လူဝင်စားဖဲဝိဇ္ဇာ

မောင်မောင်အားလူဝင်စားတစ်ဦးဟုသံသယ
ရှိလာခဲ့ကြသည်။ သားဖြစ်သူကလည်းထိုအကြောင်းများကိုပြောချင်သည့် အခါတွင်ပြောသည်။ သို့သော်အကုန်မပြော။မိဘများကချော့မော့မေးသော် လည်း ပြောချင်မှ ပြောသည်။ ဤသို့ဖြင့် ကိုတိုးမောင်နှင့် မခင်မိတို့တစ်ဦး
တည်းသောသားလေးမောင်မောင်အောင်ကိုအရိပ်တကြည့်ကြည့်ဖြင့်ပြုစု
စောင့်ရှောက်လာခဲ့ကြသည်။
ဤသို့ဖြင့် သားဖြစ်သူမောင်မောင်အောင်တစ်ယောက်အသက်(၁၀) နှစ်ပြည့်၍စတုတ္ထတန်းကိုပင်အောင်ခဲ့ပြီဖြစ်သည်။ပဉ္စမတန်းကိုတော့ရွာနှင့် နှစ်မိုင်ခန့်ဝေးသည့်မဆယ်ဆိပ်ရွာအလယ်တန်းကျောင်းသို့သွားတက်ရမည်
ဖြစ်၍ မိဘနှစ်ပါးက ကြိုတင်ပြင်ဆင်နေသည်။
ပုံမှန်ဆိုလျှင်အလယ်တန်းကိုမဆယ်ဆိပ်ရွာတွင်တက်ပြီးအထက်တန်း ကိုမြို့တွင်သွားတက်ပြီးမိသားစုပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြရမည်ဖြစ်
သည်။ သို့သော် အတိတ်ဘဝက ကံအကြောင်း တရားတွေက ဒီဘဝအထိ ဆက်ပြီး ပါလာတော့
တစ်ညနေခြံလုပ်ငန်းသိမ်း၍မိသားစုဝိုင်းဖွဲ့၍ညနေစာစားပြီးနောက်
“အဖေနဲ့အမေ”
“ဘာလည်း သားရဲ့”
“ကျွန်တော်ပြောစရာ စကားနည်းနည်းရှိလို့ပါ”
“နည်းနည်း မဟုတ်ဘူး များများပြောသား”
“ပြောပါသားရယ် အမေတို့နားထောင်မယ်”
“ဒီလိုပါအဖေနဲ့အမေ – ကျွန်တော့်ရဲ့အရင်ဘဝကအကြောင်းကိုပြောပြ
ချင်လို့ပါ”
“ဘယ်လိုသားလေးအရင်ဘဝကအကြောင်းဟုတ်လား။အမေရင်တွေ
တုန်လိုက်တာသားရယ်”
“ခင်မိကလည်းကွာ သားလေးပြောစရာရှိတာ ပြောပါစေ-ပြော သားလေးပြော -ပြော”
“ကျွန်တော်က အရင်ဘဝတုန်းကဟံသာဝတီအနောက်ခြမ်း သာယာ ကုန်းရွာက ကိုကျော်ဒင်ဆိုတဲ့လူပါ။ ဖဲသမားကျော်ဒင်ဆိုရင် လူတိုင်းသိ တယ်”
ကျွန်တော့်မိဘနှစ်ပါး ငယ်ငယ်ကတည်းက ဆုံးသွားလို့ အဒေါ်ကြီး တစ်ယောက်အိမ်မှာနေရတယ်။ သူ့အိမ်ကကျွဲကျောင်း၊ နွားကျောင်းကစပြီး
လယ်ယာလုပ်ငန်းခွင်အားလုံးကိုလုပ်ကိုင်ပေးရတယ်။ တူဆိုပေမယ့် သားသမီးလို သဘောထားပါတယ်။
အဒေါ်ကြီးကလည်း
ခက်တာကကျွန်တော်ငယ်ငယ်လေးကတည်းကဖဲရိုက်တာကိုအလွန်
ဝါသနာပါတယ်။ ရွာမှာအသုဘရှိလို့ ဖဲဝိုင်းရှိရင်ကျွန်တော်မရောက်ရောက် အောင် သွားပြီး ကြည့်တယ်။ ဖဲဆိုတဲ့အသံကြားရင် မနေနိုင် မထိုင်နိုင် ဖြစ်ရ တယ်။ အရွယ်နည်းနည်းရောက်လာတော့ဘေးကကြားပေါက်တတ်လာပြီ။
ကျွန်တော်ဖဲဝိုင်းသွားတာကိုသိတော့အဒေါ်ကြီးကဆူတယ်။ ဘယ်လိုဆူဆူ ကျွန်တော်ကတော့ ဖဲဝိုင်းဆိုတဲ့အသံကြားရင် ဘယ်လိုမှမနေနိုင်ဘူး။ ကျွန်တော်က ဖဲသာရိုက်တာ ဝါသနာပါတာ။ ကျန်တဲ့ကြက်တိုက်တာ တို့၊ သူများပစ္စည်းခိုးတာတို့၊မိန်းမပွေတာတို့ဆေးလိပ်သောက်ကွမ်းစားဘာမှ မလုပ်ဘူး။အရက်တောင်အိမ်ထောင်ကျပြီးမှသောက်တတ်တာ။ ဖဲရိုက်တာ ကလည်း ကိုယ့်မှာပိုက်ဆံရှိမှ ရိုက်တာ။ မရှိရင်တော့ အပြင်မှာရတဲ့အလုပ် လုပ်ပြီး ပိုက်ဆံရှာပြီးရိုက်တာ။
အဒေါ်ကြီးရဲ့ပစ္စည်းတွေကို ဘာတစ်ခုမှမယူဘူး။ မခိုးဘူး။ ဒါကြောင့် အဒေါ်ကြီးကလည်း ဖဲရိုက်လို့ဆူတာဘဲရှိတာ။ ကျွန်တော့်ကိုချစ်တယ်။ လုပ်ငန်းကိုလည်းစိတ်ချထားတယ်။ ဒါနဲ့အရွယ်ရောက်လာတော့အဒေါ်ကြီး က ကျွန်တော့်ကိုရွာထဲက မစိန်မေဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ချပေးတယ်။ လယ် (၁၀)ဧကနဲ့နွားတစ်ရှဉ်း လက်ဖွဲ့တယ်။ အိမ် ထောင်ကျလို့ကိုယ့်စီးပွားနဲ့ကိုယ်ဆိုခြေငြိမ်သွားမယ်လို့ထင်တယ်။
အစပိုင်းတော့ခြေငြိမ်သလိုရှိပါရဲ့ ခဏဘဲ နောက်ပိုင်းကျတော့ ထုံးစံ အတိုင်းဖဲမရိုက်ရရင်မနေနိုင်ပါဘူး။ကျွန်တော့မိန်းမမစိန်မေကလည်းလင်ကို
သိပ်ချစ်တဲ့မိန်းမ။ ဘာလုပ်လုပ်ဆိုးသည်ကောင်းသည်မပြောဘူး။အဲဒီတော့ ပိုဆိုးတော့တာပေါ့။ မစိန်မေနဲ့သားတစ်ယောက်သမီးတစ်ယောက်ရတယ်။ သမီးကလေး (၂)နှစ်သမီး အရွယ်ရောက်တော့ အဒေါ်ကြီး လက်ဖွဲ့ထားတဲ့ လယ်(၁၀)ဧကနဲ့နွားနှစ်ကောင်မရှိတော့ဘူး။ ကျွန်တော်ဖဲရိုက်ပစ်လိုက်လို့ကုန်ပြီ။
