ဝယ်တဲ့စျေးက အခုရက်မှာ နည်းနည်းကွာနေတယ် ပြောကြတယ်” ဟေ …ဟုတ်လား ။ ဟုတ်ချင်ဟုတ်မှ တာတေရဲ့ တို့ရွာကို နှမ်းတွေ ပဲတွေ ဆင်းဝယ်တဲ့ ပွဲစားငထွန်းက လောဘ သိပ်ကြီးတယ်လို့ လူတိုင်းပြောကြတာ ။ ဒီလိုမျိုး စျေးကိုခွာဝယ်။ အလေးတင်းတောင်း မမှန်မကန် ချင်ယူလုပ်လို့ကတော့ ဘယ်မှာ ရေရှည်ခံရမှာတုံး ။ ငါတို့ရွာတွေက မြို့နဲ့ အလှမ်းဝေးတာမှ မဟုတ်တာ မြို့တက်ပြီးရောင်းလိုက်မှာပေါ့ဟဲ့” “အမေပြောတာ ဟုတ်တာပေါ့။ ပွဲစားက စိတ်ဓါတ်မကောင်းရင် ရေရှည်လုပ်စားလို့ မရတော့ပါဘူးဗျာ” “အမေပြောတာ ဟုတ်တာပေါ့။ ပွဲစားက ...

ကြည့်ရင်းတွေးတောနေကာ မောင်ဘိုးထင်အား စကားဆိုလေသည်။     “ဘိုးထင် ငါတခုပြောမယ်နော် မင်းစိတ်မဆိုးနဲ့ “     “ပြောလေ ပေတူး”     “မင်းဖမ်းပြီး ပေတူးအဘ ကိုယ်ထဲ ဝင်ခိုင်းထားတဲ့ သရဲမကြီးနာမည် က မြခင်နော် “     “အေး ဟုတ်တယ်လေ “     “မင်း အမေရဲ့ နာမည်က  ဘယ်သူ”     “မြခင်ပဲ လေ “     “မင်း အမေ ဖြစ်နေမလား မသိနော် “     ...

န​ှင့်သယ်နေရင်းမှ နောက်ဆုံးအခေါက်သယ်ဖို့ကျင်းစီပြန်အလာတွင်..နောက်ပါးမှခြေသံတစ်ရှပ်ရှပ်ကြားလိုက်ရတာမို့ လှည့်ကြည့်လိုက်မိသည်..။ ထိုသို့ကြည့်လိုက်မိသည်ကပင် ကိုသာလှအတွက်အမှားဖြစ်သွားကာ..ကျင်းဝတွင်ချထားသည့်တူရွင်းပြားကိုနင်းမိရင်းခြေချော်က ေမြကျင်းထဲပြုတ်ကျသွားသလို ကိုသာလှ၏ နာနာကျင်ကျင်အော်လိုက်သံကြီးကတောင်ခြေတွင်ပဲ့တင်ထပ်သွားတော့သည်..။ ============== ပြန်နေကျအချိန်ရောက်နေတာတောင် ကိုသာလှတစ်ယောက်ပြန်မလာသေးတာမို့ မခင်မြတစ်ယောက်လည်တစ်ဆန့်ဆန့်ဖြစ်နေရသည်..။ မိုးချုပ်စပြုမှ ကိုသာလှတစ်ယောက်တူရွင်းတွေပေါက်တူးတွေထမ်းကာပြန်ဝင်လာတာတွေ့တာမို့စိတ်အေးသွားရသည်..။ “ကိုသာလှရယ်..