လေးငါးနှစ်ကြာကာလ (ဆရာအငြိမ်း စားယူတဲ့ထိ) ဖြတ်သန်းခဲ့ရပါ
တယ်။
ဆရာ့လုပ်ရပ်တွေကြောင့်ပါ တပ်ထဲမှာ သွေးစည်းခဲ့ကြပေမယ့် အပြင် လောက ရောက်တဲ့အခါ သွေးမစည်၊တော့ပါဘူး။ သူငယ်ချင်းက အရာရှိကြီး၊ ကျွန် တော်က သူ့ပီအေ အရာရှိငယ်၊ ကျွန်တော် မကြိုက်တာ ဖွင့်ပြော၊ သူတစ်ပါး အကျိုး ယုတ်တဲ့အလုပ်မလုပ်ဖို့တားမြစ်တာလက်မခံတော့ပါဘူး။
ဒေဝဒတ်ကိုဆရာတင်မိတဲ့အဇာတသတ်ဟာဗအေကိုသတ်၊နန်းတက်သလို
ဦးစောနဲ့ပေါင်းမှ ရန်ကြီးအောင်နိုင်ငံ့ခေါင်းဆောင်တွေကို ရက်ရက်စက်စက်လုပ်ကြံ
မိသလိုပဲတင်စားပြောဆိုချင်ပါတယ်။
ကျွန်တော့်ဆရာ သူငယ်ချင်းဟာဘာသာကွဲ၊လူမျိုးကွဲ အောက်လမ်းပညာ သည်လူယုတ်မာကိုဆရာတင်၊ ဆရာ့ကိုပေးတဲ့ကတိကိုရဲဝံ့စွာလက်ခံပြီးဝက်သား မစားတော့ဘဲ တစ်ဖက်သား အကျိုးစီးပွားပျက်စီးစေတဲ့ အောက်လမ်းပညာနဲ့ အတိုက်အခိုက်တွေလုပ်တော့တာပါပဲ။
ကျွန်တော့်ဆရာသူငယ်ချင်းက သူ့သမီးအလတ်မနဲ့ စက်သုံးဆီကန်ထရိုက် တာ သူဌေးလူပျိုကြီးနဲ့ ပေးစားဖို့ စေ့စပ်ထားပါတယ်။ ညှိပေမယ့် ဆရာ့သမီးက ခြေ မငြိမ်ပါဘူး။စေ့စပ်ထားဆဲကာလအတွင်းမှာပဲ သူ့ရည်းစားနဲ့ ချိန်းတွေ့ ရုပ်ရှင်ရုံ၊ပန်းခြံ အတူသွားတည်းခိုခန်းမှာအတူတည်းတာတွေအရှိန်မသတ်ပါဘူး။မိဘတွေ ဘယ် လိုမှဆုံးမနားချလို့လည်းလိုက်နာခြင်း မရှိပါဘူး။
အခြေအနေအရပ်ရပ်ကိုလည်း စက်သုံးဆီ ကန်ထရိုက်လူပျိုကြီးနားအထိ ပေါက်သွားလို့ စေ့စပ်ပွဲဖျက်သိမ်းဖို့ တောင်းဆိုတဲ့အထိ ဖြစ်လာပါတယ်။ ဆရာတို့ သူဌေးယောက္ခမရာထူးလက်လွတ်ခံလို့မဖြစ်တာကြောင့်သမီးနဲ့ငြိစွန်းနေတဲ့ကောင် လေးကိုရောကောင်လေးအဖေကိုရော ခေါ်တွေ့ပါတယ်။
ကောင်လေးရဲ့အဖေဟာ ကျွန်တော့်ဆရာသူငယ်ချင်းရဲ့ ဌာနလုံခြုံရေး ဝန်ထမ်းပါ။ ကောင်လေးကိုနောက်ဆုတ်ခိုင်းပါတယ်။ကောင်လေးအဖေကိုအလုပ်
ဖြုတ်ပစ်ဖို့ခြိမ်းခြောက်ပါတယ်။ မရပါဘူး။ ကောင်လေးဘက်ကဖအေကိုငဲ့ပြီးနောက် ဆုတ်ပေးပေမယ့် ဆရာ့သမီးက ရှေ့တိုးပါတယ်။ ယုန်ကမတိုး ပိုက်ကတိုးတာပါ။
သမီးကို ဘယ်လိုမှထိန်းမရတဲ့ အဆုံးကြံမိကြံရာကြံမိရာက အောက်လမ်း ဆရာလူယုတ်မာနဲ့ ဆက်သွယ်မိပြီး ပေးလိုက်တဲ့အတိုက်အခိုက်၊ အစီအရင်ကို
