အောက်လမ်းသရဲမ ဒေါ်ခ

ဖွဖွရွတ် ပြောဆိုနေတဲ့အသံ ဖြစ်တယ်။ “သေစမ်း….၊ ပူစမ်း၊ သေအောင် ပူလောင်လိုက်စမ်း..” အသံက ကြောက်စရာ အရမ်းကောင်းတယ်။ အမယ်အိုတစ်ယောက်ရဲ့ တုန်တုန်ချိချိအသံပေမဲ့ ဒော
မီး တဟုန်းဟုန်းနဲ့၊ ကျိန်စာတိုက်နေတဲ့ အသံကြီး။ ကျိန်စာတိုက်ရင်း မီးဖိုပေါ်ကအိုးကို ယောင်းမလိုအ နဲ့ မွှေနေတယ်။

“ဒီလို မိုးဖွဲဖွဲရွာနေတဲ့’ ညမှောင်မှောင်ကြီးထဲမှာ ကြောက်အလန့်မရှိ၊ ဘာလုပ်နေတာပါလိမ့်..”ရုတ်တရက် သိချင်စိတ်ဖြစ်လာတယ်၊ သောင်း၊ စောင်းငဲ့ကြည့်ဖို့ ဟန်ပြင်လိုက်တယ်။ အဲဒီအချိန်မှာ သူ့ကိုယ်နဲ့ ကာထားတဲ့မီးအုပ်က ရပ်သွားတယ်။

မီးရောင်တွေက ရှေ့မှာထိုင်နေတဲ့ မိန်းမကြီးေါ်ကို ကျ ရောက်သွားတယ်။ဖျတ်ခနဲ မိန်းမအိုကြီးရဲ့မျက်နှာ သူ့ဘက်လှည့်လာ တယ်….။
သူ ထိတ်လန့်တကြား အော်ပစ်လိုက်တယ်။

ဖားမီးအုပ် အလင်းရောင်အောက်မှာ ကြောက်လန့် ချောက်ချားစရာ၊ ရုပ်ပျက်ဆင်းပျက် မျက်နှာကြီး….။
မျက်နှာတပြင်လုံး ဒဏ်ရာတွေဗရပွ ဖြစ်နေတယ်။ သွေးပျက်စရာကောင်းလောက်အောင် နီရဲတဲ့ သွေးတွေ အလိမ်းလိမ်းပေကျံနေတယ်။
မျက်လုံးတစ်လုံးက အပြင်ဘက်မှာ တန်းလန်းကြီး ထွက်ကျနေတယ်။
ဖြဲဟလိုက်တဲ့ပါးစပ်ထဲမှာလည်း အစွယ်ကြီးနှစ်ချောင်း က ပြူးလို့…..၊
အဲဒီနောက်မှာတော့ သူ့အိမ်ကိုသူ ဘယ်လိုလုပ်ရောက်မှန်း မသိတော့ဘူး။ မီးအုပ်လည်း မပါတော့ဘူး၊ ဖားရိုက်တုတ်ကလည်း ဘယ်နေရာ ကျကျန်ခဲ့မှန်း သိတော့ဘူး။

ဖားလှေအပြည့်နဲ့ ပလိုင်းကတော့ သိုင်းလွယ်ထားတာမို့ လူနဲ့တစ်ပါတည်း ပါလာတယ်၊ညနက်သန်းခေါင်၊ အိမ်ပေါ် ဝုန်းဝုန်းဒိုင်းဒိုင်း ပြေးတက် လာတဲ့ ကိုသောင်းကြည်ကြောင့် တစ်အိမ်လုံးအလန့်တကြား ဖြစ်ကုန်တယ်။သောင်းကြည် အိမ်ခန်းထဲတန်းဝင်၊ စောင် ခေါင်းမြီးခြုံပုန်းတယ်။
ကြောက်တယ်…. ကြောက်တယ်…။ သရဲမကြီး….. သရဲမကြီး…..”လို့ မရပ်မနားပြောနေတယ်။

ကယောင်ချောက်ချား ရေရွတ်နေတယ်။ “ဖားရိုက်သွားရင်း ကွင်းပိုင်နဲ့တွေ့လာတာလား၊ သရဲ ခြောက်ခံရတာလား…။
တစ်ခုခုတော့ တစ်ခုခုပဲ သောင်းကြည်မိန်းမ မိစန်း တွေးမိတယ် ဒါ့ကြောင့် ပယောဂဆရာကြီး ဦးကံပိုကို အပြန် ပြေးပင့်တယ်။

