မျက်စိလျင်လျင်လက်
သွက်သွက်ရိုက်သွားရင် တစ်ယောက်
တစ်အိုးချက်တော့ပြေးမလွတ်လောက်
ပါဘူးဗျာ”
ဘာမျှမသိသော ဦးမောင်ကြိုင် ကလည်း ကျွန်တော့်အဆိုပြုချက်ကို
ထောက်ခံသည်။
“အေးပါ ကောင်လေးရာ။ငါလည်း မျက်စီလျင်လျင် ထားပါ့မယ်ကွာ”
ဗားရိုက်ချိန်သာ တစ်နာရီခန့် ကုန်
သွားသည်။ကျွန်တော်တို့ကားဗားလေး ငါးကောင်ထက် ပိုမရ၊ ကျွန်တော်
အနည်းငယ် စိတ်ဓာတ်ကျစ ပြုလာ
သည်။ ထိုအချိန်၌ပင် မိုးက တဖွဲဖွဲရွာချ
သည်။ ထိုမိုးရွာချိန်၌ပင် ကျွန်တော့်
ဆရာဦးတင်မောင်အခေါ်ဖြင့် စားဗား
ကြီး(အချို့အရပ်များတွင် ဖားပေါင်ဝင်း) အော်သံတစ်သံကို ကြားလိုက်ရပေ သည်။ (ထိုဖား၏အော်သံမှာ ဘုတ်ငှက်
အော်သံနှင့် ခပ်ဆင်ဆင်တူပါသည်။) “အုံ -အင် – အုံ ၊- အင် – အုံ –
ကျွန်တော် လယ်ကန်သင်းတွင် မတ်တတ်ရပ်ရင်း နားထောင်နေလိုက် သည်။ သေချာသည်။ ဖားကြီးတစ် ကောင်၏ အော်သံဖြစ်သည်။ ဦးမောင် ကြိုင်ကလည်း ကျွန်တော် လယ်ကန် သင်းပေါ်တွင် မတ်တတ်ရပ်၍ နားစွင့်နေ
သောကြောင့် သူလည်း ရှေ့ဘက် ဆက် မသွားတော့ဘဲမတ်တတ်ရပ်နေရင်းက
တိုးတိုးလေး ပေးသည်။ “ဘာဖြစ်လို့လဲ ကောင်လေးရ” “ဖားကြီး အော်သံရ “ဖားကြီးအော်တော့ ဘာဖြစ်လဲ
“ဦးမောင်ကြိုင် – သေသေချာချာ မှတ်ထားဗျ။ ဒီအသံဟာ ဖားကြီးတစ်
ကောင်ရဲ့ အော်သံပဲ၊ အဲဒီဖားကြီးတွေ
ဟာ မိုးရေခံရင်းဇိမ်တက်ပြီ၊ အော်နေ
တာဗျ။ အဲ – သူ့အနားကို မိးရောင်မပြ၊
ခြေသံလုံလုံနဲ့သွားပြီး အနားရောက်မှ
မီးခွက်ထွန်း၊ ဒါဆိုရင် သူ ရေထဲကို ခုန်
ဆင်းပြီး ရေအောက်ကို ငုပ်သွားလိမ့်
မယ်ဗျ။ သူ ရေငုပ်သွားတဲ့နေရာမှာ
သေသေချာချာလိုက်စမ်းကြည့်၊ သူ့ကို
မိပြီဗျ။ ရေထဲ ခုန်ဆင်းတဲ့ဖားများဟာ
ဘယ်နေရာမှ မရွေ့ဘူးဗျ၊ ခုန်ဆင်းတဲ့
နေရာမှာပဲ ဝပ်နေတတ်တယ်ဗျ၊ အဲဒီ
ဖားကိုမိရင် အခင်းတပ်ထားတဲ့ ပလိုင်း
ထဲထည့်၊ မိုးရေထဲမှာ ပစ်ထားလိုက်၊ မိုး
မလင်းခင် ပလိုင်းကိုလာကောက်လိုက်၊
ပလိုင်းထဲ ထည့်ထားတဲ့ဖားဟာ ဖားမဖြစ်နေမယ်ဆိုရင် ဖလိုင်းထဲမှာ နောက် ထပ်ဖားဆယ်ကောင်လောက်ကအသာ
လေးဝင်ခိုနေမှာအသေအချာပဲဗျ”
