အကြောင်းထူးများ ရှိသေး
လား၊ အလည်သက်သက်ပဲလား”
ကျုပ်က စံဘော့်ကို မေးလိုက်တော့မှ စကား
ဝိုင်းက တိတ်သွားရောဗျ။
“အေး …ဟုတ်သားပဲ၊ စံဘော် မင်းသူငယ်ချင်း
တာတေကို အဘတို့ လာရတဲ့ကိစ္စ ပြောလိုက်ဦးလေကွာ”
စံဘော်က နဂါးဆေးပေါ့လိပ်ကလေးကို ဆက်
တိုက်ဖွာလိုက်သေးတယ်။ ပြီးတော့ …
“ဒီလိုကွ တာတေရ၊ ငါတို့ရွာမှာ မကောင်းဆိုးရွား
ကြီးတစ်ကောင် ဝင်နေလို့ကွ”
“ဟေ …ဟုတ်လား၊ ဘာတွေလုပ်လို့တုံး”
“ပထမတော့ ရွာထဲကလူတွေ ဟင်းချက်ထားရင်
ဟင်းတွေ ပျောက် ပျောက်သွားတာကွ”
“ဟေ …ဘယ်လိုကွ စံဘော်ရ”
“ဒီလိုကွာ၊ ဘုန်းကြီးကျောင်း ဆွမ်းလှည့်ကျလို့
ဆွမ်းဟင်းအတွက် ဝက်သားတို့ ဘာတို့ နှစ်ပိ
ဿာလောက် ချက်ထားတာမျိုးဆိုရင် ဟင်း
တစ်တုံးမှ မကျန်အောင် စားသွားတာကွ”
“ဟေ …ဟုတ်လား၊ ဒါဆိုရင် ဒီအကောင်က
အိမ်ထဲဝင်နိုင်လို့ပေါ့ကွ”
“အား …ဝင်နိုင်တယ်၊ ဝင်နိုင်တယ်၊ မီးဖိုချောင်
ထဲမှာကို ဝင်ပြီး စားတာကွ”
“အဲဒီလိုဟင်းတွေ ဝင်စားနေတာ မကောင်းဆိုး
ဝါးကြီးမှန်း မင်းတို့ ဘယ်လိုလုပ်သိတုံး စံဘော်”
ကျုပ်မေးလိုက်တော့ စံဘော်က ခေါင်းညိတ်လိုက်ပြီး…
“ဒီလိုဟေ့၊ ငါတို့ရွာမှာ အရီးမြတင်ဆိုတာ
ရှိတယ်။ ရွာမြောက်ပိုင်းမှာ နေတာကွ၊ တစ်
ရက်ကျတော့ အရီးမြတင် ဆွမ်းလှည့်ကျရော
ဟေ့၊ ဒီမှာတင် အရီးမြတင်က ဝက်သားနှစ်ပိ
ဿာ ဆွမ်းဟင်းချက်တယ်၊ ညဘက်ရောက်
တော့ ပိသာဟင်းအိုးကို မီးဖိုခန်းပေါ်မှာပဲ တင်
ထားပြီး မီးဖိုခန်းကို တံခါးလုံအောင် ပိတ်တယ်
မီးဖိုခန်းရှေ့မှာ သေသေချာချာ အိပ်ပြီးတော့
ကို စောင့်တာတဲ့ဟေ့၊ ညသန်းခေါင်ကျော်
လောက်ရောက်တော့ မီးဖိုခန်းထဲက အိုးသံ
ခွက်သံတွေကြားလို့ တံခါးဖွင့်ကြည့်လိုက်
တယ်တဲ့ဟေ့”
“ဟင် …ဘာမြင်လို့တုံးကွ စံဘော်ရ”
“အကောင်ကြီးတဲ့ကွ၊ နဲတာကြီး မဟုတ်ဘူး
ဆိုပဲ။ အရီးမြတင် ပြောတာကတော့ ဆင်ကြီး
တစ်ကောင် မတ်တတ်ရပ်နေသလိုပဲတဲ့ဟေ့၊
တစ်ကိုယ်လုံး အမွေးအမျှင်တွေ ဖုံးနေတာတဲ့
ကွ၊ လက်သည်း ခြေသည်းတွေက သံကောက်
ကြီးတွေ တပ်ထားသလိုကို ဖြစ်နေတာတဲ့ဟေ့။
မျက်လုံးကြီးတွေဆိုတာ ရဲတောက်နေတာဆိုပဲ။
ပါးစပ်ကြီးဖြဲပြီး ဝက်သားတုံးတွေကို လက်ခုတ်
ကြီးနဲ့ ကျုံးကျုံးပြီး ထည့်နေတာတဲ့ကွာ”
“ဟေ …အရီးမြတင်က ဘာလုပ်လိုက်တုံး”
“ဟာ တာတေရာ၊ အရီးမြတင်က လုပ်ဖို့နေ
နေသာကွာ။ အောင်မယ်လေး သရဲကြီးတော့
လို့ ငယ်သံပါအောင် အော်ပြီး လဲကျသွားလိုက်
တာ သတိကို မရတော့တာဟေ့။ သူ့အိမ်သား
တွေလည်း အိပ်ရာက နိုးလာပြီး အပြေးအလွှား
ရောက်လာကြတာပေါ့ကွာ။ သူတို့အိမ်သားတွေ
တင် မကဘူး။ တောင်ဘက်ဝိုင်း၊ မြောက်ဘက်
ဝိုင်းက လူတွေပါ အရီးမြတင်ရဲ့ အသံကိုကြား
ပြီး ပြေးလာကြတာကွ။ ဒီရောက်တော့ ဘာမှ
မတွေ့တော့ဘူးကွ။ ဒါပေမဲ့ ဝက်သားဟင်းအိုး
ထဲက ဆီတွေက ကြမ်းပြင်မှာ မှောက်လို့ဟေ့။
အဲဒီဆီကို တက်နင်းပြီး ထွက်သွားတော့ ကြမ်း
ပြင်မှာ ခြေရာကြီးတွေ ကျန်ခဲ့တာ အလျားနှစ်
တောင်လောက်ရှိပြီး ဗျက်က တစ်တောင်
လောက် ရှိတယ်ကွ”
“ဟာ နဲတဲ့အကောင်ကြီးမှ မဟုတ်တာကွ”
“အေး…အေး…နေဦး တာတေ။ မင်းကို ဆုံး
အောင် ဆက်ပြောရဦးမယ်။ ဟင်းအိုးထဲမှာ
ဝက်သားနှစ်တုံး သုံးတုံး ကျန်နေခဲ့တယ်တဲ့
ကွ၊ အဲဒါကို အရီးမြတင်ရဲ့သား ကိုဘိုတိုးက
သူတို့အိမ်က ခွေးနှစ်ကောင်ကို ကျွေးလိုက်
တာ ဝက်သားလည်း စားပြီးရော ခွေးနှစ်
ကောင် သေပါရောလား တာတေရာ”
“ဟေ …ဟုတ်လား။ ဒါဆိုရင်တော့ မလွယ်
ဘူးကွ စံဘော်ရ။ ဒီအကောင်ကြီးက သက်
တမ်းရာကျော်နေပြီ ထင်တယ်ကွ ပြီးခဲ့တဲ့ည
ကရော ဘယ်သူ့အိမ်ကို တက်စားသေးလဲ”
“နေဦး တာတေ၊ ငါ မင်းကို ပြောပြဖို့ကျန်သေး
တယ်၊ အဲဒီလို ဖြစ်တော့ ငါတို့ရွာသားတွေ ဆွမ်း
လှည့် မချက်တော့ဘဲ ဘုန်းကြီးကျောင်းကို အ
လှူငွေပဲ ထည့်ကြတယ်။ ဒီမှာတင် ဒီအကောင်
ကြီးက ဟင်းမချက်ကောင်းလာဆိုပြီး တို့ရွာက
မွေးကင်းစ ကလေးတစ်ယောက်ကို အူတွေ၊ အ
သည်းတွေ နှုတ်ပြီး စားရောဟေ့၊သေတဲ့ကလေး
က သုံးလသားလောက်ပဲ ရှိသေးတာ၊ သေတော့
ဗိုက်ကလေးက ပြားချပ်နေတာနဲ့ ရွာထဲကလူကြီး
တွေက ဗိုက်ကို ခွဲကြည့်ကြတော့ ကလေးမှာ အူ
တွေ၊ အသည်းတွေ မရှိတော့ဘူးကွ”
“ဟာ နေပါဦးကွ စံဘော်ရ၊ ကလေးက ဘာ
ဖြစ်လို့ သေတာတဲ့တုံး”
“ဘာမှမဖြစ်ဘူးကွ၊ အကောင်းကြီးကနေ အိပ်
နေတုံး လန့်အော်ပြီး သေသွားတာကွ၊ဒါနဲ့ ငါတို့
ရွာက လူကြီးတွေက မဖြစ်တော့ဘူးဆိုပြီး ဝက်
သား တစ်နေ့ သုံးပိဿာချက်ချက်ပြီး အိုးကြီးနဲ့
ကို သွားသွားချကျွေးနေရတယ်”
“ဟေ …ဟုတ်လား၊ ဘယ်နားမှာ သွားပြီး
ကျွေးရတာတုံးကွ”
“ငါတို့ရွာထိပ်မှာ အသက်ဘယ်လောက်ရှိနေ
မှန်း မသိတဲ့တမာပင်လေးတစ်ပင် ရှိတယ်ကွ၊
အပင်အမြင့်က လူခါးစောင်းလောက်ပဲရှိတယ်၊
ဒါပေမဲ့ သက်ရင့်တမာပင်ကြီးတွေလိုပဲ အကိုင်း
နဲ့ အခက်နဲ့၊ အပင်တွေ အကိုင်းတွကလည်း
သက်ရင့်ပင်ကြီးတွေလိုပဲ၊ အမွေတက်၊ ကြီး
ပေါင်းတွေတက်နဲ့ကွ၊ လူကြီးတွေ ပြောတာ
ကတော့ ငါတို့နေတဲ့ ရွာတော်ကြီးကိုတည်
တဲ့ သူကြီးဦးမာ ဆိုတဲ့လူကြီးက အဓိဋ္ဌာန်ပြီး