ဆရာကြီးရောက်လာပြီး မျက်နှာကို ရေပန်းနဲ့​ဖြန်းတော့ သောင်းကြည် ငြိမ်သွားတယ်၊ခဏအကြာမှာ ပုံမှန်အတိုင်း ဖြစ်သွားတယ်။ ““ဖားက ဘယ်သွားရိုက်တာလဲ…”ဆရာကြီးက မေးတယ်။

“ချောင်းတစ်လျှောက် လိုက်ရိုက်တာပါ..”

““ဘယ်နေရာမှာ့ သရဲခြောက်ခံရတာလဲ…

“အရှေ့ဖျား၊ ကညင်ပင်ကွေ့အနီးမှာ…’

သရဲခြောက်ခံရတဲ့နေရာကို ကညင်ပင်ကွေ့လို့ ပြော လိုက်တော့ ဆရာကြီးဆီက ‘ဟေ’ ခနဲ အာမေဋိတ်သံ ထွက် သွားတယ်။
မျက်လုံးပြူး၊ မျက်ဆံပြူး အာ့်တကြားလည်းဖြစ် သွားပုံရတယ်…။““ဒါဆိုရင် မင်းကိုခြောက်လိုက်တာ အောက်လမ်းသာ မယ်ခပဲ” လို့ ပြောလိုက်တယ်။

“မယ်ခ၊ မယ်ခ ခုထိမကျွတ်သေးဘူးကိုး…” လို့လာ ညည်းတွားလိုက်တယ်။

ဆရာကြီး ဦးကံပိုပြောတဲ့ မယ်ခဆိုတာကို သောင်းကြည်ရော၊ သောင်းကြည်မိန်းမရော ဘယ်သူမှမသိဘူး၊ကြားလည်း မကြားဖူးဘူး။

ဒါ့ကြောင့် ဆရာကြီးဦးကံပိုကို မေးကြည့်တယ်။

“ဒေါ်ခဆိုတာ ဒီရွာက ပညာသည်တစ်ယောက်ပေ အောက်လမ်းပညာကို တော်တော်တတ်တယ်၊သူနဲ့ မသင့်မြတ်တဲ့သူ၊ သူ့စိတ်နဲ့မတွေ့တဲ့သူဆိုရင် ပညာနဲ့ ဖမ်းစားတော့တာပဲ။ဖျားအောင်၊ နာအောင်၊ အသက်ဘေးအန္တရာယ် တစ်ခ ဖြစ်အောင် လုပ်တယ်၊သူပြုစားတာကိုသိလို့ တောင်းပန်မှ၊ ကန်တော့မှပညာ ကိုပြန်နှုတ်ပေးတယ်၊

တစ်ခါတုန်းက ရွာထဲမှာ တုတ်တပြက်၊ ဓါးကပြက် ခိုင် ရန်ဖြစ်ပွားကြတယ်၊ခိုက်ရန်ဖြစ်ပွားတဲ့ အကြောင်းရင်းက ကြွေးမြီကိစ္စပါ။ ငွေတိုးပေးစားတဲ့ သူဋ္ဌေးဦးကြူးနဲ့ သူ့ဆီကငွေချေးသူ ဆင်းရဲသားဦးလှိုင်တို့ရဲ့ ရန်ပွဲပေါ့…။ဦးလှိုင်က သီးနှံတွေ ပျက်စီးကုန်တဲ့အတွက် ဒုက္ခ ရောက်ရတဲ့အကြောင်းနဲ့..၊

ငွေဆပ်ရမယ့်ရက်ကို နောက်တစ်လလောက် ဆုတ်ပေ။ ဖို့အကြောင်း တောင်းပန်တယ်။သူထင်တာက တစ်နယ်လုံး တစ်ကွင်းလုံး ​ရေကြီးရေ လျှံဖြစ်ပြီး သီးနှံတွေပျက်စီးကုန်တာကို ဦးကြူးသိတယ်၊

