လွှတ်နာမည်ကြီးတဲ့ လက်
သည်မကြီးဗျ။
“ကဲ ဒါဆိုလည်း နည်းနည်းလောက် ညှစ်ကြည့်
စမ်းအေ၊ ကျုပ်က အပေါ်ကတွန်းပြီး မွေးပေး
မယ်၊ ငွေစိန် ညည်းက ရှေ့က စောင့်ပြီး
ကလေးကောက်ပေါ့အေ”
လို့ အမေ့ကိုပြောရင်း မျက်စိမှိတ်ပြသတဲ့ဗျ။
အရီးမယ်သုံ စိတ်ကျေနပ်အောင် လုပ်ပေး
တဲ့ သဘောပေါ့ဗျာ။ ဒါပေမဲ့ လက်သည်ကြီး
က တခြားကလေးတွေ မွေးသလိုပဲ သေသေ
ချာချာလုပ်ပေးတာတဲ့ဗျ။ ခဏနေတော့…
“မွေးပြီ မွေးပြီ ”
လို့ အရီးမယ်သုံက ပြောရင်း မွေးလိုက်
ရောတဲ့ဗျ။ ကျုပ်အမေကလည်း ကလေး
ကောက်တာပေါ့ဗျာ။ လက်သည်မကြီး
ဒေါ်မယ်ဆိုးက အမေ့လက်ထဲက ကိုင်
ထားတာကို ကြည့်ပြီး…
“လက်စသတ်တော့ ဒါကိုး၊ ဟား ဟား
ဟား၊ ငါ့မှာတော့ တွန်းလိုက်ရတာ မယ်
သုံရယ်၊ ညည်းသားက လူခြောက်ကိုးဟဲ့၊
ဒါပေမဲ့ ညည်းတို့တော့ ချမ်းသာတော့မှာ
အေ့၊ လူခြောက်များ မိဘကိုအားကြီး
စောင့်ရှောက်ကြတာ မယ်သုံရဲ့”
အရီးမယ်သုံကတော့ သူမွေးတဲ့သားခြောက်
ကလေးကို ကြည့်ပြီး မျက်ရည်ကျတာပေါ့ဗျာ။
“ငါ့သားက ဝဋ်ကြွေးတယ်လည်းကြီးတာကိုး”
လို့ ပြောသတဲ့ဗျို့။ လက်သည်ကြီး ဒေါ်မယ်ဆိုး
က လူခြောက်ကလေးကို သန့်သန့်ရှင်းရှင်းလေး
လုပ်ကိုင်ပေးပြီး စက္ကူဂျပ်ဘူးလေးတစ်ခုထဲမှာ
ထည့်ပေးခဲ့တယ်ဗျ။ လက်သည်ခ ပေးတာ
တောင် ဒေါ်မယ်ဆိုးက မယူဘူးတဲ့ဗျ။
ဘထွေးဖိုးဆန်းကလည်း စိတ်တော်တော်
ညစ်သွားသတဲ့ဗျို့။ ရွာထဲမှာတော့ ကလေး
အဖတ်မတင်ဘူးလို့ပဲ ပြောရတာပေါ့ဗျာ။
ကလေးမွေးပြီး အရီးမယ်သုံ အိပ်ပျော်သွား
တဲ့အချိန်မှာ အိပ်မက် မက်တယ်ဗျ။
“အမေ…သားကလူပါဗျာ၊ သားကို နို့တိုက်ပါ၊ သားဆာနေပြီဗျ”
လို့ ကလေးကပြောသတဲ့။ အရွယ်ကတော့
ခြောက်လသားကလေးအရွယ်လောက်
ရှိတယ်ဆိုပဲ။
“နို့တိုက်တာတော့ ဟုတ်ပါပြီ၊ သားက
လူလက်ညှိုး သာသာလေးရှိတာဆိုတော့
အမေက သားကို ဘယ်လိုနို့တိုက်ရမှာတုံး”
လို့ အရီးမယ်သုံက ပြောတော့ …
“အမေ့နို့ကို ပန်းကန်လေးနဲ့ညှစ်ထည့်ပြီး
သားဘေးမှာ ချထားပေးရင် ရတယ်ဗျ”
အရီးမယ်သုံက အိပ်ရာကနိုးတာနဲ့ ဘထွေး
ဖိုးဆန်းကို အကျိုးအကြောင်းပြောပြပြီး ပန်း
ကန်လေးနဲ့ နို့ညှစ်ထည့်ပေးထားလိုက်တယ်
နို့ကတော့ ကုန်မသွားဘူးတဲ့ဗျ။ ဒါပေမဲ့ ည
ရောက်တော့ သူနို့စို့ရတဲ့အကြောင်း ပြော
သတဲ့ဗ်။
“ညဘက်ဆိုရင် နို့ကိုပန်းကန်နဲ့ထည့်မထား
နဲ့ အမေ၊ ကျနော် အမေ့နို့ကို စို့လို့ရတယ်”
လို့ ပြောတယ်တဲ့ဗျ။ ညရောက်တော့
အရီးမယ်သုံက အိပ်မက်ထဲမှာ ကလေး
ကို နို့တိုက်နေတာတဲ့ဗျို့။ အရီးမယ်သုံက
ကျုပ်ကို ပြောဖူးတယ်ဗျ။
“နေ့ခင်းဘက်ဆိုရင်တော့ အရီးက
ဟိုသွား ဒီသွား အလုပ်တွေ လုပ်နေတာ
ပေါ့ တာတေရယ်၊ ညဘက်ဆိုရင်တော့
ကလေးအမေပဲပေါ့၊ ကလေးကို နို့တိုက်
ပြီး သိပ်နေရတာပါပဲ၊ ထမင်းကျွေးရတဲ့
အရွယ်ရောက်တော့လည်း သူ့ဘေးမှာ
စားပွဲခုံလေးနဲ့ ထမင်းနယ်ဖတ်ပြီး ကျွေး
ရတယ်ဟဲ့၊ တခြားကလေးတွေ မွေးရ
သလိုပါပဲဟယ်၊ ဘေးလူတွေ့ရင်တော့
ငါ့ကို ရူးနေတယ်လို့တောင် ထင်ချင်
ထင်မှာပေါ့ဟယ်၊ အရီးတို့ကလည်း
ကလေးပျက်ကျသွားတယ်လို့ ပြော
ထားတာကိုး၊ ကလေးအဖတ်မတင်လို့
မယ်သုံတစ်ယောက် ကြောင်တောင်
တောင်ဖြစ်သွားတယ်လို့ပဲ ပြောကြ
မှာပေါ့လေ။ တကယ်တော့ အရီးမှာ
မမြင်ရတဲ့ ကလေးတစ်ယောက် တ
ကယ်ရှိနေတာပါ၊ သူ့ကို အရီးတို့
လင်မယားက ဒီပလို့ နာမည်ပေး
လိုက်ကြတယ်”
“အရီး အိပ်မက်ထဲမှာပဲ ကိုကြီးဒီပကို
အမြဲတမ်းတွေ့နေတာပေါ့ ဟုတ်လားအရီး”
“အေး ဟုတ်တယ် တာတေရဲ့”
” အပြင်မှာရော တစ်ခါမှ မတွေ့ဖူးဘူးလား”
“တစ်ခါတစ်ခါတော့ ငါ့ဘေးမှာ ရိပ်ကနဲ
ဖြတ်သွားတာကို မြင်လိုက်သလို ဘာလို
တော့ရှိတယ်၊ လူတစ်ယောက်နဲ့ တစ်
ယောက် မြင်သလိုတော့ တစ်ခါမှ မတွေ့
ဖူးဘူးဟဲ့၊ နို့စို့တဲ့ အရွယ်လေးတုန်းက
တော့ ညဆိုရင် ကိုယ့်ရင်ခွင်ထဲမှာ
နို့စို့ရင်း ကလေးအိပ်နေတယ် လို့ကို
ခဏခဏဖြစ်ဖူးတယ်၊ အေးရင်စောင်
လေးတောင် ခြုံပေးထားလိုက်သေး
တာဟဲ့”
“ဒါနဲ့ အရီးနဲ့ ဘထွေးဖိုးဆန်းက ကိုကြီး
ဒီပကို ရှင်ပြုပေးဖူးတယ်ဆို”
“ဟုတ်တယ်လေ တာတေရဲ့၊ နင့်ကိုကြီး
ဒီပက ဆယ်နှစ်သားလောက်ရောက်
တော့ အိပ်မက်ထဲမှာ သူ့အဖေကိုရော
ငါ့ကိုရော ပြောတယ်၊ ‘အဘနဲ့ အမေတို့
ကျုပ်ကို ရှင်ပြုပေးကြတော့၊ ကျုပ်ကိုရင်
ဝတ်ရမယ့်အရွယ် ရောက်ပြီဗျ’တဲ့ဟေ့၊
ဒါနဲ့ ဆရာတော်ကို အကျိုးအကြောင်း
လျှောက်တော့ ဆရာတော်က ‘ဒါဆိုရင်
လည်း နင်တို့ဝတ်ပေးလိုက်ကြပေါ့’လို့
မိန့်တာနဲ့ နင့်ဘထွေးက မြို့တက်ပြီး
ပရိက္ခရာရှစ်ပါး ဝယ်ရတာပေါ့ဟယ်၊
ဆရာတော်က ပရိက္ခရာရှစ်ပါးကို ရှေ့
မှာချပြီး တခြားကလေးတွေ ကိုရင်ဝတ်
သလိုပဲ သင်္ကန်းတောင်းကို ဆိုပေးပြီး
သင်္ကန်းတွေကို ဖြန့်ထားလိုက်ရောဟေ့။
ညရောက်တော့ သပိတ်ကလေးပိုက်ပြီး
ကိုရင်လေးဖြစ်လို့ ။ ‘ဒကာကြီးနဲ့ ဒကာမ
ကြီးတို့ ကိုရင့်ကို ဆွမ်းလောင်းကြ’လို့
ပြောတာနဲ့ အိပ်မက်ထဲမှာ ဆွမ်းလောင်း
ကြရတာပေါ့ဟယ်”
“သြော်…ဟုတ်လား၊ တော်တော်တော့
ထူးဆန်းတာပဲ အရီးရဲ့”
“ဘန့်ဘွေးကုန်းတို့ မီးလောင်ကုန်းတို့က
မလုံးတင်တို့ မပြားကြည်တို့ကလည်း ပြော
