သရဲငမိုးကြီး

ဘွားမယ်စိန်မှလွှဲ၍
ဘွားမယ်စိန်၏ သားသမီးများ မည်သူမှမကိုင်ကြရ။

ထိုသို့ဖြင့်ဘွားမယ်စိန်တို့ရွာလယ်ပိုင်းသို့ရောက်လာ၏။
ဘွားမယ်စိန်တို့ရောက်လာချိန်၌ ရွာမှ ကလေး၊လူကြီးအတော်ပင်စုံလင်စွာရောက်ရှိနေကြပြီဖြစ်သည်။

“ဘွားမယ်စိန်ရောက်ပြီဟေ့…ကလေးတွေ နောက်ဆုတ်ကြစမ်း…”

လူကြီးအချို့ကအသံပြုကြသည်။

သရဲပူးခံထားရသည်ဆိုသော မောင်တိုးသည် သူ၏အိမ်ရှေ့ဗန်ဒါပင်အောက်၌ တင်ပုလ္လင်ခွေကာထိုင်နေ၏။
မျက်လုံးပြူး မျက်စံပြူးဖြင့်သာ ထိုင်နေပြီး သူ၏ခပ်လှမ်းလှမ်းမှ ဝိုင်းအုံနေကြသော လူများကိုကြည့်ကာ…

“ဟားးးး…ဟားးး…ဟားးး….ဟားးးး….ဟားးးးး…….”

အသံကျယ်ကြီးဖြင့် အဆက်မပြတ် ဟားတိုက်လို့နေ၏။

ထိုမောင်တိုး၏ရှေ့၌ အဘွားစိန်ရောက်လာချိန်မှာတော့…

“ဘယ်သူလဲဟေ့…ငါ့သားဆီမှာလာပူးကပ်နေတာက”

ဟု ပြောလေတော့…

နီရဲသောမျက်လုံးများဖြင့်စိုက်ကြည့်ကာ ကျယ်လောင်သောအသံနက်ကြီးဖြင့်…

“အဘွားကြီး…ကိုယ့်နေရာကိုယ်နေ…ငါ့ကိုအစားကျွေးကြစမ်း…။မဟုတ်ရင် ဒင်းသေပြီသာမှတ်…။”

ဟု ဘွားမယ်စိန်အား ပြောလိုက်သည်။
ဘွားမယ်စိန်က သူ၏ တုတ်ကောက်ကြီးအား မြဲမြဲစုပ်ကိုင်နေရင်း…

“နင်ဘာကြောင့်ပူးကပ်နေတာလဲ….ငမိုးကြီး…….”

“ဘာ……..”

ဘွားမယ်စိန်က ပူးကပ်နေသော သရဲ၏အမည်အားခေါ်လိုက်လေတော့ မောင်တိုး အဖြစ်တလဲ ငမိုးကြီးဆီမှ အံ့သြသံထွက်လာခဲ့လေသည်။
သို့သော်…

“ဒီကောင် ငါ့နေရာမှာအပေါ့လာစွန့်သွားတယ်….။အဲ့အတွက် ဒင်းတို့ကျွေးတဲ့ ထမင်းဟင်း ငါစားရမှကျေနပ်မယ်……..မဟုတ်ရင်တော့ ဒီကောင်အသေပဲ…..ဟောသည်မှာကြည့်……..”

“ဘုန်း…..ဘုန်း……ဘုန်း…………”

“အမယ်လေး…..”

“ဟာ….”

“ဟင်…လုပ်ကြပါဦး…။သေတော့မှာပဲ”

မောင်တိုးကိုယ်၌ ပူးကပ်နေသော သရဲငမိုးကြီးသည် မောင်တိုး၏ခေါင်းအား မြေကြီးဖြင့် ခပ်ကြမ်းကြမ်း ရိုက်ချနေလေတော့ အားလုံးအလန့်တကြားအော်ဟစ်ကုန်ကြ၏။
တားသူကတားဖြင့် အသံများဆူညံ၍သွားခဲ့လေသည်။

မောင်တိုး၏ခေါင်း၌မှာလည်း သွေးများက ဒလဟောစီးကျလို့နေခဲ့သည်။

“ရပ်လိုက်စမ်း……..”

ဘွားမယ်စိန် သူ၏တောင်ဝှေးအား မောင်တိုးထံသို့ ညွှန်ကာ တားဆီးလိုက်၏။
ပြီးနောက်…

“မရတော့ဘူးပဲ….အေး….မယ်စိန်တဲ့ဟဲ့….မယ်စိန်က ကောင်းရင်နတ်ပြည်ပဲရောက်ရောက် ဆိုးရင်ငရဲပဲရောက်ရောက်……ချုပ်စမ်း……”

“ဒုန်း……”
ဘွားမယ်စိန်ပြောလည်းပြော သူ၏တောင်ဝှေးအား မြေကြီးပေါ် ဆောင့်ချလိုက်လေတော့….ထိုအခါ မောင်တိုးထံမှ….