လယ်သမား၊ ယာသမား အားလုံးလိုလို အတိဒုက္ခ ရောက်ကြတာကိုလည်း သိတယ်၊ဦးကြူးအနေနဲ့ ငဲ့ညှာလိမ့်မယ်လို့ ထင်တယ် ၊ ဒါကြောင့် သွားပြီးတောင်းပန်တာ။တကယ်တန်းကျတော့ အထင်နဲ့အမြင်က အလွဲကြီး လွဲနေတယ်သူတောင်းပန်တာကို ဦးကြူးက လုံးဝလက်မခံဘူ…၊ သူ့ငွေပြန်ဆပ်ဖို့ပဲ ပြောတယ်။

သူက ထပ်ပြီး အနူးအညွတ် မေတ္တာရပ်ခံ ဘယ်၊ဒါလည်း မရဘူး၊ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်ဆပ်ဖို့ပဲ ပြော“ဘာမှမရှိတာ၊ ဘယ်လိုလုပ်ပေးရမှာလဲဗျာ…” လို့ ဦးလှိုင်က အသနားခံတယ်။

မင်းဘာသာ ခိုးလို့ဝှက်လို့ပဲ ရရ၊ ဓါးပြတိုက်လို့ပဲ ရရ၊ ငါ့ငွေ ပြန်ရဖို့သာလိုရင်းပဲ…” တဲ့..။ ဦးကြူးက ပြောတယ်။ဦးလှိုင်ဟာ ဦးကြူး မှိုချိုးမျှစ်ချိုးပြောသမျှ ဘာတစ်ခွန်းမှ မတုံ့ပြန်ဘဲ ငုံ့ခံနေရှာတယ်။ဒါပေမဲ့ ဦးကြူးရဲ့စကားတွေက တစ်စထက်တစ်စ နိုင့် ထက်စီးနင်းဖြစ်လာတယ်၊ဦးလှိုင်ကို တိရစ္ဆာန်နဲ့ခိုင်းနှိုင်းပြီး အထက်စီးကနေ ရင့်ရင့်သီးသီးပြောတယ်၊

ဦးလှိုင်ဟာ ပထမတော့သည်းခံနေတယ်၊

ဦးကြူးရဲ့စကားတွေ တဖြည်းဖြည်း တရားလွန်လာတဲ့ အချိန်မှာတော့ သူ့ရဲ့သည်။ခံခြင်းအတိုင်းအတာက ကုန်ဆုံးသွား တယ်။

ဦးကြူးကို တုံ့ပြန်ပြောဆိုတယ်။ဒီလိုနဲ့ အော်ကြီးဟစ်ကျယ် ဆဲကြဆိုကြ၊ စကားများကြ ရာကနေ တုတ်ဆွဲ ဓားဆွဲတဲ့အထိ ဖြစ်သွားတယ်။ ရပ်ကွက်လူကြီးတွေ အချိန်မီရောက်လာလို့သာ ဓား ခုတ်၊ တုတ်ရိုက်၊ သွေးထွက်သံယိုမှုတွေ မဖြစ်ခဲ့တာ…။

ဘယ်လိုပဲဖြစ်ဖြစ်၊ တစ်ယောက်ကိုတစ်ယောက ငြိုးသူ ရန်ဖက်တွေ ဖြစ်သွားကြတယ်။ ဦးလှိုင်ဟာ ရန်ခိုက်ဖြစ်ပွားရတဲ့အတွက် စိတ်မကောင်း
ဖြစ်နေတယ်၊ နောင်တလည်း ရမိတယ်၊ ဒါ့ကြောင့် ရှိတဲ့လယ်တစ်ချို့တစ်ဝက်ကို လယ်ရောင်း ပြီး ဦး ကြူးရဲ့အကြွေးကို ရွာလူကြီးတွေကနေတစ်ဆင့် အကြွေးလည်းပေးဆပ်လိုက်တယ်။

တောင်းပန်တဲ့စကားကိုလည်း လူကြုံပါးလိုက်တယ်၊ ရက်အတော်အတန် ကြာမြင့်တဲ့အချိန်မှာတော့ အဖြစ် အပျက်ကို မေ့လျော့သွားကြတယ်။

ကာယကံရှင်တွေ ကိုယ်တိုင်လည်း သွေးအေး သွားပြီ သို့ တစ်ရွာလုံးက ထင်မှတ်လိုက်ကြတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကိုမမေ့ဘဲ ကြိတ်မနိုင်ခဲမရ ဖြစ် သူကရှိနေတယ်။သူကတော့ ငွေတိုးပေးစားတဲ့ သူဋ္ဌေးဦးကြူးပါပဲ..