ကျွန်တော့် စကားဆုံးသောအခါ
ဦးမောင်ကြိုင်က အားတက်သွားပြီးသူ
သိချင်သည်ကို မေးမြန်းလေတော့သည်။
“ဒါဆိုအဆင်ပြေတာပေါ့ကွာ၊ ဖား
တစ်ကောင်ဖမ်းမိပြီးအခင်တပ်ပလိုင်၊
ထဲထည့်ပြီးမိုးရေထဲပစ်ထားရုံနဲ့ မိုးလင်း
ရင် ဖားဆယ်ကောင်လောက် ရမယ် ဆိုတော့ ဖားထိးကို ထည့် ထာ၊မိရင်ကောကွာ”
“ဖားဘီးကို ထည့်ထားမိရင်တော့ ထည့်ထားတဲ့တစ်ကောင်အတိုင်းပဲ ရှိမှာ
ပေါ့ဗျာ။ ကျွန်တော်တို့ လူတွေတောင်
ပြောလေ့ ရှိကြတယ် မဟုတ်လား။
ယောက်ျားကြိုက်တော့ စိုက်စိုက်လာ
ဆိုတဲ့စကားလေ၊ ဘယ်နေရာဖြစ်ဖြစ်
အမရှိရာအထိ၊လာလေ့ရှိတာ သဘာဝပဲလေ”
“တို့ – ခုဖမ်းမယ့်ဖား မိပြီပဲထာ၊ တော့၊ အဲဒီကောင်ကိုအထီးလားအမ
လားမင်းခွဲတတ်လားကွ”
“အား- အဲဒီဖာ၊အထိအမခွဲတဲ့ ပညာကို ဦးတင်မောင်ကကျွန်တော့်ကို
သင်မပေးရသေးဘူးဗျ
“ဟာ-ဒါဆို ဘယ်လိုလုပ်မလဲကွ။
ပလိုင်းထဲထည့်မယ့်ဖားက ဖားထီးဆို
ရင် ဘယ်လိုလုပ် အဆင်ပြေတော့မှာ
တဲ့လဲ”
“အဆင်ပြေပါကယ်ဗျာ။ ပလိုင်း အခင်သာခိုင်ခိုင်ချည်ထား။ တိုးမလာ သော်ငြားလည်းဒီကောင်ကတော့ဘယ်လိုမှထွက်ပြေးနိုင်မှာမဟုတ်တော့ဘူး
“အေး- မင်းပြောတာလည်းဟုတ်
သလိုလိုပဲကွ။ ဒါနဲ့ဖားကိုမင်းဖမ်းမလား၊
ငါဖမ်းရမှာလား”
“ဦးမောင်ကြိုင်ပဲဖမ်းလိုက်လေဗျာ။ ဒါဆိုဦးမောင်ကြိုင်လည်းအတွေ့အကြုံ
တစ်ခု ရသွားတာပေါ့ မဟုတ်လား။
နောက်ပြီးကျွန်တော်ပြောတဲ့ဖားဖမ်းတဲ့ အစီအစဉ်ကိုလည်း မှတ်မီတယ်မို့လား”
“အေး- မှတ်မိပါတယ်ကွ၊ ဒါဆို ငါလည်းဗားဖမ်းတဲ့လက်တွေ့လေ့ကျင့် ခန်းလုပ်ပြီးသား ဖြစ်သွားတာပေါ့ကွာ။
မင်းဆရာနဲ့ဆို ကိုယ်တိုင်ဗမ်းရဖို့ မသေ
ချာဘူ၊က္ခ။ခုလိုအခြေအနေဆိုပိုဆိုးမှာ
က္ခ၊ ဖားမရမှာ စိုးလို့ သူကိုယ်တိုင်ပဲ ဖမ်း
မှာသေချာတယ်။ နောက် မင်းကတော့ ငါ့နောက်ကလိုက်ခဲ့မှာလား” “မဟုတ်ဘူးလေဗျာ- ကျွန်တော်
က ဒီလယ်ကန်သင်းပေါ်ကပဲ ထိုင် စောင့်နေမယ်။ ဦးမောင်ကြိုင်က တစ်
ယောက်တည်း မသွားရဲလို့လား။ ကျွန်
တော်ထိုင်နေတဲ့ ဒီကန်သင်းနေရာ
လောက်ကို စိတ်မှန်းနဲ့ မှတ်ထား၊ ပြီး
တော့- မှန်းပြီးပြန်လာခဲ့မီးရောင်တွေ့ရင်
