ချက် ကြည့်ကာ
“ဦးကြီးတို့ လိုက်မယ် ဆိုရင် တော့ ကျုပ် ခေါ်လို့ရပါတယ် ဒါပေမဲ့ အစားတော့ ဆင်းရဲမယ်ဗျ”
“ရပါတယ်ကွယ် ဦးကြီးတို့ကို လက်ခံတာနဲ့ တင် ကေျနပ်ပါတယ် “
“အဲ့တာ ဆို လည်း စောင့် ဦးဗျာ ဒီကျင်းလေး ပြီးအောင် တူးလိုက်ဦးမယ် ေတာ်ကြာ ကလေးတေယာက် သင်္ဂြိုလ် တော့မှဗျ “
“အေးအေး ငါတူတို့ ဦးကြီး တို့ ဟိုက လှည်းနား ကပဲ စောင့်နေမယ် ကွယ်”
“ကောင်ပါပြီ”
ထို့နောက် ဦးဖိုးဝေတို့သည် ကြည်အောင်ထိုင်ပြီး နွားကျောင်း နေသော လှည်းနားသို့ သွားလိုက်ကြပါလေေတာ့သည် ။
▪️အခန်း-၃
ဦးဖိုးဝေသည် လှည်းဘေးမှာ ထိုင်နေရင်း ကြည်အောင် ၊ သူရိယ တို့နှင့် စပ်မိစမ်ရာ စကားများပြောနေလေသည် ၊ ဦးဖိုးဝေမှ ကြည်အောင်ကိုကြည့်ကာ
“ကြည်အောင် ငါတူကြီး ပြန်မယ် ဆို ပြန်နိုင်ပါပြီ ဦးကြီး တို့က ခြေဦးတည်ရာ သွားနေတာဆိုတော့လေ “
“မပြန်သေးပါ ဘူး ဆရာကြီး အိမ်မှာလည်း ယောက်က္ခမ ရှိနေတာဆိုတော့ သိပ် စိတ်ပူဆရာ မလိုပါဘူး “
“အင်းအင်း သာဓုခေါ်ပါတယ် ကွယ် ဦးကြီးတို့နဲ့ အတူ လောကီအကျိုးပြုကြတာပေါ့ “
“ဟုတ်ကဲ့ပါ ဆရာကြီး”
သူတို့ စကားများပြောနေကြစဉ် ကြေးစည်သံ တချက် နှင့် အတူ သင်္ချိုင်းထဲသို့ အသုဘ လာချသော လူအုပ်ကြီး ရောက်လာလေသည် ၊ ထို့နောက် အလောင်းကို မြေမြှုပ် သင်္ဂြိုလ် လိုက်ပြီး ထွက်သွားကြကုန်သည် ၊ ထို့နောက် ဦးဖိုးဝေတို့ဆီသို့ လူတယောက် လမ်းလျှောက်လာနေသည်၊ ထိုသူမှာ အခြားသူမဟုတ် မြေကျင်းတူးနေသော သိန်းဝေဟု အမည်ရသော သူဖြစ်သည် ၊သိန်းဝေသည် ဦးဖိုးဝေတို့ အနား ရောက်သော အခါ ပြုံးပြ နုတ်ဆက်လိုက်ကာ
“ကဲ ဦးကြီးတို့ ကျုပ်ညီအိမ်ကို လိုက်ပို့မယ် ဗျာ သွားကြရအောင် “
“ကောင်းပါပြီး သွားကြတာပေါ့ ကွယ် “
ဦးဖိုးဝေ စကားဆုံးသော အခါ ကြည်အောင်သည် ကျောင်းထားသော နွားများကို သွားဆွဲကာ လှည်းကိုကောက်လိုက်ပြီး ဦးဖိုးဝေတို့ ရွာထဲသို့ ဝင်ရန် အသင့်ပြင်ပေးလိုက်ပါလေတော့သည် ။
▪️အခန်း-၄
ဆူးအိုင်ရွာ တောင်ပိုင်းရှိ နေအိမ်းဝိုင်းထဲသိူ့ လှည်းတစီးမောင်းဝင်လာသည် ထိုလှည်းမှာ ကြည်အောင်၏ လှည်းဖြစ်သည် လှည်းပေါ်တွင်ေတာ့ ဦးဖိုးဝေ နှင့် သူရိယ အပြင် သိန်းဝေ ပါ ပါလာ၏ ၊သိန်းဝေသည် လှည်းမရပ်ခင် လှည်းပေါ်မှ ဆင်းလိုက်ပြီး အိမ်လေးကိုကြည့် ကာ စကားအော်ပြောလိုက်လေသည်
“သိန်းမောင် ရေ ဧည့်သည်တွေပါတယ်ကွ မင်းမိန်းမကို ဧည့်သည်တွေ ဧည့်ခံဖို့ တခုခု စီစဉ်ခိုင်းလိုက်ဦး “
သိန်းဝေ၏ စကားဆုံးသည်နှင့် သိန်းမောင်အမည်ရသော သူသည် အိမ်လေးထဲ မှ ထွက်လာပြီး သူ၏ အကို ဖြစ်သူကို ကြည့်ကာ
“အကို ဘယ်က ဧည့်သည်တွေလဲဗျ “
“အထက်လမ်း ဆရာပါကွာ မင်းလည်း အထက်လမ်းဆရာ ရှာနေတာနဲ့ ငါခေါ်လာတာ “
“အော် ဟုတ်ကဲ့ “
ထို့နောက် သိန်းမောင်သည် ဦးဖိုးဝေတို့အား ခရီးဦးကြိုပြုကာ အိမ်ပေါ်သို့ ပင့်ဆောင်သွားပါလေတော့သည်။
▪️အခန်း-၅
သိန်းမောင်၏ အိမ်လေးသည် ဆူးအိုင်ရွာထဲ၌ရှိသော အိမ်များနှင့် ယှဉ်က အိမ်အလတ်စားရင်ဝင်မည်ဖြစ်သည် ၊ အိမ်ဝိုင်းသည် ကျယ်ဝန်းပြီး အိမ်နောက်ဘက်တွင် တော့ သူ၏ အကိုဖြစ်သူ လူပျိုကြီး သိန်းဝေ နေထိုင်သည့် အိမ်လေးရှိလေသည် ၊ ယခု သိန်းမောင်သည် ဦးဖိုးဝေတို့အာ ရေနွေးကြမ်း လက်ဖက် ပဲခြမ်းဖြစ် ဧည့်ခံနေလေသည် ၊
“ဆရာကြီးတို့ကို ကောင်းကောင်းမွန်မွန် ဧည့်မခံနိုင်တာ အားနာရပါတယ်ဗျာ “
“အဆင်ပြေပါတယ် အခု လို ဧည့်ဝတ်ပြုတာကိုပဲ ဦးကြီးတို့ ဝမ်းသာလှပါပြီ ”
“အင်း ကျေနာ်တို့ ရွာမှာလည်း ဘာတွေ ဖြစ်နေလဲ မသိပါဘူးဗျာ “
“ဦးကြီးတို့လည်း ကြားပါတယ် ဒါနဲ့ ငါ့တူကြီး ဇနီးမျက်နှာ လည်းမကောင်းပါလားကွဲ့ “
ဦးဖိုးဝေ၏ အမေးစကားကို သိန်းမောင်သည် သက်ပျင်းကို တချက် ချလိုက်ကာ
“ကျနော် တို့ရဲ့ သားလေး အရင်လ က ဆုံးသွာတယ် ဆရာကြီး အဲ့ အချိန် ကတည်းက ကျနော့်ရဲ့ အမျိုးသမီးလည်း ဒီလို ဖြစ်သွားတာပါပဲ”