စိုက်ခဲ့တာလို့ ပြောတာပဲကွ၊ဘာတွေအဓိဋ္ဌာန်
ခဲ့တယ် ဆိုတာတော့ ဘယ်သူမှ မသိပါဘူး
ကွာ၊ လူကြီးတွေ ပြောတာကတော့ ဒီတမာ
ပင်က ဘုရင်တွေ ရှိတဲ့အခါကတည်းက စိုက်
ထားတာလို့ ပြောကြတာပဲ၊ အဲဒီတမာပင်လေး
ကို ခြုံနဲ့ ဝိုင်းထားတာကွ၊ တို့ရွာသားတွေက
တင်ဖို့ မြှောက်ဖို့ ကိစ္စဆိုရင် အဲဒီရွာထိပ်က
တမာပင်ပုလေးမှာပဲ သွားပြီး လုပ်ကြတာကွ
တာတေရ”
“သြော် …ဒါဆိုရင် ဟိုအကောင်ကြီးကို ဝက်
သားကျွေးတာလည်း အဲဒီနေရာမှာပဲပေါ့”
“အေး …ဟုတ်တယ်ကွ”
ကျုပ်လည်း စံဘော် ပြောတာကို တွေးကြည့်
နေတာပေါ့ဗျာ။
“မောင်တာတေရေ…ဘိုးထော်တို့ အခုလာ
တာ မောင်တာတေကို ခေါ်ဖို့ပဲကွ၊ ဒီကိစ္စကို
မောင်တာတေ လိုက်လာပြီး အကဲခတ်ပေး
ပါကွာ၊ ပြီးတော့ ရှင်းနိုင်ရင်လည်း ရှင်းပေးပါ
မောင်တာတေ၊ ဘိုးထော်တို့နဲ့တော့ တစ်ပါ
တည်း လိုက်ခဲ့ပါ”
ဘိုးထော်က ကျုပ်ကို အရအမိကို ခေါ်တော့
တာပေါ့ဗျာ။ကျုပ်လည်း ဘယ်လိုလုပ် ငြင်းလို့
ကောင်းမှာတုံးဗျာ။ စံဘော်ဆိုတာက လွှတ်
ခင်တဲ့ ငယ်သူငယ်ချင်းလေးဗျာ။ နောက်ဆုံး
တော့ ယူစရှိတာတွေယူပြီး စံဘော်တို့ သား
အဖလှည်းနဲ့ ကျုပ် ရွာတော်ကြီးကို လိုက်ခဲ့
ရတော့တာပေါ့ဗျာ။
“ဟာ…ဘယ်လိုတုံး၊ ဟာ ငနီကြီး၊ တောက်
ဘာလို့ တွန်းနေတာတုံးဟ၊ အဖြောင့်ဆွဲလေ”
” ဟ ဒီနွား၊ အေး အဲဒီလိုသွားလေ”
စံဘော်အဘ ဘိုးထော်က လှည်းမောင်းတာ
ဗျ၊ ကျုပ်နဲ့ စံဘော်ကတော့ ဘချစ်အကြောင်း
ကိုပြောလာကြတာ။ဘချစ်ဘယ်ရောက်နေမှန်း
ကျုပ်ရော၊ စံဘော်ရော မသိကြဘူးဗျ။ကျုပ်တို့ နှစ်ယောက်စလုံးဘချစ်ကို သတိရနေကြတာ။
သုသာန်ကျောင်းဘုန်းကြီး မွေးစားထားတဲ့ အ
ကောင်လေဗျာ။ ဘချစ်က စကားပြောရင် အ,
ထစ် အ,ထစ်နဲ့ ပြောတဲ့ကောင်၊စကားသာထစ်
တာ လွှတ်ခင်ဖို့ကောင်းတဲ့ကောင်ဗျ။ဘိုးထော်
လှည်းမောင်းတဲ့အသံကို နားထောင်ရင်း စ
ံဘော်နဲ့ကျုပ် စကားကောင်းလာလိုက်တာ
ညနေစောင်းသွားတာတောင် သတိမထာ
းမိဘူးဗျို့။
“မောင်တာတေ ဟိုရှေ့ကဟာ ဘိုးထော်တို့
ရွာပဲကွ၊ ရောက်ပြီ”
လို့ ပြောတော့မှ ကျုပ်က လှမ်းကြည့်လိုက်
မိတာ။
“ဟ စံဘော်၊ ရွာတော်ကြီးဆိုလို့ ငါ့စိတ်ထဲမှာ
ရွာကြီး အကြီးကြီး ထင်နေတာကွ၊ခု သေသေ
ချာချာ ကြည့်တော့မှ မင်းတို့ရွာက သိပ်မကြီး
ဘဲကိုး”
“ဟာ မဟုတ်ဘူးကွ မောင်တာတေရဲ့၊ ဒီရွာ
ကြီးကို ဘုရင်တွေ လက်ထပ်တွေကတည်း
က တည်ခဲ့တာ၊ ဘုရင် တိုက်ရိုက်အုပ်ချုပ်
တဲ့ရွာလို့ ပြောတယ်၊ ဘုရင်ရဲ့ စစ်ကဲကြီးဦး
မာဆိုတာက သူကြီးလုပ်ရတာကွ၊ သူပဲ ရွာ
တည်ခဲ့တယ်လို့ ပြောတယ်။ တကယ်က ရိုး
ရိုးသူကြီး မဟုတ်ဘူးကွ၊ ဘုရင် ဘဏ္ဍတိုက်
ထဲကို သွင်းရတာတဲ့ကွ၊ ဒီတုန်းက အိမ်ခြေ
တစ်ထောင်ကျော်လောက်ရှိတယ်ဆိုပဲ။နှစ်
တွေကြာလာတော့ ရွာကတဖြည်းဖြည်း
သောင်လာတာပေါ့ကွာ၊ ခုဆိုရင် အိမ်ခြေ
တစ်ရာကျော်လောက်ပဲ ရှိတော့တာ မောင်
တာတေရဲ့”
“သြော် …ဒီလိုလား ဘိုးထော်ရဲ့”
ကျုပ်တို့ ရွာထဲဝင်တော့ နေဝင်ကာနီးနေပြီဗျ၊
စံဘော်တို့ ဝိုင်းက ကျယ်ပါတယ်။
” စံဘော် ဒီည ဝက်သား သွားကျွေးရင် ငါ
လိုက်မယ်”
ကျုပ်က လှည်းပေါ်က ဆင်းတာနဲ့ တန်းပြော
လိုက်တာ။
“ဟာ ဒါဆိုရင် တောင်ဘက်ဝိုင်းက ဘိုးဆင်ကို
အကျိုးအကြောင်း သွားပြောလိုက် စံဘော်ရေ”
“ဟုတ်ကဲ့ အဘ”
အဲဒီညက ကျုပ် ထမင်းစားပြီးတာနဲ့ နဂါးဆေး
ပေါ့လိပ်ကလေးဖွာတယ်၊ စကားလေး ဘာလေး
ခဏတဖြုတ်ပြောပြီး မျက်ကွင်းဆေး ကွင်းထား
လိုက်တယ်။
“စံဘော်ရေ…မင်းသူငယ်ချင်းကို ခေါ်ကွာ၊
သွားကြရအောင်ဟေ့”
“ဟော …ဘိုးဆင် ခေါ်နေပြီဟေ့၊ သွားစို့”
ကျုပ်က ဆေးလွယ်အိတ်ကို စလွယ်သိုင်းလွယ်
ပြီး ထလိုက်ခဲ့တယ်။ စံဘော် ပြောတဲ့အတိုင်းပါ
ပဲဗျာ။ ရွာထိပ်က တမာပင်လေးက ပုပုလေးဗျ။
မြို့မှာ ပန်းအိုးနဲ့ ထည့်ရောင်းတဲ့ ဘွန်ဇိုင်းလို့ခေါ်
တဲ့ သက်ကြီးပုပင်မျိုး ဖြစ်နေတာဗျ။ဘိုးဆင်က
ဝက်သားဟင်းအိုးကြီးကို အဖုံးဖွင့်ပြီး ပါးစပ်က
ပြောတယ်
“သင် ဘယ်လိုပုဂ္ဂိုလ်မျိုးပဲ ဖြစ်ဖြစ် ဒီဝက်သား
ဟင်းကို စားပါ၊ ကျုပ်တို့ ရွာတော်ကြီးသားတွေ
ကျွေးမွေးတာပါ၊ ကျုပ်တို့ ရွာကို မနှောင့်ယှက်
ပါနဲ့၊ စောင့်ရှောက်ပါဗျာ၊ စားပါ၊ စားပါ”
ဘိုးဆင်က ပြောပြီး ခပ်သုတ်သုတ် ထွက်သွား
တယ်။ ကျုပ်နဲ့ စံဘော်က ရောက်ကတည်းက
မလှမ်းမကမ်းက မန်ကျည်းပင်ကြီးနောက်မှာ
ကွယ်ပြီး နေကြတာဗျ။ဘိုးဆင် ပြန်သွားတော့
ကျုပ်တို့နှစ်ယောက် ကျန်ခဲ့တာပေါ့ဗျာ။စံဘော်
က မြို့ကျောင်းမှာ တက်ကတည်းက ဘချစ်
နောက်ကို ကျုပ်နဲ့အတူတူ လိုက်နေကြလေ
ဗျာ။ အခုလည်း စံဘော်က ကျုပ်နဲ့ လိုက်ခဲ့ရ
တာကို ပျော်နေတာဗျ။
“ဝေါ၊ ဖလပ်၊ ဖလပ်”
ဟာ လေအေးကြီးတိုက်လိုက်တာဗျို့၊ သစ်
ပင်တွေဆိုတာ ယိမ်းထိုးပြီး သစ်ရွက်ခတ်သံ
တွေ မြည်နေတာဗျ။
“အာ အာ အာ အာ”
ဟော ကျီးကန်းတွေတောင် လန့်ပြီးအော်
နေပြီဗျို့
“ဟိုမှာ ဟိုမှာ တာတေ၊ တမာပုလေးကိုကြည့်”
ဟုတ်တယ်ဗျ၊တမာပုလေးက လေတိုက်သလို
ယိမ်းနေတာဗျ။ ဟာ ဘာကြီးတုံးဗျ၊ တမာပင်
ကလေးထဲက ထွက်လာတာ။ မဲမဲအတန်းကြီး
ဗ်။ မီးခိုးလိုလို ဘာလိုလိုနဲ႔။ မဲမဲ အခိုးလုံးက
