တစ်နှစ်နေလို့ တစ်လတောင်မရှိတာကို မဖြစ်နိုင်ပါဘူး” “ သမီး တကယ်ပြောတာပါ၊ လွန်ခဲ့တဲ့ သင်္ကြန်တုန်းက သမီးတို့နှစ်ယောက် လွန်ကျူးခဲ့ကြတာပါ” “ နင်က ငါ့တူကို ဘယ်လိုမြူစွယ်လိုက်လဲမှမသိတာ၊ ရွာပြန်လာတဲ့ရက်ပိုင်းအတွင်း အခုလိုဖြစ်သွားတာ အံ့ဩတယ်ဟေ့” “ ဟုတ်ပါ့ မမရယ်…ခုခေတ် မိန်းကလေးတွေများ အတော်ကြောက်ဖို့ကောင်းတာပဲ” အဲဒီစကားကြားတော့ ဦးသောင်းဖေ စိတ်မထိန်းနိုင်တော့ပဲ “ ခင်ဗျားတို့ လူမှဟုတ်သေးရဲ့လား၊ ကာယကံရှင်ကိုယ်တိုင် အရှက်ကွဲခံပြီး ပြောနေတာတောင်ဗျာ” “ အိုတော်… ရှင်ကလဲ ကိုယ့်သမီးကိုယ်နိုင်အောင် ထိန်းထားလေ၊ ဘယ်နှယ့် ဘယ်သူနဲ့ရလို့ ရမှန်းမသိမှ နိုင်မြင့်အပေါ်လက်ညိုးထိုးချချင်နေတာလား” ...
လာခဲ့ကြသည်။ တချို့ရွာသားများက အလောင်းအား မီးသင်္ဂြိုလ်ရန်အတွက်ထင်းများယူလာကြသည်။ ကိုခွေးခင်ကတစ်ကိုယ်တည်းသမား ဖြစ်သည့်အတွက်ကိုခွေးခင်၏နာရေးအား သူကြီးနှင့်ကျွန်းလှရွာသားများကပင် ဦးဆောင်ကာသင်္ဂြိုလ်ပေးခဲ့ကြလေသည်။ ================== သူကြီးဦးလှမြင့်တစ်ယောက် ကိုခွေးခင်အသတ်ခံရသည့်အကြောင်းအား ရေနွေးကြမ်းသောက်ရင်းစဉ်းစား နေလေသည်။ ထိုအချိန်ရွာထဲမှ ငတိုးသူကြီးထံသို့ ရောက်လာလေသည်။ “သူကြီးရေ သူကြီး” ငတိုး၏ခေါ်သံကြောင့်သူကြီးလည်း တွေးလက်စအတွေးများပျောက်သွားသည်။ “သြော် ငတိုးပါလား လာလေ ထိုင် အကြမ်းရည်လေးသောက်” “ဟုတ်ကဲ့ သူကြီး” ငတိုးကအကြမ်းရည်အားတစ်ခွက် ငှဲ့ပြီးသောက်လိုက်လေသည်။ “ကဲ…ပြောပါဦးဘာများပြောစရာ ရှိလို့ငါ့ဆီရောက်လာရတာလဲ” “ကျွန်တော်စဉ်းစားနေတာကို သူကြီးလည်းစဉ်းစားနေမယ်လို့ ကျွန်တော်ထင်တယ် ဘာလဲဆိုတော့ ကိုခွေးခင်လိုလူရိုးလူအေးတစ်ယောက်ကို ရက်ရက်စက်စက်သတ်သွားတာ ဘယ်သူတွေလဲဆိုတာကို သူကြီးလည်း သိချင်နေမှာပဲလေ” ...
