တွေ့လိုက်တယ်ဗျ..အစတုန်း ကတော့လှလို့ဆိုပြီးကြည့်နေရင်း… ” အကိုတို့ဘယ်သွားမလို့လဲ” ဆိုပြီးကျုပ်တို့ဆီခပ်သွက်သွက် ပြေးလာတယ်… ” ကျုပ်တို့ရွာပြန်မလို့ပါ” “ဘယ်ရွာလဲ” “စည်ပါရွာပါ” “သြော်” “သိလို့လားဒီကညီမက” “မသိပါဘူး ဒီတိုင်းစပ်စုကြည့်တာပါ” အဲ့လိုနဲ့စကားကအတော်လေးကြာအောင်ပြောပြီး တဲ့အချိန်မှ…သတိပြန်ဝင်လာ၍…ဒါသတင်းထဲမှာဘီးလူးမ ပါလားဆိုပြီး…သူငယ်ချင်းတွေကိုအမြန်ဆိုင်ကယ်ပေါ်တက် ခိုင်းကာ…ဆိုင်ကယ်အမြန်နိုးပြီးရွာကိုအမြန်ပြန်လာခဲ့တယ် ကျုပ်အိမ်ရောက်သွားပေမဲ့…စိုးရိပ်နေတာတစ်ခုရှိတယ်… ကျုပ်ကိုဘယ်သွားမလဲလို့မေးတုန်းက.. စည်ပါရွာလို့ဖြေ ိ့ုလိုက်တယ်မဟုတ်လား…တော်ကြာတကယ်ရောက်လာရင် ဘုရားဘုရားဆိုပြီး… ကြောက်စိတ်တွေဝင်နေမိတယ်… ကျုပ်တစ်နေ့နွားကျောင်းပြန်လာချိန်လမ်းမှာ… ” ဟေ့ကောင် မင်းအဒေါ်ဆုံးသွားလို့တဲ့ကွ” ” ဘယ်လို ဘယ်လိုဖြစ်တာလဲအာကာ” ” ဒီလိုကွ မင်းအဒေါ်ကတောထဲထင်းခွေသွားနေချိန်မှာ လူတစ်ယောက်ယောက်ကသတ်လိုက်တာနေမယ်လို့ ပြောနေကြတာပဲကွ အသည်းတွေကလိစာတွေဘာဆိုဘာ တစ်ခုမှကိုမရှိတော့တာ” ” ဟာကွာ ...

ပြန်သိမ်းမယ်ဟေ့…” အုန်းခင်မြင့်ကို ဝင်ပူးနေတဲ့ကဝေပက ဒေါသတကြီး အော်ဟစ်တယ်…၊ “အတိတ်ဘဝတုန်းက မကောင်းတဲ့အကျင့်စရိုက်တွေ ကြောင့် ဒီဘဝမှာလည်းယုတ်ညံ့တဲ့အောက်လမ်းပညာသည် ကဝေလာဖြစ်ရတယ်၊ဒီဘဝမှာလည်း ခုလိုပဲ တစ်ဖက်သားအပေါ် ယုတ်ယုတ် မာမာဖမ်းစားနှိပ်စက်နေဦးမယ်ဆိုရင် နင်သေရင်အဝီစိချိုးကပ်ဖို့ ပဲ ရှိတော့တယ်။ နင် မကြောက်ဘူးလား…”ဆရာကြီးဟာ ကဝေမကို အဝီစိငရဲနဲ့ခြောက်လှန့်လိုက် တယ်။ကဝေမက ဂရုမစိုက်တဲ့အသွင်နဲ့ မျက်နှာကိုရှုံ့မဲ့ပစ်လိုက် တယ် “အဝီစိချိုးကပ်ရုံမကလို့ ဘာပဲဖြစ်ဖြစ် မကြောက်ဘူး..” “အေးလေ၊ နင်က နင့်ပညာအားကိုးနဲ့ တင်းခံနေတော့ ငါကလည်း နဂါးမှန်းသိအောင် အမောက်ထောင်ပြရတော့မှာပေါ့၊ ကဲ၊ လက်နောက်ပြန် ကြိုးချည်လိုက်စမ်း..” ဆရာကြီး အမိန့်ပေးလိုက်တာနဲ့ ...

