ကျားဆိုးရွာ

တယ် ”
“ခင်မေ နင်က တော်ရုံ မအိုတော့မဲ့ ကဝေပျံ၊နင့်အကောင်က နင့်မြစ်လောက်ရှိတာတောင်အခု အိုနေပြီ နောက်ဆို သူက သေရမှာ အဲ့ အချိန် နင်ဘယ်လို လုပ်မလဲ ”
“အမေ ကျမ ပုံမှန်လူတွေလိုနေချင်တယ်၊ကျမ ချစ်ခင်ရတဲ့ သူတွေသေတာကို ကျမ အကြာကြီး ကြည့်နေရတယ် ကျမ ရထားတဲ့ အသက်ရှည်၊အဆင်းလှ ခြင်းတွေ က အခုအချိန်မှာ တော့ ကျိန်စာ တခုလို ဖြစ်နေပြီ အမေ၊အမေနဲ့ ကျမ အသက် ၁၈ နှစ်လောက်ပဲကွာတယ် အမေက ဇရာထောင်းနေပြီ ဒါပေမဲ့ ကျမက အခုထိ ငယ်ရွယ်နေတုန်း ကျမလည်း အမေ့လို ‌အိုချင်ပြီ ”
“ဟဲ့ ခင်မေ နင်ပေါက်ကရတွေ ပြောမနေနဲ့ နင်ရထားတဲ့ အရာက တခြားသူတွေ ငမ်းငမ်းတက် လို ချင်တဲ့ အရာ ဟဲ့ ”
“သူတို့တွေက မကြုံဖူးလို့ နေမှာပါ ကျမကတော့ မလိုချင်ဘူး၊ သာမာန်ဘဝ လေးနဲ့ ပဲ ကျမ ချစ်တဲ့ သူနဲ့ အေးအေးဆေးဆေး ပဲ ဖြတ်သန်း သွားချင်တယ် ”
အမေကြီး သည် သမီးဖြစ်သူ ကဝေပျံခင်မေ၏ မျက်နှာကို ငေးကြည့်နေမိသည်။မာကျော ခက်ထန်လှသော သူမ၏ သမီးသည် ပေပင်ရွာသား သာအေးဆိုသော သူနှင့် အတွေ့မှာ အတော်ကို ပြောင်းလဲသွားပြီဖြစ်သည်။သာအေးသည် အသက် သုံးဆယ် ဝန်းကျင် အချိန်တွင် သူတို့ဆီရောက်လာသည် ၊၊ သနားကမား ရုပ်လေးနှင့် လောကဓံကို အတော် ခံထားရဟန်ရှိသော သူဖြစ်နေသည်ကြောင့် သူမ နှင့် အတူ သူမ၏ သမီးသည်လည်းသနားခဲ့ရသည် ။ထို့နောက် ခင်မေ နှင့် ချစ်ကျွမ်းဝင်ကာ ရွာကိုပင် အုပ်ချုပ်ခိုင်းစေသည် အထိ သာအေးအား ယုံကြည်လာသည်။ကဝေပျံခင်မေသည် တရွာလုံးတွင်မှ ယောက်ျားသား ဟူသည် သူမ၏ ယောက်က်ျားသာ ရှိသည်မို့ ရွာမှ ပညာသည် မလေးများအား အိမ်ထဲသို့ အဝင်မခံတော့သည့် အထိ သဝန်တိုလေ၏ ။ ယခုတော့ ကဝေပျံခင်မေသည် သမုဒယ မီးတောက် တောက်လောင်နေရပြီဖြစ်သည် ၊၊ သူမအား ထားခဲ့ခြင်းလော သို့တည်းမဟုတ် အန္တရာယ် တခုခု နှင့် ကြုံလေသလော ဟု တွေးကာ သူမ၏ ရွာမှ ပညာသည်များကို စုံ‌စမ်း စေသော်လည်း သတင်းအစ အန မှ မရချေ၊ထို့ကြောင့် ထမင်းလည်းမစား ‌ သူမ၏ ချစ်လှစွာသော ယောက်ျားဖြစ်သူအပေါ် ဂရုဏာဒေါ်သများ တောက်လောင် နေရခြင်းဖြစ်၏ ။ထိန်းမရသည့် အဆုံး ရွာထဲရှိစက်အကြီးဆုံးသော သူမ ၏မိခင်ကြီး ကိုခေါ်ကာ ဆုံးမ စေခြင်းဖြစ်သည်၊၊ သို့ပါသော်လည်း မိခင်ကြီး သည် သမီးဖြစ်သူ ၏ ဝေဒနာမီးကို မြင်သော အခါ အပြစ်ပြောမည်ဟု တွေးထားသော် လည်း အပြစ် ထပ်ပြီး မဆိုသာတော့ပဲ
“ကဲ ခင်မေ နင်က ဘယ်လို လုပ်ချင်လဲ ငါ့ကို ပြောစမ်း ”
“သူဘာလို့ ရွာကို ပြန်မလာတာလဲဆိုတာ သိချင်တယ် ”
“နေပါဦး သူက နင့်ကိုစွန့်သွားတယ် ဆို နင်ဘယ်လို လုပ်မလဲ ”
“အဲ့ အဲ့လိုတော့ ကျမ မတွေးထားဘူး အမေ သူ ကြက်တိုက်ရင်း ရန်တွေ ဘာတွေဖြစ်ပြီး အချုပ်တွေ ဘာတွေ ကျနေတာပဲ ဖြစ်မှာ ပါ ”
“အေးပါ ငါမေးတာကို ပဲ ဖြေပါ နင့်ကို ထား ခဲ့တယ် ဆိုရင် နင် ဘယ်လို လုပ်မလဲ ”
“ကျ ကျမ အဲ့လို မတွေးထားဘူး အမေ”
“အင်း နင်တွေး နေတဲ့ အတွေးကို ငါသိပါတယ် နင်က အပြင်မှာသာ စိတ်က မာနေချင်ရောင် ယောင် ဆောင်နေပေမဲ့ နင့်ရဲ့ စိတ်က နူးညံ့တယ် ဆိုတာ ငါသိတာပေါ့ ငါ နင့်ကို သာအေးနဲ့ ဘာလို့ သဘော မတူတာ လဲ နင်သိလား ”
အမေကြီး မှ မေးသော အခါ ကဝေပျံ ခင်မေသည် ခေါင်းကို ခါယမ်း ပြလေသည်။ထိုအခါ အမေကြီးသည် သက်ပြင်းကို တချက်ချကာ
“သာအေးက လူကောင်းမို့ နင် နဲ့ သဘောမတူတာပဲ ငါတားလို့ မရခဲ့ ဘူး ဘယ်ရမှာလဲ နင်က ဒီရွာမှာ အာဏာ အရှိဆုံးလေ ”
