မုသားနောက်ကမေတ္တာ

လည်းအသက်ကြီးပြီး
ရောဂါအခံရှိသူမို့အလုပ်မလုပ်နိုင်ချေ။
ဖခင်ဖြစ်သူကြတော့လည်း မိသားစု
စားဝတ်နေရေးကိုခေါင်းထဲမထည့်
ရသည့်လုပ်အားခကိုထင်သလို
သောက်စားပစ်လေသည်။

သုတလည်းဖခင်ဖြစ်သူကို
အလိုမကျပေမယ့် သားသမီးဖြစ်သည့်
အတွက်ပြောပိုင်ခွင့်မရှိခဲ့ပေ။
သည်းမခံနိုင်၍ပြောသည့်အခါများတွင်
လည်းမိခင်ကြီးမှာရောဂါထပ်တိုးရလေ
သည်။
ထို့ကြောင့်သုတလည်းစိတ်ကိုလျှော့ကာ
မြိုသိပ်ထားရလေသည်။
သုတလည်းအလုပ်မရှိပဲအားနေသဖြင့်
ရပ်ကွက်ထဲလျှောက်သွားနေသည်။

“ဟေ့ကောင် သုတ နားတာလားဟ”

“နားတာမဟုတ်ဘူး ငါ့ကောင်ရေ
အလုပ်ကပိတ်ထားတာကွ။
ငါလည်းအလုပ်မရှိတာနဲ့ ပျင်းလို့အိမ်က
ထွက်လာတာ”

“ငါမြေတူးသွားမလို့ကွ
မင်းလိုက်မလား အနည်းဆုံးတော့
လေးငါးခြောက်ထောင် ရတာပေါ့ကွာ။
မင်းလုပ်ချင်ရင်လိုက်ခဲ့ပေါ့
မင်းလည်းဒီနေ့အားနေတာပဲ……”

“အေးကွာ လိုက်ခဲ့မယ်
အလကားလျှောက်သွားနေလို့
ငွေမရဘူး ငါမင်းနဲ့မြေတူးလိုက်ခဲ့မယ်။

သုတလည်းအသိမိတ်ဆွေက
မြေတူးခေါ်သဖြင့်လိုက်ပါသွားတော့
သည်။

ဒေါ်သိန်းကြွယ် တစ်ယောက်
မှန်တင်ခုံရှေ့မှ အုန်းဆီဘူးအားဖွင့်ကာ
ဦးခေါင်း၌ရွှဲနေအောင်လိမ်းနေသည်။
စိတ်တိုင်းကျသည်အထိလိမ်းပြီးမှ
အိမ်အပြင်သို့ထွက်လာခဲ့သည်။

ဒေါ်သိန်းကြွယ်၏ခြေလှမ်းများက
သွက်လပ်စွာလျှောက်လှမ်းနေသည်။
၁၀မိနစ်ခန့်လမ်းလျှောက်လာသည်နှင့်
အိမ်တစ်အိမ်ရှေ့သို့ရောက်လာခဲ့သည်။

“စံပယ်ရေ စံပယ်ရှိလား”

“သြော်…သိန်းကြွယ်ပါလား
စံပယ်ရှိတယ်ဟဲ့၊အိမ်နောက်မှာအလုပ်ရှုပ်နေလေရဲ့”

“ဟုတ် မတင်မြ
ကျွန်မစံပယ်ဆီလာတာ တော်သေးတာပေါ့ စံပယ်ရှိနေလို့ ”

“ဝင်သွား ဝင်သွား အိမ်နောက်မှာရှိတယ်ရယ် ”

ဒေါ်သိန်းကြွယ်လည်း အိမ်နောက်ထဲသို့ဝင်လာခဲ့သည်။

“စံပယ်ရေ ငါညည်းဆီလာတာအေ့”

“သြော် အန်တီသိန်းလာထိုင်
ဘာကိစ္စများလဲရှင်၊မလာစဖူးအလာထူး
လို့ပါလား။

“ဟဲဟဲ မလာစဖူးအလာထူးဆို
ပြောရမှာရှက်လည်းရှက်ပါတယ်
ရှက်လည်းရှက်မနေနိုင်တော့ဘူး။

“ဘာများလဲ အန်တီသိန်းရဲ့”