ကြတယ်၊ အိပ်မက်ထဲမှာ ကိုရင်လေးတစ်
ပါး ဆွမ်းလာခံလို့ ဆွမ်းလောင်းရတယ်လို့
အိပ်မက် မက်ကြလို့တဲ့ဟေ့၊ လုံးတင်တို့
ပြားကြည်တို့ မစိန်တို့ဆိုတာ အရီးဆီကို
မကြာ မကြာလာတတ်တဲ့ ကောင်မတွေ
လေဟာ၊ ဒီတော့ နင့်ကိုကြီးဒီပက သူတို့
ကို သိနေတော့ သူတို့ဆီမှာ ဆွမ်းသွား
ခံတာ ဖြစ်မှာပေါ့ တာတေရဲ့။
အသက်နှစ်ဆယ်ပြည့်တော့ တစ်ခါပြော
ပြန်ရောဟဲ့၊ သူ့ကို ပဉ္စင်းတက်ပေးပါဆိုလို့
ဆရာတော်ဆီမှာ လျှောက်တော့ ဆရာ
တော်က သနားပြီး ပဉ္စင်းတက်ပေးတယ်၊
ကျောင်းမှာရှိတဲ့ သံဃာတွေနဲ့ပဲ သိမ်တက်
ပေးတယ်၊ ဒီတုန်းကလည်း အရီးတို့ ဆွမ်း
လောင်းကြရတာပဲ တာတေရဲ့”
” အရီးကတော့ ကိုကြီးဒီပကို အပြင်မှာ
မြင်ရင်လည်း မှတ်မိမှာပေါ့နော်”
“ဟာ …မှတ်မိတာပေါ့ တာတေရဲ့၊
ညတိုင်းလို အိပ်မက်ထဲမှာ မြင်တွေ့နေရ
တဲ့ဟာ၊ သူ့အဘရောငါရော သူ့ရုပ်ကိုသိ
နေတာပေါ့၊ တခြားသားသမီးတွေလိုပဲ
ဘာမှမကွာခြားဘူးဟဲ့ ”
ဘထွေးဖိုးဆန်းနဲ့ အရီးမယ်သုံတို့မှာ
ကိုကြီးဒီပအောက်မှာ သားတစ်ယောက်နဲ့
သမီးတစ်ယောက် ရှိသေးတယ်ဗျ။သားက
ကိုရူပတဲ့၊ သမီးက စန္ဒာတဲ့ဗျ။ ကိုကြီးဒီပ
က အသက်သုံးဆယ့်ငါးနှစ်တဲ့ဗျ။ ကိုရူပ
က သုံးဆယ့်သုံးနှစ်၊ မစန္ဒာက နှစ်ဆယ့်
သုံးနှစ်တဲ့။
“တာတေ နင်က နင့်ကိုကြီးဒီပကို တော်
တော်စိတ်ဝင်စားနေတယ် ဟုတ်လား။
ဟိုကလည်း နင်တော့ချစ်သားဟဲ့၊ ဟိုတ
လောက ဝက်သားဟင်းချက်လို့တောင်
ညဘက် အိပ်မက်ထဲမှာ ပြောသေးတယ်
‘အမေ တာတေက ဝက်သားဟင်း အား
ကြီးကြိုက်တာဗျ။ တာတေ့ကို ဟင်းတစ်
ခွက်လောက် ပို့ပေးပါဦးလား’တဲ့။ အဲဒါ
ငါက ပြောရတယ်၊ နောက်တစ်ခါချက်
တော့မှပဲ တာတေ့ကို ပို့တော့မယ်သားရယ်၊
နင့်ညီတာတေက ကလီစာချက်တာကြိုက်
တဲ့ကောင်ဟဲ့လို့ပြန်ပြောတော့ နင့်ကိုကြီး
ဒီပက ရယ်လို့ဟဲ့၊ ‘တာတေကတော့ တ
ကယ့်ကောင်ပဲ အမေရဲ့၊ အသက်သာငယ်
တာ ဗဟုသုတတော့ တော်တော်ရှိသဗျ၊
ဆရာကောင်းသမားကောင်းတွေနဲ့လည်း
လျှောက်လိုက်ဖူးတာ၊ အရွယ်နဲ့ မလိုက်
အောင်ကို အတွေ့အကြုံများတာဗျ’တဲ့
ဟေ့။ နင့်ကိုတော့ နင့်ကိုကြီးဒီပက
လွှတ်ချီးမွမ်းတာ”
“ဒါနဲ့ အရီးရဲ့ ကိုကြီးဒီပက ဘထွေးဖိုးဆန်း
ကို ယာထွန်ပေးတယ်ဆို”
ဒီအကြောင်းတွေက ရွာထဲကလူတွေ ဘယ်သူ
မှသိတာ မဟုတ်ဘူးဗျ။ အရီးမယ်သုံ ကျုပ်တို့
အိမ်လာတုန်း ကျုပ်က နှစ်ကိုယ်ကြားမေးနေ
တာ။ ကျုပ်အဘနဲ့ အမေကိုသာ ဘထွေးတို့
အရီးတို့က အကုန်ပြောတာ။ ကျန်တဲ့လူတွေ
ကို ဒီအကြောင်း ဟတောင် မဟဖူးဘူးဗျ။ဘ
ထွေးတို့အိမ်မှာ လူခြောက်ရှိတယ်ဆိုတာ
ကျုပ်တို့ ရွာသားတွေ သိတဲ့သူတစ်ယောက်
မှ မရှိဘူး။ ကျုပ်တို့ မိသားစုကလည်း မပြော
ဘူးဗျ။
“ဟာ နင့်ကိုကြီးက မိဘတွေကို အားကြီး
ဂရုစိုက်တာဟဲ့ တာတေရဲ့၊ သူ့အဘ ပင်
ပန်းရင် နည်းနည်းမှ ကြည့်ရက်တာ မဟုတ်
ဘူး၊ သူ့အဘနဲ့ ယာထဲလိုက်ပြီး လုပ်ပေးချင်
တယ်လို့ ကိုဖိုးဆန်းကို အိပ်မက်ထဲမှာပြော
သတဲ့၊ ဒီတော့ သူ့အဘက’ဒီပရယ်၊ ယာထဲ
မှာ ကူလုပ်ပေးချင်ပေမယ့် ငါ့သားက လူ
တွေလို ခန္ဓာကိုယ်ရှိတာမှ မဟုတ်တာ၊
ဘယ့်နှယ်လုပ်ပြီး ကူလို့ရမတုံး’ ပြော
တော့ နင့်ကိုကြီးက ပြောသတဲ့
တာတေရဲ့
‘အဘ ကျုပ်က ဝဋ်ကြွေးတစ်ခုကြောင့်
အခုလိုဘဝကို ရောက်ရတာပါ၊ ဒါပေမဲ့
လူခြောက်ဆိုတိုင်းလည်း အားလုံးအတူ
တူချည်းမဟုတ်ဘူး အဘရဲ့၊ ကျုပ်မှာက
ကုသိုလ်ကံတွေ အများကြီး ရှိခဲ့တာပါ၊
အဘတို့ ကျုပ်ကို မမြင်ရပေမယ့် ကျုပ်
က လုပ်နိုင်ပါတယ် ‘
လို့ ပြောသတဲ့ဟေ့။ ဒါနဲ့ နင့်ဘထွေးက
‘ဒီလိုဆိုလည်း ငါ့သားသဘောပါပဲ၊ အဘ
နဲ့ ယာထဲလိုက်ခဲ့ပေါ့ ‘လို့ ပြောလိုက်တယ်
ဆိုပဲ။ မနက်အိပ်ရာထတော့ ‘မယ်သုံရေ
ထမင်းကို နှစ်ယောက်စာထည့်ကွာ၊ နင့်
သား ဒီပပါ ယာထဲလိုက်ပြီး အလုပ်လုပ်
မယ် ပြောတယ်’
‘ဟင်…ဟုတ်ရဲ့လား ကိုဖိုးဆန်းရယ်၊
သူက လုပ်နိုင်ပါ့မလားတော်’
‘ဒါတော့ ငါလည်း မသိဘူး မယ်သုံရဲ့၊
ညက အိပ်မက်ထဲမှာ ပြောတာတော့
ငါတို့က သူ့ကို မမြင်ရပေမယ့် သူက
လုပ်နိုင်တယ်တဲ့ဟေ့၊ ကဲ ကဲ ဒါတွေ
နောက်တော့ သိရမှာပဲ၊ ထမင်းသာ
ငါတို့သားအဖ စားဖို့ နှစ်ယောက်စာ
ထုတ်လိုက်’တဲ့ဟေ့၊ နင့်ဘထွေးက
အဲဒီလိုပြောတော့ ငါကလည်း ထမင်း
ထုပ်နှစ်ထုပ် ထုပ်ပေးရတာပေါ့ဟာ၊
ညနေ နင့်ဘထွေး ယာထဲက ပြန်
လာတော့ ငါက အသာလေး ကပ်
မေးကြည့်တာပေါ့ဟယ်၊ ကိုဖိုးဆန်း
ဘယ်လိုတုံး၊ တော့်သားက တော့်ကို
တကယ်ကူလုပ်ပေးတာလားဆိုတော့
ကိုဖိုးဆန်းက ခေါင်းညိတ်ပြပြီး
ပြောတယ်။
‘မယ်သုံရေ …ဒီအကြောင်းတွေ ဘယ်သူ
ကိုမှတော့ မပြောမိစေနဲ့နော်၊ ဒီနေ့တစ်
နေ့လုံး ငါ တစ်ကြောင်းတောင် မထွန်
လိုက်ရဘူးဟေ့၊ နင့်သားပဲ ထွန်နေတာ’
တဲ့ဟေ့၊ ဒါနဲ့ အရီးက မေးတာပေါ့၊ ဘယ်
လိုထွန်တာတုံး ကိုဖိုးဆန်းရဲ့ဆိုတော့
နင့်ဘထွေးက ပြောတယ် တာတေရဲ့။
‘ဘယ်လိုထွန်တယ်တော့ ငါမသိဘူး
မယ်သုံရေ၊ နွားတွေကတော့ လူထွန်
သလိုကို သွားနေတာဟဲ့၊ တစ်ချက်
တစ်ချက် ငါ့နားထဲမှာ နွားငေါက်သံ
ကြားနေရသလိုပဲ၊ မြေကြီးတွေမှဟာ
ဖွာကနဲ ဖွာကနဲ နေတာပဲ၊ ထွန်ရေး
ကလည်း ညက်လိုက်ပါဘိသနဲ့ဟယ်၊
