တစ္ဆေခြောက်ခံရသူ ရဲစခန်းမှူး

လှမ်း၊ ဆယ့်ငါးလှမ်းလောက် သုတ်သုတ်လှမ်းသွားပြီးရှောင်လိုက်တယ်….။

ဒါပေမဲ့ သစ်ပင်ကြီးပေါ်က ဘာသစ်ကိုင်းမှကျိုးကျလာတာ မတွေ့ရဘူး….။ခေတ္တခဏကြာတဲ့အထိ သူကုက္ကိုပင်ကြီးကို မော့ကြည့်ပေမယ့် ဘာသံမှထွက်မလာတော့ဘူး…။

““ဒါဟာ ကုက္ကိုပင်မှာနေတဲ့ သရဲခြောက်တာပဲ….”စခန်းမှူးဦးခင်ကျော် သဘောပေါက်လိုက်တယ်၊

ဒါပေမဲ့ သူကကြောက်တတ်သူမဟုတ်တာကြောင့် လမ်းကိုဆက်လျှောက်သွားတယ်။သုသာန်ကျော်တဲ့အထိ ခပ်ဝေးဝေးလမ်းလျှောက်ပြီးမှနောက်ကြောင်းပြန်လျှောက်လာခဲ့တယ်၊တံတားဖြူအနီးရောက်တော့ တစ္ဆေခြောက်ဦးမလား သတိထားနေပေမဲ့ ခြောက်လှန့်မှုမရှိဘူး၊

ဒီလိုနဲ့ ရန်ကုန်-မန္တလေးလမ်းမကြီးကနေ ရဲစခန်းဘက် ချိုးကွေ့ဝင်ရမယ့်လမ်းထိပ်ကို ပြန်ရောက်လာတယ်…..။အဲဒီအချိန်မှာ အရုဏ်ကျင်းလို့ အလင်းရောင်ကောင်းကောင်းရနေပြီ၊

ထောင့်ချိုးကွေ့က ဆရာဝန်ကြီးအိမ်ထဲမှာ ဆရာဝန် ကြီးဂေါက်ရိုက်တံတစ်ချောင်းနဲ့ တွေ့ရတယ်။ ဂေါက်ရိုက်လေ့ကျင့်နေတာ
ထင်တယ်..။

ဦးခင်ကျော်ကိုမြင်တော့ ဆရာဝန်ကြီးက ပြုံးပြီးနှုတ်ဆက်ပြီး

“စခန်းမှူးကြီး လမ်းလျှောက်ပြန်လာတာလား..”
““ဟုတ်ပါတယ် ဆရာဝန်ကြီး၊ ဒါထက် ကျွန်တော်တစ် ခုလောက်မေးပါရစေ…”

“ဘာများလဲ စခန်းမှူးကြီး၊ မေးပါ။ မေးပါ..”

“ဒီလိုပါ။ ဒီနားပတ်ဝန်းကျင်မှာ သရဲခြောက်တယ်လို့ ကြားမိပါသလား..”

““ဟား…ဟား…စခန်းမှူးကြီးတော့ ကုက္ကိုပင်ပေါ်က သစ်ကိုင်းကျိုးကျတဲ့အသံကြီး ကြားလာပြီနဲ့တူတယ်၊ ဟုတ်လား

““ဟာ…အစစ်ပေါ့ ဆရာဝန်ကြီးရယ်၊ ဒီအကြောင်းကို ဆရာဝန်ကြီးလည်း သိလား” ဆရာဝန်ကြီးပါသိနေတဲ့အတွက် ဦးခင်ကျော်အံ့ဩသွားတယ်၊

ဒါ့ကြောင့် မေးခွန်းထပ်ပေးလိုက်တာ ဖြစ်တယ်။ ““ကျွန်တော်က ကိုယ်တိုင်ကြုံရတာတော့ မဟုတ်ဘူးသရဲခြောက်ခံရတဲ့သူတွေ ပြောပြလို့သိရတာ၊ စခန်းမှူးကြီးပါနဲ့ဆို လေးယောက်ရှိသွားပြီ၊ ကျွန်တော့်ဆေးရုံက ဝန်ထမ်းတစ်ယောက်နဲ့ အရပ် သားမိတ်ဆွေနှစ်ယောက်လည်း စခန်းမှူးကြီးလိုပဲ သရဲခြောက် ခံခဲ့ရတယ်၊

သစ်ကိုင်းကြီး ကျိုးကျတဲ့အသံကြားခဲ့ရတယ်ဗျ”
“ဒီနေရာက ဘာ့ကြောင့် သရဲခြောက်ရတာလဲ၊ ဆရာဝန်ကြီးများ သိပါသလား”