“ကျုပ်လည်း ဒီရွာကို လာရတဲ့ အေကြာင်းရင်းက အဲ့ဒီ ကိစ္စ ကြောင့်လည်း ပါ ပါတယ် “
“ကျနော်လည်း ရွာက ကလေးတွေ ဆုံးပါနေတာ ကို မကြည့်ရက်တော့ဘူးဗျာ ရွာလူကြီးကို ပြောပေမဲ့ ရွာလူကြီးက ကလေး မရှိလို့ထင်တယ် အရေးကို မလုပ်ဘူး”
“ဒီလို တွေဖြစ်နေတာ သူ့မှာ အများကြီး တာဝန်ရှိတယ် လေ ”
“ကျနော် ထင်တာကတော့ ရွာလူကြီး သမက် သင်္ချိုင်းမြေကို ရှင်းပြီး နှမ်းကြဲ ကတည်းက အခုလိုတွေ ဖြစ်နေတာ အဲ့ဒါကို ရွာလူကြီးသွားပြောတော့ ကျုပ်ကို ဆဲ ပဲ ဆဲ လွှတ်တယ်လေ”
“ဦးကြီး စိတ်ထဲမှာ လည်း အဲ့လို ပဲ ထင်တယ် “
“ကူညီ နိုင်ရင် ကူညီပါ ဆရာကြီးရာ ကျနော် သားလေးလို့ တခြား ကလေးတွေ ဆုံးနေတာ ကျနော် မကြည့်ရက်တော့ဘူး “
“စိတ်ချပါကွယ် ဦးကြီး တို့ ရွာလူကြီးဆီ သွားပြောကြည့်ကြတာပေါ့ “
ဤသို့ နှင့် သိန်းမောင်၏ အိမ်လေးပေါ်တွင် ဦးဖိုးဝေတို့ ဝိုင်းဖွဲ့ ပြီး ရွာတွင် ဖြစ်နေသေ။ ပြဿနာအား ပြောကြားနေကြပါလေတော့သည် ။
▪️အခန်း-၆
ရွာလယ်ရှိ ရွာလူကြီး အိမ်သို့ ဦးဖိုးဝေတို့အား သိန်းမောင်မှ ခေါ်ဆောင်သွားလေသည် ရွာလူကြီးအိမ်ရောက်သောအခါ သိန်းမောင်သည် ရွာလူကြီးအား အော်ခေါ်လိုက်လေသည်
“ဗျို့ ရွာလူကြီး ဦးထွန်းနု “
“ဘယ်သူလဲကွ ခဏစောင့်ဦး လာခဲ့ မယ်”
ရွာလူကြီးပြန်၍ ပြောစကားကြားသောအခါ သိန်းမောင်သည် ဦးဖိုးဝေတို့အား အိမ်ရှေ့ တန်းလျားတွင် ထိုင်စေလိုက်ပြီး ရွာလူကြီး အလာကို စောင့်နေကြသည် ၊ အတန်ကြာသော အခါ အေခြာက်ဆယ်ကျော် လူကြီးတယောက် အိမ်ပေါ်မှဆင်းလာလေသည် ထိုလူကြီးမှာ ရွာလူကြီး ဦးထွန်းနုဖြစ်လေသည် ၊ ဦးထွန်းနုသည် သူ၏ စားပွဲတန်းလျားတွင် ထိုင်နေကြသော ဦးဖိုးဝေတို့အား အကဲ ခက်ဟန်ဖြစ် တချက်ဝေ့ကြည့်လိုက်ပြီး သိန်းမောင်အား စကားဆိုလေသည်
“ကဲ သိန်းမောင် ဘာကိစ္စလဲ ပြော”
“ဒီက အထက်လမ်းဆရာကြီး က ရွာလူကြီးနဲ့ တွေ့ ချင်လို့ ကျုပ်ခေါ်လာတာ “
“အေးပြီးရော ကဲ ဧည့်သည်တို့ ဘာကိစ္စရှိလို့ ကျုပ်နဲ့ တွေ့ချင်ရတာလဲ ဆိုစမ်းပါဦး “
ရွာလူကြီးသည် သိန်းမောင် နှင့် စကားပြောနေရာမှ ဦးဖိုးဝေတို့ဘက် လှည့်ကာ တဆက်တည်း မေးမြန်လေသည် ထိုအခါ ဦးဖိုးဝေသည် ရွာလူကြီးကို ကြည့်ကာ
“ဒီရွာမှာ ပုံမှန်မဟုတ်ပဲ ကလေးတွေ အတော်များ ဆုံးပါးနေတာ ရွာလူကြီး မသိဘူးလား”
“သိတယ်လေ ကျုပ်က ဘာတက်နိုင်မှာလည်း ကျုပ်က ယမမင်းလည်း မဟုတ်ဘူး “
“,ရွာလူကြီး တယောက် လုပ်နေပြီး တာဝန်မဲ့ စကားဆိုတာပဲ “
“ကျုပ်က ကလေးတွေကို သတ်တဲ့ သူမဟုတ်ဘူး ဒါတွေ ကျုပ်ကို လာပြောနေလို့ ဘာမှထူးမှာ မဟုတ်ဘူး”
“ဒါနဲ့ ရွာ သင်္ချိုင်း မြေကို နှမ် ကြဲထားတာ ဘယ်သူကြဲထားတာလဲ “
ဦးဖိုးဝေ၏ အမေးစကား ကြားသော အခါ ရွာလူကြီး မျက်နှာ ပျက်သွားလေသည် ထို့နောက်ရွာလူကြီးသည် ပျက်သွားသည် သူ၏ မျက်နှာကို ထိန်းလိုက်ပြီး
“ခင်ဗျား နဲ့ ဘာဆိုင်လို့လဲ “
“ကျုပ် စိတ်ထဲ ရွာက ကလေးတွေ သေနေတာ အဲ့ ဒီ နှမ်းခင်း နဲ့ ဆိုင်တယ် ထင်လို့ ပြီးတော့ သင်္ချိုင်းထဲက အပင်ကြီး အပင်ငယ် တွေ ဘာလို့ခုတ်ပြစ်ကြတာလဲ ရွာလူကြီး”
“နှမ်းခင်းကို လောင်းရိပ်ကျမှာဆိုး လို့ခုတ်တာနေမှာပေါ့ “
“ရွာလူကြီးက မတားဘူးလား “
“ဒါ ငါ့ရွာက မင်းတို့ကို ဧည့်သည်တွေမို့ သည်းခံနေတာ ငါ့ရွာမှာ ငါလုပ်ချင်တာ လုပ်မယ် မင်းတို့က ဘာေကာင်တွေမို့ အမေးအမြန်ထူနေတာလဲ “
ရွာလူကြီးသည် ထိုင်နေရာမှ ထရပ်လိုက်ပြီး လူမိုက်စကားဆိုလာရာ သိန်းမောင်သည် လည်း ချက်ချင်းမတ်တတ်ရပ်လိုက်ကာ
“ခင်ဗျာကြီးက ရွာရဲ့ အကျိုးကို မကြည့်ပဲ ကို့မိသားစု အကျိုးပဲ ကြည့် တဲ့ သူပဲ ခင်ဗျား သမက်ကို နှမ်းစိုက်ခွှင့်ပေးပြီး အခု မေးတဲ့ သူတွေ ရှိမှ မသိယောင်ဆောင်နေတာလား “
“ဟိတ်ကောင် သိန်းမောင် ထွက်သွားစမ်း မင်းရဲ့သား သေပြီးကတည်းက မင်းငါကို ညှိုးနေတာ ငါသိတယ် “
