ဘီလူးမ

တွေ့လိုက်တယ်ဗျ..အစတုန်း
ကတော့လှလို့ဆိုပြီးကြည့်နေရင်း…

” အကိုတို့ဘယ်သွားမလို့လဲ” ဆိုပြီးကျုပ်တို့ဆီခပ်သွက်သွက်
ပြေးလာတယ်…

” ကျုပ်တို့ရွာပြန်မလို့ပါ”

“ဘယ်ရွာလဲ”

“စည်ပါရွာပါ”

“သြော်”

“သိလို့လားဒီကညီမက”

“မသိပါဘူး ဒီတိုင်းစပ်စုကြည့်တာပါ”

အဲ့လိုနဲ့စကားကအတော်လေးကြာအောင်ပြောပြီး
တဲ့အချိန်မှ…သတိပြန်ဝင်လာ၍…ဒါသတင်းထဲမှာဘီးလူးမ
ပါလားဆိုပြီး…သူငယ်ချင်းတွေကိုအမြန်ဆိုင်ကယ်ပေါ်တက်
ခိုင်းကာ…ဆိုင်ကယ်အမြန်နိုးပြီးရွာကိုအမြန်ပြန်လာခဲ့တယ်
ကျုပ်အိမ်ရောက်သွားပေမဲ့…စိုးရိပ်နေတာတစ်ခုရှိတယ်…
ကျုပ်ကိုဘယ်သွားမလဲလို့မေးတုန်းက.. စည်ပါရွာလို့ဖြေ
ိ့ုလိုက်တယ်မဟုတ်လား…တော်ကြာတကယ်ရောက်လာရင်
ဘုရားဘုရားဆိုပြီး… ကြောက်စိတ်တွေဝင်နေမိတယ်…
ကျုပ်တစ်နေ့နွားကျောင်းပြန်လာချိန်လမ်းမှာ…

” ဟေ့ကောင် မင်းအဒေါ်ဆုံးသွားလို့တဲ့ကွ”

” ဘယ်လို ဘယ်လိုဖြစ်တာလဲအာကာ”

” ဒီလိုကွ မင်းအဒေါ်ကတောထဲထင်းခွေသွားနေချိန်မှာ
လူတစ်ယောက်ယောက်ကသတ်လိုက်တာနေမယ်လို့
ပြောနေကြတာပဲကွ အသည်းတွေကလိစာတွေဘာဆိုဘာ
တစ်ခုမှကိုမရှိတော့တာ”

” ဟာကွာ ဘယ်လိုလူကများသတ်ရက်လိုက်တာလဲကွာ
အခုငါအဒေါ်အလောင်းဘယ်မလဲ”

” မင်းတို့အိမ်မှာကွမင်းသွားနှင့်မင်းနွားတွေကို ငါဘာသာ
ခေါ်လာခဲ့မယ် ”

” အေး ရော့ငါလွယ်အိတ် သွားပြီနော်”

ကျုပ်စိတ်ထဲမှာဒေါသဖြစ်မိတာကတော့အမှန်ပဲဗျ…
ကျုပ်အဒေါ်နဲ့ကငယ်ငယ်လေးတည်းကနေလာတော့…
သံယောဇဉ်ကကြီးမားတယ်လေ…အဒေါ်ကဘယ်သူနဲ့မှလဲ
ရန်ဖြစ်ဖူးတာမဟုတ်ဘူး…အေးအေးဆေးဆေးနေတာ…
ဘာရန်ငြိုးမှမရှိပဲသတ်သွားတာက…စဉ်းစားရတော့ခက်
တယ်…ကျုပ်အိမ်ပြန်ရောက်တော့….အဒေါ်ရင်ဘတ်ပေါ်ကို
အဝတ်စတွေနဲ့ဖုံးထားတယ်…ကြည့်မကောင်းလို့နေမှာပေါ့
ဗျာ…ကျုပ်အဒေါ်ဒီလိုအဖြစ်ဆိုးကြုံခဲ့ရတာကိုကြည့်ပြီး…
ဒေါသမီးတွေကတစ်စနဲ့တစ်စတောက်လောင်လာသဖြင့်…
အိမ်ထဲကဓားရှည်ကိုသွားယူကာ….