ကောင်လေးအိမ်အောက်သွားပစ်ပါတယ်။တစ်ပတ်တောင်မကြာတဲ့ကာလတိုလေး မှာပဲကောင်လေးအဖေအစာအိမ်သွေ၊ကြောပေါက်သေဆုံးသွားပါတယ်၊ တိုက်ဆိုင်
မှုလို့ပြောလို့မရပါဘူး။ထိရောက်မှုပါ။
လင်ယောက်ျား သေပြီဆိုတော့ ခိုကိုးရာမဲ့တဲ့ဇနီးသည်ဟာ သူ့ဆွေမျိုးများ ရှိရာအပြီးပြောင်းရွှေ့သွားတာကြောင့်ကောင်လေးလည်းလိုက်ပါသွားလို့ဆရာ့သမီး
နဲ့ဇာတ်လမ်း နိတ္ထိတံသွားပါတယ်။
ကျွန်တော်တို့ဌာနကို ကျွန်တော့် ဆရာသူငယ်ချင်းနဲ့ အဆင့်တူ ပုဂ္ဂိုလ်တစ် ယောက် ပခုံးပြောင်းတာဝန်နဲ့ ပြောင်းရွှေ့ရောက်ရှိလာပါတယ်၊ နာမည်က ဦးသန်း အောင်ပါ။
သဘောကောင်း၊မနောကောင်းစိတ်ထားဖြူစင်ပြီးအထက်အောက်အလိုက် အထိုက်ပေါင်းသင်းတတ်လို့ကာလတိုအတွင်းမှာပဲဝန်ထမ်းတွေနဲ့မိသားစုလိုရင်းနှီး ကျွမ်းဝင်သွားပါတယ်။ ဆရာ့နောက်ကွယ်မှာလည်း ဝင်ဒါမီယာလို ခြံဝင်းကျယ်အိမ် ကြီးနဲ့နေတဲ့ ဝန်ကြီးအဆင့် ပုဂ္ဂိုလ်ကြီး ရှိပါတယ်။ တပ်မှာ ရှိစဉ်က ဆရာရင်း၊ တပည့် ရင်း သံယောဇဉ်နဲ့ ကျွန်တော်တို့ဌာနကို ခေါ်ယူလိုက်တာပါ။ ဝန်ကြီးအိမ် တံခါးမရှိ၊ ဓားမရှိဝင်ထွက်ခွင့်ပြုထားတာကြောင့်ကျွန်တော့်ဆရာအတွက် စိုးရိမ်ပူပန်စရာတွေ
ဖြစ်လာပါတယ်။
တစ်ခုရှိတာက နောက်ရောက်တဲ့ဦးသန်းအောင်ဟာအရက်သောက်တတ် ပါတယ်။ စီးပွားရေးချို့တဲ့မှန်းသိတဲ့အောက်ခြေဝန်ထမ်းတွေကအလှည့်ကျနဲ့တိုက်လို့ သောက်တာပါ။ တာဝန်ပျက်တာမျိုးတော့မရှိပါဘူး။ ဝန်ထမ်းတွေနဲ့ ဖက်လဲတကင်း ဆိုတော့ အရက်မူး ကျွဲခိုးပေါ်ဆိုစကားအတိုင်းအကယ်၍များ ငါ့အကြောင်းတွေ့ရှိ သော်အတွေးကြောင့်လည်း စိုးရိမ်ရပါတယ်။
ပြောရရင်ကျွန်တော့်ဆရာသူငယ်ချင်းလည်းအရက်သောက်တတ်တာပါပဲ။ သူကတတ်နိုင်တဲ့လူဆိုတော့အာမီရမ်ဒါဇင်လိုက်ဝယ်ပြီးအိမ်မှာသောက်လို့မသိကြ
တာပါ။
အရက်သမားချင်းအတူတူ ငါ့ မကောင်းသတင်းတွေ သူ့ဆရာဝန်ကြီးကို သတင်းပို့ရင်ကိုယ့်လိပ်ပြာကိုယ်မလုံတဲ့အတွေးတွေနဲ့လက်ဦးမှုယူလိုက်ပါတယ်။ ဦးသန်းအောင်အားနည်းချက်တွေကိုအမှန်အကန်ရောအကြံအဖန်ရောအတွင်းရော
