ပြန်သိမ်းမယ်ဟေ့…” အုန်းခင်မြင့်ကို ဝင်ပူးနေတဲ့ကဝေပက ဒေါသတကြီး အော်ဟစ်တယ်…၊
“အတိတ်ဘဝတုန်းက မကောင်းတဲ့အကျင့်စရိုက်တွေ ကြောင့် ဒီဘဝမှာလည်းယုတ်ညံ့တဲ့အောက်လမ်းပညာသည် ကဝေလာဖြစ်ရတယ်၊ဒီဘဝမှာလည်း ခုလိုပဲ တစ်ဖက်သားအပေါ် ယုတ်ယုတ် မာမာဖမ်းစားနှိပ်စက်နေဦးမယ်ဆိုရင် နင်သေရင်အဝီစိချိုးကပ်ဖို့ ပဲ ရှိတော့တယ်။ နင် မကြောက်ဘူးလား…”ဆရာကြီးဟာ ကဝေမကို အဝီစိငရဲနဲ့ခြောက်လှန့်လိုက် တယ်။ကဝေမက ဂရုမစိုက်တဲ့အသွင်နဲ့ မျက်နှာကိုရှုံ့မဲ့ပစ်လိုက် တယ်
“အဝီစိချိုးကပ်ရုံမကလို့ ဘာပဲဖြစ်ဖြစ် မကြောက်ဘူး..”
“အေးလေ၊ နင်က နင့်ပညာအားကိုးနဲ့ တင်းခံနေတော့ ငါကလည်း နဂါးမှန်းသိအောင် အမောက်ထောင်ပြရတော့မှာပေါ့၊
ကဲ၊ လက်နောက်ပြန် ကြိုးချည်လိုက်စမ်း..” ဆရာကြီး အမိန့်ပေးလိုက်တာနဲ့ အုန်းခင်မြင့်ရဲ့လက် နှစ်ဖက်၊ အလိုလိုနောက်ဘက်ရောက်သွားတယ်….ဆရာကြီးဟာ ကျောက်ပျဉ်တစ်ချပ်တောင်းပြီး အုန်းခင် မြင့်ရဲ့ရှေ့ကို ဒုန်းခနဲပစ်ချတယ်..။
“ကိုင်း …၊ ကျောက်ပျဉ်ကို နဖူးနဲ့ဆောင့်စမ်း”လို့ အမိန့် ပေးလိုက်တယ်။
ဆရာကြီး အမိန့်ဆုံးတာနဲ့တစ်ပြိုင်နက် အုန်းခင်မြင့်ဟာ ဒူးတုပ်၊ လက်ပြန်ကြိုးတုပ်အနေအထားနဲ့ နဖူးကိုကြမ်းပြင်ထိငုံ့ ပြီး ကျောက်ပျဉ်နဲ့ဆောင့်ချလိုက်တယ်။အသံက ခွပ်ခနဲမြည်သွားတယ်၊ နဖူးမှာတစ်လက်မ လောက်အရှည် ဟက်တက်ကွဲသွားတယ်၊ သွေးတွေထွက်ကျလာတယ်..။
ခေါင်းပြန်မော့လိုက်တော့ သွေးတွေကမျက်နှာပေါ် စီ၊ကျလာတယ်…၊
““ကဲ.. နင့်ပညာစက်ကို ချက်ချင်းနှုတ်တော့မလား..”“မနှုတ်ဘူးဟေ့ မနှုတ်ဘူး၊အသေသာခံလိုက်မယ်၊
ငါ့ပညာကို ဘယ်တော့မှပြန်မနှုတ်ဘူး…”ကဝေမက အာဂ ကဝေမ၊ ဘယ်လောက်ခံရခံရ ပညာကိုပြန်မနှုတ်ဘဲ အသက်သာအသေခံမယ်လို့ ကြိမ်းဝါးနေတယ်..