” ဘယ် ခမသ ကငါအဒေါ်ကိုသတ်တာလဲကွ ငါသိရင်အရှင်
မထားဘူးနော် ဟာကွာ ”

ဆိုပြီးဓားနဲ့သူများအိမ်တံခါးတွေကိုလိုက်ခုတ်
လူတွေကိုပတ်ဆဲတော့တာပဲဗျာ…ထိုအချိန်…အိမ်ထဲကနေ
အမေကထွက်လာပြီး…

” စီဝေရန် တော်တော့ နင်ဓားငါကိုပေးစမ်း သွားအိမ်ထဲ
ပြန်ဝင်”

“အမေကလဲဗျာ ကျုပ်အဒေါ်အမေရဲ့ညီမအသတ်ခံရတာ
လေဗျာ…စိတ်မတိုရဘူးလားဗျ ပြောစမ်းပါအုံး”

” ငါ့ညီမသေတာနဲ့ဒီပတ်ဝန်းကျင်နဲ့ဘာဆိုင်သလဲ နင်မရူး
စမ်းနဲ့ ငါကိုထပ်စိတ်ဆင်းရဲအောင်မလုပ်နဲ့သွားအိမ်ထဲဝင်
တော့”

ကျုပ်လည်းတော်ရုံတန်ရုံဆိုဒေါသထွက်ခဲပါတယ်ဗျာ
ကျုပ်စိတ်ထဲမှာတနုတ်နုတ်နဲ့ဗျာ…အမေကတော့…သူ့ညီမ
အလောင်းကိုကြည့်ပြီးငိုယိုနေတော့တာပေါ့…ညဘက်..
ရောက်တော့…အဒေါ်ကိုတွေ့ချင်လွန်းလို့…ကျုပ်ကိုလာ
ခြောက်ပါလို့ဆုတောင်းနေတာ…ရက်လည်နေ့သာရောက်
သွားတယ်ကျုပ်ဆုတောင်းတွေမပြည့်ဝခဲ့ပါဘူး…ခင်ဗျားကို
ပြောရအုံးမယ်ကျုပ်တို့ရွာမှာက…အလောင်းချရင်….
ရွာထဲတစ်ယောက်မှမအိပ်ရဘူး၊ခေါင်းလဲမလျှော်ရဘူးဗျ..
ဘာကြောင့်ဆို…သေမင်းကသေတဲ့သူကို…”နင်အနောက်က
ဘယ်သူပါလဲ”လို့မေးရင်..”.ခေါင်းလျှော်တဲ့သူပါတယ်”
(သို့မဟုတ်)”အိပ်နေတဲ့သူပါတယ်”လို့ပြောရင်…အဲ့လူက
သေရောတဲ့ဗျို့…ကလေးတွေအိပ်ပြီဆိုရင်လည်းရင်ဘတ်
ပေါ်ကပ်ကြေးတင်ထားရတယ်တဲ့…ကပ်ကြေးတောင်..
ရိုးရိုးကပ်ကြေးမဟုတ်ဘူးနော်သံကပ်ကြေးမှတဲ့ဗျ…

