သရဲစိုးမင်း

လျှောက်လာခဲ့တယ်။လယ်ကွင်းတွေထဲမှာ စပါးတွေမှည့်နေကြပြီ။
တစ်ချို့ လယ်တွေမှာ ရိတ်လက်စတန်းလန်းနှင့်။

လယ်လေးငါးကွက်အကျော်မှာ ပေါက်ပင်မောင်နှမကုန်းကို​ရောက်လာတယ်။စိုးပင်းရဲ့ လယ်တဲကပေါက်ပင်မောင်နှမ ကုန်းပေါ်မှာ။လယ်တဲထဲမှာ မီးခွက်ထွန်းထားပုံရတယ်။တဲထရံကြားကနေ မီးရောင်တွေ့ နေရတယ်။

နိုင်ကြီးက စိုးမင်းကို လှမ်းခေါ်လိုက်တယ်။ စိုးမင်းဓာတ်မီးနှင့်ထိုးပြီး နိုင်ကြီးကိုလမ်းပြတယ်။

“ကဲ ရော့ဟေ့ငါကတော့ ကတိတည်ပြီနော်…”

နိုင်ကြီးက ဝက်သားထည့်ထားတဲ့ ဝါးခြမ်းကိုပေးရင်းပြောလိုက်တယ်။

“အေးပါ နိုင်ကြီးရ၊ ငါလည်းငါ့သူငယ်ချင်းကိုမှာထားပြီးသားပါ။ မင်းတဲထဲမှာ ခဏနေခဲ့ဦးနော် …”

စိုးမင်း တဲအပြင်ဘက်အမှောင်ကြီးထဲ ထွက်သွားတယ်။နိုင်ကြီးကြည့်လိုက်တော့ စိုးပင်းသွားနေတာက တဲရှေ့လယ်တစ်ကွက်အကွာက ပေါက်ပင်ညီနောင်ဆီကို ခဏကြာတော့စိုးမင်းပြန်လာပြီး နိုင်ကြီးကိုထွက်ခဲ့ဖို ့ခေါ်တယ်

“နိုင်ကြီး၊ မင်းကြောက်တတ်လား …”

“မကြောက်တတ်ပါဘူးကွ၊ မင်းကလည်း …”

“အေးပါ။ မင်းမကြောက်တတ်ရင်ပြီးတာပဲ၊ လာကြည့်လှည့် …”စိုးမင်းက နိုင်ကြီးကို ရိတ်လက်စ စပါးခင်းဆီခေါ်သွားတယ်။

သူ့လက်ထဲမှာ စပါးရိတ်တဲ့တံစဉ်ကြီးတစ်ချောင်းကိုကိုင်ထားတယ်။

“ကဲ သူငယ်ချင်းရေ ငါ့ကို စံပါးရိတ်ကူပါဦး ဒီအကွက် ထဲက ရိတ်ဖို့ကျန်တာတွေအကုန်ရိတ်ပေးပါ။သူငယ်ချင်းကိုပြောထားတဲ့အတိုင်း စပါးရိတ်ပြီးတာနှင့် သားတစ်ပိသာကျွေးပါ့မယ်ဝက် စိုးမင်းက ပါးစပ်ကပြောပြီး တံစဉ်ကြီးကို ကန်သင်းရိုးပေါ် တင်လိုက်တယ် …။
ခဏနေတော့ တံစဉ်ကြီးဟာ သူ့အလိုလို လေထဲမြောက်နိုင်ကြီး အံအားသင့်သွားတယ်။ကြက်သီးမွှေးညှင်းတွေတောင် တဖြန်းဖြန်းထလို့။

အကောင်အထည်မတွေ့ရဘဲ ကံစဉ်ကြီးက စပါးတွေရိတ်နေတာတို ရုတ်တရက်သာတွေ့ရရင် လိပ်ပြာစဉ်သွားမှာ အမှန်ပဲ။ ခုတောင်မှ ကျောချမ်းပြီး ကတုန်ကယင်ကြီးခံစားနေရတယ်။စိုးမင်းရဲ့သူငယ်ချင်းသရဲကို အက​ောင်သာမပြရတာ။စပါးခင်းထဲမှာတော့ တဖြောဖြော၊ တဝေါဝေါဆူညံနေတာပဲ။