..” သူကြီးက အားလုံးကြားအောင်ပြောလိုက်ရာ လူစုသည်လည်း တီးတိုးတီးတိုးဖြင့် တစ်ယောက်ချင်းစီ၏သဘောကို မေးမြန်းကြ၏။ ” ကျုပ်သဘောလည်း သူကြီးရဲ့သဘောနဲ့တထပ်ထဲဘဲ…အနီးအနားအပင်တွေကြည့်ရတာဝေဝေဆာဆာရှိလှတယ်….ရေခံမြေခံကောင်းလို့ဘဲ အပင်တွေကောင်းကောင်းရှင်သန်နေကြတာ….” ” ကျုပ်တို့လည်းဒီလိုဘဲတွေးမိပါတယ်….” ” သူကြီးက ကောင်းတယ်ပြောရင်ကောင်းတယ်ပေါ့ဗျာ…ဘာမှစောဒကတက်စရာမရှိပါဘူး…ကျုပ်တို့နွားတွေလည်း ခရီးဆက်ဖို့အားအင်တွေကုန်နေရောပေါ့….” သူကြီးကအားလုံး၏သဘောတရားကို နားထောင်ပြီး ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ” ဒါဆိုလည်း ကျုပ်တို့ဒီနေရာမှာဘဲ ရွာတည်ကြမယ်….အားလုံးသတိဝရိယရှိရှိ နိူးနိူးကြားကြားနေပြီး တစ်ယောက်နဲ့တစ်ယောက်စောင့်ရှောက်ကြ….” ” ဟုတ်သူကြီး….” ထိုည၌ကားအချိန်မရှိတော့သဖြင့် ချက်ပြုတ်စားသောက်ပြီး လှည်းပေါင်းမိုးပေါ်၌သာ အိပ်စက်ခဲ့ကြသည်။ နောက်တစ်နေ့တွင် သူကြီးကဦးဆောင်ပြီး အိမ်ဆောက်ရန်အတွက်လိုအပ်မည့်သစ်ဝါးများကို ခုတ်ထွင်ကြ၏။ အမျိုးသမီးများက ပါလာသည့်မျိုးစေ့ထုပ်နှင့် ပစ္စည်းပစ္စယများကိုနေရာတကျသိမ်းဆည်းကြ၏။ ရွာတည်မည့်နေရာအား ...
သည်။ နေမွန်းမတည့်ခင်အချိန်၌ ထင်းနှစ်စီးရပြီဖြစ်၍ ထူးအောင်နှင့်ဟန်ကြီးသည် တစ်ယောက်တစ်စီးထမ်းကာ တောထဲမှ သူရနှင့်အတူထွက်၍ မြင်းခကျေးရွာထဲကို အတူတကွဝင်လာခဲ့ကြ၏။ လမ်း၌ နေအိမ်များကိုထင်းစီးဝင်ထားကာ သူရ၏အိမ်ကိုလျှောက်လှမ်းလာခဲ့သည်။ သူရသည် ရွာအဝင်စကတည်းက ပညာသည်၏စက်များကို မြင်တွေ့နေရ၏။ တချို့နေအိမ်များ၌လည်း စက်ကြိုးများ၊ အနက်ရောင်အခိုးငွေ့များ၊ သရဲတစ္ဆေများကိုတွေ့ရသည်။ ထူးခြားသည်မှာ သူရသည် ရွာထဲသို့ခြေလှမ်းချလိုက်သည်နှင့် ”ဆရာလေး ကျွန်တော့်ကိုကယ်ပါအုံး”ဆိုသည့် လူကြီးတစ်ယောက်အသံကိုကြားလိုက်၏။ သို့သော်လည်း အချိန်မတန်သေးသော်ကြောင့် နေအိမ်ကို တန်းတန်းမတ်မတ်လာကာ ခြံဝ၌မတ်တတ်ရပ်၍ မရောက်တာကြာပြီဖြစ်သော် မိဘနှစ်ပါးအိမ်အား တဝကြီးရပ်ကြည့်နေမိသည်။ သူ၏ရှေ့၌ “ဒုံ.ဂလွမ်”ဟု တစ်စုံတစ်ခုပြုတ်ကျသံကြားမှ ကြည့်လိုက်မိသောအခါ မျက်ရည်များကျကာ တုန်တုန်ယင်ယင်ဖြင့် ...
ထပ်မံမှာလိုက်သည်။ “ကဲ မိတ်ဆွေ အကြော်က တကယ်ကောင်းပါပေတယ်။နောက်တပွဲလောက်ဗျာ ” “ရတာပေါ့ဗျာ ကဲ မိညိုရေ အကြော်နောက်ထပ်တပွဲ ယူသွားမယ်တဲ့ဟေ့ အပို ထည့်ပေးလိုက်ပါဦး ” “စိတ်ချပါတော် ” ဦးတင်အုန်းသည် သူ၏ ဇနီးသည်အား အကြော်အပိုထည့်ရန် ကူပြောပေးနေခြင်း ဖြစ်၏။တောသူတောင်သား လူရိုးများဖြစ်သည့်အတွက် စေတနာကောင်းပေသည်။မြို့နယ်အစုံရောက်ဖူးသော ဦးဖိုးဝေ နှင့် သူရိယသည် ယခု ဆိုင်မှ အကြော်သည် လိုတာထက်ပိုပြီး ဈေးသင့်နေသည်ကို သတိထားမိသည်။အကြော်တပွဲကို ငါးခုပါရာ ထိုအကြော်ငါးခုသည် ထမင်းစားပန်းကန် တချပ် ပြည့်မောက်နေတော့သည်။လူတယောက် အကြော်သုံးခု ကုန်အောင်ပင် ...
