လူယောင်ဆောင်သောကျက်တစ္ဆေ

လိမ့်မယ်”

“အိုတော်…ရှာသာရှာခဲ့စမ်းပါ…သူကကျုပ်တို့ကို
ငွေမြိုးမြိုးမြက်မြက်ပေးမယ်လို့လည်း
ပြောလိုက်သေးတယ်…”

“အေး…ဒါဆိုရင်လည်း ရှာရတာပေါ့”

မုဆိုးဦးမိုးကျော်သည်ထိုသို့ဆေးဆရာများအတွက်
ဆေးမြစ်လည်းရှာဖွေပေးတတ်သည်။
သို့သော်တော၌အလေ့ကျပေါက်သောဆေးမြစ်သည်
အလွယ်တကူရှာမရပေ။ထိုဆေးမြစ်အား ဆေးဆရာများက
ဖျားနာသည့်
လူနာများအားကုသရာ၌ အသုံးပြုကြပေသည်။
ထိုမျှမကသေးထိခိုက်ဒဏ်ရာများအားထိုဆေးမြစ်၏
အရည်အားသုတ်လိမ်းပေးပါက အနာကျက်မြန်ပေသည်။
အသုံးဝင်လှသောထိုဆေးမြစ်၏အမည်သည်ကားမရှိခဲ့။
ရှားပါးလှသောဆေးမြစ်အား ဦးမိုးကျော်တစ်ယောက်
တောတက်ရင်းအမှတ်မထင်ရှာဖွေတွေ့ရှိမှသာ ဆေးဆရာများအားရောင်းချရပေသည်။

ယခုတစ်ခေါက် မုဆိုးဦးမိုးကျော်တောတက်ရာ၌ တူဖြစ်သူဖိုးဇင်တစ်ယောက်လိုက်ပါလာခဲ့သည်။
ဦးမိုးကျော်တို့တူဝရီး တောထဲသို့စတင်ရောက်လေ​တော့ အပင်ရိပ်လွတ်သည့်နေရာ၌ စခန်းချကြ၏။
စခန်းချသည်ဆိုသည်မှာ အိပ်ဖို့အရွက်များခင်းကျင်းပြီးအနီးတွင်မီးပုံတစ်ခုသာ
ပြုလုပ်ယုံသာဖြစ်သည်။
ဦးမိုးကျော်တို့တူဝရီးသည်
ရွာမှယူဆောင်လာခဲ့သော ရိက္ခာခြောက်များကိုသာ
စားသောက်ကြပြီးယုန်ထောင်ဖို့ရန်အတွက်
ထောင်ချောက်များအသင့်ပြုလုပ်ထားကြသည်။
ထိုထောင်ချောက်များပြုလုပ်ပြီးမှသာ
တောထဲတွင်မျှစ်ရှာချိုးကြလေသည်။
ဦးမိုးကျော်၏တူဖြစ်သူဖိုးဇင်သည်ကားဦးမိုးကျော်တော
တက်လျှင်ရံဖန်ရံခါလိုက်ပါတတ်သည်မို့ ဦးမိုးကျော်အတွက်တော့အကူအညီရနေပြီဖြစ်သည်။

“လေးလေး…”

“ဟေ..ဖိုးဇင်ဘာတုန်းဟ”

“ဆေးမြစ်ရှာဦးမှာဆို”

“ဟာ…အဲ့ဆေးမြစ်ကသိပ်မသေချာဘူးမောင်…။တို့ကိစ္စပြီးမှပဲရှာကြည့်ရသေးတာပေါ့”

“အဲ့လိုပဲလုပ်မှာလား”

“အေးပေါ့ဟ…မနက်ကျရင်ယုန်တို့ဘာတို့ရရင် တို့ကိစ္စကပြီးပြီလေ…”

“ဟုတ်ကဲ့ လေးလေး”