“ဟင်….
အ……အ………လွှတ်….ငါ့ကိုလွှတ်စမ်း……..”

ဟူသော်အော်သံ၊ရုန်းကန်သံများထွက်ပေါ်လာတော့သည်။

ဘွားမယ်စိန်နှင့်မောင်တိုးတို့အား ဘေးရှိလူများအားလုံး မျက်တောင်မခတ်တမ်း ကြည့်နေကြတော့၏။

“ထွက်မှာလား…ဆက်အာခံနေမှာလား…ပြော…..”

“မထွက်ဘူး….ဒီကောင်လည်း
အသေပဲနေရမယ်…ဟား………..”

“ပြောလေကဲလေပါလားဟဲ့….တွေ့ကြသေးတာပေါ့ မယ်စိန်နဲ့တော့…….ဟင်းးးးးး……..ဥုံ……….”

ဘွားမယ်စိန်သည် သူ၏တောင်ဝှေးအား မောင်တိုးထံသို့ ညွှန်၍ နူတ်မှ ဂါထာမှရွတ်နေလေသည်။
ဘွားမယ်စိန်ဂါထာရွတ်ဆိုနေချိန်၌…..

“အ….အမလေး…..အမလေး….လေး….ပူလိုက်တာဗျာ…..ပူလိုက်တာ…..အား……..အမလေးဗျ……အမလေး…လေး….ပူလိုက်တာ…..ပူလိုက်တာ………….”

မောင်တိုးကျောကိုကော့၍ မြေပေါ်မှ အော်ဟစ်လူးလိမ့်နေလေပြီ။
ဘွားမယ်စိန်သည်လည်း ဂါထာအားအရွတ်မပြတ်….။
ဘွားမယ်စိန်၏မျက်လုံးများသည်လည်းမှိတ်၍ထား၏။
မောင်တိုးထံသို့သူ၏တောင်ဝှေးကအညွှန်မပြတ်သေး….

“အမလေး….ကယ်ကြပါဦး….ပူလိုက်တာဗျာ…
ပူလိုက်တာ….တော်ပါတော့….ပူလွန်းလို့ပါ……ကြောက်ပါပြီဗျ……အမလေးဗျ………..တော်ပါတော့ဗျ….
အမေ…..အမေ…ကျွန်တော် ကြောက်ပါပြီဗျ….ခွင့်လွှတ်ပေးပါ……အမလေးဗျ……”

ဟုအထပ်ထပ်တောင်းဆိုလာလေသည်။
ထိုအခါ ဘွားမယ်စိန်သူ၏ ဂါထာရွတ်ဆိုခြင်းကို အဆုံးသတ်လိုက်၏။
တောင်ဝှေးကိုလည်းမြေပေါ်ပြန်ထောက်ကာ မောင်တိုးထံသို့မျက်လုံးအားပြန်လည်ဖွင့်ကြည့်လိုက်သည်။
မောင်တိုးသည်ကတော့ လက်အုပ်ချီလျှက်သားဖြင့်ဘွားမယ်စိန်အား ဦးညွှတ်ထား၏။
ထိုအခါ ဘွားမယ်စိန်က…

“ကဲ…ကိုယ့်ဂတိကိုယ်တည်….နင့်ဒဏ်တွေနင်ပြန်ယူသွားတော့…..”

“ဟုတ်…..ဟုတ်ကဲ့………”

ထိုသို့ပြောရင်း မောင်တိုးသည် သူ၏ကိုယ်အား အပေါ်မှအောက်သို့လက်ဖြင့် သုံးကာသက်ချလေသည်။
ထိုသို့ သက်ချအပြီး၌တော့…..

“ဟဲ့….ဟဲ့…..ထူကြပါဦး….”

မောင်တိုးပျော့ခွေကာလဲကျသွား၍ ဝိုင်းဝန်းထူကြလေသည်။
သို့သော် မောင်တိုးတစ်ယောက် သတိမေ့မြော နေစဲ….။
သတိမေ့မြောနေသော မောင်တိုးအား ဘွားမယ်စိန်ကကြည့်ရင်း….

“သောက်ရေတစ်ခွက်ပေးကြစမ်း…..”

“အဘွားက သောက်ရေတဲ့ဟေ့…ယူခဲ့ကြဦး……”

သောက်ရေတစ်ခွက် အဘွားစိန်၏ လက်အတွင်းရောက်လာချိန်မှာတော့….

“ဥုံ့….ဘုရားဆေး….တရားဆေး….မယ်စိန်ရဲ့ဆေး….”