” ခင်စိန်ရေသွားနှင့်အုံးတော့ ” လို့သာအမေပြောနိုင်
ပါတော့တယ်…အဲ…ဒီရက်လည်ညမှာတော့…အဒေါ်က.
ကျုပ်ကိုထူးဆန်းတဲအိပ်မက်ပေးတယ်ဗျ…နိုင်
ပါတော့တယ်…အဲ…ဒီရက်လည်ညမှာတော့…အဒေါ်က.
ကျုပ်ကိုထူးဆန်းတဲအိပ်မက်ပေးတယ်ဗျ… သူ့အသတ်ခံရ
တာမဟုတ္ဘူးအစားခံရတာတဲ့…မိန်းကလေးတစ်ယောက်
ကသူရဲ့အသည်းတွေကလိစာတွေကိုဖောက်စားသွားတာတဲ့
ဗ်…ကျုပ်ကိုသူရဲ့ရင်ဘတ်ဟောင်းလောင်းကြီးပြပြီးငိုပြော
နေရှာတာဗျ…ကျုပ်ကြောက်ကြောက်နဲ့အိပ်ယာနိုးလာခဲ့
တယ်… တိုင်ကပ်နာရီကိုဓာတ်မိုးထိုးကြည့်လိုက်တော့..
မနက်(၄)နာရီရှိသေးတာဗျ…ကျုပ်စိတ်ထဲတော့အတော်
လန့်မိသွားတာတော့အမှန်ပဲဗျို့… ကျုပ်ထင်တာမမှားဘူး
ဆိုရင်…မုံရွာကအပြန်မှာတွေ့ခဲ့တဲ့ဘီးလူးမများလား…
ဒါပေမဲ့..ကျုပ်ကရွာနာမည်ပဲပြောခဲ့တာလေ…ပြီးတော့
မုံရွာနဲ့ရွာနဲ့က…မိုင်ပေါင်း၃၀လောက်ဝေးတာလေဗျာ…
သူဘယ်လိုလုပ်လာနိုင်ပါမလဲ…ကျုပ်လည်းဒီလိုတွေးပြီး..
ပြန်အိပ်လိုက်တယ်…

“စီဝေရန်ရေ စီဝေရန် ”

“ဘာတုန်းကွ မင်းမလည်းအသံပြဲနဲ့အော်ခေါ်နေတော့တာပဲ”

” ဟာ မင်းကိုအရေးကြီးသတင်းပြောစရာရှိလို့ကွ”

“ဘာတုန်းဟ ”

” မနေ့ညက မငွေမြိုင်ရဲ့သားလေး ဗိုက်ဟောင်းလောင်းကြီး
နဲ့ရွာထိပ်မှာသေနေတာတဲ့”

” ဟာ ငါအဒေါ်သေ သလိုမျိုးပါလား”

” အေးကွ ငါလဲအဲ့ဒါကိုစဉ်းစားနေတာ ”

“နေပါအုံးကွ ဒီကလေးကဘယ်လိုဖြစ်လို့ရွာအပြင်ကို
တစ်ယောက်တည်းသွားတာလဲ”

” ဒီကလေးကထင်မိထင်ရာကွ ပြီးတော့ဆိုးလဲဆိုးတယ်”

” ဘာပဲဖြစ်ဖြစ် စိတ်မကောင်းဘူးကွာ သူ့အမေတော့ရင်ကျိုးနေရှာမှာ ”

” အေးကွာ အဲ့ဒါညနေအလောင်းမြုပ်ရင်မင်းလိုက်ခဲ့အုံး”

“အေးပါ လိုက်ရမှာပေါ့ကွာ ”

” အေးအေး ငါအခုယာထဲပြန်သွားလိုက်အုံးမယ်ညနေမှ
လာခေါ်လိုက်မယ်”