“ခင်ဗျားကကော ရပ်ကျိုးရွာကျိုး ဘာတွေများလုပ်နေလို့လဲ ရွာက မြေလွတ်တွေ မှန်သမျှ ခင်ဗျား သားမက် ကြည့်ပဲ ယူထားတာမဟုတ်လား ၊အခု သင်္ချိုင်းမြေနေရာတောင် မရှောင်ဘူး နှမ်းကြဲရတယ်လို့ဗျာ၊ ခင်ဗျားသမက် သင်္ချိုင်းမြေကို နှမ်းကြဲကတည်းက ကျုပ်သား အပါ အဝင် တခြားကလေးတွေ ဆုံးကုန်ကြတာ ခင်ဗျား မသိယောင် ဆောင်နေတာလား “
သိန်းမောင် သည် ပြောရင်း ဆိုရင် ဒေါသ အင်မတန်ထွက်လာရာ သူ၏ ဘေးတွင် ရှိသော ကြည်အောင် နှင့် သာရိယ မှ ဆွဲထားလိုက်ကြပြီး ဦးဖိုးဝေမှာ ဖြောင်းဖျကာ ရွာလူကြီး အိမ်မှ ထွက် ခွာလိုက်ကြတော့သည် ၊ ဦးဖိုးဝေသည် ရွာလူကြီး အိမ်အပြင် ရောက်သော အခါ သိန်းမောင်အား စကားဆိုလေသည်
“ငါတူ မင်းတို့ ရွာမှာ ရွာလူကြီး မလွန်ဆန်ရဲတဲ့သူ ဘယ်သူများ ရှိမလဲ “
ဦးဖိုးဝေ၏ အမေးကို သိန်းမောင် ခေတ္တစဉ်းစားလိုက်ပြီး
“ရွာဦးဆရာတော် ကိုတော့ ရွာလူကြီး မလွန်ဆန်နိုင်လောက်ဘူး ဆရာကြီး “
“ကဲ အဲ့တာဆိုရင်တော့ ဦးကြီးတို့ ရွာဦးကျောင်းကို သွားကြစို့ “
ဦးဖိုးဝေတို့လည်း စကားတပြောပြော နှင့် ရွာဦးကျောင်းဘက်ဆီသို့ လှမ်း၍ သွားနေကြပါလေတော့သည် ။
▪️အခန်း-၇
“ဒကာကြီးတို့က ဘုန်းကြီးကို ဘာများ လျှောက် ချင်လို့လဲကွဲ့ “
“တပည်တော်က လောကီပညာ တက်ပါတယ် ဘုရား အခု ဒီရွာမှာ ဖြစ်ပျက်နေတဲ့ အရာတွေက သာမာန် ဖြစ်ရိုး ဖြစ်စဉ် မဟုတ်နိုင်ပါဘူး ဘုရား “
“အင်း ဘုန်းကြီးလည်း ၊ထင်တော့ ထင်တယ် အဲ့ဒါကြောင့် ရွာလူကြီး ဒကာကြီးထွန်းနု ကို သေချာ ဂရုစိုက်ခိုင်းထားတယ် ကွဲ့ “
ဆရာတော်၏ မိန်းကြားချက်ကို ကြားသော သိန်းမောင်သည် ဆရာတော်အား လျှောက်တင်လေသည်
“အရှင်းဘုရားက သာ ဂရုစိုက်ခိုင်းနေ ရွာလူကြီး သမက်ကြောင့် ဒီလိုတွေ ဖြစ်နေတာ ထင်တယ် ဘုရား “
“ဘယ်လို ကြောင့် လဲ ဒကာ သိန်းမောင်ရဲ့ “
“ဘာဖြစ်ရမှာလဲ ဘုရား ရွာလူကြီးသမက်က ရွာသင်္ချိုင်းမြေကို နှမ်းကြဲတယ်ဘုရား သူနှမ်းတွေ လောင်းရိပ် ကျမှာဆိုးလို့ ဆိုပြီး သင်္ချိုင်းထဲက အပင်ကြီး အပင်ငယ်တွေကို ခုတ်ပြစ်တယ် ဘုရား အခုသင်္ချိုင်းက ဘာအပင် မှ မရှိပဲ ရှင်းလင်းနေတာပဲ ဘုရား”
“ဟဲ့ ရွာက လူတွေက ဒီကိစ္စ ဘုန်းကြီးကို ဘာကြောင့် မလျှောက်ရသလဲ “
“အရှင်ဘုရားက ကျောင်းမှာ မှ မရှိတာဘုရား”
“ဟုတ်ပေသားပဲ ဘုန်းကြီး ပြန်ရောက်တာ တပတ်တောင် မပြည့်သေးတာကို ဘုန်းကြီး ပြန်ကြွလာတဲ့ တပတ်အတွင်းကို ကလေး နှစ်ယောက် ဆုံးပြီ မဟုတ်လား”
“မှန်ပါ့ ဘုရား “
ထို့နောက် ဆရာတော်သည် ဦးဖိုးဝေကို ကြည့်လိုက်ကာ
“ဒကာကြီး ရဲ့ ထင်မြင်ချက်လေး လျှောက်ပါဦး “
“တပည်တော်လည်း သင်္ချိုင်းကို ရှင်းလင်းတာ နဲ့ ဆိုင်နိုင်ပါတယ် ဘုရား အဲ့တာ ရှင်းရှင်းလင်းလင်းသိချင်မိပါတယ် “
“ကဲ သိရစေမှာ ပေါ့ မောင်ကျောင်းသားတယောက်လောက် လာခဲ့စမ်းကွယ် “
ဆရာတော် မိန်တော်မူလိုက်ပြီး မကြာမီ ဘုန်းကြီးကျောင်းသားလေး တယောက် ဆရာတော်ရှေ့ ထိုင်းပြီး ဦးချကန်တော်လိုက်ကာ
“ဆရာတော် တပည်တော် ရောက်ပါပြီဘုရား”
“ကဲ မောင်ကျောင်းသား ရွာလူကြီး ထွန်းနု နဲ့ သူရဲ့ သမက် ဘယ်သူ “
“သန်းလွင်ပါဘုရား “
“အင်း သူကိုပါခေါ်ခဲ့ ဘုန်းကြီးက အရေးကြီးတယ်လို့ ချက်ချင်းလာပါလို့ သေချားပြော ကြားလားေ မာင်ကျောင်းသား “
“တင်ပဘုရား “
ဘုန်းကြီးကျောင်းသားလေးသည် ဆရာတော် မိန့်မှာသည်များကို သေချာ မှတ်သားကာ ဆရာတော်အား ဦးချကန်တော့ပြီး ကျောင်းအောက်သို့ဆင်းသွားပါေလေတာ့သည် ။
▪️အခန်း-၈
ဆရာတော်၏ မိန့်မှာမှုဖြစ် ရွာလူကြီးနှင့် သူ၏ သမက်သည် ဆရာတော်၏ ရှေ့သို့ ရောက်နေပြီဖြစ်သည် ၊ ထို့နောက် ရွာလူကြီးသည် ဦးဖိုးဝေတို့အား မကြည်သလို ကြည့်ကာ ဆရာတော်အား လျှောက်တင်လေသည်
“တပည်တော်တို့ ရောက်ပါပြီဘုရား”