နောက်တစ်ရက်မှာတော့ဦးမိုးကျော်၏ထောင်ချောက်
အတွင်း၌ယုန်နှစ်ကောင်မိထားလေသည်။
ဆူးဖြိုးလှသောအကောင်ကြီးတွေမို့ ဦးမိုးကျော်တစ်ယောက် ဝမ်းသာသွားခဲ့လေသည်။
မိထားသောယုန်နှစ်ကောင်အား အရေခွံဆုတ်ခွာလိုက်ပြီး
အသားအား အခြောက်ခံလိုက်သည်။
ပြီးလေမှ ခြေနှစ်ချောင်းအားတုပ်နှောင်၍ ယူဆောင်လာသောခြင်းအတွင်းထည့်ထားလိုက်တော့သည်။
ထိုသို့ ယုန်နှစ်ကောင်ရရှိပြီးသည်မို့ ဆေးဆရာမှာလိုက်သော ဆေးပင်အမြစ်အားရှာဖွေဖို့စတင်ကြတော့၏။
ဆေးပင်အား တူဝရီးနှစ်ယောက်လိုက်လံရှာဖွေကြပါသော်လည်း အတော်နှင့်မတွေ့ကြရ။
သွားရင်းသွားရင်းဖြင့် တောအတွင်းသို့ပို၍ဝင်လာခဲ့ကြမိသည်။
တောနက်အတွင်းသို့ရောက်လာလေလေ အမှောင်ထူသည်ပို၍အားကောင်းလွန်းနေသည်မို့ အသင့်ယူဆောင်လာသည့် မီးတုတ်ဖြင့်သာ သွားလာကြရ၏။
ဖိုးဇင်ကမီးတုတ်အားကိုင်ဆောင်ပြီး ဦးမိုးကျော်သည်ကား သူ၏ဒူးလေးကို ကိုင်ဆောင်လို့ထားခဲ့သည်။
တောနက်အတွင်းပေမို့ သားရဲကောင်များ၏အန္တရာယ်သည်လည်းရှိသေး၏။
ထိုသို့ဆေးမြစ်ပင်အား
အားတက်သရောရှာဖွေကြပါသော်လည်း ဆေးမြစ်ပင်အားမတွေ့ကြသေးပေ။
ရှာဖွေနေရင်းမှ ဖိုးဇင်တစ်ယောက်အထိတ်တလန့်ဖြင့်…

“လေးလေး…တောဝက်…တောဝက်…..”

ဖိုးဇင်၏အော်သံကြောင့်ဦးမိုးကျော် ကြည့်လိုက်မိရာ
တောဝက်မည်းတစ်ကောင်သည် သူတို့ထံသို့ ဦးတည်ကာပြေးလာနေသည်။
တောဝက်၏အစွယ်ကြီးများမှာလည်း ကြီးမားလှ၏။
ထိုရန်လိုနေသော တောဝက်ကောင်အား ဦးမိုးကျော် သူ၏ဒူးလေးကိုသေချာချိန်တွယ်ရင်း…

“ဝီးးး….”

“ဂီးးးးးးးးး”

“ဘုန်း…”

ဦးမိုးကျော်၏ပစ်ချက်သည် တောဝက်ကြီး၏ နဖူးတည့်တည့်သို့စိုက်ဝင်သွားခဲ့လေရာ တောဝက်ကြီးခမျာ “ဘုန်းခနဲ”လဲကျ၍သေဆုံးသွားတော့လေသည်။
ဦးမိုးကျော် တောဝက်ကြီးကိုကြည့်ပြီး…

“ကဲ…တို့တူဝရီး ဆေးမြစ်ရှာတာရပ်ပြီး ဒီကောင်ကြီးကိုပဲ
တို့ရွာဆီသယ်သွားရတော့မှာပဲ ဖိုးဇင်ရေ”

“ဒါပေါ့ လေးလေးရ…ဒီကောင်ကြီးကနည်းနည်းနောနော
မဟုတ်ဘူးဗျ”