ကျွန်တော်အသံပြုမယ်၊ ဒါပေမဲ့-တစ်
ယောက်နဲ့တစ်ယောက် ခုချိန်ကစပြီ၊
နာမည်တပ်မခေါ်နဲ့တော့နော်”
“ငါက သွားရဲပါတယ်ကွ။ မင်းက ဒီ
လယ်ကန်သင်းပေါ်မှာ တစ်ယောက်ထဲ နေရဲပါ့မလားလို့ ငါက စိုးရိမ်လို့ပါကွာ” “အာ-ဒါတော့စိတ်ချ။ဒီလယ်ကွင်းတွေဟာ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး
ကျွန်တော်တို့ခြေရာချင်းထပ်နေအောင်
သွားလာခဲ့တဲ့နေရာတွေပါ။နောက်ပြီး
ကျွန်တော်က ကျွန်တော့်အဖေနဲ့ ကျွန်
တော့်ထက်ကြီးတဲ့ သူတွေကိုသာ
ကြောက်တာဗျ၊ ကျန်တာတော့ စာ
တောင်မဖွဲ့ဘူး”
“ဒါဆို-ငါသွားမယ်ကွာ”
ပြောပြောဆိုဆိုနှင့် ဦးမောင်ကြိုင် ကဖားအုပ်ဆောင်း (ဖားလိုက်သည့်မီး)
ကို မီးငြှိမ်းလိုက်ပြီး ကျွန်တော့်အနားမှ
ထွက်သွားလေတော့သည်။ စင်စစ်
ကျွန်တော်ကိုယ်တိုင်ပင် ဖားကြီးတစ်
ကောင်တလေကိုမျှမဖမ်းခဲ့ဖူးပါ၊ ဦးတင်
မောင်ပြောသံကိုသာကြားခဲ့ဖူးခြင်းဖြစ်
သောကြောင့် ဖာဖမ်းသည့် နည်းစနစ်
သာသိပြီးလက်တွေ့ဖားဖမ်းခြင်းကိုမသိ
သူပီပီဦးမောင်ကြိုင်အားခပ်တည်တည်
နှင့် စကားကြီးစကားကျယ်ပြောပြီး
ဖားဖမ်းစေခဲ့ခြင်းဖြစ်ပါသည်။ သို့သော်-
ခုနဦးမောင်ကြိုင်ကို ပြောလိုက်သလို
ကျွန်တော်ကား ဘာကိုမျှ မကြောက်
တတ်ပါ၊ ဘာကိုမျှလည်းအယုံအကြည်
မရှိပါ။ ထို့ကြောင့် ကလေးသာသာ
အရွယ် (လူပျိုမဖြစ်တဖြစ်အရွယ်)ပင်
ဖြစ်သော်လည်း နေရာမရွေး သွားလာ ရဲပေသည်။
လယ်ကွင်းများ၏ မြောက်ဘက် တွင်ရှိသော ဂုန်နီစက်ရုံကာ၊ ဂိုဒေါင်များ နှင့် ယန္တရားစက်ဝင်းအတွင်းမှ ထိုးကျ လာသော မီးအလင်းရောင်ဖြင့် ရေနံဆီ
မီးခွက်ကို မီးမှုတ်၍ ဖားအော်သံထွက် ပေါ်လာရာ အမှောင်ထုအတွင်း လမ်း
လျှောက်သွားသော ဦးမောင်ကြိုင်၏
ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်
သွားလေဘော့သည်။ကျွန်တော်လည်း
လယ်ကန်သင်းတစ်ခုပေါ်တွင် တောင်
ဘက်သို့ မျက်နှာမူ၍ ထိုင်နေရင်း
ဦးမောင်ကြိုင် ထွက်သွားရာဘက်သို့
ငေးမောနေမိသော်လည်း ဆယ်မိနစ်
ခန့်ကြာသည်အထိပေါ်မလာလေသော
ကြောင့် အမှောင်ထဲတွင် ငေးမိဝေးရာ