ဦးကြူးဟာ ဦးလှိုင်ကို သတ်ပစ်ချင်လောက်အောင် မုန်းမှ တီးနေတယ်၊ တနုံ့နုံ့တွေးရင်း ဒေါသမီးတွေ တမြည့်မြည့်လောင်း ကျွမ်းနေခဲ့တယ်၊
ဦးလှိုင်အပေါ်တစ်ခုခုထိခိုက်နစ်နာအောင် မလုပ်ရမခင်း၊ မကျေချမ်းနိုင်ဘူး။ဘယ်လိုနည်းနဲ့ လုပ်ကြံရမလဲဆိုတာကို အချိန်နဲ့အမျှ ကြံစည်နေတယ်။

ဒီလိုနဲ့ အောက်လမ်းပညာသည် ဒေါ်ခနဲ့ပေါင်းပြီး ဦးလို တို့မိသားစုကို အသေဆိုးနဲ့သေအောင် လုပ်ကြံဖို့ စီစဉ်လိုက်ကြ တယ်။

တစ်နေ့မှာ ဦးလှိုင်တို့အိမ်ကို ဒေါ်ခရောက်လာတယ်။ ဒေါ်ခက “လမ်းကြုံလို့ ဝင်လည်တာပါ” လို့ပြောပြီး အိမ်ပေါ်ကို ပိုင်စိုးပိုင်နင်းတက်တယ်။ဦးလှိုင်ရော သူ့မိန်းမပါ ဒေါ်ခကို ပျာပျာသလဲ ဧည့်ခံ တယ်၊
ရေနွေးကြမ်း၊ ထန်းလျက်နဲ့လက်ဖက်တွေ  ကျွေးမွေးတယ်။ တည်ခင်းဧည့်ခံတဲ့ ထန်းလျက်နဲ့လက်ဖက် တွေစားပြီး ရေနွေးသောက်တယ်။
ခဏနေတော့ “အပေါ့အပါး သွားမယ်” ဆိုပြီး နောက် ဖေးဘက် ဆင်းသွားတယ်။

ပြီးတော့ အိမ်ပေါ်ပြန်တက်လာပြီး နှုတ်ဆက်ပြန်သွား တယ်။
ဦးလှိုင်တို့ လင်မယားဟာ ဒေါ်ခ၊ အောက်လမ်းပညာ သည်စုန်းမဆိုတာ သိတယ်နောက်ပြီး သူတို့အိမ်ကို မလာစဘူး၊ အဘထူးတဲ့ အဖြစ်ကြောင့် ထိတ်လန့်တုန်လှုပ်ကြတယ်။

ဒေါ်ခ စိတ်ငြိုငြင်စရာ၊ သူတို့ ဘာတစ်ခုမှ မလုပ်ခဲ့ဖူးဘူး….
ဒေါ်ခနဲ့လည်း ဘာမှ မပတ်သက်ခဲ့ဖူးဘူး၊ ““ဘာမှ မဖြစ်တန်ကောင်းပါဘူးလေ…..” ဆိုတဲ့ အ တွေးနဲ့ ဖြေသိမ့်မိတယ်။
ဘယ်လိုပဲဖြေသိမ့်ပေမဲ့ သူတို့ရင်ထဲမှာတော့ မပြောနိုင် တဲ့ ဘေးအန္တရာယ်ဆိုးတစ်ခု ကျရောက်လာလေမလား ဆိုတဲ့ ချောက်ချားမှု တစ်ခုတော့ ရင်ထဲမှာ သံသယဖြစ်ပေါ်လာတယ်။

သူတို့သံသယဖြစ်တဲ့အတိုင်း၊ စိုးရိမ်တဲ့အတိုင်းပါပဲ… အဲဒီည သန်းခေါင်ယံလောက်မှာ ဦးလှိုင်တို့လင်မယား အိပ်ရာက လန့်နိုးလာတယ်….။သူတို့လန့်နိုးလာတာက ထူးခြားတဲ့ အသံတစ်သံတစ်ခုကြားလိုက်ရတယ်။
အသံက အိမ်နောက်ဖေးက ထွက်လာတဲ့အသံ။ သစ်ပင်ကို ဓါးနဲ့ခုတ်နေတဲ့အသံ၊ ဓါးမနဲ့ အားရှိပါးရှိ လွှဲပြီး ခုတ်နေတဲ့အသံ။