“ကဲ ဒကာ ထွန်းနု နဲ့ ဒကာ သန်းလွင် ဒကာတို့ ရွာရဲ့ သင်္ချိုင်းမြေကို နှမ်းကြဲတယ် ဆို “
“ဟုတ် တော့ဟုတ်ပါတယ်ဘုရား သမက်လေးက သင်္ချိုင်းမြေက မြေအတော်ကောင်းတယ် နှမ်းအတော်ထွက်မယ် ဆိုတာနဲ့ လုပ်ခိုင်းလိုက်ပါတယ် “
“ဟဲ့ ဒကာ အဲ့ဒီမြေတွေက ရွာပိုင်မြေဟဲ့ ဒကာမပိုင်ဘူး ဒကာ ဒီလို လုပ်မယ်ဆိုတာ ရွာသားတွေကို မပြောဘူးလား “
“မပြောဖြစ်ပါဘူး ဘုရား “,
“တယ် ခက်တဲ့ ဒကာထွန်းနုပဲ ဘုန်းကြီးလည်း လောကီ ကိစ္စတွေ သိပ်နားမလည် ဘူး ဟော့ ဟိုက ဒကာကြီး မေးတာကို အမှန်တိုင်းဖြေ ကြားလား “
“တင်ပ ပါဘုရား”
ဆရာေတာ်သည် ဦးဖိုးဝေအား ညွှန်ပြပြီး မိန့်လေရ ရွာလူကြီး မကြည်မလင် နှင့် ဦးဖိုးဝေကို ကြည့်ကာ
“ဘာမေးမှာ လဲ “
“ကျုပ်မေးချင်တာက သင်္ချိုင်းထဲကို နှမ်းကြဲဖို့ တောစခုတ်တုန်းက ဘာထူးဆန်းတာတွေ ဖြစ်သေးလဲ “
“ဘာမှ မဖြစ်ပါဘူး “
“သေချာရဲ့လား “
“သေချာတယ်၊ သန်းလွင် ထူးဆန်းတာ ဘာဖြစ်သေးလဲ ဒီက ပုဂ္ဂိုလ်ကို ပြော ပြလိုက်စမ်း “
ရွာလူကြီးသည် ဦးဖိုးဝေနှင့် စကားပြောနေရင်း သူ၏ သမက်ကို ပါ အသံခပ်မာမာ နှင့် မေးလိုက်ရာ ရွာလူကြီး၏ သမက် သန်းလွင်သည်
“မရှိပါဘူးဗျ ဘာမှ ထူးထူးဆန်းဆန်း မရှိပါဘူး”
သန်းလွင်သည် ဦးဖိုးေဝတို့အား ကြည့်ပြီး စကားဆိုလိုက်၏၊ ထိုအခါ ဦးဖိုးဝေသည်
“ကောင်းပြီဗျာ ကျုပ်တို့သိချင်တာလည်း သိရပြီဆိုတော့ ရွာထဲကို ပြန်တော့မယ်”
ဦးဖိုးဝေသည် ထိုမျှသာ ပြောပြီး ဆရာတော်ကို ရှင်ခိုးဦးချကန်တော့ပြီး ဘုန်းကြီးကျောင်းပေါ်မှ ထွက်ခွာသွားပါလေေတာ့သည် ။
▪️အခန်း-၉
ဦးဖိုးဝေသည် ဆရာတော်ရှေ့တွင် ရွာလူကြီးအား ပြောဆိုပါက သူတို့အတွက် အထောက်အကူဖြစ်သည်ဟု ဦးဖိုးဝေနှင့် အတူပါသော သိန်းမောင်သည် ထင်မြင်ထားရာ ယခု ဦးဖိုးဝေမှာ မည်သည့်စကား မှ မပြောပဲ ကျောင်းမှ ပြန်လာခဲ့ သည်ကို နားမလည် ဖြစ်နေမိသည် ၊သိန်းမောင် စိတ်ထဲ နားမလည် ဖြစ်နေသည်ကို သတိထားမိသော ဦးဖိုးဝေသည် လမ်းလျှောက်ရင်း စကားဆိုလာသည်
“ငါတူ စိတ်ထဲ ဆရာတော်ရှေ့ ဟိုရွာလူကြီးကို စကားမပြောလို့ နားမလည် ဖြစ်နေတာ ထင်ပ”
“ဟုတ်တယ် ဆရာကြီး။ကျနော် စိတ်ထဲ အဲ့လို ဖြစ်နေမိတယ် “
“,ရွာလူကြီး နဲ့ သူသမက်က လိမ်ညာနေတာကွဲ့ အဲ့တော့ သူတို့က အမှန်တိုင်းပြောမှာ မဟုတ်ဘူး သင်္ချိုင်းမြေကို ရှင်း တာ ရွာလူကြီး သမက် တယောက်တည်းတော့ ရှင်းလို့ရမယ် မထင်ဘူး ဘယ်သူတွေ ပါသေးလဲ ငါ့တူ သိလား”
ဦးဖိုးဝေ၏ အမေးစကားကို သိန်းမောင် ခဏငြိမ်၍ တွေးနေလိုက်ပြီး
“ကျုပ်မှတ်မိပြီ ကံဆောင်း ဆိုတဲ့ ကောင် တောခုတ်တာ ပါတယ် ကျုပ်တောင် သူ့ကို သွားတားသေးတယ် ဒီကောင်ပါတာသေချာတယ် ဒါပေမဲ့ ဒီကောင်က အမှန်တိုင်းပြောပါ့မလား မသိဘူး ရွာလူကြီး တပည် အရင်းဆိုတော့ “
“မေးကြည့်တာပေါ့ကွယ် ကဲ ငါတူ ပြောတဲ့ သူရဲ့ အိမ်ကို လိုက်ပို့ ပေးစမး်ပါဦး”
ထို့နောက် ဦးဖိုးဝေတို့သည် သိန်းမောင် လမ်းပြမှုဖြစ် ကံဆောင်း ဟု အမည်ရသော သူ အိမ်သို့ သွားနေကြပါလေတော့သည် ။
▪️အခန်း-၁၀
ဦးဖိုးဝေတို့သည် ရွာ၏ အမြောက်ပိုင်း မှရှိသော ကံဆောင်းအိမ်သို့ ရောက်လာသည် ၊ သိန်းေမာင်သည် ရှေ့ဆုံးမှ ကံဆောင်း၏ အိမ်သို့ တက်သွားလေသည်၊ သူ၏နောက်တွင်ေတာ့ ဦးဖိုးဝေတို့ လိုက်တက်လိုက်ကြသည် ၊ အိမ်လေးထဲတွင်တော့ ခေါင်းရင်ခန်းတွင် နေမကောင်းဖြစ်ဟန်ရှိသော အသက် ဆယ်နှစ်ကျော် ကလေးငယ် ၏ ဘေးတွင် အမျိုးသမီး တယောက်ထိုင်နေလေသည် ၊ သူမသည် ကံဆောင်း၏ မိန်းမ ညိုဝင်း ဖြစ်လေသည်၊ ညိုဝင်းသည် သိန်းမောင် နှင့် ဦးဖိုးဝေတို့ကို မြင်သော အခါ
“ကို သိန်းမောင် နဲ့ ဧည့်သည်တွေ ပါလား လာလာ ထိုင် ထိုင် ကျမ ရေနွေးပွဲလေး ပြင်လိုက်ဦးမယ် “
“ရတယ် ရတယ် ထိုင်နေ ဘာမှ လုပ်မနေနဲ့ ညိုဝင်းရေ ငါတို့က ကံဆောင်းကို မေးစရာလေးရှိလို့လာတာ “
“ခဏ နေရင်တော့ ကိုကံဆောင်း ပြန်လာမယ်လို့ ထင်ပါတယ် “