ငေးမောနေသကဲ့သို့ အိပ်မပျော်သွား
အောင် သတိနှင့် ထိန်းထားရလေသည်။
ဦးမောင်ကြိုင် ထွက်သွားပြီး မိနစ်
နှစ်ဆယ်ခန့်အရတွင်ကျွန်တော့်နောက်
ဘက်လယ်ကွက်များဆီမှတစ်စုံတစ်ဦး
ရေတင်နေသည် လယ်ကွက်ကို ဖြတ်
ပြသွားသံကို ကြားလိုက်ရသော
ကြောင့် နောက်ဘက်သို့ ခေါင်းလည်၍
ကြည့်မိသည်။ သို့သော် အလင်းရောင် သဲ့သဲ့ လင်းလက်ဖနေသော လယ်ကွက် ထဲတွင် မည်သူမျှဖြတ်ပြေးသွားသည် ကို မတွေ့ရ။ ထို့ကြောင့် ရှေ့ဘက် ပြန် လှည်လိုက်သည်။ ခဏအကြာတွင် လယ်ကွက်ထဲတွင် ဖြတ်ပြေးသွားသံကို
ကြားလိုက်ရပြန်သောကြောင့် နောက်
ဘက်ကိုပြန်လှည့်ကြည့်မိပြန်သည်။
သို့သော် ရှေးနည်းအတိုင်းပင် ဘာတစ်
ခုမျှ ထူးခြားမှုကို မမြင်ရ၊ ထို့ကြောင့် ကျွန်တော့် စိတ်ထဲတွင် ထင်ယောင် ထင်မှား ဖြစ်ခြင်းသာဟု စိတ်ထဲတွင်
မှတ်ထင်လိုက်မိသည်။
ထိုသို့ အမှောင်ထုထဲ ကျွန်တော့် မျက်နှာမူရာ ရှေ့ဘက်သို့ ငေးစိုက်နေ
ချိန်တွင် ကျွန်တော့်ရှေ့ ဝယ်ပေခန့်
အကွာ လယ်ကွက်ထဲမှ ကျွဲလိုလို၊ နွား
လိုလိုအကောင်နှစ်ဆယ်ခန့် ဖြတ်ပြေ၊
သည်ကို မြင်လိုရပြန်သည်။ သို့သော်
ရေပြည့်နေသည့် လယ်ကွက်ထဲမှ မည်
သည့်အသံမျှထွက်ပေါ်မလာချေ။ ရုတ်
တရက် ကျွန်တော် အံ့အားသင့်သွား
သော်လည်း ထူးထူးခြားခြား ကြောက်
လန့်သော စိတ်မဖြစ်မိရေ။ အိပ်ငိုက်
စိတ်ကြောင့်အမြင်အာရုံမှားယွင်းမှုသာ
ဖြစ်သည်ဟု ထင်မိသောကြောင့် စိတ်
ထဲတွင်ထူးထူးခြားခြား မည်သို့မျှ မခံ
စားရ၊ ဆက်လက်၍ ကြည့်နေခိုက် နောက်ထပ်နှစ်ကြိမ် ထိုကဲ့သို့ ပြေးလွှား သွားသည်ကိုထပ်မံတွေ့ရပြန်သည်။ သို့သော် ရေပြင်လှုပ်ရှားမူနှင့် ရေ
ကို ဖြတ်ပြေ၊သံကား ထွက်မလာချေ။
ကြောက်ရွံ့စိတ် မဖြစ်သော်လည်း
နောက်ထပ် မည်သို့များ မြင်ရလေမည်
လဲဟူသောစူးစမ်းချင်သည့်စိတ်ကြောင့်
အိပ်ငိုက်ပြေသွားသည်။ ဆက်လက်၍
အမှောင်ထဲကို စူ၊စမ်းငေးစိုက်ကြည့်မိ
သော်လည်း မည်သည့်ထူးခြားချက်မျှ
ပေါ်မလာသောကြောင့် စိတ်ထဲတွင်
အနည်းငယ် ပျင်းရိလာသလိုလိုပင် ဖြစ်
မိချေတော့သည်၊
ထိုအခိုက် ကျွန်တော့်ရှေ့ဘက် ခပ်