နာရီဝက်ကျော်ကျော်ကြာမှ အကွက်ထဲက စပါးတွေရိတ်ပြီးသွားတယ်။စိုးပင်း တဲထဲက ဝက်သားတွဲကြီးသွားယူလိုက်တယ်။

“ကျေးဇူးတင်ပါတယ် သူငယ်ချင်းရေ၊ မင်းတူညီလို့ ဒီ့လုပ်ငန်းပြီးသွားပါတယ်။ ရော့ ငါ့ကတိအတိုင်းပေးပါတယ်။ မင်းစားဖို့ ဝက်သားပိဿာတွဲကို လာယူပါ။စိုးမင်းက ကျေးဇူးတင်စကားပြောပြီး ဝက်သားတွဲကို
မြှောက် ကိုင်ထားတယ်။ချက်ချင်းဆိုသလိုပါပဲ။ဝက်သားတွဲကြီးက စိုးမင်းလက်ကလွတ်ပြီး လေထဲဝဲဝက်သားတွဲ ဝဲပျံသွားတဲ့တက်ကို နိုင်ကြီးလိုက်ကြည့်တော့ညာဘက်က ပေါက်ပင်ကြီးရဲ့အရွက်တွေကြားထဲ ဝင်သွားတာတွေ့ရတယ်။

နိုင်ကြီး သရဲရိတ်ထားတဲ့ စပါးကောက်လှိုင်းထုံးတွေကို သွားကြည့်တယ်။
ကောက်လှိုင်းထုံးတွေက လူထုံးတာထက်နှစ်ဆကျော် ပြီးတော့ ကောက်လှိုင်းစည်းဖွဲ့ကြိုးတွေချည်ပုံကလည်း ကျော်ကြီးတာတွေ့ ရတယ်။

စနစ်တကျအမှန်အကန်ပဲ။ နိုင်ကြီးသရဲရဲ့ စပါးရိတ်ကျွမ်းကျင်တာကို လက်ဖျားခါချီးကျူးမိလိုက်တယ်။ အဲဒီညက နိုင်ကြီးတော်တော်နှင့် မပြန်ဖြစ်ဘူး။ စိုးမင်းရဲ့ လယ်ထဲမှာ ထမင်းနှင့် ဝက်သားဟင်းချက်စား
သုဇိတာကျောင်းက အုန်းမောင်းခေါက်သံကြားမှ ပြန်လာ ခဲ့တယ်အိပ်ခြံဝရောက်တော့ သူလန့် သွားတယ်။မည်းမည်းအရိပ်ကြီးတစ်ခုက ပိတ်ပြီးရပ်နေတယ်။ သေသေချာချာကြည့်တော့မှ မသီဖြစ်နေတယ်။ မသီက ခါးကြီးထောက်လို့

“တော် … တစ်ညလုံး ဘယ်ကောင်မအိမ်သွားအိပ် နေတာလည်းပြော၊ ခုပြော”အသုဘအိမ်မှာလို့တော့ ပြောဖို့ မစဉ်းစားနှင့် ကျုပ်အသုဘအိမ် သွားရှာရတာ နှစ်ခေါက်တောင်ရှိပြီအိမ်မှာ ကျူပ်တစ်ယောက်ထဲထားပြီး တော်တတော့ မယားငယ်အိမ်သွားနေတယ် အီး ဟီး ဟီး

မသီ ယအော်ကြီးတစ်ကျယ်ရန်တွေ့ပြီး ချုံးပွဲချငိုချလိုက်ညက သရဲသွားကြည့်ရင်း ကျောချမ်းရ၊ ထိတ်လန့် ရတဲ့အရသာတောင် နိုင်ကြီးဆီက ခွေးပြေးဝတ်ပြေးထွက်ပြေးသွားပါရော …။
“စိုးမင်းက ကျတ်ကုန်းမြေထဲမှာ လယ်လုပ်ရင်း တစ်ညမှာ