ကြီးကြီးလာတာဗျို့။ တမာပင်ပုလေးကို ကာ
ထားတဲ့ ခြံစည်းရိုးကိုကျော်ပြီး ထွက်လာပြီဗျို့။
ဟာ သရဲကြီးဗျာ။ နည်းတဲ့အကောင်ကြီးမှ
မဟုတ်တာ။ဟုတ်ပါ့ဗျာ။ အရီးမြတင်ပြောတဲ့
အတိုင်းပဲဗျ၊ ဆင်ကြီးတစ်ကောင် မတ်တတ်
ရပ်နေသလားလို့ကို ထင်ရတာဗျ။ နည်းတဲ့
ကိုယ်လုံးကြီး မဟုတ်ပါဘူးဗျာ။ အမွေးကြီး
တွေမှ တစ်တောင်လောက်ကို ရှည်တာဗျို့။
မျက်လုံးနီနီကြီးတွေနဲ့ ပါးစပ်ပြဲပြဲကြီးထဲမှာ
အစွယ်ဖွေးဖွေးကြီးတွေက တစ်ထွာလောက်
ကို ရှည်မယ်ထင်တယ်။ နားရွက်ကြီးတွေက
စကောကြီးတွေလောက် ရှိတာဗျ။
ဟာ …ဒူးကြီးထောက်ပြီး ထိုင်ချလိုက်ပြီဗျို့။
ဟာ…စားပြီဗျာ ။ ဝက်သားဟင်းတွေကို လက်
ခုတ်ကြီးတွေနဲ့ ကျုံးကျုံးပြီး ပါးစပ်ကြီးထဲကို
ထည့်နေလိုက်တာဗျာ။ဒီကောင်ကြီးကို ကြည့်
ရင်း ကျုပ်တောင် ဝက်သားစားချင်လာရော
ဗျို့။ အမေချက်တဲ့ ဝက်သနီချက်ကို သတိရ
လိုက်တာ မပြောပါနဲ့တော့ဗျာ။
ဝက်သားဟင်းကို တစ်အိုးလုံး ကုန်အောင်
စားပြီးတော့ တမာပုလေးကို ဝိုင်းထားတဲ့ ခြံ
ဝင်းထဲကို လှမ်းကျော်ပြီး ဝင်လိုက်တယ်။ဟာ
…ပျောက်သွားပြီဗျို့၊ အကောင်ကြီး ပျောက်
သွားပြီ။ ကျုပ်တောင် ပါးစပ်အဟောင်းသား
ဖြစ်ကျန်ရစ်ခဲ့တာဗျ။ ကျုပ်ကို ကြည့်ပြီး အ
ကဲခတ်နေရတဲ့ စံဘော်က ကျုပ်ကို လေသံ
လေးနဲ့ မေးတယ်။
“တာတေ မင်း ဘာမြင်လို့တုံး”
“စံဘော် ငါက ဆရာကြီးတွေ ချီးမြှင့်ထားတဲ့
မျက်ကွင်းဆေး ကွင်းထားတာကွ၊ ဒီလိုဟာ
တွေကို မြင်ရတယ်၊ မင်းတို့ ရွာက အရီးမြတင်
ပြောတဲ့အတိုင်းပဲကွ၊ နည်းတဲ့ အကောင်ကြီးမ
ဟုတ်ဘူးကွ၊ဒါကြီးကို နှင်ထုတ်ဖို့ဆိုတာ တော်
ရုံတန်ရုံ ဆရာ လုပ်နိုင်မယ် မထင်ဘူးကွ”
“ဒါဆိုရင် အစွမ်းထက်တဲ့ ဆရာတွေ ဘာ
တွေ မင်းသိတာ ရှိသလား၊ မင်းနဲ့ ငါ သွား
ခေါ်မယ်ကွာ”
“နေပါဦး စံဘော်ရဲ့၊ ငါ လုပ်ကြည့်ပါဦးမယ်”
“မင်းက ဘယ်လိုလုပ်မှာတုံး တာတေ”
“ငါ မဖဲဝါကို အကူအညီ တောင်းကြည့်
ပါဦးမယ်ကွာ”
“ဟာ မဖဲဝါ ဟုတ်လား၊ သင်္ချိုင်းစောင့်
မဖဲဝါဆိုတာလား”
“အေး…ဟုတ်တယ်လေ”
“မဖဲဝါဆီက အကူအညီတောင်းမယ်ဆိုတော့
မင်းက မဖဲဝါကို သိလို့လား”
“အေးပေါ့ကွ စံဘော်ရ”
“ဟေ…ဟုတ်လား”
ကျုပ် အဲဒီညက စံဘော်တို့အိမ်မှာ အိပ်တယ်။
မဖဲဝါရဲ့ကိုယ်ပွားရုပ်ကလေးကို ထုတ်ယူပြီး မ
ဖဲဝါကို ပင့်လိုက်တယ်။
“သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ ကျုပ်က ရွာတော်
ကြီးမှာ ရောက်နေတာပါ၊ ရွာတော်ကြီးမှာ
သရဲကြီးတစ်ကောင်ကို ရွာသားတွေက တစ်
ရက်မပျက်ဝက်သားဟင်း ချက်ပြီး ကျွေးနေ
ရပါတယ်၊ အဲဒီလို မကျွေးရင် ဒီသရဲကြီးက
ရွာထဲက ကလေး တစ်ယောက်ကို သတ်ပြီး
အူအသည်းတွေကိုနှုတ်ပြီး စားပစ်တာဗျ၊ မ
ဖဲဝါရဲ့၊ အဲဒီကိစ္စကို ဘာဆက်လုပ်ရမယ်ဆို
တာ ပြောပြပါ၊ သင်္ချိုင်းရှင်မကြီးဗျာ”
မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို ခေါင်းအုံး
အောက်မှာ ထားပြီး ကျုပ် အိပ်လိုက်တယ်။
လေတွေ တဝုန်းဝုန်း တိုက်နေတဲ့ကြားမှာ
ဆယ့်နှစ်ရာသီပင်ကြီးက ယိမ်းထိုးနေတာ
ဗျ။ တစ်ပင်လုံး ဝါနေအောင် ပွင့်တဲ့ဆယ့်
နှစ်ရာသီပန်းတွေကတော့ တစ်ပွင့်မှကို
ကြွေကျတာ မတွေ့ရဘူးဗျို့။ကျုပ်နဲ့ ရွယ်
တူလောက်အရွယ် ဖန်ဆင်းထားတဲ့ မဖဲဝါ
က ဆယ့်နှစ်ရာသီပင်ကြီးအောက်မှာ ရပ်
လို့။ လေတွေ တဝုန်းဝုန်းတိုက်နေပေမယ့်
မဖဲဝါရဲ့ ဆံပင်တွေ၊ အဝတ်အစားတွေက
မလွင့်ဘူးဗျ။
“တာတေ နင် နားထောင်၊ နင် အခု တွေ့ရ
တဲ့ သရဲကြီးက ကုန်းဘောင်မင်းတွေ အင်း
ဝကနေ အမရပူရကို ပြောင်းပြီး နန်းစိုက်တဲ့
အချိန်ကတည်းက ရှိနေတာ၊ ဒီတုန်းက ဘ
ကြီးတော် မင်းရဲ့အမိန့်နဲ့ စစ်ကဲကြီး ဦးမာက
ရွာတော်ကြီးကို စနစ်တကျ တည်ခဲ့တာ။အိမ်
ခြေထောင်ကျော် ရှိတယ်။ မင်းကြီးရဲ့ကျေး
လက်စံအိမ်တော်ရှိတယ်၊ မင်းကြီးက ကျေး
လက်မှာ စံချင်တဲ့အခါ အခြွေအရံ အပြည့်
အစုံနဲ့ ရွာတော်ကြီးကို ကြွလေ့ရှိတယ်။ ဒီ
တော့ ရွာတော်ကြီးက မင်းစံရွာကြီးပေါ့ တာ
တေ၊ ဒါကြောင့်လည်း ရွာတည်တဲ့ စစ်ကဲ
ကြီး ဦးမာက ရွာစည်းရိုးကို သစ်လုံးတွေနဲ့
ကျကျနန အခိုင်အမာ ကာရံရတယ်၊ ပြီးတာ
နဲ့ အင်မတန်ဆိုးတဲ့ ဓါးမြဗိုလ်ကြီး ငထုံးကို
သတ်ပြီး ရွာစတေးခဲ့တယ်၊ ခေါင်းကို ရွာအ
ဝင်ဝမှာ မြှုပ်တယ်၊ ကိုယ်ကိုတော့ လေး
ဘက်လေးပေါင်ဖဲ့ပြီး ရွာထောင့်လေးရပ်မှာ
မြှုပ်ပြီး မင်းမိန့်ပြန်တမ်းနဲ့ ရွာနေတော်ကြီး
ကို အစောင့်ထားတယ်။ အဲဒီသရဲကြီးက
ငထုံးပဲ တာတေ၊ ဦးမာ သစ္စာဆိုပြီး စိုက်
ခဲ့တဲ့ တမာပင်ပုလေးကို နင်တွေ့တယ်မို့
လား၊သက်တမ်း ရာချီနေပြီ၊ အဲဒီတမာပင်
က လွဲရင် သရဲငထုံး ဘယ်မှာမှ မနေရဘူး
လို့ အမိန့်ထားခဲ့တယ်။အဲဒီတမာပင်ပုလေး
ဟာ သရဲကြီး ငထုံးရဲ့ ဗိမာန်ပဲ”
“အိုး…ရှေးတုန်းက ဘုရင်တွေရဲ့ အမိန့်ဟာ
တယ်လည်း ပြင်းထန်တာပါလား”
ကျုပ်က အတွေးနဲ့ ပြောလိုက်မိတာဗျ။
“နင် ငထုံးရဲ့၊ အရိုးတွေကို ရှာပြီး တူးလိုက်
လေ၊ ပြီးရင် မီးသင်္ဂြု ိဟ်ပေးလိုက်၊ ဒါဆိုရင်
ငထုံး ဒီနေရာက ထွက်သွားလိမ့်မယ်၊ သူ
လည်း ဒီနေရာက သွားချင်လှပြီပေါ့ တာ