လှမ်းလှမ်းမှု မီးအုပ်ဆောင်းနှင့် လူတစ် ယောက် ဒရောသောပါး လမ်းလျှောက် လာသည်ကို တွေ့လေသောကြောင့် ကျွန်တော်အသံပြုလိုက်သည်၊ “ဟေး”
ကျွန်တော့်အသံကြောင့် မီးအုပ် ဆောင်းနှင့်လူမှာ ခဏတော့အုံ့ဆိုင်း ဆိုင်။ ဖြစ်သွားသည်။ ထို့နောက် အသံ ပြန်ပေးသည်။ သို့သော် သူ့အသံမှာ အက်ကွဲကွဲ ရှတတ။
ထိုအသံမှာဦးမောင်ကြိုင်၏အသံ
မဟုတ်မှန်းသိလိုက်သောကြောင့်ကျွန်
တော်ဆက်၍အသံမပြုတော့၊ သို့သော်
ထိုမီးအုပ်ဆောင်းပိုင်ရှင်သည် ကျွန်
တော် ရှိ ရာဘက်ဆီသို့ ဦးတည်၍
လျှောက်လေသောကြောင့်
အစောပိုင်၊ကဘေးနားတွင် ချထားမိသည့် ဖားရိုက်
တုတ်ကို စမ်း၍ ကောက်လိုက်ပြီး ကျင်
ငယ် (သေး)ဖြင့် ပန်းလိုက်သည်။ ပြီး
နောက်မတ်တတ်ထရပ်လိုက်ပြီးအခြေ
အနေမဟန်က ကိုယ့် ဘက်က စတင်
တိုက်ခိုက်ရန် ပြင်ဆင်ထားလိုက်လေ
တော့သည်။
ထိုသူလည်းကျွန်တော့်ဘက်သို့
စိုက်စိုက်ဖြင့်လမ်းလျှောက်လာသည်ကို
တွေ့လိုက်ရလေသည်၊ကျွန်တော်သတိ
ထားနေလိုက်သည်။ အကယ်၍ တုတ်
တစ်လှမ်းစာခန့် ရောက်လာလျှင် လက်
ထဲမှတုတ်ဖြင့်လက်ဦးအောင်ရိုက်လိုက်
မည်ဟုလည်း စဉ်းစားထားလိုက်မိ
သည်။ တရွေ့ရွေ့ဖြင့် ထိုသူလည်း ကျွန်
တော်နှင့် မလှမ်းမကမ်းသို့ ရောက်လာ
သည်။ထိုအခိုက်တောင်ဘက် ခပ်လှမ်း
လှမ်းတစ်နေရာမှ အသံတစ်သံ ထွက် ပေါ်လာတော့သည်။ “ဟေး”
ဒီကောင်လေးက အကောင်သာ ငယ်သည် စကားပြောရာတွင် ကြီးကြီး ကျယ်ကျယ် ပြောတတ်သလို ဟိုစပ်စပ်ဒီစပ်စပ် လုပ်တတ်ကိုင်တတ်သည်။
တချို့ကိစ္စတွေကို သူကပင် လူကြီးတွေ
ထက်တတ်နေချေသေးသည်။ပြီးတော့
သူကရွယ်တူကောင်လေးများထက်ပို၍
သတ္တိကောင်းသည်ဆိုရမည်။ ဒီအရွယ်
ကောင်လေးတွေဟာများသောအားဖြင့်
ဟိုဟာကြောက်၊ ဒီဟာကြောက် ဖြစ်
တတ်ကြသော်လည်၊ သူကတော့ သုံ။
ရာသီလုံ၊ နေရာမရွေ၊ အချိန်အခါမရွေ၊
သွားလာတတ်သောကြောင့် ခုလို ဖား
လိုက်ရာတွင် တစ်ယောက်တည်း ထာ
ခဲ့ရသော်လည်း သူ့အတွက် သိပ်စိတ်ပူ
စရာမရှိ၊ဦးမောင်ကြိုင် တစ်ယောက်တည်း
တွေးတောရင်းဖြင့် ဖားအသံ ကြားရာ
ဘက်ဆီသို့ ဦးတည်၍ လာနေသည်။
သို့သော် ကောင်လေးပြောသလိုပင်