ထွန်ကြောင်းကလည်း နက်လိုက်တာ
မယ်သုံရယ်၊ တို့ရွာထဲက အလုပ်အင်
မတန် လက်ကြောတင်းပါတယ်ဆို
တဲ့ တောင်ပိုင်းက ဝကြီးတို့ညီအစ်
ကိုလောက်တော့ ငါ့သားဒီပက
အပျော့ပါဟယ်’
‘ကိုဖိုးဆန်း တော့်ကြည့်ရတာ ပျော်
နေတဲ့ပုံပဲ’
‘ဟဲ့ မယ်သုံရဲ့ ပျော်တာပေါ့ဟဲ့၊
ငါ့သားကြီး ဒီပက အခုလို အားကိုး
ရတယ်ဆိုတော့ ငါဝမ်းသာတာပေါ့
မယ်သုံရယ်၊ မနက်ဖြန် ဘာဟင်း
ကောင်းချက်မှာတုံး၊ ငါ့သား ဒီပရော၊
ရူပရော ဖအေနဲ့ ဒိုးတူဘောင်ဖက်
လုပ်နိုင်နေကြပြီဟဲ့၊ နင် ကောင်း
ကောင်းချက်ပြုတ်ကျွေးပေတော့’
လို့ ပြောတယ်ဟေ့။ အဲဒီနေ့က စပြီး
ငါတို့ယာတွေဆိုတာ ထွက်လိုက်တာ
မပြောပါနဲ့တော့ဟယ်၊ စီးပွားရေးဆို
တာလည်း အရီးတို့မှာ သိသိသာသာ
ကို တက်တော့တာ တာတေရဲ့”
“ဝမ်းသာစရာပဲ အရီးရေ၊ ဒါထက်ကိုကြီး
ဒီပက သူ့ညီနဲ့ ညီမကိုရော ချစ်လားဗျ”
“အောင်မလေး…ညီနဲ့ ညီမကို ချစ်လိုက်တာ
မှဟယ်၊ ဟိုဟာတွေ ငယ်ငယ်က ပြောမရလို့
ငါက ရိုက်မယ်လို့ လုပ်ရင် ဒီပက တုတ်ကို
ဆွဲထားတာဟေ့”
“ဟာ…ဟုတ်လား အရီး”
“ဟုတ်ပါတော့်၊ အဲဒီဟာတွေ ကြီးသာသွား
ရော၊ ငါ့မှာ တစ်ချက်မှကို မရိုက်လိုက်ရပါ
ဘူးဟယ်”
“ဟား ဟား ဟား ဟား ”
ကျုပ်က အရီးမယ်သုံပြောတာကို သဘော
ကျပြီးရယ်လိုက်တာဗျို့။
“အရီး…ရုံးဒေါင့်သူ ချွေးမအကြောင်း
ပြောပါဦးဗျ”
“တာတေရေ …ဒီအကြောင်းကတော့
လူသိကိုမခံဝံ့တဲ့ ကိစ္စဟေ့”
“စိတ်ချ အရီး၊ ကျုပ်က ပါးစပ်လုံတဲ့ကောင်”
“ဒီလို တာတေရေ၊ အိမ်မှာ စီးပွားရေးက
လည်း အဆင်ပြေတော့ အရီးတို့ အိမ်ကြီး
ဆောက်လိုက်တယ်လေ၊ အိမ်ဆောက်
ပြီးတာနဲ့ နင့်ဘထွေးက သူ့သားရူပကို
ပြောတယ်လေ။
‘ရူပ မင်းမှာ ရည်းစားတွေ ဘာတွေ မရှိဘူး
လား၊ ရှိရင် အဘက အိမ်ထောင်ချပေးမလို့
ကွ၊ အဘက ချွေးမတွေဘာတွေ ရှိချင်နေပြီ’
‘အဘကလည်း ကျုပ်မှာ ရည်းစားမှမရှိဘူး
ဗျ၊ ရှိလည်း ကျုပ်က မယူသေးပါဘူး’
‘ ဟေ…ဘာဖြစ်လို့တုံးကွ’
‘အဘကလည်းဗျာ၊ ကိုကြီးဒီပတောင်
အိမ်ထောင်မပြုရသေးဘူးလေဗျာ၊
ကျုပ်က အစ်ကိုကို ကျော်ပြီး ဘယ့်
နှယ်လုပ်အိမ်ထောင်ပြုရမှာတုံးဗျ’
‘ဟာ ဒီကောင် တော်ရော်ပြောတော့မယ်၊
မင်းအစ်ကိုကြီး ဘယ့်နှယ်လုပ် အိမ်
ထောင်ပြုမှာတုံး ရူပရဲ့၊ စဉ်းစားလည်း
ပြောပါကွာ’
‘ကျုပ်က ဒီရွာမှာလည်း တယ်မနေချင်ဘူး
အဘရဲ့၊ မြို့မှာသွားပြီး ရောင်းဝယ်စားချင်
တာဗ်’
‘သြော် …ဟုတ်လား၊ မြို့မှာတော့ မင်းအ
မေရဲ့မောင် မောင်စိန်ရှိတာပဲ သူတို့လည်း
စျေးထဲမှာ ဆိုင်နဲ့ကနားနဲ့ ရောင်းဝယ်စား
နေတာပဲ၊ အဘ အရင်းအနှီးထုတ်ပေးမှာ
ပေါ့ ရူပရဲ့၊ လုပ်ချင်ရင် မင်းဦးလေးနဲ့
တိုင်ပင်ပြီး လုပ်လေ’
‘ကျုပ်လည်း ဦးလေးနဲ့ တိုင်ပင်နေတာဗျ’
‘ဟေ…ဟုတ်လား၊ လုပ်လေ၊ မင်းဆန္ဒရှိရင်
အဘတို့အမေတို့က လုပ်ပေးမှာပေါ့ကွာ’
လို့ နင့်ဘထွေးကပြောတော့ ရူပကိစ္စက
ပြီးသွားတော့တာပေါ့ဟာ၊ အဲဒီညမှာပဲ
နင့်ကိုကြီးဒီပက သူ့အဘကို အိပ်မက်
ပေးတယ်။
‘အဘ…ချွေးမလိုချင်နေတာ တကယ်လား’
လို့ မေးသတဲ့ဟေ့၊ ဒီတော့ နင့်ဘထွေးက…
‘ဒီပရယ်၊ လိုချင်တာမှ အခုရရင် အခုလို
ချင်တာဗျ၊ အဘက သားတွေသမီးတွေ
ချွေးမတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေချင်
တာကြ’
လို့ ပြောလိုက်တော့ သူ့သား ဒီပက
သူ့အဘကိုပြောသတဲ့ဟေ့၊
‘ဒါဆိုရင် အဘနဲ့အမေနဲ့ ကျုပ်ကို မိန်းမ
လိုက်တောင်းပေးဖို့ ပြင်ကြပေတော့’
‘ ဟေ…ဘာပြောတယ် ဒီပ၊ မင်း မင်းက
မိန်းမယူမလို့လား၊ မင်းမှာ ရည်းစာတွေ
ဘာတွေ ရှိနေလို့လား၊ ဘာလဲ၊ မင်းရည်း
စားက မင်းလိုပဲ လူခြောက်မလေးလား’
လို့ နင့်အဘထွေးက အိပ်မက်ထဲမှာ
နင့်ကိုကြီးဒီပကို မေးလိုက်တာတဲ့ဟေ့။
‘ဟာ…အဘကလည်း ပေါက်ပေါက်ရှာရှာ
ပြောတော့မယ်၊ လူခြောက်မဟုတ်ပါဘူးဗျ၊
လူပါ၊ ရုံးထောင့်ရွာက မယ်ဆင့်ပါဗျ၊ မယ်
ဆင့်က တော်တော်ချောတာ အဘရ၊ ကျုပ်
နဲ့ သမီးရည်းစားဖြစ်နေတာ ကြာပြီဗျ၊ အဘ
တို့ တောင်းပေးမယ်ဆိုရင် ကျုပ်မယ်ဆင့်
ကတစ်ဆင့် သူ့မိဘတွေကို ပြောခိုင်း
လိုက်မယ်’
‘ဟ …ဒီပ၊ မင်း တကယ်ပြောနေတာလား
လူလေးရဲ့’
‘တကယ်ပြောတာ အဘရဲ့၊ အဘ မယုံရင်
စုံစမ်းကြည့်လေဗျာ၊ ကျုပ်နဲ့ မယ်ဆင့်နဲ့
သမီးရည်းစားဖြစ်နေတာ သုံးနှစ်တောင်
ရှိပြီဗျ’
‘ရည်းစားဖြစ်တာတော့ ဟုတ်တယ်ပဲ
ထားပါ ဒီပရာ၊ ဒါပေမဲ့ သူ့မိဘများက
သူတို့သမီးနဲ့ သဘောတူပါ့မလား
သားရယ်’
‘ဘာဖြစ်လို့တုံး အဘရဲ့’
‘ဟ…ဘာဖြစ်ရမှာတုံး လူလေးရဲ့၊
လူလေးက လူခြောက်လေကွာ’
‘ဟား၊ ဟား ၊ ဟား ၊ ဟား အဘက
ဒါကို စိတ်ပူနေတာလား၊ ဒီအတွက်
မပူနဲ့ဗျ၊ ကျုပ်က ဝဋ်ကြွေးကြောင့်သာ
လူခြောက်ဖြစ်ရတာပါ၊ ကျုပ်ပြုခဲ့တဲ့
ကောင်းမှုကံတွေကြောင့် လူတစ်
ယောက်လို နေလို့ထိုင်လို့ရပါတယ်
အဘရဲ့’
‘သြော်…ဒါဆိုရင် ငါ့သားက သူ့ကို
အိပ်မက်ပေးပြီး လူပျိုလှည့်တာပေါ့
ဟုတ်လား’
‘ဟုတ်တယ် အဘရဲ့၊ မယ်ဆင့်ကို
ကျုပ် ရုံးထောင့်သွားတုန်းက မြင်ဖူးပြီး
သဘောကျသွားတာဗျ’
‘ဟင်၊ ငါ့သားက ရုံးထောင့် ဘာသွား
လုပ်တာတုံး’
‘အဘနဲ့ လိုက်ခဲ့တာလေဗျာ၊ ရုံးထောင့်မှာ
အဘသူငယ်ချင်း ဦးဥသြရှိတယ်မို့လားဗျ၊