““တဒုတ်ဒုတ်….. တဒုတ်ဒုတ်” မြည်နေတဲ့အသံ။ ဦးလှိုင် လက်နှိပ်ဓါတ်မီးဆွဲပြီး နောက်ဖေးဘက် ပြေးဆင်းတယ်။

ခြံအနှံ့ လက်နှိပ်ဓါတ်မီးနဲ့ လိုက်ထိုးကြည့်တယ်…။ ဘယ်သူမှမရှိဘူး၊ မသင်္ကာဖြစ်စရာ ဘာမှလည်း မတွေ့ဘူးအိမ်နောက်ဘက်ကပ်လျက် သရက်ပင်ကြီးရဲ့ ပင်စည် မှာလည်း ခုတ်ရာထစ်ရာ ဘာတစ်ခုမှမရှိဘူး၊ သစ်မှုန်သစ်စ၊ ဘာအစအနမှလည်း မရှိဘူး။

သစ်ပင်ခုတ်တဲ့အသံလည်း မကြားရတော့ဘူး၊ သူတို့ လင်မယား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြ တယ်…..။

“ငါတို့ကြားရတဲ့အသံဟာ အိပ်မက် မဟုတ်ဘုးနော်” လို့လည်း ပြောမိကြတယ်။ အဲဒီနောက်မှာ ထူးခြားမှုတစ်စုံတစ်ရာမှ မတွေ့တာကြောင့်၊ သူတို့လင်မယား အိမ်ပေါ်ပြန်တက်ခဲ့တယ်။ အိပ်ရာထဲဝင်ခဲ့ပေမဲ့ အိပ်လို့မရဘဲ မျက်လုံးတွေကြောင် နေကြတယ်။

အဲဒိအချိန်မှာပဲ..။

“ဒုတ်…..”“ဒုတ်….။ ဒုတ်….  သစ်ပင်ခုတ်တဲ့အသံတွေ ထင်ထင်ရှားရှား ထွက်ပေါ်လာ ပြန်တယ်၊
ခန့်မှန်းရသလောက် နောက်ဖေးကသရက်ပင်ကို ခုတ် နေတဲ့ အသံဆိုတာ သေချာတယ်။ဒုတိယအကြိမ်မြောက် သူတို့လင်မယား ပြေးဆင်း ကြည့်ပြန်တယ်။ထုံးစံအတိုင်း မသင်္ကာစရာရယ်လို့ ဘာတစ်ခုမှ မတွေ့ ပြန်ဘူး…။

သူတို့အိမ်ပေါ် ပြန်တက်သွားတာနဲ့ သစ်ပင်ခုတ်သံတွေ ကလည်း ပြန်ပြီးထွက်ပေါ်လာတယ်၊

ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်ကြောင့် ဦးလှိုင်တို့ လင်မယားနှစ်ယောက်စလုံး ကြောက်လန့်လာတယ်။

အိပ်လို့လည်း မရတော့ဘူး။ သစ်ပင်ခုတ်သံက တဒုန်းဒုန်း ကျယ်လောင်လာတယ်၊ သူတို့အောက်ဆင်းပြီး မကြည့်ရဲတော့ဘူး၊ အချိန်ကြာလာတာနဲ့အမျှ သစ်ပင်ခုတ်သံတွေ ပိုပြီး
ကျယ်လောင်လာတယ်။ သစ်ပင်ကြီး ပြိုလဲကျတော့မလို အသံတွေလည်း တဖျစ်ဖျစ်၊ တဖြောင်းဖြောင်း မြည်လာတယ်။ နံနက်ခင်း အရုဏ်တက်ခါနီးအချိန်မှာတော့ ကြောက် မက်ဖွယ် ဝုန်းခနဲ အသံကြီးကို ကြားလိုက်ကြရတယ်။ တစ်ရွာလုံး လန့်နိုးသွားတယ်။