ဂဃဏနမသိပေမဲ့…ဒီကိစ္စထူးတော့ထူးဆန်းနေ
တယ်…ဘီးလူးမကတော့ကျိန်းသေမဟုတ်လောက်ဘူးဗျ..
ဘယ်လိုမှရွာကိုရောက်လာစရာအကြောင်းကိုမရှိတာ…
အရင်တုန်းကလို…ရွာထဲလူနက်ကြီးတစ်ကောင်က…ဝင်
တာမျိုးလား…လူနက်ကြီးဆိုလို့ခင်ဗျားကိုပြောရအုံးမယ်…
အဲ့လူနက်ကြီးရွာထဲဝင်သောင်းကျန်းတုန်းကဆိုရင်ဗျာ…
ကျုပ်တို့ရွာသူရွာသားတွေများကောင်းကောင်းကိုအိပ်လို့
မရတာ….အဖြစ်ကဒီလိုဗျ…ညညဆိုရငျ…လူနကျကွီးက…
ရွာထဲကကလေးတွေကိုဝင်ဆွဲပြီးစားတာဗျ…ဒီသတင်းကလဲ.
ရွာနီးချုပ်စက်မှာ… အုံအုံကြွကြွဖြစ်သွားတာဗျို့…ရွာတွေမှာ
က..အိမ်အဝင်တံခါးလုပ်ရင်မြို့လိုမဟုတ်ဘူးဗျ…ဆူးတွေနဲ့
လုပ္တာ…သူခိုးလဲမဝင်နိုင်အောင်ပေါ့ဗျာ… ဒီလိုတံခါးကို
အဲ့လူနက်ကြီးက…အတင်းတိုးဝင်တာဗျ…ပြီးရင်ကလေးတွေ
ကိုစားတာ…နောက်တော့ရွာလူကြီးက…ရွာသူ၊ရွာသားတွေကို အစည်းအဝေးခေါ်ပြီး…ဒီကောင်ကြီးကိုသတ်ဖို့အမိန့်
ထုတ်ရောဗျို့…ရွာသားတွေကလည်း…ဒီကောင်ကြီးကို..
မသတ်ဝံ့ပါဘူးဗျာ…ကြောက်ကြတယ်လေ…နောက်ဆုံးတော့…လူနက်ကြီးရွာထဲအဝင်ကိုစောင့်၍…လေးတွေမြှားတွေနဲ့ပစ်…ပုဆိန်နဲ့ပေါက်ကာ..သေသွားပါလေရော….
အဲ…ဒီအဖြစ်အပျက်ကိုလွန်ခဲ့တဲ့အနှစ်၃၀လောက်ကပေါ့…
အမေပြောပြတာဗျ…

ဒီလိုနဲ့…တစ်ရက်ပြီးတစ်ရက်…ရွာထဲကလူတွေ..သေတာ
အတော်များလာတဲ့အခါ…အားလုံးကကြောက်ရွံ့နေကြပြီ
လေ… နောက်တော့ရွာလူကြီးက.. မြို့ကိုသွားပြီး…ရဲစခန်း
ကိုသွားပြောပြတာပေါ့… နောက်ပြီး…ဒီမိန်းကလေးကိုတွေ့
ရင်ဖမ်းပေးနိုင်တဲ့သူ…ဆုငွေပေးမယ်ဆိုပြီးကြေငြာပါရော
ဗ်…တစ်နေ့မှာ…နွားကျောင်းသားက…အဲ့ဘီလူးမနဲ့တွေ့
တယ်တဲ့…

” ငါ့ညီမ လာလေအဲ့မှာရပ်မနေနဲ့နေပူတယ်”

” ဟုတ်ဟုတ်”လို့ပြောပြီး…ဘေးနားကပ်ထိုင်လိုက်တယ်…
နွားကျောင်းသားကထမင်းစားနေချိန်…ဘီးလူးမက…
လည်ပင်းကိုကိုက်ဖို့ဟန်ပြင်နေချိန်…နွားကျောင်းသားက…
သတိရှိလို့သာအကိုက်မခံရတာ…သူတို့တွေနပန်းလုံးနေကြ
တာပေါ့…နောက်မှဖမ်းမိနိုင်သွားတာဗျို့…ဒီအဖြစ်အပျက်
ကလွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဖြစ်ခဲ့တာလေးပေါ့ဗျာ…

ခင်ဗျားလည်း…ရုပ်ချောချောကောင်မလေးတွေ့ရင်..
အရမ်းမငမ်းနေနဲ့နော်…အဲ့ကောင်မလေးကဘီးလူးမလဲ
ဖြစ်နိုင်တယ်ဗျို့…

ပြီးပါပြီ…
ဆက်လက်ကြိုးစားပါဦးမည်
စာဖတ်သူတွေကိုအမြဲချစ်ခင်လေးစားလျက်ပါခင်ဗျာ…
(ဝိုင်စီရဲ)