“ဗြန်း……”

မောင်တိုး ၏မျက်နှာအထက်သို့ ရေများအား ဖြန်းပတ်လိုက်လေတော့…..

“အင်…..အင်း……..”

“ဟာ…သတိရပြီ….မောင်တိုးသတိရပြီဟ….”

မောင်တိုးပြန်လည်သတိဝင်လာ၏။
သတိဝင်လာလာခြင်းမည်သည်ကိုမှသတိမရ သူ့အားဝိုင်းအုံကြည့်နေသည့်လူအုပ်ကြီးကိုငေးနေ
လေသည်။
ထိုအခါ မောင်တိုး အမေ ဒေါ်တာက…

“ဟဲ့သား….နင့်ကိုသရဲဝင်ပူးတာဟဲ့…ဘွားမယ်စိန်ကို ကန်တော့…… အဘွားကနင့်ကိုကယ်တာ….ကန်တော့သား….ဘွားကိုကန်တော့လိုက်…..”

ဟုပြောလေတော့ မောင်တိုးပြာပြာသလဲဖြင့် ဘွားမယ်စိန်အား ကန်တော့လေသည်။
ကန်တော့နေသော မောင်တိုးအား ဘွားမယ်စိန်က….

“အင်း….နောက်ကိုအပေါ့အလေးသွားရင် ခွင့်တောင်းပြီးမှသွား….နတ်ရှိလို့ဖြစ်ဖြစ်….ပရလောကသားရှိလို့ပဲဖြစ်ဖြစ် တစ်ခုခုဆိုရင် အခုလိုကြုံကြရမှာပဲ…အဲ့တော့ အပေါ့အလေးသွားရင်ခွင့်တောင်းကြ”

“ဟုတ်ကဲ့ပါဘွား….ကျုပ်ကို ကယ်ဆယ်ပေးတာကျေးဇူးတင်ပါတယ်ဘွားရယ်…ဘွားပြောတဲ့အတိုင်းပဲ ကျုပ်လိုက်နာမှာပါစိတ်ချပါဗျာ…..”

“အေးကွယ်…ကျန်းမာပါစေ…ချမ်းသာပါစေ…..။
ဟဲ့…မိတာ…ညည်းသားအပေါ့စွန့်ခဲ့တဲ့နေရာမှာ ထမင်းဟင်းသွားချပေးလိုက်ဦး….ချပေးရင် ငမိုးကြီးကိုကျွေးပါတယ်စားပါသောက်ပါလို့ပြော….ကြားလား”

“ဟုတ်….ဟုတ်ကဲ့ဘွား……”

မောင်တိုးအား ပြောနေရင်း မောင်တိုးအမေထံသို့စကားရောက်ကာ သရဲငမိုးကြီးအားအစာကျွေးစေသည်။

“အေး….အေး….ငါလည်း မောင်တိုးကိုကယ်ဖို့သာလုပ်ပေးရတယ် သူလည်းခံလိုက်ရတာမနည်းပါဘူးဟယ်…..ကျွေးလိုက်….ကျွေးလိုက်…..ကဲ…ငါပြန်တော့မယ်……..”

ဟုပြောရင်းလူအုပ်ကြားမှ တရွေ့ရွေ့သူ၏အိမ်ဆီသို့ ပြန်သွားတော့၏။

ဘွားမယ်စိန်ပြန်သွားလေတော့ ရွာသူ၊ရွာသားများဟာ မောင်တိုးနားသို့ဝိုင်းအုံလာကြ၏။
သရဲငမိုးကြီးလက်ချက်ကြောင့် ခေါင်းမှသွေးများခြောက်လု့လု့ဖြစ်နေသော ဒဏ်ရာအားကြည့်နေကြရင်း….

“ဟာ….သွေးတွေတောင်ခြောက်သွားပြီ….
ဒဏ်ရာလည်းမရှိပါလား…..”

“အေး…အစောက နင့်ဒဏ်နင်ပြန်ယူလို့ ဘွားမယ်စိန်ပြောတယ်မလား….အဲ့တာကြောင့်ဒဏ်ရာမရှိတာထင်တယ်”

“ဟုတ်မယ်တော့….”

“ဘွားမယ်စိန်ကတော်တော်စွမ်းတာပဲနော်…..”

“စွမ်းဆို…ဘွားက ဘုရားတရားသမားကိုအေ့…..။ဘုရားတရားသမားကိုဘယ်သရဲကပြိုင်ရဲမှာလဲ”

“အဲ့လိုလား………”

ရွာသူ၊ရွာသားများထံမှအသံများဆူညံနေသော်လည်း ဘွားမယ်စိန်တစ်ချက်မျှလှည့်မကြည့် သူ၏လမ်းကိုသာဆက်လျှောက်သွားလေသည်။

ပြီးပါပြီ။

  • ယဥ်မင်း(ကန့်ဘလူ)