“ဟိုလေ အန်တီသိန်းဆံပင်ဖြတ်ပြီးရောင်းချင်လို့
စံပယ်ဆီလာခဲ့တာ…”

“သေချာရဲ့လားအန်တီသိန်းရယ်
ကျွန်မကိုစနေတာလားဟင်”

“မစပါဘူးအေ
ငါ့ဆံပင်ဖြတ်ရောင်းရင် ဘယ်လောက်လောက်ရနိုင်မလဲဟင်”

“အနည်းဆုံးတော့ လေးငါးသောင်းပေါ့
သေချာတိုင်းကြည့်မှအတိအကျသိမှာ”

“ဒါဖြင့်ငါ့ကိုဆံပင်ဖြတ်ပေးပါဟယ်
ညည်းဆီရောင်းဖို့ထွက်လာတာအေ့။

“အန်တီသိန်းရယ်
ဟုတ်မှလည်းလုပ်ပါ၊အန်တီသိန်းက
အန်တီသိန်းဆံပင်ကိုသိပ်မြတ်နိုးတာ
မဟုတ်လား ဘာလို့ရောင်းမှာလဲ။

“ဟင်း…အိမ်မှာချက်ဖို့ဆန်မရှိတော့ဘူး
ငါ့သားလေးလည်းအလုပ်မရှိပဲ
နားနေရတော့ စားဝတ်နေရေးက
ညည်းသိတဲ့အတိုင်းပြေလည်တာမှ
မဟုတ်တာ။
ဒါကြောင့်ငါ့ဆံပင်ကိုရောင်းပြီး
ဆန်လေးဘာလေးဝယ်ရမှာ
စားဝတ်နေရေးမပြေလည်မှတော့
ဒီဆံပင်လည်းတန်ဖိုးထားမနေနိုင်တော့ဘူးလေ၊တခြားပေါင်စရာနှံစရာ
ပစ္စည်းလည်းအန်တီသိန်းမှာမှမရှိတာ
ဒီတော့ရှိတဲ့ဆံပင်လေးပဲဖြတ်ရောင်း
ရတော့မှာပေါ့အေ …”

“အန်တီသိန်းစကားကြားတော့
ကျွန်မလည်းစိတ်မကောင်းပါဘူး
အန်တီသိန်းကိုကျွန်မဟိုလိုကြီးလည်း
မကူညီနိုင်တော့၊အန်တီသိန်းကို
ဆံပင်ရောင်းခတစ်သောင်းပိုပေးလိုက်
မယ်နော်။
ကူညီတဲ့သဘောပါ အန်တီသိန်းရယ်”

“ကျေးဇူးပါပဲ စံပယ်ရယ်”

ဒေါ်သိန်းကြွယ်လည်း မစံပယ်ထံ၌
ဆံပင်ဖြတ်ရောင်းခဲ့လေသည်။
မစံပယ်ကရပ်ကွက်အတွင်း၌
ဆံပင်ကျွတ်နှင့်ဆံပင်ရောင်းဝယ်သည့်
သူဖြစ်သည်။
ထို့ကြောင့်ဒေါ်သိန်းကြွယ်တစ်ယောက်
မစံပယ်အိမ်သို့ရောက်ခဲ့ခြင်းဖြစ်သည်။

ညနေစောင်းတော့ သုတတစ်ယောက်
ပိုက်ဆံလေးများအား လက်ထဲ၌
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍
အိမ်သို့ ပြန်လာခဲ့သည်။

အိမ်ထဲဝင်ခါနီးမီးဖိုချောင်ထဲမှ
မီးခိုးတလူလူထွက်နေသည်ကို
မြင်လိုက်ရသည်။
သုတလည်းမိခင်ဖြစ်သူချက်ပြုတ်နေမှန်း
သိလိုက်သဖြင့် အသံမပေးပဲမီးဖိုထဲသို့
ဝင်လာခဲ့သည်။

“အေမ့ ”