““ဒါဆိုရင်လည်း ကျောက်ပျဉ်ကိုနဖူးနဲ့ ထပ်စောင့်လိုက်ဆရာကြီးက ထပ်ပြီးအမိန့်ပေးလိုက်တယ်…။ကဝေပအနေနဲ့ ဆရာကြီးရဲ့ပညာစရဏနဲ့ ဆေးကြိမ်လုံးတန်ခိုးကို မလှန်နိုင်ဘူး၊ ခိုင်းသမျှလုပ်နေရတယ်၊
နဖူးနဲ့ ကျောက်ပျဉ်ဆောင့်ရတာကလည်း သုံးလေးကြိမ်မကတော့ဘူး၊ သွေးတွေကမျက်နှာပေါ်မှာ ရုပ်ပျက်ဆင်းပျက် စီးကျနေတယ်။ဘီးစပတ်ထုံးထားတဲ့ ဆံပင်တွေကလည်း ပြေကျပြီးဖရိုဖရဲဖြစ်သွားတယ်၊ မျက်နှာပေါ်မှာ ဖုံးနေတယ်။ကဝေပရဲ့ မစ္ဆရိယ မလိုမုန်းထားစိတ်နဲ့ ဒေါသမီးတောက်တွေကြောင့်၊ မျက်နှာပေါ်က သွေးစီးကြောင်းတွေ၊ ဖရို ဖရဲဆံပင်တွေကြောင့် အုန်းခင်မြင့်ရဲ့မျက်နှာဟာ တစ္ဆေသရဲ ကောင်လို ကြောက်စရာ၊ ထိတ်လန့်စရာ ကောင်းနေတယ်..။ ဆရာကြီး ဦးကြာညွန့် ကဝေပျံရဲ့အမုန်းကလဲ့စားကို အရမ်းအံ့ဩသွားတယ်။
ဒီလိုအငြိုးကြီးကာမျိုး၊ ကလဲ့စားချေချင်စိတ် ပြင်းထန် လောင်ကျွမ်းနေတာမျိုး တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးဘူး.. လူမှမဟုတ်ဘူး။ တိရစ္ဆာန်မှ မဟုတ်ဘူး၊ ဘယ်လိုသက် ရှိ သတ္တဝါမျိုးကိုမဆို ကိုယ့်အသက်ကိုယ်တော့ ခင်တွယ်ကြ တယ်….။
ဘယ်လိုအခြေနေမျိုးမှာမဆို ကိုယ့်အသက်မဆုံးရှုံးဖို့၊ ဆက်လက်ရှင်သန်ရပ်တည်ဖို့ နည်းမျိုးစုံသုံးကာကွယ်ကြတယ်။ ခု သူရင်ဆိုင်နေရတဲ့ ကဝေမကတော့ ဒီလိုမဟုတ်ဘူး။ ပြင်းထန်လွန်းတဲ့ အမုန်းတွေကိုရင်တစ်ခုလုံးနဲ့ ပြည့် အောင် ထည့်ထားတယ်၊ ကလဲ့စားချေလိုတဲ့ အာသီသတွေပဲပြင်းပြင်းထန်ထန် ချဉ်ခြင်းတပ်နေတာတွေ့ရတယ်…။ ““အသက်သာအသေခံမယ်၊ ငါ့ပညာကို ဘယ်ကော့မှ ပြန်မနှုတ်ဘူး”လို့လည်း ကြိမ်းဝါးနေတယ်..
ဘယ်လိုပဲဖြစ်ဖြစ် သူလည်းလူပဲ၊သေရမှာကိုတော့ ကြောက်ရွံ့ထိတ်လန့်မှာပဲ။ ဆရာကြီးက အစီအစဉ်ကို တစ်မျိုးပြောင်းဖို့ ဆုံးဖြတ် လိုက်တယ်။
မောင်ခင်မောင်လွင်ကို အနီးခေါ်တယ်၊ သူ့အကြံက မောင်ခင်မောင်လွင်ကို စုန်းမြင်ဆေးသုတ်လိမ်းပေးပြီး စုန်းကဝေ မ ဘယ်သူဘယ်ဝါဆိုတာ ထင်ထင်ရှားရှားသိအောင် လုပ်ပေး ဖို့ဖြစ်တယ်။
တစ်ချို့စုန်းတွေက သူတို့ဘယ်သူဘယ်ဝါဆိုတာ အသိ မခံချင်ကြဘူး၊ ပတ်ဝန်းကျင်က သိမှာအရမ်းကြောက်တယ်၊ ဘာ ကြောင့်လဲဆိုတော့ တစ်မျိုးလုံးတစ်ဆွေလုံး ဆွေစဉ်မျိုးဆက် စုန်းမျိုး၊ ကဝေမျိုးရယ်လို့ နာမည်ဆိုးတွင်ကျန်ရစ်မှာ၊ နာမည် ပျက်မှာကြောင့်ပါ။