အဘ ဦးဥသြဆီကိုသွားလည်တုန်းက
အဘနဲ့ ကျုပ်လိုက်လာခဲ့တာ၊ အဲဒီတုန်း
က မယ်ဆင့်က ဦးဥသြတို့အိမ်ကို ဆီလာ
ပို့တာ၊ ကျုပ်တွေ့လိုက်ရတာဗျ၊ အဲဒီညက
မယ်ဆင့်ကို အိပ်မက်ပေးပြီး ကျုပ်သွား
တွေ့တယ်၊ နောက်တော့ မယ်ဆင့်ဆီကို
ကျုပ်ညတိုင်း ရောက်ပြီး ကြိုက်သွားကြ
တာ၊ မယ်ဆင့်က ကျုပ်ကို အပြင်မှာတွေ့
ချင် မြင်ချင်တယ်ဆိုလို့ သူရောကျုပ်ရော
ဆုတောင်းကြတယ်၊ ဆုတောင်းပြည့်တာ
လား၊ အတိတ်ကံကြောင့်လားတော့
မသိဘူးအဘရဲ့၊ မယ်ဆင့် ကျုပ်ကို
မြင်ရတယ်’
‘ဟေ…ဟုတ်လား လူလေးရဲ့၊ မင်းတို့
ဟာက တယ်လည်း ထူးဆန်းပါလားကွယ်’
‘မယ်ဆင့်နဲ့ ကျုပ်နဲ့ စကားပြောနေတာကို
ဘေးကမြင်ရင်တော့ မယ်ဆင့်တစ်ယောက်
တည်း ပြောနေတယ်လို့ပဲထင်ရတာပေါ့
အဘရယ်၊ ဒါပေမဲ့ မယ်ဆင့်က ကျုပ်ကို
ထိလို့ကိုင်လို့ ရသလို ကျုပ်ကလည်း သူ့
ကို လူလူချင်း ထိသလို ထိလို့ရတယ်
အဘရဲ့”
‘ဟင်…ဒါဆိုရင် လူလေးမယ်ဆင့်နဲ့ ပေါင်း
သင်းလို့ရတာပေါ့ ဟုတ်လား’
‘ရတယ် အဘ’
လို့ နင့်ကိုကြီးဒီပက ရှက်ကိုးရှက်ကန်းနဲ့
ပြောသတဲ့ တာတေရေ”
“ဟာ …ထူးဆန်းလိုက်တာ အရီးရာ”
“အေး…အဲဒါ နင့်ဘထွေးက မယုံဘူးဟဲ့၊
ရုံးထောင့်ကို သွားတယ်၊ သူ့သူငယ်ချင်း
ဥသြတို့အိမ်မှာ တည်းပြီး ကလေးမလေး
ကို ခေါ်တွေ့တယ်၊ တွေ့တော့ နင့်ဘ
ထွေးက ကလေးမလေးကို မေးစမ်းကြည့်
သတဲ့ဟေ့။
‘သမီးမယ်ဆင့်၊ အဘက မောင်ဒီပရဲ့အဘ
ပါ၊ ထနောင်းကုန်းကလာတာပါ၊ အဘသား
နဲ့သမီးနဲ့လူငယ်ချင်း မေတ္တာမျှနေကြတယ်
ဆိုတာဟုတ်သလားကွယ်’
လို့ မေးတော့ မယ်ဆင့်က မဆိုင်းမတွဘဲ
ဟုတ်ကြောင်းပြောသတဲ့ တာတေရေ၊ ဒါနဲ့
ဒီပပြောတာတွေ ဟုတ် မဟုတ် ဖြည်းဖြည်း
ချင်းမေးတော့ မယ်ဆင့်ကလည်း ဟုတ်
ကြောင်းပြောတယ်၊ ဒါနဲ့ပဲ ဥသြတို့လင်မယား
ကို အကြောင်းစုံပြောပြပြီး စီစဉ်ခိုင်းရတာပေါ့
ဟယ်၊ နင့်ကိုကြီး ဒီပက ကိုဖိုးဆန်းကိုရော ငါ့
ကိုပါ အိပ်မက်ပေးတယ်
‘အမေ…ကျုပ် အတိတ်က ပြုခဲ့တဲ့ကုသိုလ်
ကံတွေကြောင့် မြေကြီးထဲမှာ မြှုပ်ထားတဲ့
ပိုင်ရှင်မရှိတဲ့ ရွှေသိုက်တစ်ခုရထားတယ်၊
အဲဒီထဲက ငါးဆယ်သားကို မယ်ဆင့်အ
တွက် တင်တောင်းပေးပါ၊ ကျန်တာတွေ
ကို အဘနဲ့အမေယူကြပေါ့၊ နောင်လည်း
လိုအပ်ရင် ကျုပ်သွားယူပေးပါ့မယ်’
လို့ ပြောတယ်ဟဲ့။ အိပ်ရာကနိုးတော့ တို့
အိမ်ရာဘေးမှာ တကယ်ကို ရွှေထုပ်ကြီး
ရောက်နေတာဟေ့၊ ချိန်ကြည့်တော့ ခုနှစ်
ဆယ့်ငါးကျပ်သား ရှိတယ်၊ ငါတို့က အစိတ်
သားယူထားပြီး မယ်ဆင့်ကို တင်ထားဖို့
ငါးဆယ်သားဖယ်ထားလိုက်တယ်၊ ရုံး
ထောင့်က ဥသြတို့လင်မယားက မယ်
ဆင့်မိဘတွေနဲ့ ညှိနှိုင်းပြီးတာနဲ့ ငါတို့
သွားပြီး မယ်ဆင့်ကို တောင်းတယ်”
‘အဲဒီတုန်းက ကိုကြီးဒီပရောပါလား
အရီးရဲ့’
‘ဟဲ့ ပါတာပေါ့ တာတေရဲ့၊ သူ့ကို
မိန်းမတောင်းပေးတဲ့ဟာ သူမပါလို့
ရမလားဟဲ့ ‘
‘ဒါပေမဲ့ သူ့ကိုတော့ ဘယ်သူမှ မမြင်
ရဘူးပေါ့ အရီးရဲ့’
‘ဘယ်သူမှ မမြင်တာတော့ မဟုတ်ဘူး
တာတေရေ၊ မယ်ဆင့်ကတော့ မြင်ရ
တယ်ဟဲ့၊ လူကြီးတွေကိုကန်တော့တော့
မယ်ဆင့်က ပြောတာဟေ့၊ ‘ကိုဒီပ…အဖေ
နဲ့ အမေကို ကန်တော့ရအောင်’တဲ့။ အဲဒီ
လို ပြောပြီးတာနဲ့ ငါတို့ကို ကန်တော့ကြ
တယ်၊ ပြီးတော့ …
‘ကိုဒီပ …မယ်ဆင့်မိဘတွေကို ကန်တော့
ရအောင်’ လို့ မယ်ဆင့်ကပြောပြီး ကန်
တော့ကြတယ်။ အရီးတို့မိဘတွေကတော့
မယ်ဆင့်တစ်ယောက်ပဲ မြင်တာပေါ့ဟယ်၊
ဒါပေမဲ့ရုံးထောင့်က လူကြီးတွေက အကြောင်းစုံသိသွားကြတော့မေးတယ်၊
‘လုံမလေး မယ်ဆင့် မောင်ဒီပကို
လုံမလေးမြင်ရသလား’တဲ့။
တာတေရေ မယ်ဆင့်က လူကြီးတွေ
ရှေ့မှာပဲ ပြန်ဖြေတယ်။
‘ကျမ ကိုဒီပကိုမြင်ရပါတယ် ဘိုး’
‘အေး အေး၊ ဘဝတွေများ တယ်လည်းဆန်း
ကြယ်ပေတာကိုး လုံမလေးရယ်၊ ဘဝရေ
စက်တွေပါလာခဲ့လို့လည်း ခုလိုဆုံစည်း
ပြီး ပေါင်းဖက်ရတာပလေ၊ သူများတွေ
မြင်ဖို့ မမြင်ဖို့က အဓိက မဟုတ်ဘူးလေ၊
လုံမလေးတို့ချင်း မြင်တွေ့ကြရင် ပြီးတာ
ပါပဲကွယ်’လို့ ရုံးထောင့်က လူကြီးတွေ
က ပြောပြီး…
‘မောင်ဒီပကလည်း လင့်ဝတ္တရားငါးပါး
နဲ့အညီ နေထိုင်ပေါ့ကွယ်၊ မယ်ဆင့်က
လည်း မယားဝတ္တရားငါးပါးကျေအောင်
နေကွဲ့လုံမလေးရဲ့၊ မောင်ဒီပကလည်း
ဇနီးမယားဆိုပေမယ့် မယ်ဆင့်ကို ညီ
မလေးလိုလည်း စောင့်ရှောက်ပေါ့ကွယ်’
လို့ ဆုံးမစကားတွေ ပြောတယ် တာ
တေရေ၊ အရီးတို့လည်း မယ်ဆင့်ကို
တစ်ပါတည်းခေါ်လာခဲ့တာပေါ့ဟယ်၊
သူတို့နှစ်ယောက်ကို တခမ်းတနား
မင်္ဂလာဆောင်ပေးချင်ပေမယ့် ဘယ်
လိုမှမဖြစ်နိုင်တော့ နင့်ဘထွေးလည်း
စိတ်လျော့လိုက်ရတာပေါ့ တာတေ
ရယ်၊ ဒါနဲ့ပဲ ဆရာတော်ကျောင်းမှာ
ဆရာတော့်ကို အကျိုးအကြောင်း
လျှောက်ပြီး မင်္ဂလာဆွမ်းကပ်ရ
တာပေါ့လေ။
ဆရာတော်က ဒီပကို ငယ်ငယ်ကတည်း
က ကိုရင်ဝတ်ပေး၊ ပဉ္စင်းတက်ပေး လုပ်
လာတာဆိုတော့ အခုတစ်ခါ မင်္ဂလာ
ဆွမ်းကပ်တာကို လက်ခံပြီး ဆုတောင်း
ပေးတာပေါ့လေ”
‘ဒါနဲ့ နေပါဦး အရီးရဲ့၊ ကိုကြီးဒီပနဲ့
မယ်ဆင့်တို့ စကားတွေ ဘာတွေ
ပြောနေဆိုနေကြတာကိုရော အ
ရီးတို့ တွေ့ဖူးကြသလား”
“ဟာ…တွေ့ဖူးတာပေါ့ တာတေရဲ့၊
တစ်အိမ်တည်းနေကြတာပဲဟာ၊
ဒါပေမဲ့ မယ်ဆင့်တစ်ယောက်တည်း
