သစ်ပင်ကိုင်းခက်လက်ရှိ ရိုးတံတို့အကြိုအကြားမှာ နေရောင်ခြည် တန်းများကား တစ်တောလုံး တစ်တောင်လုံးကို ဖြန့်ကြက်ထားလေပြီ။ ငှက်ကလေးများ နှင့် တောကြက်တို့၏ တွန်သံမှာလည်း အရပ်ရှစ် မျက်နှာ၌ ညံစီနေလေပြီ။ တောငှက်တိရစ္ဆာန်တို့၏ တွန်သံ မြည်သံကြားတွင် ဗိုစိန်၏ ခလောက်သံကို ကြားရသောအခါ အိုက်သောလူ ဆက်လိုက်လာသည်။ သခင်လိုက်လာပြီဆိုသည်ကို ဗိုစိန်သိအောင်ဟု အိုက်လောလူက သီချင်းတစ်ပုဒ်ကို ဟစ်ဆို၍ အသံပေးလိုက်၏။ “ဘာမပိုတာ ဝေငှလိုက်တော့ – ရာဇဂြိုဟ်သာကေတရယ်နဲ့ ဗာရာဏရယ်တဲ့ တက္ကသိုလ် … အညီထွေးလိုက်တော့ … ဤ လေးပြည်အလယ်ဗဟိုရ်ထင့် … ...

ရွှဲရွှဲစိုနေကာ ဆံပင်များ ရှုပ်ပွနေလျက် အတော်ကို မနှစ်မြို့စရာ ရုပ်သွင်အဖြစ်ကို  ရောက်ရှိနေပြီ ဖြစ်၏။သို့ပေမဲ့ သူတို့ နှစ်ယောက်သည် မည်သူကိုမျှ ထိခိုက်အောင် လုပ်နိုင် မစွမ်းသေးပေ။ကမ္မဇိဒ္ဓိအား နည်းနေသေးသောကြောင့် ဖြစ်၏။မကြာသောအချိန်တွင် မောင်ဘိုးထင်သည် အိမ်ပေါ်သို့ပြန်တက်လာလေသည်။အိမ်ပေါ်ရောက်သောအခါ မကြီး နှင့် ရာကြီး၏ ဝိညာဉ်များကို မြင်နိုင်စွမ်းနေပြီ ဖြစ်သည်။အိမ်အောက်သို့သွားကာ ခြေစာမှုန့်ဖြင့် မန္တာန်ရွတ်ကာ မျက်လုံးကွင်းခဲ့၍ဖြစ်သည်။မောင်ဘိုးထင်သည် ထိုဝိညာဉ်နှစ်ကောင်အား သူတို့၏ ရာကြီး နှင့် မကြီး ဟူ၍ မသိတော့ပေ။အဘယ်ကြောင့်ဆိုသော် ထိုဝိညာဉ်များ၏ ကိုယ်မှ ထွက်နေသော အမဲရောင်အခိုးအငွေ့ များမှာ မည်သူမည်ဝါမှန်း ...

မိခင်ကြီးသည် ဆရာတော်၏ စကားဆိုလျှင် နားထောင်မည်ဟု ထင်နေမိသည်။ထို့ကြောင့် ရွာရောက်လျှင် ဆရာတော်အား မိခင်ကြီးကို မြို့ဆေးရုံတက်ရန် ဖြောင်းဖျခိုင်း မည်ဟူသော ရိုးရှင်းသာအကြံ နှင့် ဖြစ်၏။ထို့နောက် ဆရာတော်သည် တပါးတည်း မင်းနောင်တို့ နှင့်အတူ ပေပင်ရွာသို့ ကြွမြန်း သွားပါလေတော့သည် ။     ◾အခန်း (၃)     ပေပင်ရွာသို့ အပြန်လမ်းတွင် လူငယ်လေး ငါးယောက် နှင့် ဆရာတော်တပါး ကြွလှမ်းလို့လာနေသည်။ဆရာတော်သည်  ခြေထောက်မှာ ခြေဗလာနှင့်မို့ မောင်ဘိုးထင်သည် မင်းနောင်အနားသို့ တိုးကပ်သွားကာ     “ကိုမင်းနောင် ...