နာနာဘာဝသရဲကြီးတစ်ကောင်နှင့်တွေ့ တယ်တဲ့။သရဲကြီးက ထန်းပင်ကြီးလောက်အရပ်မြင့်တယ်ဆိုပဲသူလည်းလန် ့သွားတာပေါ့။
တွေ့တာနှင့် ထွက်ပြေးဖို့လုပ်တယ်တဲ့။ဒါပေမယ့် သရဲကြီးက“ကို မကြောက်ပါနှင့် မင်းသူငယ်ချင်းလှကျော်လေ”လို့ပြောတယ်တဲ့။
နိုင်ကြီးက သူ့မယားမသီကို သရဲကြီးစိုးမင်းအကြောင်းပြောပြီး စိတ်ပြေအောင်ချော့နေရတယ်။

“ဟင်၊ ဒါဆို တောင်ပိုင်းက အရက်သမားလှကျော်ကြီးက သရဲဖြစ်နေတာပေါ့

“အေးပေါ့တ ပေါက်ပင်မောင်နှမကုန်းပေါ်က ညာဘက်က ပေါက်ပင်ကြီးမှာနေတာ ဝက်သားတွဲကြီးလေထဲကနေ အဲဒီပေါက်ပင်ဆီသွားတာ ငါကိုယ်တိုင်ကို တွေ့ခဲ့တာ …”

“တော် မကြောက်ဘူးလား ”

“စိုးမင်းလည်းရှိတယ်၊ ငါကလည်းကြည့်ချင်သိချင်နေတယ်၊
ပြီးတော့ သရဲက အကောင်အထည်မပြဘူးလေ။ ဒါကြောင့် သိပ်တော့မ​ကြ​ောက်မိဘူးဒါတောင် သရဲက စပါးတွေရိတ်တာမြင်ရတော့ ကြက်သီး ွ တောင် တဖြန်းဖြန်းထမိသေးတယ်ဟနေဦး ငါပြောတာ ဘယ်ရောက်သွားပြီလဲအဲ အဲ သရဲတ သူ့အချစ်ဆုံးသူငယ်ချင်း လှကျော်ဖြစ်တော့ စိုးမင်းအံ့ဩသွားတာပေါ့

သူငယ်ချင်းရာ။

“ဒီဘဝမှာ စားရသောက်ရဖို့ သိပ်ခက်ခဲတာပဲ သူငယ်စားစရာရှိရင် ငါ့ကိုကျွေးပါဦး။ငါမင်းခိုင်းတာ လုပ်ပေးပါ့မယ်”လို့ သရဲက ပြောသတဲ့။
စိုးမင်းလည်း သူ့ သူငယ်ချင်းကို ကို သနားပြီး ကျွေးမွေးစောင့်ရှောက်နေတာတဲ့။
တစ်ခါတစ်ရံတော့လည်း အကူ လည်း အကူအညီတောင်းပြီး ခိုင်းတာသူက သားစိမ်းငါးစိမ်း ဒီလိုခိုင်းတာတွေ၊ ပေါက်ပင်မှာ သားစိမ်း တွေချိတ်ပြီး သရဲကျွေးတာတွေကို တစ်ဦးစနှစ်ဦးစ မြင်ရ၊ တွေ့ရင်း တနေ့ စိုးမင်းသရဲမွေးထားတယ်လို့ နာမည်ကြီးသွားတာ။ဒါ့ကြောင့် စိုးမင်းကိုလည်း သရဲကြီးစိုးမင်းလို့ ခေါ်ကြတာတဲ့

ဖဲဝိုင်းတွေ “ဒါဆို ကျုပ်တို့ကြားဖူးသလို၊ သရဲကို ဖဲဝိုင်း၊ထောင်ဝိုင်းတွေ ခေါ်သွားပြီး နိုင်အောင်လုပ်လို့ မရဘူးလား၊ ကန့် သတ်ထားတာရှိသတဲ့။