ပြောတာပဲ တို့ကြားရတာပေါ့
တာတေရယ်”
“ဒါဆိုရင် သူတို့ချင်းတော့ တွေ့ရမြင်ရ
တော့ သေချာတာပေါ့ဗျာ”
“တခြားလင်မယားတွေလိုပဲ ပြောဆိုနေကြ
တာပါဟယ်၊ တစ်ခါတလေလည်း လင်က
စဟယ် နောက်ဟယ် လုပ်တယ်ထင်ပါရဲ့
ဟယ်၊ မယ်ဆင့်က တခစ်ခစ်နဲ့ ရယ်လို့ဟဲ့”
“ဟား ဟား ဟား အရီးမယ်သုံတို့လည်း
အထူးအဆန်းတွေ ကြုံကြရတာပဲနော်၊
သြော်…ဒါနဲ့ ကိုကြီးရူပက မြို့ပြောင်း
သွားတာ အဆင်ပြေနေလား အရီးရဲ့”
“ပြေတယ်ဟေ့၊ ရူပက မြို့မှာ တစ်သွေး
တစ်မွေးကို ဖြစ်လို့ဟဲ့၊ နင်ကိုကြီးရူပက
အခုထက်ထိ အိမ်ထောင်မပြုသေးဘူး
ဟဲ့၊ စီးပွားပဲရှာနေတာ တာတေရေ”
ကျုပ်မေးသမျှ စပ်စုသမျှကို အရီးမယ်သုံ
က အခုလိုပဲ စိတ်ရှည်လက်ရှည်ပြောပြ
တာဗျ။ အညာဆောင်းဗျ။ ခိုက်ခိုက်တုန်
အောင် ချမ်းတဲ့လပေါ့ဗျာ။ ဒီနေ့တော့
ယာထဲလည်းဆင်းစရာမရှိတာနဲ့ ကျုပ်
က စောင်ခြုံပြီး အညာသားစည်းစိမ်
လုပ်နေတော့တာပေါ့ဗျာ။
“တာတေ နိုးနေပြီလား၊ နိုးရင်ထတော့၊
ဆရာတော့်ကျောင်းကို ဆွမ်းချိုင့်ပို့ရမယ်
ကြားလား တာတေ”
“အမေ ဘာဟင်းချက်ထားလို့တုံးဗျ”
“ဟဲ့ မနေ့က မီးလောင်ကုန်းက လုံးကြည်
လာပို့တဲ့ ဝက်သားချက်လို့ဟဲ့၊ ဆရာတော့်
ကျောင်းတောင် ဆွမ်းချိုင့်မပို့တာကြာနေ
လို့ ၊ မနေ့ကတော့ နှစ်ပိဿာယူထား
လိုက်တာ၊ ထတော့ မျက်နှာလေး ဘာ
လေးသစ်၊ ထမင်းဆာရင်လည်းစား”
“ထမင်းကြမ်းကျန်လို့လား”
“ဟဲ့ ကျန်တာပေါ့၊ ထမင်းပူလည်း
ဆွမ်းချက်တာ ကျက်လို့လေ”
ကျုပ်က အိပ်ရာကထ မျက်နှာသစ်ပြီး
တာနဲ့ အမေဆွမ်းခူးပြီး ကျန်တဲ့ ဟင်း
အိုးထဲက ဝက်သားဟင်းနဲ့ ထမင်းကြမ်း
စားလိုက်တယ်။ ကျုပ်စားသောက်ပြီး
တာနဲ့ အမေကလည်း ဆွမ်းချိုင့် အ
ဆင်သင့်ပြင်ပြီးသားဗျ။ ကျုပ်လည်း
အဝတ်အစားလေးလဲပြီး ဆွမ်းချိုင့်
ဆွဲပြီး ထွက်လာခဲ့နာပေါ့ဗျာ။
“ဟဲ့…နွား၊ သြော် ဒီနွားဟာလေ၊
အဖြောင့်ကိုမဆွဲဘူး၊ ဟဲ့…ဟာ၊
ဒီနွားတော့”
ရွာလယ်လမ်းအတိုင်း မောင်းလာတဲ့
လှည်းကို ကျုပ်က ရှောင်ပေးလိုက်တယ်။
ကျုပ်တို့ရွာရဲ့ ရွာလယ်လမ်းက အကျယ်
ကြီးဗျ။ လှည်းနှစ်စီးတော့ အသာလေးကို
ရှောင်နိုင်တာဗျ။
“ဟာ …ဘထွေးတို့ပါလား၊ ဘယ်သွားကြ
မလို့တုံး”
ဘထွေးဖိုးဆန်းရယ်၊ အရီးမယ်သုံရယ်၊
အစ်မမယ်ဆင့်ရယ်ဗျ။
“ဟ တာတေ၊ ချိုင့်ကြီးဆွဲလို့ ဘယ်သွား
မြာတုံး”
“ဆရာတော့်ကျောင်းကို အမေဆွမ်းချိုင့်
ပို့ခိုင်းလို့ ဘထွေးရ”
“မင်းအစ်မ မယ်ဆင့်ရဲ့အဖေ သိပ်နေ
မကောင်းဘူးဆိုလို့သတင်းမေးသွားကြ
မလို့ဟေ့”
“သြော်…ရုံးထောင့်ကိုပေါ့”
“အေးလကွာ၊ ရုံးထောင့်သွားမှာ
မင်းအလည်လိုက်မလား တာတေ”
“ဟာ မလိုက်သေးပါဘူး ဘထွေးရ”
“ဟဲ့နွား တည့်တည့်ဆွဲစမ်း”
လှည်းက ဆက်မောင်းသွားတယ်။
အရီးနဲ့ အစ်မမယ်ဆင့်က ကျုပ်ကို
ပြုံးပြီးနှုတ်ဆက်သွားကြတယ်ဗျ။
လှည်းကျော်သွားတော့မှ ကျုပ်က
တွေးမိတာ၊ ဒီလှည်းပေါ်မှာ ကိုကြီး
ဒီပလည်းပါမှာပဲလို့။
ကျုပ်က သိပြီးသားဗျ။ ဆရာတော့်
ကျောင်းကိုရောက်ရင် တော်တော်နဲ့
ပြန်ရတာ မဟုတ်ဘူးဗျ။ ကျောင်း
ဝေယျဝစ္စတွေကို ဆရာတော်က ခိုင်း
တာဗျ။ တစ်ခါတလေကျတော့လည်း
ဆရာတော်က သူအဂ္ဂိရတ်ထိုးတဲ့
ဖိုခန်းထဲမှာခေါ်ပြီး ဖိုဆွဲခိုင်းနေတာဗျ။
ကျုပ်က ဖားဖိုတော့ ကောင်းကောင်း
ဆွဲတတ်တယ်ဗျို့။
“အဂ္ဂိရတ်ပညာဆိုတာ မီးအဓိကပဲ
ကွ တာတေရ၊ မင်းနားလည်ရမှာက
မီးကြီး၊ မီးလတ်၊ မီးနုံ့ ဒီသုံးမျိုးသိရမှာ၊
မီးကြီးကို ဒဟတေဇောလို့ ခေါ်တယ်၊
မီးနုံ့ကိုတော့ သီတတေဇောလို့ခေါ်
တယ်၊ ပါစကတေဇောလို့လည်း
ခေါ်ကြတယ်ကွ၊ ထမင်းအိုးဆူ
အောင်တဲ့ မီးကဒဟမီးပေါ့
တာတေရ”
ဒီနေ့တော့ ဆရာတော်က အဂ္ဂိရတ်
ဆရာကြီးတစ်ယောက်နဲ့ အကြိတ်
အနယ် ဆွေးနွေးနေကြတာဗျို့။
ကျုပ်က ဆွမ်းပွဲသေသေချာချာပြင်
နေတာဗျ။ ကိုရင်လေးတွေက ကျုပ်
ကို ကူပြီးပြင်ပေးကြတယ်။ ဆွမ်းခံ
ကြွတဲ့ ကိုရင်တွေလည်း ခုမှဆွမ်း
ခံဝင်ရုံ ရှိသေးတာဗျ။
“ဒကာကြီးရဲ့ ကျောက်နဂါး အသား
ကိုထုချေ၊ အရည်ကိုညှစ်ယူ၊ လေး
တူဖားနဲ့ နဂါးတစ်ကောင်နှောစီးလေ
ဖောင်သင်္ဘော၊ ရေကျော်ရေဖြတ်ကို
လည်း နားလည်စေလို့ အိန္ဒာစရိယ
ဆရာတော် မိန့်ခဲ့တယ် မဟုတ်လား
ဗျ၊ ကျောက်နဂါးဆိုတာ ကျောက်
ဆေးဒန်းကို ပြောတာလေဗျာ”
“မှန်ပါဘုရား”
“ဖားဆိုတာ ငွေဗျ၊ နဂါးဆိုတာ နာကို
ပြောတာဗျ”
“မှန်ပါဘုရား”
“ဟဲ့ တာတေ၊ ဆွမ်းချိုင့်လာပို့တာလား၊
မင်းလည်း ခုတလော တော်တော်ငြိမ်
တယ်နော်၊ မင်းဆရာကြီးတွေလည်း
ရောက်မလာ ကြာပေါ့ကွဲ့”
“မှန်ပါ့ဘုရား၊ ဆရာကြီးတွေ ရောက်မ
လာကြတော့ တပည့်တော်လည်း
ငြိမ်နေရတာပါဘုရား”
“အေး အေး၊ ဒကာကြီးနဲ့ ဒကာမကြီး
ရော နေကောင်းကြရဲ့လားကွ”
“နေကောင်းကြပါတယ်ဘုရား”
“အေး အေး၊ ဒကာမကြီးက ဘာဆွမ်း
ဟင်းတွေများ ချက်ပေးလိုက်တာတုံး
တာတေ”
“ဝက်သားဟင်းပါဘုရား”
“အေး အေး သာဓုကွယ်၊ သာဓု၊
သာဓု”
ဆရာတော်ကိုဝပ်ချပြီး ကျုပ်က ချိုင့်လေး
ဆွဲပြီး ပြန်လာခဲ့ရောဗျ။ ဒီတစ်ခါတော့
ဆရာတော်ဘာမှမခိုင်းဘူးဗျို့။ဧည့်သည်
ရောက်နေတော့ စကားကောင်းနေတာ
ကိုဗျ။ ကျုပ်လည်း တစ်နေ့လုံး ဘယ်မှ
မရောက်တော့ပါဘူးဗျာ။ အဘဆီကြိတ်