“အမေရယ် အတိတ်က အကြောင်းတွေ ပြန်ပြောမနေပါနဲ့တော့ သူ့ကို ဘယ်လို ပြန်ခေါ်ရမလဲ ဆိုတာ တွေးပေးပါ ”
“နင်မသိခင် ငါရဲ့ တပည့်မ နှစ်ယောက်ကို စုံစမ်းခိုင်းထားတယ် သူတို့ပြောပုံအရ နင့်ယောက်ျားကိုနောက်ဆုံး တွေ့ရတာတော့ မြစ်သား ရွာမှာ လို့ပြောတယ် ဘိုးတော် တယောက်နဲ့ ပါသွားတယ် တဲ့ ကျန်တာတော့ ဆက်စုံစမ်းလို့ မရဘူး ”
“ဘိုးတော် ဘယ်ကဘိုးတော်လဲ အမေ သူတို့ ဘယ်သွားကြတာလဲ ‘
“ငါလည်း မသိဘူး စုံစမ်းခိုင်းထားတုန်းပဲ နင့်ကောင်မကတွေ‌ ရောသတင်း ပြန်မပို့ဘူးလား ”
“သူတို့ကို တော့ ပေပင်ရွာ ဝန်းကျင်ကို စုံစမ်းခိုင်းထားတယ် ”
ကဝေပျံခင်မေ သည် အတန်ကြာအောင် စကားများပြောနေရင်း သူမ၏ အာရုံတွင် တခုခု ကိုရသည့် အတွက်ကြောင့် မျက်လုံးကို မှိတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အိမ် ပြုတင်းတံခါးများ နှင့် တံခါးမကြီးတို့သည် ပွင့်၍သွားကုန်ကြပါလေတော့သည် ။
◾အခန်း (၂)
အမယ်ကြီး နှင့် ကဝေပျံခင်မေတို့သည် ပွင့်သွားသော တံခါးမကြီးအား ကြည့်နေကြသည်။ ထိုအချိန် လျင်မြန်သည် အရှိန်ဖြင့် အရိပ်နှစ်ခုသည် အိမ်တံခါးမကြီး ထံ တိုး‌ဝင်လာပြီး ဝေ့လည်နေရင်းမှ လူရုပ်သွင်သည် ပီပြင်လာ၏။သာမာန်တောသူမ ပုံစံ ဝတ်ဆင်ထားသော အသက် လေးဆယ် ခန့် မိန်းမကြီးနှင့် ချောမောပြေပြစ်သော မိန်းမပျိုလေးတို့ဖြစ် လေသည်။ထိုအမျိုးသမီးနှစ်ယောက် သည် ကဝေပျံ ခင်မေ နှင့် အမယ်ကြီးကို ဦးညွတ်လိုက်ပြီး
“သခင်မကြီး နဲ့ အမေကြီး သတင်းထူး ရှိပါတယ် ”
“အေး မြန်မြန်ပြောစမ်း ”
“သခင်မကြီး ရဲ့ခင်ပွန်းက သူရဲ့ ငယ်သူချင်းနောက် လိုက်သွားတာပါ ”
“ဘာပြောတယ် သူရဲ့ ငယ်သူငယ်ချင်း ဟုတ်စ ဘယ်သူများလဲ ”
“သူတို့ငယ်ငယ် တုန်းက မိုးကြိုးစက်တောင်ဝှေး လာယူတဲ့ ကလေး တွေပါ ”
“မောင်လေး အုန်းရဲ့ မွေးစားသား လား”
“ဟုတ်ပါတယ် သူ့ဆီသွားနေတာပါ ဘုန်းကြီးကျောင်း တခုကို ပါ သခင်မကြီး ”
“ဘာပြောတယ် နင်တို့ငါ့ကို သေချာရှင်းပြစမ်း ဘယ်လိုတွေ လဲဆိုတာ ”
ကဝေပျံခင်မေသည် နေရင်းထိုင်ရင်း ဒေါသထွက်လာကာ မျက်လုံးများမှာ နီရဲလာပြီး ကောင်းမွန်သော ဆံပင်တို့က လေမှာ ဝဲပျံနေလေရာ သတင်းလာပို့သည့် ပညာသည် နှစ်ယောက် အတော်ကို ကြောက်လန့်လာကာ စကားပင် မပြောနိုင်အောင် တုန်ယင်နေလေသည်။ထိုအချင်းအရာကို သိသော အမယ်ကြီးသည် သူမ၏ သမီးကို သေချာကြည့်ကာ
“ဟဲ့ ခင်မေ နင့်ဒေါသကို လျော့စမ်း နင်လုပ်တာနဲ့ မိဝိုင်းတို့ တောင် ဘာပြောရမှန်းမသိတော့ဘူး ဖြစ်ရော့မယ် နင်က သာအေး နဲ့ ပတ်သက် ရင် ပိုကို ပိုလွန်းတယ် ”
မိခင်ကြီး၏ စကားကြားမှ ဒေါသဖြစ်နေသော ခင်မေသည် သူ၏ ဒေါသကို မျက်လုံး မှိတ်ပြီး ထိန်းချုပ်လိုက်သောအခါမှသာ ပျံဝဲနေသော ဆံပင်တို့သည် လည်း ပကတိအတိုင်း လှပ ကျော့ရှင်းစွာ ရှိနေလေသည် ၊၊ထို့နောက် ကဝေပျံ ခင်မေသည် သူမ၏ အသံကို အကောင်းဆုံး ဖြစ်အောင်ထိန်းချုပ်ပြီး
“မိဝိုင်း ငါ့ကို သေချာ ပြောပြစမ်းဟယ် ”
“ဟုတ်ကဲ့ပါ သခင်မကြီး သခင်ကြီးက မြစ်သားရွာမှာ ကြက်တိုက်ပါတယ် မြစ်သားရွာသားတွေက သခင်ကြီးကို ကြက်ညစ်တိုက်ပါတယ် ”
“ဘာ အဲ့ဒီရွာသားတွေကို အကုန် သတ်ပစ်စမ်း ရာရာ စစ ”
“ဟဲ့ ခင်မေ စကားကို ဆုံးအောင်နားထောင်စမ်း နင်နဲ့ လည်း ခက်ပါတယ် မိဝိုင်းဆက်ပြော ”
