. “ကဲ…တို့ရွာရဲ့အကျိုးကိုဆောင်ရွက်ပေးရှာတဲ့ သူကြီးနောင်ချို…ဘေးဘယာတွေဝေးကွာပါစေကွယ်” “ကျေးဇူးတင်ပါတယ်ဘွား” ဦးနောင်ချိုစကားအား ဘွားမယ်စိန်ကခေါင်းငြိမ့်ပြလေသည်။ “ဒါဆို ကျုပ်ပြန်လိုက်ဦးမယ်ဘွား……..” “အေး…အေး……ဘွားပြောတာကို မမေ့လေနဲ့မောင်နောင်ချိုရေ… အကြောင်းထူးရင်လာပြောနော်…” ဟု…ဘွားမယ်စိန်က သူကြီးဦးနောင်ချိုအားမှာကြားလိုက်လေသည်။ ထိုသို့ဦးနောင်ချို သည် သူ၏နေအိမ်ဆီသို့ပြန်သွားတော့၏။ ********************************* ဦးနောင်ချို ပြန်သွားပြီး တစ်ပတ်မျှကြာလေတော့ ရွာကာလသားခေါင်းဆောင် မောင်အုန်းသည် ဘွားမယ်စိန်အိမ်သို့ အပြေးတပိုင်းဖြင့် ရောက်လာခဲ့လေသည်။ “ဘွား…ဘွားရှိလားဗျို့…ကျုပ်ပါမောင်အုန်းပါ” ညနေပိုင်းအချိန်ဖြစ်၍ ဘွားမယ်စိန် အိမ်နောက်ဖေး၌ ရေချိုးနေခဲ့သည်။ မောင်အုန်း၏အော်ခေါ်သံကြောင့် ညစာအတွက်ပြင်ဆင်နေသော ဒေါ်ဝင်း အိမ်အတွင်းမှထွက်လာခဲ့ရှာသည်။ ခြံအပြင်မှမောင်အုန်းအားမြင်လေတော့ ခြံတံခါးကိုဖွင့်ပေးလိုက်ပြီး… “ဟဲ့…မောင်အုန်း ဘာဖြစ်လာတာလဲ အမောတကောနဲ့” “ဘွားကော ...

ဝင်၊ ငါ့သူငယ်ချင်းတွေက အိမ်ကိုအလုံပိတ်လိုက်တာပေါ့ကွာ” “ဟာ၊ ခင်ဗျားက တော်တော်ကြမ်းပါလား” ကိုအေးက ပြုံးလိုက်ပြီး “လူမိုက်ဆိုတော့ ကြမ်းတာပေါ့ကွာ၊ အဲဒီမှာ ခင်ကြည်က ငိုရှာပါတယ်၊ ငါကလည်း ခင်ကြည်ချစ်တယ်ပြောမှလွှတ်ပေးမယ်ပေါ့ကွာ၊ ဒီအချိန်ရွာမှာကျန်ခဲ့တဲ့ ငါ့ဘော်ဒါလူမိုက်တွေက ငါခင်ကြည်ကိုမိန်းမခိုးပြေးသွားပြီ ဆိုပြီးသတင်းလွှင့်တယ်၊ လှည်းပေါ်မှာ ငါတို့နှစ်ယောက်ကိုတွေ့တဲ့လူကလည်း တွေ့နဲ့ဆိုတော့ ယုံသွားကြတာပေါ့ကွာ” “ဟား၊ ဟား အဲဒါနဲ့ခင်ဗျားတို့ညားရောလား၊ ခင်ဗျားမဟုတ်တာတွေတော့ မလုပ်ပါဘူးနော်” ကိုအေးက နှုတ်ဆိတ်နေတယ်ဗျ၊ ပြီးတော့ သူကလက်ညှိုးထောင်ပြီးတော့ “ခင်ကြည်က နောက်ဆုံးတော့ ခေါင်းညိတ်လိုက်တာပါပဲ၊ ငါ့ကိုတော့ တစ်ခုပဲတောင်းဆိုတယ်ကွာ” “ဘာတောင်းဆိုတာလဲဗျ” “ကိုအေး၊ နောက်ဆိုရှင် ...