တာကို ကူပြီးလုပ်ပေးနေရတာဗျ။
ဆီဆုံစီးပေးလိုက်၊ ပဲကြုံးပေးလိုက်နဲ့
ညရောက်တော့ အဘရော ကျုပ်ရော
ပင်ပန်းနေကြတော့တာပေါ့ဗျာ။ ဒါပေမဲ့
ကျုပ်တို့ အညာသားနဲ့အညာနွားက
ပင်ပန်းမှလည်း နေကောင်းကြတာဗျ။
မပင်ပန်းရင်နေလို့ကောင်းတာ မဟုတ်
ဘူး။ လူနဲ့နွား ဒိုးတူဘောင်ဖက် အလုပ်
လုပ်ကြရတာဗျ။ ညရောက်တော့
ကျုပ်ရော အဘတို့ရော စောစော
အိပ်ရာဝင်ကြတာဗျို့။ကျုပ် အိပ်
ပျော်သွားတာနဲ့ အိပ်မက် မက်
တော့တာဗျို့။
“တာတေ၊ တာတေ ညီလေး အစ်ကိုကြီး
ကို ကူညီပါဦးကွာ၊ သိုက်ဆရာတွေ
ဒုက္ခပေးနေပြီကွ”
လူတစ်ယောက်ဗျ။ ကျုပ်တို့အိမ်ပေါ်ကို
ပြေးတက်ပြီး ရေးကြီးသုတ်ပြာနဲ့ ကျုပ်
ကို ပြောနေတော့တာဗျို့။ ကျုပ်ကလည်း
သူ့ကို ဘယ်သူမှန်းမသိဘူး။ လူကတော့
အသက်သုံးဆယ်ကျော်လောက်ရှိပြီ။
ရုပ်ရည်ကလည်း သားသားနားနားနဲ့
ဗျ။ အသားလည်း ဖြူတယ်။ မျက်လုံး
မျက်ဖန်ကောင်းကောင်းနဲ့ လူချော
လူဖြောင့်တစ်ယောက်ပဲဗျ
“နေပါဦးဗျ၊ နောင်ကြီးက ကျုပ်ကို ရင်း
ရင်းနှီးနှီးသိနေပေမယ့် ကျုပ်က နောင်
ကြီးကို မသိတော့ ခက်နေတာဗျ”
“အေး ဟုတ်တယ်တာတေ၊ ကိုကြီးကို
တာတေ တစ်ခါမှ မမြင်ဖူးဘူး၊ ပြီးတော့
ဘယ်သူမှလည်း မမြင်ဖူးဘူးလေ”
“ဒါဆို ခင်ဗျားက ဘယ်သူမို့တုံး”
“ကိုကြီးနာမည်က ဒီပပါ၊ ဦးဖိုးဆန်းနဲ့
ဒေါ်သုံတို့ရဲ့ သားအကြီးဆုံးလေ”
“ဟာ …ကိုကြီးဒီပ၊ ကျုပ်ဖြင့်ဗျာ အခုမှပဲ
မြင်ဖူးတော့တယ်၊ ကိုကြီးကလူချောပဲ
ဗျ၊ ဒါကြောင့်လည်း အစ်မမယ်ဆင့်က
ကိုကြီးကို လက်ထပ်တာကိုး”
“တာတေ မင်းက ငါ့အကြောင်းတွေ
အားလုံး သိနေတာလား”
“သိတယ် ကိုကြီး၊ ဒါထက် အခု ကိုကြီး
ရောက်လာတဲ့ပုံက အရေးတကြီးကိစ္စ
ရှိတဲ့ပုံပဲ၊ ဘာများကိစ္စရှိလို့တုံး”
“ကိုကြီးရဲ့ မိန်းမမယ်ဆင့်ကို သိုက်ဆရာ
ဖမ်းထားလို့ကွ ညီလေးရ”
“ဗျာ၊ အစ်မမယ်ဆင့်ကို ဖမ်းသွားတာလား၊
ဟင်၊ ဘယ်ကို ခေါ်သွားကြတုံးဗျ”
“ဘယ်ကိုမှ မခေါ်ဘူးကွ၊ ရုံးထောင့်မှာပဲ
ရှိတယ်”
“ဟင်…ဒါကို ရုံးထောင့်ကလူတွေ
ကြည့်နေကြသလားဗျ”
“မဆင့်ကို ဖမ်းထားတာကို ဘယ်သူမှ
သိတာ မဟုတ်ဘူး ညီလေးရ”
“ရွာထဲဝင်ပြီး လူတစ်ယောက်လုံး ဖမ်း
သွားတာတောင် တစ်ရွာလုံး မသိဘူး
ဆိုတော့ မခက်ဘူးလား ကိုကြီးဒီပရဲ့”
“ဒီလိုကွ တာတေရ၊ လူကိုဖမ်းတာ
မဟုတ်ဘူး၊ ကိုယ်ပွားကို ဖမ်းထား
တာကွ၊ မယ်ဆင့်ကို အိပ်ရာမှာ
အိပ္လို့ပဲ”
“ဗျာ …လူတစ်ယောက်ရဲ့ ကိုယ်ပွားကို
ထုတ်ယူပြီးဖမ်းလို့ ရသလားဗျ ကိုကြီး
ဒီပရဲ့ ၊ ကျုပ်ဖြင့် တစ်ခါမှကို မကြားဖူး
ပါဘူးဗျာ”
“အင်မတန်အစွမ်းထက်တဲ့ သိုက်ဆရာ
ကြီးကွ တာတေရဲ့၊ နာမည်ကသာဗိန္ဒတဲ့၊
သိုက်တွေနောက်ကို လိုက်နေတဲ့လူပဲ
တာတေ၊ ကိုကြီးက ဘုရားသိုက်မဟုတ်
တဲ့ သိုက်တွေကို ဝင်နိုင်ထွက်နိုင်တဲ့ အ
စွမ်း ရှိတယ်၊ ဒါကို သာဗိန္ဒက သေသေ
ချာချာကိုသိပြီး လိုက်လာတာကွ၊ မယ်
ဆင့်ကို ဖမ်းထားပြီး ကိုကြီးကိုလှမ်းခေါ်
နေတာ၊ ပြီးတော့ မယ်ဆင့်ကို ခြေမန်း
ကွင်းပေးပြီး ကိုကြီးကို စွပ်ခိုင်းမှာကွ၊
အဲဒီခြေမန်းသာ ကိုကြီးကိုစွပ်မိသွား
ရင် သူခိုင်းတိုင်း ကိုကြီး လုပ်ရတော့
မှာ တာတေရဲ့၊ ကိုကြီးကိုကယ်ပါဦး
ညီလေးရယ်”
ကျုပ်လန့်နိုးသွားတယ်ဗျ။ ကျုပ်လည်း
အံ့သြလွန်းလို့ ဘာလုပ်ရမှန်းတောင်
မသိတော့ဘူးဗျာ။ ဆေးလွယ်အိတ်ထဲ
က ကတ္တီပါအိတ်ကလေးနဲ့ ထည့်ထား
တဲ့ မဖဲဝါရဲ့ ကိုယ်တူကိုယ်ခွဲရုပ်ကလေး
ကို ကျုပ်ထုတ်ယူလိုက်တယ်။
“သင်္ချိုင်းရှင်မကြီး မဖဲဝါ၊ အမြန်ဆုံး
ကြွပါ၊ ကျုပ်မှာ အတော်ကို အရေးကြီး
နေပါတယ်”
ကျုပ်က မဖဲဝါကို ပင့်လိုက်ပြီး မဖဲဝါ
အရုပ်ကလေးကို ခေါင်းအုံအောက်မှာ
ထားလိုက်တယ်။ အရုပ်ကလေးက
ဆတ်ကနဲ ဆတ်ကနဲ ဖြစ်နေတယ်ဗျ။
ကျုပ် ပြန်ပြီး အိပ်ပျော်သွားတယ်။
လေတွေ တဟူးဟူးတိုက်နေတဲ့
ဆယ်နှစ်ရာသီပင်ကြီး အနားကို
ကျုပ်ရောက်သွားတယ်။
ဆယ့်နှစ်ရာသီပန်းအဝါပွင့်လေး ပန်ထား
တဲ့ မဖဲဝါ ကျုပ်ရှေ့မှာ ဘွားကနဲပေါ်လာ
တယ်။ ကျုပ်တောင် ဘာမှမပြောရသေး
ဘူးဗျ။ မဖဲဝါက စပြီးပြောတာ။
“တာတေ၊ လူခြောက်ဒီပ နင့်ဆီ ရောက်
လာတယ်မို့လား၊ သူပြောတာတွေအား
လုံး မှန်တယ်၊ သူ့မယားမယ်ဆင့်ကို
သိုက်ဆရာသာဗိန္ဒက ဖမ်းထားတယ်၊
လူကိုဖမ်းတာ မဟုတ်ဘူး၊ သာဗိန္ဒက
ဝိညာဉ်ထုတ်ပြီး ဖမ်းထားတာ၊ သူ့မယား
ကိုခိုင်းနေတာတဲ့၊ သူ့လင်ဒီပကို ခြေ
မန်းကွင်း စွပ်ခိုင်းနေတာဟေ့၊ မယ်ဆင့်
ကလည်း သူ့လင် လူခြောက်ကို အ
သက်ပေးပြီးချစ်တဲ့ မိန်းမဟဲ့။
‘ငါ့ကိုသတ်လိုက်၊ ငါ့လင်ကိုငါ ဘယ်
တော့မှ ဒုက္ခမပေးဘူး’
ဆိုပြီး တောင့်ခံနေတာဟဲ့၊ သာဗိန္ဒဘာ
လုပ်လို့မှ မရဘူး ဖြစ်နေတယ်၊ သာဗိန္ဒက
လူခြောက်ကိုမမြင်ရဘူးလေ၊ မယ်ဆင့်က
သူ့လင်ကို မြင်ရတယ်၊ မယ်ဆင့်သာ သူ့
လင်ကို ခြေမန်းကွင်းစွပ်လိုက်ရင် သာဗိ
န္ဒက လူခြောက်ကို မြင်ရပြီပေါ့၊ ဒါဆိုရင်
သူ့မိန်းမကို ကိုယ်ထဲ ပြန်သွင်းမပေးဘူး
ဆိုပြီး အကျပ်ကိုင်တော့မှာဟေ့၊ ပြီးရင်
ပိုင်ရှင်မရှိတော့တဲ့ သိုက်တွေကို ဖော်
ခိုင်းတော့မှာ၊ ဒါက သာဗိန္ဒရဲ့ အကြံပေါ့
ဟယ်။ ဒီတော့ နင် အခုချက်ချင်း ကိုယ်