“အေးအေး ငါတို့ စောင့် လိုက်ပါမယ် “
ဦးဖိုးဝေတို့လည်း နေမကောင်း ဖြစ်နေသော ကလေး၏ အနားတွက် ထိုင်လိုက်ပြီး ကံဆောင်း အား စောင့်နေလေကြသည် ၊ ထို့နောက် ဦးဖိုးဝေသည် ကလေးကိုကြည့်ကာ
“တူမကြီး ကလေးက ဘယ်လို ဖြစ်တာလဲ ကွဲ့ “
“မသိပါဘူး ဦးကြီးရယ် လွန်ခဲ့တဲ့ နှစ်ရက်က မှအကောင်း ကြီး အခု ဒီလိုဖြစ်တယ် ဆိုတော့ အဟင့် အဟင့် “
ညိုဝင်းသည် ဦးဖိုးဝေ၏ အမေးကို ဆုံးအောင် မဖြေနိုင်ပဲ ငိုရှိုက်နေလေသည် ၊ သူမ ၏ စိတ်ထဲတွင်ေတာ့ သူ၏ သားအား ဆုံးရှူံးရတော့မည်ဟု ယုံကြည်နေဟန်ရှိသည် ၊ ဦးဖိုးဝေသည် ညိုဝင်းကို ကြည့်ကာ
“အင်း စိတ်ဓတ်လည်း တအားမကျသေး ပါနဲ့ ဦးကွယ် “
“ရွာထဲက ကလေးတွေလည်း ကျမသားလေး အခုဖြစ်သလို ဖြစ်ပြီး ဆုံးသွားကြတာပဲ အခု ကျမသားလေးလည်း ဆုံးတော့ မယ် ထင်ပါတယ် ဦးကြီးရယ်”
ဦးဖိုးဝေသည် ညိုဝင်း အမည်ရသော သားသည်မိခင်အား အားပေးနှစ်သိမ့်နေစဉ် အိမ်လေးပေါ်သို့ကံဆောင်းရောက်လာလေသည် ကံဆောင်းသည် အီမ်ပေါ် ရောက်ရောက်ချင်း ကျန်သူများကို ဂရုမထားသူ၏ သားကိုသာ ဆိုးရိမ်တကြီး မေးနေလေသည်
“ညိုဝင်းရေ သားလေး အခြေအနေ “
ကံဆောင်း၏ အမေးကို ညိုဝင်းသည် ခေါင်းကိုသာ ယမ်းပြီး ပြလိုက်ရာ သူ အင်မတန်စိတ်ပျက်လက်ပျက် ဖြစ်ကာ သူ၏ သားအနားတွင် အရုပ်ကြိုးပျက် ထိုင်လိုက်လေသည်။ ထိုအခါမှ မောင်သိန်းသည် ကံဆောင်းအား စကားဆိုလေသည်
“ကံဆောင်း မင်းခံစားနေရတာကို ငါ နားလည် တယ် ကိုယ်ချင်းစာတယ် ဘာလို့ လဲဆိုတော့ ငါလည်း မကြာသေးခင်က မှ သားတေယာက် ဆုံးရှုံးထားရတဲ့ သူမို့ပဲ အခုမင်းကို မေးစရာရှိလို့တဲ့ ဒီက ဆရာကြီးတွေက “
“ဘာမေး မှာ လဲ ကွ”
“အခြားတော့ မဟုတ်ပါဘူး ငါ့တူ၊ မင်းတို့ သင်္ချိုင်းကို တောခုတ်တုန်းက ဘာတွေ ထူးဆန်းတာ ကြုံ ခဲ့ရသေးလဲ ကွဲ့ “
“ဟာ ဘာမှ မကြုံပါဘူး အားလုံးပုံမှန်ပါပဲ “
ကံဆောင်းသည် ဦးဖိုးဝေ၏ အမေးကို အမူအယာပျက်စွာ ပြန်ဖြေနေလေရာ မောင်သိန်းသည် ကံဆောင်း၏ မျက်နှာကို စေ့စေ့ကြည့်ပြီး
“ဟေ့ကောင် ကံဆောင်း မင်းအမှန်တိုင်းပြောဖို့လိုတယ် နော် ဆရာကြီး ထင်နေတာက မင်းဆရာတွေ သင်္ချိုင်းမြေကို ခုတ်ပြီး နှမ်းကြဲတာ နဲ့ ကလေးတွေ သေနေတာ ဆိုင်နေတယ် လို့ ထင်နေတာ မင်းသားရဲ့ အခြေအနေလည်း မင်းသိတယ် အခုထိ မင်းက လူမိုက်တေွ အကျိုးအတွက် မိုက်ပေးနေဦးမလို့လား အခုမင်းသားကိုကြည့် ဦး”
သိန်းမောင်၏ စကားကြားသောအခါ ညိုဝင်းသည် သူမ၏ ယောက်ျားဖြစ်သူ ကံဆောင်းအား မျက်ရည် ရစ်ဝဲနေသော မျက်နှာ နှင့် ကြည့်ကာ
“ဟုတ်တယ် ကိုကံဆောင်း ရှင် သိရင်လည်း ဆရာကြီးတို့ကို ပြောပြလိုက်ပါ ကျမတို့ သားလေး အတွက် ကောက်ရိုး တမျှင် ဖြစ်ဖြစ် ဆွဲရေတာ့မဲ့ အချိန် ရောက်နေပြီ ရှင့် အခုထိ ရှင်က သဘောမပေါက်သေးဘူးလား”
ကံဆောင်းသည် မိန်းမ ဖြစ်သူ ၏ စကားကြားသော အခါ သက်ပျင်းရှည်တချက်ကို ချလိုက်ပြီး
“အေးပါဟာ ငါ ပြောပြပါမယ် “
ကံဆောင်းသည်သူ၏ မိန်းမ စကားကို လက်ခံကာ ဦးဖိုးဝေတို့အားကြည့်ပြီး
“ကျုပ် ပြောပြပါမယ် ဗျာ ကျုပ် ရွာလယ်က အောင်မြင့် နဲ့ အဲ့ သင်္ချိုင်းကို တောခုတ်တာပါ “
ကံဆောင်းသည် ဦးဖိုးဝေတို့ကို ကြည့်ကာ ဖြစ်ပျက်သည်များကို အကြောင်းစံု ပြောပြလိုက်လေတော့သည် ။
▪️အခန်း-၁၁
ကံဆောင်း နှင့် အောင်မြင့် သင်္ချိုင်း အနားတွင် ရပ်ပြီး ရွာလူကြီး သမက် ခုတ်ခိုင်းထားသည့် တောကို ကြည့်ပြီး သက်ပျင်းကိုဆီ ချလိုက်မိသည် ၊ ကံဆောင်းသည် တောခုတ် ဓားမကို ပုခုံး ထမ်းထားရင်း ဘေးတွင် ရှိသော အောင်မြင့်အား စကားဆို လိုက်သည်
“အောင်မြင့် ငါကေတာ့ တောခုတ်သာ ခုတ်ရမှာ စိတ်ထဲ တမျိုးပဲကွ”
“အေး ငါလည်း တူတူပဲ ဘာလို များ ရွာလူကြီးက ဒီ သင်္ချိုင်းမြေကို နှမ်း ကြဲ ခွင့် ပေးလိုက်ရတာ လဲ ကွာ “