တေ၊ မင်းမိန့်နဲ့ မို့လို့ သူခမျာ ခံနေရတာပါ”
“အရိုးတွေကို စစ်ကဲကြီးဦးမာ ဘယ်နေရာ
တွေ မြှုပ်ခဲ့တယ်ဆိုတာ ကျုပ်မှာ မသိတာ
မဖဲဝါရဲ့”
“မနက်ဖြန် လကွယ်ည သန်းခေါင်ယံမှာ
နင်တို့ ရွာပြင်ထွက်ခဲ့၊ ငါ ခွေးနက်ကြီးကို
လွှတ်လိုက်မယ်၊ ငထုံးရဲ့ ခေါင်းနဲ့ကိုယ်
မြှုပ်ထားတဲ့ နေရာတွေကို ခွေးနက်ကြီး
က ပြလိမ့်မယ်”
“ကောင်းပါပြီ မဖဲဝါ”
နောက်တစ်နေ့ ရောက်တော့ အစီအစဉ်အား
လုံး လုပ်ရတော့ပေါ့ဗျာ။ ရွာထဲက လူတွေစုပြီး
ညသန်းခေါင် မတိုင်ခင်ကတည်းက ကျုပ်တို့
လူစု ရွာတော်ကြီး အပြင်ကို ထွက်ခဲ့တယ်။မူ
လရွာကြီးဟာ ဘယ်လောက်ကြီးတယ်၊ဘယ်
နေရာမှာ ရွာဝင်ပေါက်တံခါး ရှိတယ်၊ ရွာက
ဘယ်ဘက်လှည့်တယ်ဆိုတာ ဘယ်သူမှမသိ
ကြတော့ဘူးလေဗျာ။ နဂိုရွာကြီးနဲ့ ပက်သတ်
တာဆိုလို့ ရွာတော်ကြီးဆိုတဲ့ နာမည်ပဲ ကျန်
တော့တာဗျ။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
လကွယ်ညဆိုတော့ ကြယ်ရောင်လေးပဲ ရှိ
တာပေါ့ဗျာ။ မဖဲဝါရဲ့ ခွေးကြီး လာနေပြီဗျို့။
ဟော ဟော သွားပြီ၊ သွားပြီ။ ခွေးနက်ကြီး
သွားပြီဗျို့၊ ကျုပ်တို့လူစုလည်း ခွေးနက်ကြီး
နောက်က လိုက်ရတာပေါ့ဗျာ။ ဟော တူးပြီဗျို့။
တူးပြီ။ခွေးနက်ကြီးက နေရာ တစ်နေရာ
ကို တူးပြတယ်။ကျုပ်တို့ထဲက နှစ်ယောက်
နေခဲ့ပြီး အဲဒီနေရာကိုတူးကြတယ်။ ခွေးနက်
ကြီးက ဆက်သွားပြီး တစ်နေရာမှာ တူးပြန်
တယ်။ ကျုပ်တို့ထဲက နှစ်ယောက်နေခဲ့ပြီး
တူးကျန်ရစ်တယ်။ နောက်ထပ် ဆက်သွား၊
ဆက်တူး။နောက်ထပ် ဆက်သွား၊ ထပ်တူး။
အားလုံးပေါင်း ငါးနေရာဗျ။ ပြီးတော့ ခွေး
နက်ကြီး ပြေးထွက်ပြီး ပျောက်သွားတယ်။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ အီ”
ခွေးအူသံကြီးက တဖြည်းဖြည်း ဝေးဝေး
သွားရောဗျို့။ ဟာ…တွေ့ပြီဗျို့၊ တွေ့ပြီ။
သရဲငထုံးကြီးရဲ့ လူ့ဘဝက ခေါင်းခွံ၊လက်၊
ခြေထောက်၊ကိုယ် အားလုံးဆက်လိုက်တော့
လူတစ်ယောက်ရဲ့ အရိုးစုကြီး ဖြစ်လာတာ
ပေါ့ဗျာ။
ဒီတော့မှ မူလရွာတော်ကြီးရဲ့ အကျယ်အဝန်း
ကို ရွာသားတွေတွေ့ရတော့တာဗျို့။ စစ်ကဲ
ဦးမာ တည်ခဲ့တဲ့ ဒီရွာကြီးကနည်းတဲ့ ရွာကြီးမှ
မဟုတ်တာဗျာ။ ဘုရင်တောင် ကြွပြီး ကျေး
လက်စံ ရွာဆိုတော့ ရွာစည်းရိုးကို အခိုင်အ
မာ ဆောက်ထားတာတဲ့ဗျ။ ပြီးတော့ ရွာစ
တေး ပြီး အစောင့်ချထားသေးတာ။ ဓါးမြကြီး
ငထုံး ဒီနေရာမှာ ဘယ်မှမသွားဘဲ စောင့်နေ
ရတာ။ ခမျာကြီးလည်း တော်တော်ကို သနား
ဖို့ ကောင်းပါတယ်ဗျာ။ နောက်တစ်နေ့မှာပဲ
ရွာတော်ဆရာတော်ကျောင်းမှာ ရွာတော်သူ
ကြီးနဲ့ ရွာထဲက လူကြီးတွေ တိုင်ပင်ကြတာ
ပေါ့ဗျာ။ တိုင်ပင်ပြီးတာနဲ့ ချက်ချင်းဆုံးဖြတ်
ကြတာဗျို့။
ယင်းချောင်းတစ်ဖက်ကမ်းက တောင်ချွန်း
ဆရာတော်နဲ့ ရွာတော်ဆရာတော် အပါအ
ဝင် သံဃာဆယ်ပါးကို ဆွမ်းကပ်မယ်။ သ
ရဲကြီး ငထုံးကို ဒီည ဝက်သားကျွေးပြီးတာ
နဲ့ ကျုပ်က အားလုံး အကျိုးအကြောင်းပြော
ပြီး မနက်အာရုဏ်တက်မှာ တရားနာ ဖိတ်
ရမယ်။ သရဲကြီး ငထုံး တရားနာတုန်းမှာ
သူ့ရဲ့အရိုးတွေကို မီးသင်္ဂြို ဟ်ကြရမယ်
ဒါဆိုရင် ရွာတော်စောင့် သရဲကြီး ကျွတ်
နိုင်တယ်လို့ ယူဆကြတာပေါ့ဗျာ။
ရွာတော်သားတွေလည်း သူတို့ဆုံးဖြတ်တဲ့
အတိုင်း ချက်ချင်းထပြီး လုပ်ကြ ကိုင်ကြ
တာဗျို့။ တမာပင်ပုလေးနားမှာ ချက်ချင်း
ကနဖျင်းထိုးပြီး အလှူအတွက် ခင်းကြ
ကျင်းကြတာပေါ့ဗျာ။ ကျုပ်လည်း အဲဒီည
ရွာတော်စောင့်ကြီးကို ဝက်သားကျွေးရင်း
မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးနဲ့ပြပြီး မနက်
တရားနာဖို့ ဖိတ်လိုက်တယ်။
ကျုပ်ကတော့ မျက်ကွင်းဆေးကွင်းပြီး
ကြည့်နေရတာပေါ့ဗျာ။ မနက်လေးနာရီ
ခွဲမှာ ဆရာတော်တွေကို ဆွမ်းကပ်က
တည်းက သရဲကြီး ငထုံးကို ကျုပ်ခေါ်
လိုက်တယ်ဗျ။ သရဲကြီးလည်း ကျွတ်
လွတ်ချင်ရှာလွန်းလို့ လာပါတယ်ဗျာ။
သူ့အတွက် ကျုပ်လုပ်ပေးထားတဲ့ နေ
ရာမှာ ကြုံ့ကြုံ့ကြီး ထိုင်နေတာ။ တ
ကယ့်ကို ဆင်ကြီးတစ်ကောင် ထိုင်နေ
သလိုပါပဲဗျာ။ ဆရာတော်တွေက ဆွမ်း
စားပြီးတော့ ဒါဟာ ဒကာကြီး ငထုံးရဲ့
အလှူဖြစ်တဲ့အကြောင်း ရရှိတဲ့ ကုသိုလ်
အဖို့ဘာဂကို ငထုံးကြီး အပြည့်အဝ ရ
ပါစေလို့ အမျှပေးဝေကြတယ်။
ငထုံးကြီးက သာဓုခေါ်တယ်။ ဒီအချိန်မှာ
ပဲ ငထုံးကြီးရဲ့ အရိုးစုကို မီးသင်္ဂြု ိဟ်လိုက်
ကြတာပေါ့ဗျာ။ တစ်ပြိုင်နက်တည်း လုပ်
တာဗျ။ ငထုံးကြီးလည်း သာဓုခေါ်တဲ့အ
ချိန်၊ သူ့အရိုးတွေလည်း ပြာကျတဲ့အချိန်
တစ်ထပ်တည်းဗျ။ဟာ…သာဓုလည်း ခေါ်
ပြီးရော ဆင်ကြီးတစ်ကောင်လောက်ရှိတဲ့
သရဲကြီး ဖြုတ်ကနဲ ပျောက်သွားရောဗျာ။
ကျုပ်က အချက်ပေးလိုက်တာနဲ့ တစ်ပြိုက်
နက်တည်း အသင့်စောင့်နေတဲ့ ရွာတော်သား
တွေက တမာပင်ပုလေးရဲ့ခြံဝင်းကို ဖျက်ကြ
ပြီး တမာပင်ပုလေးကိုပါဝိုင်းခုတ်ကြ ထစ်ကြ။
အမြစ်တူးတဲ့လူက တူးပေါ့ဗျာ။ ရွာတော်ဆရာ
တော်က ကျုပ်ကို ခေါ်ပြီး မေးတယ်။
“ဒကာလေး မောင်တာတေ၊ သရဲကြီး ဦးထုံး
ကျွတ်လွတ်သွားတာကို မြင်ရသလားကွဲ့”
“မှန်လှပါဘုရား၊ သရဲကြီး ကျွတ်လွတ်သွား
ပါပြီဘုရား၊ တပည့်တော် သေသေချာချာ