ကောင်မဟုတ်ဘူး၊ သွားအရေးလုပ်မနေပါနဲ့၊ တစ်ခုသာသတိထားပါ၊ ဒီကောင်အရက်သောက်ဖို့ ပိုက်ဆံပြတ်သွားတာဖြစ်နိုင်တယ်၊ အခု ရွာဦးကျောင်းကိုရောက်နေပြီဆိုတော့ လူလစ်မှ ဘုန်းကြီးကျောင်းက တစ်ခုခုကိုအလစ်သုတ်သွားအုံးမယ်နော် အရှင်ဘုရား” ဦးညီဇော်ကတော့ တစ်ဦးတည်းသောသားကလေးကို တော်တော်မေတ္တာရှိတဲ့ပုံပါပဲ၊ ဆရာတော်ကတော့ နှင်မထုတ်ရက်လို့ ဒီအတိုင်းပဲထားပါတယ်၊ ဆွမ်းကျန်လေးဘာလေးကျွေးတော့လည်း မစားဘူးဆိုပဲဗျ။ တစ်ပတ်လောက်ကြာတော့ ကာလသားတွေအိမ်ကိုပြေးလာကြတယ်။ “သူကြီးရေ၊ ရွာထဲမှာထူးပြီဗျ” “ဟေ၊ ဘာထူးတာလဲကွ၊ ဘယ်သူကထူးနေတာလဲ” “ကိုဇော်ကြီးပါသူကြီးရာ” “သြော်၊ အောင်ဇော်တစ်ယောက် အရက်မူးပြီးလဲလို့ လေဖြတ်သွားတာလား၊ ဒါမှမဟုတ် သေများသေသွားတာလား” “သေသွားတာမဟုတ်ဘူးသူကြီးရေ၊ ရှင်သွားတာဗျ ရှင်သွားတာ” “မင်းတို့ဟာက ဘာစကားလဲကွ” “ကိုဇော်ကြီး ညောင်ပင်အောက်မှာထိုင်ရင်း ...

ခွဲနေ၏။ အခန်း ( 2 ) “ကိုသက်ရှည် နဲ့ သားဇော်မင်း ဒီမှာ ထင်းလျှက်စားပြီး ရေနွေးလာသောက်အုံး” “လာပြီဟေ့” “လူလေး နားတော့လေ။ လာရေနွေးသောက်ရအောင်” “ဟုတ်ကဲ့ အဘ ကျွန်တော်ဒီထင်းပြီးအောင်ဆက်ခွဲလိုက် ပါအုံးမယ်” “ခွပ်“ ဇော်မင်း ကျန်နေသေးတဲ့ထင်းတွေခွဲပြီး။ တစ်ခါထဲလှမ်း ပေးနေ၏။ ထိုအချိန်မှာပင်။ ဘိုဘိုနဲ့သက်ဆွေ ဆိုင်ကယ်မောင်းပြီး ခြံထဲဝင်လာသည်။ ဘိုဘို သည် ဦးသက်ရှည်နှင့်ဒေါ်မြမေ ရဲ့ သားကြီး ဖြစ်ချေ၏။ ဘိုဘို တစ်ခြားရွာကမိန်းကလေးနဲ့ အိမ်ထောင်ကျပြီး အဲဒီရွာမှာပဲအခြေချနေထိုင်သည်။သက်ဆွေ သည် အပြောအလွန်ကောင်းသူဖြစ်ပြီး ...

မြေပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။ထိုအခါ ဦးဖိုးဝေသည်      “ကလေးမ လာ လာ ဒီတန်းလျားပေါ် ထိုင်ပါကွယ် “      “ဆရာကြီးတို့နဲ့ တတန်းတည်းမထိုင်ဝံ့ပါဘူး”      “မဟုတ်တာ လာ လာ ထိုင် ဦးကြီးစကားကိုနားထောင်မယ်လို့ ထင်တယ်”       ဦးဖိုးဝေမှ လှယမင်းမငြင်းနိုင်လောက်သော စကားကိုဆိုလိုက်သည့်အတွက် သူမ မငြင်းသာတော့ပဲ ဦးဖိုးဝေတို့နှင့် မျက်နှာချင်းဆိုင်တန်းလျားတွင် ၀င်ထိုင်လိုက်သည်။ထို့နောက်ဦးဖိုးဝေသည်      “ကလေးမရဲ့အမနဲ့အဘ ဘယ်သွားကြလဲ မတွေ့ပါလား”      “အလှုအတန်းလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းပစ္စယတွေ သွားဝယ်ကြတယ် ညနေခင်းလောက်ဆိုရင်တော့ ပြန်ရောက်လောက်ပါပြီ “ ...

သွားကြည့်ချင်တယ်ဆိုလို့ ပွဲရက်မတိုင်ခင်ထဲက လာကြတာဟေ့ ” ” အံမယ် သား သိန်းခေါင်တောင် တော်တော်ကြီးနေပြီပဲ အမေတူသားမလို့ထင်တယ် လူချောလေး ဦးကိုမှတ်မိလား ” ” အဖိုး လုပ်ဦး မှတ်မိလားတဲ့ မှတ်မိတာတွေပြောလိုက်ရင် သူ့အတိတ်ခုနှစ်ဘဝအကြောင်းတွေပါ ပါလိမ့်မယ်… ” ခါးကိုတံတောင်နဲ့တွတ်ပြီးခပ်တိုးတိုးပြောလိုက်တဲ့သိန်းခေါင်စကားကြောင့် ဦးအောင်မောင်းလဲချက်ချင်းသဘောပေါက်သွားပြီး… ” ဟ မောင်ကျော်ထွန်းရ ဘယ်နှယ့်ပြောလိုက်တာတုန်း မင်းတို့တွေ သိုင်းလာသင်တုန်းက ငါ့မြေးက အူဝဲလေးလေကွာ ” ” ဟာ ဟုတ်သားပဲ ဟီး ဟီး တောင်းပန်ပါတယ် သူကြီးရယ် ဒါနဲ့ ...