မကျေနပ်ချင်သေးဘူးဗျ။ “ဟေ့ကောင်တော်ပြီ၊ ငါ့လည်း သိပ်မရှိဘူးကွ” “ရပါတယ်၊ သုံးကျပ်ဆိုတော့လည်း နေ့လည်လောက်အထိတော့ ခံမှာပေါ့ဗျာ” အဲ့လိုပြောပြီး ဖိုးတွမ်တီးကပြေးသွားတော့တာပဲ၊ ကျုပ်လည်း သူ့အနောက်ပြေးမလိုက်တော့ဘူးလေဗျာ၊ ဒါတောင် ခြံတံခါး၀နားရောက်သွားတော့ ကျုပ်ကိုလှည့်ပြီးပြောင်ပြသေးတာ၊ ဒီကောင်လေးကိုတော့ဖြင့် ကျုပ်ကြည့်မရပါဘူးဗျာ၊ မျောက်လောင်းကျတဲ့အပြင် အကျင့်ကလည်းကောင်းတာမဟုတ်ဘူး၊ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လူလည်လုပ်နေတဲ့ကောင်ဗျ။ (၂) နွေနေ့လည်ခင်းက ပျင်းခြောက်ခြောက်ကြီးပါဗျာ၊ ဦးဘသာနဲ့ ဦးအောင်ရှိန်က စကားတွေပြောဆိုနေကြပေမယ့် ကျုပ်တော့သူတို့အနားထိုင်တာကြာလာလို့လားမသိဘူး နားတွေပူလာတာပါပဲ၊ ပြီးတော့ သူတို့အချင်းချင်းကလည်း ကျုပ်မကြားဖူးတဲ့လူတွေအကြောင်းပြောဆိုနေကြတာကိုးဗျ။ နောက်တော့ မခင်ကြည်က သံဒယ်အိုးတစ်လုံးနဲ့ထွက်လာတယ်ဗျ၊ ဦးအောင်ရှိန်က မခင်ကြည်ကိုလှမ်းမေးတယ်။ “ဟဲ့ ဘာလုပ်မလို့လဲ” “အဖေကလည်း ...

ဝါးညှပ်အား ကိုင်ရင်းမှ     “ဟေ့လူတွေ စကားများမနေနဲ့ သေတူရှင်မကွာ အတူတူနေခဲ့ပြီးမှ ဟိုကောင် ပေတူးရဲ့ ပေါက်ကရစကားတွေ နားထောင်ပြီး  ဦးနှောက်မဲ့မနေနဲ့ ရော့ ကိုဖိုးထွေး ခင်ဗျား ငါးရှဉ့်ကင်လိုက် “     “အေးပါကွာ မင်းက ကြားထဲက ဆရာလာလုပ်နေသေးတယ်  ပေး ပေး ငါကင်မယ်  “     ဖိုးထွေးသည် မကျေမနပ်ဖြင့် ငါးရှဉ့်များကို ယူကာ မီးဖိုဆီ သို့ ထွက်သွားတော့သည်။ထို့နောက် မောင်ဘိုးထင်သည် ပေတူး တုံးတစ်ထားသော ငါးရှဉ့်အစိုများအား သာရကို ချက်ခိုင်းလိုက်‌သည်။သူတို့သေချာထည့်ထားသော ...