သာသာလေး ရှိတာလေဗျာ။ ရှောက်ရည် တစ်ပုလင်းနဲ့ ထန်းလျက်အရက် ။ ခေါက်ရေ သန့်သန့်တစ်ပုလင်း ရောရသဗျ။ ထန်းလျက်အရက်ဆိုတာ တောအရက်ကို ပြောတာဗျာ။ အဲဒီနှစ်ပုလင်းစာကို ကြေရည်သုတ်ဇလုံထဲမှာ ထည့်ရတယ်။ တစ်ခါတလေတော့လည်း မြေအိုးနဲ့ ကျိုရသဗျ အဲဒီနှစ်ပုလင်းစာကို တစ်ပုလင်းစာကျန်အောင် ကျိုရတယ် ။ တစ်ပုလင်းစာ ကျန်ပြီဆိုတော့မှ အဆင်သင့်ဝယ်ထားတဲ့ ငါးလင်ဗန်းသည်းခြေ အစိုဖြစ်ဖြစ် ။ အခြောက်ဖြစ်ဖြစ် လေးခု ငါးခုလောက် ထည့်ကျိုရတယ်။ ငါးလင်ဗန်းသည်းခြေ ထည့်လိုက်တော့ အရည်ကို ဝါညိုညိုကြီး ဖြစ်လာရောဗျ။ ပြီးရင် ကုလားအော်သီးလို့ ခေါ်တဲ့ ...

လှမ်း၊ ဆယ့်ငါးလှမ်းလောက် သုတ်သုတ်လှမ်းသွားပြီးရှောင်လိုက်တယ်….။ ဒါပေမဲ့ သစ်ပင်ကြီးပေါ်က ဘာသစ်ကိုင်းမှကျိုးကျလာတာ မတွေ့ရဘူး….။ခေတ္တခဏကြာတဲ့အထိ သူကုက္ကိုပင်ကြီးကို မော့ကြည့်ပေမယ့် ဘာသံမှထွက်မလာတော့ဘူး…။ ““ဒါဟာ ကုက္ကိုပင်မှာနေတဲ့ သရဲခြောက်တာပဲ….”စခန်းမှူးဦးခင်ကျော် သဘောပေါက်လိုက်တယ်၊ ဒါပေမဲ့ သူကကြောက်တတ်သူမဟုတ်တာကြောင့် လမ်းကိုဆက်လျှောက်သွားတယ်။သုသာန်ကျော်တဲ့အထိ ခပ်ဝေးဝေးလမ်းလျှောက်ပြီးမှနောက်ကြောင်းပြန်လျှောက်လာခဲ့တယ်၊တံတားဖြူအနီးရောက်တော့ တစ္ဆေခြောက်ဦးမလား သတိထားနေပေမဲ့ ခြောက်လှန့်မှုမရှိဘူး၊ ဒီလိုနဲ့ ရန်ကုန်-မန္တလေးလမ်းမကြီးကနေ ရဲစခန်းဘက် ချိုးကွေ့ဝင်ရမယ့်လမ်းထိပ်ကို ပြန်ရောက်လာတယ်…..။အဲဒီအချိန်မှာ အရုဏ်ကျင်းလို့ အလင်းရောင်ကောင်းကောင်းရနေပြီ၊ ထောင့်ချိုးကွေ့က ဆရာဝန်ကြီးအိမ်ထဲမှာ ဆရာဝန် ကြီးဂေါက်ရိုက်တံတစ်ချောင်းနဲ့ တွေ့ရတယ်။ ဂေါက်ရိုက်လေ့ကျင့်နေတာ ထင်တယ်..။ ဦးခင်ကျော်ကိုမြင်တော့ ဆရာဝန်ကြီးက ပြုံးပြီးနှုတ်ဆက်ပြီး “စခန်းမှူးကြီး လမ်းလျှောက်ပြန်လာတာလား..” ...

ဝေ့စကုပ်လေး ဝတ်ထားတာမဟုတ်လား။ “ဒါနဲ့ မင်းတို့ကိုပြောစရာရှိလို့ ခေါ်လိုက်တာကွ” ကျုပ်တို့လည်း ဦးဘသာကြီးအနားကို တိုးကပ်သွားတာပေါ့ဗျာ။ “မင်းတို့ နွားကြီးလွတ်နေတာ ပြန်ဖမ်းပြီးပြီလား” ဦးဘသာမေးတော့ ကျုပ်တို့လည်းထူးဆန်းသွားပြီး ကျုပ်နဲ့ကျုပ်ညီနဲ့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေလိုက်သေးတယ်။ “ဘယ်နွားလဲ ဦးဘသာကြီးရဲ့” “ဘို့ကောင်းကောင်းနဲ့အကောင်ကြီးလေကွာ၊ မင်းတို့ခေါ်တာ ဘာပါလိမ့်၊ ငနက်ကြီးဆိုလား” “ငနက်မဟုတ်ပါဘူးဗျာ၊ နားနက်ပါ၊ ဒီကောင့်နားနှစ်ဖက်လုံးက အနက်ရောင်ဆိုတော့ ဒီလိုခေါ်တာ၊ ဒါနဲ့ ဦးဘသာကြီးက ဒီကောင်ကြီးကို တွေ့လိုက်လို့လား” “အေးကွ၊ ညက ငါ နွားမီးထည့်တော့ ရွာလမ်းပေါ်မှပြေးနေတာလေကွ၊ ငါကတော့ မင်းတို့ခြံတံခါးမပိတ်လို့ လွတ်သွားတယ်လို့ထင်နေတာ၊ ငါအပြင်ထွက်ကြည့်တော့ ...