ဒီနေရာမှာပြောစရာတစ်ခုကျန်သွားတယ်။ကျွန်တော်တို့မင်္ဂလာဆောင်
လက်ဖွဲ့တဲ့လယ်ဆယ်ဧကကိုရောင်းရင် သူ့ကိုပြန်ရောင်းရမယ်ဆိုတဲ့ကတိ ကြောင့် ဖဲရိုက်ဖို့ ပိုက်ဆံမရှိတိုင်း အဒေါ်ကြီးဆီမှာ ပြန်ပြန်ရောင်းတာ။ အဒေါ်ကြီးကအကုန်ပြန်ဝယ်ထားတယ်။ ကျွန်တော့်မိန်းမမစိန်မေကလည်း ကလေး (၂)ယောက်နဲ့ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားနေတယ်။ လင်ဆိုး မယားတဖားဖားပေါ့။
လယ်တွေ နွားတွေ ကုန်သွားတော့ အဒေါ်ကြီးက ကျွန်တော့်မိန်းမနဲ့ ကလေးကို မကြည့်ရက်လို့ ကုန်စုံဆိုင်လေး ထောင်ပေးထားတယ်။ ကျွန်တော့်ကိုတော့ ကုန်စုံဆိုင်ကို မထိရဘူးလို့ အမိန့်ပေးထားတယ်။ ကျွန်တော့်မိန်းမ မစိန်မေကတော့ မနေနိုင်ပါဘူး။ ကျွန်တော်ဖဲရိုက်စရာမရှိ လို့မှိုင်နေရင်ရှိတာလေးထုတ်ပေးရှာတယ်။ ကြာတော့ဆိုင်ကအရင်းပြုတ် သွားရောအရင်ပြုတ်ရင်အဒေါ်ကြီးကသိသိနဲ့ပြန်ထုတ်ပေး – ချာလည်လည်
နေတာပဲ။
ဒါပေမဲ့ – ဖဲသမားဆိုတဲ့လောင်းကစားသမားသမားများဟာ နိုင်တာက နည်းနည်းနဲ့ရှုံးတာက များများပါ။ ရှုံးရင် အိတ်ထဲက အကုန်ပါပြီ။နိုင်ရင် စားလိုက်သောက်လိုက် ဟိုလူပေးဒီလူ့ပေးနဲ့အိမ်ကိုသိပ်ပြီး ပြန်ပါတယ် မရှိပါဘူး။ သားကြီး(၆)နှစ်နဲ့ သမီး (၄)နှစ်အရွယ်ရောက်တဲ့အခါ သူတို့ တစ်တွေ ဆင်းဆင်းရဲရဲ ဖြစ်နေတာကိုကြည့်ပြီး အသိတရားတစ်ချက်ဝင် လာခဲ့တယ်။
ငါဒီအတိုင်းဆက်လုပ်နေတော့မှာလား – ဒီအတိုင်းသာ ဆက်သွားနေ လို့ကတော့ ငါရော ငါ့မိသားစုရော လုံးပါးပါးပြီး ဘဝဆုံးရလိမ့်မယ်။ ဒါမှ
မဟုတ် ဒီဖဲရိုက်တဲ့အလုပ်ကို ရပ်လိုက်မလား။ ဒါတော့ မဖြစ်နိုင်ဘူး။ ဖဲနဲ့ မိသားစုဆိုရင်ကျုပ်ကမိသားစုကိုစွန့်မယ့်အကောင် ။နောက်ဆုံးအပြန်ပြန်
အလှန်လှန်စဉ်းစားပြီးဖဲရိုက်တာကိုမစွန့်လွှတ်နိုင်တဲ့အတူဖဲရိုက်တဲ့ပညာကို ထူးထူးချွန်ချွန်ဖြစ်အောင်လုပ်ပြီး ဆက်ရိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီကိစ္စကို တိုင်ပင်ဖို့အတွက် သူငယ်ချင်းဖြစ်သူ စံအောင်ဆီကို ထွက်လာခဲ့တယ်။စံအောင်ကဘုရားလိုလိုတရားလိုလိုလုပ်နေပေမယ့်သူက မြို့မှာ ဆယ်တန်းအထိကျောင်းတက်ခဲ့ဖူးတော့အတွေ့အကြုံအကြားအမြင် ဗဟုသုတကျုပ်တို့ထက်သာတယ်။ကျုပ်ရောက်သွားပြီးအကျိုးအကြောင်း
ပြောပြတော့ကျုပ်သူငယ်ချင်းစံအောင်က-
ဒီလိုရှိတယ်ကွ – ကျော်ဒင်ရ – ဖဲရိုက်တယ်ဆိုတာကကံနဲ့ကစားတာရှိ တယ်။ ဉာဏ်နဲ့စားတာရှိတယ်ကွ။ ပြီးတော့ အောက်လမ်းနည်း(တစ်နည်း အားဖြင့် မှော်သွင်းပြီး) ကစားတာဆိုပြီး ရှိတယ်ကွ။ ငါကြားဖူးတာ ပြော တာနော်။
ကံနဲ့ကစားတာဆိုတာမင်းအခုကစားနေသလိုပေါ့။ကံဆိုတာအမြဲတမ်း ကောင်းနေတာ မဟုတ်တော့ နိုင်တာကနည်းပြီး ရှုံးတာက များတယ်။ ဉာဏ်နဲ့ကစားတယ်ဆိုတာက လိမ်ကစားတာပေါ့ကွာ။ လိမ်ပုံလိမ်နည်း တွေကတော့ အများကြီးပဲ။ တစ်ယောက်တည်း ကျွမ်းကျင်အောင် ကျင့်ပြီး လိမ်သလို အုပ်စုဖွဲ့ပြီး လိမ်တာမျိုးတွေပေါ့ အမျိုးမျိုးရှိတယ်။ ဒီကစားနည်း ကလည်း မကောင်းပါဘူးကွာ။ လိမ်တာပေါ်သွားရင် အန္တရာယ်ရှိသလို ကိုယ့်ထက်လိမ်တတ်တဲ့လူနဲ့တွေ့ပြန်ရင်လည်း ကိုယ်က ခံရပြန်ရော။ ဒါဆိုနောက်တစ်နည်းကရော…။
“အေး- နောက်တစ်နည်းက အောက်လမ်းနည်းကို အသုံးပြုပြီး ဖဲမှော် သွင်းကစားတဲ့နည်းဖဲမှော်သွင်း၍ကစားသည်ဆို၍သူများပြောသံကြားဖူး
တာ”
ဖဲမှော်သွင်း၍ ကစားသည်ဆို၍ ကျွန်တော် အရမ်းစိတ်ဝင်စား သွားတယ်။
“အေး… သူငယ်ချင်းအဲဒီဖီမှော်သွင်းပြီးကစားတယ်ဆိုတာကိုငါအရမ်း စိတ်ဝင်စားတယ်ကွာ ဘယ်လိုလုပ်ရမလဲ”
“ဟိုဘက် ညောင်ပင်သာရွာမှာတော့ ဆရာကြီးတစ်ယောက် ရောက် နေတယ်။ ပြောတယ်။ သူ့ဆီသွားပြီး အကူအညီတောင်းကြည့်ရင်တော့ အကျိုးအကြောင်း သိရမယ်ကွ”
“ကောင်းတယ် သူငယ်ချင်း သွားကြရအောင် မင်းလည်းလိုက်ခဲ့ကွာ” “အေးပါကွာ.. လိုက်တာပေါ့”