တာပေါ့။ အဲဒီအကောင်ကြီး တဲပေါ်တက်လာတော့ ကျုပ်တစ်ကိုယ်လုံးလည်း မလှုပ်ရှားနိုင်ဘူးဖြစ်သွားတယ်ဗျ၊ လက်တွေခြေတွေကိုလည်း လှုပ်မရတော့ဘူး၊ ဒါနဲ့ကျုပ်လည်း ကြောက်လန့်ပြီး အော်ဖို့ကြိုးစားပေမယ့် ကျုပ်ပါးစပ်က ဘာအသံမှမထွက်ဘူးဗျာ၊ ပါးစပ်ကတော့ ဖွင့်လို့ပိတ်လို့ရတယ်၊ ကျုပ်အကြိမ်ကြိမ်ဦးဘသာကြီးကို အော်ခေါ်နေပေမယ့် ပါးစပ်က ဘာအသံမှကိုမထွက်တော့ဘူးဗျ။ အဲဒီအကောင်ကြီးက ခြင်ထောင်ကိုလှန်ပြီးတော့ ကျုပ်ခြေထောက်ကိုလက်နဲ့ကိုင်ထည့်လိုက်တယ်ဗျ၊ သူ့လက်ကလည်း ကြမ်းကြမ်းကြီးဗျာ၊ လူအသားနဲ့တောင်မတူဘဲ သစ်မြစ်ကြီးလို မာမာကြောကြောကြီးဗျ၊ ပြီးတာနဲ့ ကျုပ်ကိုအိမ်ပေါ်ကနေ ဆွဲချတာပဲ၊ ကျုပ်လည်းမရုန်းကန်နိုင်ဘူးဆိုတော့ သူဆွဲချရာအတိုင်း ပက်လက်ကြီးပါသွားတာပေါ့ဗျာ။ တဲက တစ်တောင်လောက်ပဲမြင့်တယ်ဆိုပေမယ့် တဲပေါ်ကနေ မြေကြီးပေါ်ကိုဖင်ထိုင်ကျတော့ နာလိုက်တာဗျာ၊ ကျုပ်တင်ပါးမှာလည်း ဒဏ်ရာတွေနဲ့ဆိုတော့ ပိုဆိုးတာပေါ့၊ ...

လွှတ်ချင်စိတ်ကို ဖော်ပြနေသော အမေးဖြစ်၏။ “လွှတ်လိုက်ပါ…” ဒေါ်ခင်စိုးနှင့် ခင်ပြည့် ဆရာကြီးရုံးခန်းမှ ထွက်လာသည်။ အပြင်မှာ ရပ်နေသော ဌေးဦးကို တွေ့သည်။ “နင့်ကို ဆရာကြီး ခေါ်ခိုင်းလိုက်တယ်။ ရုံးခန်း ထဲမှာ ဆရာကြီးရှိတယ်…” ဒေါ်ခင်စိုးက ပြောပြီး ထွက်သွားသည်။ ဌေးဦး ဆရာကြီးရုံးခန်းထဲ ဝင်သွားသည်။ “မင်းနာမည် ဌေးဦးလား” ဆရာကြီးက မေးသည်။ ဌေးဦး ခေါင်းညိတ်ပြသည်။ “ပါးစပ်က ဖြေ” ဆရာကြီးလေသံက မာသည်။ “ဟုတ်ပါတယ်” “ဟုတ်ရင် လက်ပိုက်ထား …” ဌေးဦး လက်ပိုက်လိုက်သည်။ ...

ဧရာမငါးလင်ပန်းငါးကြီးတစ်ကောင်ကို ဖမ်းဆီးရရှိခဲ့ကြလေသည်။ ထိုငါးကြီးအား ခုတ်စဉ်းပိုင်းဖြတ်ကာ ရွာရှိလူများအား ဝေငှာခြင်း၊ ချက်ပြုတ်ကြော်လှော် စားခြင်း ပြုကြပြီးနောက် ပိုလျှံသည်တို့ကိုလည်း ရက်ရှည်ခံရန် အိုးတွင် အချဉ်သိပ်ထားခဲ့ကြလေသည်။ ထိုမှ နောက်တစ်ရက်သို့အကူး ညနေ နေဝင်ရီတရော အချိန်သို့ရောက်သော် ပေါက်တိုင်းရွာမှ လူတို့သည် ချောင်းထဲမှ ဒီရေတိုးသံများနှင့်အတူ ဆူဆူညံညံ အသံများကို ကြားကြရလေရာ လူတချို့က ချောင်းဆီသို့ သွားရောက်ကြည့်ရှုကြသည်တွင် ဌင်းတို့ဖမ်းဆီးရမိလာခဲ့သည့် ငါးလင်ပန်း ငါးထက် ပို၍ ကြီးမားသော ငါးလင်ပန်းငါးကြီး တစ်ကောင်ကို ရေထဲမှ ဝုန်းခနဲ ခုန်ထွက်လာကာ ရေထဲသို့ ပြန်လည်ငုပ်လျှိုးပျောက်ကွယ် ...