တော့်မလဲနောက်ကျလိုက်တာတော်..” “အေး…အလုပ်များသွားလို့…” မခင်မြအပြောကိုခပ်ပြတ်ပြတ်ပြန်ဖြေရင်း အိမ်နောက်ဘက်မှကွေ့ပတ်ကာအိမ်ပေါ်တက်သွားတာမို့မခင်မြလဲအိမ်ပေါ်တက်လိုက်လာမိသည်..။ သာမန်နှင့်မတူကာ ကိုသာလှတစ်ယောက်အင်္ကျီတွေမှာ မြေ​ကြီး တွေပေကျံပြီးမျက်နှာကလဲသာမန်ထက်ပိုတည်နေသလို…။ “ကိုသာလှ..အလုပ်ရော အဆင်ပြေရဲ့လား…” “ပြေတယ်..ထမင်းစားမယ်ကွာ..ထမင်းခူးတော့..” “တော်ရေမချိုးဘူးလား…” “မချိုးတော့ဘူးကွာ…အဝတ်ပဲလဲလိုက်တော့မယ်..” အခန်းထဲဝင်ကာ ခပ်နွမ်းနွမ်းအဝတ်တွေကိုဝတ်ပြီးပြန်ထွက်လာရင်းထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်..။ ချက်ထားသော အမဲသားနှင့်ထမင်းကိုတစ်ထိုင်တည်းသုံးပန်ကန်လောက်ကုန်အောင်စားပြီးချက်ချင်းကို အိပ်ခန်းထဲဝင်သွားတော့သည်..။ အရင်လိုမဟုတ်ပဲထူးခြားနေပေမဲ့ အလုပ်ပင်ပန်းလို့နေမှာပါဟုတွေးကာ စားသောက်ထားသောပန်းကန်ခွက်ယောက်တွေဆေးကြောပြီးမှ..ပိုသောဟင်းများကိုမနက်အတွက်ရည်ရွယ်ရွယ်ပြီးကြောင်အိမ်ထဲထည့်ကာသေချာသိမ်းဆည်းထားလိုက်တော့သည်…။ ================= “တုံ..တုံ…တုံ..” ရွာဦးကျောင်းမှအုန်းမောင်းခေါက်သံနှင့်အတူနိုးလာတော့ ကိုသာလှတစ်ယောက်ဘေးမှာအိပ်တုန်း..။ “ကိုသာလှ…ဆွမ်းလောင်းဖို့ပြင်ကြမယ်လေ..ထပါတော့လား ...

လွှတ်နာမည်ကြီးတဲ့ လက် သည်မကြီးဗျ။ “ကဲ ဒါဆိုလည်း နည်းနည်းလောက် ညှစ်ကြည့် စမ်းအေ၊ ကျုပ်က အပေါ်ကတွန်းပြီး မွေးပေး မယ်၊ ငွေစိန် ညည်းက ရှေ့က စောင့်ပြီး ကလေးကောက်ပေါ့အေ” လို့ အမေ့ကိုပြောရင်း မျက်စိမှိတ်ပြသတဲ့ဗျ။ အရီးမယ်သုံ စိတ်ကျေနပ်အောင် လုပ်ပေး တဲ့ သဘောပေါ့ဗျာ။ ဒါပေမဲ့ လက်သည်ကြီး က တခြားကလေးတွေ မွေးသလိုပဲ သေသေ ချာချာလုပ်ပေးတာတဲ့ဗျ။ ခဏနေတော့… “မွေးပြီ မွေးပြီ ” လို့ အရီးမယ်သုံက ပြောရင်း မွေးလိုက် ...