မြင်ရပါတယ်ဘုရား”
“အင်း…ဝမ်းမြောက်ဖွယ်ကောင်းလှပါဘိ
တော့တယ်”
လို့ ပြုံးပြီး ဆရာတော်က မိန့်တယ်။ တောင်
ချွန်းဆရာတော်ကလည်း ဝမ်းမြောက်ဝမ်းသာ
ရှိတာပေါ့ဗျာ။ ကိစ္စပြီးတာနဲ့ ကျုပ် ထနောင်း
ကုန်းကို ပြန်တယ်။ ဘိုးထော်နဲ့ စံဘော်က
ကျုပ်ကို အိမ်အရောက် ပြန်ပို့ကြပါတယ်။
အဘနဲ့ အမေအတွက် မြေပဲ၊ မောင်မခေါ်ပဲ၊
ပဲကြီး၊ ပုန်းရည်ကြီး၊ နှမ်း၊ ရွာတော်သူတွေ
ယက်ကန်းခတ်ပြီး ရက်ထားတဲ့ အညာတ
ဘက်နှစ်ထည်။ ထနောင်းကုန်းရောက်လို့
ဝိုင်းထဲဝင်လိုက်တာနဲ့ …
“ဟ…တာတေ ပြန်လာပဟ၊ ငါ့ကောင်ကြီး
ကွာ၊ မင်းကို လာပြီးစောင့်လိုက်ရတာ နှစ်
ရက်ရှိပြီကွ တာတေရ”
ဆပ်သမြောင်က ကိုကြီးသာဒွန်းပါလား။
ဘာကိစ္စများ ရှိလို့ပါလိမ့်။ ကျုပ်အဘနဲ့
အမေကလည်း လွှတ်ဧည့်ဝတ်ကျေတာ
ဗျို့။အိမ်မှာ ထမင်းဟင်းချက်ထားပြီးသား။
ဘိုးထော်နဲ့ စံဘော်ရော၊ ကိုကြီးသာဒွန်း
ရော ကျကျနန ထမင်းကျွေးတာဗျ။ကျုပ်
တို့ အညာဓလေ့ဆိုတာ ဒီလိုပါပဲဗျ။ဧည့်
သည်လာရင် ကျုပ်တို့ အညာသူ၊ အညာ
သားက သိပ်ပျော်ကြတာ။သူများအိမ်လာ
တဲ့ ဧည့်သည်ကိုတောင် သွားမိတ်ဖွဲ့ပြီး
ထမင်းဖိတ်ကျွေးကြတာဗျ။ခုလည်း ဧည့်
သည်တွေလာလို့ အဘနဲ့ အမေမှာ ပျော်
နေကြတာဗျ။ထမင်းစားသောက်ပြီးတော့
မှ ကိုကြီးသာဒွန်းက ကျုပ်ကိုပြောပြတာဗျာ။
“တာတေ ရွာကလူတွေ လွှတ်လိုက်လို့
မင်းဆီကို ငါ လာခဲ့တာကွ”
“ဘာများဖြစ်လို့တုံး ကိုကြီးသာဒွန်းရဲ့”
“ငါတို့ ဆပ်သမြောင်မှာ တစ်နေ့ကို လူ
တစ်ယောက် သေနေလို့ကွ”
“ဗျာ ” “ဟင်”
ကျုပ်က အံ့သြပြီး ‘ဗျာ’လို့ အော်လိုက်မိတာ။
စံဘော့်အဘ ဘိုးထော်ကလည်း အံ့သြပြီး
‘ဟင်’လို့ အော်လိုက်တာဗျ။
“ဘာရောဂါနဲ့ သေကြတာတုံးဗျ၊
ကိုကြီးသာဒွန်းရဲ့”
“သေရင် ဝမ်းရောဂါပဲကွ၊ သိပ်များများလည်း
မဟုတ်ဘူး၊ အကောင်းကနေ မှိုင်လာပြီး ဝမ်း
သုံးလေးခါသွားပြီး ကြွက်တက်တော့တာပဲ။
ကြွက်တက်ပြီး ခဏကြာရင် ဇက်ကျိုးကျသွား
တော့တာပါပဲကွာ”
“ရွာထဲမှာ ကူးကုန်မှာ ကြောက်ရတယ် ကို
ကြီးသာဒွန်းရ”
“ဟ…တာတေရ၊ ဒီလိုတော့လည်း မကူးဘူး
ကွ၊ သေတာကလည်း တောင်ပိုင်းက တစ်
ယောက်၊ မြောက်ပိုင်းက တစ်ယောက်၊ အ
ရှေ့ပိုင်းက တစ်ယောက် သေတာ၊ သုံး
ယောက် ရှိပြီကွ”
“ရက်ဆက်ကို သေတာပဲလား”
“ဟာ …မဟုတ်ဘူးကွ၊ တစ်ရက်ခြား နှစ်
ရက်ခြား ဖြစ်တာ”
“ဟင် …ဆန်းတော့ ဆန်းသားဗျ ကိုကြီး
သာဒွန်းရဲ့”
စံဘော်နဲ့ ဘိုးထော်က အဘနဲ့ အမေရော
ကျုပ်ကိုရော ကိုကြီးသာဒွန်းကိုပါ နှုတ်ဆက်
ပြီး ပြန်သွားကြတယ်။ ကျုပ်ကတော့ ဆပ်
သမြောင်က ကိစ္စကို အာရုံရောက်နေတော့
တာပေါ့ဗျာ။
“နေပါဦး ကိုကြီးသာဒွန်းရဲ့၊ ထူးထူးခြားခြား
ဘာတွေဖြစ်သေးတုံး”
“အေး …အဲဒါကို ပြောမလို့ကွ၊ ဒီကိစ္စက
မင်းနဲ့တွေ့မှ ပြောရမှာ၊ စောစောက ဧည့်
သည်တွေ ရှိနေသေးလို့ ငါမပြောသေးတာ
ကွ တာတေရ”
“သြော်…ပြောပါဦး ကိုကြီးသာဒွန်းရဲ့၊
ဘာတွေများ ထူးထူးခြားခြား ဖြစ်သေးတုံး”
“အဲဒီလို လူသေတော့မယ်ဆိုရင် ညဘက်
မှာ တစ်ရွာလုံး ကျီးတွေပျိုတော့တာပဲကွာ၊
ကျီးပျိုတာမှ တဝေါဝေါ ပျိုတာဟေ့၊ တစ်
ညကို ဆယ်ခါလောက် ပျိုတာကွ၊ရွာထဲရှိ
သမျှ ခွေးတွေလည်း အူလိုက်တာမှကွ
တစ်ညလုံးပဲဟေ့”
“ဟာ …တော်တော်ကို ကြောက်စရာကောင်း
တာပါလား ကိုကြီးသာဒွန်းရဲ့”
“နေဦး တာတေ၊ ငါအရေးကြီးတာတစ်ခု
မင်းကို ပြောရဦးမှာ၊ အဲဒီလို ကျီးတွေ တစ်
ညလုံးပျိုပြီး ခွေးတွေ တစ်ရွာလုံး အူနေတဲ့
အချိန်မှာ ဗုံရှည်ကြီးတီးတဲ့အသံ အမြဲကြား
ရတယ်ကွ၊ ဗုံရှည်တီးသံ ဆိုပေမယ့် သာ
သာယာယာအသံ မဟုတ်ဘူးကွ၊ တစ်မျိုး
ကြီးပါကွာ၊ ဗုံ ဗုံ၊ ဗေပုံ၊ ထီ၊ ဗုံ၊ ဗုံ၊ ဗေပုံထီ’
ဆိုတဲ့ အသံမျိုးကြီးကွ၊ အသုဘချတဲ့ဆိုင်း
သံလိုမျိုးကြီးပါကွာ”
“ဟင်…ကိုကြီးသာဒွန်းတို့ရွာမှာ ဖြစ်နေတာက
အဆန်းသားကလားဗျ၊ နို့ အဲဒီဗုံရှည်သံကြီးက
ဘယ်ကနေ ပေါ်လာတာတုံးဗျ”
“သင်္ချိုင်းထဲကလေ၊ ငါတို့ ဆပ်သမြောင်
သင်္ချိုင်းထဲက တီးနေတဲ့အသံကွ”
“ဟာ…ကိုကြီးသာဒွန်းတို့ သွားမကြည့်ကြဘူး
လား”
“ကြည့်တယ်ကွ တာတေရ၊ ငါတို့ရွာက
သတ္တိရှိတဲ့ကောင် နှစ်ယောက် သုံးယောက်
စုပြီးသွားကြည့်တယ်၊ ဘာမှမမြင်ရဘူးတဲ့
ကွ။ အသံကတော့ သင်္ချိုင်းထဲက ထွက်တာ
သေချာတယ်လို့ ဒီကောင်တွေ ပြောတာကွ”
ကျုပ်လည်း ခုပဲ ရွာတော်ကြီးက ပြန်လာတာ
လေဗျာ။ အိမ်ပေါ်ရောက်ရုံရှိသေးတာ။ ဒါပေ
မဲ့ ဆပ်သမြောင်မှာက သေရေးရှင်ရေး ဖြစ်နေ
တာဗျ။ အမေနဲ့ အဘကို နှုတ်ဆက်ပြီး ကျုပ်
ဆေးလွယ်အိတ်ကို စလွယ်သိုင်းလိုက်တယ်
“ကဲ ကိုကြီးသာဒွန်း သွားကြစို့ဗျာ”
ဒီတော့မှ ကိုကြီးသာဒွန်းလည်း ဝမ်းသာ
သွားတော့တာဗျို့။
“တာတေ ငါ့မှာ လှည်းပါလာတယ်၊ မီးလောင်
ကုန်းက ဘကျော်တို့အိမ်မှာ လှည်းဖြုတ်ထား
ခဲ့တာကွ၊ မင်း ဘကျော်ကို သိတယ်မို့လား။
ငါ့ညီမ မိဆောင်းနဲ့ ရတာလေကွာ”
“ဟာ သိတာပေါ့ ကိုကြီးသာဒွန်းရဲ့”
ကျုပ်တို့ မီးလောင်ကုန်းကို ခြေလျင်လာ
ခဲ့ကြတယ်။ကိုဘကျော်တို့အိမ်ရောက်မှ
လှည်းနဲ့ ခရီးဆက်ခဲ့ကြတာဗျ။ ဆပ်သ
မြောင်ကိုသွားတဲ့ လှည်းလမ်းကလည်း
