စေတနာ

ဖြစ်မယ်ကွ မနက်မှသွားရင်တော့ အချိန်မီမှာမဟုတ်ဘူး”

“အေး ဒါလည်းဟုတ်တာပဲကွ အဲဒါဆို မင်းတိုအခုညပဲသွားလိုက်ကွာ
မနက်ဖန်နေ့ခင်းဘက် ပြန်ရောက်ရင်ရပြီ ‌နောက်ပြီးအဲ့ဒီအမဲသားဖိုးကိုလဲ အရီးမြဆီကတောင်းပြီး ငါလုပ်အားခထဲကပဲ ခုနှိမ်ထားခိုင်းလိုက်ကွနော့် ဆန်လဲအဲ့ဒီအတိုင်းပဲယူခဲ့လိုက်”

“အေးပါကွာ ငါအားလုံးမင်းပြောတဲ့အတိုင်းလုပ်ခဲ့ပါမယ် ဒါဆိုငါတို့လဲ အခုပဲသွားတော့မယ်ကွာ တော်ကြာနေရင် မိုးလည်းချုပ်တော့မယ်ဆိုတော့”

“အေး သွားကြတော့လေကွာ ဒါနဲ့ ငပြူး မင်း ချက်ဖို့ပြုတ်ဖို့ အိုကြီးကြီး နှစ်လုံးပါယူလာခဲ့ဦးကွာ”

“အေး ငါယူခဲ့မယ်ကွာ”

ကိုပြူးလည်း ထိုသို့ပြောပြီး မောင်စိုးကို‌ေခါ်ကာ တဲမှထွက်သွားကြတော့သည်။

(၂)

ကိုမြင့်ဆောင်လည်း ကိုပြူးနဲ့မောင်စိုးတို့ ထွက်သွားပြီးသည်နောက် တဲမှာ တစ်ယောက်တည်းကျန်ခဲ့ရင်း တဖြည်းဖြည်းမိုးချုပ်လာပြီဖြစ်သည်။ထိုအချိန် သူလည်း ကိုလှသောင်းတဲသို့ အလည်သွားရန် ထွက်ခဲ့လိုက်သည် သူထိုသို့ ထွက်လာခဲ့သည့် လမ်းတလျှောက်မှာလည်း ပရလောကသားများကို တွေ့မြင်နေရပြီး မိမိတို့ တဲအနီးအနား ပတ်ဝန်းကျင်မှာပင် နေထိုင်နေကြတာကို သိရှိလိုက်ရသည်။ထို့အပြင်ပရလောကသားများသည် နေ့ခင်းဘက်ထက် ညဘက်မှာပို၍ အပြင်ထွက်ကြပြီး သူတို့စားသောက်စရာများကို ရလိုရငြား လိုက်လံရှာဖွေနေကြဟန်တူသည်။

သူလည်း ထိုပရလောကသားများကို မြင်တွေ့ပြီး မနက်ဖန် သူကျွေးမွေးမည့်အကြောင်းကို အသိပေးချင်၍ အနားသို့သွားလိုက်သည်
ထိုအခါ တချို့ပရလေားကသားများသည် သူ့ကိုမြင်သည်နှင့်ကြောက်လန့်တကြားထွက်ပြေးကြတာကိုမြင်လိုက်ရပြီး ထိုသူများသည် လူထက်အဆပေါင်းမျာစွာ နိမ့်ကြသော အစွမ်းအစမဲ့ ပရလောကသားများဖြစ်ဟန်တူပြီး လူကိုဖမ်းစားပြုစားချင်းလုပ်နိုင်ကြမည် မဟုတ်ပေ ဒါကြောင့်သာ လူတစ်ယောက် သူတို့ကို ကြည့်လိုက်သည်နှင့် အဝေးသို့ ထွက်ပြေးသွားကြချင်း ဖြစ်ပေလိမ့်မည် ဒါပေမဲ့ တချို့ပရ‌လောကသားများကတော့ သူနှင့်စကားပြောဆိုကြပြီး သူကျွေးမွေးမည့်အကြောင်းကိုသိတော့ ဝမ်းသာနေကြသည်။

ထိုသိုဖြစ် ကိုမြင့်ဆောင်လည်း ကိုလှသောင်းတဲကိုသွားရန် ထွက်ခဲ့ချင်းဖြစ်ပေမဲ့ မရောက်ဖြစ်တော့ပဲ လမ်း၌တွေ့မြင်နေရသော ပရလောကသားများကို သူကျွေးမွေးမည့်အကြောင်း လိုက်လံပြောဆိုနေမိသည်။ထိုသို့ ကြိုပြောထားမှသာလျှင် သူကျွေးမွေးမည့်အချိန်၌ သူတို့ရှိနေနိုင်ပြီး ထိုသိုမဟုတ်ပါက သူတို့အစာရှာထွက်နေ၍ လွဲချော်သွာ
းနိုင်‌ေပသည်။

ကိုမြင့်ဆောင် ထိုသို့ ပရလောကသားများကို အသိပေးပြီးနောက် တဲကိုပြန်လာခဲ့ပြီး အိပ်ရာပေါ်၌တုံးလုံးလှဲနေလိုက်ပြီး မနက်ဖန်ပြုလုပ်မည့် အကျွေးအမွေးကိစ္စအတွက် စဉ်းစားနေမိသည်

ထိုအချိန် ကလေးငယ်တစ်ယောက်၏ တဝါးဝါးငိုသံကိုကြားလိုက်ရပြီ့း သူလည်း တုံးလုံးလှဲနေရာမှ ထထိုင်လိုက်သည်။ထိုနောက် ကလေးငယ်ငိုနေသောအသံလာရာဆီသို့ သေချာနားစွင့်ထောင်လိုက်ပြီး ထိုကလေးငိုသံသည် မိမိတို့တဲခေါင်းရင်းဘက်တောထဲမှ ထွက်ပေါ်လာတာကို သတိထားမိလိုက်သည်။