သူ့ကို သိသွားတာနဲ့ ဆရာကိုဝန်ချတောင်းပန်ပြီး သူ့ ပညာတွေကို ပြန်နှုတ်သိမ်းပေးလေ့ရှိတယ်။ စုန်းပြင်ဆေးပြုလုပ်နည်းကလည်း သိပ်ခက်ခက်ခဲခဲမဟုတ်ဘူး၊
ဝက်မြီးမှာကပ်ပါလာတဲ့မြေ၊ ကြွက်စုတ်သွေးနဲ့ ဥသျှစ်ပွင့်ကိုရှာ၊ သုံးမျိုးစလုံးကို အညီအမျှယူပြီးကြိတ်၊ အလိုရှိတဲ့အခါ မျက်စိကိုကွင်းပြီးကြည့်။ ဘယ်လိုရုပ်ဆင်းသဏ္ဍာန် ဖန်ဆင်းထားပါစေ၊ ပူးဝင်နေပါစေ၊ စုန်းကဝေရဲ့ ပင်ကိုယ်ရုပ်ကို မြင်တယ်။ဆရာကြီးက မောင်ခင်မောင်လွင်ကို အကျိုးအကြောင်း ရှင်းပြပြီး စုန်းမြင်ဆေးကွင်းပေးလိုက်တယ်။
ပထမတော့ ခင်မောင်လွင်မျက်လုံးတွေ မှုန်ဝါးသွား တယ်၊ မြူနှင်းတွေ ပိတ်ကာထားသလို ဘာမှမပြင်တော့ဘူး၊ ဒါပေမဲ့ တစ်အောင့်လောက်အကြာမှာတော့ မြူနင်းလိုအရာတွေဟာ တဖြည်းဖြည်းလွင့်ပါးသွားတယ်၊ အမြင်အာရုံတွေ ထင်ရှားလာတယ်။
အဲဒီမှာ ခင်မောင်လွင် ဒေါ်ရွှေကိုမြင်လိုက်တာဖြစ်တယ်၊ သူ့ရှေ့မှာရှိနေတာက အုန်းခင်မြင့်၊ ခုတော့ အုန်းခင်မြင့် ရုပ်ပျောက်ပြီး ဒေါ်ရွှေရဲ့ရုပ်ဆင်းသဏ္ဍာန် ပေါ်လာတယ်..။
““အမေ…..အမေ ဒေါ်ရွှေ…..”
ခင်မောင်လွင်က ဟိုတုန်းကခေါ်နေကျအတိုင်း ခေါ်လိုက်
ဒေါ်ရွှေက မီးထတောက်မတတ် နီရဲနေတဲ့ဒေါသမျက်လုံးကြီးတွေနဲ့ ခင်မောင်လွင်ကို ကြည့်နေတယ်…၊
စောစောပိုင်းမှာ ““အမေ ဒေါ်ရွှေလား ” လို့ ခင်မောင်လွင်ပေးတုန်းက ပါးစပ်ကိုတင်းတင်းစေ့ ပိတ်ထားတဲ့ ဒေါ်ရွှေ၊ ဝန်မခံခဲ့တဲ့ ဒေါ်ရွှေ၊ခုတော့ စုန်းမြင်ဆေးရဲ့အစွမ်းကြောင့် ဖုံးကွယ်လို့မရခင်မောင်လွင် အံ့ဩထိတ်လန့်သွားတယ်၊
ဒေါ်ရွှေကို သူခင်တယ်၊ သံယောဇဉ်ရှိတယ်၊ ငယ်ငယ်တတည်းက လက်ပွန်းတတီးနေလာတာကြောင့်လည်း သွေးရင်းသားရင်းလို တွယ်တာတယ်။ဒေါ်ရွှေ့အိမ်ကို တံခါးမရှိ၊ ဓားမရှိ အချိန်မရွေး ဝင်ထွက်လို့ရတယ်၊ ဆာရင်လည်း မီးဖိုထဲဝင်၊ ကိုယ့်ဘာသာ ခူးခပ်စားလို့ရတယ်။
သူက ဒေါ်ရွှေကို “အမေ” လို့ခေါ်တယ်။ ဒေါ်ရွှေကလည်း
သူ့ကို “သား” လို့ပဲခေါ်တယ်၊ဒီလောက်ထိ ရင်းနီးခင်ပင်ခဲ့ပေမဲ့ ဒေါ်ရွှေ စုန်း၊ ကဝေဆိုတာ နည်းနည်းလေးမျှ မသိခဲ့ဘူး၊သူတင်မဟုတ်ဘူး၊ တစ်ရွာလုံးကလည်း မရိပ်မိကြဘူး၊တော့ဘူးဒေါ်ရွှေက ဒီလောက်ထိ ပိပိရိရိ နေနိုင်ခဲ့တယ်…။ခုတော့သမီးသေဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကြီးမား ပြင်းထန်တဲ့အမုန်းကြောင့်၊ ရန်ငြိုးကြောင့်၊ ကလဲ့စားချင် လွန်းတာကြောင့် သူ့ပညာကို ထုတ်သုံးလိုက်တာ ဖြစ်တယ်..