ပြောပြောဆိုဆို သူငယ်ချင်းနှစ်ယောက် ညောင်ပင်သာရွာသို့ ရောက် သွားကြတော့သည်။ ဆရာကြီးတည်းခိုနေသောအိမ်သို့ရောက်ကြသောအခါ ဆရာကြီးဖြစ်သော ဦးရှိန်ကို တည်းခိုရာအိမ်တွင် အသင့်တွေ့လိုက်ရ သည်။
ညောင်ပင်သာရွာဆိုသည်မှာလည်း ကျွန်တော်တို့ဒေသတွင် နာမည် ကြီးရွာတစ်ရွာဖြစ်သည်။ အစွမ်းထက်သောရွာသူပေါများလှသည်။မုန်းလျှင် လည်း အန္တရာယ်ပေးသည်။ ချစ်လျှင်လည်း ကျီစယ်သည်။ အလည်အပတ် သွား၍ပြန်လျှင်ဖျာနှင့်ဖင်ကပ်နေ၍မနည်းတောင်းပန်ပြီးပြန်ပြေးခဲ့ရသူများ
လည်း ရှိသည်။ ရွာရှိအပျိုချောများကို အခြားရွာမှကာလသားများက လူပျို မလှည့်ရဲသဖြင့် အချင်းချင်းအိမ်ထောင်ပြုကြသည်ကများသည်။ ထို့သို့သောရွာကို လာရောက်တည်းခိုသော ဆရာကြီးဦးရှိန်မှာလည်း သာမညတော့ မဖြစ်နိုင်ပေ။ ဆရာကြီးနှင့်တွေ့၍အကျိုးအကြောင်း ပြောပြ သောအခါ ဆရာကြီးကကျွန်တော်တို့ကိုသေချာစွာကြည့်ပြီး – ဖဲမှော်သွင်းတယ်ဆိုတာကတို့လောကီပညာရပ်မှာရှိပါတယ်။ ဒီပညာ
ကိုရယူချင်တယ်ဆိုရင် –
(၁) စိတ်ခိုင်ရမယ်၊ ကြောက်စိတ်မရှိဘူး
(၂) မာန်မတက်ရဘူး
(၃) ဒီပညာကိုရယူပြီးအသုံးပြုရင်ဖြစ်နိုင်တာကိုပဲတောင်းဆိုရမယ်။
မဖြစ်နိုင်တာကိုမတောင်းဆိုရဘူး။
“ဟုတ်ကဲ့ပါ ဆရာကြီး – အဲဒီအချက် (၃)ချက်ကိုလည်း ရှင်းပြပေး
နံပါတ်(၁)
စိတ်ခိုင်ရမယ်ဆိုတာကဒီပညာကလပြည့်နေ့ညသန်းခေါင် အချိန်သင်္ချိုင်းကုန်းမှာ ဆိုင်ရာပိုင်ရာတွေကိုခွင့်တောင်းဖိတ်ခေါ်ပြီးမှယူရ မှာ။ အဖျက်အဆီးတွေလည်း ရှိတယ်။ စိတ်မခိုင်ရင် ရူးသွားနိုင်တယ်။ နံပါတ် (၂) မာန်မတက်ရဘူးဆိုတာ ကိုယ်နဲ့ကစားနေတဲ့ဝိုင်းထဲက တစ်ယောက်ယောက်က သိပ်ကောင်းလို့ ဖဲသိပ်ကောင်းနေပြီဆိုရင် သွား မပြိုင်နဲ့ လွှတ်ပေးလိုက်ပါ။ ကံသိပ်ထလာရင် ပညာက ဘယ်လိုမှမနိုင်ဘူး။ နံပါတ်(၃)ဖဲကစားနေပြီဆိုရင်မဖြစ်နိုင်တာကိုမတောင်းပါနဲ့။ယေဘုယျ သဘောပဲ တောင်းပါ။ ဖဲထုပ်ထဲမှ ကဏန်းတစ်မျိုးကို (၄)ချပ်ပဲရှိပါတယ် လေ။ အဲဒါကို ဝိုင်းထဲမှာ လေးချပ်စလုံးခင်းပြီးထားရင် အဲဒီဖဲကို မတောင်းမိ ပါစေနဲ့။ တောင်းမိရင် တစ်ငါးလုံးဖြစ်သွားပြီ။ မင်းကိုဝိုင်းထဲက လူတွေ မယုံ ကြည်ဖြစ်ပြီး အသက်အန္တရာယ်ပါရှိလာနိုင်တယ်”
“ငါပြောတာ သဘောပေါက်ရဲ့လား”
“ဟုတ်ကဲ့ … သဘောပေါက်ပါတယ် ဆရာကြီး” “ဒီပညာကိုယူမှာက မင်းတို့နှစ်ယောက်စလုံးလား” “မဟုတ်ပါဘူး ဒီကောင် ကျော်ဒင်ပါ”
“ဟုတ်ပါတယ်… ဆရာကြီး ကျွန်တော်တစ်ယောက်တည်းယူမှာပါ” “ကောင်းပြီ – ဒါဆို ဒီလပြည့်နေ့မတိုင်မီ မင်းတို့ရွာကို လာခဲ့မယ်။
လပြည့်နေ့ညကျမင်းတို့ရွာသုသာန်မှာပညာယူကြတာပေါ့။ ရော့ – ဒီစာရွက် ထဲကအတိုင်း အဲဒီနေ့ကျရင် အသင့်ပြင်ထားလိုက်ပါ”
“ဟုတ်ကဲ့ပါ ဆရာကြီး ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး” “အေး…အေး … ကောင်းပါပြီ”
လပြည့်နေ့သို့ ရောက်သောအခါ အောက်လမ်းဆရာကြီးဦးရှိန်ရွာသို့ အရောက်လာခဲ့သည်။ ဆရာကြီးနှင့် စီစဉ်စရာရှိသည်များကိုစီစဉ်ကြသည်။ ကျွန်တော်တို့ ဖဲမှော်သွင်း၍ပညာယူမည့်အကြောင်းကိုမည်သူ့မှမပြောဘဲလျှို့ဝှက်ထားသည်။ သူငယ်ချင်းစံအောင်ကလည်းမည်သူ့မျှမပြောရန်ပိတ် ပင်ထားခဲ့သည်။
လပြည့်နေ့ည (၁၁)နာရီခန့်အရောက်တွင် ကျွန်တော်နှင့်ဆရာကြီး ဦးရှိန်တို့ရွာအနောက်ရှိ သင်္ချိုင်းတစ်ခုလုံးကို ဖုံးအုပ်ထားသည်မှာ ကြောက် တတ်သူများအဖို့ ကျောချမ်းစရာပင် ဖြစ်သည်။ ထို့ပြင် တစ်ခါတစ်ရံဆွဲဆွဲ ငင်ငင်အူလိုက်သောခွေးအူသံများကလည်းပို၍စိတ်အားငယ်ရန်ဖန်တီးနေသကဲ့သို့ ဖြစ်သည်။
သင်္ချိုင်းသို့ရောက်သောအခါ သင့်တော်ရာနေရာတွင် သင်္ချိုင်းစောင့်
ပရလောကသားအတွက်ကြက်သားဟင်း၊ မုန့်စသည်တို့ကို တစ်ပွဲ ပြင်၍ပသလိုက်သည်။ ထို့နောက် ဖဲမှော်နှင့် ပတ်သက်၍ ဆိုင်ရာပိုင်ရာများ အတွက်ကန်တော့ပွဲ၊ထမင်းနှင့်အမဲသားဟင်း၊အရက်၊ဆေးလိပ်၊ကွမ်းယာ စသည်တို့ကို ပြင်ဆင်လိုက်သည်။ မြေပုံများကြား မြေကွက်လပ်တွင် ဆရာကြီးက စည်းဝိုင်းထားလိုက်သည်။