အစီရင် ခံတော့တာပါပဲ။
ဆရာတင်တဲ့ ဦးသန်းအောင်အပေါ်စွပ်စွဲချက်တွေလုပ်ကြံဖန်တီးချက်တွေ ပါရှိတဲ့ အတွင်းရေးအစီရင်ခံစာ ညွှန်ချုပ်ဖတ်ပြီး ပြုံးပါတယ်။ ကျွန်တော့် ဆရာ အကြောင်းကျွန်တော့်ဆရာအကျင့်ကို သိထားသလို ဝန်ကြီးကလည်း သူ့လက်ရင်း တပည့်ဦးသန်းအောင်ရဲ့ကိုယ်ရေးအချက်အလက်တွေ ပြောပြထားတာကြောင့်ပါ။ ကျွန်တော့်ဆရာအတွင်းရေးအစီရင်ခံစာ မထိရောက်ပါဘူး။
မထိရောက်လို့လက်ပိုက်ကြည့်နေလို့လည်း မဖြစ်ပါဘူး။ ဝန်ကြီးတပည့်ဆို
တော့ တစ်နေ့တစ်ချိန် ကုလားထိုင် အလုခံရတော့မှာပဲ စိုးရိမ်စိတ်နဲ့ အားကိုးရှာ ပါတယ်။
ထုံးစံအတိုင်းလူမျိုးကွဲ၊ ဘာသာကွဲ အောက်လမ်းဆရာလူယုတ်မာဆီရင်ဖွင့် ပြီးဦးသန်းအောင်မော့ကြည့်လို့မရအောင်လုပ်ပေးလိုက်တဲ့အစီအရင်ပါ။ကျွန်တော် ကလွဲလို့ ဘယ်သူမှ မသိလိုက်ပေမဲ့တစ်ရက်မှာတော့ ဘယ်လိုမှ ဖုံးဖိလို့မရအောင် ဘူးပေါ်သလိုပေါ်သွားတာကြောင့်ကျွန်တော့်ဆရာကိုဝန်ထမ်းတွေကမျက်နှာတောင် မကြည့်ချင်လောက်အောင် ရွံမုန်းပြီးအော့နှလုံးနာကုန်ကြပါတယ်။
အဖြစ်ကတော့ ဒီလိုပါ။
တိုက်ဆိုင်မှုမဟုတ်တဲ့ သေစေလောက်အောင် ပြင်းထန်တဲ့ အောက်လမ်း ပညာအစီအရင်ချပြီးတစ်ပတ်အကြာမှာဦးသန်းအောင်ဦးနှောက်သွေးကြောပေါက်
ပြီး ရုတ်တရက် သေဆုံးသွားပါတယ်။
သေပြီဆိုတော့ထုံးစံအတိုင်းသေသူထိုင်တဲ့စားပွဲထိုင်ခုံနဲ့ပတ်ဝန်းကျင်သန့် ရှင်းရေးလုပ်တဲ့အခါ ငါးဆင့်ရှိတဲ့ အံဆွဲအောက်ဆုံးအဆင့်ရဲ့ အခင်းသတင်းစာ အောက်မှာဦးသန်းအောင်လိုင်စင်ဓာတ်ပုံရဲ့နောက်ကျောမှာအင်းကွက်တွေ တွေ့ရှိ တာကြောင့် ကျွန်တော့် ဆရာလက်ချက်ဆိုတာ တပ်အပ်ပြောနိုင်ပြီး အမုန်းတရား တွေ သက်ရောက်ကုန်ပါတယ်။
f
ကျွန်တော့်ဆရာတတိယအကြိမ်အောက်လမ်းပညာနဲ့လက်စွမ်းပြလိုက်တာ
ကတော့ဆရာ့သူငယ်ချင်းနဲ့အဆင့်တူဦးထွန်းသိန်းဆိုတဲ့ပုဂ္ဂိုလ်ပါ။ သူလည်းစစ်တပ် ကနေပခုံးပြောင်းတာဝန်နဲ့ကျွန်တော်တို့ဌာနကို ရောက်ရှိလာတာပါ။