အသံကြားတဲ့ဆီကို အပြေးအလွှား ရောက်သွားကြ တယ်၊အဲဒီမှာ သရက်ပင်ကြီးပိပြီး မြေပေါ် ပြားပြားဝပ်ပြိုကျ သွားတဲ့ ဦးလှိုင်တို့အိမ်ကို တွေ့ ကြရတယ်။

ဦးလှိုင်၊ သူ့ရဲ့မိန်းမနဲ့ သုံးနှစ်အရွယ် ကလေးတစ် ယောက်ကိုလည်း သစ်ပင်ပိတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ မရှုမလှ သေဆုံးနေတာ တွေ့ ကြရတယ်။

ဦးလှိုင်တို့မိသားစုတစ်ခုလုံး သစ်ပင်ပိပြီး သေဆုံးသွား တဲ့ကိစ္စနဲ့ပတ်သက်ပြီး တစ်ရွာလုံးနားမလည်တဲ့ ပဠိတွေ တစ်ခဲတယ်..။

သရက်ပင်ကြီးရဲ့ ပင်စည်၊ မြေပြင်အထက် နှစ်ပေ လောက်မှာ မပြတ်မချင်းခုတ်ထစ်ထားတဲ့ ဓားချက်ဘွေတွေ့ ဘယ်။

ဒီဓါးချက်တွေကြောင့် သရက်ပင်ကြီး လဲသွား ဘာ……၊ ဒီသရက်ပင်ကိုခုတ်တာ ဦးလှိုင်တော့ မဖြစ်နိုင်ဘူး၊ သူ ဘ အိပ်ရာထဲမှာရှိနေတယ်၊
ဦးလှိုင်ခုတ်တာမဟုတ်ရင် ဘယ်သူခုတ်တာလဲ …၊ အခြားလူခုတ်နေတာဆိုရင်လည်း ဦးလှိုင် ဘာ့ ကြောင့် မသိတာလဲ…..။

အဖြေမရှိတဲ့ ပဟေဠိတွေက အများကြီး….။
ခြံချင်းကပ်လျက်အိမ်ကလည်း.. “ဦးလှိုင်တို့လင်မယားကို ညကတွေ့ရပုံက တော်တော် ထူးဆန်းတယ်၊
အိမ်အောက်ကို ကမန်းကတန်းပြေးဆင်းပြီး၊ လက်ဦးတ ဓါတ်မီးနဲ့ တစ်ခြံလုံးလှည့်ထိုးနေတယ်၊ တစ်ခုခု၊ ပသင်္ကာစရာ ဦးဆော အသံကြားလို့ ရှာနေဖွေနေတဲ့ပုံပဲ..။၊ ပြီးတော့ ဘာမှမတွေ့တဲ့ပုံနဲ့ အိမ်ပေါ်ပြန်တက်သွားကြ သေး

ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ တစ်ခုခုတော့သိခဲ့၊ ပြင်ခဲ့ကြ ပုံပဲ…..”လို့ ပြောတယ်။

“သစ်ပင်ခုတ်သံ ကြားသား” ဆိုတဲ့အမေးကို၊““ဘာသံမှ မကြားရဘူး” လို့ ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ပဟေဠိတွေရဲ့အဖြေကိုတော့ မကြာ ခင်မှာပဲ သိလိုက်ကြရတယ်။

အကြောင်းကတော့ သရက်ပင်ခြေရင်းမှာ တွေ့ရတဲ့ အ ရုပ်လေး တစ်ရုပ်ကြောင့်ပါ။

အဲဒီအရုပ်ရဲ့လက်ထဲမှာ ဓားလေးတစ်ချောင်းလည်း ကိုင် ထားတယ်။

အဲဒီအရုပ်ကိုတွေ့တာနဲ့… “မနေ့က ဦးလှိုင်တို့အိမ်ကို ဒေါ်ခကြီးဝင်သွားတာ တွေ့ တယ်…” ဆိုတဲ့ အိမ်နီးချင်းရဲ့စကားကို ဆက်စပ်ကြည့်လိုက်တယ်။ဦးလှိုင်တို့တစ်မိသားစုလုံး အသေဆိုးနဲ့သေရ လက် သည်တရားခံဟာ အောက်လမ်းစုန်းမကြီး ဒေါ်ခရဲ့လက် ချက်ဆို ဘာ ထင်ရှားသွားတယ်။