“ငါလည်း စိုးမင်းကို ဒီအကြောင်းမ​ေးကြည့်တာ သူပြောတာကတော့ မရဘူးတဲ့၊ သူတို့မှာ အပိုင်နယ်တွေ။အဲဒီနယ်မြေအတွင်းမှာပဲ နေရတယ်။ အစာရှာရတယ် ဝယ်တဲ့၊ နယ်ကျော်လို့ မရ လို့မရဘူးတဲ့။တစ်ခုတော့ရှိတယ်။ သူ့ နယ်မြေထဲမှာဆိုရင်တော့ ကူညီ လို့ရသတဲ့။
ကြောင့်စိုးမင်းက တစ်ခါတစ်ခါ သူ့ လယ်ထဲမှာချိန်းပြီး ရိုက်ကြတာ ကာ ဒီလိုရိုက်တိုင်း၊ သူချည်းပ​ဲနိုင်တာဆိုတော့ သူ့ အကြောင်း သိသွားကြတယ်။

ဒါ့ကြောင့် သူ့ ့လယ်ထဲမှာ ဘယ်သူမှလာပြီး ဖဲမရိုက်ကြ တော့ဘူးတဲ့ …။
ငါက အသုဘအိမ်မှာ စိုးမင်းကိုတွေ့ တော့ သိချင်တာနှင့် မ​ေးကြည့်တယ်။စိုးပင်းက ညကျရင်လာခဲ့ဆိုလို့ သွားကြည့်တာပါဟာ။ ဘယ်မိန်းမအိမ်မှ သွားတာမဟုတ်ပါဘူး …”

နိုင်ကြီး ဒီလောက်ရှင်းပြတော့မှ မသိစိတ်ဆိုးပြေသွားတယ်။
ဒါပေမယ့် မသီပြောလိုက်တော့ စကားကြောင့် နိုင်ကြီးထုတ်လုံးပြူးသွားတယ်။
“မသီက သူလည်းကြည့်ချင်တယ်”တဲ့လေ။နိုင်ကြီးက လန့် သွားမှာစိုးလို့ မကြည့်ဖို့ တားတယ်။

မသီကတော့ “တော်လည်းပါမှာပဲ မရဘူး၊ ကြည့်မှာပဲ”တဲ့ ဇွတ်၊ နောက်ဆုံးဘယ်လိုမှ ပြောမရတာနှင့် နိုင်ကြီးသဘောတူလိုက်ရတယ်။

“စိုးမင်းနှင့် တိုင်ပင်ပြီးရင် သွားကြည့်မယ်””လို့ လည်းကတိပေးလိုက်ရတယ်။နိုင်ကြီးနှင့် မသီဆိုတာ ခန္ဓာကိုယ်အနေအထားချင်းဆင်နှင့်ဆိတ်လိုကွာတယ်။နိုင်ကြီးက အရပ်ခြောက်ပေနီးပါး ထွားထွားကျိုင်းကျိုင်းသန်သန်မာမာ။
မသီက ပုပုသေးသေးညှက်ညှက်။ဒါတောင် နိုင်ကြီး မသီကို ကြောက်ရတယ်။ဘာ့ကြောင့်လည်းမသိဘူး။အင်းလေ ချစ်လို့၊ ချစ်လို့ပဲဖြစ်မှာပါနော်။ဒီနေ့ သရဲကြီးနှင့်ချိန်းထားတဲ့ည။

တစ်ရွာလုံးအိပ်ယေကျပြီး တိတ်ဆိတ်ငြိမ်သက်နေချိန်မှာနိုင်ကြီးနှင့်မသီတို့ လင်မယား အိမ်ကထွက်လာကြတယ်။ ထုံးစံအတိုင်းပဲ၊ နိုင်ကြီးလက်ထဲမှာ ဝက်သားနှစ်တွဲထည့်ထားတဲ့ ငါးခြင်းတစ်လုံးကို ကိုင်လာတယ်။

“မသီ နင် ဖြစ်ရဲ့လား … မဖြစ်ရင်ပြောနော်၊ လှည့်ပြန်ကြ မယ် …”

နိုင်ကြီး၊ သူ့ မယားမသီကြောတ်မှာ အရမ်းစိုးရိမ်နေတယ်။ဟုတ်တော့ဟုတ်တယ်။ အကြောက်လွန်ပြီး မသီတစ်ခုခုဖြစ်သွားရင် နိုင်ကြီးပဲ ရင်ကျိုးရမှာ။မသိကလည်း အာဂသတ္တိခဲ။