ကောင်း၊ ကိုကြီးသာဒွန်းကလည်း လှည်း
မောင်းကျွမ်းကျင်တယ်ဆိုတော့ တယ်ပြီး
မကြာလိုက်ဘူးဗျ။ ဆပ်သမြောင်ကို
ရောက်လာတယ်။
“ဟာ တာတေ ပါလာပြီဟေ့”
ကျုပ်တို့လှည်း ရွာထဲဝင်လာတာနဲ့ အော်
ကြတော့တာဗျို့။တစ်ယောက်စကား၊ တစ်
ယောက်နားပေါ့ဗျာ။ ရွာထဲက ကာလသား
တွေရော လူကြီးတွေရော ကိုကြီးသာဒွန်းတို့
ဝိုင်းထဲမှာ လာစုကြတယ်။ ဆပ်သမြောင်ဆို
တာကလည်း ကျုပ်အတွက် စိမ်းတာမှမဟုတ်
တာဗျာ။ လူခင်တွေမှ အများကြီးဗျ။ မတွေ့
တာလည်း ကြာနေကြတော့ ဟိုပြော ဒီပြော
နဲ့ ကြွက်စီ ကြွက်စီ ဖြစ်နေတာပေါ့ဗျာ။
“ညက ဘာဖြစ်သေးတုံး”
“ဘာမှမဖြစ်ဘူး တာတေရ၊ မဖြစ်တာ
သုံးည ရှိသွားပြီ”
ကျုပ်သူငယ်ချင်း အောင်ဘညိုက ကျုပ်ကို
ပြောပြနေတာဗျ။
“အေး …ဒါဆိုရင် ဒီည စောင့်ကြည့်ရမှာပဲ”
“ဒီညဖြစ်မယ် ထင်တယ်ကွ၊ အများဆုံးခြား
ရင် သုံးညပဲကွ”
အကြောင်းရှိလာလျှင် ကျုပ်နဲ့အတူတူ သ
င်္ချိုင်းထဲကို လိုက်မယ်သူ သုံးယောက် ရွေး
ထားလိုက်တယ်။ ကျုပ်သူငယ်ချင်း အောင်
ဘညိုပဲ ရွေးပေးတာပါ။ သူလည်း ပါတာကို
ဗျ၊ကျုပ်တို့တွေ ကိုကြီးသာဒွန်းတို့ အိမ်ကြီး
မှာပဲ စုအိပ်ကြတာပေါ့ဗျာ။အိပ်တယ်သာ
ပြောတာပါ။ အိပ်လို့တော့ မပျော်ပါဘူး။
ကျုပ်လိုပဲ အောင်ဘညိုတို့လည်း မအိပ်
ကြပါဘူး။ဒါနဲ့ပဲ ထထိုင်ပြီး စကားပြောနေ
ကြတာဗျ။ ကျုပ်ကလည်း နဂါးဆေးပေါ့
လိပ်ကလေး ဖွာလို့ပေါ့ဗျာ။
“ဝေါ၊ အား၊ အား၊ အား၊ အား”
ဟာ ကျီးပျိုပြီဗျို့၊ ကျီးတွေပျိုပြီ။ ကြောက်
စရာတောင် ကောင်းသေးတာဗျာ။
“ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ အီး၊ ဝူး”
ဟော တစ်ရွာလုံး ရှိသမျှခွေးတွေ အူကြပြီ
ဗျို့။ အူသမှ ဆွဲဆွဲငင်ငင်ကြီးကို အူတာဗျ။
“ကဲ သင်္ချိုင်းထဲ သွားကြမယ်”
ကျုပ်က မျက်ကွင်းဆေး ကွင်းလိုက်ပြီး ရှေ့
ကထွက်တယ်။ အောင်ဘညိုတို့သုံးယောက်
က ကျုပ်နဲ့ ကပ်ပါလာတာပေါ့ဗျာ။ တစ်ရွာ
လုံး တိတ်ဆိတ်နေတာဗျို့။ စကားပြောသံ
တောင် မကြားရဘူး။ အားလုံးကြောက်နေ
ကြတာပေါ့ဗျာ။မနက်ဆိုရင် ဒီရွာမှာ လူ
တစ်ယောက် သေမှာ သေချာနေပြီလေ
ဗျာ။ ဒီတော့လည်း ကြောက်မှာပေါ့လေ။
ကျုပ်တို့သင်္ချိုင်းထဲကို ရောက်တော့ ကျုပ်
က မေးလိုက်တယ်။
“အောင်ဘညို နောက်ဆုံးသေသွားတဲ့ အသု
ဘကို ဘယ်နားမှာ မြှုပ်တာတုံး”
“နောက်ဆုံးသေတာ ဘိုးစံကွန့်ကွ တာတေရ၊
ဟိုနားလေးမှာ မြှုပ်ထားတာ၊ လာ ငါပြမယ်”
မြေပုံအသစ်ချပ်ချွတ်ကလေးပေါ့ဗျာ။မြေပုံ
မို့မို့လေးကို အောင်ဘညိုက ပြတယ်။မှတ်
တိုင်လေး စိုက်လို့ဗျ။အဲဒီမြေပုံကိုမြင်ရတဲ့
နေရာကို ရှာပြီး ကျုပ်တို့ပုန်းနေလိုက်တယ်။
ဘိစပ်ခြုံတွေ၊ဆူးရစ်ခြုံတွေ ပေါက်နေတဲ့
နောက်မှာ ကျုပ်တို့ ငြိမ်နေလိုက်တယ်။
“ဝေါ၊ အား၊ အား၊ အား”
“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
ဟော ကျီးတွေပျိုပြန်ပြီဗျို့၊ ခွေးတွေလည်း
အူပြန်ရောဗျာ။
“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
ဟာ သင်္ချိုင်းဇရပ်ပေါ်မှာ အိပ်နေတဲ့ ခွေး
တွေတောင် ထအူပြီဗျို့၊ ကျုပ် ချက်ချင်း
လှမ်းကြည့်လိုက်တယ်။ ဟော လာပြီဗျို့။
လာပြီ။ သင်္ချိုင်းထဲကို ဝင်ချလာပြီ။ ဟာ
ဘာကြီးတုံးဟ။ ကျုပ် သေသေချာချာ
ကြည့်လိုက်တယ်။ အရပ်ကြီးက ဆယ်
ပေကျော်ကျော်လောက် ရှိတယ်ဗျ။ကိုယ်
လုံးကြီးက ငါးဆယ်ဝင် ပုတ်ကြီးတစ်လုံး
လောက် ရှိတာဗျို့။မျက်လုံးနီနီကြီးတွေနဲ့
ဟိုကြည့် ဒီကြည့် လုပ်နေတာဗျ။
နားရွက်ကြီးတွေ ဆင်တစ်ကောင်ရဲ့ နား
ရွက်ကြီးတွေလောက် ရှိတယ်။ ပခုံးပေါ်
မှာ ဘာကြီးထမ်းလာတာတုံးဗျ၊ မည်း
မည်းရှည်ရှည်ကြီးပဲ။ ဟာ ခေါင်းကြီးဗျို့။
ခေါင်းကြီး။ ခေါင်းတလားကြီးတစ်လုံး
ထမ်းလာတာဗျ။ဟော လာပြီဗျို့။ကျုပ်
တို့ရှိတဲ့ဘက်ကို တန်းလာနေတာဗျ။
အောင်ဘညိုတို့ကတော့ ဒီအကောင်ကြီး
ကို မမြင်ရတော့ မကြောက်ဘူးပေါ့ဗျာ။
ကျုပ်ကတော့ မျက်ကွင်းဆေး ကွင်းထား
တော့ အထင်းသား မြင်နေရတာပေါ့။
ဟာ ဘိုးစံကွန့်ရဲ့ မြေပုံကို သွားနေတာကိုး။
ဟာ သွက်သွက်ကို ဖြစ်နေတာဗျ။ သူ့ကိုယ်
လုံးကြီးနဲ့တောင် မလိုက်ဘူးဗျာ။ ဟော ပခုံး
ပေါ်က ခေါင်းကြီးကို ဘေးမှာချပြီး ဘိုးစံကွန့်
ရဲ့ မြေပုံကို ကုန်းကုန်းကြီး ငုံ့ကြည့်နေတာ
ဗျ။ ဟာ နှိုက်ပြီဗျို့။ နှိုက်ပြီ။ လက်ကြီးနဲ့ ထိုး
နှိုက်ပြီဗျာ။ ဘိုးစံကွန့်ရဲ့ မြေပုံကြီးကို လက်
ကြီးနဲ့ ထိုးနှိုက်နေတာဗျ။ ဝမ်းရောဂါနဲ့ သေ
တဲ့မသာဆိုတော့ ခေါင်းတွေ ဘာတွေ သေ
သေချာချာ ဘယ်ပါမှာတုံးဗျာ။
အရေးပေါ် သင်္ဂြု ိဟ်ရတာကိုး။ ဖြစ်သလို
ရိုက်ထားတဲ့ ခေါင်းကို ဖောက်ပြီး နှိုက်နေ
ပုံပဲဗျ။ဟာ လက်ကြီး ဆွဲထုတ်လိုက်ပြီဗျို့။
ဟာ သရဲကြီးရဲ့ လက်ထဲမှာ အသည်းနှ
လုံးတွေ၊ အူတွေ အထွေလိုက်ကြီး ပါလာ
တာဗျ၊ ဟာ စားပြီဗျာ။ သရဲကြီးက ဘိုးစံ
ကွန့်ရဲ့ မြေပုံဘေးမှာ ဆောင့်ကြောင့်ကြီး
ထိုင်စားနေတာဗျ။ အလောင်းထဲက ဆွဲ
ထုတ်ထားတဲ့ အူအသည်းတွေကို အား
ရပါးရ စားနေတာဗျ။
ဟော မြေပုံကို ထိုးနှိုက်ပြန်ပြီဗျာ။ ပါလာ