ပွားနဲ့ပဲ လိုက်သွားပေတော့ တာတေ၊
ငါနင့်နောက်က လိုက်ခဲ့မယ်၊
သာဗိန္ဒက လူခြောက် ဒီပကို မြင်ဖူး
တာမှ မဟုတ်တာ၊ မယ်ဆင့်ကသာ
နင့်ကို ခြေမန်းကွင်းစွပ်လိုက်ရင် နင့်
ကိုပဲ သာဗိန္ဒက မြင်ရမှာလေ၊ နင့်ကို
ပဲ လူခြောက်ဒီပလို့ ထင်သွားမှာပေါ့၊
နင့်ကိုသိုက်တွေ ဖော်ခိုင်းလိမ့်မယ်၊
နင်က ဒီကောင်ကို မျှားခေါ်သွား၊
ငါရပ်ခိုင်းတဲ့နေရာရောက်ရင် နင်က
ရပ်လိုက်၊ အဲဒီနေရာမှာ သိုက်ရှိတယ်
လို့ပြော၊ နင့်ကို သိုက်ဖော်ခိုင်းတဲ့အ
ချိန်မှာ ငါထွက်လာခဲ့မယ်၊ ကဲ နင်
သွားတော့ အချိန်မရှိဘူး၊ မယ်ဆင့်
ရဲ့ကိုယ်ပွားဝိညာဉ်က ဒီည ပြန်မဝင်
နိုင်ရင် အန္တရာယ်ရှိတယ်တာတေ”
ဟာ မဖဲဝါပျောက်သွားပြီဗျို့။ ကျုပ်
လည်း ချက်ချင်း ကိုဒီပကို ခေါ်ရတော့
တာပေါ့ဗျာ။ ကျုပ်စိတ်ညွှတ်လိုက်တာနဲ့
ကိုဒီပ ကျုပ်ရှေ့ကို ရောက်လာတာဗျ။
ကျုပ်ကိုယ်ပွားထုတ်ပြီး ကိုဒီပနဲ့တွေ့လို့
ရတာကို ခုမှသိသွားတာဗျ။
“ကိုဒီပ အစ်မမယ်ဆင့်ကို ဖမ်းထားတဲ့
နေရာသွားကြမယ် ဟိုရောက်ရင် အစ်
မမယ်ဆင့်ကိုပြော၊ ကျုပ်ကို ခြေမန်း
ကွင်းစွပ်ပေးလို့၊ ကျန်တာတွေတော့
မဖဲဝါနဲ့ ကျုပ်နဲ့ လုပ်ကြမယ်၊ ကိုကြီး
ဒီပက အစ်မ မယ်ဆင့်နားမှာပဲနေဗျ”
ကျုပ်နဲ့ ကိုကြီးဒီပ ချက်ချင်းရောက်သွား
တယ်ဗျ။သာဗိန္ဒဆိုတဲ့လူကြီးကိုလည်း
တွေ့ပြီဗျို့။သျှောင်ထုံးကြီးနဲ့ နှုတ်ခမ်း
မွေးကားကားကြီးဗျ၊ ပုဆိုးက ကွက်တုံး
ကြီးဝတ်လို့၊ တိုက်ပုံအင်္ကျီကို ရင်စေ့
ကြီးဝတ်လို့ဗျ။
“ကဲ…ကိုကြီးဒီပ၊ မမယ်ဆင့်အနားသွား
့ပြီး အကျိုးအကြောင်း ပြောပေတော့ဗျာ”
ကိုကြီးဒီပကိုတော့ ဒီလူမမြင်ရဘူးဗျ။
ကျုပ်ကတော့ ကျုပ်ကို မြင်မှာစိုးလို့
သစ်ပင်နောက်မှာ ကပ်နေသေးတာ။
ကိုကြီးဒီပက သူ့မယားမမယ်ဆင့်ကို
အကျိုးအကြောင်းပြောပြီး ကျုပ်ဆီကို
ချက်ချင်းပြန်လာတာဗျ။
“ငါ ပြောခဲ့ပြီ တာတေ၊ မယ်ဆင့်က
မင်းကို ခြေမန်းကွင်းစွပ်လိမ့်မယ်”
“သာဗိန္ဒကြီး ကျုပ်ကိုယ်ပွားကို မြင်
သြားမွာ စိုးလို့ဗ်”
“ဟာ တာတေကလည်း မင်းကို
သူ ဘယ်မြင်မှာတုံး၊ မယ်ဆင့်ကို
ဆေးတွေဝါးတွေနဲ့ လုပ်ပြီး ဝိညာဉ်
ထုတ်ယူထားလို့ သူက မြင်နေရတာကွ”
“ဟုတ်လား၊ ဒါဆိုရင် ကျုပ်သွားမယ်”
“ဟဲ့ကောင်မ၊ နင့်လင် ခုထိမလာသေး
ဘူးလား၊ နင့်လင်လာလို့မှ နင် ခြေမန်း
ကွင်းမစွပ်ရင် နင့်ကိုယ်ထဲကို နင်ပြန်
ဝင်လို့မရတော့ဘူးသာ မှတ်ပေတော့၊
မနက်ဖြန်ဆိုရင် နင့်ရွာမှာ နင့်အသုဘ
ကို လူတွေ လာကြလိမ့်မယ် မပူနဲ့ ”
“ငါ့လင် ရောက်ပြီဟဲ့၊ နင် ဒီလောက်စွပ်
စေချင်တဲ့ ခြေမန်းကွင်းကို ငါစွပ်မယ်၊
ဒါပေမဲ့ ငါ့လင်ကို နင်ဒုက္ခပေးလို့ကတော့
နင်ကို ငါကိုယ်တိုင်သတ်မယ်ဟေ့”
“တယ်လည်းဒေါသကြီးတဲ့ လူခြောက်
မယားပါလား၊ ဟား ဟား ဟား ဟား၊
ကဲ စွပ်လိုက်စမ်း၊ နင့်လင်ဘယ်လောက်
ချောလည်း ငါ ကြည့်စမ်းမယ်၊ ဟား
ဟား ဟား ဟား”
ကျုပ်က ခေါင်းငုံ့ပေးလိုက်တော့ မမယ်
ဆင့်က ကျုပ်ကို ခြေမန်းကွင်းစွပ်ချလိုက်
တယ်၊ သာဗိန္ဒကြီးက ကျုပ်ကို လှည့်
ကြည့်နေတာဗျ။
“ဟော…မြင်ရပြီဟေ့၊ မြင်ရပြီဟ၊ သာဗိန္ဒ
ရဲ့ ခြေမန်းကွင်း ဘယ်လောက်စွမ်းတယ်
ဆိုတာ သိပြီမို့လား၊ ဟား ဟား ဟား ဟား၊
ရွှေတွေမလိုချင်အောင် ရတော့မယ်ဟေ့၊
ရတော့မယ်ကွ၊ ဟား ဟား ဟား ဟား
လူခြောက်လေးက ခပ်ငယ်ငယ်ပဲရှိသေး
တာကိုး၊ ကဲ ဟေ့ကောင် လူခြောက်၊ ငါ့ကို
ဒီအနီးအနားမှာရှိတဲ့ ပိုင်ရှင်မဲ့သိုက်တစ်ခု
ပြပေတော့၊ မင်းက ပိုင်ရှင်မဲ့သိုက်တွေကို
သိနိုင်စွမ်းရှိတဲ့ကောင်၊ ရွှေတွေကို ယူချင်
သလောက် ယူပြီး သုံးစားနေတဲ့ကောင်ဆို၊
ကဲ အခု မင်းကိုငါပိုင်ပြီကွ၊ တစ်သက်လုံး
မင်း ငါ့ကျွန်လုပ်ရမယ်၊ မင်း ငါ့ကို ပိုင်ရှင်
မဲ့သိုက်တွေ ရှာပေးပေတော့၊ ငါခိုင်းတာ
ကို အခု ချက်ချင်းမလုပ်ရင် ဟောဟိုက
လူခြောက်မယားကို ကိုယ်ထဲပြန်ဝင်လို့
မရအောင် ငါလုပ်လိုက်မယ်”
ကျုပ်က သူ့စကားကို နားထောင်နေတဲ့ပုံနဲ့
ခေါင်းညိတ်ပြလိုက်တယ်။သာဗိန္ဒကတော့
ကျုပ်ကို လူခြောက် ကိုဒီပလို့ပဲ ထင်နေ
တာဗျ။ ကျုပ်က လက်ဟန်ခြေဟန်နဲ့
သာဗိန္ဒကိုခေါ်ပြီး ရှေ့က ထွက်ခဲ့တယ်။
သာဗိန္ဒက ကျုပ်နောက်ကလိုက်လာတယ်။
“သိုက်ဆရာကြီးသာဗိန္ဒ၊ ဟောဒီနေရာမှာ
ရွှေအချိန်သုံးဆယ်လောက် မြှုပ်ထားတဲ့
ပိုင်ရှင်မဲ့သိုက်ရှိတယ်၊ ဒါပေမဲ့ အဲဒီရွှေတွေ
ကို တွေ့သွားတဲ့ သရဲမတစ်ယောက်က
မောင်ပိုင်စီးထားတယ်ဗျ။ ကျုပ်က အဲဒီ
သရဲမကို ကြောက်လို့ ဒီသိုက်ကို မဝင်ရဲ
ဘူးဗျ၊ ခင်ဗျားကတော့ ကျုပ်လို ကြောက်
မယ်မထင်ဘူး”
“ဟား ဟား ဟား ဟား၊ လူခြောက်ကောင်၊
မင်းပြောတာ အမှန်ပဲဆိုရင် အဲဒီသရဲမကို
အခု ခေါ်ထုတ်ပြီး ငါ ရိုက်ထုတ်ပစ်လိုက်
မယ်၊ မင်းမှတ်ထား လူခြောက်ကောင်၊ ငါ့
နာမည်သိုက်ဆရာ သာဗိန္ဒတဲ့”
သာဗိန္ဒက ကျုပ်ကို လူခြောက်ကိုဒီပလို့ပဲ
ထင်နေတာဗျ။
“ကျုပ် အမှန်ပြောတာ ဆရာကြီးရဲ့၊
ဆရာကြီးသာ အဲဒီသရဲမကို နှိမ်နင်းပေး
ပါ၊ကျုပ် သိုက်ထဲကိုဝင်ပြီး ရွှေတွေယူ
ပေးပါ့မယ်၊ရွှေတွေရတဲ့အခါ ကျုပ်မိန်းမ
ကိုသာ လွှတ်ပေးပါ ဆရာကြီးရယ်”