မိုးသိပ်မရွာလို့လားတော့ မသိ။ တခြား
ဖားများ၏ အော်သံကိုကား မကြားရ။
ဤတစ်ကောင်တည်းသော ဖား၏အော်
သံကား အသံခပ်ကျယ်ကျယ်နှင့် ပေါ်
လိုက် ပျောက်လိုက်ဖြစ်နေသည်။ ထို့
အတူ အသံလာရာသည်လည်း ဟိုနား လိုလို၊ ဒီနားလိုလိုနှင့်။ ခုပဲ သူ့ရှေ့ဘက် နားကအသံကြားသော်လည်းသေသေ ချာချာ နားစိုက်ထောင်လိုက်သောအခါ
အသံကဘေးနာ၊ဘက်ရောက်နေသလို
ကြားနေရပြန်သည်။ ထိုအသံနောက်
လိုက်ပြီ။ အနာ၊မရောက်တရောက်မှာ
ရပ်၍ အသံကို နားထောင်မိလိုက်သည့်
အခါအသံထွက်ပေါ်ရာက နေရာလွဲနပြန်သည်။
ဘာပဲဖြစ်ဖြစ်၊ ဒီဖာ၊ကို တော့
ရအောင်ဖမ်းရမည်။ ဒီဖားကိုမှ မရလျှင်
သူ့သားအရွယ်တူအရွယ်ကောင်လေး၏
ပြက်ရယ်လှောင်ပြောင်ခြင်းကို ခံရပေ
လိမ့်မည်။ထိုကဲ့သို့လည်းအလှောင်ခံ
နိုင်ပါ။ထို့ကြောင့်ဖားအော်သံကို နားစွင့်
ရင်၊ ဖားနောက်လိုက်မိသည်မှာအချိန်
ပင် အတော်ကြာသွားပြီ ဖြစ်သည်။
သို့သော်အမှောင်ထဲတွင် စမ်းတဝါးဝါး
လိုက်နေရင်း အချိန်ကုန်မှန်းမသိ ကုန်
သွားသည်ကိုကား သူ သတိမထားမိ
လိုက်၊ ထိုအခိုက် ခပ်ပါးပါး မိုးရိပ်တို့က
လေအသုတ်တွင် ရုတ်ခနဲ ရှင်းသွား သည်။ လဆန်းရက် လရောင်က လယ် ကွင်းထဲ ထိုးဖြာကျလာသည်။ သစ်ပင်ရိပ်များကိုတွေ့လိုက်ရသည်။နောက်ပြီး ခရာဆူးချုံများ၊ လယ်ကွင်၊ထဲတွင် သစ်ပင်များ မရှိကြောင်း သတိရမိသောကြောင့်သူသေသေချာချာအာရုံစူးစိုက်
ကြည့်လိုက်မီသည်၊ သေသေချာချာ
ကြည့်မိသောအခါမှ ခပ်လှမ်းလှမ်းတွင်
ဂုန်နီစက်ရုံနောက်ဘက်လှိုင်မြစ်ထဲသို့
စီးဆင်းနေသော ချောင်းကို လှမ်းမြင်
လိုက်ရသည်။ထိုအခါကျမှသူလမ်းမှား
နယ်ကျွံလာကြောင် သတိထာ၊လိုက်မိ
သည်။ သို့သော် ဖားအော်သံကား ကြား
နေဆဲပင်၊ ဦးမောင်ကြိုင် ခပ်သွက်သွက် ပင် ပီးအုပ်ထဲမှ မီးခွက်ကို မီးထွန်းညှိ
လိုက်သည်။ ထို့နောက် လာရာလမ်းမ
ဘက်ဆီသို့ မီးခွက်အလင်းရောင်ဖြင့်
မှန်းဆ၍ လျှောက်လာခဲ့မိပေတော့သည်။
သူလှမ်းလျှောက်လာရာလမ်းတစ်
လျှောက် သူ့နောက်မှ တစ်စုံတစ်ဦးက
လိုက်လာသလိုလို ခံစားရလေသည်။
ထို့ကြောင့်အနောက်ဘက်ဆီသို့ပြန်၍