ကြောင့် တင်ကြီး နဲနဲတောင် ဟိုက်လာသလို ခံစားရတယ်။ တင်ကြီး နေကို တစ်ချက်မော်ကြည့်လိုက်တယ်။ နေက အခုမှ ရောင်နီလွတ်ကာစရှိသေးရဲ့။ ပွေးက တစ်ညလုံး အစာရှာပြီး မအိပ်မီ နေအထွက်မှာမှ ကျစ်စာ စုန့်တတ်တာမို့ တင်ကြီးအတွက် အချိန်နည်းနည်းရနေသေးတယ်။ ဒါကြောင့် ကုန်းကြောအပေါ်ကို ရောက်တာနဲ့ တင်ကြီးလည်း ထိုင်ချလိုက်ပြီး သူဆောင်လာတဲ့ ကွမ်းကြမ်းအိတ်ဆီက ကွမ်းတစ်ယာထုတ်ယာလို့ ဝါးပြီး အမေဖြေနေလိုက်တယ်။ ‘ ကျစ်…ကွစ်…ကွစ်…’ လူသူအရောက်အပေါက်နည်းတဲ့ နေရာမို့လို့ထင်ပါရဲ့။ ကျေးသံငှက်သံတွေဟာ တော်ရုံနေရာတွေထက် ပိုမိုစည်သာနေတယ်။ ကွမ်းတစ်ယာညက်တော့ တင်ကြီးလည်း အမောပြေပြီ။ ...
ရင်း ရွာလယ်မှာ ရွာသားတစ်သိုက်နဲ့တွေ့ကြပါရောဗျာ၊ ဒီရွာသားတွေလည်း ဓါးတွေလှံတွေနဲ့ကို စောင့်နေတာဗျ။ ဦးဘသာက အနားကိုကပ်သွားပြီးတော့ “လူလေးတို့၊ ဒီရွာမှာ ဦးလူလှအိမ်က ဘယ်အိမ်များလဲ” ဒီလူတွေက ကျုပ်တို့ကိုစိမ်းစိမ်းကြီးစိုက်ကြည့်တယ်ဗျ။ “ခင်ဗျားတို့ကို မမြင်ဖူးပါလား၊ ခင်ဗျားတို့ ဘယ်ကလာတာလဲ” “ဇီးကုန်းရွာကနေ လာခဲ့ကြတာပါ” ဒီတော့ အခြားလူတစ်ယောက်က “ဦးလူလှဆီလာတာဆိုတော့ ဆိုင်းလာငှားတဲ့ပုံပဲ” သူတို့အချင်းချင်းပြောရင်း ခေါင်းညိတ်လိုက်ပြီး “မြောက်ဘက်ကိုကွေ့သွားလိုက်ဗျာ၊ အဲဒီမှာ ဦးလူလှအိမ်ရှိတယ်၊ ခင်ဗျားတို့မြင်ရင်တွေ့လိမ့်မယ်၊ မှားစရာမရှိပါဘူး” ကျုပ်တို့လည်းသူတို့ညွှန်တဲ့အတိုင်းဆက်လာရင်း မကြာပါဘူးဗျာ၊ အိမ်ကြီးတစ်အိမ်ရှေ့ကိုရောက်သွားပါရော၊ ခြံစည်းရိုးနားမှာ ဆိုင်းဘုတ်တစ်ခုထောင်ထားတယ်ဗျ၊ သွပ်ပြားပေါ်မှာ သင်္ဘောဆေးနဲ့စာလုံးတွေလှလှရေးထားတယ်၊ ချိုတူးက ဆိုင်းဘုတ်ကိုသေသေချာချာကြည့်လိုက်ပြီးတော့ ...