“အမေ…..အမေ ဒေါ်ရွှေ”
“တို့ကို အမေလို့မခေါ်နဲ့၊ နားခါးတယ်…” ဒေါ်ရွှေကတော့ အပုန်းအငြိုးတွေကြီးမားပြင်းထန်နေဆဲဒေါ်သတကြီး ငယ်သံပါအောင် အော်ဟစ်တယ်…။ “ပညာတွေကို ပြန်နှုတ်ပေးပါ အမေ၊ သားတောင်းပန် ပါတယ်..”
ခင်မောင်လွင်ရဲ့တောင်းပန်စကား အဆုံးမှာ ဒေါ်ရွှေဟာ ကြောက်စရာအသံကြီးနဲ့ ရယ်ရင်းအော်ဟစ်လိုက်ပြန်တယ်. “ဟီး….ဟီး…. ဟီး… .ဟီး….
နင်ရော၊ နင့်မယားရော၊ ကိုယ်ဆင်းရဲ၊ စိတ် ဆင်းရဲ ဖြစ်စေရမယ်…
ပြီးတော့မှ ငါ့သမီးသေသလို အသေဆိုးနဲ့ သေ ကြရမယ်…”ဒေါ်ရွှေ့အနေအထားက အရမ်းဆိုးရွားနေတယ်၊ ချော့ မရ၊ ခြောက်မရဖြစ်နေတယ်…။ဆရာကြီးဟာ ပြောလေကဲလေဖြစ်နေတဲ့ ဒေါ်ရွှေရဲ့ကျော ကုန်းကို ဆေးကြိမ်လုံးနဲ့ အားရှိပါးရှိလွှဲရိုက်ချလိုက်တယ်…၊
“ အမလေး
ဒေါ်ရွှေ ကျောကော့သွားတယ်၊ ကြောက်လန့်တကြား အော်လိုက်တယ်….ဒါပေမဲ့ မာန်ကိုတော့မချဘူး၊ ဆရာကြီးကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်၊
“ရိုက်……..ရိုက်…….။သေအောင် ရိုက်လိုက်…”
ဆရာကြီးက သူ့ပညာစွမ်းနဲ့ စိတ်ရှိလက်ရှိလုပ်ရင် ဒေါ်ရွှေသေသွားနိုင်တယ်ဆိုတာ သိတယ်။ ဒါ့ကြောင့် စိတ်ကိုလျှော့တယ်၊ အချိန်ကိုကြည့်လိုက်တော့ နေက အကျဘက်ကို ရောက်နေပြီ၊ မကြာခင် မှောင်ရိပ်သန်းလာတော့မယ်…။နောက်ပြီး ကဝေပူးကပ်ခံနေရတဲ့ ခန္ဓာပိုင်ရှင် အုန်းခင် မြင့်လည်း တော်တော်လေးပင်ပန်းနေလောက်ပြီ…။
““ဟဲ့…. ကဝေမ၊ နင့်ရဲ့ မလောက်လေး မလောက်စား အောက်လမ်းပညာလေးနဲ့ အာခံဖို့စိတ်မကူးနဲ့…
မလုပ်ချင်လို့ ကြည့်နေတာ၊ မာန်တက်မနေနဲ့၊ နင့်အသက် ဇီဝိန်ကိုပါ နှုတ်လိုက်လို့ရတယ်ဆိုတာ နင် သိတယ်မဟုတ်လား…။ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ ငါကတော့ နင့်ကိုမသတ်ဘူး။ နင့်ကို မနက်ဖြန်ကျရင် ဂိုဏ်းတော်လက်အပ်ပြီး ဆုံးမ ခိုင်းမယ်.. ခံနိုင်ရင် ခံပေတော့..။
အခု အုန်းခင်မြင့်ရဲ့ ခန္ဓာကိုယ်မှာ စွဲထင်နေတဲ့ဒဏ်ရာ ဒဏ်ချက်တွေကို မိမွေးတိုင်း ဖမွေးတိုင်းဖြစ်အောင်လုပ်၊ မြူတစ်မှုန်စာတောင် မကျန်စေနဲ့..