သူလည်း ပရလောကသားများကို တွေမြင့်နေရပြီးကတည်းက သူတို့အချင်းချင်းပြောဆိုနေကြတာတွေကိုပါ ကြားနေရသည်။ဒါကြောင့် ဤကလေးငိုသံကိုလည်း သူကြားနေရချင်းဖြစ်ပြီး ထိုကလေး ဘာကြောင့် ငိုနေတာကိုလည်း သိချင်လာပြီး ကလေးငိုသံကြားသည့် တဲခေါင်းရင်းဘက် တောထဲကိုထွက်ခဲ့လိုက်သည်။ထိုအခါ သူတို့တဲနှင့် မနီးမဝေးရှိ လက်ပံပင်အောက်၌ ငိုယိုနေသော တစ္ဆေကလေးတစ်ယောက်ကို ပွေ့ချီထားသည့် တစ္ဆေမတစ်ကောင်ကို တွေ့မြင်လိုက်ရသည်။ထို့အပြင် သူအနီး၌ ရပ်ပြီးစကားပြောနေသော တစ္ဆေတစ်ကောင်ကိုပါမြင်လိုက်ရပြီး သူတို့ပြောနေသည့် စကားသံများကိုပါ ကြားလိုက်ရသည် ကိုမြင့်ဆောင်လည်း အသာရပ်၍နားထောင်ကြည့်လိုက်တော့

“နင့်ကလေးကလည်း ငိုလှချည်လားဟာ တိတ်ကိုမတိတ်နိုင်တော့ဘူး”

“ငိုမှာပေါ့ သူတစ်နေ့လုံး ဘာမှမစားရသေးဘူး အခုလည်း ဒီပုံအတိုင်းဆို တစ်ညလုံးတိတ်မှာမဟုတ်ဘူး”

တစ္ဆေမလည်း ထိုသို့ပြောပြီး သူလက်ထဲမှာပွေ့ချီထားသည့် ကလေးငယ်ကို အငိုတိတ်ရန်ချော့မြူနေသည် ထိုအခါ သူ့လင်တစ္ဆေက

“အေးဟာ ငါလည်း စားဖို့လိုက်ရှာနေတာ ဘယ်မှာမှရှာလို့ မရဘူးဟ”

ထိုသို့ စိတ်ပျက်ညီးတွားသံနှင့်ပြောလိုက်ပြီး ခဏနေတော့

“နေပါဦးဟာ ငါဟိုတဲသွားပြီး စွန်ပစ်ထားတဲ့ ထမင်းကျန်ဟင်းကျန်လေးများရှိမလား သွားကြည့်လိုက်ပါဦးမယ်”

လင်တစ္ဆေလည်း ထိုသို့ပြောပြီး သူရှိနေသည့်ဘက်ကို ဦးတည်ထွက်လာသည် ထိုအခါ ကိုမြင့်ဆောင်က ထိုတစ္ဆေ သူနှင့်မလှမ်းသို့အရောက်၌

“ဒီမှာဗျာ့ ခင်ဗျားကလေးဗိုက်စာလို့ ငိုနေတာလား”

ကိုမြင့်ဆောင်လည်း သူတို့ပြောဆို‌ေနတာ‌ေတွကို ကြားပြီးပြီဖြစ်၍ ထိုသို့မေးလိုက်တော့ ထိုတစ္ဆေလည်း သူ့ကို အံ့ဩတကြီးဖြင့်ကြည့်နေသည် သူစိတ်ထဲ၌ ကိုမြင့်ဆောင် သူ့ကိုမမြင်ရဟု ထင်နေပုံရပြီး ရုတ်တရက် ကိုမြင့်ဆောင်ဆီမှ သူ့ကိုမေးလိုက်သည့်အသံကို ကြားလိုက်တော့

“ဟုတ်တယ်ဗျာ့ သူဗိုက်စာ‌ေနတာ တစ်နေ့လုံးဘာမှမစားရသေးဘူး”

ထိုသို့ သူ့လင်တစ္ဆေ လူတစ်ယောက်နဲ့ရပ်ပြီး စကားပြောနေတာမြင်တော့ လက်ပံပင်အောက်မှ တစ္ဆေမလည်း သူတို့ကို လှမ်းကြည့်ပြီး အံ့ဩတကြီးဖြစ်နေရုံသာမက စိုးရိမ်စိတ်ပါဖြစ်နေပုံရသည် သူဘာကြောင့်ထိုသို့ ဖြစ်နေရသည်ကိုတော့ ကိုမြင့်ဆောင်နားမလည် ဒါပေမဲတဝါးဝါးအော်ငိုနေသော ကလေးငယ်နှင့် အခုအချိန်ထိ ဘာမှမစားမသောက်ရသေးသော ထိုတစ္ဆေ လင်မယားနှစ်ကောက်ကို သနားသွားပြီး

“ကဲ ခင်ဗျား ဒီမှာပဲနေခဲ့လိုက် ကျုပ်ခင်ဗျားတို့အတွက် စားစရာသောက်စရာလေး ယူလာခဲ့ပေးမယ်”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ အစာရှာထွက်လာသည့် လင်တစ္ဆေလည်း သူ့ကို အံ့ဩဝမ်းသာသည့် အကြည့်ဖြင့်ကြည့်နေတာကိုမြင်လိုက်ရသည်။ကိုမြင့်ဆောင်လည်း တဲကိုပြန်လာခဲ့လိုက်ပြီး သူညစာ စားပြီး၍ ကျန်နေသော ထမင်းနဲ့ဟင်းများကို ပန်းကန်တစ်ချပ်ထဲထည့်ပြီး တစ္ဆေမိသားစုနေသည့် လက်ပံပင်အောက်ကိုယူလာခဲ့လိုက်သည်။သူ လက်ပံပင်အောက်ကိုရောက်တော့ တစ္ဆေမိသားစုလည်း ခပ်ခွါခွါမှာ‌နေ၍ သူယူခဲ့သော ထမင်းနဲ့ဟင်းများကို ကြည့်နေကြသည် သူလည်း အသင့်ခူးလာခဲ့သော အင်ဖက်ကိုခင်း၍ထိုအပေါ်၌ သူယူလာခဲ့သော ထမင်းနဲ့ဟင်းများကိုပုံလိုက်ပြီး