“ဟုတ်ကဲ့ ပါ အမေကြီး အဲ့လိုလုပ်တာကို သခင်ကြီးက မကျေနပ်တော့ သူတို့တရွာလုံးကို အောက်လမ်းနဲ့တိုက်ပါတယ် မြစ်သားရွာမှာ ရှိတဲ့ အိမ်မွေးတိရိစ္ဆန်တွေ တော်တော် များများ သေကုန်ကြပါတယ် ။ လူတွေအလှည့် ရောက်ကာနီးမှာ အထက်လမ်း ဆရာတွေ က ဝင်ကူညီတယ်လို့ မြစ်သားရွာသားတွေ က ပြောပါတယ် သခင်မကြီး ”
“ဘာ ငါယောကျာ်းကို တားရဲတဲ့ အထက်လမ်း ဆရာရှိသေးတယ် လား၊ကျားဆိုးရွာက ပညာသည်တွေ ရဲ့ အစွမ်းကို ဒီအထက်လမ်း ဆရာ မသိရော့လား ဒါနဲ့ ဘယ်လို ဖြစ်ပြီး သူ့ငယ် သူငယ်ချင်းတွေ နောက်ပါသွားတာလဲ မရှင်းဘူး သေချာပြောစမ်း ”
“ဟုတ်ကဲ့ သခင်မကြီး ဟိုလေ အထက်လမ်း ဆရာတွေထဲက တယောက်က သခင်ကြီး ရဲ့ ငယ်သူငယ်ချင်းလို့ပြောပါဝာယ်၊ သခင်ကြီးက သူနောက် လိုက်သွားပြီး ကျန်တဲ့ အထက်လမ်း ဆရာ နှစ်ယောက်က ဒီရိုးမ တောဘက် တက်လာတယ် လို့ စုံစမ်း သိရှိရပါတယ် ”
“အေး ငါသိပြီ နင်တို့ လူစုပြီး နင်တို့ ရဲ့ ပညာတွေကို ပြန်လေ့ကျင့်နေကြ၊အခုတခါ လူသတ်သင့်ရင် သတ်ရမယ် ကြားလား ”
“ဟုတ် ကဲ့ပါ သခင်မကြီး ”
ကဝေပျံ ခင်မေ နှင့် အမေကြီးကို နှုတ်ဆက်ကာ ပညာသည် နှစ်ယောက်သည် အောက်သို့ ဆင်းသွားပြီ ဖြစ်၏။ထိုအခါ အမေကြီးသည် သူမ၏ သမီးဖြစ်သူကို ကြည့်ကာ
“ကဲခင်မေ နင်ယောက်ျားပြဿနာက သေးသေးလေးတော့ မဟုတ်ဘူး ငါတို့ ရွာကို ပါ ထိခိုက်တော့မဲ့ အာရုံ ရနေတယ်။အဲ့တော့ ငါတို့တွေ အဲ့ဒီ အထက်လမ်း ဆရာ နှစ်ယောက်ကို လမ်းမှာတားကြတာပေါ့၊နင့်ကောင်သာအေး ပေးတဲ့ ဒုက္ခ နင်တင် မကဘူး ငါတို့ တရွာလုံးပါ ထိနေပြီ လင်တာရူးမ ရဲ့ ”
အမေကြီးသည် သူမ၏ သမီးဖြစ်သူကို မဲ့ကာ ရွဲ့ကာ ပြောလိုက်ပြီး တောင်ဝှေးကြီးကို တတောက်တောက် နှင့် ထောက်လို့ အိမ်အောက်သို့ ဆင်းသွားပါလေတော့သည်။
◾အခန်း (၃)
ဦးဖိုးဝေ နှင့် သူရိယသည် ဦးသာအေးကို မနှောက်ယှက်ရန် ကျားဆိုးရွာမှ ပညာသည် များကို သွားရောက် မေတ္တာရပ်ခံမည့် ခရီးစဉ် စထွက်လာရာ အတော်ကိုခရီးရောက်လာပြီးဖြစ်သည်။ မကြာသော အချိန်တွင် ဦးဖိုးဝေ နှင့် သူရိယသည် ရိုးမတောင် ခြေမှ ရွာတရွာကို ရောက်လာကြသည် ။ထိုရွာသည် လူတယောက်မှ အရိပ်အယောင်မမြင်ရဘဲ တိတ်ဆိတ်လွန်းနေသည်။ သူတို့လည်း ထိုရွာလမ်းအတိုင်း လမ်းလျှောက်နေစဉ် ငယ်ရွယ်ပြီး ချောမော လှပသော မိန်းမပျို နှစ်ယောက် သူတို့၏ အနားသို့ ရောက်လာကာ
“ဒီက ဦးကြီး နဲ့ မောင်လေးက ခရီးသွားတွေ ထင်တယ်၊ ဘယ်ကိုများသွားကြမှာလဲရှင် ”
“ကျုပ်တို့က ကျားဆိုး ရွာကို သွားမှာပါ ”
“ဝေးသေးတာပဲ ကျားဆိုးရွာကို ပြီးမှ သွားပါ ကျမတို့ ဦးကြီးတို့ကို ဧည့်ဝတ်ပြုချင်လို့ပါ ”
“သင်တို့ကလည်း ယခု မှ မြင်ဖူးတဲ့ သူတွေကို တန်းပြီး ဧည့်ဝတ်ပြုချင်နေတာလား ကျုပ်တို့ ရဲ့ မျက်လုံးကို သေချာကြည့်ပြီးမှ ဧည့်ခံပေါ့ ”
ဦးဖိုးဝေ၏ စကားကြားသောအခါ မိန်းမပျို နှစ်ဦးသည် ဦးဖိုးဝေတို့၏ မျက်လုံးများကို စူးစိုက်ကြည့်နေသည် ၊၊ ထို့နောက် သူမတို့ သည် မယုံကြည်နိုင်အောင် အံ့ဩ တုန်လှုပ်သွားကာ
“နင် နင်တို့ ဘာ ဘာတွေ လဲ ”
“ကဲ နင်တို့ ဧည့်ခံ ချင်သေးလား ”
မိန်းမပျို နှစ်ယောက် အဖြစ်မှာ တဖြည်းဖြည်း အိုမင်းရင့်ရော်ပြီး အရုပ်ဆိုး၊အကျည်း တန်လှသော အဖွားအိုများ အဖြစ်ပြောင်းသွားလေသည်။ သူမတို့သည် ဦးဖိုးဝေ၏ အမေးအား ခေါင်းခါပြီး ငြင်းလိုက်ကာ
“ငါတို့က နင်တို့ကို အထက်လမ်း ဆရာတွေ မှန်းမသိလို့ပါ။ငါတို့ကို သွားခွင့်ပြုပါ ”