ဦးထွန်းသိမ်းဟာ မြို့နယ်တစ်ခုရဲ့တာဝန်ခံအဆင့် မြို့နယ်မှူးအဆင့်ကနေ ပြောင်းလာခြင်းဖြစ်ပါတယ်။ ကောင်းသောအပြောင်းအရှေ့တော့ မဟုတ်ပါဘူး။ ငွေ ကြေးကွာဟမှုကြောင့် ပီအီ၊ အီ၊စစ်ဆေး၊ လူမှုရေးနဲ့ သူ့နောက်ခံဘက်ဂရောင်းကို ထောက်ထားပြီး ကွာဟငွေ အလျော်ပေ။ အဆင့်တိုးမြှင့်ခြင်း ရာသက်ပန်ရပ်ဆိုင်။ ပြစ်ဒဏ်ခံယူပြီးရောက်ရှိလာခြင်းပါ။
အမောက်လဲ၊အစွယ်ကျိုး၊အတက်မပါနဲ့သူ့ကိုယ်သူသိပြီးမာန်ချထားပေမယ့် ဒုဝန်ကြီးရဲ့ ဆရာရင်း တပည့်ရင်း နောက်ခံ အခံရှိထားလို့ ကျွန်တော့်ဆရာ ခေါင်းမီး တောက်အောင် စိုးရိမ်ပူပန်ရတဲ့အဆင့်ကို ရောက်ရှိခဲ့ပါတယ်။
ဦးထွန်းသိန်းကို စိုးရိမ်ပုံကနေရာဖယ်ရမှကုလားထိုင်လှမှာ၊ကျော်တက်မှာ မဟုတ်မှန်းသိပေမဲ့ ကျွန်တော့်ဆရာရဲ့ မသမာမှုတွေကို ဒုဝန်ကြီး နားပေါက်အောင် သံတော်ဦးတင်ခဲ့သည်ရှိသော်ဆိုတဲ့ကိုယ့်လိပ်ပြာကိုယ်မလုံတဲ့စိုးရိမ်မှုတွေပါ။ ဆရာ့
အတွက် ကြိုတင်ကာကွယ်ဖို့ လိုအပ်တဲ့အတွက် ထုံးစံအတိုင်း အောက်လမ်းဆရာ လူယုတ်မာဆီ ပြေးတော့တာပါပဲ။
ဒီတစ်ကြိမ်တော့ ဘာအဆောင်အစီရင်မှမပေးဘဲလုပ်ဆောင်ရမယ့်အကြံ ဉာဏ်ပဲပေးလိုက်ပါတယ်၊ ဦးထွန်းသိန်း ဘယ်လိုပြစ်ချက်တွေနဲ့ ပြောင်းရွှေ့ရောက်ရှိ လာကြောင်းကြိုပြောထားလို့ပါ။
“ခင်ဗျားတရုတ်အမဲ စားဖြစ်သွားသလား”
“ကြံကြံဖန်ဖန်ဆရာရယ် – ဆရာ့ကို ပေးတဲ့ကတိ အပျက်ခံလို့ ဘယ်ဖြစ်ပါ့ မလဲ။ကျွန်တော့်တစ်အိမ်လုံး ရှောင်ထားတာပါ”
“သိပါဘူးဗျာ – ခင်ဗျားကို အတိုက်အခိုက်တွေ မကြာမကြာ ကြုံနေရလို့
မေးတာပါ”
“ဟုတ်ပါ့ … ဆရာရယ်”
“အခုအတိုက်အခိုက်က အသေးအမွှားပါ၊ ဘာအဆောင်မှ ပေ၊စရာမလို ပါဘူ။အဲဒီလူကိုတာဝန်တစ်ခုပေးလိုက်”
“မဖြစ်ဘူးထင်တယ်- ဆရာ”
“ကျုပ်စကားမဆုံးသေးပါဘူး။တာဝန်တစ်ခုပေးဖြစ်အောင်ပေးလိုက်စမ်းပါ။
သူ့အတွက်လုပ်ငန်းအတွက်လိုအပ်တဲ့ငွေဆိုပါတော့ဗျာ- တစ်ထောင်ပေးရမှာတစ် သောင်းပေ။တစ်သောင်းပေးရမှာတစ်သိန်းပေး လက်မှတ်တော့ထိုးခိုင်းနော်။ ဒါ- ခင်ဗျား လုပ်နေကျပါ။ ငွေမက်တဲ့လူ၊ငွေနဲ့တိုက်ရင်ပြိုလဲသွားမှာပါ”
ကျွန်တော့်ဆရာသူငယ်ချင်းဟာ သူ့အောက်လမ်းဆရာ လူယုတ်မာကို
ဘုရားလိုကိုးကွယ်သူဆိုတော့သူ့ဆရာမှာတဲ့အတိုင်းဦးစီးဌာနသက်သာချောင်ချိရေး အတွက် မအူပင်ခရိုင်ထဲကငါးမွေးမြူရေးကန်တွေကိုစစ်ဆေးရေးတာဝန်ခံအရာရှိ ခန့်အပ်ပြီး စစ်ဆေးခိုင်၊ပါတယ်၊