ပြန်ပြီ။အသားတွေပါ ဆွဲထုတ်ပြီး စားနေ
တာဗျို့။ကျုပ်က ပြူးပြူးပြဲပြဲနဲ့ ကြည့်နေ
တာကို အောင်ဘညိုတို့ လူစုက ကြည့်
ပြီး တစ်ခုခုတော့ ထူးပြီးဆိုတာကို သိနေ
တဲ့ပုံပဲဗျ။ နားကားသရဲကြီးက ဘိုးစံကွန့်ရဲ့
အလောင်းကို စားလို့လည်းပြီးရော သူယူ
လာတဲ့ ခေါင်းကြီးကို မ,ယူလိုက်တယ်ဗျ။
ဟော ဟော ထနောင်းပင်ကြီးမှာ ခေါင်းတ
လားကြီးကို ခပ်စောင်းစောင်း ထောင်ထား
လိုက်တယ်။ ဟာ ခေါင်းထဲမှာ လူရိုးနှစ်
ချောင်းပါလာတာကိုး။ကျုပ်စိတ်ထင်တော့
လူရဲ့ ဒူးရိုးကြီးတွေ ထင်တယ်ဗျ။ အရိုး
ချောင်းကြီးတွေရဲ့ ထိပ်မှာ ဘုသီးကြီးတွေ
ပါတယ်။
” ဗုံ၊ ဗုံ၊ ဗုံ၊ ဗုံ၊ ဗေပုံထီ၊ ဗုံ၊ ဗုံ၊ ဗေပုံထီ”
သြော် လက်စသတ်တော့ သင်္ချိုင်းထဲက
ကြားတဲ့ ဗုံသံဆိုတာ ဒါကိုး။ ဟုတ်ပါ့ဗျာ။
သရဲကြီး ယူလာတဲ့ခေါင်းတလားက ဘာ
သားနဲ့ လုပ်ထားတဲ့ ခေါင်းတလားကြီးမှန်း
တော့ ကျုပ် မသိဘူးဗျ။ ဗုံရှည်သံပေါက်
နေတာတော့ အမှန်ပဲဗျ။
“ဗုံ၊ ဝူး၊ ဗုံ၊ ဝူး၊ ဗုံ၊ ဝူး”
ဟာ သရဲကြီးက ရိုးရိုးတီးနေရာကနေ တစ်
မျိုးပြောင်းတီးပြန်ရောဗျို့။ ဗုံလို့ တီးပြီးတိုင်း
အရိုးဘုသီးကြီးနဲ့ ခေါင်းတလားရဲ့ မျက်နှာ
ပြင်မှာ ဆွဲလိုက်တာဗျ။ ဒါကြောင့် လိုဏ်သံ
လို အသံကြီးပါပါ သွားတာကိုး။ခုမှ တကယ့်
ဗုံရှည်သံကြီး ဖြစ်သွားတာဗျို့။
“ဗုံ ဝူး ၊ ဗုံ ဗုံ ဝူး၊ ဗုံ ဗုံ ဝူး”
‘ဗုံ’ဆိုတဲ့ အသံက အရိုးဘုသီးကြီးနဲ့ တီးတဲ့
အသံဗျ။ ‘ဝူး’ဆိုတာက အရိုးဘုသီးကြီးနဲ့
ခေါင်းပျဉ်ပေါ်မှာ ဆွဲလို့ မြည်သွားတဲ့အသံဗျို့။
“ဗုံ ဗုံ ဝူး၊ ဗုံ ဗုံ ဝူး”
ဟာ သေသေချာချာ နားထောင်လေ တကယ်
ကိုကြောက်စရာကောင်းလာလေပါပဲဗျာ။ ဗုံသံ
ကြီးကိုတော့ အောင်ဘညိုတို့လူစုပါ ကြားရတာ
ကိုဗျ။ ဒီကောင်တွေပါ လိုက်ကြည့်နေကြတာ
ပေါ့ဗျာ။ ဒါပေမဲ့ အသံပဲ ကြားရတာပေါ့။ အ
ကောင်ကြီးကိုတော့ ဘယ်မြင်မှာတုံး။
“အောင်ဘညို ဟိုထနောင်းပင်ကြီးနောက်
မှာ တီးနေတာကွ၊ ဗုံရှည် မဟုတ်ဘူး၊ ခေါင်း
ကြီးထောင်ပြီး လူရိုးနှစ်ချောင်းနဲ့ ဘယ်ညာ
တီးနေတာကွ”
“ဟေ …ဟုတ်လား၊ ဘယ်သူ တီးနေတာကွ
တာတေရ”
“သရဲကြီးတစ်ကောင်ကွ၊ နည်းတဲ့ကောင်
ကြီး မဟုတ်ဘူး၊ စောစောက ခေါင်းတ
လားကြီး မတီးခင် ဘိုးစံကွန့်ရဲ့မြေပုံကို
လက်ကြီးနဲ့နှိုက်ပြီး အူတွေ အသည်းတွေ
အသားတွေ စားသွားပြီကွ”
“ဟေ…ဟုတ်လား တာတေ၊ ဒါဆိုရင် ဒီ
ကောင်ကြီးက ရွာထဲကလူတွေ သေအောင်
လုပ်ပြီး လာလာစားနေတာပေါ့ ဟုတ်လား”
“ဟုတ်တာပေါ့ အောင်ဘညိုရာ၊ မနက်ဖြန်
ဆိုရင် မင်းတို့ရွာမှာ လူတစ်ယောက် သေ
ဦးမှာပေါ့ကွာ”
“ဟာကွာ၊ ခုလောက်ဆိုရင် ငါတို့ရွာသားတွေ
ဒီအသံကြီး ကြားပြီး ကြောက်လွန်းလို့ တုန်
တောင်နေဦးမယ်”
“ဘာမှမစိုးရိမ်ပါနဲ့ကွာ၊ ငါလုပ်ပေးပါ့မယ်၊
မနက်ဖြန် တစ်ယောက် သေပြီးရင် နောက်
မသေစေရပါဘူးကွာ၊ မနက်ဖြန် သေမယ့်
တစ်ယောက်ကိုတော့ ငါ ဘာမှမတတ်နိုင်
သေးဘူးကွ အောင်ဘညိုရ”
“အေးပေါ့ကွာ၊ ဘာဖြစ်တာတုံးဆိုတာကို
မင်းအနေနဲ့ ထောက်လှမ်းရသေးတာကိုးကွ”
ခေါင်းတလားကြီးကို တော်တော်ကြာအောင်
အားရပါးရတီးပြီးတော့ သရဲကြီးက ရပ်လိုက်
တယ်ဗျ။ ပြီးတော့ ခေါင်းတလားကြီးကို ပခုံး
ပေါ်မှာ ထမ်းပြီး ထွက်သွားရောဗျို့။ ခေါင်း
တလားတီးတဲ့ အရိုးကြီးနှစ်ချောင်းကိုလည်း
ခေါင်းထဲကို ထည့်ယူသွားသေးတာဗျ။ကျုပ်
တို့လည်း ရွာထဲကို ပြန်ဝင်ခဲ့တယ်။ မနက်
သုံးနာရီလောက်ပဲ ရှိသေးတော့ ကျုပ်တို့
ပြန်အိပ်ကြတယ်။ ကျုပ်ကတော့ မဖဲဝါ
ကိုယ်ပွားရုပ်ကလေးကို ထုတ်ယူပြီး မဖဲ
ဝါကို ပင့်လိုက်တယ်။ ပြီးတော့ အရုပ်က
လေးကို ခေါင်းအုံးအောက်မှာထားပြီးအိပ်
လိုက်တယ်။
လေတွေ တဝေါဝေါတိုက်နေတဲ့ သင်္ချိုင်း
ဟောင်းကြီးထဲက ဂူကြီးတစ်လုံးပေါ်မှာ
မဖဲဝါ ထိုင်နေတာဗျ။ ဒီတစ်ခါ ကျုပ်မြင်
နေရတာကတော့ မဖဲဝါရဲ့ နဂိုရုပ်အတိုင်း
ပဲဗျ။ ကြယ်ရောင်လေးတွေပဲ ရှိတာဆို
တော့ သဲသဲကွဲကွဲတော့ မမြင်ရဘူးဗျ။
“တာတေ ဒီသရဲကောင် ပျောက်နေတာ
ကြာပြီ၊ သူ့ကို တစ္ဆေငှက်ကြီးတွေချီပြီး
ခေါ်သွားကတည်းက ပျောက်သွားတာ
အခုပြန်ပေါ်လာပြန်ပြီ။ ဘာမှမပူနဲ့၊ ငါ
တို့ လုပ်လိုက်မယ်၊ သာဒွန်းကိုတော့ နင့်
ဆေးနဲ့ ကယ်လိုက် တာတေ”
ကျုပ်နိုးလာတော့ မိုးတောင် လင်းနေပြီဗျ။
ကျုပ်က ချက်ချင်းထပြီး သောက်ရေခွက်
တစ်ခွက် တောင်းတယ်။ရေခပ်လိုက်တယ်
ပြီးတော့ ကျုပ်မှာပါလာတဲ့ သစ်စုန်းဆေး
တော်ကိုခြစ်ထည့်ပြီး ဆေးတော်ကြီး လုပ်
ထားတယ်။ မျက်နှာသစ်ပြီးတာနဲ့ ကျုပ်ဘု
ရားရှိခိုးတယ်။ သစ်စုန်းဆေးတော် ရေစင်
ခွက်ကို ဘုရားစင်မှာတင်ပြီး အထက်ပုဂ္ဂိုလ်
ကြီးတွေကို အပ်တယ်။ ကျုပ်ဘုရားရှိခိုးပြီး
ခဏပုတီးစိပ်တယ်။
ညက အ်ိပ်မက်ထဲမှာ မဖဲဝါ ပြောသွားတာ
လေဗျာ။ ဒီနေ့ ဒီရွာမှာသေမယ့်လူက ကျုပ်
ကို လာခေါ်တဲ့ ကိုကြီးသာဒွန်းဆိုတာ ကျုပ်
သိသွားပြီလေ။
“ဟဲ့ သာဒွန်း၊ သာဒွန်း ဘာဖြစ်လို့တုံး”
“အမေရေ လာပါဦး၊ အစ်ကိုကြီးသာဒွန်း
အိမ်သာက ထွက်လာပြီး လဲကျသွားလို့တော့”
ကိုသာဒွန်းရဲ့ အမေနဲ့ ညီမ အော်ပြောတာ
ဗျ။အဆင်သင့် စောင့်နေတာပဲဗျာ၊ ချက်ချင်း