မစဉ်းတတ်အောင်ဖြစ်အောင်ဖြစ်နေသည်။ ထိုသို့ဖြစ် အတန်ကြတော့ ဆွမ်းစားကြွ‌သွားကြ‌ေသာကျောင်းမှ ဦးဇင်းကိုရင်များ ပြန်‌ေရာက်လာပြစ်၍ သူလဲဆက်မစဉ်းစားနိုင်တော့ပဲ သပိတ်သင်္ကန်းများကိုယူကာ သင့်တင့်လျှောက်ပတ်သော နေရာ၌ထားလိုက်ပြီး ကျောင်းမှ ဝေယာဝစ္စများကို လုပ်ကိုင်နေရင်းဖြင့် မိုးချုပ်မည့်အချိန်ကိုစောင့်နေလိုက်သည်။ ဒီလိုနဲ့ တဖြည်းဖြည်းမိုးချုပ်လာပြီး ညပိုင်းသို့‌ေရာက်လာ‌ေတာ့ သူလည်း ကပ္ပိယကြီးကို ဘိုးလောကကြီးနဲ့အတူ ပွဲသွားကြည့်မည့်အကြောင်းပြောကာ ကျောင်းတံတားဆီသို့ ထွက်လာခဲ့‌ေတာ့သည်။ (၂) ထိုသို့ဖြစ် သူ ကျောင်းတံတားပေါ်ရောက်တော့ လပြည့်ည လရောင်‌‌ေဖွး‌‌ေဖွး‌ေအာက်မှာ သူ့ကိုရပ်စောင့်နေသော ဘိုးလောကကြီးကို တွေ့လိုက်ရပြီး “ကောင်းလေး မြန်မြန်လာကွ ခဏနေရင်ပွဲစတော့မယ်” “ဟုတ်လားဗျာ့ ဒါနဲ့ သွားရမယ့်နေရာက‌ေရာ တော်တော် ဝေးလား” ...

။ထိုသို့ ဖြစ်နေသည်ကို သတိထားမိဟန်ရှိသော ပန်းချီငိုသည်     “မင်းတို့ နားမလည်ဘူးထင်တယ် ငါသေချာရှင်းပြမယ် တကယ်တော့ မမ နဲ့ ငါနဲ့ အခုလို ညားဖို့ ဖြစ်လာတာက ငွေကြောင့်ကွ “     “ဟာ ဘယ်လို ဖြစ်တာလဲ အရင်ကတော့ ကိုပန်းချီငိုကြီးဆီက ငွေချေးလို့ ဆိုပြီး ခါးခါးသီးသီးပါ “     “အဲ့ဒီတုန်းက ညီမ နှစ်ယောက်လုံးလာတာကိုးကွာ “     “ဘာပြောတာလဲ နားမလည်ဘူး”     “မင်းတို့က ဖြတ်မမေးနဲ့ ငါရှင်းပြတာ သေချာနားထောင် ...

ကျင့်ကြံစွမ်းအားကပျက်စီးသွားမှာမဟုတ်ဘူး သင်တို့ဆက်လက်နှောက်ယှက်နေမယ်ဆိုရင် နောက်ဘဝမှာ ငရဲကိုကျရောက်မယ့်အပြင် အပ္ပါယ်လေးဘုံကနေ ဘယ်သောအခါမှ တက်ရတော့မှာမဟုတ်ဘူး” လို့မိန့်တော်မူခဲ့တယ်။ ရဟန်းတော်ရဲ့ မေတ္တာဓါတ်အပြည့်ပါတဲ့ ဆုံးမစကားကိုကြားတော့ ဘီလူးညီနောင်ထဲက အငယ်ဖြစ်တဲ့သူက ” အသင်ရဟန်း သင်ရှိနေလို့ ငါတို့နေရာမှာနေလို့မရဘူး ဒါကြောင့်သင်တရားကျင့်ကြံချင်ရင် အခြားနေရာမှာကျင့်ကြံပါ ငါတို့မနှောက်ယှက်ဘူး ” ဆိုပြီးပြောတော့ ရဟန်းတော်က ” ဘီလူးငယ် သင်ရဲ့စိတ်ထဲမှာ နူးညံ့မှုအရိပ်အယောင်တွေကိုငါကိုယ်တော်မြင်တွေ့နေရတယ် သင့်ရဲ့အကိုတော်မှာတော့ ကြမ်းတမ်းခက်ထန်တဲ့ စိတ်တွေမြင်တွေ့နေရတယ် အခုငါကိုယ်တော်ရောက်လာတာကလဲ သင်တို့ကို ကျွတ်တမ်းဝင်စေချင်လို့ ကုသိုလ်အနည်းငယ်ရအောင်ဖန်တီးခဲ့တာပါ”လို့ပြောတော့ အကြီးဆုံးဘီလူးက ” အိုဘယ့်ရဟန်း ငါတို့ကသင့်ကို ဘာတွေလုပ်ပေးခဲ့လို့ ကုသိုလ်အနည်းငယ်ရတယ်ဆိုပြီး ...