ဒါပေမဲ့ ဦးလှိုင်တို့မိသားစုနဲ့ ဒေါ်ခ၊ ဘာပြဿနာမှ မရှိ အဲ့အတွက် ပထမတော့ နားမလည်ကြဘူး။

နောက်မှ သူဋ္ဌေးကြီးဦးကြူးက ငွေပေးပြီးခိုင် လို့ ဒေါ်ခ က သူ့ရဲ့အောက်လမ်းစုန်းပညာနဲ့ လုပ်လိုက်တယ်ဆို ဘာ သ ဘောပေါက်သွားကြတယ်…….။ ဒီတော့မှ…..။ဒေါ်ခဟာ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီး လို့ ဒုက္ခ ရောက်အောင် လုပ်ပေးပါဆိုရင်လည်း ငွေကြေးယူပြီး လုပ်ပေး တတ်သေးတယ်ဆိုတာ သိသွားတယ်။

ဒါ့ကြောင့် တစ်ရွာလုံးက ရွံကြောက်ကြီး ကြောက်နေ၊ ကြရတယ်၊အော်ဟစ်နေတယ်။တကယ့်ကို မီးတွေလောင်နေတဲ့အတိုင်း ခံစားနေရ

ပိုပြီးထူးဆန်းတာက ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးလောင် ဖုတွေ ရုတ်ချည်း၊ ချက်ချင်း ထွက်ပေါ်လာတယ်။ မီးလောင်ဖုတွေက အကွက်လိုက်၊ အကွက်လိုက် ပေါက်ပြီး အရည်ပူဖေါင်းကြီးတွေ ထလာတယ်။

ပူဖေါင်းတွေလည်း ပေါက်သွားရော၊ အရည်ဘရွှဲရွှဲ အ သားနီတွေလန်ပြီး မီးလောင်အနာကြီးတွေ ဖြစ်လာ ဘယ်။ ဒါ ဘာ့ကြောင့်ဖြစ်တာလဲ၊ ဗေဒင်မေးစရာ မလိုဘူး၊ ဒေါ်ခ လက်ချက်ပဲဆိုတာ တန်းသိတယ်။

ဒါနဲ့ စိုက်ခင်းပိုင်ရှင်ရဲ့ ညီအစ်ကိုတွေစုပြီး တုက်ငါးလက် နက်ကိုယ်စီနဲ့ ဒေါ်ခအိမ် သွားဝိုင်းတယ်။ဒေါ်ခကို အိမ်မှာမတွေ့ရဘူး၊
စုံစမ်းကြည့်တော့ အိုးကင်းတစ်ခုရွက်ပြီး ချောင်းဘက်

ထွက်သွားတယ်ဆိုတာ သိရတယ်။ အိုးကင်းဆိုတာက ရေအိုးဖင်ပိုင်းကို ဖြတ်၊ မီးဖိုပေါ်တင်ပြီး ဒယ်အိုးလို သုံးလို့ရတယ်။

ဒါနဲ့ ချောင်းထဲ ဆက်လိုက်ကြတယ်။ ကညင်ပင်ကွေ့မှာ ဒေါ်ခကိုတွေ့တယ်။ သူတို့တွေ့တဲ့အချိန်မှာ ဒေါ်ခက မီးဖိုပေါ်မှာ အိုးကင်းကို

တင်ပြီး တစ်ခုခုကို လှော်နေတယ်။ တုတ်တစ်ချောင်းနဲ့ မွှေပေးနေတယ်။ သူလှော်နေတဲ့ဟာကို ကြည့်လိုက်တော့ အဝတ်စနဲ့လုပ် ထားတဲ့ အရုပ်လေးတစ်ရုပ်။
မီးဖိုပေါ် အိုးကင်းထဲထည့်ပြီး အလှော်ခံနေရတာ ကြောင့် အရုပ်ကလေးက မည်းတူးနေတယ်။ ထွက်နေတယ်။ အရုပ်ကလေးကို လှော်ရင်း၊ မွှေရင်း ဒေါ်ခနှုတ်ကလည်း “ သေစမ်း….၊ ပူစမ်း၊ လောင်စမ်း…..”လို့ တဖွဖွရွတ်ရင်း ကျိန် စာတွေ တိုက်နေသတဲ့.…..။