“ကဲမိတ်ဆွေတို့ မိသားစု ကျုပ်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို စားနိုင်ပါပြီဗျာ့ မနက်ဖန်ညလည်း ကျုပ် ခင်ဗျားတို့ကို လာပြီးကျွေးလှည့်ပါဦးမယ် ဒီမှာပဲ စောင့်နေကြပါ”

ကိုမြင့်ဆောင် ထိုသို့ ပြောလိုက်တော့ ထိုတစ္ဆေမိသားစုလည်း ဝမ်းသာသွားပြီး

“ကောင်းပါပြီ ကျုပ်တို့ဘယ်မှမသွားပဲ စောင့်နေပါမယ့်”

“ကဲ ဒါဆိုလဲ ကျုပ်သွားလိုက်ဦးမယ်ဗျာ”

ကိုမြင့်ဆောင်လည်း ထိုတစ္ဆေမိသားစုကို နှုတ်ဆက်ကာ တဲကိုပြန်လာခဲသည်။သူတဲကိုပြန်ရောက်တော့ တဝါးဝါးအော်ငိုနေသော ကလေးငယ်၏ ငိုသံကိုမကြားရတော့သဖြင့် သူကျွေးမွေးခဲသော ထမင်းကျန်ဟင်းကျန်များကို ထိုတ‌စ္ဆေမိသားစု စားသောက်နေကြပြီဖြစ်မှန်း သိလိုက်‌ေတာ့သည်။

(၃)

ဒီလိုနဲ့ နောက်နေ့မနက်ရောက်တော့ ကိုမြင့်ဆောင်လည်း သူလုပ်လက်စအလုပ်ဖြစ်သည့် နှမ်းကြဲချင်းအလုပ်ကို ဆက်လုပ်နေပြီး ထိုအလုပ်သည်လည်း ယနေ့အပြီးသတ်မည်ဖြစ်သည်။ထိုကြောင့် မနက်ဖြန်ဆိုလျှင် သူတို့အိမ်ပြန်ရတော့မည်ဖြစ်ပြီး ထိုသို့မပြန်ခင် ယနေ့ည ပရလောကသားများကို ဒါနတစ်ခု ပြုလုပ်ခဲ့ရမည်မို့ ဝမ်းသာနေသည်။

သူထိုသို့ ဝမ်းသာစိတ်ဖြင့် ထယ်ထိုးနေရင်း တောစပ်မှတက်လာသော မှင်စာနှစ်ကောင်မြင်လိုက်ရပြီး

“မင်းတို့နှစ်ကောင် ဘာလာလုပ်ကြတာတုန်းကွ”

ကိုမြင့်ဆောင် ထိုသို့မေးလိုက်တော့ မှင်စားနှစ်ကောင်က သူတို့ယာကွက်အလည်မှ သစ်ပင်ကြီးကို လက်ညှိုးထိုးပြသည်။ထိုအခါ ကိုမြင့်ဆောင်လည်း မှင်စာနှစ်ကောင် ထိုသစ်ပင်ကြီးဆီသို့သွားပြီး တစ္ဆေမကြီးကို စနောက်ကြမည်ဆိုတာသိလိုက့်ပြီး

“သူ့ဟာသူ နေပါစေကွာ သွားမစစမ်းပါနဲ့ မင်းတို့ကိုလည်း ညကြရင်လာကျွေးပါဦးမယ် ဘယ်မှမသွားပဲ စောင့်နေကြ”

ကိုမြင့်ဆောင် ထိုသို့ပြောလိုက်တော့ မှင်စာနှစ်ကောင်လည်း နားလည်သည့်သဘောဖြင့် ခေါင်းညိတ်ပြပြီ့း ချောက်ထဲသို ပြန်ဆင်းသွာကြသည်။ကိုမြင့်ဆောင်လည်း ထိုမနက် နှမ်းကိုအပြီးကြဲလိုက်ပြီး နေခင်းဘက် အလုပ်နားချိန်ရောက်တော့ ကိုလှသောင်းနှင့်ငတူးကို သွားခေါ်ပြီး ကိုပြူးတို့ပြန်လာလျှင် ချက်ပြုတ်ရန် အဆင်သင့်စောင့်နေလိုက်ကြသည်။

ကိုလှသောင်းနဲ့ငတူးတို့နှစ်ယောက်လည်း ကိုမြင်ဆောင်လုပ်မည့် အလုပ်ကို သဘောကြနေကြပြီး သူတို့ကိုတိုင် မလုပ်နိုင်ပေမဲ့ ကိုမြင့်ဆောင်ကို ဝိုင်းကူပေးကြဖို့‌ေတာ့ စိတ်အားထက်သန်နေကြသည်။

သူတို့နှစ်ယောက်သည်လည်း နှမ်းကြဲ၍ပြီးသွားပြီဖြစ်ကာ ကိုမြင့်ဆောင်တို့နှင့် အတူမနက်ဖန် ရွာပြန်ကြတော့မည်ဖြစ်သည်။ထိုသို့ ရွာမပြန်ခင်းလေး ဤကဲ့သို့ အလှူတစ်ခုကိုဝိုင်းဝန်း လုပ်ကိုင်ကူကြရမည်ဆိုတော့ ပျော်ရွှင်နေမိကြသလို စိတ်လှုပ်ရှားနေကြသည်မှာလည်း အမှန်ပင်ဖြစ်သည် ဒါကြောင့် ကိုလှသောင်းက

“မြင့်ဆောင် မင်းကမှ အခုတစ်နှစ်ပဲနှမ်းကြဲရောက်သေးတယ် ဒီလိုလုပ်ပေးဖို့စိတ်ကူးရတယ် ငါတို့ကတော့ နှစ်တိုင်းရောက်နေပေမဲ့ ဒါမျိုးတစ်ခါမှ မစဉ်းစားမိဘူးကွ နောက်ပြီး လုပ်လည်းမလုပ်ပေးရဲဘူး”