“ဘာကြောင့် ရမှာလဲ သူသမက် ဖြစ်နေလို့လေ သင်္ချိုင်းမြေက မြေရိုင်းဆိုတော့ နှမ်းကတော့အတော် ထွက်မှာကွ “
“အေး အဲ့တာ တော့ ဟုတ်တယ် ကွ “
“ကဲ ကျန်တာ တွေ တွေး မနေနဲ့ ကွာ တို့ လုပ်စရာ ရှိတာ လုပ်ကြတာပေါ့ “
ကံဆောင်း နှင့် အောင်မြင့် တောခုတ် ဓားများ နှင့် စတင် တောခုတ် ရှင်း လင်းနေပါလေသည်၊ ဤ သိုနှင့် နှစ်ရက်မျှ ခုတ်ပြီး ချိန် သင်္ချိုင်း ပတ်လည် ရှင်းလင်း သွားပြီး ထယ်ထိုးဖို့ အဆင်ပြေသွားပြီးဖြစ်သည် ၊ ကံဆောင်းနှင့် အောင်မြင့် သူတို့ ခုတ်ထားသော အပင်များ အား ဆွဲပြီး မီးရှို့နေစဉ် ရွာလူကြီး သမက် သန်းလွင် ရောက်လာကာ
“ကံဆောင်း သင်္ချိုင်းထဲ က အပင်တွေ အကုန် ခုတ် လိုက်ကြကွာ နှမ်းခင်းပေါ် လောင်းရိပ် မိ နိုင်တယ် “
“ကိုသန်းလွင် ခုတ်လို့ အဆင်မပြေဘူး ထင်တယ် လောင်းရိပ်က အဲ့လောက် ဆိုးဆိုး ဝါးဝါး မကျလောက်ပါဘူး”
“မင်းတို့က လည်း ခုတ်ဆို ခုတ် ပေါ့ ကွာ “
သန်းလွင် မှ ခပ်မာမာ စကားဆိုသည်အခါ ကံဆောင်း နှင့် အောင်မြင့်လည်း အထွန့်မတက်တောပဲ သင်္ချိုင်းထဲ မှ အပင်များအား စတင် ခုတ်ပါလေတော့သည် ၊
“ကို သန်းလွင် လာပါဦးဗျာ ဒီမှာ ဘာဖြစ်တာလဲ မသိဘူး “,
ကံဆောင်းသည် သန်းလွင်အား။အလန့်တကြား အော်ခေါ်လေ၏ ၊ သန်းလွင်း သည် ကံဆောင်း အနားသွာလိုက်သည် ကံဆောင်း နှင့် အောင်မြင့်သည်က ဓားကို ကိုင်ပြီး သင်္ချိုင်းထဲမှ ရုံးပင်ပေါက်ကို ကြည့်ပြီးငေးနေလေသည် ၊
“ကံဆောင်း ဘာဖြစ်လို့လဲ “
“ဘာဖြစ်ရမှာ လဲ အပင်ကို တချက်ပဲ ခုတ်ရသေးတယ် ဒီမှာ လေမတိုက်ပဲ ယိမ်းထိုးနေတယ် ဆက်ခုတ် လို့ အဆင်ပြေပါ့မလားဗျ ခုတ်တာမကြိုက်ဘူး ထင်တယ် “
“ဘယ်လို ပဲ ဖြစ်ဖြစ် ခုတ်ရမှာပဲ “
သူတို့ စကားပြောနေစဉ် ရွာလူကြီး သည် သူတို့ ဘက်သို့လာနေလေသည် ၊ ရွာလူကြီးကို မြင်သောအခါ သန်းလွင်သည်
“အဖေ ဘာလုပ်တာလဲဗျ”
“မင်းတို့ တောခုတ် နေတယ် ဆိုလို့ လာကြည့်တာ ဘယ်လိုလဲ အဆင်ပြေကြလား “
“,အင်း ပြေတော့ ပြေပါတယ် ဒါပေမဲ့ အခု သင်္ချိုင်းထဲက အပင်တွေ ခုတ်တာ တချက်ပဲခုတ်ရသေးတယ် အပင်တွေက ယိမ်းထိုးနေတယ် အဖေ “
“ကဲ ငါ လုပ်ပေးခဲ့မယ် “
ရွာလူကြီးသည် ထိုသို့ပြောပြီး သင်္ချိုင်းထိပ်နားကိုသွားကာ
“ကဲ အားလုံး နားထောင်ကြ ငါက ဒီရွာက ရွာလူကြီး ငါ့စကားက အမိန့်ပဲ ငါ့တို့ ဒီထဲက အပင်တွေကို ခုတ်မယ် မင်းတို့ နေတဲ့ အပင်တွေ မလွတ် လို့ ပါကုန်ရင် မင်းတို့ ကြိုက်တဲ့ နေရာမှာ နေကြ ခွင့်ပြုတယ် ထပ်ပြီး တောခုတ်တာ မနှောက်ယှက်ကြနဲ့ အဲ့တာ ဆူးအိုင် ရွာလူကြီးဖြစ်တဲ့ ငါ့အမိန့် “
ရွာလူကြီး အမိန့်ေပပြီးသည် နှင့် ကံဆောင်းတို့ တောခုတ်လိုက်ရာ မည်သည့် အနှောက် အယှက် မှ မရှိတောပါပဲ ကောင်းမွန်စွာ သင်္ချိုင်းထဲ မှ အပင်များကို ခုတ်ထွင်ရှင်းလင်း နေကြပါလေတော့သည် ။
▪️အခန်း -၁၂
ကံဆောင်း စကားဆံုးသွားသောအခါ ဦးဖိုးဝေ သည် သက်ပျင်း တချက်ကို ချလိုက်ကာ
“တယ် မိုက် တဲ့ ရွာလူကြီးပဲ သူရဲ့ မိသားစု အကျိုးး တခုအတွက် နဲ့ ရွာရဲ့ ကံကြမ္မာကို ဆိုးအောင် လုပ်ရက်တယ် ကဲ ကဲ အနာသိဆေးရှိပြီမို့ ငါတူ ရဲ့ သားအတွက် ဘာမှ ပူမနေပါနဲ့ ဦးကြီးတို့ ရွာဦးကျောင်း သွားလိုက်ဦးမယ် ဒါနဲ့ ငါတူတို့ ရွာက ရေကောပေါလား “
“ပေါပါတယ် ရွာအပြင် လယ်စပ်တွေဆို လူတရပ်လောက် တူးတာ နဲ့ ရေထွက်တယ် “
“ကောင်းပြီး ကဲ ငါတူသိန်းမောင်ရေ ဦးကြီးတို့ ဘုန်းကြီးကျောင်း နောက်တခေါက် သွားစို့ကွယ် “
ဦးဖိုးဝေသည် ပြောပြောဆိုဆို ထရပ်လိုက်ရာကျန်သူများသည် လည်း ထရပ်လိုက်ကြပြီး ရွားဦးကျောင်းသို့ ပြန်သွားကြပါလေတော့သည် ။
▪️အခန်း-၁၃
ဦးဖိုးဝေ တို့ ရွာဦးကျောင်းသို့ တဖန် ပြန်လည် ရောက်ရှိလာလေသည် ၊ ယခုအခါ ဦးဖိုးဝေသည်အကြောင်းစံုသိရပြီမို့ ဆရာတော်အား ဖြစ်ကြောင်း ကုန်ဆင် လျှောက်ထားရင်း လိုအပ်သည် များကို ရွာသားများ အကူညီပေးရေး လျှောက်ထားနေလေသည်။