ထို့နောက် ဆရာကြီးကကျွန်တော့်အားဘာပဲတွေ့တွေ့ မကြောက်ရန်၊ ထွက်မပြေးရန် အတန်တန်မှာကြားသည်။ ကျွန်တော်ကလည်း မထူးဇာတ် ခင်းနေသူဖြစ်၍သေခါမှသေရော။ ဖြစ်ချင်ရာဖြစ်သဘောထားသူဖြစ်သဖြင့် ဆရာကြီးမှာကြားသည့်အတိုင်းလုပ်ရန် ဆုံးဖြတ်ထားသည်။ ည(၁၂)နာရီထိုးသည်နှင့်စည်းဝိုင်းအလယ်တွင် ခုံတစ်လုံးချ၍ဖဲထုပ် တစ်ထုပ်ကို တင်ထားလိုက်သည်။ ကျွန်တော့်အားခုံကိုမျက်နှာပြု၍ထိုင်ခိုင်း ပြီး ပါးစပ်ကို ဟထားစေသည်။ ထို့နောက် ကျွန်တော့်ခေါင်းကို ဆရာကြီးက လက်ဝါးဖြင့် အုပ်၍ ဂါထာမန္တရားများကို မာန်ထန်ထန်နှင့် ရွတ်တော့သည်။ တစ်ခါတစ်ရံမြေကို ဖနောင့်ဖြင့် ပေါက်၍ကြိမ်းဝါးသည်။
နာရီဝက်ခန့်အကြာတွင် သင်္ချိုင်းကုန်းမှ သစ်ပင်ကြီးများလေမတိုက်ပါ ဘဲနှင့်ဘယ်ညာယိမ်းလာကြသည်။ထို့နောက်မည်းမည်းအရိပ်သဏ္ဌာန်များ စည်းဝိုင်းပတ်ချာလည်တွင် စုပြုံရောက်ရှိလာကြပြီး
ထိုအချိန်မှာပင်အနောက်အရပ်မှစူးရှသောအလင်းတန်းတစ်ခုသင်္ချိုင်း
အတွင်းသို့ ဝင်ရောက်လာသည်။ ထိုအလင်းတန်းသည် စည်းဝိုင်းဆီသို့ ရောက်လာပြီးစည်းဝိုင်းအနားသို့ရောက်သောအခါအပြင်သို့ပြန်ထွက်သွား သည်။ ခေတ္တအကြာ ထိုအလင်းတန်း ပြန်ပေါ်လာပြီး စည်းဝိုင်းအတွင်းသို့ ဝင်ရန် ကြိုးစားနေပုံရသည်။ အနားသို့ရောက်သောအခါ ယခင်အတိုင်း ပြန်လည်ထွက်သွားပြန်သည်။အလင်းတန်းထွက်ပေါ်လာသည်နှင့်ဆရာကြီး က ကျွန်တော့်အား မကြောက်ရန်နှင့် ပါးစပ်ကိုဟထားရန် သတိပေးသလို သူကိုယ်တိုင်ကလည်း ဂါထာမန္တရားများကိုရွတ်ဆိုနေသည်။
“ဟဲ့ … အနှောင့်အယှက်တွေ ဖယ်စမ်း။ ဆိုင်ရာပိုင်ရာတွေ စည်းဝိုင်း အတွင်းမဝင်နိုင်အောင် ကူညီစမ်း – ငါ့ဆရာအမိန့်ကွ”
“ဖြန်း”
လက်ထဲတွင်ကိုင်ထားသောကြိမ်လုံးဖြင့်မြေပြင်ကိုရိုက်ချလိုက်သော အခါအလင်းတန်းတစ်ခုသည်စည်းဝိုင်းအတွင်းသို့တိုးဝင်လာပြီးခုံပေါ်တွင် ချထားသော ဖဲထုပ်ပေါ်သို့ ကျရောက်သွားတော့သည်။ ကျွန်တော်သည် ပါးစပ်ဟလျက်သားနှင့် မှင်တတ်မိနေသလို ဖြစ်နေသည်။
“လူလေး မောင်ကျော်ဒင်ထ – ထ”
မျက်နှာပေါ်သို့ ရေတစ်ခွက်လောင်းချပြီး ဆရာကြီးက သတိပေးလိုက် တော့မှ ကျွန်တော်သတိပြန်ရလာပြီး ထထိုင်လိုက်သည်။
“ဆရာကြီး … ကျွန်တော်တို့ဟို – ဟို” “ဟုတ်တယ်လူလေးကို..ဖဲမှော်သွင်းတာ အောင်မြင်သွားပြီ”
“ဗျာ.. ဟုတ်လား – ဆရာကြီး”
“ကဲ – လူလေးပညာကိုစမ်းကြည့်ရအောင် ကဲဟို – ဖဲထုပ်ထဲကဖဲရွက် တစ်ရွက်ယူပြီးလူလေးကြိုက်တာခေါ်ရိုက်ကြည့်စမ်း”
ပြီး –
ကျွန်တော်ကလည်းမှောက်နေသောဖဲထုပ်မှဖဲတစ်ချပ်ကိုဆွဲယူလိုက်
“ကဲ – ဒိုင်းမွန်း ခုနစ်ကွာ”

“ဖြန်း”
ပြောပြောဆိုဆိုရိုက်ချလိုက်ရာအံ့အားသင့်စွာပင်လက်ထဲဒိုင်းမွန်းခုနစ်
ဖဲ ရောက်လာ၍ အမျိုးမျိုး စမ်းသပ်ကြည့်ရာခေါ်သည့်ဖဲအတိုင်း ဖြစ်နေ သည်ကိုတွေ့လိုက်ရသဖြင့်အလွန်ဝမ်းသာသွားခဲ့သည်။ ဆရာကြီးကိုလည်း
ထိုင်၍ကန်တော့လိုက်သည်။
“အေး … အေး ငါ့တပည့် ဒီပညာနဲ့ လုပ်စားတော့မယ်ဆိုရင် ဆရာကြီး မှာခဲ့တဲ့ အချက်သုံးချက်ကို အမြဲသတိရပြီး လိုက်နာပါ။ အဲဒီအချက်တွေကို ဖောက်ဖျက်ရင်တော့မင်းအသေဆိုးနဲ့သေရလိမ့်မယ်။” “ဟုတ်ကဲ့ပါ ဆရာကြီး- ကျွန်တော်လိုက်နာပါ့မယ်” “အေး..အေးကဲ -လာလာ ပြန်ကြရအောင်”
ဤသို့ဖြင့် ကျွန်တော်နှင့် ဆရာကြီးသင်္ချိုင်းကုန်းမှ ပြန်လာခဲ့ကြသည်။ “ကဲ – လိုချင်လွန်းလှတဲ့ဖဲမှော်တော့ရလာခဲ့ပြီ။ကဲ-ဒီနေ့ကစပြီးတွေ့ကြပြီ ပေါ့ကွာ”
အဲဒီလိုပဲ ကျွန်တော်နယ်တကာလှည့်ပြီးဖဲရိုက်တော့တယ်။ ရိုက်တိုင်း လည်း ဆရာကြီးမှာတဲ့မာန်မတက်နဲ့၊ မဖြစ်နိုင်တာမတောင်းနဲ့ဆိုတဲ့စကား ကိုလိုက်နာပြီးကစားခဲ့တယ်။ ကစားတိုင်းလည်းနိုင်ခဲ့တယ်။ ဒီတစ်ခါတော့ ရတဲ့ပိုက်ဆံကိုသုံးဖြုန်းမပစ်ဘဲစုဆောင်းထားခဲ့တယ်။မိန်းမနဲ့သားသမီးတွေ ဆီ (၃)လ (၄)လလောက်နေပြီးမှ တစ်ခေါက်ပြန်တယ်။ စားဖို့သောက်ဖို့ လောက်ပဲပေးကမ်းခဲ့တယ်။