ကြည့် မိသော်လည်း သူ့နောက်တွင်
တစ်စုံတစ်ယောက် လိုက်လာသည်ကို
မမြင်ရ။ထိုသို့နောက်ဘက်ကြည့်လိုက်
လမ်းလျှောက်လိုက်လုပ်ရင်၊ မကြာ
မကြာလည်။“ဟေ၊”ခနဲ “ဟေ၊”ခနဲ
ဟစ်အော်ရင်၊ လမ်းလျှောက်လာခဲ့ပေ
သည်။ သူ အချက်ပေးနေသော်လည်း
သူ့အသံအားတုံ့ပြန်အချက်ပေးသံကား
ပေါ်မလာသေး။ ဒါဆို သူ မူလထွက်ခဲ့
သည့်နေရာကို မရောက်သေး၊ ကောင်
လေးစောင့်နေမည့်နေရာကို မရောက်
သေး။ ဒီလို မှားယွင်းမှုကြောင့် မှောင်ထဲ
တွင် တစ်ယောက်တည်းကျန်ရစ်နေ
သော ကောင်လေးအတွက် စိတ်ပူပန်
လာမိသည်။ ကောင်လေးတစ်ခုခုဖြစ်
လျှင် အဖော်စပ်ခေါ်ဆောင်လာသည့်
သူ့အတွက် ကောင်လေး၏ မိဘများက
အပြစ်ဆို စရာ ဖြစ်ပေတော့မည်။
ထို့ကြောင့် အချက်ပေးသံကို အဆက်
မပြတ်အော်နေမိလေတော့သည်။
ထိုအခိုက်သူ့နားထဲတွင်သူ့အချက်
ပေးသံအား တုံ့ပြန်လိုက်သည့် အချက်
ပေးသံတစ်ခုကိုကြားလိုက်မိလေသော
ကြောင့် ဦးမောင်ကြိုင် ဝမ်းသာသွား သည်။ သေချာအောင်သူထပ်မံ၍အသံ
ပေးလိုက်ပြန်သည်။
“ဟေး..”
သူ ဝမ်းသာသွားသည်။ သူ့အား တုံ့ပြန်အချက်ပ၊သည့်အသံမှာကောင်
လေး၏ အသံဖြစ်သည်။ ထို့ ကြောင့်
ကောင်လေးရှိမည်ထင်ရသော နေရာ
အား“ဟေး”ခနဲအသံပြုရင်း လျှောက်
လှမ်းနေမိလေသည်။ အနားရောက်
သည့်အခါ သူ အံ့အားသင့်သွားသည်။
ကောင်လေးသည် လယ်ကန်သင်း
တစ်ခုပေါ်တွင် မတ်တတ်ရပ်ရင်း ဖား
ရိုက်တုတ်အားလည်းအသင့်တိုက်ခိုက်
ရန်ပြင်ဆင်ထားသည်ကိုတွေ့လိုက်ရ၍
ဖြစ်သည်။ သို့သော် သူ ဘာမျှတော့
မမေးတော့။အိမ်ပြန်ရန်သာ ပြောလိုက်တော့သည်။
“ကိုင်း-မောင်ကျော်ရေ၊ အိမ်ပြန်ကြစို့ကွာ”
ဦးမောင်ကြိုင်အသံအားတုံ့ပြန်နေ
သောကြောင့် အစောပိုင်းက သူ့ဘက်
လျှောက်လာသည့် မီးအုပ်ဆောင်းနှင့်
လူအား သူ သတိလက်လွတ် ဖြစ်သွား မိသည်။ အစောပိုင်းက သူနှင့် သိပ် မဝေးလှသော အကွာဝေးတွင် ရှိနေ သော်ငြားလည်းခုသူသတိရ၍ ကြည့်မိ
သည်အခါ ထိုသူအား မတွေ့တော့၊
လယ်ကွင်းအနံ့ မျက်လုံးဝေ့၍ကြည့်
လိုက်မိသော်လည်း ဘာတစ်ခုမျှမတွေ့၊
မီးအုပ်ဆောင်အလင်းရောင်ကိုသော်
မျှမတွေ့၊ ခဏအကြာတွင် သူ့အနာ၊