ရောက်လာကြသည်။ စက်ယန္တယားများ စုံလင်အောင် ခေတ္တမျှစောင့်နေကြရသည်။ ထို့နောက် ဆိုဒ်တာဝန်ခံက အဖွဲ့များဖွဲ့ပေးပြီးနောက် ကိုယ့်တာဝန်ကိုယ် အဖွဲ့အသီးသီးဖြင့် ဆောင်ရွက်ကြလေသည်။ သစ်ပင်ခုတ်သည့်နေရာတွင် လက်ဖြင့်ခုတ်ခြင်းမဟုတ်ပေ။ နိုင်ငံခြားမှ သစ်ပင်ခုတ်ရန်တီထွင်ထားသည့် စက်ကြီးများဖြင့် ခုတ်ရခြင်းဖြစ်သလို၊ ဘူဒိုဇာကြီးများဖြင့်လဲ အပြင်ကြီးများကို ထိုးပြီး လှဲရလေသည်။ ထို့နောက် မြေညှိပြီးနောက် ကားသုံးလေးစီး တက်နင်းလိုက်လျှင် မြေပြန့်ဖြစ်သွားပြီဖြစ်သည်။ ထိုအခါ ခုတ်ပြီးသား သစ်ပင်ကြီးများအား ခုတ်ထစ်ဖြတ်တောက်ကာ ကရိန်းဖြင့်မြေသယ်ကားကြီးများက တင်ဆောင်ပြီးသယ်ရလေသည်။ အခန်း(၃) “ဝုန်း” သစ်ပင်ကြီးများ တစ်ပင်ပြီးတစ်ပင်လဲကျနေလေသည်။ ဘိုဘိုလဲ သစ်ခုတ်စက်ကို ကူညီပြီး အလွန်ကြီးမားသောအပင်ကြီးများကို ဘူဒိုဇာဖြင့် ...

အပြေးတက်ပြီး ရွာထဲကို ပြေးဝင်သွားခဲ့တော့တယ်။ တအောင့်ကြာတော့…။ စိန်မင်းတစ်ယောက် ရွာထဲကလူတွေကို ခေါ်ပြီး အပြေးပြန်ရောက်လာတယ်။ သောင်ခုံကို အရောက်မှာတော့ သူ့နွားကြီးတစ်ကောင်ဟာ ဝမ်းဗိုက်ကြီးပွင့်ပြီး လဲကျနေတာကို တွေ့လိုက်ရတယ်။ ကျန်တစ်ကောင်ကတော့ လဲကျနေတဲ့ နွားကြီးရဲ့ နံဘေးမှာ မတ်မတ်ရပ်လို့။ အဲ့ဒီ့နွားကြီးရဲ့ ကိုယ်ဆီမှာလည်း ဒဏ်ရာ၊ ဒဏ်ချက်တချို့ ရှိနေတယ်။ ‘ ဘယ်လိုဖြစ်တာလဲ…’ ‘ အချင်းချင်း ခွေ့တာ မဟုတ်ဘူးလား…’ ‘ မဟုတ်ဘူးဗျ။ ကျုပ် မျက်စိရှေ့တင်ကိုပဲ ဘာမှမရှိဘဲနဲ့ သူတို့အရှေ့မှာ အခြားနွားတစ်ကောင် ရှိနေသလိုမျိုး လိုက်ခွေ့တာ…’ စိန်မင်းက ...