“အေး မင်းမိန်းမကို ငါလွှတ်ပေးမယ်
ဒါပေမဲ့ မင်းကတော့ ငါ့ကို ရွှေတွေ
ထပ်ရှာပေးရဦးမယ်၊ ဒါလောက်နဲ့
ငါက ကျေနပ်မယ့်ကောင်မဟုတ်ဘူး၊
ကြားလား လူခြောက်”
“ဟုတ်ကဲ့ ကြားပါတယ် ဆရာကြီး၊
ဆရာကြီးအတွက် ကျုပ်ရွှေသိုက်တွေ
ထပ်ပြပေးပါ့မယ်ဗျာ”
“ကောင်းပြီ၊ ဒါဆိုရင် မင်းဘေးကို
နည်းနည်းဖယ်နေ၊ မင်းပြောတဲ့ သရဲမ
ကို ငါခေါ်လိုက်စမ်းမယ်”
ကျုပ်က ဘေးကို ဖယ်ပေးလိုက်တယ်ဗျ။
သိုက်ဆရာသာဗိန္ဒက ပါးစပ်ကနေ ဂါထာ
လိုလို မန္တန်လိုလိုတွေ ရွတ်ဖတ်နေတယ်
ဗျ၊ ပြီးတာနဲ့ …
“ရွှေသိုက်ကို စောင့်နေတဲ့သရဲမ၊
ငါဆရာသာဗိန္ဒ အမိန့်ပြန်လိုက်တယ်၊
အခုချက်ချင်း မဆိုင်းမတွ ငါ့ရှေ့မှောက်
ကို အရောက်လာခဲ့ရမယ်၊ သိုက်ဆရာ
သာဗိန္ဒရဲ့အမိန့်၊ အခုချက်ချင်း လာခဲ့
စမ်း သရဲမ”
“ဖျန်း”
ကျုပ်တောင် လန့်ပြီးတုန်သွားတယ်ဗျို့။
သာဗိန္ဒက သူ့လက်ထဲက ဆေးကြိမ်လုံး
ကြီးနဲ့ မြေကြီးကို ဖျန်းကနဲ ရိုက်လိုက်
တယ်ဗျ။
“ဝုန်း”
ဟာ…သာဗိန္ဒရဲ့ရှေ့မှာ မီးခိုးလုံးကြီး
တစ်ခု ပေါ်လာတာဗျို့။ သာဗိန္ဒတောင်
နောက်ကို နည်းနည်းဆုတ်သွားတယ်
ဗျို့။ မီးခိုးတွေက လေတိုက်လိုက်တာ
နဲ့ တစ်ခါတည်းပျောက်သွားတာဗျ။
ဒီတော့မှ သာဗိန္ဒရှေ့မှာ မတ်တတ်
ကြီးရပ်နေတဲ့ မဖဲဝါကြီးကို ကျုပ်မြင်
ရတော့တာဗျို့။
“ဟီး ဟီး ဟီး ဟီး ဟီး ဟီး ဟီး ဟီး”
မဖဲဝါက ရယ်နေတယ်ဗျ။ သာဗိန္ဒက
မဖဲဝါကို မြင်ဖူးတဲ့ပုံ မရှိဘူးဗျ။
“ဟေ့ကောင် လူခြောက်၊ မင်းပြောတာ
ဒီသရဲမမို့လား”
“ဟုတ်တယ် ဆရာကြီး”
“ဟဲ့ကောင်မ၊ ဒီသိုက်က ပိုင်ရှင်မဲ့သိုက်
ဟဲ့၊ အဲဒါကို နင်က ဝင်ပြီး မောင်ပိုင်စီး
ထားရအောင် နင့်လင်ပစ္စည်းမို့လို့လား၊
နင် အခု ချက်ချင်း ဒီနေရာက ထွက်သွား၊
ငါ့အမိန့်၊ သာဗိန္ဒရဲ့အမိန့်ဟေ့”
“ဟီး ဟီး ဟီး ဟီး ဟီး ဟီး”
“ဝူး ဝူး ဝူး ဝူး အီ အီ အီ အီ အီ”
ဟာ နက်ကျော်ကြီးပါ ရောက်လာပြီဗျို့။
“ဟဲ့ သရဲမ၊ နင်က ခွေးတွေ ဘာတွေ
တောင် မွေးထားလို့ပါလား၊ နင့်ကိုနင်
ရွှေချိန်သုံးဆယ်ရှိတဲ့ ရွှေသိုက်ပိုင်ရှင်
လို့ ထင်နေတာလား ဟဲ့ကောင်မ”
“ဟာ လာပြီဗျို့၊ နက်ကျော်ကြီး
ပြေးလာပြီဗျို့။
“အောင်မာ နည်းတဲ့ကောင်မှ မဟုတ်
တာ၊ ကဲ လာစမ်း ခွေးနာ”
သာဗိန္ဒက လက်ထဲက ဆေးကြိမ်လုံး
ကို လေထဲမှာ ‘ဝီကနဲ၊ ဝီကနဲ ‘မြည်
အောင် မွှေလိုက်တာဗျို့။ အနားကပ်
လာတဲ့ နက်ကျော်ကြီးကို လှမ်းရိုက်
နေတာဗျ။ နက်ကျော်ကြီးက သာဗိ
န္ဒရဲ့ကြိမ်လုံးရိုက်ချက်ကို လွှတ်အောင်
ရှောင်ရင်း သာဗိန္ဒကို ဝင်ဆွဲဖို့ လုပ်နေ
တာဗျို့။ သာဗိန္ဒက ပြေးရိုက်လိုက်၊
နက်ကျော်က ခုန်ရှောင်လိုက်၊ သာ
ဗိန္ဒက လွှဲရိုက်လိုက်၊ နက်ကျော်က
ကျွမ်းထိုးပြီးရှောင်လိုက်နဲ့ သာဗိန္ဒက
ဒေါသတွေ အထွက်အထိပ် ရောက်
လာတော့တာပေါ့ဗျာ။
ဒီအချိန်မှာ သာဗိန္ဒက ကျုပ်ကိုရော
မဖဲဝါကိုပါ မေ့သွားတဲ့ပုံပဲဗျ။ မဖဲဝါ
က ဆတ်ကနဲ လှည့်လိုက်တာ
သာဗိန္ဒရဲ့နောက်ကျောဘက်ကို
ရောက်သွားရောဗျို့။ခွေးနက်ကြီး
ကို မဲပြီး ကြိမ်လုံးနဲ့ လိုက်ရိုက်နေ
တဲ့ သာဗိန္ဒက သူ့နောက်ကျော
မှာ မဖဲဝါမားမားကြီးရပ်နေတာ
ကို လုံးဝသိပုံမပေါ်ဘူးဗျ။
ဟော၊ မဖဲဝါရဲ့ လက်ကြီးလေထဲ
ကို မြောက်တက်သွားပြီဗျို့။
“ဘုန်း” “ဘုန်း” “ဘုန်း”
သုံးချက်ဆက်တိုက်ကို ရိုက်ချလိုက်
တာဗျို့။ သာဗိန္ဒ ဒူးကြီးထောက်ပြီး
ရှေ့ကိုထိုးကျပြီဗျို့။
“ဟဲ့အကောင် လူယုတ်မာ၊ ငါ့ကို
နင်က ဘယ်သူလို ထင်နေလို့တုံး၊
ငါ မဖဲဝါဟေ့၊ မဖဲဝါ၊ ရွှေချိန်သုံး
ဆယ်စောင့်နေတဲ့ သရဲမ မဟုတ်
ဘူးဟဲ့၊ ငါ မဖဲဝါ၊ သင်္ချိုင်းစောင့်
မဖဲဝါဟဲ့”
သာဗိန္ဒကြီး မျက်လုံးပြူးသွားပြီဗျို့။
သူက သာမန်သရဲမလို့ ထင်ပြီး ကြိမ်း
နေတာဗျ။ အခုမှ မဖဲဝါမှန်းသိသွား
တာ။ ဒါပေမဲ့ မဖဲဝါမှန်းသိတဲ့အချိန်
က သိပ်နောက်ကျသွားပြီလေဗျာ။
“သိုက်ဆရာကြီး သာဗိန္ဒ၊ ကျုပ်က
ခင်ဗျားထင်သလို လူခြောက်မဟုတ်
ဘူးဗျ။ထနောင်းကုန်းသား တာတေ၊
ကျုပ်ရွာက လူခြောက်ကိုဒီပက လာ
ပြောလို့ ကျုပ်လိုက်ခဲ့တာ၊တာတေက
အကောင်သေးပေမယ့် အဆိပ်က
လွှတ်ပြင်းတာဗျ သိုက်ဆရာကြီးရဲ့”
သာဗိန္ဒဆိုတဲ့လူက ကျုပ်ကို မျက်လုံး
ပြူးကြီးနဲ့ စိုက်ကြည့်ရင်း အသက်ကုန်
သွားရောဗျို့။ သာဗိန္ဒဖမ်းထားတဲ့ အစ်
မမယ်ဆင့်ရဲ့ ဝိညာဉ်လည်း လွတ်သွား
ပြီပေါ့ဗျာ။ ခန္ဓာကိုယ်ထဲက ထုတ်ထား
တဲ့ ဝိညာဉ်ဆိုတာ ဝိညာဉ်ထုတ်ထား
တဲ့သူ သေတာနဲ့ သူ့ကိုယ်ထဲကို ချက်
ချင်း ပြန်ရောက်သွားတာဗျ။
ခုလောက်ဆိုရင် ကိုကြီးဒီပလည်း လိုက်
သွားရောပေါ့ဗျာ။
ကျုပ်လည်ပင်းက သာဗိန္ဒစွပ်ထားတဲ့
ခြေမန်းကွင်းကြီးကို ဖြုတ်ပစ်လိုက်တယ်။
မဖဲဝါနဲ့ နက်ကျော်ကြီးလည်း ထွက်သွား
ကြပြီဗျ။
“ဝူး ဝူး ဝူး ဝူး အီ အီ အီ”
ကျုပ်လန့်နိုးသွားတော့ ဆရာတော့်ကျောင်း
က တုံးမောင်းတောင် ခေါက်နေပြီဗျ။
“တုံ တုံ တုံ တုံ တုံ တုံ”
ကျုပ်ကိုယ်ပွားက ကျုပ်ကိုယ်ထဲကို
ဘေးမသိ ရန်မခ ပြန်ရောက်လာလေရဲ့ဗျို့။
ပြီးပါပြီခဗျာ။
စာဖတျပရိတ့်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ
Leave a Reply