ဟင်းစားမပေါ်သည့်အခါအခြားရွာသွားရှာရ၏ဒါတောင်အလျှင်မမှီသဖြင့်အိမ်မှာမွေးထားသောတိရစ္ဆန်များလဲအလွတ်မပေးသတ်စားလိုက်တာတစ်ကောင်မှပင်မကျန်အောင်ကုန်သွားပြီဖြစ်သည်။ ထိုအသားငါးများချက်ပြုတ်ရာတွင်လဲကျက်အောင်ပင်မစောင့်ပဲစားသည့်အခါစားနေသဖြင့်ဦးရောဘတ်စိတ်ထဲသူ့မိန်းမဘီလူးများစီးနေသလားအပများမှီနေသလားဘာလားညာလားထင်မိပေမဲ့ကိုယ်ဝန်သည်ဆိုတော့ချဉ်ခြင်းတပ်တာဖြစ်မှာပါဟုဖြေတွေးတွေးနေရပေမဲ့ဘဝင်တော့မကျလှပေ ဦးရောဘတ်ဟိုတွေးဒီတွေးတွေးနေရင်သူ့မိန်မဒေါ်အာစာလဲကလေးမွေးသံမကြားရဟုစိတ်ပူနေမိ၏ပူမဲ့သာပူနေသည်အာဆာအကြောင်းသူအသိဆုံးပင် ဒီနေရာမှာသူ့့မိန်းမဒေါ်အာစာအကြောင်းနဲနဲတော့ပြောပြရန်လိုလာပြီဟုထင်၏သှု့မိန်းမသည်တခြားမိန်းမများကလေးမွေးသလိုအော်ဟစ်၍မနေကလေးလေးယောက်သာမွေးခဲ့သည်တစ်ခါမှအော်ဟစ်နေသံမကြားရအနည်းငယ်ညီးနေရုံမှတစ်ပါးဆူညံ့စွာမအော်တတ်ပေအလွန်သတ္တိရှိသည်ဟုပြောရမည်ပင်ကိုယ်ဝန်တကားကားနှင့်လည်းနားမနေအလုပ်လုပ်လျက်ရှိသည်အလုပ်လုပ်သည့်အခါလဲယောင်္ကျားများနှင့်တန်းတူရင်ပေါင်တန်းကာလုပ်နိုင်သည်ဘယ်အရာကိုမှအကြောက်အလန့်သိပ်မရှိ၍ရွာကလူအများစုကသူမအားဒေါ်အာစာဆိုသောနံမည်ဖျောက်၍ဒေါ်အာဇာနည်ဟုနောက်ပြောင်ခေါ်တတ်၏ ဦးရောဘတ်မည်မျှအတွေးလွန်သွားသည်မသိရွာထဲကလက်သည်ဒေါ်အဲဖောကိုကူညီမည့်သူများအိမ်ပေါ်ကဆင်းလာကြသည်ကိုတွေ့လိုက်ရ၏သူတို့မျက်နှာများသည်မကောင်းကြပါဦးရောဘတ်လဲပျာပျာသလဲမေးလိုက်၏ ”””ဒေါ်အာစာမွေးပြီလားဗျ”” သူအမေးကိုရွာသူအမျိူ းသမီးများကခေါင်းငြိမ့်ပြကြသည်အရင်လိုဝမ်းသာအားရစကားမဆိုကြသောကြောင့်ဦးရောဘတရင်ထိတ်သွား၏်တစ်ခုခုဖြစ်ပြီဆိုတာမပြောပဲသိလိုက်၏ကလေးငိုသံလဲမကြားရသဖြင့်သူ့မိန်းမများတစ်ခုခုဖြစ်ပြီလားဆိုသည့်စိုးရိမ်စိတ်ကထူပူ၍သွားကာအငမ်းမရမးလိုက်ပြန်သည်။ ””’ဘာလို့ကလေးငိုသံမကြားတာလဲ—–အာစာကောကျမ်းမာရဲ့လားအာစာဘာဖြစ်လို့လဲ””’ သူ့အမေကိုရွာထဲကအမျိူ းသမီးများကအိမ်ပေါ်သို့မေးငေါ့ပြကာခြံဝိုင်းထဲကခပ်သွက်သွက်ထွက်သွားကြသည်။ ဦးရောဘတ်လဲအိမ်ပေါ်သို့အပြေးအလွှားတက်သွားကာဒေါ်အာစာမီးနေခန်းထဲဝင်၍ကြည့်ရာဒေါ်အာစာသည်အိပ်နေရင်းမျက်လုံးများကသူ့နဘေးကအရာကိုကြည့်၍ကြောင်စီစီဖြစ်၍နေ၏ ””’အာစာမင်းဘာမှမဖြစ်ဘူးမဟုတ်လားးးးကလေးကောငါစိတ်ပူလို့သေတော့မယ်””’ ဦးရောဘတ်အမေးကိုဒေါ်အာစာကပြန်မဖြေပဲသူ့နဘေးကအရာအားမေးဆတ်ပြလိုက်သည်။ဦးရောဘတ်ကြည့်လိုက်တော့အနှီးအဟောင်းကလေးပေါ်တွင်တင်ထားသောမဲမဲခြောက်ခြောက်နှင့်လက်တစ်ဝါးစာမရှိတရှိလူရိုးစုကလေးလိုလိုလူခြောက်ကလေးအားတွေ့လိုက်ရသည့်အခါမျက်မှောင်ကျူံ့့သွား၏သူသဘောပေါက်သွား၏သူ့မိန်းမသည်လူခြောက်ကလေးမွေးသည်ဟုထင်သဖြင့်အနားကလက်သည်ဒေါ်အဲဖောအားမေးလိုက်သည်။ ””ဒေါ်အဲဖောဒါလူခြောက်ကလေးမဟုတ်လား””’ သူ့အမေးကိုဒေါ်အဲဖောကမျက်စိမျက်နှာပျက်စွာဖြေလိုက်သည် ”’လူခြောက်မဟုတ်ဘူး—-ဘီလူးခြောက်ကလေးပဲ”” ဒေါ်အဲဖောစကားကြောင့်ဦးရောဘတ်မျက်လုံးပြူးးသွား၏လူခြောက်ကလေးအားလက်ပေါ်တင်၍အသေအချာကြည့်လိုက်မိရာမျက်နှာသည်လူမျက်နှာနှင့်မတူပဲဘီလူးတစ်ကောင်၏မျက်နှာလိုမျက်လုံးပြူးပြူးကလေးနှင့်ဖြစ်ကာပါးစပ်တွင်အစွယ်နှစ်ချောင်းအထင်အရှားပါနေသည်ကိုအံ့သြဖွယ်တွေ့လိုက်ရ၍ဘီလူးခြောက်ကလေးဆိုတာသေချာ၍သွား၏ ဦးရောဘတ်ရွာထဲနှင့်အခြားရွာများမှလူခြောက်ကလေးမွေးတာမြင်ဘူး၏သေသေချာချာလဲသွားကြည့်ဘူး၏ထိုသာမန်လူခြောက်နှင်ယခုဘီလူးခြောက်သည်များစွာကွဲပြားနေသည်မှာအမှန်ပင်ဖြစ်သည်ဘီလူးခြောက်ကိုတစ်ခါမှမမြင်ဘူးအခုမှသာမြင်ဘူးသဖြင့်အံ့သြမကုန်နိုင်အောင်ဖြစ်နေ၏သူ့လက်ထဲကဘီလူးခြောက်အားအောက်သို့ပြန်ချကာလက်သည်ဒေါ်အဲဖောအားစိတ်လှုပ်ရှားစွာမေးလိုက်၏ ””’ဒေါ်အဲဖော—–ကျု ပ်တစ်သက်တာမှာဘီလူးခြောက်ဆိုတာအခုမှမြင်ဘူးတော့တယ်ဗျာ—-ခင်ဗျားကအတွေ့အကြုံရှိတော့ဘာဆက်လုပ်ရမလဲပြောပါအုံးဗျ””” ””ကျွန်မလဲမွေးဖွားပေးလာတဲ့သက်တန်းတစ်လျှောက်လူခြောက်ပဲမြင်ဘူးတာ—-ဘီလူးခြောက်ကိုအခုမှမြင်ဘူးတာဒါပေမဲ့ကျွန်မအဖွားလက်ထက်မှာတော့တခါကြုံဘူးတယ်ပြောတယ်အဲဒီဘီလူးခြောက်က———””’ ဒေါ်အဲဖောကစကားကိုဆက်မပြောပဲပြောသင့်မပြောသင့်စဉ်းစားနေဟန်ရှိ၏ထိုအခါစိတ်မရှည်သောဦးရောဘတ်က ””’ပြောမယ့်သာပြောစမ်းပါဗျာ—-ဘာတွေဆက်ဖြစ်ပြီးဘာလုပ်ရမလဲလို့” ‘ ””အဲဒီဘီလူးခြောက်ကရွာထဲကလူတွေကိုသတ်စားသတဲ့အစကတော့မသိပေမဲ့နောက်တော့သိလို့သတ်ပစ်လိုက်ရတယ် ဒါကြောင့်ဒီဘီလူးခြောက်ဟာရွာကိုအန္တရယ်ပေးနိုင်တယ်သတ်ပြစ်တာကောင်မယ်လို့ထင်တယ်””’ ””ဒါဆိုလဲတစ်ခါထဲသတ်လိုက်မယ်လေ—အချိန်ဆွဲမနေနဲ့တော့””’ ဦးရောဘတ်ကပြောပြာဆိုဆိုအိမ်ရှေ့ခန်းထရံတွင်ထိုးထားသောဌက်ကြီးတောင်ဓားအားပြေးဆွဲယူလိုက်သည်။ ထို့နောက်စိတ်မြန်လက်မြန်ရှိသူမို့ဘီလူးခြောက်ကလေးခေါင်းအားခုတ်ရန်ရွယ်လိုက်ရာဒေါ်အာစာကဟန့်တားလိုက်၏ ””မလုပ်ပါနဲ့အုံးးးရှင်ကလဲစိတ်မြန်ချက်ကလွန်ရောကျွန်မတောင်သေချာမကြည့်ရသေးဘူး—-ကျွန်မကြားဖူးတာကတော့ဘီလူးအစိုကလေးမွေးမှလူစားတယ်ကြားဘူးတာပဲအခုဟာကဘီလူးခြောက်ဆိုတော့—– ဘာမှတော့မလုပ်နိုင်လောက်ဘူးထင်တယ်—-ဒီလိုထူးထူးဆန်းဆန်းရလာတာကိုခဏလောက်တော့စောင့်ကြည့်ချင်တယ်တစ်ပတ်တန်သည်နှစ်ပတ်တန်သည်ပေါ့—-အကြောင်းထူးလာရင်တော့သတ်သင့်သတ်ရတော့မှာပေါ့””” ဦးရောဘတ်လဲလူအာစာစကားကြောင့်စိတ်ရှော့ထားလိုက်သည်။ဒေါ်အာစာ ________________ နံနက်ခင်းအလင်းရောင်နှင့်အတူအထူးတလည်စိတ်ဝင်စားဆုံးသတင်းကတော့ ””ဟဲ့နင်ကြားပြီးပြီးလာညကဒေါ်အာစာဘီလူးခြောက်ကလေးမွေးသတဲ့”” ””အေးဟဲ့ဒါ့ကြောင့်ညကကလေးငိုသံမကြားရတာပဲနေမှာ”’ ””ဒါဟာမကောင်းဘူးဘီလူးဆိုတာလူတွေစားတယ်ကြားဖူးတယ်ငါတို့ရွာတော့ဒုက္ခရောက်တော့မှာပဲ”” ”’ဦးရောဘတ်ကညတွင်းခြင်းသတ်မယ်တကဲကဲလုပ်နေတာဒေါ်အာစာတားထားလို့တဲ့”” ””အေးလေသတ်သင့်သတ်ရမှာပေ့ါ”’ ...

တွေ့လိုက်တယ်ဗျ..အစတုန်း ကတော့လှလို့ဆိုပြီးကြည့်နေရင်း… ” အကိုတို့ဘယ်သွားမလို့လဲ” ဆိုပြီးကျုပ်တို့ဆီခပ်သွက်သွက် ပြေးလာတယ်… ” ကျုပ်တို့ရွာပြန်မလို့ပါ” “ဘယ်ရွာလဲ” “စည်ပါရွာပါ” “သြော်” “သိလို့လားဒီကညီမက” “မသိပါဘူး ဒီတိုင်းစပ်စုကြည့်တာပါ” အဲ့လိုနဲ့စကားကအတော်လေးကြာအောင်ပြောပြီး တဲ့အချိန်မှ…သတိပြန်ဝင်လာ၍…ဒါသတင်းထဲမှာဘီးလူးမ ပါလားဆိုပြီး…သူငယ်ချင်းတွေကိုအမြန်ဆိုင်ကယ်ပေါ်တက် ခိုင်းကာ…ဆိုင်ကယ်အမြန်နိုးပြီးရွာကိုအမြန်ပြန်လာခဲ့တယ် ကျုပ်အိမ်ရောက်သွားပေမဲ့…စိုးရိပ်နေတာတစ်ခုရှိတယ်… ကျုပ်ကိုဘယ်သွားမလဲလို့မေးတုန်းက.. စည်ပါရွာလို့ဖြေ ိ့ုလိုက်တယ်မဟုတ်လား…တော်ကြာတကယ်ရောက်လာရင် ဘုရားဘုရားဆိုပြီး… ကြောက်စိတ်တွေဝင်နေမိတယ်… ကျုပ်တစ်နေ့နွားကျောင်းပြန်လာချိန်လမ်းမှာ… ” ဟေ့ကောင် မင်းအဒေါ်ဆုံးသွားလို့တဲ့ကွ” ” ဘယ်လို ဘယ်လိုဖြစ်တာလဲအာကာ” ” ဒီလိုကွ မင်းအဒေါ်ကတောထဲထင်းခွေသွားနေချိန်မှာ လူတစ်ယောက်ယောက်ကသတ်လိုက်တာနေမယ်လို့ ပြောနေကြတာပဲကွ အသည်းတွေကလိစာတွေဘာဆိုဘာ တစ်ခုမှကိုမရှိတော့တာ” ” ဟာကွာ ...

