ချက် ကြည့်ကာ “ဦးကြီးတို့ လိုက်မယ် ဆိုရင် တော့ ကျုပ် ခေါ်လို့ရပါတယ် ဒါပေမဲ့ အစားတော့ ဆင်းရဲမယ်ဗျ” “ရပါတယ်ကွယ် ဦးကြီးတို့ကို လက်ခံတာနဲ့ တင် ကေျနပ်ပါတယ် “ “အဲ့တာ ဆို လည်း စောင့် ဦးဗျာ ဒီကျင်းလေး ပြီးအောင် တူးလိုက်ဦးမယ် ေတာ်ကြာ ကလေးတေယာက် သင်္ဂြိုလ် တော့မှဗျ “ “အေးအေး ငါတူတို့ ဦးကြီး တို့ ဟိုက လှည်းနား ...
လေသည်။ ထိုနောက် မနှင်းလှအား အခေါင်းထဲသို့ထည့်ကာ အိမ်ရှေ့ ၌ ထုတ်ထားလိုက်ကြတော့သည်။ “…ဟေ့ကောင်တွေ…အရမ်းမူးအောင်… မသောက်ကြနဲ့နော်…မင်းတို့ဒီည…အလောင်းစောင့်ရမှာ…” ရွာထဲမှ ကာလသားခေါင်း “ကိုမြင့်အေး”က အရက်သောက်နေကြသော ကာလသားများကို ပြောလိုက်ခြင်းပင် ဖြစ်၏။ “…ဟုတ်ကဲ့ပါ…ကိုကြီးမြင်အေးရယ်…ကျုပ်တို့ …စောင့်နေကြပါဗျ…စိတ်ချသာထားခဲ့…” ကိုမြင့်အေး အခေါင်းအား မရဲတရဲဖြင့် ကြည့်လိုက်ပြီးနောက်။ “..အေး…ဒါဆိုရင်လဲ…ငါပြန်တော့မယ်…စိတ်ချမယ်နော်…” “စိတ်သာချ..စိတ်သာချဗျို့…အေ့..” ကိုမြင့်အေး နာရေးအိမ်အား ကျောခိုင်းကာ ပြန်ခဲ့ပါတော့သည်။ ညသည် လဆုတ်ရက်ဖြစ်သည်မို့ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကြီးစိုးလျှက် နာရေးအိမ်မှာတော့ အောက်လင်းမီးအိမ်ကြောင့် အလင်းရောင် ကောင်းကောင်း ရနေပါသည်။တစ်ဖြေးဖြေး ညဥ့်နက်လာသည်နှင့် ကာလသားများလဲ တောအရက်တန်ခိုးဖြင့် ...
မြေကြီးပေါ်သို့ချလိုက်ပြီး “အဒေါ်သွားချင်ရင်သွား။ကျွန်မတော့ အဲဒီတဲကိုမလိုက်ရဲဘူး။ဒီမှာပဲထိုင်နားတော့မယ်”ဟုဆိုကာ ခေါင်းခုလုပ်ထားသည့်ပုဆိုးကို ပခုံးပေါ်သို့တင်ကာ လက်အုပ်ချီလိုက်ပြီး “မြတ်စွာဘုရား ကယ်တော်မူပါ။အဘကိုးမြို့ရှင်ကယ်တော်မူပါ” ထိုသို့အသနားခံ အကူအညီတောင်းပြီး ခေတ္တအကြာ၌ မှောင်နေသည့်အင်းတစ်ခုလုံးတွင် အလင်းရောင်က ခပ်ပါးပါးလေးရောက်လာပါသည်။ ထိုအခါ ကျွန်မလည်း အားတက်သွားပြီး “ကိုကြီးကျော်ရှင့်။ကျွန်မတို့နှောင့်ယှက်ခံနေရပါတယ်။ရှင်းပေးပါရှင့်”ဟုထပ်မံအကူအညီတောင်းလိုက်ပါသည်။ (ကျွန်မတို့ဒေသသည် ကိုးမြို့ရှင်၊ကိုကြီးကျော် စသည်တို့ကို ဆည်းကပ်ကိုးကွယ်ကြပါသည်။တစ်ဖန်။ကိုကြီးကျော်ပွဲကိုလည်း တပေါင်းလရောက်တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပပေးကြပါသည်။) ယင်းအခိုက်မှာပင် အလင်းရောင်သည်တဖြည်းဖြည်း ပိုမိုလင်းထိန်လာကာ ပတ်ဝန်းကျင်တစ်ခွင်လုံးကိုလည်းရှင်းလင်းစွာမြင်တွေ့လိုက်ရပါသည်။ ထို့အတူ ကျွန်မတို့၏ရှေ့မှ မီးလင်းနေသည့် ဦးစံမြင့်၏တဲကလေးကိုလည်း မတွေ့ရတော့ဘဲ အဲ့ဒီတဲနေရာတွင်သစ်ငုတ်တိုကြီးတစ်ခုသာရှိနေသည်ကို အံ့သြဖွယ်ရာတွေ့လိုက်ကြရပါသည်။ သို့သော် နှစ်ယောက်သားကြာကြာမအံ့သြနိုင်ဘဲ တာတိုင် ရွာသို့သွားရာလမ်းကိုလှမ်းမျှော်ကြည့်ရာ၌ အဝေးမှညောင်ပင်ကြီးတစ်ပင်ကိုခပ်မှုန်မှုန်သာမြင်တွေ့လိုက်ရပါသည်။ အဲ့ဒီညောင်ပင်ကြီးသည် ...
သိရပေ။ ဧပရယ် ပြောပုံ အရ တော့ အိပ်မက်ထဲမှာ မိန်းမတစ်ယောက်က သူ့ကို သတ်မယ် သတ်မယ် နဲ့ လာလာပြီး ပြောနေသည်။ ပြီးတော့ ထိုမိန်းမပုံစံက မျက်လုံးက ပြူးပြူး လျှာကြီးတွေက ရှည်ထွက်နေကာ လက်သည်း တွေကလည်း အရှည် ကြီးတွေ ဟု ပြောပြခဲ့ဖူးသည်။ အိပ်မက်ထဲမှာတော့ အဲ့ဒီမိန်းမက လက်နှစ်ဖက်ကို ဆန့်တန်းပြီး အသံဩဩကြီးဖြင့် ဧပရယ့်ဆီကို နင့်ကို သတ်မယ် … နင့်ကိုသတ်မယ် … လို့အော်ကာ လာနေသောကြောင့် ဧပရယ်လည်း ကြောက်လန့်ပြီး ...
တယ်၊ ဆံပင်ကလည်း အရှည်ကြီး၊ သမီးကို အစိမ်းကြီးကြည့်နေတာ၊ သမီးကြောက်တယ် ” ဝေနှင်း ကား ကြောက်လွန်း၍ အသားပင် တဆတ်ဆတ်တုန်နေ၏။ ” ဟုတ်လို့လားဟာ၊ နင်အမြင်မှားတာနေမှာပါ ” ထူးအောင် မှ ပြော၏။ ” ဟာ၊ ကိုကြီးကလည်း ညီမလေး တကယ်မြင်လိုက်တာပါ၊ အမြင်မမှားပါဘူး၊ ညီမလေး ကြောက်တယ် ” ” ဟူး ” ထူးအောင် သက်ပြင်းချလိုက်၏။ ” ထွန်းအောင်၊ လိုက်ခဲ့ကွာ၊ ညီမလေးပြောသလိုသာ တကယ်ဖြစ်ခဲ့ရင်၊ အဲ အကောင်ကို ...