ကျွန်တော်မပေးလည်း ကျွန်တော့မိန်းမစိန်မေက ဘာမှ မပြောဘူး။ သူတို့ဘာသာပဲ လုပ်စားကြတယ်။ တစ်နှစ်လောက်ကြာတော့ ကျွန်တော့် နယ်မှာ ဖဲရိုက်စားလို့ မရတော့ဘူး။ ကျွန်တော်ပါရင် ဘယ်သူမှ မကစားကြ တော့ဘူး။ဒါကြောင့်ကျွန်တော်ကဖဲရိုက်ဖို့နယ်သစ်ရှာရတယ်။ နေရာဒေသ
အနှံ့သွားပြီး ဖဲရိုက်ရတယ်။
ဒေသအနှံ့သွားပြီး လူမျိုးပေါင်းစုံနဲ့တွေ့ရတော့ အရင်က ဖြတ်ထားတဲ့ အရက်ကိုလည်းပြန်သောက်မိလာတယ်။လူကလည်းအတော်လေးပိုက်ဆံ ရှိလာတော့ အောက်ခြေက လွတ်ချင်လာတယ်။ ကျွန်တော့်ဘေးမှာလည်း ပေးကျွေးထားတဲ့ လူမိုက်ယောင်ယောင် တပည့်ကလည်း (၃)ယောက် လောက်အမြဲပါတယ်။ မပါလည်းကျွန်တော်ကဂရုမစိုက်ပါဘူး။ ငယ်ငယ်က တည်းက ခပ်ပေပေအပြင် မြန်မာ့သိုင်းကိုလည်း ကျွမ်းကျင်သည်အထိ
သင်ထားခဲ့တာကိုး။
ဒီလိုနဲ့ သုံးနှစ်လောက်ကြာတော့အကုသိုလ်ကံကအကျိုးပေးချိန်တန် လာပြီလေ။တစ်နေ့တော့ဖဲသမားစိန်လင်းတစ်ယောက်ကျွန်တော်တည်းနေ
တဲ့နေရာကိုလာပြီး –
“သူငယ်ချင်းကျော်ဒင်” – ငါဝိုင်းကြီးဝိုင်းကောင်းတွေ့ထားလို့ကွ” “ဟုတ်လား … သူငယ်ချင်း ဘယ်မှာလဲ”
“ဟိုကွာ – ကျိုက်ထော်တောင်ပိုင်းကအသုဘအိမ်မှာကွ။ပိုက်ဆံကိုဖွေး နေတာဘဲ သူငယ်ချင်းဆို သဲ့ယူရုံပဲ”
“လုပ်လိုက်ကွ – ဒါမျိုးမှ ကျော်ဒင်တို့က သဘောကျတာ”
“သူငယ်ချင်း – ငါ့ကိုဟို ဟိုကွာ”
“ဘာလည်းရတယ်။ မင်းအရက်သောက်ချင်လို့မဟုတ်လား။ငါ့မှာမြို့က ဝယ်လာတဲ့ ရမ်ရှိတယ်။ ကဲ – ရော့ ချကွာ” “မင်းလည်း ချလေကွာ” “အေးပါချတာပေါ့”
နှစ်ယောက်သား ရမ်တစ်လုံးကိုသောက်၍ ကျိုက်ထော်ရွာဘက်သို့ ထွက်ခဲ့ကြသည်။ ဖြစ်ချင်တော့ ကျွန်တော်နှင့်တပည့်တစ်ဦးသာ ပါလာခဲ့ သည်။ ကိစ္စမရှိပါ။ ဒါမျိုးတွေကကျွန်တော့အဖို့ရိုးနေပြီပဲကိုး။ အသုဘအိမ်ရောက်တော့ ဖဲဝိုင်းလေးငါးဝိုင်းခန့်ကိုတွေ့လိုက်ရသည်။
ကျွန်တော်လည်းခပ်ထွေထွေနှင့်ကြေးအကြီးဆုံးဝိုင်းအနားသို့ကပ်သွားပြီး “ကဲ – ဒီဝိုင်းမှာ ကျွန်တော်ဒိုင်လုပ်မယ်ဗျာ။ ကြိုက်သလောက်ထိုး” ပြောပြောဆိုဆိုငွေထုပ်ကိုပါထုတ်ပြလိုက်သည်။ငွေများများမြင်တော့ ဒိုင်ဝင်ထိုင်လိုက်သည်။ သူငယ်ချင်းဖြစ်သူစိန်လင်းကအလျှော်အစားနေရာ မှ ဝင်ထိုင်သည်။ ကျွန်တော်က ဖဲထုပ်ကို ကောက်ကိုင်ကာ ကုလားဖန်ထိုး ပြီးတစ်ချပ်စီဝေလိုက်သည်။
ကဲ – ကဲ ကြိုက်သလိုထိုး အပယ်မရှိဘူး” “ကဲ – ကဲ – လက်ရှောင်ကဲကွာ”
“ဖြန်း”
“ကိုး –
း “ဟာ- ဒိုင် – ကိုးကွ”
“ဟာ – သေရောကွာ ရှစ်နဲ့ခံရတယ်။” “ဘာထူးလဲကွာ ဒီမှာ ခုနစ်နဲ့”
ကျွန်တော်ကဝိုင်းထဲတွင်ထိုးထားသောငွေနည်းပါကအပွင့်ကိုလျှိုထား ပြီးအလျှော်ပေးလိုက်သည်။ထိုးထားငွေများပါကအပွင့်ကိုအကြီးခေါ်တောင်း
ပြီး စားလိုက်သည်။ ဤသို့ဖြင့် တစ်နာရီခန့်ကြာသောအခါ ငွေအတော် များများ နိုင်နေပြီဖြစ်သည်။
သို့သော် ထိုနေ့က ဖဲဝိုင်းတွင် လက်ခလယ်အိမ်တစ်အိမ်မှာ ထူးထူး ခြားခြားဖဲကောင်းနေသည်။ရှစ်၊ကိုး၊ကုလားသုံးကောင်စသည်ဖြင့်အမြဲတမ်း ကျနေသည်။ ကျွန်တော်ကလည်းသောက်ထားသည့်အရက်ရှိန်နှင့် စိတ်ထဲ မှာမခံချင်ဖြစ်လာသည်။ သူကလည်းဖဲကိုနောက်ဆုံးမှလှန်သည်။ သုံးကြိမ် တွင် နှစ်ကြိမ်လောက် အမြဲရှုံးနေသည်။
ဖဲလိမ်ရိုက်သည်လည်းမဟုတ်။ ဖဲထုပ်ကိုကိုင်ပင်မကိုင်။ ဝေပေးသော ဖဲကိုသာလျှင်လှန်ခြင်းဖြစ်သည်။ ပထမပိုင်းတွင် ဆရာကြီး၏မာန်မတက်နှင့် ဆိုသော စကားကို လိုက်နာနိုင်သော်လည်း သောက်ထားသည့် အရက်ရှိန် နှင့်မခံချင်စိတ်တို့ပေါင်းစပ်လာသောအခါမျက်စိထဲတွင်ဘာမှမမြင်တော့ပါ။ ဝိုင်းထဲတွင်လည်းသူနှင့်ကျွန်တော်နှစ်အိမ်ထဲကစားနေရသလိုဖြစ်နေသည်။
ကျွန်တော်ကပင် စတင်၍ –
“ကဲ – သူငယ်ချင်းမင်းနဲ့ငါနဲ့နှစ်ယောက်ပဲ ကျန်တော့တယ်။ အဲဒီတော့ မင်းရှိတဲ့ငွေကိုတို့တစ်လက်ထဲ ဖြတ်မယ်။ ဖြစ်လား”
“ဖြစ်တယ် သူငယ်ချင်း – ကြိုက်သလိုလုပ်”
ကျွန်တော်တို့နှစ်ယောက် အခြေအနေကို စောင့်ကြည့်နေသော လူအုပ်ကြီးမှာလည်း ဘေးတွင် အုံခဲနေတော့သည်။ အသုဘအိမ်တွင် ရှိ သည့် အခြားဝိုင်းမှဖဲသမားအားလုံးသည်လည်း ကျွန်တော်တို့ ဝိုင်းသို့သာ