ပြန်သိမ်းမယ်ဟေ့…” အုန်းခင်မြင့်ကို ဝင်ပူးနေတဲ့ကဝေပက ဒေါသတကြီး အော်ဟစ်တယ်…၊ “အတိတ်ဘဝတုန်းက မကောင်းတဲ့အကျင့်စရိုက်တွေ ကြောင့် ဒီဘဝမှာလည်းယုတ်ညံ့တဲ့အောက်လမ်းပညာသည် ကဝေလာဖြစ်ရတယ်၊ဒီဘဝမှာလည်း ခုလိုပဲ တစ်ဖက်သားအပေါ် ယုတ်ယုတ် မာမာဖမ်းစားနှိပ်စက်နေဦးမယ်ဆိုရင် နင်သေရင်အဝီစိချိုးကပ်ဖို့ ပဲ ရှိတော့တယ်။ နင် မကြောက်ဘူးလား…”ဆရာကြီးဟာ ကဝေမကို အဝီစိငရဲနဲ့ခြောက်လှန့်လိုက် တယ်။ကဝေမက ဂရုမစိုက်တဲ့အသွင်နဲ့ မျက်နှာကိုရှုံ့မဲ့ပစ်လိုက် တယ် “အဝီစိချိုးကပ်ရုံမကလို့ ဘာပဲဖြစ်ဖြစ် မကြောက်ဘူး..” “အေးလေ၊ နင်က နင့်ပညာအားကိုးနဲ့ တင်းခံနေတော့ ငါကလည်း နဂါးမှန်းသိအောင် အမောက်ထောင်ပြရတော့မှာပေါ့၊ ကဲ၊ လက်နောက်ပြန် ကြိုးချည်လိုက်စမ်း..” ဆရာကြီး အမိန့်ပေးလိုက်တာနဲ့ ...

သာသာလေး ရှိတာလေဗျာ။ ရှောက်ရည် တစ်ပုလင်းနဲ့ ထန်းလျက်အရက် ။ ခေါက်ရေ သန့်သန့်တစ်ပုလင်း ရောရသဗျ။ ထန်းလျက်အရက်ဆိုတာ တောအရက်ကို ပြောတာဗျာ။ အဲဒီနှစ်ပုလင်းစာကို ကြေရည်သုတ်ဇလုံထဲမှာ ထည့်ရတယ်။ တစ်ခါတလေတော့လည်း မြေအိုးနဲ့ ကျိုရသဗျ အဲဒီနှစ်ပုလင်းစာကို တစ်ပုလင်းစာကျန်အောင် ကျိုရတယ် ။ တစ်ပုလင်းစာ ကျန်ပြီဆိုတော့မှ အဆင်သင့်ဝယ်ထားတဲ့ ငါးလင်ဗန်းသည်းခြေ အစိုဖြစ်ဖြစ် ။ အခြောက်ဖြစ်ဖြစ် လေးခု ငါးခုလောက် ထည့်ကျိုရတယ်။ ငါးလင်ဗန်းသည်းခြေ ထည့်လိုက်တော့ အရည်ကို ဝါညိုညိုကြီး ဖြစ်လာရောဗျ။ ပြီးရင် ကုလားအော်သီးလို့ ခေါ်တဲ့ ...