ဖိုးဇင်တောဝက်ကြီးကိုကြည့်၍ သဘောကျနေခဲ့သည်။
ဦးမိုးကျော်သည်က အနီးရှိ ဝါးပင်မှ
ဝါးကို ခုတ်ယူလိုက်ပြီး
ထိုဝါးလုံးရှည်အား ဓားဖြင့်အချောသတ်လေသည်။
ပြီးလေတော့ တူဝရီးနှစ်ယောက် တောဝက်၏ခြေလက်များအား
ခုတ်ယူထားသောဝါးလုံး ၌တုတ်နှောင်လိုက်သည်။
ထိုတောဝက်ချည်နှောင်ထားသောဝါးလုံးရှည်အား တူဝရီးနှစ်ယောက် ရှေ့တစ်ယောက်နောက်တစ်ယောက်ထမ်းကာ အိမ်ပြန်ခရီးစတင်တော့သည်။
တောတွင်း၌
တစ်ညထပ်မအိပ်ကြတော့ဘဲ မီးတုတ်အလင်းဖြင့်သာရွာသို့ပြန်ကြဖို့
ဆုံးဖြတ်လိုက်ကြသည်။
ပြန်လာစဥ်လမ်း၌ တောကောင်ကြီးများအသံကိုလည်းကြားနေရ၏။
သို့ကြောင့်ဦးမိုးကျော်တို့နှစ်ယောက်
သတိဝရိဖြင့် လျှောက်လာခဲ့ကြသည်။

“လေးလေး…နောက်ကခြေသံကြားတယ်”

အနောက်မှလိုက်လာသည့် ဖိုးဇင်သည် ဦးမိုးကျော်အားပြောလိုက်လေတော့ ဦးမိုးကျော်နောက်သို့လှည့်ကြည့်လိုက်၏။
သို့သော်မည်သည်ကိုမှမတွေ့ရ၍…

“ဖိုးဇင်…ဒါတောထဲတောင်ထဲဆိုတော့ သတိနဲ့နေ…ဓားကိုလက်ထဲကိုင်ထား….အနားကပ်လာရင်ဘာကောင်ဖြစ်ဖြစ် ပိုင်းသာပစ်လိုက်ကြားလား”

“ဟုတ်ကဲ့လေးလေး”

ဖိုးဇင်သည် ဦးမိုးကျော်စကားအားခေါင်းငြိမ့်ကာပြောလိုက်သည်။
ဦးမိုးကျော်နည်းတူ တူဖြစ်သူဖိုးဇင်သည် အကြောက်အလန့်မရှိသူတစ်ဦးပင်။

“ရှက်…ရှက်…ရှက်….”

နောက်ပါးမှခြေသံသည်ထွက်ပေါ်လာပြန်၏။
ယခုတစ်ခါ ဦးမိုးကျော်လည်းကြားလိုက်ရ၍​ ခြေလှမ်းများ
ချက်ချင်းရပ်တန့်သွားလေသည်။
တူဝရီးနှစ်ဦးနောက်သို့လှည့်ကြည့်ပါသော်လည်းမည်သည့်အရာမှရှိမနေခဲ့ပေ။

“တောက်…ဘယ်ကောင်နောက်ကလိုက်နေတာလဲဟေ့”

ဟု…ဦးမိုးကျော်အော်ဟစ်လိုက်တော့သည်။
သို့သော် ဖြေသူကမရှိပေ။

“ဖိုးဇင်လာကွာ…တို့ခရီးနားမှဖြစ်တော့မယ်…”

ဦးမိုးကျော်ရှေ့သို့ဆက်မသွားလိုတော့။
ရောက်သည့်နေရာ၌ နားဖို့ရန်ပြင်ဆင်တော့သည်။
မီးပုံဖို၍ တူဝရီးနှစ်ယောက် ထိုင်နေလိုက်ကြသည်။
နောက်သုံးနာရီဆိုလျှင်ဖြင့် မိုးလင်းတော့ပေမည်။
ယခုတော့နောက်မှလိုက်ပါလာသည့်
ခြေသံသည်တိတ်ဆိတ်လို့သွားခဲ့ပြန်သည်။
မည်သည်မှမထူးခြားတော့သည်မို့ ဦးမိုးကျော်ခဏအိပ်ဖို့ပြင်တော့သည်။
တူဖြစ်သူဖိုးဇင်သည်ကားအိပ်မရခဲ့၍ မီးပုံ၌ထင်းထပ်ထိုးနေခဲ့သည်။