“သိပြီလား စခန်းမှူးကြီးရေ၊ စိတ်ရောဂါသည် ကုလားတစ်ယောက် နေမကောင်း လို့ဆိုပြီး ဆေးရုံလာတက်တယ်ဗျ…။
နောက်နေ့မနက်လင်အားကြီး လေးနာရီလောက်ကျ ဘယ်သူ့မှအသိမပေးပဲ သူ့ဘာသာဆေးရုံကနေထွက်သွားတယ်၊ အဲဒီတံတားအနီး ကုက္ကိုပင်ကြီးအောက်မှာ ကုန်တင်ကားတစ်စီးက ကြိတ်မိသွားတယ်၊ နေရာမှာတင် ပွဲချင်းပြီးတာပါပဲ…။ဖြစ်တာက တစ်လလောက်ပဲရှိသေးတယ်ဗျ၊ အဲဒီနောက်ပိုင်း သရဲခြောက်တယ်ဆိုတဲ့အသံ ကြားရ တော့တာပါပဲ..”
စခန်းမှူးဦးခင်ကျော် ဆရာဝန်ကြီးအား နှုတ်ဆက်ပြီး ရဲစခန်းပြန်လာခဲ့တယ်၊

နေ့ခင်းလောက်ကျ အင်းမရဲစခန်းမှူးဘဝတုန်းက သင်္ချိုင်းရွှေ့ခဲ့တာကို သတိရပြီး အမိန့်ပြန်ကြည့်ဖို့ စဉ်းစားမိတယ်၊ ဒါနဲ့ပဲ၊ မနက်ကသရဲခြောက်လိုက်တဲ့ ကုက္ကိုပင်ကြီးဆီ

နောက်တစ်ခေါက်ပြန်သွားခဲ့တယ်၊ ““ဒီကုက္ကိုပင်ကြီးမှာ မှီတင်းနေထိုင်တဲ့ နာနာဘာဝပုဂ္ဂိုလ်….။

အသင်ဟာ လူတွေကိုကြောက်အောင်၊ လန့်အောင်ခြောက်လှန့်နေတယ်ဆိုတာ သိရတယ်၊ဒီနေရာဟာ မြို့နဲ့လည်းအလှမ်းမဝေးတဲ့နေရာဖြစ်တယ်၊
ဒါ့ကြောင့် အသင်နေထိုင်ဖို့ မသင့်လျော်၊ မထိုက်တန်ဘူး။အသင်ဒီနေရာကနေ ချက်ချင်းထွက်ခွါပြီး လူသားတွေနဲ့ ဝေးရာအထိ သွားရောက်နေထိုင်ရမယ်၊တကယ်လို့အသင်နေထိုင်ရန် နေရာဋ္ဌာနရှာမတွေ့ခဲ့သော် သင်တို့၏အကြီးအကဲ သင်္ချိုင်းရှင်မ မဖဲဝါထံ သွားရောက်အကူအညီတောင်းခံပါ။

သင်္ချိုင်းရှင်က မဖဲဝါကလည်း အကူအညီတောင်းခံလာပါက သင့်တင့်လျှောက်ပတ်သော နေရာဌာန ရှာဖွေပေးရမယ်။ကျွန်ုပ်ဒီနယ်မြေကို စိုးမိုးအုပ်ချုပ်ရတဲ့ ရဲစခန်းမှူးရဲ့အသူ့အမိန့်က တရားဝင်သလား၊ တရားမဝင်ဘူးလား။စခန်းမှူးဦးခင်ကျော်မသိ၊သူကတော့ ခပ်တည်တည်ပဲအမိန့်ပြန်ပြီး ရဲစခန်းကိုပြန်လာခဲ့တယ်။မည်သို့ပင်ဖြစ်စေ…

သူ့ရဲ့ အမိန့်ပြန်မှုက ထူးခြားတယ်လို့ ပြောနိုင်ခဲ့ပါတယ်။ ဦးခင်ကျော်တစ်ယောက် ကျောက်တံခါးမှာ ရဲစခန်းမှူး ဘဝနဲ့ တစ်နှစ်နီးပါးနေခဲ့ရတယ်၊

နေခဲ့ရတဲ့ကာလတစ်လျှောက်လုံးမှာ နေ့စဉ်နံနက်လေး နာရီထိုးတိုင်း (အရေးပေါ်တာဝန်ရှိတဲ့နေ့ကလွဲပြီး) မပျက်မကွက် လမ်းလျှောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတစ်ကြိမ်သာ ကုက္ကိုပင်ကြီးက သရဲခြောက် တာခံခဲ့ရပြီး နောက်ပိုင်းမှာ တစ်ကြိမ်တစ်ခါမျှ သရဲမခြောက်တော့ တာကို အံ့အားသင့်ဖွယ် သတိပြုမိခဲ့ပါတော့တယ်။

မောင်ညိုမှိုင်း(သန်လျင်)

likeနဲ့shareလေးလုပ်ပြီးအားပေးပါဦးနော်