မကြည့်ကြပါဘူး။ ဘထစ်က လူတွေကို အကဲခတ်ပြီး ကျေနပ်တော့မှ “ဒီလိုကွ ။ ငါတို့ သုသာန်ထဲကို အောက်လမ်းဆရာတစ်ယောက် မနေ့က ရောက်လာတယ်ကွ” “ဟေ အောက်လမ်းဆရာ ဟုတ်လား” “အေး ဟုတ်တယ် ။ သုသာန်ဇရပ်ပေါ်မှာပဲ နေတယ်။ အဲဒီမှာပဲ စားသောက်ပြီး ညအိပ်တာကွ” “ဟင် ဒီအောက်လမ်းဆရာက ဘာလာလုပ်တာတုံးကွ” “တိုက်နွား လာလုပ်တာကွ” “ဘာကွ ။ ဘထစ် တိုက်နွား ဟုတ်လား” “အေး ဟုတ်တယ် ။ သင်္ချိုင်းထဲက ရွှံ့ကို တူးပြီးတော့ သူ့မှာ ...
အရီးသေးတင်သည် မြေပေါ်၌ဆောင့်ကြောင့်ကြီးထိုင်၍ သူ၏ချည်တဘက်ကြီးကိုမျက်နှာအပ်ပြီးငိုနေရှာသည်။ သူကြီးဦးနောင်ချိုလည်းအရီးသေးတင်ကိုကြည့်၍… “ဟင်း…”ခနဲ သက်ပြင်းချလိုက်လေသည်။ ထိုစဥြ… “ဟာ…ဘွားရောက်လာတာပဲ…ညကြီးကို” “အေး…ရွာထဲကသတင်းကြားလို့ရောက်လာခဲ့တာပဲ မောင်နောင်ချိုရေ…” “ထိုင်ပါဘွား” ဘွားမယ်စိန်သည် တောင်ဝှေးကိုထောက်၍ သူကြီးဦးနောင်ချိုအိမ်သို့ရောက်လာခဲ့သည်။ သူကြီးဦးနောင်ချိုကလည်းအံ့သြသွား၏။ ရွာသူတို့ကလည်း ဘွားမယ်စိန်ကို ခုံ၌ထိုင်ဖို့နေရာဖယ်ပေးကြလေသည်။ ဘွားမယ်စိန်က ခုံ၌မထိုင်သေးဘဲမြေပြင်၌ဆောင့်ကြောင့်ထိုင်ကာငိုကြွေးနေသောအရီးသေးတင်ကိုကြည့်၍… “ဟဲ့…သေးတင်…” “ရှင်…ရှင်…ဘွား” “နင့်သမီးက ခုမှပျောက်ဖူးတာလား” “ရှင်…အဲ့….အဲ့တာ……..” “ငါ ဟိုးတုန်းကတည်းကမပြောဘူးလား… နင့်သမီးက သိုက်ကလာတယ်ဆိုတာ.. အခုလည်း နင့်သမီးကိုသူ့သိုက်ထဲက ဆွေမျိုးတွေက ခဏလာခေါ်သွားပြန်ပြီ…အဲ့သည်တော့ ညည်းဘယ်လိုလုပ်မလဲ” “အီးးးးဟီးးးးးးးးဟီးးးးးးးးကျုပ်မသိတော့ပါဘူးတော်” အရီးသေးတင်က ငိုပြန်သည်။ သူကြီးဦးနောင်ချိုတို့က အံ့သြနေကြ၏။ ...
တယ် ” “ခင်မေ နင်က တော်ရုံ မအိုတော့မဲ့ ကဝေပျံ၊နင့်အကောင်က နင့်မြစ်လောက်ရှိတာတောင်အခု အိုနေပြီ နောက်ဆို သူက သေရမှာ အဲ့ အချိန် နင်ဘယ်လို လုပ်မလဲ ” “အမေ ကျမ ပုံမှန်လူတွေလိုနေချင်တယ်၊ကျမ ချစ်ခင်ရတဲ့ သူတွေသေတာကို ကျမ အကြာကြီး ကြည့်နေရတယ် ကျမ ရထားတဲ့ အသက်ရှည်၊အဆင်းလှ ခြင်းတွေ က အခုအချိန်မှာ တော့ ကျိန်စာ တခုလို ဖြစ်နေပြီ အမေ၊အမေနဲ့ ကျမ အသက် ၁၈ နှစ်လောက်ပဲကွာတယ် ...