မိမွေးတိုင်း ဖမွေးတိုင်းဖြစ်မှ နင့်ကိုထွက်ခွင့်ပြုမယ်….” ဆရာကြီးက ကဝေမကို ပြောလိုက်တယ်။ ““လက်ပြန်ကြိုးတုပ်ထားတာကိုလည်း ပြေစေ”လို့ အမိန့်ပေးလိုက်တယ်..။ကဝေမဟာ အုန်းခင်မြင့် ခန္ဓာကိုယ်မှာစွဲထင်နေတဲ့ဒဏ်ရာဒဏ်ချက်တွေကို လက်နဲ့သပ်ယူတယ်၊ လွှင့်ပစ်တယ်..။ဒီလိုနဲ့ အုန်းခင်မြင့်ရဲ့ နဖူးမှာပေါက်ပြဲနေတဲ့ ဒဏ်ရာတွေရော၊ ဖူးရောင်နေတဲ့ ဒဏ်ရာတွေပါ အံ့ဩစရာကောင်းအောင်ပျောက်သွားတယ်။
အုန်းခင်မြင့်ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေကင်းစင်ပြီးပကတိအတိုင်းဖြစ်သွားတာနဲ့ ကဝေမတာ အုန်းခင်မြင့်ရဲ့ကိုယ်ခန္ဓာကနေ ခွါထွက်သွားပါတော့တယ်..။နောက်နေ့မနက် မိုးလင်းချိန်မှာတော့ဘယ်သူမှ မျှော်လင့်မထားတဲ့ အဖြစ်အပျက်ဆိုးတစ်ခုကို အားလုံးကြုံတွေ့လိုက်ကြရတယ်..။
“ဒေါ်ရွှေ ကိုယ့်ကိုယ်ကို ဆွဲကြိုးချပြီး သတ်သေသွားတယ်….သနားပါတယ်..”
“သမီးလေး အဖြစ်ဆိုးနဲ့သေသွားလို့ စိတ်ထိခိုက်နေတာ၊ စိတ်ဆင်းရဲလွန်းလို့ ဒီလိုမကြံကောင်း မစည်ရာတွေလုပ်သွားတာဖြစ်မယ်..”ရေအိုးစင်တစ်ရွာလုံး တစ်ယောက်တစ်မျိုးပြောပြီး ဒေါ်ရွှေကို သနားနေကြတယ်၊ဒေါ်ရွှေတစ်ယောက် ညဘယ်အချိန်ကတည်းက ဒီလိုကြံ စည်သွားတယ်ဆိုတာ ဘယ်သူမှမသိကြဘူး၊
မနက် မိုးစင်စင်လင်းမှ သူ့နေအိမ်ထုပ်တန်းမှာ ကြိုး တန်းလန်းနဲ့ သေဆုံးနေတဲ့ ဒေါ်ရွှေကိုတွေ့ ကြတာဖြစ်တယ်၊ အဲဒီအချိန်မှာ ဒေါ်ရွှေခန္ဓာကိုယ်က အေးစက်တောင့်တင်းဒီသတင်းက မနက်အစောကြီးမှာပဲ ခင်မောင်လွင်တို့ အိမ်ကိုရောက်လာတယ်….။
“သူ့အကြောင်းကိုသိသွားလို့များ ကို သတ်သေသွားတာများလား..” ရှက်ပြီးကိုယ့်ကိုယ်ခင်မောင်လွင်က ဆရာကြီးကိုမေးတယ်။
ဆရာကြီးဟာ မေးစေ့ကိုလက်နဲ့ပွတ်ပြီး စဉ်းစားနေ ဘယ်၊ အတော်ကြာမှ သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ချ လိုက်တယ်…။ ပြီးတော့မှ..