ပြေးသွားပြီး ကိုကြီးသာဒွန်းကို တွဲခေါ်လာ
တယ်။ ဘုရားစင်ရှေ့အထိ ခေါ်လာတာဗျ။
ပြီးတာနဲ့ သစ်စုန်းဆေးတော်ကြီး ရေစင်ကို
တိုက်တယ်။
“မကြောက်နဲ့ ကိုကြီးသာဒွန်း ဒီလိုဖြစ်မှာကို
ကြိုသိလို့ ကျုပ် အဆင်သင့်ပြင်ထားတာ”
“ဟင်…နင် ကြိုသိတယ် ဟုတ်လား တာ
တေ၊ နင် ဘယ်လိုသိတာတုံး”
ကိုကြီးသာဒွန်းရဲ့အမေက မေးတာဗျ။
“ဟုတ်တယ် အရီး၊ ကျုပ် ညတည်းက ကြို
သိနေတာ၊ မဖဲဝါ ပြောတာ၊ ဘာမှမစိုးရိမ်နဲ့
အရီး၊ ဒီနေ့ ဒီရွာမှာ သေမယ့်လူ မရှိတော့
ဘူးဗျ”
“အောင်မယ်လေး တာတေရယ်၊ နင် လိုက်လာပေလို့ပဲဟယ်၊ နင်သာ မလာရင်
ဒီနေ့ ငါ့သား သာဒွန်း သေမယ့်နေ့ပဲ”
“တာတေ ငါ စိတ်ချရပါတယ်နော်”
ကိုကြီးသာဒွန်းက ကြောက်လန့်တကြား
မေးတာဗျ။
“ဟာ စိတ်ချပါ ကိုကြီးသာဒွန်းရာ၊ ကျုပ်က
မဟုတ်တဲ့ စကားကို ဘယ်တော့မှ မပြောဘူး”
ခဏနေတော့ ကိုကြီးသာဒွန်း လန်းလာတယ်
တဖြည်းဖြည်း အကောင်းပကတိ ဖြစ်လာရော
ဗျို့။ ဒီသတင်းက ရွာထဲအထိ ပြန့်သွားပြီး ကို
ကြီးသာဒွန်းကို သတင်းလာမေးကြတာပေါ့
ဗျာ။ ပြီးတော့ ညက သင်္ချိုင်းထဲက ဗုံသံကြီး
ကြားခဲ့ပေမယ့် ဒီနေ့ သူတို့ရွာမှာ လူမသေ
တော့ဘူးဆိုတာ သိလို့ ပျော်ကြတာပေါ့ဗျာ။
မပျော်တာကတော့ သင်္ချိုင်းထဲမှာ ခေါင်းလာ
တီးတဲ့ သရဲကြီးဗျ။ ဒီနေ့ ဒီရွာမှာ လူမသေဘူး
ဆိုတာ သိသွားပုံရတယ်ဗျ။ ညရောက်တာနဲ့
ကျီးတွေပျို၊ ခွေးတွေ အူတော့တာဗျို့။ ဒီ
ကောင်ကြီး ဒေါသထွက်ပြီး ဒီည ပြန်ရောက်
လာတော့မယ်ဆိုတာ ကျုပ်တွေးလိုက်မိတယ်
“ဝေါ၊ အား၊ အား၊ အား၊ အား”
“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
ကျုပ်နဲ့ အောင်ဘညိုတို့လူစု သင်္ချိုင်းထဲကို
ထွက်လာခဲ့တယ်
“ဒီတစ်ခါ ကျီးပျိုတာ စောတယ်ကွ တာ
တေရ၊ ခါတိုင်းဆိုရင် သန်းခေါင်လောက်
မှာမှ ပျိုတာ”
“ဒီနေ့ ရွာမှာသေတဲ့လူ မရှိတာကို ဒီကောင်
ကြီး သိပုံရတယ်ကွ၊ ဒါကြောင့် မကျေမနပ်
ဖြစ်ပြီး ဒေါသတကြီးနဲ့ ပြန်လာမှာကွ”
ကျုပ်ထင်တဲ့အတိုင်းပါပဲဗျာ။ ဆယ်နာရီ
လောက်မှာကို ခေါင်းကြီးထမ်းပြီး ဆပ်သ
မြောင်သင်္ချိုင်းထဲကို ဝင်လာတာဗျို့။ ဟော
ခေါင်းကြီးကိုသရက်ပင်ကြီးမှာထောင်လိုက်
ပြီဗျို့။ ဒူးခေါင်းရိုးကြီးနှစ်ချောင်းကို ဘယ်
တစ်ချောင်း ညာတစ်ချောင်း ကိုင်ပြီး ထု
တော့တာဗျို့။
“ဗုံ ဗုံ ဗေဗုံထီ၊ ဗုံ ဗုံ ဗေပုံထီ”
“ဗုံ ဗုံ ဝူး၊ ဗုံ ဗုံ ဝူး”
တော်တော်လေး တီးမိတော့ သရဲကြီးက
တစ်မျိုးလုပ်ပြန်ရောဗျို့။
“အီး၊ အီး၊ ဟား၊ ဟား ၊ အီး၊ အီး”
ပါးစပ်က တအီးအီး တဟားဟားနဲ့ အော်
ပြီး ခေါင်းတလားကို အရိုးချောင်းကြီး နှစ်
ချောင်းနဲ့ ပွတ်သပ်နေတာဗျို့။ ကြည့်ရ
တာတော့ တစ်ခုခုကို မန်းမှုတ်နေတာ
ထင်တယ်ဗျ။
ဟော တီးပြန်ပြီဗျို့။
“ဗုံ ဗုံ ဗေပုံထီ၊ ဗုံ ဗုံ ဗေပုံထီ၊ ဗုံ ဗုံ ဗေပုံထီ”
“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”
ဟာ ခွေးအူသံကြီးဗျို့။ ဒါ မဖဲဝါရဲ့ခွေးကြီး
အူသံဗျ။ လာပြီဗျို့။မဖဲဝါရဲ့ခွေးကြီး သင်္ချိုင်း
ထဲကို ပြေးဝင်လာပြီ။ ဟာ မဖဲဝါကြီးလည်း
ပါလာပြီဗျို့။ဟာ ကောင်းကင်က ပျံလာတာ
ငှက်ကြီးတွေဗျ။ လေးကောင် အားလုံးလေး
ကောင်။ဒါ မဖဲဝါပြောတဲ့ တစ္ဆေငှက်ကြီးတွေ
ထင်တယ်။ ကျုပ်မြင်ဖူးတာပေါ့ဗျာ။
ကိုးသင်္ချိုင်းကျင့်စဉ် ကျင့်တဲ့ ကဝေကိုတက်
ခါးဆီကို ရောက်လာဖူးတဲ့ လူမျက်နှာနဲ့ ငှက်
မည်းမည်းကြီးတွေလေဗျာ။ (ကိုယ်တွေ့မ
ဖဲဝါ စာအုပ်မှာ ဖတ်ကြည့်ပါ)
ကောင်းကင်မှာ တစ္ဆေငှက်ကြီးလေးကောင်
က ဝဲနေတယ်။ တဖြည်းဖြည်း နိမ့်ဆင်းလာ
ပြီဗျ။ ဒါကို သရဲကြီးက လုံးဝမသိဘဲ ခေါင်း
တလားကြီးကိုပဲ မဲပြီးတီးနေတာဗျို့။မဖဲဝါ
ကြီး သင်္ချိုင်းတွေပေါ်ကနေ ဖြတ်ပြီး ရွေ့
သွားပြီဗျို့။ ဟော ရောက်သွားပြီ။ ခေါင်း
တလားကြီးကို မဲပြီး တဗုံဗုံနဲ့ တီးနေတဲ့
သရဲကြီးကို မဖဲဝါက လက်ကြီးမြှောက်
ပြီး ရိုက်ချလိုက်ရောဗျို့။
“ဘုန်း”
“အား”
“ဖြန်း၊ ဖြန်း၊ ဖြန်း”
ဟာ မဖဲဝါရဲ့ ရိုက်ချက်မှာ သရဲကြီး ကော့
ပြန်ပြီး လူးလွန့်သွားတာဗျို့။ အော်လိုက်တဲ့
အသံကြီးကလည်း အသံနက်ကြီးနဲ့ဗျာ။ဟာ
လေထဲမှာ ဝဲနေတဲ့ တစ္ဆေငှက်မည်းကြီးလေး
ကောင်က ချက်ချင်းထိုးဆင်းလာပြီး သရဲကြီး
ကို ဝိုင်းချုပ်လိုက်ကြတယ်။
“ဝေါ၊ ဖြန်း၊ ဖြန်း၊ ဖြန်း”
ဟာ တစ္ဆေငှက်ကြီး လေးကောင်က လူတွေ
ကို သတ်ပစ်ပြီး အလောင်းတွေကို စားနေတဲ့
သရဲကြီးကိုခေါ်ပြီး ပျံထွက်သွားကြတယ်ဗျ။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ”
ဟော မဖဲဝါလည်း သူ့ခွေးကြီးနဲ့ ပြန်ထွက်
သွားပြီ။ ဆပ်သမြောင်သားတွေလည်း မ
ကောင်းဆိုးရွားကောင်ကြီးရဲ့ အန္တရာယ်
က လွတ်သွားပြီပေါ့ဗျာ။
မနက်မိုးလင်းတော့ ကျုပ် ထနောင်းကုန်းကိုပြန်လာခဲ့တယ်။
မသေလို့ ကျန်နေတဲ့ ကိုကြီးာဒွန်းနဲ့ အောင်ဘညိုတို့ လှည်းနဲ့ လိုက်ပို့ကြတာဗျ။
မူရင်းရေးသူ ဆရာ တာတေ
မဖဲဝါ မွေးတဲ့သား စာအုပ်မှ ကောက်နုတ်တင်ပြထားပါသည်။
စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။
Leave a Reply