ကိုလှသောင်း ထိုသို့ ပြောလိုက်တော့ ကိုမြင့်ဆောင်က

“ဒါကတော့ မင်းတို့အတွေ့အကြုံ မရှို့လို့ပါကွာ ဘာမှကြောက်စရာမရှိပါဘူး သူတို့ကိုယ်တိုင်ကိုက လူတွေဒီလိုလုပ်ပေးဖို့ကို မျှော်လင့်နေကြတာကွ ဒါမှသူတို့လည်း ဝဝလင်လင်စားကြရတာ ဒီးအတိုင်ဆိုရင်တော့ ထမင်းတစေ့ရဖို့တောင် သူတို့ မနည်းလိုက်ရှာနေရတာ”

“ဟုတ်လားကွ အေးပေါ့ကွာ မင်းကသူတို့နဲ့ တွေ့ကြုံနေတော့ သူတို့အကြောင်းကိုသိမှာပေါ့ ဒါနဲ့ မင်းလုပ်မှာက ဒိုရွာပျက်ကြီးမှာ သွားလုပ်တဲ့ ပုံစံမျိုးပဲလားကွ”

“ဟုတ်တယ်လေကွာ အဲဒီပုံစံမျိုးပဲ ဒါပေမဲ့ အခုဟာကတော့ အဲ့လို တစ်စုတဝေးတည်း မဟုတ်ဘူးကွ ဒီအနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ပရလောကသားတွေကို လိုက်ကျွေးမှာ”

“အေးကွာ ဘာပဲဖြစ်ဖြစ်ဒီလိုလုပ်ပေးတာလဲ ကုသိုလ်တစ်မျိုးပါပဲ ကောင်းပါတယ်ကွာ”

သူတို့နှစ်ယောက် ထိုသို့ စကားတပြောပြောဖြင့် ရှိနေကြပေမဲ့ ငတူးကတော့ ဘာမှမပြောပဲ ဓါးကိုသာလိမ့်သွေးနေသည်။သူလည်း ရွာထဲရပ်ထဲရှိ အလှူပွဲများ၌ အချက်အပြုတ် တာဝန်ယူထားသူဖြစ်၍ မည်သို့လုပ်ကိုင်ရမည်ကို သိရှိနေသူဖြစ်ပြီး ကိုပြူးတို့ပြန်လာလျှင် အမဲသား ခုတ်ဖြတ်ရန် ဓါးသွေးနေချင်းဖြစ်သည်။

ဒီလိုနဲ့ နေ့လည် ဆယ်တစ်နာရီလောက်ကြတော့ ကိုပြူးနဲ့မောင်စိုးတိုနှစ်ယောက် အမဲ‌သားနှင့် ဆန်များကို အိုးတစ်လုံးစီဖြင့်ထည့်ထမ်းလာကာ တဲသို့ပြန်ရောက်လာကြသည်။ ထိုသို့ ရောက်ရောက်ချင်းပဲ ကိုပြူးက

“မြင့်ဆောင်ရေ အမဲသားကတော့ အချိန်တစ်ဆယ်ကွ ဆန်ကတော့တစ်စိတ်ပါတယ် ငါလည်း ဒေါ်လုံးကို အမဲသားပိုယူလာခဲ့ဖို မှာလိုက်တာ”

“အေးကောင်းတာပေါကွ မင်းတို့နှစ်ယောက်ရော ထမင်းစားသောက်ပြီး နားကြဦးကွာ ပြီးမှပဲ ချက်ပြုတ်ကြတာပေါ့”

“အေးပါကွာ ငါတို့လည်း မသက်ဘူးဟ ဒါကြီးတွေထမ်းပြီး ပြန်လာရတာ”

“သိပါတယ်ကွ ဒါကြောင့်မင်းတို့ရောက်ရင်စားဖို့ ငါအရန်သင့်ချက်ပြုတ်ထားပါတယ် နောက်ပြီး ငါလုပ်ချင်တာကို ကူညီပေးတဲ့အတွက်လည်း မင်းတို့ကိုကျေးဇူးတင်ပါတယ်”

ကိုမြင့်ဆောင် ထိုသို့ ကျေးဇူးတင်စကား‌ေပြာလိုက်‌ေတာ့ ကိုပြူးက

“ရပါတယ်ကွာ ကျေးဇူးတင်ဖို့ မလိုပါဘူး ဒါလည်း အလှူတစ်ခုလုပ်တာပဲကွ ငါတို့လည်း ကုသိုလ်ရတာပေါ့”

ကိုပြူးလည်း ထိုသို့ပြန်ပြောပြီး ထမင်းပန်းကန်ကိုယူကာ ထမင်းခူးလိုက်ပြီး မောင်စိုးနဲ့အတူ ထမင်းစားနေတော့သည်။မောင်စိုးက‌တော့ ရောက်ကတည်းက ဘာမပြော ပြုံ့းစိစိဖြင့်သာကြည့်ပြီး ထမင်းကို တန်းခူးစားတော့သည်။သူလည်း ဆန်တစ်စိတ်ကို ခရီးအဝေးကြီး ထမ်းလာရ၍ မောပန်းပြီး စာလောင်နေသည်မှာ သေချာလှသည်။သို့သော် သူတို့သည် ရောက်လျှင် အရန့်သင့်ခူးစားနိုင်သော ထမင်းနဲ့ဟင်းရှိပြီး ပရလောကသားများမှာတော့ ထိုသို့ စားသောက်ရန်ဘာမျှမရှိပဲ စာစာလောင်လောင်နှင့်ပင် နေနေကြရသည်ဖြစ်ပြီး ထိုသို့ဖြစ်ရသည်မှာလည်း ကံ ကံ၏ အကျိုးကြောင့်ပဲဟု ပြောရမည်ဖြစ်သည်။

(၄)

ထိုသို့ဖြစ် ကိုပြူးနဲ့မောင်စိုးတို့နှစ်ယောက် ထမင်းစားသောက်ပြီးသည်နှင့် ငတူးသည် အမဲသားများကိုတုန်းတစ်‌ေနပြီး ကိုလှသောင်းကတော့ ကြက်သွန်နွာနေသည် ကိုမြင့်ဆောင် ကတော့ မောင်စိုးထမ်းလာခဲ့သော ဆန်အိပ်ထဲမှဆန်များကို ချက်ပြုတ်နေပြီး ကိုပြူးနှင့်မောင်စိုးကတော့ ခဏတဖြုတ် နားနေကြသည်။

ထိုသို့ဖြစ် ခဏကြာ‌တော့ သူတို့နှစ်ယောက်ပါ ထလာပြီးချက်ပြုတ် ကြမည်လုပ်တော့ ကိုမြင့်ဆောင်က

“မင်းတို့နှစ်ယောက် ချက်ကူမနေနဲဦးကွာ ဒါတွေထည့်ဖို ငှက်ပျောရွက်သွားခုတ်ကြဦး”

“အေး ဒါလည်းဟုတ်တာပါ”

ကိုပြူးလည်း မောင်စိုးကိုခေါ်ကာ ဓါးတစ်ချောင်းယူပြီး ချောက်ထဲဘက်သို့ ထွက်သွာကြသည်။ ထိုချောက်စောင်း၌ ငှက်ပျောပင်များရှိပြီးထိုအပင်မှ ငှက်ပျောရွက်များကို ခုတ်ယူကြမည်ဖြစ်သည်။ထိုသို့ဖြစ် အတန်ကြာတော့ ကိုပြူးနှင့်မောင်စိုး ငှက်ပျောရွက်များကို ထမ်းပြီးပြန်လာကြသည်။ကိုမြင့်ဆောင်လည်း တောင်းတစ်လုံးထဲသို ငှက်ပျောရွက်များကိုခင်းပြီး သူချက်ပြီးသား ထမင်းများကိုထည့်လိုက်သည်။ထို့နောက် ကျန်နေ‌‌ေသာဆန်များကို နောက်တစ်လုံးထပ်ချက်ရပြန်သည်။

ကိုလှသောင်းနှင့်ငတူးကလည်း အမဲသားများကို ချက်ပြုတ်နေပြီဖြစ်ကာ ညနေအတော်စောင်းတော့ သူတို့လည်း အားလုံချက်ပြုတ်ပြီးသွားပြီဖြစ်သည်။

ထိုသို့ဖြစ် နေဝင်ရီတရောအချိန်သို့ရောက်တော့ သူတို့ငါးယောက် တောင်းတစ်လုံးစီဖြင်ထည့်ထားသော ထမင်းနှင့်ဟင်းများကို နှစ်ယောက်စီ ကြိုးဖြင့်သိုင်းကာ ဝါးလုံးဖြင့် ထမ်းလာခဲ့ကြသည်။ကိုမြင့်ဆောင်ကတော့ ငှက်ပျောရွက်များကို ပွေ့ယူလာပြီး ပန်းကန်းတစ်ချပ်ကိုကိုင် တဲမှထွက်လာခဲ့တော့သည့်။

ထိုသို့ဖြစ် သူတို့ငါးယောက် အရင်းဆုံး ယာကွက် အလည်မှ သစ်ပင်ကြီးဆီကိုသွားပြီး ထိုအပင်အောက်၌ ငှက်ပျောရွက်ခင်းပြီး ထမင်းနှင့်အမဲသားဟင်းများကို သင့်တင့်ရုံပုံလိုက်သည် ထို့နောက် ထိုအပင်မှာနေသည့် ပရလောကသားများကို လာရောက်စားသောက်ရန်ဖိတ်ခေါ်လိုက်ပြီး တောစပ်သို့သွာ၍ မှင်စာနှစ်ကောင်ကိုလည်း ထိုသို့ပင်ကျွေးမွေးလိုက်ပြ့န်သည်။

ထိုသို့ သူတို့ အစဉ်အတိုင်း လှည့်လည်ကျွေးမွေးနေပြီး သူတို့ရောက်သည့်နေရာမှ ပရလောကသားများလည်း နေရာဖယ်‌ေပး၍ သူတို့ ထမင်းနှင့်ဟင်းများပုံနေသည်ကို ရပ်ကြည့်နေကြပြီး သူတို့ထွက်ခွါသွားသည်နှင့် ဝင်ရောက်စားသောက်ကြတော့သည်။

သူတို့ သွားရောက်ကျွေးမွေးရာ၌လည်း ကိုလှသောင်း ငတူးနှင့်မောင်စိုးတို့ သုံးယောက်ကတော့ တဲမှထွက်လာစဉ်ကတည်းက စိတ်ထဲမှာ စိုးရိမ်စိတ်များရှိနေကြပြီး ကိုမြင့်ဆောင် ဤကဲသို့ သစ်ပင်အောက်မှာ ငှက်ပျောရွက်ခင်းပြီး အမဲသားဟင်းနှင့်ထမင်းများကို ပုံနေသည်ကိုမြင်ရုံဖြင့် ကျက်သီးများပင် ထလာကြသည်။ဒါ‌ေပမဲ့ သူတို့သုံး‌ေယာက်လည်း ကိုမြင့်ဆောင်ခေါ်သွားသော သစ်ပင်များအောက်သို့ ထမင်း‌ေတာင်း ဟင်း‌ေတာင်းများကို ထမ်း၍လိုက်နေကြရင်း နေရာပင်အတာ်ဆုံသွားပြီဖြစ်သည်။

ထိုအခါ ကိုမြင့်ဆောင်က သစ်ပင်များအောက်၌ လိုက်မပုံတော့ပဲ
ကျန်သည့် ထမင်းနှင့်ဟင်းများကို လှည်းလမ်းဆုံများမှာ ငှက်ပျောရွက်ခင်းပြီး ပုံထားလိုက်ပြန်သည်။ထိုသို့ပုံထားရသည်မှာလည်း အစာရှာထွက်သော ပရလောကသားများတွေ့ရှိပြီး စားသောက်နိုင်ရန်ဖြစ်သည်။ဒီလိုနဲ့ ကိုမြင့်‌ဆောင်လည်း ထမင်းအိုး ဟင်းအိုများထဲ၌ လူနှစ်ယောက်သုံးယောက်စာလောက်ချန်ပြီး တဲသို့ပြန်လာခဲ့ကြတော့သည်။

သူတို့တဲပြန်ရောက်တော့ ညကိုးနာရီခန်ရှိနေပြီဖြစ်ပြီး ကိုမြင်ဆောင်းလည်း သူချန်ခဲ့သော ထမင်းနဲ့ဟင်းများကို ငှက်ပျောရွက်နှင့်ထုပ်လိုက်ပြီး တစ္ဆေမိသားစုနေသည့် တဲခေါင်းရင်းဘက် လက်ပံပင်ဆီကိုယူခဲ့လိုက်သည်။သူထိုသို့ ထမင်းထုပ်ယူလာတာကိုမြင်တော့ တစ္ဆေမိသားစုသည် လက်ပံပင်အောက်မှ ရပ်ကြည့်နေကြပြီး သူ လက်ပံပင်အောက်ရောက်‌ေတာ့ ခပ်ခွါခွါကို သွားနေကြသည်။ကိုမြင့်ဆောင်လည်း သူယူလာသော ထမင်းထုပ်ကိုဖြည်၍ တစ္ဆေမိသားစုကို လာရောက်စားသောက်ကြရန် ပြောလိုက်ပြီး တဲသို့ပြန်လာခဲ့တော့သည်။

ကိုမြင့်ဆောင် တဲကိုပြန်ရောက်တော့ ကိုပြူးတို့လေးရောက်သည် တဲပေါ်မှာ တုန်းလုန်းပက်ခေါက်လှဲနေကြပြီး ထမင်းအိုးဟင်းအိုများထမ်းပြီး လျှောက်သွားနေရသည်မှာ ညောင်းညာနေကြပြီဖြစ်သည်။ဒါပေမဲ့ ကိုမြင့်ဆောင်က ထိုသို့မနေစေပဲ ရေးမိုးချိုးကြရန်ပြောလိုက်ပြီး သူကိုတိုင်လည်း ရေချိုးရန်ချောက်ထဲကိုဆင်းလာခဲ့သည်။ထိုသို့ဖြစ် သူတို့အားလုံး ရေမိုးချိုးလိုက်ကြပြီး တဲပေါ်ပြန်ရောက်တော့ ကိုလှသောင်းက

“မြင့်ဆောင် မင်းကျွေးတဲ့ဟာတွေ သူတို့ တကယ်ရောလာစားကြပါ့မလားကွ”

ကိုလှသောင်း ထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင် ပြ့န်မဖြေရသေးခင် ငတူးက

“ဒါများဗျာ စားမစား သိချင်ရင် အခုသွားကြည့်လိုရတာကို ကျုပ်တို့သွားကြည့်ရအောင်ဗျာ”

ငတူးထို့ ဆက်ပြီးအဖော်ညှိလိုက်တော့ ကိုလှသောင်းက

“နှစ်ယောက်တည်းတော့ သွားမကြည့်ရဲဘူးကွ လေးငါးယောက်ဆို သွားကြည့်ရဲတယ်”

ကိုလှသောင်းထိုသို့ပြောလိုက်တော့ ကိုပြူးက

“မင်းဟားကလည်းကွာ ရှိတာကမှ ငါး‌ယောက် လေးငါးယောက်ဆိုသွားကြည့်ရဲတယ်ဆိုတော့ ငါတိုပါလိုက်ခဲ့ရမဲ့သဘောလား”

“အေးပေါ့ကွ မင်းတို့ပါလိုက်လာရင်တော့ ပိုကောင်းတာပေါ့”

“မလိုက်ဘူး ဟေ့ကောင် သွားရလာရတာ ခြေထောက်ကညောင်းပါတယ်ဆို ကြည့်ချင်ရင် မင်းတို့သုံးယောက်ပဲ သွားကြည့်ကြ”

ကိုပြူးလည်း ကိုမြင့်ဆောင်လိုက်မည် မဟုတ်မှန်းသိ၍ထိုသို့ပြောလိုက်ချင်းဖြစ်ပြီး ငတူးက

“လာပါ ကှိလှသောင်းရာ သူတို့ကဆရာကြီးတွေဗျာ့ ဒါမျိုးတွေစိတ်မဝင်စားတော့ဘူး ကျုပ်တို့သုံးယောက်ပဲသွားကြည့်ရအောင်”

ငတူး ထိုသို့ပြောလိုက်တော့ ကိုလှသောင်းက

“ဒို့သုံးယောက်တည်း သွားကြည့်လို့ ဖြစ်ပါ့မလားကွ နောက်ပြီး မောင်စိုးကရော လိုက်ပါမလား”

ကိုလှသောင်း မောင်စိုးကိုကြည့်ပြီးပြောလိုက်တော့ မောင်စိုးက

“သွားဗျာ ကျွန်တော်လည်းလိုက်မယ်”

မောင်စိုးထိုသို့ ပြောလိုက်သည်နှင့် ငတူးက

“လာကွာ အဲ့ဒါဆိုလည်း သွားကြည့်ရအောင်”

ပြောပြောဆိုဆို တဲပေါ်မှထကာ သွားရန်ပြင်လိုက်သည် ထိုအခါ ကိုလှသောင်းနဲ့မောင်စိုးတို့လည်း ထလာကြပြီး သုံးရောက်သား သူတို့ထမင်းဟင်များပုံထားခဲ့သည် လမ်းဘက်သို့ထွက်ခဲ့ကြတော့သည်။

ထိုသို့ဖြစ် သူတို့သုံးယောက်လည်း ထမင်းဟင်းများပုံထားသည့်နေရာသို့ရောက်တော့ ခပ်လှမ်းလှမ်း ယာကွက်အစပ်မှနေပြီး မှောင်ရိပ်ခိုကာ ကြည့်နေကြသည်။သူတို့ ထိုနေရာသို့ စရောက်တော့
လမ်းပေါ်မှာ ပုံထားသောထမင်းဟင်းများသည် ဒီအတိုင်းရှိနေသေးပြီး
ဘယ်သူမှ လာရောက်စားသောက်တာကို မတွေ့ရ ထိုအခါ ကိုလှသောင်းက

“ငတူး မင်းဟာက ဟုတ်ကောဟုတ်ပါ့လားကွ အခုထက်ထိဘယ်သူမှ လာမစားသေးဘူး”

“နေပါဦးဗျာ့ ခဏစောင့်ကြည့်ပါဦး တစ်ခုခုတော့ ထူးခြားမှာပါ”

ငတူး ထိုသို့ပြောလိုက်တော့ ကိူလှသောင်းက

“ငါတော့မထင်ဘူးနော် ဒို့ပုံထားတာ အတော်ကြာနေပြီ”

ကိုလှသောင်းလည်း ထိုသို့ပြန်‌ပြောပြီး အနီးအနားကို ဝေ့ဝိုက်ကြည့်လိုက်သည် ထိုအခါ တောစပ်ဘက်ကနေ ခွေးနက်ကြီးတစ်ကောင် ထွက်လာတာမြင်လိုက်ရပြီး ထမင်းပုံကို ဝင်စားနေတာကို တွေလိုက်ရသည်။သူလည်း ထိုခွေးနက်ကြီးကို သေချာကြည့်နေတုန်း ငတူးက

“ကိုလှသောင်း ဟိုမှာမြင်လားဗျာ့ ခွေးနက်ကြီးတစ်‌ေကာင် လာစားနေတာ”

“အေးမြင်တယ်ကွ အဲ့ဒါဘယ်ကရောက်လာတဲ့ ခွေးနက်ကြီးတုန်း ဒို့တဲနားမှာလည်း တစ်ခါမှမတွေ့ပါဘူး”

“ကျုပ်လည်း ဘယ်သိမတုန်းဗျာ့ ကျုပ်အထင် အဲ့ဒါမကောင်းဆိုးဝါးတစ်‌ေကာင် ခွေးနက်‌ကြီးယောင်ဆောင်ပြီး လာစားနေတာဖြစ်မယ်ဗျာ့”

“အေးဟုတ်တယ်ကွ လာကွာ အဲ့ဒါဆိုငါတို့ပြန်ရအောင်”

ငတူးထိုသိုပြောလိုက်သည်နှင့် ကိုလှသောင်းက ပြန်ရန်တန်းပြောပြီး ငတူးကလည်း

“နေပါဦးဗျာ့ခင်ဗျားကလည်း ကြည့်တုန်းကတော့ ကြည့်ချင်ပြီး အခုမှပြန်ဖို့လုပ်မနေနဲ့”

ငတူးထိုသို့ပြောလိုက်တော့ ကိုလှသောင်းကလည်း

“မင်းတို့ကလည်းကွာ သဘောလောက်သိရရင် တော်ပြီပေါ့ အခု‌ေခွးနက်ကြီး လာစားတာကို မြင်နေရပြီပဲ ဘာဆက်လုပ်ဦးမှာတုန်း”

“ဘာမှမလုပ်ဘူးဗျာ ဒီအတိုင်းပဲ ကြည့်နေမှာ”

ငတူး ထိုသို့ပြောလိုက်တော့ ကိုလှသောင်းက

“အေး အဲ့ဒါဆို မင်းတို့ကြည့်နေကြ ငါတော့ပြန်တော့မယ်”

“အေးဗျာ ပြန်ချင်လည်းပြန်တော့”

ငတူး ထိုသို့ ပြောလိုက်ပေမဲ့ ကိုလှသောင်းက မပြန်သေးပဲ

“လာပါကွ ပြန်ရအောင် နောက်နေ့မှဆက်ကြည့်ပေါ့”

ကိုလှသောင်း သူတစ်ယောက်တည်း မပြန်ရဲ၍ ကပ်ခေါ်နေမှန်း သိလိုက်ပြီး ငတူးလည်း အားနာတာနှင့်

“ကဲဗျာ ဒါဆိုလည်း ပြန်ရအောင်”

ငတူး ထိုသို့ပြောလိုက်သည်နှင့် ကိုလှသောင်းတစ်‌‌ေယာက် ရှေ့မှ သုပ်သုပ် သုပ်သုပ်နှင့်ပြန်သွားသည် ငတူးနဲ့‌ေမာင်စိုးလည်း နောက်မှလိုက်ခဲ့ကြရင်း သူတို့တဲကို ပြန်ရောက်တော့ ကိုပြူးက

“လှသောင်း မင်းတို့ဘာတွေမြင်ခဲ့ရတုန်းကွ”

ထိုအခါ ရှေ့မှနေပြီး တဲကိုအရင်ရောက်နေပြီဖြစ်သော ကိုလှသောင်းက

“ဘာမှတော့ မမြင်ခဲ့ရဘူးကွ ဒါပေမဲ့ ခွေးနက်ကြီးတစ်ကောင် လာစားနေတာတော့ တွေ့လိုက်ရတယ်”

“ဟုတ်လားကွ အဲ့ဒါဆို မင်းတို့မြင်ခဲ့တာ ပရလောကသားတစ်ယောက်ပဲ ဖြစ်ရမယ်”

“ငါတို့လည်း အဲဒီအတိုင်းပဲ ထင်တာပါပဲကွာ ဒါနဲ့ မင်းတို့မနက်ဖြန် ဘယ်အချိန်ရွာပြန်မှာတုန်းကွ”

ကိုလှသောင်းလည်း စကားလမ်းကြောင်းလွှဲ၍ ထိုသို့မေးလိုက်ချင်းဖြစ်ပြီး ကိုမြင့်ဆောင်က

“ညနေပိုင်းလောက်မှပြန်မယ်ကွာ ဒီမှာပဲတစ်ခါတည်း နွားကျောင်းသွာတာပေါ့ ဒီအချိန် ရွာနားမှာက နွားကျောင်းစရာ သိပ်မရှိဘူး”

“အေး အဲ့ဒါကိုက်တယ်ကွ ငါလည်း အဲ့လိုပဲစဉ်းစားထားတယ် ဒါနဲ့ နှမ်းခင်းသစ်တက်ချရင်ရော အခုလိုပဲ တဲမှာနေပြီးချမှာလား”

“အဲဒါတော့ အခြေအနေအရပေါ့ကွာ တဲမှာနေသင့်ရင်နေရမှာပေါ့”

ကိုမြင့်ဆောင် ထိုသို့ ပြန်ဖြေလိုက်တော့လည်း ကိုလှသောင်းက

“အေးငါလည်း အဲ့လိုပဲစဉ်းစားထားတယ်”