“ကောင်းပါပြီ သင်တို့သွားနိုင်ပါတယ်။အသိတရားတွေရပြီး ကာမ တဏှာကို အမြန်ဆုံး ပယ်နိုင်အောင် ကြိုးစားဦး သင်တို့ရဲ့ ဘဝက မတွေးရဲစရာပဲ အပယ်ဘုံလည်း မဟုတ် လူလည်း မဟုတ် ”
အကျည်းတန်သော အဖွားအို နှစ်ယောက် သည် ဦးဖိုးဝေ၏ စကားကို အသိအမှတ်ပြုပြီးခေါင်းညိတ်ကာ ရွာလယ်လမ်းအတိုင်း ဦးဖိုးဝေတို့ နှင့် ဆန့်ကျင်ဘက်သို့ ထွက်ခွာသွားပါတော့သည်။ထိုအခါ မှ ဦးဖိုးဝေ နှင့် သူရိယ တို့သည်လည်း ရိုးမတောင် ပေါ်သို့ စတင် တက်‌လိုက်ကြပါလေတော့သ်ည။
◾အခန်း (၄)
ဦးဖိုးဝေ နှင့် သူရိယ တို့သည် ရိုးမတောင် ပေါ်သို့တက်လာခဲ့သည်။သစ်ရိပ် ဝါးရိပ်များမှာ အတော်ပင် ကြီးမားသည့် အတွက် နေရောင်ပင် ထိုးမဖောက်နိုင် အောင်ရှိလေသည် ။တောင်ပေါ် လမ်းအတိုင်း လမ်းလျှောက်လာရသည့်အတွက် မောပန်းဟန် ရှိသော ဦးဖိုးဝေအား သူရိယ မှ
“အဘ အတော်မော နေတာပဲဗျ၊နေလို့ရောကောင်းရဲ့လား ”
“နေလို့ကတော့ကောင်းပါတယ် လူက ဇရာထောင်းလာပြီ မဟုတ်လား ”
“ကဲ အဘ မောရင်လည်း ခဏ နားမယ်ဗျာ ကျနော် ရေဘူးထည့် လာတယ် သောက်လိုက်ဦး ”
သူရိယသည် သူ၏ လွယ်အိတ် ထဲထည့်လာသော ဘူးသီးခြောက် ရေဘူးလေးအား ဦးဖိုးဝေကို ပေးလိုက်သည်။ ထိုအခါဦးဖိုးဝေသည် ရေအားမော့ သောက်လိုက်ပြီးလျှင်ဦ ကျွန်းပင် တပင်ကို ကျောမှီပြီးအမောဖြေနေသည် ။ သူရိယသည် သစ်ပင် ကြီးများကို လိုက်ကြည့်ရင်း
“အဘ ဒီဘက်က တောအတော်ကြီးသေးတာပဲဗျ ထင်းခုတ်တဲ့ သူတွေတောင် လာပုံမပေါ်ဘူးနော် ”
“အော် လူလေးရယ် ကျားဆိုး နယ်ထဲကို ဘယ်သူ ထင်းခုတ်သမားက လာရဲမှာလဲ ”
“ဟုတ်ပ အဘရယ် ကျနော် သတိမထားမိဘူး ဒါနဲ့ ကျနော်တို့က ကျားဆိုးရွာက ပညာသည်တွေ အကုန်လုံးနဲ့ တိုက်ခိုက်ရမှာလား ”
“မတိုက်ခိုက်ပါဘူးကွာ ကျားဆိုးရွာက ပညာသည်တွေ ဒုက္ခပေးလို့ ဒုက္ခ ရောက်တဲ့သူရယ်လို့ အဘ မကြားမိပါဘူး သွားပြီး မေတ္တာ ရပ်ခံမှာပါ အင်း အဘ အထင်တော့ သူတို့က လွယ်လွယ် နဲ့တော့ ပြောလို့ရမှာ မဟုတ်လောက်ဘူး”
“ဘယ်တတ်နိုင်မလဲ အဘရယ် အမှောင်ကနေ အလင်းသွားတဲ့ သူကို စိတ်ဖြောင့်ဖြောင့်သွားဖို့ အတွက် ကျနော်တို့ မှာ တာဝန်ရှိတယ် မဟုတ်လား ”
“မတတ်သာ ရင် တော့ပညာရပ်တွေ သုံးကွယ် အတတ်နိုင်ဆုံးတော့ မေတ္တာ နဲ့ ပဲ လုပ်ငန်းအောင်မြင်အောင် စွမ်းဆောင်ကြတာပေါ့ ”
ဦးဖိုးဝေသည် သူရိယအား သေချာစွာ ရှင်းပြနေစဉ်သူ မှီထားသော ကျွန်းပင် ၏ ပင်စည်ကို ရစ်ပတ်ထားသော မြွေကြီးသည် ဦးဖိုးဝေအား ရန်ပြုရန် အသင့်အနေထားဖြစ်နေလေရာ သူရိယမှာ လှမ်းအော်သတိပေးလိုက်လေသည် ။
“အဘ အဘခေါင်းပေါ်မှာ မြွေကြီး ”
“‌လူလေးရေ သာမာန် မြွေတော့ မဟုတ်ဘူးကွဲ့ ”
ထို့နောက် ဦးဖိုးဝေသည် ထိုင်နေရာမှ ထလိုက်ပြီး မြွေကြီးအား လက်ညိုးထိုးရင်း
“ဟဲ့ ”
ဟဲ့ ဆိုသော တချက်ဖြင့် မြွေကြီး အဖြစ်မှ နွယ်ကြိုးကြီးအဖြစ်သို့ ပြောင်းလဲ သွား၏။ထိုအခါမှ ဦးဖိုးဝေ သည် အပင်အောက် ပင်စည်ခြေရင်းတွင် ပြန်ထိုင်လိုက်ပြီး
“လူလေးရေ ပညာသည်တွေကတော့ အစွယ်တွေ ထုတ်ပြနေပြီကွဲ့ အတတ်နိုင်ဆုံးတော့ မေတ္တာ ထားကြတာပေါ့ နှစ်ဦး နှစ်ဖက် အကျိုး မရှိတဲ့ အသက်သေဆုံးခြင်းကို တော့ မလွဲမသွေ ရှောင်ရမယ်ဆိုတာ သတိထားပါ လူလေး ”
“ဟုတ်ကဲ့ အဘ ”
“ကဲ နားနေက မသင့်ပေ‌ဘူး အချို့ကိစ္စတွေက အချိန်ဆွဲ လို့ကောင်းတာ မဟုတ်ဘူး ”
“ဟုတ်ကဲ့ ပါ အဘ ဒါဆိုလည်း ခရီးဆက်ကြတာပေါ့”