ရောက်လာသည့် ဦးမောင်ကြိုင်အား
တွေ့လိုက်ရလေသည်။တစ်ဆက်တည်း
ဦးမောင်ကြိုင်ကအိမ်သို့ပြန်ရန် ပြော
လေသောကြောင့် သူလည်း ဦးမောင်
ကြိုင်နောက်မှ လိုက်လာခဲ့မိလေတော့သည်။
ရပ်ကွက်ထဲ ပြန်ရောက်သည့်အခါ
ဦးမောင်ကြိုင်အိမ်သို့ဝင်ပြီး ခြေလက် ဆေးသည်။ ထို့နောက် သူတို့ ရလာခဲ့
သည့် ဖားများအား ခွဲဝေယူကြရန် သံ
လင်ဗန်းတစ်ခုထဲသို့ ပလိုင်းအခင်းအား
ဖြုတ်ပြီး မှောက်ချလိုက်သည်၊ သူတို့
အံ့အားသင့်သွားသည်။ ဖားတစ်ကောင်
မျှထွက်ကျမလာ။ထို့ကြောင့်ပလိုင်းထဲ
သို့လက်နှိုက်ကြည့်ကြသည်။ပလိုင်းထဲ
တွင်လည်း ဖားတစ်ကောင်မျှ ရှိမနေ
တော့။ ကောင်လေးက သူ့ကိုမေးသည်။ “ဗားတွေ ဘယ်ရောက်ကုန်လည်း ဦးမောင်ကြိုင်၊ ဖားအရနည်းလို့လမ်းမှာလွှင့်ပစ်လိုက်ပြီလား”
“ဘယ်ကလာ-လွှင့်ပစ်ရမှာလဲ
ကွာ၊ ငါကိုယ်တိုင်က ဖားကြော် စားချင်
လို့ မင်းကို အဖော်ခေါ်ပြီး ဖားရိုက်တာ ပေါ့ ကောင်လေးရာ၊ ငါ ဘယ်ကလာ လွှင့်ပစ်ရမှာလဲ”
ထို့နောက် သူကြုံခဲ့ရသည့် အခြေ
အနေများကို ပြောပြသည့်အခါ ကောင်
လေးကလည်း သူ တွေ့ခဲ့ရသည်များကို
ပြန်လည်ပြောပြလေသည်။ကောင်လေး
သည်။ခြေပျက်မသွား၊ ကြောက်လန့်
မသွားခြင်းကိုပင် ကျေးဇူးတင်ရဦးမည်
ဖြစ်သည်။ နံနက်လင်းသောအခါ သူတို့
နှစ်ဦး ကြုံတွေ့ခဲ့ရသည်များကို သူတို့၏
ဆရာကြီးဦးတင်မောင်က သရဲခြောက်
ခံရသည်ဟူ၍ ကောက်ချက် ချသည်။
ထိုနေ့မှစ၍ မောင်ကျော်ဆိုသောကောင်
လေးသည် သူဆရာဦးတင်မောင်မပါဘဲ
မည်သူနှင့်မျှ ဖားမရိုက်တော့ပေ။ ထိုမောင်ကျော်ဆိုသော စာရေးသူ
ပင် ယခုအခါ အသက်ငါးဆယ်ကျော် အဘိုးအို ပေါက်စလေးဖြစ်နေသော် လည်း ထိုညက အဖြစ်အပျက်များကို သရဲခြောက်သည်လာ။စိတ်ချောက်ချား
၍ ထင်ယောင်ထင်မှားဖြစ်သည်လား ဆိုသည်ကို လှံ၊ဝ ဝေခွဲမရဖြစ်လျက် ရှိ နေပေတော့သည်။
(စာကြွင်း -ကျွန်တော့်အား ဖား ရိုက် ငါးရှာသင်ပေးသော ဦးတင်မောင် နှင့် ဦးမောင်ကြိုင်တို့သည် ယခုချိန်ထိ အသက်ထင်ရှား ရှိကြဦးမည်ဆိုပါလျှင်
အသက်ရှစ်ဆယ်ဝန်းကျင် အဘိုးကြီး
များ ဖြစ်နေကြပေလိမ့်မည်။
Leave a Reply