“အင်း လောဘ တွေကြောင့် မဖြစ်သင့်တာ ဖြစ်ရတယ် ဒီ ရွာလူကြီးမိုက်ကို ဘုန်းကြီး ခေါ်ဆုံးမ ပါမယ် “
“တင်ပ တပည်တော် အလုပ် လုပ်နိုင်တဲ့ ရွာသားတွေ လိုပါတယ် ဘုရား “
“,ဒီကိစ္စက တော့ မခက်ပါဘူး ဘုန်းကြီးလုပ်အားပေး ခေါ်လိုက်ပါမယ် “
” အချိန် ဆွဲလို့ မဖြစ်တာ မို့ ဒီနေ့ပဲ စချင်ပါတယ် ဘုရား “
“ဟုတ်ပေတယ် ဒကာ ဒီကိစ္စက အချိန်ဆွဲလို မသင့်ပေဘူး ကဲကဲ ဒကာကြီး လုပ်စရာရှိတာ လုပ်ဖို့သာပြင်ဆင်ထားလိုက်ပါ ဘုန်းကြီး ရွာသားတွေကို စုပေးပါမယ် “
ရွာဦးကျောင်း၏ ဆရာတော် အကူအညီ ဖြစ် ဦးဖိုးဝေတို့ အခက်ခဲ မရှိ လုပ်အားပေးများကို စုဆောင်းနိုင်ခဲ့ပါလေတော့သည်။
▪️အခန်း-၁၄
ရွာထဲ တွင် ရှိသော သန်မာသော ယောက်ျားသားများသည် ဝါးများသွားခုတ်ပြီး ဦးဖိုးဝေ ပြောသည့် အတိုင်း ဝါးချမ်းလေးများ သပ်နေကြလေသည် ဝါးချမ်းဆိုရာပါ ဝါးတလုံး၏ အရှည်အတိုင်း ဝါးများကိုခွဲပြီး ဘေးစောင်းလေးများကို မရှရန်သက်ပ်နေလေသည် ၊ ထိုနောက့် ရွာ အပြင်တွင် တောထဲတွင် ရှိသောအပင်အချို့ကို မြေဆိုင်ခဲ ပေါ်အောင် တူစေပြီး ဝါးငုတ်လေးများ ရိုက်ကာ သပ်ထားသော ဝါးခြမ်းများဖြစ် မြေဆိုင်ခဲ မကြွေစေရန် ယက် လိုက်ကြလေသည် ၊ မြေဆိုင်ခဲအား ခြင်းယက်ထားသော ကြောင့် မြေကြီးထဲမှ ဆွဲ နုတ်သည့် တိုင် မြေဆိုင်ခဲသည် မပဲ့ မကြွေတော့ပေ ၊ ထိုမြေဆိုင်း ခဲ အား ခြင်းယက်ထားသော အပင်များကို ကြိုးများဖြစ်သိုင်းကာ ရွာသားများ ဝိုင်းဝန်းကြိုးပမ်းပြီး ခက်ခက်ခဲခဲ ထမ်းပိုးကာ သင်္ချိုင်းထဲ သို့ ပြောင်းရွှေ့ ပေးလိုက်ကြသည် ၊ ထိုသို့ အပင်တော်တော် များများကို ပြောင်းပေးလိုက်ရာ ပြောင် ရှင်းနေသော သင်္ချိုင်းတွင် အပင်များ ပြန်လည် ရောက်ရှိလာပြီဖြစ်သည် ၊ ထိုနောက့် သင်္ချိုင်း နှင့် အတန်လှမ်းသော လယ်အစပ်တွင် ရေတွင်း တူးလိုက်ကြပြီးအပင်များကို ရေလောင်းလိုက်ကြသည် ၊ ရွေ့ေပပြာင်း စိုက်ထားသော အပင်များမှာ မြေဆိုင်ခဲ တော်တော်ကို ကြီးကြီး မာမာ ပါသည် မို့ မညှိုး မခြောက်သွားပေ ၊ ဤသို့ဖြစ် ဦးဖိုးဝေ၏ အစီအစဉ် တခုဖြစ်သည် သင်္ချိုင်းတွင် သစ်ပင်များ စိုက်ချင်းက ပြီးစီးသွားပြီ ဖြစ်သည် ထို့နောက် ဦးဖိုးဝေသည် သူရိယ ကြည်အောင် သိန်ေမာင် နှင့် ကံဆောင်း တို့အား သင်္ချိုင်းတွင် သူနဲ့ အတူ ကျန်နေစေကာ ကျန်သူများကို အိမ်သိူ့ ပြန်ခိုင်းလိုက်ကြပါလေတော့သည်။
▪️အခန်း-၁၅
လရောင် ဝိုးတဝါး အောက်တွင် ဦးဖိုးဝေသည် လှည်းလမ်းမတွင် တေယာက်တည်း ရပ်နေလေသည် ၊ သူ၏ မလှမ်း မကမ်းတွင်ေတာ့ သူရိယတို့ အဖွဲ့ ရပ်ကြည့်နေလေသည် ၊ ဦးဖိုးဝေ ရပ်နေသည် နေရာ သို့ သိန်းေမာင် ကြည်ရင်း စကားတိုးတိုး ဆိုလာသည်
“ညီလေး ဆရာကြီး ဘာလုပ်နေတာလဲ ကွ”
“ကျနော် အထင် ရွာထဲက မကောင်းဆိုးဝါးတွေကို ခေါ်နေတာ ဖြစ်မယ် “
“ဟာ ဟုတ်လား ဒီနေ့ ဆရာကြီး လုပ်နေတာကို ငါတော့ နားမလည်ဘူးကွာ မင်းသိရင် ရှင်းပြပါလား “
ကံဆောင်းသည် သူရိယအား တိုးတိုးနှင့်ေ မးနေလေသည် ထိုအခါ သူရိယသည်
“အကိုတို့ ရွာလူကြီးက သူရဲ့ အမိန်နဲ့ ဒီသင်္ချိုင်းထဲက မကျွတ်မလွတ်တဲ့ သူတွေကို နေချင်တဲ့ နေရာမှာ နေဖို့ ခွင့်ပေးလိုက်တယ်လေဗျာ အဲ့တော့ သူတို့က အကိုတို့ရွာမှာ နေနေတာပေါ့ ပြီးတော့ ကလေးက စပြီး အကိုတို့ တရွာလံုးကို သေအောင်လုပ်မယ်ဆိုပါတော့ “
“ကလေးတွေ ကုန်ရင် ငါတို့အလှည့် ရောက်လာနိုင်တာပေါ့ “
သူရိယမှ ခေါင်းညိတ်ပြလိုက်ရာ သိန်းမောင် နှင့် ကံဆောင်း အတော် ကို ထိတ်လန့်သွားသည် ထို့နောက် သူရိယ သည် စကားမပြောရန်အချက်ပြလိုက်ပြီး ဦးဖိုးဝေ ရှိရာသို့ ကြည့်နေကြလေသည် ၊