ဦးဖိုးဝေ နှင့် သူရိယသည် ထိုင်နေရမှ ထ၍ တောင်ပေါ်သို့ ဆက်၍ တက်သွားလေပါတော့သည် ။
◾အခန်း (၅)
ဦးဖိုးဝေနှင့် သူရိယ တောင်ပေါ်တက်သော လမ်းတလျှောက်ရှိ သစ်ပင်များပေါ်တွင် ကူးလူးနေသော အရိပ်မဲမဲများ သည် ဦးဖိုးဝေ နှင့် သူရိယ ၏ ဦးခေါင်းပေါ်သို့ ထိုးစိုက် ချလာက တိုက်ခိုက်ကြကုန်၏။သို့ပေမဲ့ အဆင့်ခြင်းမှာ မိုး နှင့် မြေလောက် ကွာခြားနေသည် မို့ ပညာသည်များမှာ ဦးဖိုးဝေတို့၏ အနားသို့ပင်ကပ် မရချေ၊ အော်ညည်းပြီးသာ ပြန်ပြေးသွားကြရလေသည် ။ထို အရိပ်မဲ များ နှောက်ယှက်ခြင်း မရှိတော့ သောအခါ ဦးဖိုးဝေသည် သူရိယအား
“လူလေးရေ ကျားဆိုးရွာက နီးလာပြီ ထင်တယ် ကွဲ့ အနှောက် အယှက်တွေ ပိုများလာသလားလို့ ”
“ဟုတ်ပ အဘရယ် သာမာန် လူဆို ကျားဆိုးရွာ မပြောနဲ့ သူတို့ နယ်နိမိတ်တောင် ကပ်ဖို့ လွယ်မယ် မထင်ဘူး”
“အင်း ဇော်ဂနီ အဆင့် အနိမ့်ဆုံးနေကြတယ် ‌ဆိုတော့ လည်း ဒီလောက်တော့ ရှိမှာ ပေါ့ ”
“ဟုတ်အဘ သူတို့တွေရွာက ရောက်ဖို့ နီးပြီလား အဘ ”
“အင်း အဘလည်း တခေါက်မှတော့ မရောက်ဖူးဘူး ဒီနေရာ မှာ ဘုံမ္မစိုးကို ခေါ်ဖို့လည်း မဖြစ်နိုင်ဘူး အဲ့တော့ ”
ဦးဖိုးဝေသည် စကားပြောနေရင်းမှ ဘေးတွင်ရှိသော သစ်ရွက် တရွက်ကို ခူးလိုက်ကာ လက်ဝါးပေါ်တင်ပြီး လေ နှင့် အသာအယာ မှုတ်လိုက်လေသည်။ထိုအခါ သူ၏လက်ပေါ်မှ သစ်ရွက်လေးသည် ရွှေရောင် တောက်နေသော လိပ်ပြာလေးအဖြစ် ပြောင်းသွားကာ တောင်ပံတဖျပ်ဖျပ်ခတ်ရင်း ဦးဖိုးဝေတို့ရှေ့မှ နေ၍ ပျံသန်းသွားလေသည်။ထိုအခါ မှ ဦးဖိုးဝေသည်
“ကဲ လူလေးရေ ခရီးဆက်ကြဦးစို့ ”
ဦးဖိုးဝေ နှင့် သူရိယသည် ရွှေရောင်လိပ်ပြာလေးအနောက်သို့ လိုက်သွားရာ သူတို့၏ ရှေ့တည့်တည့် တွင် အစွယ်များ ဖွေးဖြူနေသော တောဝက်ကြီး နှစ်ကောင်သည် အရှိန်ပြင်းစွာနှင့် တိုးဝင်လာလေ၏။ထိုအခါ ဦးဖိုးဝေသည် တောက်တချက်ကို ခေါက်ကာ
“တောက် ဒင်းတို့က အသေတိုက်နေတာပါလား မူလပြန်စမ်း ”
ဦးဖိုးဝေ၏ စကားဆုံးသည် နှင့် အစွယ်များကားနေပြီး ကြီးမားသည့် တောဝက်ကြီးသည် တဖြည်းဖြည်း သေးငယ် သွားပြီး အိမ်မွေးဝက်ပေါက်လေး နှစ်ကောင် အဖြစ်ပြောင်းလဲကာ မိခင်ဝက်မကြီးကို တွေရန်အလို့ငှာ အော်မြည်ပြီး သူတို့ နှင့် ဆန့်ကျင်ဘက်သို့ ပြန်ပြေးသွား လေတော့သည် ။
“ကဲ လူလေးရေ ကျားဆိုးရွာတော့ ရောက်ပြီ ထင်တယ် ”
“ဘာဖြစ်လို့ လဲ အဘ ”
“ဟို မှာ ကြည့်စမ်းပါဦး ”
ထိုအခါ မှ သူရိယသည် ဦးဖိုးဝေ လက်ညှိုးညွှန်သော နေရာကို ကြည့်လိုက်မိသည်။သာမာန် ရွာသူများပုံစံ ဝတ်ဆင်ထားသော အရွယ်စုံလှသော အမျိုးသမီး အုပ်ကြီးသည် ဦးဖိုးဝေ တို့ကို ကြည့်ကာ အံတကြိတ်ကြိတ် တောက် တခေါက်ခေါက် လုပ် နေသည် ။သူတို့၏ မျက်လုံးများသည်က ဒေါသ အပြည့်ဖြင့် ရဲရဲ နီနေသည်။ဆံပင်များသည်လည်း ဖားလျားချထားရာ လေအနည်းငယ် တိုက်ပေမဲ့ သူတို့ ၏ ဆံ‌ပင်များသည်လည်း ဝဲပျံလျက်ရှိ၏။ထို့နောက် ရှေ့ဆုံးမှ ရှိသော ပညာသည် မိန်းမကြီးသည် တောက် တချက်ကို ပျင်းစွာခေါက်ပြီး ခါးကိုထောက်၊ မျက်စောင်းကို ထိုးရင်းမှ ဦးဖိုးဝေတို့အား စကားဆိုလာလေသည်။
“တောက် ငါတို့က ဘယ်သူကိုမှ ဒုက္ခမပေးချင်လို့ ဒီတောထဲမှာ ရွာတည်နေတာ နင်တို့က ငါတို့ကို ဘာကြောင့် ဒုက္ခပေးဖို့ ရောက်လာရတာ လဲ ပြောစမ်း အထက်လမ်းဆရာတွေ ”
“ငါတို့က ဒုက္ခပေးဖို့ မဟုတ်ပါဘူး နင်တို့ရဲ့ ခေါင်းဆောင်ကို မေတ္တာရပ်ခံချင်လို့ပါ ”