အကြောင်းထူးများ ရှိသေး လား၊ အလည်သက်သက်ပဲလား” ကျုပ်က စံဘော့်ကို မေးလိုက်တော့မှ စကား ဝိုင်းက တိတ်သွားရောဗျ။ “အေး …ဟုတ်သားပဲ၊ စံဘော် မင်းသူငယ်ချင်း တာတေကို အဘတို့ လာရတဲ့ကိစ္စ ပြောလိုက်ဦးလေကွာ” စံဘော်က နဂါးဆေးပေါ့လိပ်ကလေးကို ဆက် တိုက်ဖွာလိုက်သေးတယ်။ ပြီးတော့ … “ဒီလိုကွ တာတေရ၊ ငါတို့ရွာမှာ မကောင်းဆိုးရွား ကြီးတစ်ကောင် ဝင်နေလို့ကွ” “ဟေ …ဟုတ်လား၊ ဘာတွေလုပ်လို့တုံး” “ပထမတော့ ရွာထဲကလူတွေ ဟင်းချက်ထားရင် ဟင်းတွေ ပျောက် ပျောက်သွားတာကွ” “ဟေ ...

လက်ကလေးဘာလေးကိုင်ရတာ၊ ဒါတောင် ရှက်တဲ့လူတွေဆိုရင် လူမြင်သူမြင်နေရာမှာ လက်ကိုင်ဝံ့တာမဟုတ်ဘူးဗျာ၊ တစ်ချို့အိမ်တွေဆိုရင် မိန်းကလေးတွေအိပ်တဲ့အိပ်ခန်းအောက်က ကြမ်းပြင်မှာ လက်တစ်နှိုက်စာလောက် အပေါက်ကလေးဖောက်ထားသေးသဗျ၊ ကျုပ်တို့အခေါ်တော့ အပျိုနှိုက်တယ်ခေါ်တာ၊ ခင်ဗျားတို့ မိုက်မိုက်ရိုင်းရိုင်းတွေမတွေးပါနဲ့ဗျာ၊ သမီးရည်းစားနှစ်ယောက် အဲဒီအပေါက်ကလေးကနေ စကားတွေပြောကြ၊ တစ်ယောက်လက်တစ်ယောက်ကိုင်ကြတာကိုပြောတာဗျ။ (၂) အခုလိုဆောင်းတွင်းကာလမျိုးဆိုရင်တော့ ကာလသမီးတွေက ခြံကျယ်တစ်ခုမှာ စုပြီးမီးပုံကြီးဖိုကြတယ်၊ အဲဒီအနားမှာ အနီးအပါးအိမ်က ကာလသမီးတွေစုပြီး အတင်းတုပ်ကြ၊ သတင်းဖလှယ်ကြပေါ့ဗျာ၊ စကားပြောတယ်ဆိုပေမယ့်လည်း အလုပ်နဲ့လက်နဲ့တော့မပြတ်ဘူးဗျ၊ အပေါ်က စကားပြောရင်း ပဲကြီးအခွံခွာတဲ့လူကခွာ၊ နောက်နေ့စားဖို့ ငါးခြောက်ခေါင်းချွေတဲ့လူကချွေ၊ ဟင်းနုနယ်သင်တဲ့လူက သင်နဲ့ပေါ့။ ဒီလိုမီးပုံမျိုးဆိုရင်တော့ ကျုပ်တို့ကာလသားတွေအတွက် ပွဲတော်ပဲပေါ့ဗျာ၊ ...

စက်ဘီးကို ဖြေးဖြေးမှန်မှန်သာ နင်းလာရင်း နောက်က လိုက်လာမည့် ကိုလွင် ကိုစောင့်ရန် အရှိန်လျော့လိုက်သည်။ ကိုလွင်နှင့် ကျွန်တော်မှာ ပဲခူးစုထိပ် ဖိုးထောင်ကြီး၏ လပ်ကီးလက်ဖက်ရည် ဆိုင်တွင် ညည ဆုံလေ့ရှိပြီး လက်ဖက်ရည် သောက်လေ့ရှိသည်။ ကျွန်တော်တို့ မှာ ထိုဆိုင်တွင် ဘောလုံးပွဲ အကြောင်း ရောက်တတ် ရာရာ ပြောလေ့ရှိနေခဲ့ပြီး ထိုညကားကျွန်တော်တို့ စကားကောင်းနေသဖြင့် အမေ့အတွက် ဆေးဝယ်ရန် အမှီ ကိုခင် ဆိုင်ကို အမှီလာခဲ့ပင်။ ကိုလွင်မှာ ၎င်းစက်ဘီးက နောက်ဘီးလေလျော့နေသဖြင့် လေထိုးမည်ဟု ဆိုကာ ကွမ်းယာဆိုင်တွင် ...