ဖွဖွရွတ် ပြောဆိုနေတဲ့အသံ ဖြစ်တယ်။ “သေစမ်း….၊ ပူစမ်း၊ သေအောင် ပူလောင်လိုက်စမ်း..” အသံက ကြောက်စရာ အရမ်းကောင်းတယ်။ အမယ်အိုတစ်ယောက်ရဲ့ တုန်တုန်ချိချိအသံပေမဲ့ ဒော မီး တဟုန်းဟုန်းနဲ့၊ ကျိန်စာတိုက်နေတဲ့ အသံကြီး။ ကျိန်စာတိုက်ရင်း မီးဖိုပေါ်ကအိုးကို ယောင်းမလိုအ နဲ့ မွှေနေတယ်။ “ဒီလို မိုးဖွဲဖွဲရွာနေတဲ့’ ညမှောင်မှောင်ကြီးထဲမှာ ကြောက်အလန့်မရှိ၊ ဘာလုပ်နေတာပါလိမ့်..”ရုတ်တရက် သိချင်စိတ်ဖြစ်လာတယ်၊ သောင်း၊ စောင်းငဲ့ကြည့်ဖို့ ဟန်ပြင်လိုက်တယ်။ အဲဒီအချိန်မှာ သူ့ကိုယ်နဲ့ ကာထားတဲ့မီးအုပ်က ရပ်သွားတယ်။ မီးရောင်တွေက ရှေ့မှာထိုင်နေတဲ့ မိန်းမကြီးေါ်ကို ကျ ရောက်သွားတယ်။ဖျတ်ခနဲ ...
လေသည်။ မရွှေအိမ်ရှေ့သို့ရောက်သည်နှင့် ထိုလူက အိမ်ပေါ်သို့ပြေးတက်လာသည်။ အိမ်ပေါ်သို့ရောက်သည်နှင့် ထိုလူမှာ အိမ်ကြမ်းပြင်ပေါ်သို့ ပုဆိုးပိုင်းတစ်ခုနှင့်ထုပ်ပိုးထားသည့် အထုပ်တစ်ထုပ်ကိုပစ်ချလိုက်ပြီးနောက် ဒူးထောက်ထိုင်ချလိုက်ပြီး “ကျုပ်တောင်းပန်ပါတယ်ဗျာ၊ ကျုပ်လည်းမရှိလို့ ကြံမိကြံရာ ကြံမိတာပါဗျ၊ ကျုပ်ကိုခွင့်လွှတ်ကြပါဗျာ” ထိုလူက လက်အုပ်ချီလျှက် ငိုယိုကာတောင်းပန်နေလေတော့သည်။ ရွာသားများမှာ ယုံရခက်ခက်နှင့် ထိုလူအားကြည့်နေမိသည်။ “နေစမ်းပါအုံး၊ မင်းက ဖိုးတူးမဟုတ်လားကွ၊ ကိုဗေဒါရဲ့လယ်မှာ စာရင်းငှားလာလုပ်တဲ့ တစ်ရွာသားမဟုတ်လား” “ဟုတ်ပါတယ်ဗျာ၊ ကျုပ် ကြံမိကြံရာ လုပ်မိလုပ်ရာလုပ်မိပါတယ်” ထိုအခါ ရွာသားများအတွင်းမှ စိတ်ဆတ်သူများက ထိုလူအား ဝိုင်းဝန်းထိုးကြိတ်ရန်ပြင်ဆင်ကြလေသည်။ ထိုတော့မှ ဘိုးတော် အံ့ကြီးက “ဟိတ်၊၊ ...
ဖုန်လုံးတွေက ကားကိုပြေးစင်တာပေါ့ဗျာ၊ လူငယ်လေးနှစ်ယောက်လည်း ဘာမပြောညာမပြောနဲ့ ကားပေါ်ကခုန်ဆင်းလိုက်တော့ ကျုပ်တို့လည်းဆင်းလိုက်ရတာပေါ့ဗျာ။ ဦးဖိုးထူးက ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး “စားမယ်၊ စားမယ်၊ ဟင် . . . ဘယ်မှာစားရမှာလဲ” သူပြောတာလည်းဟုတ်ပါတယ်၊ တောင်တစ်တောင်လုံး လူတစ်ယောက်မှမရှိဘဲ တိတ်ဆိတ်နေတာကိုးဗျ၊ အရှေ့မှာလည်း နတ်ကွန်းပဲရှိတော့တာ၊ နတ်ကွန်းဆိုပေမယ့်လည်း သစ်သားနဲ့ နန်းဆောင်ပုံစံသေသေချာချာဆောက်ထားတာပါဗျာ။ လူငယ်နှစ်ယောက်က နတ်ကွန်းဆီကိုလမ်းလျှောက်သွားတာနဲ့ ကျုပ်တို့လည်း အနောက်ကနေလိုက်သွားမိတယ်ဗျ၊ နတ်ကွန်းရှေ့ရောက်တော့ လူငယ်နှစ်ယောက်က ဒူးထောက်ထိုင်ချပြီး “အမေကြီးခေါ်လာခိုင်းတဲ့လူကို ခေါ်လာခဲ့ပါပြီအမေကြီး” ဒီလိုပြောတော့မှ ကျုပ်လည်းတစ်ခုခုကိုသတိထားမိလိုက်တာဗျာ၊ ကျုပ်ခြေသုံးလှမ်းလောက် အနောက်ဆုတ်လိုက်တဲ့အချိန်မှာပဲ အဲဒီနတ်ကွန်းရဲ့ခေါင်မိုးပေါ်မှာ မိန်းမကြီးတစ်ယောက်က ဆောင့်ကြောင့်ထိုင်လို့ဗျ၊ ...