“ဟိုတောင်ပေါ်ရိုးဆီက…မလေးခင် ကြိုက်တဲ့ပန်းလှရယ်တဲ့….ရိုးတံဝါဝါ…သွယ်လျှတယ် လှပတယ်…..အို……”

“ဟင်…ဘယ်ကသီချင်းသံလည်း”

ဖိုးဇင်မိနိးမပျိုတစ်ဦး၏သီချင်းဆိုသံကိုကြားလိုက်ရ၍ ခေါင်းကိုလည်ပြန်ကြည့်ကာရှာဖွေလိုက်၏။
ထိုသို့ရှာဖွေရင်း သူနှင့်မလှမ်းမကမ်းရှိ အပင်ရိပ်အောက်တွင်ထိုင်နေသော မိန်းမပျိုအား ဖိုးဇင်မီးပုံမှအလင်းကြောင့်မြင်လိုက်ရသည်။
မိန်းမပျိုသည် အဖြူရောင် ရင်ဖုံးနှင့်ထဘီအားဝတ်ဆင်ထားပေသည်။
သူသည်က ဖိုးဇင်တို့တူဝရီးအား သတိမထားမိဟန်ဖြင့် သူ၏သီချင်းကိုသာ သီဆိုနေခဲ့သည်။
ဖိုးဇင် ချောမောလှသော မိန်းမပျိုကိုသော်လည်းကောင်း၊ သူမ၏ သာယာလှသော သီချင်းသံကိုလည်းကောင်းစွဲမက်၍ လူသည်လည်း ညို့ယူခံထားရသူပမာ မိန်းမပျိုရှိရာသို့တရွေ့ရွေ့သွားနေမိသည်။
ထိုသို့သွားနေစဥ်…

“ဝီး…”

“အားးးးးးးး”

“ဖိုးဇင်…”

ဦးမိုးကျော်မှေးရင်းဖြင့်ပြန်နိုးလာခဲ့ရာ တူဖြစ်သူအားကြည့်လိုက်လေတော့ မဝေးသောနေရာမှမျက်လုံးနီနီရှိသည် မဲမဲအကောင်ကြီးတစ်ကောင်ထံသို့
တရွေ့ရွေ့သွားနေသည်ကိုမြင်လိုက်ရ၍ သူ၏ဒူးလေးဖြင့်ထိုအကောင်ကြီးအား
ပစ်ချလိုက်တော့သည်။
ထိုသို့ဦးမိုးကျော်၏ဒူးလေးဖြင့်
ပစ်ခံလိုက်ရသောအကောင်ကြီးသည် အားခနဲတစ်ချက်အော်အပြီးချက်ချင်းပင်ပျောက်ကွယ်လို့သွားတော့သည်။
ဦးမိုးကျော် ထိုအကောင်ကြီးအား ဒူးလေးဖြင်ပစ်ခတ်ပြီးသည်နှင့်တူဖြစ်သူဖိုးဇင်ထံသို့
အပြေးသွားကာသတိမရှိသော
ဖိုးဇင်အားအမည်ခေါ်၍လှုပ်နိုးတော့လေသည်။

“ဖိုးဇင်…ဖိုးဇင်…ဒီမှာလေးလေး…
လေးလေးကိုကြည့်စမ်း”

“အင်…ဟင်…လေးလေး”

“ဟုတ်တယ်လေးလေးလေ…လာပါကွာ….
ဒီတောထဲကနေ တို့တွေထွက်သွားမှဖြစ်တော့မယ်”