အတတ်ပညာရှင် စုန်းကဝေတို့အားလည်း ပူဇော်အထူးပြုပါတယ်၊ သွားလမ်းသာပါစေ၊ လာလမ်းဖြောင့်ပါစေ၊ ခလုပ်မထိ၊ ဆူးမငြိပဲ လိုရာခရီးကို အေးအေးချမ်းချမ်းရောက်နိုင်အောင် ကူညီဆောင်မတော်မူကြပါ” ဦးဘသာက မျက်လုံးမှိတ်ပြီး ပါးစပ်က တတွတ်တွတ်နဲ့ရွတ်နေသေးတယ်ဗျ၊ နောက်တော့မှ ကျုပ်ဘက်ကိုလှည့်လိုက်ပြီးတော့ “အားလုံးအဆင်ပြေပါပြီကွာ၊ ကဲ ငါတို့တွေ မြိုင်သာကိုလမ်းလျှောက်သွားကြတာပေါ့” ဒီလိုနဲ့ ကျုပ်နဲ့ဦးဘသာလည်း အထုတ်အပိုးတွေနဲ့ လမ်းလျှောက်လာခဲ့ကြတာပေါ့ဗျာ၊ လမ်းလျှောက်ရင်း သူဘာတွေလုပ်သလဲဆိုတာ သိချင်တာနဲ့ ကျုပ်လည်း စပ်စုကြည့်တာပေါ့။ “ဦးဘသာ၊ ခုနက နတ်ကွန်းမှာ ဘာတွေဆုတောင်းနေတာလဲ” “ဆုတောင်းတာမဟုတ်ဘူးကွ၊ စုန်းတွေခရီးသွားမယ်၊ တစ်ရပ်တစ်ကျေးသွားမယ်ဆိုရင် အဲဒီလိုခွင့်ပန်ရသတဲ့ကွ၊ ဒါက အစဉ်အလာပေါ့ကွာ” “ဘယ်သူ့ကိုခွင့်ပန်တာလဲဗျ၊ ...

ဘွားမယ်စိန်မှလွှဲ၍ ဘွားမယ်စိန်၏ သားသမီးများ မည်သူမှမကိုင်ကြရ။ ထိုသို့ဖြင့်ဘွားမယ်စိန်တို့ရွာလယ်ပိုင်းသို့ရောက်လာ၏။ ဘွားမယ်စိန်တို့ရောက်လာချိန်၌ ရွာမှ ကလေး၊လူကြီးအတော်ပင်စုံလင်စွာရောက်ရှိနေကြပြီဖြစ်သည်။ “ဘွားမယ်စိန်ရောက်ပြီဟေ့…ကလေးတွေ နောက်ဆုတ်ကြစမ်း…” လူကြီးအချို့ကအသံပြုကြသည်။ သရဲပူးခံထားရသည်ဆိုသော မောင်တိုးသည် သူ၏အိမ်ရှေ့ဗန်ဒါပင်အောက်၌ တင်ပုလ္လင်ခွေကာထိုင်နေ၏။ မျက်လုံးပြူး မျက်စံပြူးဖြင့်သာ ထိုင်နေပြီး သူ၏ခပ်လှမ်းလှမ်းမှ ဝိုင်းအုံနေကြသော လူများကိုကြည့်ကာ… “ဟားးးး…ဟားးး…ဟားးး….ဟားးးး….ဟားးးးး…….” အသံကျယ်ကြီးဖြင့် အဆက်မပြတ် ဟားတိုက်လို့နေ၏။ ထိုမောင်တိုး၏ရှေ့၌ အဘွားစိန်ရောက်လာချိန်မှာတော့… “ဘယ်သူလဲဟေ့…ငါ့သားဆီမှာလာပူးကပ်နေတာက” ဟု ပြောလေတော့… နီရဲသောမျက်လုံးများဖြင့်စိုက်ကြည့်ကာ ကျယ်လောင်သောအသံနက်ကြီးဖြင့်… “အဘွားကြီး…ကိုယ့်နေရာကိုယ်နေ…ငါ့ကိုအစားကျွေးကြစမ်း…။မဟုတ်ရင် ဒင်းသေပြီသာမှတ်…။” ဟု ဘွားမယ်စိန်အား ပြောလိုက်သည်။ ဘွားမယ်စိန်က သူ၏ တုတ်ကောက်ကြီးအား ...