အာရုံစိုက်နေတော့သည်။
ကျွန်တော့်၏ဒေါသနှင့်မခံချင်စိတ်တို့ကြောင့် ဆရာကြီး၏မိန့်မှာချက် ဖြစ်သော“လူတစ်ယောက် သိပ်ကံကောင်းနေရင်ပညာက ဘယ်လိုမှမနိုင် တော့ဘူး သွားမပြိုင်ပါနဲ့” ဟူသောစကားကို လုံးဝ အမှတ်မရတော့ပါ။ “ကဲ – သူငယ်ချင်း စမယ်နော်”
“ရတယ် … သူငယ်ချင်းစ”
ကျွန်တော်က
သူငွေနှင့်ကျွန်တော့်ငွေကိုအချိုးကျပေါင်းစပ်ပြီးအလယ်
ကောင်တွင် ထားပြီး ဖဲသုံးချပ်စီ ဝေလိုက်သည်။ ထို့နောက်-
“ကဲ – သူငယ်ချင်း မင်းဖဲကိုလှန်”
ကျွန်တော်ကပြောလိုက်သဖြင့် ထိုသူက သူ့ဖဲသုံးချပ်ကိုဖျာပေါ်လှန်ချ
လိုက်ရာ –
“ဟာ”
“တစ်သုံးလုံးကွ တစ်သုံးလုံး”
“ဟေး -ဖျောင်း-ဖျောင်း-ဖျောင်း”
“နိုင်ပြီကွ နိုင်ပြီ ကဲ – တစ်ရွာသား ဘာတတ်နိုင်သေးလဲ” ကျွန်တော့်မျက်စိထဲတွင် ဘာမှမမြင်တော့ပါ။ဒေါသနှင့်မခံချင်စိတ်က
အထွတ်အထိပ်ရောက်ရှိသွားပြီးဖြစ်သည်။ဆရာကြီးတင်မကဘယ်သူ့အမှာ စကားမှလည်း မသိတော့ဘဲ ဒေါသအလျှောက်လုပ်မိလုပ်ရာ လုပ်ချလိုက် တော့သည်တွင် တစ်သုံးလုံးကိုနိုင်သည့်ဖဲက လုံးဝမရှိတော့သည်ကို ကိုးမီးဖဲသုံးချပ်ကို လက်ထဲတွင် ရိုက်ချလိုက်ပြီး –
“ဖြန်း”
“တစ်သုံးလုံးထက်ကြီးတဲ့ မင်းအဘ ဆင်သုံးကောင်ကွ”
“ဟာ”
“ဟင်”
“အလိုဗျာ”
“လက်ထဲမှ ဖဲချပ်များကို ကြည့်၍ ကျွန်တော် ကြက်သေသေသွားခဲ့ သည်။ ဖဲချပ်သုံးချပ်အလယ်တွင် ဖဲပွင့်များ မရှိဘဲ ဆင်ရုပ်ကြီးများက ဖဲချပ် တစ်ချပ်လျှင်တစ်ရုပ်၊ပေါင်းသုံးကောင်။ ဖဲချပ်များတွင် ဆင်ရုပ်ပါသောဖဲချပ်ဆိုတာ မရှိပါ။ ဝိုင်းကြည့်နေသော လူအုပ်ကြီးက ခေတ္တမှင်သက်နေပြီး နောက်-
“ဟာ.. ဒီလူဖဲလိမ်ရိုက်တာကွ” “ဟုတ်တယ် – လူလိမ်ကွ” “ချကွာ … ချ သတ်ပစ်” “ဟုတ်တယ်ချကွာ- ကဲကွာ” “ဖြောင်း” ဒုတ် ဒုတ်–”
လူအုပ်ကြီးထံမှဒေါသများသည် ကျွန်တော့်ထံသို့ရောက်ရှိလာခဲ့တော့ သည်။ အခြေအနေကို ရိပ်မိသော စံလင်းနှင့် ကျွန်တော့်တပည့်တစ်ဦးက တော့ဘယ်အချိန်ကလစ်သွားသည်မသိ။လူအုပ်ကြီး၏တုတ်၊ ဓားချက်များ ကြောင့်နေရာမှပင်မထနိုင်တော့ဘဲအသက်နှင့်ခန္ဓာကိုယ်ကင်းလွတ်သွား
ခဲ့ရတော့သည်။
“ဟင် – ဒါဆို ဟို လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်လောက်က ကျိုက်ထော်က ဖဲဝိုင်းမှာဝိုင်းဒိုင်ခံလို့သေသွားတဲ့ဖဲသမားကျော်ဒင်ဆိုတာလူလေးပေါ့” “ဟုတ်တယ် အမေ – ကျွန်တော်ပဲ ကျွန်တော်ဝိညာဉ်ဘဝနဲ့ လျှောက်သွားနေတုန်းအမေလာတာကိုမြင်တော့အမေနဲ့နေရအောင်ဆိုပြီး
လိုက်လာတာ”
“ဒါကြောင့်ဒီဘဝမှာအဖေတို့အမေတို့သားမောင်မောင်အောင်ဖြစ်နေ
တာပေါ့”
“သားက ဒါဆိုဟိုဘဝက အကြောင်းတွေ အကုန်မှတ်မိနေတာပေါ့” “ဒါပေါ့ အမေရ- သာယာကုန်းရွာက ကျွန်တော့်မိန်းမ စိန်မေရော သားရော သမီးရော အားလုံးကို မှတ်မိနေတယ်။ တွေ့လည်းတွေ့ချင်တယ် အမေရာ။ ကျွန်တော့်ကိုလိုက်ပို့စမ်းပါ”
“အေးပါ … သားရယ် အမေတို့ ဒီ ခြံလုပ်ငန်းလေး လက်စသတ်ရင် လိုက်ပို့ပါ့မယ်”
“တကယ်နော်…အမေ” “တကယ်ပေါ့ သားရဲ့” “ဟေး- ဟုတ်ပြီကွ”
နောက်နှစ်ပတ်ခန့်အကြာတွင်ဦးတိုးမောင်နှင့်မခင်မိတို့သည်သားလေး
မောင်မောင်အောင်ကို ခေါ်ဆောင်၍ ဟံသာဝတီအနောက်ခြမ်း မုတ်ကျွန်း တိုက်နယ်ရှိ သာယာကုန်းရွာသို့ ရောက်ရှိလာခဲ့ကြတော့သည်။ ရွာလယ်ရှိ
ခြံတစ်ခြံရှေ့သို့
ရောက်သောအခါတံခါးကိုဖွင့်၍ဝင်သွားပြီး-
“စိန်မေရေ….ဟေ့စိန်မေ”
“စိန်မေရေ … ခေါ်နေတာမကြားဘူးလားဟ” “လာပြီ…လာပြီ”
ပြန်ထူးသံနှင့်အတူ အသက် (၄၅)ခန့် အမျိုးသမီးကြီးတစ်ယောက် ထွက်လာသည်။ အိမ်ရှေ့တွင် အသက် (၁၀)နှစ်အရွယ်ကလေးတစ်ဦးကို တွေ့လိုက်ရသည့်အပြင် ခြံဝ၌လည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ် ဦးကိုတွေ့လိုက်ရသဖြင့် ဇဝေဇဝါဖြစ်ကာ-
“ဘယ်သူကိုတွေ့ချင်လို့လည်း ခုနကစိန်မေလို့ခေါ်လိုက်သလားလို့”