ဦးထွန်းသိန်းဆိုတဲ့လူကလည်းဗေထိဆိုကွဲပြဲဆိုသလိုပါပဲ။ ပထမတစ်ခေါက် မှာတင်အသုံးစရိတ်လေးငါးထောင်ပုံမှန်ကုန်ရမှာကိုနှစ်သောင်းကျော်စာရင်းတက် လာပါတယ်။ ရေဆာ ရင် ဘီယာဝယ်သောက်၊ ဟင်းစားမရှိ၊ ကြက်ဝယ်ချက်၊ တစ် ကောင်တစ်သောင်း။(မှတ်ချက်) တိုက်ကြက်၊ဆန်တစ်ပြည်တစ်ထောင်၊ ဆိုက်ကား ကငါးထောင်၊အထွေထွေသုံးတစ်သောင်း၊ စာရင်းလိမ်တွေ၊ဘောက်ချာအတုတွေ
ချည်းဖြစ်နေပါတယ်၊ မအူပင်ငါးကန်စစ်ဆေးရေးသုံးခေါက်မှာတစ်သိန်းကျော်ဟာ လိမ် ညာတင်ပြတဲ့စာရင်းတွေချည်း ဖြစ်နေပါတယ်။ ကံဆိုးချင်တော့ အော့ဒ်တစ် (စာရင်းစစ်)ဝင်စစ်နဲ့ကြုံပြီး လိမ်ဆင်တွေပေါ်ကုန်လို့ အလုပ်က ထွက်ခိုင်းလိုက်ရပါ
တယ်။
ဦးထွန်းသိန်၊ အလုပ်ထွက်ရချိန်မှာ မြေတစ်ကွက် မရှိပါဘူး။ အိမ်တစ်လုံး အဆင်သင့်မရှိပါဘူး။ စုဆောင်းငွေတစ်ပြားမှ မရှိပါဘူး။အိမ်၊ ခြံ၊ စီးပွားရေးလုပ်ငန်း အားလုံး တစ်က ပြန်စရမှာပါ။ လုပ်သက်ဆုကြေးနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါ
ဘူး၊
ဒေဝဒတ်ဆရာတင်တဲ့ ကျွန်တော့် ဆရာလုပ်ရပ်ဟာ သိပ်ပြီးကောက်ကျစ်
စဉ်းလဲလှပါတယ်။
(၁) သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်အကျိုးရှိတဲ့အလုပ်။
(၂) သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်လုံးအကျိုးမဲ့တဲ့အလုပ်၊
(၃)သူ့အကျိုးရှိကိုယ့်အကျိုးမဲ့တဲ့အလုပ်။
(၄) သူ့အကျိုးမဲ့ကိုယ့်အကျိုးရှိတဲ့အလုပ်၊
ကျွန်တော့်ဆရာက ဘယ်အမှတ်စဉ် ဘယ်လုပ်ရပ်မှာ အကျုံးဝင်တယ်ဆို တာတော့အချိန်ကာလတစ်ခုမှာအဖြေပေါ်သွားမှာပါ။
ကျွန်တော့်ဆရာသူငယ်ချင်းသက်ပြည့်ပင်စင်ယူတဲ့အချိန်မှာ ရွှေပြည်သာရှိ ကိုယ်ပိုင်ဆောက်ထားတဲ့တစ်ထပ်တိုက်ကျယ်ခြံကျယ်မှာအသင့်တက်နေလိုက်ပါ
တယ်။
ကျွန်တော့်ဆရာ သူငယ်ချင်း အအေးခန်းကားနစ်စီ၊ ပိုင်ဆိုင်ပြီ၊ လားရှိုး၊ ကျောက်မဲ၊ သီပေါနဲ့ မြဝတီဘက်တွင် ရေချိုရေငန်ငါးတွေ တင်ပို့၊အပြန်ဒေသထွက် ကုန်တင်၊ ပွဲရုံသွင်း၊ တစ်လဝင်ငွေ သိန်းခြောက်ဆယ်လောက် အသားတင် ကျန်ပါ တယ်။