“တော်စမ်း ငါတို့ကို အသေသတ် ပြီးတော့ မှပဲ သခင်မကြီးဆီသွားလို့ ရနိုင်မယ် ”
“ငါက နင်တို့ကို မတိုက်ခိုက်ချင်ဘူး နင်တို့ရဲ့ သခင်မ နဲ့တွေ့ခွင့်ပြုပါ ”
“ငါတို့ ရဲ့ကျားဆိုးရွာကို မဖိတ်ခေါ်ပဲ နဲ့လွယ်လွယ် လေးနဲ့ ရွာထဲ ဝင်လို့ရမယ် ထင်လား ”
ထို့နောက် ပညာသည် အမျိုးသမီးများသည် သူတို့၏ ဦးခေါင်းမှ ဆံပင်များကို ဆွဲနှုတ်ကာ သူတို့၏ လက်ဖဝါးပေါ် တင်ပြီး ဦးဖိုးဝေနှင့်သူရိယ ရှိရာ ဘက်သို့ လေနှင့် မှုတ်လိုက်ရာ ဆံပင်များသည် တဖြည်းဖြည်း ကြီးမားလာကာ မဲနက်နေသော မြွေဟောက်များ သဏ္ဍန် တဖြည်းဖြည်း ပြောင်းလဲလာကာ ပါးပျဉ်းများထောင် လျက် ဦးဖိုးဝေတို့ နှင့် မလှမ်းမကမ်းသို့ ရောက်ရှိလာသည် ။ထိုအခါ ဦးဖိုးဝေ နှင့် သူရိယသည် မျက်လုံးကို ခေတ္တ မှိတ်လို့ ပြန်ဖွင့်လိုက်ကာ သူတို့ ဆီသို့ ဆံပင်အဖြစ်မှ မြွေ အဖြစ်ပြောင်းပြီး ပျံဝဲလာသော ပညာသည်များ၏ တိုက်မြွေများအား လက်ညှိုးထိုးလိုက်ပြီး
“လောင်မီးကျစေ ”
“လောင်မီးကျစေ”
ဦးဖိုးဝေ နှင့် သူရိယ တို့၏ အာဏာစက်အောက်တွင် ပညာသည်များ၏ တိုက်မွေများသည် မြေပေါ်မရောက်မှီ မီးဟုန်းဟုန်းတောက်ကာ တဖြည်းဖြည်း လောင်မီးကျသွားပြီး ပြာမှုန့်များအဖြစ်သို့ လွင့်ပျံသွားကြကုန်သည် ။ထို့‌အချင်းအရာကို တွေ့ သော ပညာသည်များထံမှ တောက်ခေါက်သံများ ညံစီအောင် ထွက်လာပြီး
‘တော်တော် အစွမ်း ထက်နေတယ်ပေါ့လေ ”
တချို့တလေသည် ထိုသို့သော စကားကိုပြောကာ သူတို့၏ ရှေ့ တွင် ရှိသော သစ်ရွက်များကို ကောက်ကာ ဦးဖိုးဝေ နှင့် သူရိယတို့ ထံ ထပ်မံ ပြီး ပစ်လွှတ်လိုက်ရာ ထိုသစ်ရွက်များသည် အရှိန်ပြင်းစွာ ပျံဝင်လာသော ပျားကောင် ကြီးများ၊ပတူကောင်ကြီးများ နှင့် ပိတုန်းကောင် များအဖြစ် ပြောင်းကာ ဦးဖိုးဝေနှင့် သူရိယ တို့ထံ ချဉ်းကပ်လာလေသည်။ထိုအခါတွင်လည်း ဦးဖိုးဝေသည်
“ဟဲ့ မူလပြန်စေ ”
ထိုမျှသော စကားလေးပြောရုံဖြင့် ပညာသည်များ၏ အာဏာစက်ဖြစ်တည်နေသော ပျား၊ပတူ နှင့် ပိတုန်းများသည် ဦးဖိုးဝေ၏ အာဏာစက်ကို မယှဉ်သာ ပဲ သစ်ရွက်များအဖြစ်သို့ ပြန်ပြောင်းပြီး မြေပြင်သို့ တဖြည်းဖြည်း ပြန်ကျသွား‌လေတော့ သည်။ပညာသည်များသည် သူတို့ မယှဉ်နိုင်သည်ကို ရိပ်စားမိဟန်ရှိသည်ထင်၏။တချို့သည် အရိပ်သဏ္ဍန်အဖြစ်ပြောင်းကာ ‌ထိုနေရာမှ ပြေးထွက်သွားသလို တချို့သည်လည်း လင်းတ များ နှင့် ငှက်ဆိုးများ သဏ္ဍန်ပြောင်းကာ ထိုနေရာမှ ပျံသန်းပြီး ထွက်ပြေးကုန်တော့သည်။ထိုအခါ မှ ဦးဖိုးဝေသည်
“လူလေးရေ ပညာသည်တွေက သူတို့ ရွာကို သိမှာ စိုးလို့ ရွာမရှိတဲ့ နေရာကို ပြေးပြတာပဲ ”
“ဘာလို့လဲအဘ ”
“ဟော ဟိုမှာ အဘတို့ ရဲ့ လိပ်ပြာက ဒီဘက်ကို ပျံနေတယ်လေ ”
“ဟုတ်တယ်နော် အဘ ”
“ကဲကဲ လူလေးရေ ကျားဆိုးရွာကို သွားကြစို့ ”
ထို့နောက် ဦးဖိုးဝေ နှင့် သူရိယသည် ရွှေရောင်လိပ်ပြာလေး ပျံသန်းရာနောက်သို့ လိုက်ပါသွားပါလေတော့သည် ။
◾အခန်း (၆)
ဦးဖိုးဝေ နှင့် သူရိယသည် ရွှေလိပ်ပြာလေး၏ လမ်းပြမှုဖြင့် ကျားဆိုး ရွာထဲ ရောက်ရှိလာပြီ ဖြစ်သည်၊ရွာထဲ ရောက်သော် လူရိပ် လူယောင် သည်က တခုမှ မတွေ့ ရပေ။ရွှေရောင် လိပ်ပြာလေးသည် လည်း ပျံသန်းနေသည်ကို မရပ်နားသေးပဲ ရွာလယ်လမ်း အတိုင်း သူတို့ နှင့် မလှမ်း မကမ်း မှ ပျံသန်းနေသေးရာ ဦးဖိုးဝေ နှင့် သူရိယ သည်လည်း ထိုလိပ်ပြာလေးနောက် လိုက်လာကြသည်၊၊အတန်ကြာသောအခါ လိပ်ပြာလေးသည် အိမ်ကြီး တလုံးတည်းရှိသော အိမ်‌ဝိုင်းရှေ့အရောက် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည် ၊၊ထိုအခါ မှ ဦးဖိုးဝေသည်