“ဟုတ်တယ်လေငါခေါ်တာနင်ငါ့ကိုတောင်မမှတ်မိတော့ဘူးလား”
“နေပါဦး၊ မင်းက ဘယ်သူလည်း မင်းအသက်အရွယ်နဲ ငါ့ကို စိန်မေလို့ ခေါ်ရလောက်အောင်”
“ဟဲ့…စိန်မေရဲ့ငါကနင့်ယောက်ျားကျော်ဒင်လေ-ဖဲသမားကျော်ဒင်ပေါ့။
ဘာလည်း မမှတ်မိတော့ဘူးလား”
ကွယ်လွန်သွားသော လင်ဖြစ်သူကျော်ဒင်ဟူသော အသံကြောင့် ဒေါ်စိန်မေ မျက်လုံးပြူးသွားပြီး မောင်မောင်အောင်ကို စူးစိုက်၍ ကြည့်နေ လိုက်သည်။ ထိုအခါခြံဝတွင်ရပ်နေသောကိုတိုးမောင်နှင့်မခင်မိတို့ဝင်လာ ပြီးဒီလိုပါအစ်မကြီးဟုအစချီပြီးမောင်မောင်အောင်အကြောင်းကိုအစအဆုံး
ပြန်ပြောလိုက်သည်။
ထို့ပြင်မောင်မောင်အောင်ကလည်းဖဲသမားကျော်ဒင်ဘဝကဝတ်ဆင်
ခဲ့သော အဝတ်အစားများ၊ နွားများ၏ အမည်၊ အရောင်၊ လယ်ကွက်အနေ
အထား မကျန် အလုံးစုံ ပြောပြလိုက်သောအခါဒေါ်စိန်မေမှာယုံကြည်သွား
ပြီးမောင်မောင်အောင်ကိုဖက်၍ချုံးပွဲချငိုကြွေးတော့သည်။ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် တစ်ရွာလုံး ရောက်ရှိလာကြပြီး မေးမြန်း စုံစမ်းကြရာ တစ်ခြံလုံးအုန်းအုန်းထနေတော့သည်။
ထိုအချိန်တွင် အသက် (၅၀)ခန့်လူကြီးတစ်ယောက် ရှေ့သို့ တိုးထွက် လာပြီး-
ကဲ -ကဲ – ကလေးမင်းကဖဲသမားကျော်ဒင်ဆိုရင်ငါကိုကော သိလား ပြောစမ်း”
“အောင်မာ – စိန်လင်းရာ – မင်းကိုမသိတာမှတ်လို့မင်းလာခေါ်လို့ကျိုက် ထောက်ဖဲဝိုင်းလိုက်လို့ ငါသေခဲ့ရတာလေ” “အေးပါ…သူငယ်ချင်းရယ်အဲဒီအတွက်ငါလည်းအခုထိစိတ်မကောင်း
ဖြစ်နေတာပါ။
အခုရော မင်း အရင်လို ဖဲရိုက်တုန်းဘဲလား” “မရိုက်တော့ပါဘူးကွ ဘုရားလူကြီးလုပ်နေတယ်” “အေး…အေးကောင်းတယ်”
“ကဲ – ဒါဆိုဒီက နှစ်ယောက်ကရော ဘယ်သူတွေလဲ” ဦးစိန်လင်းက အသက် (၂၀)ခန့်ရှိ လူရွယ်တစ်ဦးနှင့် (၁၈)နှစ်ခန့်ရှိ မိန်းကလေးတစ်ဦးကို ပြ၍မေးလိုက်သည်။ “သား…သမီး….အဖေလေမင်းတို့အဖေ ကျော်ဒင်လေ”
လူရွယ်နှစ်ဦးမှာလည်း အကျိုးအကြောင်း သိပြီးဖြစ်၍ ကလေးငယ်ကို ဖက်၍ငိုကြတော့သည်။ဝိုင်းကြည့်နေကြသောလူအုပ်ကြီးမှာလည်းဝမ်းနည်း ဝမ်းသာ ဖြစ်နေကြတော့သည်။ ထိုအချိန်မှာပင် အဒေါ်ကြီးတစ်ယောက် ရောက်ရှိလာပြီး“ မင်း… ငါ့ကိုရောမှတ်မိရဲ့လား” ဟုမေးတော့သည်။ “မှတ်မိတာပေါ့ အဒေါ်ကြီးရယ် ငယ်ငယ်ကတည်းက အတူနေခဲ့တာ။ ပြီးတော့လည်း အဒေါ်ကြီးကျေးဇူးတွေ ကျွန်တော့်အပေါ်မှာ အများကြီးရှိပါ တယ်။အဲဒီကျေးဇူးတွေလည်းဆပ်ချင်တယ်။ ပြီးတော့ကျွန်တော့်မိန်းမရယ်
သားနဲ့သမီးတို့ကိုလည်း ကူညီထောက်ပံ့ချင်လို့ပါ”
“အမယ် – တယ်ဟုတ်ပါလားဟေ့ – မင်းက ဘာနဲ့ထောက်ပံ့မှာလဲ” “နောက်တော့ အဒေါ်ကြီးသိလာမှာပေါ့”
“ဒါထက်အဒေါ်ကြီးကျွန်တော့်ကိုလက်ဖွဲ့ထားတဲ့လယ်(၁၀)ဧကရှိသေး
လား။ ကျွန်တော်ဖဲရိုက်စရာ မရှိလို့ အဒေါ်ကြီးကို ပြန်ရောင်းထားတာလေ” “ရှိပါတယ်တော်ရှိပါတယ်။ အဲဒီလယ်တွေကိုမင်းမိသားစုဆီမှာပြန်ချ
ထားတာပါ”
“အဲဒီလယ်တွေကို ကျွန်တော်ပြန်ဝယ်ချင်တယ်”
“ပိုက်ဆံပေးရင် ရောင်းမှာပေါ့တော့”
“ပေးမှာပေါ့အဒေါ်ကြီးကလဲ”
“ကောင်းပါပြီတော် – ကောင်းပါပြီ”
ထိုနေ့တစ်နေ့လုံးမောင်မောင်အောင်၏မိဘနှစ်ပါး။ယခင်ကျော်ဒင်ဘဝ ကမိသားစုများယခင်ဘဝကခင်မင်ရင်းနှီးခဲ့သောအပေါင်းအသင်းများဖြင့်
စကားပြော၍ မဝနိုင်အောင် ဖြစ်ခဲ့ရသည်။ ယခုဘဝမှ မိဘနှစ်ပါးမှာလည်း ဝမ်းနည်းဝမ်းသာ ဖြစ်ရသလို ယခင်ဘဝမှ ဇနီးနှင့်သားသမီးတို့ကလည်း သေဆုံးသွားသောခင်ပွန်း၊ဖခင်လူဝင်စားပြန်ဖြစ်၍သူတို့ထံပြန်ရောက်လာ
သဖြင့်အထူးဝမ်းသာနေကြသည်။ သားနှင့်သမီးကလည်းဖခင်ဝင်စားသော မောင်လေးကို ချစ်လိုက်ကြသည်မှာ ပြောစရာမလိုတော့ပေ။ ထိုနေ့ညက မောင်မောင်အောင်မှာ ဒေါ်စိန်မေရင်ခွင်ထဲတွင်အိပ်ပျော်သွားခဲ့သည်။ မိခင် ဖြစ်သူမခင်မိကတော့စိတ်မကောင်း။
နောက်တစ်နေ့နံနက်တွင်မောင်မောင်အောင်မှမိခင်၊ ဖခင်၊ အဒေါ်ကြီး နှင့်ယခင်ဘဝကဇနီးသားသမီးများကိုခေါ်၍အိမ်အနောက်ဘက်လက်ပံပင်