မလား။
ကျွန်တော့်ဆရာသူငယ်ချင်း သူ့ တစ်သက် ဆင်းရဲဒုက္ခ ကြုံတွေ့နိုင်ပါဦး
ကျွန်တော့်ဆရာအလုပ်ကအငြိမ်းစားယူပြီး သုံးနှစ်ကျော်အကြာကျွန်တော့်
ကို ခေါ်တွေ့ပြီး လက်ရှိကြုံတွေ့နေ ရတဲ့ဒုက္ခတွေကို အရင်းနှီးဆုံး မိတ်ဆွေအနေနဲ့ ရင်ဖွင့်ပြောပြစဉ်မှာကျွန်တော်မျက်လုံးပြူး၊ပါးစပ်ကြီးဟောင်းလောင်းဖြစ်နေပါတယ်။
မယုံကြည်လောက်အောင်အံ့ဩလို့ပါ။
ကျွန်တော့်ဆရာစီးပွားရေးချွတ်ချုံကျပြီးဘဝပျက်နေပါပြီ။အအေးခန်းကား နှစ်စီးလည်း မရှိတော့ပါ။ အကြွေးလည်ပင်းမြှုပ်နေပါပြီ။ အသေးစား ရေသန့်စက် တစ်လုံးတစ်လလေးငါးခြောက်သိန်၊ အမြတ်ငွေ ဆရာတို့ မိသားစု မစားရပါ။ လစဉ် အတိုးခြောက်သိန်းပေးဆပ်နေရလို့ပဲဖြစ်ပါတယ်၊
ဆယ်လအတွက် အတိုးသိန်းခြောက်ဆယ် မသွင်းနိုင်တော့လို့ အိမ်ရောင်း ဆပ်ရတော့မှာပါ။ ဝယ်သူတော့လာပါရဲ့၊နောက်ထပ်ဆယ်လကြာအဝယ်မလိုက်လို့ သိန်းတစ်ရာ့နှစ်ဆယ်အတိုးနဲ့ အရင်းပေါင်း သိန်းခြောက်ရာကျော်။ အိမ်ဝယ်ရောင်း စာချုပ်လက်မှတ်ရေးထိုးပေးရတော့မှာပါ။
နေ့စဉ်အာမီရမ်တစ်ပိုင်းချနေတဲ့ ဆရာ့လည်ပင်းမှာ ပုတီးကြီးပါ။ဆရာ့စိတ် အစဉ်မှာ ပြုခဲ့ဖူးတဲ့ ဘုရားတည်၊ ကျောင်းဆောက်၊ ရဟန်းကောင်းမှု ကုသိုလ်တွေ တမ်းတမှန်းဆ ဆုတောင်းနေပါတယ်၊ ဘယ်ကုသိုလ်ကောင်းမှုကမှ တုံ့ပြန်ခြင်း မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတဲ့အဖြေကတော့..
ဆရာတည်တဲ့ဘုရားဟာ သူကြီး ဘုရားရွာသားကောင်းမှု၊ ဆရာဆောက်တဲ့ကျောင်းဟာ ဆရာအမည်ခံစပွန်ဆာပါ၊
ဆရာ သာသနာ့ဒါယကာ ရဟန်းခံ ရှင်ပြုအလှူဟာ ခုနစ်ရက်သားသမီးနဲ့ လက်အောက်ဝန်ထမ်းတွေ ရေစက်ခွက်ကိုတောင် ကိုင်ခွင့်မရတဲ့အလှူပါ။
အရာအားလုံးဟာ ဦးဆောင်မှုပေးတဲ့ကုသိုလ်တောင် ခံစားခွင့်မရတာက တော့နံပါတ်နှစ်အမျိုးအစားဖြစ်တဲ့ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံးအကျိုးစီးပွား ပျက်စေတဲ့လုပ်ဆောင်ချက်အရဆရာ့ရဲ့အောက်လမ်းနည်းတွေဟာဆရာ့ကိုတန်
ပြန်သက်ရောက်ချိန်အလှည့်ကျလာလို့ပဲဖြစ်ပါတယ်။
Leave a Reply