ဖိုးဇင်သည် ဦးမိုးကျ်ောစကားများအားနားမလည်ခဲ့သလို
မိမိဖြစ်ပျက်သွားသည်ကိုလည်သတိမရခဲ့။
ထိုသို့ဖြင့် တူဝရီးနှစ်ယောက် တောထဲမှအလျှင်စလိုပြန်ထွက်လာတော့သည်။
တောပြင်သို့ရောက်လေတော့ မိုးပင်လင်းနေပြီဖြစ်သည်။
ဦးမိုးကျော် တောမှထွက်သည်နှင့်မိမိ၏ရွာဆီသို့
တန်းမပြန်ဖြစ်သေးဘဲ သောင်ထွန်းရွာဆီသို့ဦးတည်ထွက်လာခဲ့လေသည်။

*****************

ဦးမိုးကျော်၏စကားအဆုံးသတ်၌ ဘွားမယ်စိန် ခေါင်းတငြိမ့်ငြိမ့်ဖြင့်…

“ဒါတွေကတောတက်တဲ့သူတွေကြုံကြဆုံကြရတာတွေပဲမောင်မိုးကျော်ရေ”

“ဟုတ်ပါတယ်ဘွားရယ်…
ကျုပ်အတွက်ကတော့ဒါတွေကမဆန်းပေဘူး…။ခက်တာကဟောသည်ကောင်ကို ကျုပ်တောထဲခေါ်ဖို့လန့်နေတယ်ဗျာ…ခုကိစ္စတောင်ကျုပ်အတွေ့မြန်ပေလို့မဟုတ်ရင် ဟိုကဒင်းကိုညို့ပြီးစားသွားရင်အခက်ပါလားဗျာ”

“အေးပါကွာ…အရမ်းကြီးလည်းမစိုးရိမ်ပါနဲ့…
မောင်ရင်တို့တူဝရီးအတွက်…ဘွားရဲ့ ပရိတ်ကြိုးလေးတွေပေးလိုက်မယ်။ အဲ့တာလေးတွေသာ လက်မှာဝတ်ထားကြကွယ်”

” ကျေးဇူးတင်ပါတယ်ဘွားရယ်…ဘွားအတွက် ကျုပ်ဟင်းပေးခဲ့ပါရစေ…”

“နေ…နေ…ဘွားကိုအသားဟင်းမပေးခဲ့နဲ့ မောင်ရင်စေတနာရှိရင် အရွက်ဘာညာသာပေးခဲ့ကွယ်”

“ဟုတ်ကဲ့ဘွား…”

ဘွားမယ်စိန်သည်သူ၏ဘုရားခန်းမှ ပရိတ်ကြိုးဖြူလေးများအား ဦးမိုးကျော်တို့တူဝရီးအားပေးလိုက်သည်။
ကျေးဇူးတင်သည့်အနေဖြင့် ဦးမိုးကျော်ကလည်း ဘွားအတွက် မျှစ်များနှင့်ဟင်းရွက်များကိုပေးခဲ့လေသည်။
ပြီးလေတော့ ဦးမိုးကျော်နှင့်ဖိုးဇင်တို့တူဝရီး တောဝက်ကောင်အားထမ်းကာ မိမိတို့ရွာဆီသို့ပြန်သွားကြတော့၏။

ယခုမှာတော့ဖြင့် ဦးမိုးကျော်ဟာမိမိတို့ကြုံတွေ့ခဲ့သောတောတွင်းမှ
ကျတ်တစ္ဆေအကြောင်းကိုဘွားမယ်စိန်ထံလာရောက်ပြောသွားခဲ့ခြင်းဖြစ်ပေသည်။

စာဖတ်သူတို့အနေဖြင့်လည်း တောထဲတောင်ထဲသွားရောက်လျှင်ဖြင့်
ဂရုစိုက်ကြစေလိုပါသည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)

ဖတ်ရှု့ပြီးလျှင်ဝေဖန်မှတ်ချက်ပေးစေလိုပါတယ်။