“ဟဲ့ ပလုပ်တုတ် သားရယ်လန့်လိုက်တာ
ဘယ်တွေသွားနေလို့ အခုမှပြန်လာရတာလဲ။

“ဟင်…အမေ အမေ့ဆံပင်ရှည်ကြီးတွေကရော
ဘယ်ရောက်သွားတာလဲ။

“ဟို ဟို ဟိုလေ ရာသီဥတုကပူတယ်လေ သားရဲ့ အမေလည်းမနေနိုင်တာနဲ့
ညှပ်ပစ်လိုက်တာသားရဲ့ ”

သုတတစ်ယောက်မိခင်ကိုကြည့်ရင်း
မျက်ရည်များကျဆင်းလာခဲ့သည်။
သုတလည်းရုတ်တရက်ထသွာပြီး
ဆန်အိုးအားလှပ်ကြည့်လိုက်သည်။
အိုးထဲ၌ဆန်တစ်ပြည်ထုပ်တစ်ထုပ်အား
တွေ့လိုက်ပြီး၊ဟင်းချက်စရာအစုံကိုလည်းတွေ့လိုက်
ရသည်။

မိခင်ဖြစ်သူကအိမ်၌ချက်စရာမရှိ၍
ဆံပင်အားဖြတ်ကာရောင်းလိုက်သည်
ဟုသုတအတတ်သိလိုက်လေသည်။

“အမေလိမ်တယ် အမေလိမ်တယ်
အိမ်မှာချက်စရာမရှိလို့ အမေ့ဆံပင်ကို
ဖြတ်ပြီးရောင်းလိုက်တာမလား…”

“ဟို ဟို သားရယ် အမေလည်း
အသက်ကြီးပါပြီ ဒီဆံပင်ရှည်ကြီး
ထားနေလို့လည်းအပိုပါပဲ။
လူကြီးဆိုတော့အခုလိုဘိုကေပဲ
ထားတာကောင်းပါတယ်.”

“အမေ့ရဲ့မုသားတွေနောက်မှာ
အမေ့ရဲ့မေတ္တာတရားတွေကိုသားတွေ့လိုက်ရတယ်အမေ။
ရော့အမေ သားဒီနေ့သားသူငယ်ချင်းနဲ့
မြေတူးလိုက်သွားလို့ရလာတဲ့ပိုက်ဆံပါ
အမေသုံးချင်တာသုံးနော်”

“ရပါတယ် သားရယ်
သားပဲယူထားလိုက်ပါ၊သားကအပေါင်းနဲ့
အသင်းနဲ့လက်ထဲမှာငွေလေးရှိမှ
အဆင်ပြေမှာပေါ့။
အမေ့အတွက်မလိုပါဘူး သားပဲယူထားလိုက်ပါကွယ် ”

“ရော့ပါ အမေပဲယူထားလိုက်ပါ”

“ဟင်…သား သားလက်မှာ
အရည်ကြည်ဖုတွေထွက်နေပါလား”

“ဘာမှမဖြစ်ပါဘူးအမေရဲ့
အစပထမမို့ ဒီလိုဖြစ်နေတာပါ
ဘာမှမဖြစ်ဘူးပျောက်သွားလိမ့်မယ်”

“ဘာမှမဖြစ်ဘူးဆိုပြီးပေါ့မနေနဲ့
ဆေးလေးဘာလေးထည့်မှပေါ့
လာလာအမေဆေးလိမ်းပေးမယ်”

မိခင်ဖြစ်သူကသုတလက်အား
အတင်းဆွဲကာဆေးထည့်ပေးလေသည်။
သုတလည်းဘိုဘေသာသာခန့်သာ
ရှိတော့သည့်မိခင်ဆံပင်အားကြည့်ကာ
ဝမ်းနည်းနေမိတော့သည်။
သုတ၏စိတ်ထဲ၌လည်း
မုသားနောက်မှမေတ္တာတရားအား
ခံစားသိရှိသွားရတော့သည်။

(ပြီးပါပြီ)
အောင်ဓူဝံ ရေးသားတင်ဆက်သည်။