ကြီး အောက်သို့ ထွက်လာခဲ့သည်။ သားဖြစ်သူကို ပေါက်တူးတစ်လက် ယူဆောင်စေခဲ့သည်။လက်ပံပင်ကြီးမှာအနှစ်သုံးဆယ်ခန့်ရှိပြီဖြစ်၍ကြီးမား လှသည်။ သူခေါ်၍သာ လိုက်လာခဲ့ရသည်။ အားလုံးက စိတ်ထဲမှာ ဇဝေဇဝါ
နှင့် ဘာမှန်းမသိကြချေ။
လက်ပံပင်ကြီးအောက်သို့ ရောက်သောအခါ အရှေ့ဘက်သို့တန်းနေ သောကိုင်းအတိုင်းအပင်ခြေရင်းမှခြေလှမ်းငါးလှမ်းလျှောက်ပြီးရောက်သည့်
နေရာကိုသားဖြစ်သူအားပေါက်တူးဖြင့်တူးစေသည်။ သားဖြစ်သူကလည်း
ဘာမှပြန်မမေးဘဲပေါက်တူးဖြင့် တူးတော့သည်။ နှစ်တောင်ခန့်အနက်ရောက်သောလည်း ဘာမျှမတွေ့ရပါ။ “အဖေ ဘာမှမတွေ့ဘူးအဖေရ” မောင်မောင်အောင်မှာ ခေတ္တစဉ်းစားနေပြီး-
“ဟာ – ဟုတ်ပြီ သားရေ- အဖေမှားသွားလို့ အဖေလူကြီးဘဝ လူကြီး ခြေလှမ်းနဲ့ (၅) လှမ်း လှမ်းခဲ့တာ။ အခု ခြေလှမ်းနဲ့ ဘယ်တူမှာလဲ ဟုတ်ပြီ ဟုတ်ပြီ-ဒီနားကိုပြောင်းတူး”
ပြောပြောဆိုဆိုရှေ့သို့သုံးလှမ်းခန့်လှမ်းပြီးတူးခိုင်းလိုက်သည်။ထိုနေရာ တွင်တူး၍တစ်တောင်ခန့်အရောက်တွင်တစ်ပိဿာဝင်စဉ့်အိုးလေးတစ်လုံး
ကိုတွေ့လိုက်ရသည်။ စဉ်းအိုးမှာ အတန်ပင်လေးပြီးအဖုံးကိုသေချာစွာပိတ် ထားသည်။
တူးဖော်ရရှိသော စဉ့်အိုးကို အိမ်ပေါ်သို့ ယူဆောင်လာပြီး ဖျာပေါ်သို့ သွန်ချလိုက်သောအခါရွှေဒင်္ဂါးများ၊ရွှေလက်ကောက်ဆွဲကြိုး၊ လက်စွပ်ပေါင်း တစ်ပိဿာခန့်ကိုတွေ့လိုက်ရတော့သည်။ အားလုံးမှာလည်းမယုံကြည်နိုင် လောက်အောင် အံအားသင့်နေကြသည်။ “လူလေး ဒါတွေက”
“ဟုတ်တယ်အဒေါ်ကြီးဒါတွေကကျွန်တော်ပိုင်တဲ့ပစ္စည်းတွေပါ။ အရင်
ဖဲသမားကျော်ဒင်ဘဝကဖဲရိုက်ပြီးစုထားတာတွေပါ။”
“ဖဲရိုက်ပြီး စုတယ် ဟုတ်လား”
“ဟုတ်ပါတယ် – ကျွန်တော်ဖဲကြောင့် ဘဝပျက်တယ်။မိန်းမနဲ့သားတွေ သမီးတွေလည်း ကျွန်တော်ကြောင့် ဒုက္ခရောက်ရတာကို စိတ်မကောင်းလို့ ဆရာကြီးတစ်ယောက်ကိုရှာဖဲမှော်သွင်းပြီးဖဲရိုက်ခဲ့တယ်။ အဲဒီကဖဲနိုင်တာ တွေကိုမိသားစုကိုနည်းနည်းပဲပေးပြီးအားလုံးကိုဖဲရိုက်ခဲ့တယ်။အဲဒီကဖဲနိုင် တာတွေကိုမိသားစုကိုနည်းနည်းပဲပေးပြီးအားလုံးကိုရွေတွေဝယ်စုတယ်။
တစ်ချိန်ကျရင်မိသားစုချမ်းချမ်းသာသာနေရအောင်ဆိုပြီးလုပ်ခဲ့တာ။ဒါပေမဲ့ ဒီအောက်လမ်းမှော်ပညာကြောင့်ပဲ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်လို့ ဥပစ္ဆေဒ
ကံနဲ့ သေခဲ့ရတယ်။”
“ဒါပေမဲ့ ဒီဘဝမှာ အဲဒါတွေကို ပြန်သတိရလို့ အခု ပြန်ဖော်ယူတာ။ ဒီတော့ဒီရွှေတွေကို သုံးပုံပုံပြီးတစ်ပုံကိုအဒေါ်ကြီးယူပါ။ တစ်ပုံကိုဒီဘဝက မိဘတွေကို ပေးပါ။ ကျန်တဲ့တစ်ပုံကို စိန်မေတို့မိသားစုကို ပေးလိုက်ပါ”။ “ကျုပ်အတွက် မယူပါဘူးတော် – ကျုပ်မှာ ပြည့်စုံပါတယ်”
“ဒါဆိုရင် အဒေါ်ကြီးအတွက်တဲက လယ်ဖိုးကိုနုတ်ပြီး ကျန်တာကို ဘုန်းကြီးကျောင်းလှူပါ။ သာဓုပါ- သာဓုပါ။ ကျုပ်လုပ်ပေးပါ့မယ်” ဤသို့ဖြင့်မောင်မောင်အောင်သည်ယခင်ဘဝကစုဆောင်းထားခဲ့သော ပစ္စည်းများကိုယခုဘဝတွင်ပြန်လည်ရယူပြီးယခုဘဝမိသားစုနှင့်ယခင်ဘဝ မိသားစုများအတွက် ၎င်းရွာဦးဘုန်းတော်ကြီးကျောင်းနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ရန် ပေးကမ်းလှူဒါန်းခဲ့ပါသည်။ သူကိုယ်တိုင်မှာတော့ကျောင်းတက်သည့်အချိန်တွင်ယခုမိသားစုဖြင့်
နေထိုင်ပြီး ကျောင်းပိတ်သည့်အချိန်တွင် ယခင်ဘဝက မိသာစုများထဲသို့ သွားရောက် နေထိုင်ခဲ့သည်။ ယခင်ဘဝက ဇနီးဟောင်း မစိန်မေကိုလည်း စိန်မေဟု၎င်း ၊သားနှင့်သမီးကိုလည်း သားဟူ၍၎င်း၊သမီးဟု၎င်း ခေါ်ဆိုနေ တုန်းဖြစ်သည်။ ကလေးများကလည်းမောင်အငယ်ဆုံးအရွယ်ကို အဖေဟု ခေါ်နေရာအကြောင်းမသိသူများအဖို့ အံ့အားသင့်စရာပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ မောင်မောင်အောင် (ခေါ်) ကျော်ဒင်တစ်ယောက်မှာ တော့ မိသားစုနှစ်စုထဲတွင် တစ်လှည့်စီ ပျော်ရွှင်စွာ နေလာခဲ့သည်မှာ ယခု အချိန်(တက္ကသိုလ်) ဒုတိယနှစ်ရောက်သည်အထိပင် ဖြစ်ပါတော့သည်။
ဝင်းနိုင် (ရွှေပြည်သာ)