“လူလေးရေ ကျားဆိုးရွာ လူကြီး နေတဲ့ အိမ်ဖြူမယ်ပဲ ကဲ ကောင်းကောင်း မွန်မွန် ပြောဆိုကြဦးစို့”
ဦးဖိုးဝေသည် သူရိယအား ထိုသို့ပြောပြီး အိမ်ဝိုင်းပေါက်မှ နေ၍
“အိမ်ရှင်တို့ အိမ်ရှင်တို့ ”
ဦးဖိုးဝေ အတန်ကြာ အော်ခေါ်သော်လည်း အိမ်ထဲ မှတုန့်ပြန်သံ မကြားရပေ၊ သို့ပေမဲ့ အိမ်ဝိုင်းပေါက်ကို ကာရန်ထားသော ဝါးလုံးတန်းများသည် သူ့အလိုလို ပြုတ်ကျပြီး ပွင့်သွားသည့်အခါ ဦးဖိုးဝေနှင့် သူရိယသည် အိမ်ဝိုင်းထဲ ဝင်လိုက်လေသည်။ ထို့နောက် အိမ်ကြီး လှေကားခြေရင်းတွင် ရပ်နေစဉ် အိမ်တံခါးမကြီးသည် ပွင့်လာပြန်သည်။တံခါးမကြီးပွင့်လာသည် နှင့် ဦးဖိုးဝေသည် ရှေ့မှ တက်သွားရာ သူရိယသည်လည်း နောက်မှ တက်လိုက်လေသည် ။ သူတို့ နှစ်ယောက် တံခါးမကြီး မှတဆင့် အိမ်ထဲ သို့ ဝင်လိုက်သည် နှင့် ပွင့်နေသော တံခါးမကြီးသည် ပိတ်၍သွားပြီး အိမ်ထဲတွင် မှောင်မဲလာနှင့်တပြိုင်နက် ချက်ခြင်းဆိုသလို ကညင်ဆီ မီးတိုင်များ ဟိုမှ သည်မှ လင်းလက်လာကာ မီးရောင်အောက်တွင် အသက်တဆယ့်ရှစ်နှစ် အရွယ်သာသာ ရှိမည်ဖြစ်သည့် မိန်းမလှလေးတယောက်သည် ဦးဖိုးဝေ နှင့် သူရိယအား နီရဲသော မျက်လုံးအစုံတို့ ဖြင့် ခါးထောက် ကြည့်နေလေသည်။သူမ၏ ဘေးတွင်တော့ အသက် အရွယ် ကြီးရင့် နေပြီး ဖြစ်သော အမယ်အို မှာ ကျွန်းထိုင်ခုံကြီးတွင် ထိုင်နေသည်။ထို့နောက် ထိုအမယ်အိုကြီးသည် သူမတို့ နှင့် မလှမ်း မကမ်း ရှိ လွတ်နေသော ထိုင်ခုံကို လက်ညှိုး ညွှန်ပြကာ
“ဧည့်သည်တို့ အဲ့ ဒီထိုင်ခုံမှာထိုင်နိုင်ပါတယ် ”
ဦးဖိုးဝေ နှင့် သူရိသည် မည်သည် စကားမျှ ပြန်မပြောပဲ အမယ်အို ညွှန်ပြသော ထိုင်ခုံတွင် ထိုင်လိုက်သည်။ထို့နောက် ဦးဖိုးဝေသည် ခါးထောက်ပြီး သူတို့အား နီရဲသည့် မျက်လုံးအစုံ ဖြင့်ကြည့်နေသော မိန်းမလှလေးအား တချက် ကြည့်လိုက်ပြီးမှ
“ဦးသာအေးရဲ့ ဇနီးသည်က ဘယ်သူများလဲ ”
“ငါပဲ နင်တို့က ငါ့အိမ်ပေါ်ထိ လာပြီး ငါ့ကို တောင် ဂရုမစိုက်ပဲ နေဝံ့‌တယ်ပေါ့ ”
“ခင်မေ ဒေါသ လျှော့စမ်း၊နင့် ရှေ့မှာ ရောက်နေတာ စေတလုံးပိုင်တွေဆိုတာ ရွာက ဟာမတွေ ပြောလို့ နင်လည်း သိနေပြီမဟုတ်လား နင် နဲ့ငါ တိုက်လည်း ဒီဆရာတွေကို မနိုင်တာ နင်သိတယ်”
“အိုး ကျမက ကျားဆိုးရွာလူကြီး သူတို့က စေတလုံး မက လို့ နှစ်လုံး ပိုင်ပိုင် ကျမက ကြောက်နေရမှာ လား ”
“နင်က တော်တော် ပြောရခက်တာ ပဲ နင့် ဘာသာနင် ကြိုက်သလို လုပ် ငါ ဘာမှ ဝင်မပါတော့ဘူး ”
အမယ်အို ကြီးသည် စိတ်ပျက်စွာငြီးငြူနေလေ၏။သူမ၏ သမီးဖြစ်သူ ကဝေပျံ ခင်မေသည်က ဦးဖိုးဝေအား စူးစိုက်ကြည့်နေရင်းမှ သူမ၏ ကိုယ်ခန္ဓာသည် တဖြည်းဖြည်း အရိပ်တခုပမာ ဖြစ်လာပြီး ဦးဖိုးဝေ ထံသို့ လျင်မြန်စွာ ‌တိုးဝင်လာလေသည် ။ထိုအခါ ဦးဖိုးဝေသည် လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ဆီတိုး‌ဝင်လာသော ကဝေပျံခင်မေ၏ အရိပ်သည် ရှေ့သို့မတိုးနိုင်ပဲ ရှိနေလေ၏။ထို့နောက် ဦးဖိုးဝေသည် ထိုအရိပ်ကို လက်ညှိုးထိုးကာ
“ချုပ်စေ ”
