့ပစ္စည်းပဲ ရွာကလူတွေ‌ကြောက်ရွံ့လေလေ ငါ့အလှူခံတာများများရလေပေါ့ မဟုတ်ဘူးလား”

သူတော်တစ္ဆေ ထိုသို့ပြောပြီး တဟီးဟီးတဟားရယ်နေသည် ထိုအခါ သူ၏မျက်လုံးနှစ်လုံးသည်လည်း ကျွတ်ထွက်မတတ်ပြူးကျယ်လာတာကိုမြင်ရပြီး ကပ္ပိယကြီးက

“သူတော်တစ္ဆေ ဒီလိုလူ‌ေတွကို ကြောက်ရွံ့ထိတ်လန့်အောင်လုပ်နေတာမကောင်းပါဘူးဗျာ”

“ကောင်းတာပေါ့ကွ သူတို့ကြောက်ရွံ့လေလေ ငါ့အတွက်ကောင်းလေ‌ေလပေါ့ နောက်ဆုံးသူတို့သေဆုံသွားရင် ငါ့အတွက်အကောင်းဆုံးပေါ့”

ဖိုးသူတော်တစ္ဆေ ထိုသို့ပြောပြီး တဟီးဟီးတဟားဟားဖြင့်ရယ်‌ေနပြန်သည် ထိုအခါ ကပ္ပိယကြီးက

“ကဲဒါဆိုလဲ ကျုပ် ခင်ဗျားကိုနှင်ထုတ်မှရတော့မယ် ဒီအတိုင်းထားလို့မရတော့ဘူး”

“လုပ်လိုက်လေကွာ သူတော်တို့ကလည်း အဲ့ဒီလိုလူးမျိုးနဲ့မှ တွေ့ချင်တာ ဒါပေမဲ့ မင်းဟို‌ကောင့်လိုတော့ မလုပ်နဲ့ တခါပဲရမယ်နှစ်ခါမရဘူး”

သူတော်တစ္ဆေ ကိုမြင့်ဆောင်ကိုကြည့်ပြီးပြောလိုက်တော့ ကပ္ပိယကြီးကဘာမှမပြောတော့ပဲ သူ့လက်ထဲမှကြေးစည်ကို တီးခတ်လိုက်သည် ကပ္ပိယကြီးထိုသို့‌ကြေးစည်ကိုတီးခတ်လိုက်တော့ သူတော်တစ္ဆေက

“‌ဪ မင်းကကြေးစည်ပြိုင်တီးခြင်တာကို ဒါများကွာ
ဘာခက်တာမှတ်လို့”

ဖိုးသူတော်တစ္ဆေ ထိုသို့ပြောပြီး သူ့လက်ထဲမှ ကြေးစည်ကိုတီးလိုက်သည် ထိုသို့ဖြင့် ဖိုးသူတော်နဲ့ကပ္ပိယကြီး သူတို့လက်ထဲမှ ကြေးစည်များကို အပြိုင်တီးနေကြရင်း လေးငါးဆယ်ကြိမ်လောက်တီးပြီးတော့ ဖိုးသူတော်တစ္ဆေ၏ မျက်နှာကြီးသည် ပုံပြက်ပန်းပြက်ကြီးဖြစ်လာပြီး တဆတ်ဆတ်တုန်လာသည်။

ထိုနောက်ကြေးစည်ကို ဆက်မတီးနိုင်တော့ပဲ နားနှစ်ဖက်ကိုပိတ်ကာ

“တော်ပါတော့ကွာ ရပ်ပါတော့ ကြေးစည်ကိုဆက်မတီးတော့ပါနဲ့ ငါ့နားတွေပွင့်တော့မယ်ကွ”

ဖိုးသူတော်တစ္ဆေ ထိုသို့ပြောပြီး မြေကြီးပေါ်၌ လူးလိမ့်နေရသည် ထိုအခါ ကပ္ပိယကြီးက

“သူတော်တစ္ဆေ မင်းနားထောင်စမ်း နောက်တစ်ခါ မင်းဒီရွာထဲကိုဝင်ခဲ့ရင်သော်၎င်း ဒီရွာနားကိုကပ်ခဲ့ရင်သော်၎င်း ဒီကြေးစည်သံကို အဆက်မပြတ်ကြားနေစေရမည် အခုမင်းဒီရွာထဲကထွက်သွားပေးတော့”

ကပ္ပိယကြီး ထိုသို့ပြောပြီး ကြေးစည်ကို အဆက်မပြတ် တီးခတ်လိုက်သည် ထိုအခါ ဖိုးသူတော်တစ္ဆေက

“ရပ်ပါတော့ကွာ ငါသွားပါတော့မယ် ရပ်ပါတော့ကွာ ငါသွားပါတော့မယ်”

ဖိုးသူတော်တစ္ဆေ ထိုသို့အဆက်မပြတ်ပြောရင်း ရွာအပြင်ဘက်သို့ထွက်ပြေးသွားသည် ကိုမြင့်ဆောင်လည်းဖိုသူတော်တစ္ဆေနောက်သို့ ပြေးလိုက်လာခဲ့ရင် ဘုရားကုန်ပေါ်သိုရောက်တော့ ဖိုးသူတော်တစ္ဆေ ထိုဘုရားကုန်းမှာပင်မနေနိုင်တော့ပဲ အဝေးသို့ထွက်ပြေးသွားတာကိုမြင်လိုက်ရ‌သည်။ထိုအခါ ကိုမြင့်ဆောင်လည်း ရွာထဲကိုပြန်ဝင်လာခဲ့ပြီး

“ကပ္ပိယကြီး ဖိုးသူတော်တစ္ဆေတော့ ဘုရားကုန်ပေါ်မှတောင်မနေနိုင်တော့ဘူးဗျာ့ အဝေးကိုထွက်ပြေးသွားပြီ”

“အေးပေါ့ကွာ သူ့ဆီမှာမကောင်းတဲ့ အကြံအစည်ရှိနေသရွေ့တော့ ဒီရွာနားကိုကပ်နိုင်တော့မှာမဟုတ်ပါဘူး ကဲလာကွာ ကိုစိန်တင့်အိမ်ကိုသွားရအောင် ဒို့ဒီညသူ့အိမ်ပဲအိပ်ပြီး မနက်ကြမှပဲ ရွာပြန်ရအောင်”

ထိုသို့ဖြစ် ကပ္ပိယကြီး ကိုမြင့်ဆောင်နဲ့ကိုပြူးတို့သုံး‌ေယာက် သူတို့ရွာကိုမပြန်တော့ပဲ ထိုည ရွာလူကြီးဦးစိန်တင်၏ အိမ်မှာပင် အိပ်စက်လိုက်ကြတော့သည်။

 

အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး