ကိုယ့်အရီးအကြောင်းသိရဲ့နဲ့ စ ရတယ်လို့ကွယ်… ဟိုက အုန်းခွံခွက်နဲ့ ထုချေမှပြေးနေရမယ်ကွဲ့…” ဟု…ဘွားမယ်စိန်ကဝင်တားရသည်။ “ကျုပ်ကစတာပါဘွားရဲ့… ကျုပ်မှာ စ စရာဆိုလို့ အရီးနဲ့ညီမလေးနန်းကြိုင်တို့ပဲ ရှိတာလေ… ကျုပ်အမျိုးတွေဆိုတာကလည်းအရင်ကတည်းက ချေးမှာငှားမှာကြောက်နေကြလို့ အဆက်အဆံမလုပ်တာဘွားတို့အသိပဲဟာ…” ဟု…ပြောရင်းမောင်တိုးမျက်နှာကညိုးငယ်သွားသည်။ ဒါကိုမြင်တော့ ဒေါ်ဝင်းလည်းစိတ်မကောင်းဖြစ်သွားပြီး… “စတာများ…စပေါ့ဟယ်…နင်စရင် ငါကလည်းပြန်စမှာပေါ့ မဟုတ်ဘူးလား” ဟုပြောလေတော့မှ… “ဒါပေါ့အရီးရဲ့” “ကဲပါလေ…ဒါတွေပြောရင် စိတ်မကောင်းဖြစ်နေကြရမယ်… ဒီနေ့မနက်တော့မင်းအရီးချက်တဲ့ငါးပိရည်အတို့အမြုပ်နဲ့ တောကြက်သားဟင်းလေးစားပြီးမှပြန်ပေတော့… သိတဲ့အတိုင်းပဲ…ဘွားက အသားဟင်းမစားတော့ ဟင်းတွေကပိုနေမှာကွဲ့…” “ဟဲ…ဟဲ…ဒါမျိုးဆိုကျုပ်ကသိပ်ကြိုက်တာဗျ” ဟုပြောရင်းမောင်တိုးက ရယ်မောလေသည်။ မောင်တိုးရယ်မောလေမှ ဘွားမယ်စိန်တို့လည်း သဘောကျစွာလိုက်၍ရယ်မောကြတော့၏။ ဒေါ်ဝင်းကမီးဖိုထဲ၌မနက်စာသွားချက်နေချိန် မောင်တိုးကတော့ ခြံထဲ၌ပုံထားသောထင်းပုံမှထင်းများကို ...

လေးငါးနှစ်ကြာကာလ (ဆရာအငြိမ်း စားယူတဲ့ထိ) ဖြတ်သန်းခဲ့ရပါ တယ်။ ဆရာ့လုပ်ရပ်တွေကြောင့်ပါ တပ်ထဲမှာ သွေးစည်းခဲ့ကြပေမယ့် အပြင် လောက ရောက်တဲ့အခါ သွေးမစည်၊တော့ပါဘူး။ သူငယ်ချင်းက အရာရှိကြီး၊ ကျွန် တော်က သူ့ပီအေ အရာရှိငယ်၊ ကျွန်တော် မကြိုက်တာ ဖွင့်ပြော၊ သူတစ်ပါး အကျိုး ယုတ်တဲ့အလုပ်မလုပ်ဖို့တားမြစ်တာလက်မခံတော့ပါဘူး။ ဒေဝဒတ်ကိုဆရာတင်မိတဲ့အဇာတသတ်ဟာဗအေကိုသတ်၊နန်းတက်သလို ဦးစောနဲ့ပေါင်းမှ ရန်ကြီးအောင်နိုင်ငံ့ခေါင်းဆောင်တွေကို ရက်ရက်စက်စက်လုပ်ကြံ မိသလိုပဲတင်စားပြောဆိုချင်ပါတယ်။ ကျွန်တော့်ဆရာ သူငယ်ချင်းဟာဘာသာကွဲ၊လူမျိုးကွဲ အောက်လမ်းပညာ သည်လူယုတ်မာကိုဆရာတင်၊ ဆရာ့ကိုပေးတဲ့ကတိကိုရဲဝံ့စွာလက်ခံပြီးဝက်သား မစားတော့ဘဲ တစ်ဖက်သား အကျိုးစီးပွားပျက်စီးစေတဲ့ အောက်လမ်းပညာနဲ့ အတိုက်အခိုက်တွေလုပ်တော့တာပါပဲ။ ကျွန်တော့်ဆရာသူငယ်ချင်းက ...

သက်ဆိုင်သည်မို့ ချိုသည် ခါးသည် ဘွားမယ်စိန်မပြောခဲ့ပေ။ ထိုသို့နေရင်းဖြင့် တစ်ရက်၌ ဘွားမယ်စိန်ထံသို့ ရွာ၏ ကာလသားခေါင်းဆောင်မောင်အုန်းနှင့် မောင်တိုး တို့နှစ်ယောက် ရောက်ရှိလာခဲ့ကြသည်။ “ကျုပ်တို့က ဘွား ဘုန်းကြီးကျောင်းဆီကို သွားများနေသလားလို့ …တော်သေးတာပေါ့ဗျာ အိမ်မှာရှိနေလို့ မဟုတ်ရင်ကျောင်းဆီကို ကျုပ်တို့လိုက်လာခဲ့ကြမလို့” မောင်အုန်းသည်စကားပြောရင်း ဘွားမယ်စိန်ထိုင်နေသော ကွပ်ပျစ်၌ဝင်၍ထိုင်လေသည်။ နောက်ပါးမှလိုက်လာသော မောင်တိုးသည်လည်း ကွပ်ပျစ်ခင်းသို့ဝင်ကာထိုင်၏။ ဘွားမယ်စိန်က သူတို့နှစ်ယောက်အားကြည့်၍… “အေး…ဘွား အစောကမှကျောင်းကပြန်ရောက်တယ်လေ… သီလယူပြီးပြန်လာတာပေါ့မောင်ရင်ရဲ့… နေပါဦး မောင်ရင်တို့ကဘာအကြောင်းများထူးကြလို့တုန်းကွဲ့” ဘွားမယ်စိန်အမေးအား မောင်အုန်းက… “ဆရာသာဝအကြောင်းဘွားကြားတယ်မို့လားဗျ” “ဆရာသာဝဆိုတာ အခုနာမည်ကြီးနေတဲ့ ဆရာကိုပြောတာလားမောင်ရင်” “ဟုတ်တယ်လေဘွားရဲ့…သူ့နာမည်ကဆရာသာဝတဲ့ ...

မောင်မောင်အားလူဝင်စားတစ်ဦးဟုသံသယ ရှိလာခဲ့ကြသည်။ သားဖြစ်သူကလည်းထိုအကြောင်းများကိုပြောချင်သည့် အခါတွင်ပြောသည်။ သို့သော်အကုန်မပြော။မိဘများကချော့မော့မေးသော် လည်း ပြောချင်မှ ပြောသည်။ ဤသို့ဖြင့် ကိုတိုးမောင်နှင့် မခင်မိတို့တစ်ဦး တည်းသောသားလေးမောင်မောင်အောင်ကိုအရိပ်တကြည့်ကြည့်ဖြင့်ပြုစု စောင့်ရှောက်လာခဲ့ကြသည်။ ဤသို့ဖြင့် သားဖြစ်သူမောင်မောင်အောင်တစ်ယောက်အသက်(၁၀) နှစ်ပြည့်၍စတုတ္ထတန်းကိုပင်အောင်ခဲ့ပြီဖြစ်သည်။ပဉ္စမတန်းကိုတော့ရွာနှင့် နှစ်မိုင်ခန့်ဝေးသည့်မဆယ်ဆိပ်ရွာအလယ်တန်းကျောင်းသို့သွားတက်ရမည် ဖြစ်၍ မိဘနှစ်ပါးက ကြိုတင်ပြင်ဆင်နေသည်။ ပုံမှန်ဆိုလျှင်အလယ်တန်းကိုမဆယ်ဆိပ်ရွာတွင်တက်ပြီးအထက်တန်း ကိုမြို့တွင်သွားတက်ပြီးမိသားစုပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြရမည်ဖြစ် သည်။ သို့သော် အတိတ်ဘဝက ကံအကြောင်း တရားတွေက ဒီဘဝအထိ ဆက်ပြီး ပါလာတော့ တစ်ညနေခြံလုပ်ငန်းသိမ်း၍မိသားစုဝိုင်းဖွဲ့၍ညနေစာစားပြီးနောက် “အဖေနဲ့အမေ” “ဘာလည်း သားရဲ့” “ကျွန်တော်ပြောစရာ စကားနည်းနည်းရှိလို့ပါ” “နည်းနည်း မဟုတ်ဘူး များများပြောသား” “ပြောပါသားရယ် ...

မျက်စိလျင်လျင်လက် သွက်သွက်ရိုက်သွားရင် တစ်ယောက် တစ်အိုးချက်တော့ပြေးမလွတ်လောက် ပါဘူးဗျာ” ဘာမျှမသိသော ဦးမောင်ကြိုင် ကလည်း ကျွန်တော့်အဆိုပြုချက်ကို ထောက်ခံသည်။ “အေးပါ ကောင်လေးရာ။ငါလည်း မျက်စီလျင်လျင် ထားပါ့မယ်ကွာ” ဗားရိုက်ချိန်သာ တစ်နာရီခန့် ကုန် သွားသည်။ကျွန်တော်တို့ကားဗားလေး ငါးကောင်ထက် ပိုမရ၊ ကျွန်တော် အနည်းငယ် စိတ်ဓာတ်ကျစ ပြုလာ သည်။ ထိုအချိန်၌ပင် မိုးက တဖွဲဖွဲရွာချ သည်။ ထိုမိုးရွာချိန်၌ပင် ကျွန်တော့် ဆရာဦးတင်မောင်အခေါ်ဖြင့် စားဗား ကြီး(အချို့အရပ်များတွင် ဖားပေါင်ဝင်း) အော်သံတစ်သံကို ကြားလိုက်ရပေ သည်။ (ထိုဖား၏အော်သံမှာ ဘုတ်ငှက် ...

အတိုင်းရှိသော လူများပင်သေဆုံးသွားကြ ခြင်းဖြစ်၍ မြိတ်ကုန်းရွာရှိ လူများ ထိတ်လန့်နေကြရ၏။ မိုးလင်းပြီဆိုသည်နှင့်ဘယ်အိမ်က ဘယ်သူဆုံးသည်ဆိုသော သတင်းကို ရင်တထိတ်ထိတ်နားစွင့်ရ၏။ “ညဆို မည်းမည်းကြီးလျောက်သွားနေတာဟဲ့… ရွာထဲ လူခြေတိတ်ရင် အဲ့ဟာကြီးကိုမြင်ရတာပဲ… တို့ဘေးအိမ်က ဦးမြကြီး မဆုံးခင်ညက အဲ့မည်းမည်းကြီး သူတို့ခြံရှေ့ရပ်နေတာကို ငါမြင်လိုက်ရတယ်…နောက်မနက်ကျ ဦးမြဆုံးတာပဲအေ……” “အဲ့တာကြီးကို တော်ကဘယ်လိုမြင်တာတုန်း… ဟုတ်ရဲ့လားတော်” “ဟဲ့ကောင်မရဲ့…အဲ့ညက ငါရေအသောက်များလို့ နောက်ဖေးသွားမလို့ နိုးလာတာ…ခြံထဲဆင်းပြီး နောက်ဖေးသွားဖို့ကြံတုန်း…စိတ်ကတစ်ခုခုသိသလိုနဲ့… ဦးမြတို့အိမ်ဘက်ကိုကြည့်မိလိုက်တာပဲအေ့…။ အဲ့တော့ တွေ့မိတာပေါ့… ငါဖြင့်အဲ့သည်ညကနောက်ဖေးကိုဆက်မသွားရဲတော့လို့ အိမ်ထဲအသာပြန်ဝင်နေရတယ်” “အင်း…ဒါဆို ကျုပ်တို့ရွာက လူတွေသေရတာ… အဲ့မည်းမည်းပြီးကြောင့်ပေါ့လေ… ဒါဆို..အဲ့မည်းမည်းကြီးရောက်လာရင် ...

လွတ်လွတ်လပ်လပ် ပေါ့…။ဒါမျိုးဆို မသက်တင်တို့က ပေါ်ပေါ်တင်တင်ပဲ…ရွာထဲက တစ်ယောက်ယောက်ကို အိမ်ပေါ်ခေါ်တင်လို့ အကြိုက်ပျော်ပါးတော့တာပဲ..။သူ့ဆီလာတဲ့သူတွေကလည်း ပိုက်ဆံမပေးရတဲ့အပြင် ပိုက်ဆံတောင်ရသေးတာလေ… ဘာနာစရာရှိသလဲ…။ “မိသက်တို့များ ရဲတင်းလိုက်တာဟယ်..နေ့ခင်းကြောင်တောင်ကြီးကို ကမြင်းရတယ်လို့..” “အော် ညဘက်လည်း အငြိမ်နေတတ်တဲ့ မိန်းမမှမဟုတ်တာပဲ…ဖဲဝိုင်းပြီးရင် လည်း ရွာထဲက မုဆိုးဖို သန်းလှနဲ့ ပလူးသေးတာ… ” “ဟဲ့ နင့်ဟာ ဟုတ်လို့လား..” “အို ဟုတ်တာမှ ဟုတ်ဟုတ်နဲ့ကိုမြည်နေသေးပါတယ်…ပြီးတော့ သူ့မှာ မျှော့ပါတယ်ဆိုပဲ..” “ဒါကြောင့်မို့ ရွာထဲက အကောင်တွေက တမ်းတမ်းစွဲ ဖြစ်နေကြတာပေါ့..” “သတိလည်းထားအုံး..အိမ်ကလူတွေပါ ပါနေရင်တော့အခက်ပဲ…” “အိုတော်… သွားလည်းအိပ်ရသေး ...

လူခြောက်ကလေးဟု ထင်မြင်ချက်က ပို၍ ခိုင်မြဲသွားလေသည်။ အမေပြောပြောပြ၍မခင်မွှေးသည်လည်းလူခြောက်ကလေးကိုသူမ၏ သက်ရှိမောင်လေးသဖွယ်ထင်မြင်ယူဆထားခဲ့လေသည်။ အမေက သူ့သား လူခြောက်ကလေးနှင့် အိပ်မက်ထဲတွင် တွေ့ရပုံများအား ပြောပြောပြတတ် လေသည်။ သည်လိုနှင့် သာမန်လူသားတစ်ဦးကို နာမည်ပေးသလို လူခြောက် ကလေးကို နာမည်ပေးခဲ့ကြသည်။ ဗုဒ္ဓဟူးသားလေးဖြစ်၍ မောင်လူမွှေးဟုမှည့်ခေါ်ထားခဲ့လေသည်။ မခင်မွှေးတို့နေထိုင်ရာမြင်သာရွာတွင်လူခြောက်အဖြစ်မွေးဖွားလာသူ မှာမောင်လူမွှေးတစ်ယောက်သာရှိသည်။ ယခင်က ဘယ်မိခင်မှလူခြောက် မမွေးဖွားဘူးကြချေ။ လူခြောက်မမွေးဘူးသော်လည်းလူခြောက်အယူအဆ ကိုတော့ လက်ခံယုံကြည်ကြသည်။ လူခြောက်တို့သည် ညပိုင်းတွင် မိခင် ဖြစ်သူနှင့် အိပ်မက်ထဲတွင် တွေ့ဆုံတတ်ပုံ။ သူတို့အလိုရှိရာကိုမိခင်များအား အိပ်မက်ထဲတွင် ပြောပြပုံများကို ပုံပြင်သဖွယ် ယခင်ကတည်းက ...

စကားစမြည်ပြောလာပါလေရော ။ ” ငါ့တူတို့ တူမတို့က ဒီလမ်းထဲမှာပဲ နေကြတာလားကွယ့် … အော် စိတ်တော့မရှိပါနဲ့ကွယ် မျက်နှာစိမ်းနေလို့ အဒေါ်ကမေးမိတာပါ …” ” ဟုတ်ကဲ့ ရပါတယ် အဒေါ်ရဲ့ … ကျွန်တော်တို့က ဒီနေ့မှ ဒီလမ်းထဲပြောင်းလာကြတာလေ… ဟိုးဘက်နားလမ်းအစွန်က နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးရဲ့ အောက်ထပ်မှာခနဌားနေကြတာပါအဒေါ်ရေ ” ကျွန်တော့စကားအဆုံးအဒေါ်ကြီးမျက်နှာမှာ အမည်ဖော်ရခက်တဲ့ အရိပ်တစ်ချို့ဖြတ်ပြေးသွားတာကို ကျွန်တော်မြင်လိုက်ရတယ်…။ ”ဟင် လမ်းစွန်က နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး ဟုတ်လား ” ”ဟုတ်တယ်လေ အဒေါ်ရဲ့ ဘာဖြစ်လို့လဲဟင်” ကျွန်တော်ပြန်မေးလိုက်တော့ အဒေါ်ကြီးက တစ်ခုခုကိုမျိုသိပ်ထားရတဲ့ပုံစံနဲ့ ...

လည်းအသက်ကြီးပြီး ရောဂါအခံရှိသူမို့အလုပ်မလုပ်နိုင်ချေ။ ဖခင်ဖြစ်သူကြတော့လည်း မိသားစု စားဝတ်နေရေးကိုခေါင်းထဲမထည့် ရသည့်လုပ်အားခကိုထင်သလို သောက်စားပစ်လေသည်။ သုတလည်းဖခင်ဖြစ်သူကို အလိုမကျပေမယ့် သားသမီးဖြစ်သည့် အတွက်ပြောပိုင်ခွင့်မရှိခဲ့ပေ။ သည်းမခံနိုင်၍ပြောသည့်အခါများတွင် လည်းမိခင်ကြီးမှာရောဂါထပ်တိုးရလေ သည်။ ထို့ကြောင့်သုတလည်းစိတ်ကိုလျှော့ကာ မြိုသိပ်ထားရလေသည်။ သုတလည်းအလုပ်မရှိပဲအားနေသဖြင့် ရပ်ကွက်ထဲလျှောက်သွားနေသည်။ “ဟေ့ကောင် သုတ နားတာလားဟ” “နားတာမဟုတ်ဘူး ငါ့ကောင်ရေ အလုပ်ကပိတ်ထားတာကွ။ ငါလည်းအလုပ်မရှိတာနဲ့ ပျင်းလို့အိမ်က ထွက်လာတာ” “ငါမြေတူးသွားမလို့ကွ မင်းလိုက်မလား အနည်းဆုံးတော့ လေးငါးခြောက်ထောင် ရတာပေါ့ကွာ။ မင်းလုပ်ချင်ရင်လိုက်ခဲ့ပေါ့ မင်းလည်းဒီနေ့အားနေတာပဲ……” “အေးကွာ လိုက်ခဲ့မယ် အလကားလျှောက်သွားနေလို့ ငွေမရဘူး ငါမင်းနဲ့မြေတူးလိုက်ခဲ့မယ်။ သုတလည်းအသိမိတ်ဆွေက ...