ထိုမျှသော စကားတခွန်းသာ ပြောလိုက်ချိန် အရိပ်သဏ္ဍန်ဖြစ်နေသော ကဝေပျံခင်မေသည် သူမမူလ ရပ်နေသော နေရာတွင် ဒူးထောက် ကျသွားပြီး လက်ကို နောက်ပစ်လျက် အနေအထားဖြင့် အချုပ်ခံထားရလေတော့သည် ။ ထို့နောက် ဦးဖိုးဝေသည် ကဝေပျံ ခင်မေကို ကြည့်ကာ
“ကဝေပျံ နင် အသိတရားရစမ်းပါ နင့်ထက်ငယ်တဲ့ လူယောက်ျား တယောက်အတွက် နဲ့ နင်တို့ရဲ့ ရွာကို ပျက်စီး စေချင်နေတာလား နင် ရဲ့ အခု လုပ်ရပ်တွေကြောင့် နင်တို့ရဲ့ ကျားဆိုးရွာကြီး ပျက်စီးနိုင်တယ် ဆိုတာ မသိရော့လား”
“မသိဘူး ငါ့ ယောကျာ်းကို ငါ့ပြန်ပေး ”
“ဟဲ့ ကဝေပျံ နင့်ယောက်ျားက နင်တို့ နဲ့ မနေချင် လို့ သူတိုင်းသူ‌ ကောင်းတဲ့ အလုပ် လုပ်မယ်ဆိုပြီး လိုက်သွားတာ လေ ”
“မသိ ဘူး ”
“ကဝေပျံ သတိထားပါ နင့်ယောက်ျား ကို နင်တကယ် ချစ် ရော ချစ်ရဲ့ လား ”
“ငါ့ရဲ့ အသက်ထက်ကို သူ့ကို ပိုချစ်တယ် ”
“နင်ချစ်တယ် ဆိုရင် သူကောင်းစားသွားတာ လိုလားရမှာပေါ့ နင်တို့ နဲ့ ဆက်နေရင် သူကသေလွန်တဲ့အခါ ငရဲသွားရမှာ အခု သူက ကောင်းမွန်တဲ့ အလုပ်ကို လုပ်ပြီး သူ့ရဲ့ နောက်ဘဝ အတွက် ကောင်းမွန်တဲ့ အထောက်အပံ့ ရှာနေတာ နင်ခွင့်ပြုသင့်တာပေါ့ ”
ဦးဖိုးဝေ ၏ စကားကြာင့် ကဝေပျံခင်မေ တွေဝေနေ၏။ထိုစဉ် ဦးဖိုးဝေမှ ဆက်ပြီး
“ကျားဆိုးရွာသခင်မ သေချာစဉ်းစားပါ နင့်ရဲ့ ယောက်ျားက အသက်တွေ ကြီးရင့်ပြီး သူသေတာကို နင် မြင်ရတော့မယ်။ သေလွန်ပြီးရင်လည်း သူက ငရဲ ကျခံရဦးမယ် နင်နဲ့ တူတူ ရှိနေတာ သူ့အတွက် လည်း မကောင်းဘူး နင့်အတွက်လည်း ကောင်းတာမရှိဘူး နင်တို့ရဲ့ နာမည်ပျက် မရှိတဲ့ ကျားဆိုးရွာ အတွက်လည်းမကောင်းဘူး ဘယ်သူအတွက် မှ မကောင်းတဲ့ အရာကို ဆက်ပြီး မမိုက်ချင်ပါတော့နဲ့ ”
ကဝေပျံခင်မေသည် ဦးဖိုးဝေစကားကို နားထောင် ပြီး သူမ၏ မိခင်ကြီးကို ကြည့်လိုက်လေသည်။ထိုအခါ သူမရဲ့ မိခင်ကြီးသည် လည်း
“ဒီဆရာကြီးပြောတာ မှန်တယ် ခင်မေ နင်ထပ်ပြီး မမိုက်ပါတော့နဲ့ ”
ထို့နောက် ကဝေပျံခင်မေသည် သက်ပြင်းအရှည်ကြီးကို ချကာ
“ကျမ နားလည်ပါပြီ ကျမ စွန့်လွှတ်လိုက်ပါတော့မယ် နောက် နောင် မနှောက်ယှက် တော့ပါဘူးလို့ကတိပေးပါတယ် ”
ကဝေပျံ ခင်မေဆီမှ ထိုစကားကြားရသောအခါ အားလုံး ဝမ်းသာသွားကြသည် ။ကဝေပျံခင်မေသည်က ထိုမျှသောစကားကိုသာ ဆိုပြီး အိမ်ခန်းထဲ ဝင်သွားတော့သည် ။ဦးဖိုးဝေတို့လည်း အားလုံးအဆင်ပြေပြီမို့ ကျားဆိုးရွာမှ ပြန်ထွက်ရန် ဟန်ပြင်နေစဉ် အမယ်ကြီး မှ စကားဆိုလာသည် ။
“ဒီက ဆရာကြီးကို ကျမ အကူအညီ တခုတောင်းပါရစေ ”
“ပြောပါ ”
“ဒီနယ် ထဲမှာ ကျတ်လယ် ဆိုတဲ့ လယ်တွေရှိတယ် ဆရာကြီး အဲ့ဒီလယ်ပိုင်ရှင်တွေက သူတို့ လယ်တွေထဲမှာ မကောင်းဆိုးဝါးတွေ ရှိနေတာကို ဘာမှမဆိုင် တဲ့ ကျမတို့ ကျားဆိုးရွာက တိုက်တယ် ပဲ ပြောနေကြပါတယ် အဲ့တာလေးပါ ဖြေရှင်းပေးခဲ့ပါဦးလို့ မေတ္တာ ရပ်ခံပါတယ် ”
“အင်း ကျုပ်တို့ ‌ကူညီလိုက်ပါမယ် အခုတော့ အချိန်လည်း လင့်ပြီမလို့ ခွင့်ပြုပါဦး ”
“ကောင်းပါပြီ ဆရာကြီးတို့ ”
ဦးဖိုးဝေ နှင့် သူရိယ ပြန်ရန် မတ်တတ်ရပ်လိုက်သည် နှင့် အိမ်တံခါးမကြီး၊ပြတင်း ပေါက်များသည် သူ့အလိုလို ပွင့်ကုန်ကြသည် ။ ထို့နောက် ဦးဖိုးဝေ နှင့် သူရိယသည် အိမ်ကြီးပေါ်မှ ဆင်းပြီး ကျားဆိုးရွာမှ ထွက်ခွာသွားကြပါလေတော့သည် ။
▪️ဦးဖိုးဝေ နှင့် ကျားဆိုးရွာ သည်က ဤမျှသာ၊
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားပေးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း