လိုက်ရှာတဲ့သူတွေကလည်း သူတို့အစ်ကိုဖြစ်တာ ဒေါ် ခလက်ချက် သေချာတယ်ဆိုပြီး အဲဒီနေရာမှာပဲ ဓားတွေတုတ် တွေနဲ့ ဝိုင်းခုတ်၊ ဝိုင်းရိုက် သတ်ဖြတ်လိုက်ကြသတဲ့။

ခေတ်ကလည်း ဂျပန်တပ်တွေဝင်ကာစ၊ အင်္ဂလိပ်တွေ ထွက်ပြေးဖို့လုပ်နေတဲ့ ခေတ်ပျက်ခေတ်ဆိုး ကာလကြီးဆို တော့အမှုတွေ ဘာတွေတောင် မဖြစ်လိုက်ဘူး။

နောက်တော့ ဒေါ်ခကိုသတ်တဲ့ညီအစ်ကိုတွေလည်း ရွာ ကနေ အပြီးပြောင်းရွှေ့သွားကြတယ်။

သူတို့နဲ့ပတ်သက်တဲ့ သတင်းတွေလည်း စုပ်စမြုပ်စ မြုပ်သွားခဲ့တယ်။
အဲဒီအချိန်ကစပြီး ကညင်ပင်ကွေ့မှာ ခြောက် လိုက်တဲ့ သရဲဒေါ်ခ…၊ .
ဘယ်သူမှ မသွားရဲကြဘူး။

နောင် နှစ်တွေတော်တော်ကြီးကြာမှ သရဲဒေါ်ခလည်း မခြောက်လို့ မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး သွားရဲလာရဲ ကြတာ။ အောက်လမ်းသရဲ ဒေါ်ခကိုလည်း ကျွတ်သွာ ၊ လွတ် သွားပြီ ထင်ခဲ့ကြတယ်။

အခု ပြန်ပေါ်လာမှပဲ ဒေါ်ခတစ်ယောက် မကျွတ်မလွတ်ဘဲ တစ္ဆေသရဲဘဝမှာ ရှိနေတုန်းဆိုတာ သိရတယ်..” “အဲဒီအဖြစ်အပျက်တွေက ဘယ်လောက်ကြာခဲ့ပြီလဲ

ဆရာကြီး..” “ကြာပြီပေါ့ကွယ်၊ ဆရာကြီးေတင် ငယ်ငယ်ပဲရှိသေး ဘယ်…..

ပင်းတို့မပြောနဲ့၊ မင်းတို့အဖေအမေတောင် လူ့လောသ ရောက်ဦးမှာ မဟုတ်ဘူး…”

“ဒါ့ကြောင့် ဒီအကြောင်းတွေ ကျွန်တော်တို့ မကြား- “

ရှိမှန်းသိပြီဆိုတော့ နောင် သတိ၊ ဝီရိယနဲ့နေ…အသွားအလာ ဆင်ခြင်ကြပေါ့ကွာ၊ ဟုတ်လား…

သောင်းကြည် လူကောင်းပကတိပြန်ဖြစ်သွားတာနဲ့ ရာကြီးဦးကံပို ပြန်လာခဲ့တယ်၊ အိမ်အပြန်လမ်းမှာတော့. ရခဲလှတဲ့လူ့ဘဝကို ကံအားလျော်စွာ ရောက်ခဲ့၊ ရခဲ့တာတောင်…၊ကိုယ်ပြုတဲ့ကံ၊ ကိုယ့်ထံပြန်လာပြီး….။ အသေဆိုးနဲ့ သေပွဲကြုံခဲ့ရတဲ့ အောက်လမ်းစုန်းမ ဒေ တစ်ယောက်….၊ နောင် နှစ်တွေ ဘယ်လောက်ကြာသည်အထိ မကော၁ဆိုးဝါး သရဲတစ္ဆေဘဝနဲ့ ရှိနေဦးမှာလဲ…. ဘယ်သောကာလမှ အောက်လမ်း သရဲမဘဝက လွတ် မြောက်နိုင်မှာလဲ…..၊ အတွေး နယ်ချဲ့နေမိပါတော့တယ်…

#မောင်မှိုင်းညို့ (ချောင်းဦး)အားလေးစားလျက်