များမကြာမီ ဦးဖိုးဝေ၏ နုတ်မှ တခုခုကို ရွတ်လိုက်သည် နှင့် ရွာဘက် မှ ခွေးအူသံများ ကျယ်လောင် စွာ ထွက်ပေါ် လာလေသည် ဦးဖိုးဝေ၏ ရှေ့တွင်လည်း မဲမဲ အရိပ်များ အေတာ်အများရောက်ရှိနေလေသည် ၊ ဦးဖိုးဝေသည် သင်္ချိုင်းထဲမှ သူတို့ စိုက်ထားသောအပင်များကို လက်ညှိုးထိုးပြပြီး ထိုမဲမဲ အရိပ်များကို စကားပြောနေသည် ၊ တချို့ မဲမဲ အရိပ်များသည် သင်္ချိုင်းထဲ ဝင်သွားပြီး အပင်များပေါ် တက်ရောက် ပျောက်ကွယ် သွားကြသည် တချို့ အရိပ်များအား ဦးဖိုးဝေသည် လက်နှင့် ဝှေ့ယမ်းလိုက်ရာ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားလေသည် ထိုမြင်ကွင်း ကို မျက်လုံး အဝိုင်းသာ နှင့် ကြည့်နေသူ များမှာ သူရိယ ဘေးတွင် ရှိသော သိန်းမောင် နှင့် ကံဆောင်း တို့ပင်ဖြစ်ပါလေတော့သည် ။
▪️အခန်း-၁၆
ယခုဆို ဆူးအိုင်ရွာ သင်္ချိုင်တွင် အသုဘမရှိတော့ပါ ၊ ဆယ်ရက်ကျော်သည့် အထိ မည်သည့် ကလေးတယောက် တလေ မှ မဆုံးသည် အတွက် သိန်းမောင်၏ အိမ်တွင် တည်းခိုနေသော ဦးဖိုးဝေတို့အား ကျေးဇူးတင်လွန်း၍ ရွာသားများ လာရောက် ကန်တော့ နေကြလေသည် ၊ ရွာဦးကျောင်းဆရာတော်သည် သိန်းမောင်၏ အိမ်သိူ့ ကြွလာလေသည် ၊သိန်းမောင်သည် ဆရာတော် အတွက် နေရာထိုင်ခင်းပြင်ပေးလိုက်ပြီး ဆရာတော်အား ပင့်လိုက်ကြသည်၊ ဦးဖိုးဝေတို့သည် ဆရာတော်အား ရှင်ခိုးဦးချလိုက်ကာ
“ဆရာတော် ဘုရားရယ် ဘာလို့ ကိုယ်တိုင်ကြွလာရတာလဲဘုရားး တပည်တော်တို့ကို အခေါ်လွှတ်လိုက်ရင် တပည်တော်တို့ ချက်ချင်း လာမှာပါဘုရား”
“သိပါတယ် ဒကာကြီး ဒါပေမဲ့ ဒကာကြီးတို့ ပင်ပန်းနေတာသိတော့ ဘုန်းကြီးက မခေါ်ဝံ့ပါဘူးကွယ် အခု ကြွလာရတဲ့ အကြောင်းက ရွာက ရပ်မိ ရပ်ဖတွေက ရွာရဲ့ ရွာလူကြီးလုပ်ဖို့ ဟော့ ဒီက ဒကာသိန်းမောင်ကို အဆိုပြုထားလို့ လာပြောရင်း ဒကာကြီးကိုလည်း အကူညီ တောင်းစရာ ရှိလို့ပါ”
“လက်ရှိရွာလူကြီးကကော ဘုရား”
“ရွာလူကြီးမိုက်က သူတို့ရဲ့ လုပ်ရပ်အတွက် ရွာကို မျက်နှာ မပြဝံ့ဘူးထင်ပါတယ် မိသားစုလိုက်ပြောင်းသွားကြပြီလေ “
“တင်ပါ ဘုရား တပည်တော်လည်း ရွာထဲ သိပ်မသွားဖြစ်တာ နဲ့ မသိလိုက်ဘူးဘုရား “
ထို့နောက် ဆရာတော်သည် သိန်းမောင်အား ရွာလူကြီး လုပ်ဖို့ ဆန္ဒရှိလားမေးရာ သိန်းမောင်သည် ဦးဖိုးဝေဆီမှ အကြံဉာဏ်တောင်းနေလေသည်
“ဆရာကြီး ကျနော် ဘယ်လို လုပ်ရမလဲ “
“ငါ့တူနဲ့ ရွာလူကြီး အလုပ် နဲ့က သင့်တော်ပါတယ် ရွာလူကြီးဆိုတာ ကိုယ့်ရဲ့ ရပ်ရွာ ကောင်းကျိုးကို သယ်ပိုးဖို့ ရွာရဲ့ လူကြီးနေရာ ထား ထားတာ မဟုတ်လား ကဲ အဲ့ေတာ့ ငါတူ နဲ့ ကွက်တိပဲ တခြား အသက်ငယ် သေးတာ ကြီးတာ တွေ ဘာမှ တွေးမနေနဲ့ ကောင်းမှု မကောင်းမှု သိရာမှာ အသက်ငယ်တာ ကြီးတာ နဲ့ မဆိုင်လေတော့ ငါတူ ရွာလူကြီး လုပ်ပြီး ရွာရဲ့ ကောင်းကျိုးကို သယ်ဖိုးပေရော့ကွယ် “
“ဟုတ်ကဲ့ပါဆရာကြီး ကျေနာ်အတက်နိုင်ဆုံးကြိုးစားပြီး ရပ်ကျိုး ရွာကျိုး သယ်ပိုးပါမယ် “
“သာဓု သာဓု သာဓု “
သာဓုခေါ်လိုက်သောသူမှာ ရွာဦးေကျာင်း ဆရာတော်ဖြစ်သည် ထို့နောက် ဆရာတော်သည် ဦးဖိုးဝေဘက် လှည့်ကာ
“ကဲ ဒကာကြီး ဘုန်းကြီး ဒကာကြီးကို အကူညီတေင်းပါရစေ “
“မိန့်တော်မူပါဘုရား”
“ဘုန်းကြီး ရဲ့ မွေးရပ်ဇာတိမြေမှာ နှစ်စဉ် နှစ်တိုင်း မကောင်းတဲ့ အရာတွေ ဖြစ်နေတယ် ဘုန်းကြီးတို့ရဲ့ ရွာ နဲ့ အစဉ် လိုက်ရွာတွေ မှာ လည်းဘုန်းကြီးတို့ ရွာလိုပါပဲ အဲ့တာ ဒကာကြီး သွားပြီး ကူညီ စေချင်တယ် “
“မှန်ပါဘုရား တပည်တော်သွားလိုက်ပါမယ် ၊ အရှင်ဘုရားရဲ့ ရွာနာမည်ကို မိန့်ပါဦး ဘုရား”
“ကြက်ဆူအိုင် လို့ခေါ်တယ် ဒကာကြီး”
ဤသို့ဖြစ် ဦးဖိုးဝေတို့သည်လည်း ဆရာတော် မိန့်ကြားမှုဖြစ် ကြက်ဆူအိုင်ဟု အမည် ရသော ရွာလေးဆီသို့ သွားဖို့ စိတ်ပိုင်းဖြတ်လိုက်ကြပါေလေတာ့သည်။
▪️ဦးဖိုးဝေ နှင့် ဆူးအိုင်သင်္ချိုင်း သည်က ဤမျှသာ
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ 🙏🙏🙏
📝မောင်တင်ဆန်းအားလေးစားလျက်
Leave a Reply