“မဟုတ်ဘူး မောင်ခင်မောင်လွင်၊ မင်းထင်သလို တုတ်ဘူး….၊ မနေ့က သူရဲ့အနေအထားက အင်မတန်ခက်ထန်တင်း မာနေတယ်၊
ဆရာကြီးအနေနဲ့ သူ့ကိုဘယ်လိုပဲ ဆုံးမဆုံးမ၊ ဘယ် လောက်ပဲ ပြစ်ဒဏ်ခတ်ခတ် သူကအလျှော့မပေးဘူး၊အုန်းခင်မြင့်ကို လုပ်ထားတဲ့ သူ့ပညာတွေကို ပြန်နှုတ် ပေးမယ့်အစား အသက်ပဲအသေခံမယ်လို့ပြောတယ်….ဆရာကြီးအနေနဲ့လည်း ကိုယ့်ကြောင့် သူတစ်ပါး အသက်သေတဲ့အထိ မဖြစ်စေချင်ဘူး။
ဒါ့ကြောင့် ဒီနေ့မှ ဂိုဏ်းတော်ကိုအပ်ဖို့ စိတ်ကူးပြီးသူ့ကို ပြန်လွှတ်လိုက်တာပါ။သူ့ကို စောင့်ရှောက်နေတာက ကတော်ကြီးတွေ လောက်ပဲ ရှိတယ်၊
ဂိုဏ်းတော်ကို စောင့်ရှောက်ပေးနေတာက ကမ္ဘာစောင့် နတ်မင်းကြီးလေးပါးဖြစ်တယ်…၊ ဂိုဏ်းတော်ကိုအပ်လိုက်ရင် နတ်မင်းကြီးရဲ့ အခြွေအရံတွေက ဆုံးမတယ်…. အဲဒီအခါကျရင် ဘယ်လိုစုန်း၊ ကဝေ ပညာသည်မှနေလို့မရဘူး၊ အပြစ်ကိုဝန်ချတောင်းပန်ပြီး သူတို့ရဲ့ပညာစက်တွေကို ပြန်နှုတ်ပေးကြရတယ်…..။ဒီအကြောင်းကို ဒေါ်ရွှေကောင်းကောင်းသိတယ်၊ သူ လည်း နှယ်နှယ်ရရမှ မဟုတ်တာ၊ ကဝေပျံအဆင့် ပဲ…”
ဆရာကြီးဟာ စကားတွေအရှည်ကြီးပြောလိုက်ရတာကြောင့် မောသွားဟန်တူတယ်၊ ရေတကောင်းထဲက ရေတစ်ခွက် ငှဲ့ပြီး သောက်လိုက်တယ်၊ ပြီးမှ စကားကိုဆက်ပြောတယ်…. ““ဒီနေ့ သူ့ကိုခေါ်ပြီး ဂိုဏ်းတော်ကိုအပ်လို့..
ဂိုဏ်းတော်ရဲ့ အစောင့်အရှောက်တွေက သူ့ပညာစက် တွေကို နှုတ်ခိုင်းရင်း သူနှုတ်ပေးရတော့မယ်…ဒါ့ကြောင့် သူ့ပညာစက်တွေကို မနှုတ်ရအောင် လုပ် လိုက်တာပဲ၊ကိုယ့်ကိုယ်ကို ကြံစည်သွားတာပဲ..လားဗျာ…
““ဟုတ်တယ်…မောင်ခင်မောင်လွင်၊ ဒေါ်ရွှေရဲ့အမု န်းရန်ဖြိုးက တယ်လိုမှ မပြေပျောက်နိုင်တဲ့ ကမ္ဘာမကျေတဲ့ အမုန်းမျိုး
ဒီအမုန်းတွေကို ဒီဘဝတင်မကဘူးနောက်ဘဝတွေထိပါ သူယူဆောင်သွားလိမ့်မယ် မောင်ခင်မောင်လွင်…နောက်ဘဝထိပါ ယူဆောင်သွားလိမ့်မယ်…”ခင်မောင်လွင် ခေါင်းငိုက်စိုက်ကျသွားတယ်၊
သူ့မျက်လုံးအစုံက မျက်ရည်တွေစီးကျလာတယ်။
ဒီမျက်ရည်တွေက ကဝေပျံရဲ့ပညာစက်ကြောင့် စိတ္တဝေဒနာသည် ဖြစ်နေရတဲ့ သူ့ဇနီး အုန်းခင်မြင့်အတွက်လား..ကြီးမားပြင်းထန်တဲ့ အမုန်းအငြိုးတွေနဲ့ ကလဲ့စားချေချင်လို့ ပညာတွေပြန်နှုတ်မပေးရအောင် ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ ဒေါ်ရွှေ့အတွက်လား…။သူကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။
မောင်ညိုမှိုင်း(သန်လျင်)
likeနဲ့shareလေးလုပ်ပြီးအားပေးပါဦးနော်
Leave a Reply