လှမ်း၊ ဆယ့်ငါးလှမ်းလောက် သုတ်သုတ်လှမ်းသွားပြီးရှောင်လိုက်တယ်….။ ဒါပေမဲ့ သစ်ပင်ကြီးပေါ်က ဘာသစ်ကိုင်းမှကျိုးကျလာတာ မတွေ့ရဘူး….။ခေတ္တခဏကြာတဲ့အထိ သူကုက္ကိုပင်ကြီးကို မော့ကြည့်ပေမယ့် ဘာသံမှထွက်မလာတော့ဘူး…။ ““ဒါဟာ ကုက္ကိုပင်မှာနေတဲ့ သရဲခြောက်တာပဲ….”စခန်းမှူးဦးခင်ကျော် သဘောပေါက်လိုက်တယ်၊ ဒါပေမဲ့ သူကကြောက်တတ်သူမဟုတ်တာကြောင့် လမ်းကိုဆက်လျှောက်သွားတယ်။သုသာန်ကျော်တဲ့အထိ ခပ်ဝေးဝေးလမ်းလျှောက်ပြီးမှနောက်ကြောင်းပြန်လျှောက်လာခဲ့တယ်၊တံတားဖြူအနီးရောက်တော့ တစ္ဆေခြောက်ဦးမလား သတိထားနေပေမဲ့ ခြောက်လှန့်မှုမရှိဘူး၊ ဒီလိုနဲ့ ရန်ကုန်-မန္တလေးလမ်းမကြီးကနေ ရဲစခန်းဘက် ချိုးကွေ့ဝင်ရမယ့်လမ်းထိပ်ကို ပြန်ရောက်လာတယ်…..။အဲဒီအချိန်မှာ အရုဏ်ကျင်းလို့ အလင်းရောင်ကောင်းကောင်းရနေပြီ၊ ထောင့်ချိုးကွေ့က ဆရာဝန်ကြီးအိမ်ထဲမှာ ဆရာဝန် ကြီးဂေါက်ရိုက်တံတစ်ချောင်းနဲ့ တွေ့ရတယ်။ ဂေါက်ရိုက်လေ့ကျင့်နေတာ ထင်တယ်..။ ဦးခင်ကျော်ကိုမြင်တော့ ဆရာဝန်ကြီးက ပြုံးပြီးနှုတ်ဆက်ပြီး “စခန်းမှူးကြီး လမ်းလျှောက်ပြန်လာတာလား..” ...

ဝေ့စကုပ်လေး ဝတ်ထားတာမဟုတ်လား။ “ဒါနဲ့ မင်းတို့ကိုပြောစရာရှိလို့ ခေါ်လိုက်တာကွ” ကျုပ်တို့လည်း ဦးဘသာကြီးအနားကို တိုးကပ်သွားတာပေါ့ဗျာ။ “မင်းတို့ နွားကြီးလွတ်နေတာ ပြန်ဖမ်းပြီးပြီလား” ဦးဘသာမေးတော့ ကျုပ်တို့လည်းထူးဆန်းသွားပြီး ကျုပ်နဲ့ကျုပ်ညီနဲ့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေလိုက်သေးတယ်။ “ဘယ်နွားလဲ ဦးဘသာကြီးရဲ့” “ဘို့ကောင်းကောင်းနဲ့အကောင်ကြီးလေကွာ၊ မင်းတို့ခေါ်တာ ဘာပါလိမ့်၊ ငနက်ကြီးဆိုလား” “ငနက်မဟုတ်ပါဘူးဗျာ၊ နားနက်ပါ၊ ဒီကောင့်နားနှစ်ဖက်လုံးက အနက်ရောင်ဆိုတော့ ဒီလိုခေါ်တာ၊ ဒါနဲ့ ဦးဘသာကြီးက ဒီကောင်ကြီးကို တွေ့လိုက်လို့လား” “အေးကွ၊ ညက ငါ နွားမီးထည့်တော့ ရွာလမ်းပေါ်မှပြေးနေတာလေကွ၊ ငါကတော့ မင်းတို့ခြံတံခါးမပိတ်လို့ လွတ်သွားတယ်လို့ထင်နေတာ၊ ငါအပြင်ထွက်ကြည့်တော့ ...