လိမ့်မယ်” “အိုတော်…ရှာသာရှာခဲ့စမ်းပါ…သူကကျုပ်တို့ကို ငွေမြိုးမြိုးမြက်မြက်ပေးမယ်လို့လည်း ပြောလိုက်သေးတယ်…” “အေး…ဒါဆိုရင်လည်း ရှာရတာပေါ့” မုဆိုးဦးမိုးကျော်သည်ထိုသို့ဆေးဆရာများအတွက် ဆေးမြစ်လည်းရှာဖွေပေးတတ်သည်။ သို့သော်တော၌အလေ့ကျပေါက်သောဆေးမြစ်သည် အလွယ်တကူရှာမရပေ။ထိုဆေးမြစ်အား ဆေးဆရာများက ဖျားနာသည့် လူနာများအားကုသရာ၌ အသုံးပြုကြပေသည်။ ထိုမျှမကသေးထိခိုက်ဒဏ်ရာများအားထိုဆေးမြစ်၏ အရည်အားသုတ်လိမ်းပေးပါက အနာကျက်မြန်ပေသည်။ အသုံးဝင်လှသောထိုဆေးမြစ်၏အမည်သည်ကားမရှိခဲ့။ ရှားပါးလှသောဆေးမြစ်အား ဦးမိုးကျော်တစ်ယောက် တောတက်ရင်းအမှတ်မထင်ရှာဖွေတွေ့ရှိမှသာ ဆေးဆရာများအားရောင်းချရပေသည်။ ယခုတစ်ခေါက် မုဆိုးဦးမိုးကျော်တောတက်ရာ၌ တူဖြစ်သူဖိုးဇင်တစ်ယောက်လိုက်ပါလာခဲ့သည်။ ဦးမိုးကျော်တို့တူဝရီး တောထဲသို့စတင်ရောက်လေ​တော့ အပင်ရိပ်လွတ်သည့်နေရာ၌ စခန်းချကြ၏။ စခန်းချသည်ဆိုသည်မှာ အိပ်ဖို့အရွက်များခင်းကျင်းပြီးအနီးတွင်မီးပုံတစ်ခုသာ ပြုလုပ်ယုံသာဖြစ်သည်။ ဦးမိုးကျော်တို့တူဝရီးသည် ရွာမှယူဆောင်လာခဲ့သော ရိက္ခာခြောက်များကိုသာ စားသောက်ကြပြီးယုန်ထောင်ဖို့ရန်အတွက် ထောင်ချောက်များအသင့်ပြုလုပ်ထားကြသည်။ ထိုထောင်ချောက်များပြုလုပ်ပြီးမှသာ တောထဲတွင်မျှစ်ရှာချိုးကြလေသည်။ ဦးမိုးကျော်၏တူဖြစ်သူဖိုးဇင်သည်ကားဦးမိုးကျော်တော ...