လျှောက်လာခဲ့တယ်။လယ်ကွင်းတွေထဲမှာ စပါးတွေမှည့်နေကြပြီ။ တစ်ချို့ လယ်တွေမှာ ရိတ်လက်စတန်းလန်းနှင့်။ လယ်လေးငါးကွက်အကျော်မှာ ပေါက်ပင်မောင်နှမကုန်းကိုရောက်လာတယ်။စိုးပင်းရဲ့ လယ်တဲကပေါက်ပင်မောင်နှမ ကုန်းပေါ်မှာ။လယ်တဲထဲမှာ မီးခွက်ထွန်းထားပုံရတယ်။တဲထရံကြားကနေ မီးရောင်တွေ့ နေရတယ်။ နိုင်ကြီးက စိုးမင်းကို လှမ်းခေါ်လိုက်တယ်။ စိုးမင်းဓာတ်မီးနှင့်ထိုးပြီး နိုင်ကြီးကိုလမ်းပြတယ်။ “ကဲ ရော့ဟေ့ငါကတော့ ကတိတည်ပြီနော်…” နိုင်ကြီးက ဝက်သားထည့်ထားတဲ့ ဝါးခြမ်းကိုပေးရင်းပြောလိုက်တယ်။ “အေးပါ နိုင်ကြီးရ၊ ငါလည်းငါ့သူငယ်ချင်းကိုမှာထားပြီးသားပါ။ မင်းတဲထဲမှာ ခဏနေခဲ့ဦးနော် …” စိုးမင်း တဲအပြင်ဘက်အမှောင်ကြီးထဲ ထွက်သွားတယ်။နိုင်ကြီးကြည့်လိုက်တော့ စိုးပင်းသွားနေတာက တဲရှေ့လယ်တစ်ကွက်အကွာက ပေါက်ပင်ညီနောင်ဆီကို ခဏကြာတော့စိုးမင်းပြန်လာပြီး နိုင်ကြီးကိုထွက်ခဲ့ဖို ့ခေါ်တယ် “နိုင်ကြီး၊ မင်းကြောက်တတ်လား ...
သွားသည်ကို မောင်၀င်း တစ်ယောက် ရေချိုးရင်းမှ လှမ်းမြင်ေနရ၏။ “ဟာ … သန်းမြ … ဖိုးသား ချော်လဲသွားပြီ … လာထူပါအုံး ဟ” “လာပါပြီတော် …” သန်းမြလည်း မောင်၀င်း အသံကြောင့် ချက်ပြုတ်နေရာမှ အပြေးတပိုင်းဖြင့် ထွက်လာလေတော့၏။ ဖိုးသားလေးမှာတော့ လဲကျသွားရာ မှ ချက်ချင်းမထနိုင်ပေ။ မသန်းမြလည်း ကလေး အား လဲကျနေရာမှ ထူလိုက်သော်လည်း ကလေးမှာ ပျော့ခွေသတိလစ်လို့နေလေ၏။ “အမလေး … ကိုမောင်၀င်းရေ … လာပါအုံး … တော့်သား ...