ထိုသို့ ကိုလှသောင်း သူစဉ်းစားထားတယ်ဆိုတာကိုပဲ ပြောနေ‌တော့ ကိပြူးက

“မင်းဟာကလည်းကွား စဉ်းစားထားတယ်လည်းဆိုသေး ငါတိုလုပ်တဲ့အတိုင်း လိုက်လုပ်မှာပါလားကွ”

ကိုပြူး ထိုသို့ပြောလိုက်တော့လည်း ကိုလှသောင်းက

“အေး ငါလည်းအဲ့ဒီလိုပဲ စဉ်ူးစားထားတယ်ကွ”

ကိုလှသောင်း ထိုသို့ ဆက်ပြောလိုက်တော့ လူငယ်နှစ်ယောက်ဖြစ်သော ငတူးနှင့်မောင်စိုးက ပြုံးစိစိဖြစ်နေရာမှ တဟားဟားအော်ရယ်တော့သည်။ထိုအချိန် တောအတွင်းမှနေပြီး တဝေါဝေါနှင့် အော်မည်သံကြီးကိုကြားလိုက်ရ၍ သူတို့နှစ်ယောက်လည်း ဆက်မရယ်ရဲတော့ပဲ မျက်လုံးများပြူးကုန်ကြသည်။ထိုအသံကြီးသည် တော်တော်နှင့်ရပ်မသွားပဲ ဆက်ကြားနေရ၍

“ကိုမြင့်ဆောင် အဲ့ဒါဘာသံကြီးတုန်းဗျာ့”

ငတူး ထိုသို့မေးလိုက်တော့ ကိုမြင့်ဆောင်က

“ငါလည်း မသိဘူးလေးကွာ မင်းတို့ရယ်လို့ လိုက်ရယ်တာနေမှာပေါ့”

“ဟာဗျာ မဟုတ်တာ ကျုပ်အထင် တောခြောက်တာနေမယ်ဗျာ့”

ငတူး ထိုသို့ ပြောလိုက်တော့ ကိုပြူးက

“တောခြောက်ရအောင် ဒို့ကတော်တော်နက်တဲ့ တောထဲရောက်နေတာကိုကွ”

ကိုပြူး ထိုသို့တောခြောက်တာ မဟုတ်ကြောင်းပြောလိုက်တော့ ကိုလှသောင်းက

“မင်းတို့ဘာမှမသိဘူး ဒါမြင့်ဆောင် သူတို့ကို ကျွေးမွေးလိုက်လို့ ဝမ်းသာကြောင်းပြတာကွ”

ကိုလှသောင်း ထိုသို့ပြောလိုက်တော့ ကိုပြူကလည်း

“ဟုတ်တယ်ကွ မင်းပြောတာဖြစ်နိုင်တယ် ဒါမြင့်ဆောင် အလှူကို ဝမ်းမြောက်ကြောင်းပြတဲ့ သဘောပဲ ဒါ‌မှမဟုတ် ဒို့မနက်ဖန် ပြန်တော့မယ်မှန်းသိလို့ နှုတ်ဆက်တာလည်း ဖြစ်နိုင်တယ်ကွ”

သူတို့လည်း တစ်ယောက်တစ်ပေါက် ထင်မြင်တာတွေကို ပြေ့ာဆိုနေကြရင်း ညည့်နက်လာပြီဖြစ်၍ အိပ်ကြဖို့ပြောလိုက်တော့ ကိုလှသောင်းနှင့်ငတူးတိုနှစ်ယောက် စောစောကကြားလိုက်ရသည့် အသံကြီးကို ကြောက်လန့်နေကြပြီး သူတို့တဲသို့မပြန်ရဲတော့ပဲ ကိုမြင့်ဆောင်တို့တဲမှာပင် အိပ်စက်လိုက်ကြတော့သည်။

ထိုသိုဖြစ် နောက်နေ့မနက်ရောက်တော့ ကိုမြင့်ဆောင်လည်း သူ ညက ကျွေးမွေးထားသည့်နေရာများကို လိုက်လံကြည့်ရှုလိုက်တော့ စား‌သောက်ထားကြတာကို တွေမြင်လိုက်ရပြီး သူလည်းဝမ်းသာနေသည် ဒါပေမဲ့ တစ်ခုထူးခြားနေသည်မှာ သူထိုနေရာများကို ရောက်သော်လည်း အရင်လိုပရလောကသားများကို မြင်မနေရတော့ပဲ ပုံမှန်အတိုင်း ပြန်ဖြစ်နေတာကို သိလိုက်ရသည်။ထို့‌ေကြာင့် ပုဂ္ဂိုလ်တစ်ဦးဦးကများ သူ့ကိုဒီလို ကျွေးမွေး‌ေပးစေချင်လို့ တမင်မြင်အောင်ပြချင်းများလားဟုပင် တွေးထင်မိလိုက်သည်။ဘာပဲဖြစ်ဖြစ် ကိုမြင့်ဆောင်ကတော့ သူ ဤကဲ့သို့ ပရလောကသားများကို ကျွေးမွေးလိုက်ရတာကို ဝမ်းသာနေပြီး အလှူတစ်လှူလုပ်သည်ဟုပင် သဘောထားလိုက်တော့သည်။

ထိုသို့ဖြစ် တဖြည်းဖြည်း ညနေစောင်းလာတော့ သူတို့လည်း နှမ်းကြဲ၍ ပြီးသွားပြီဖြစ်တာကြောင့် သူတို့ရောက်လာစဉ်က ပါလာသောပစ္စည်းများကို လှည်းပေါ်သို့တင်ပြီး လှည်းသုံးစီး ရွာသို့ပြန်ခဲ့ကြ‌ေလတော့သည်။

အားလုံးကို လေးစားစွာဖြင့် – မျိုးမာန်

စိတ်ဝင်စားစရာ ဇတ်လမ်းကောင်းလေးများအား အမြဲ တင်ဆက်ပေးနေမှာမို့ ကျွန်တော်ရဲ့ Page လေးအား Like & Follow လေး လုပ်ပေးထားကြပါဦး ခင်ဗျ။