“ဖြစ်ပါတယ်တော် တော်ကလည်း၊ ကျုပ်ကိုများ အထင် သေးလိုက်တာ မသတဲ့ လုံးဝမကြောက်ဘူး …”မသီဆိက ရဲရဲတောက်အသံကြားမှ နိုင်ကြီးစိတ်ချသွားတယ်။ဒါ တောင်လုံးလုံးစိတ်ချတာတော့ မဟုတ်သေးဘူး။ဒါပေမယ့် သိပ်တော့ ကိစ္စရှိမှာမဟုတ်ပါဘူး။

သရဲကြီးစိုးမင်းကို ပြောပြပြီးသား။မသိသိရုံသဘောလောက်ပဲ ပြဖို့။

ဒီလိုနှင့် သူတို့လင်မယား ပေါက်ပင်မောင်နှမကုန်းကိုရောက်လာကြတယ်။နိုင်ကြီးအသံပေးလိုက်တာကြောင့် စိုးမင်းလယ်ထဲကနေထွက်လာပြီးကြိုတယ်

“မသီနင် မကြောက်နှင့်နော်”လို့ စိုးမင်းကပြောတယ်။

“အေးပါဟ”လို့ မသိပြောပေမယ့် အသံကနည်းနည်းတုန်နေတယ်။သေချာတယ်။မကြောက်ဘူးဆိုပေမယ့် မသိစိတ်လှုပ်ရှားနေတာတော့ခဏတစ်ဖြုတ် စကားပြောပြီးတာနှင့် စိုးမင်းက သူ့အစီအစဉ်က စတယ်။

“နိုင်ကြီးရေ မင်းနှင့်မသီ တ​ဲပေါက်ဝကပဲ ရပ်ကြည့်နေကြတယ်။ ငါ ပေါက်ပင်ကနေ ငါ့သူငယ်ချင်းရဲ့ ကျောကိုစီးပြီး တဲ့ပြန်လာမယ်။မသိလည်း ဒီလောက်ကြည့်ရရင် တော်ပြီပေါ့နော်။ငါတို့လာရင် နိုင်ကြီးက ဝက်သားတစ်တွဲ မြှောက်ကိုင်လှကျော် ဆွဲယူလိမ့်မယ်။ ဘာမှမကြောက်နှင့် …”မှာစရာရှိတာ မှာပြီးတာနှင့် စိုးမင်းပေါက်ပင်ကြီးဘက်ထွက်သွားတယ်။ ဘာမှမတွေ့။ မမြင်ရခင်ကတည်းက မသိ

နိုင်ကြီးက ဝက်သားတွဲတစ်တွဲ ယူလိုက်တယ်။ ပြီးတော့ မသိကို ခေါ်ပြီးတဲပေါက်ဝ ထွက်လာခဲ့တယ်။ မသီကိုကြည့်ပြီး နိုင်ကြီး ရီတောင်ရီချင်လာတယ်။ မိန်းမတွေများ တယ်ခက်တာပဲ။

“ကြောက်မယ် မကြည့်ပါနှင့်”ဆိုတော့ လုံးဝပြောလို့တော ကြည့်ရတော့မယ်ဆိုတော့လည်း ကြောက်နေပြန်ပ​ြီ ကြောက်စိတ်ပေါ်နေပြီ။
မသီကိုယ်လုံးလေး နည်းနည်းတုန်နေတယ်။ လက်မှာလည်း ချွေးတွေစို့ပြီး အေးနေတယ်။သူတို့ လင်မယား ပေါက်ပင်ကြီးရှိရာ အမှောင်ထဲကို မ​ျှော်ကြည့်နေကြတယ်မှောင်နေတယ်ဆိုပေမယ့် ဘာမှမမြင်ရအောင် ပိန်းပိန်း၊ပိတ်မှောင်နေတာမဟုတ်ဘူး။

“ဆန်းရှစ်ရက်လရောင်ရှိတယ်၊ ကြယ်ရောင်တွေရှိတယ်။

ဆိုရရင် သဲသဲကွဲကွဲထင်ထင်ရှားရှား မတုတ်တောင်ခပ်လှမ်းလှမ်းထိ အရိပ်အယောင်တော့ ပြင်ရတယ်။တော်တော်လေးကြာတော့ ပေါက်ပင်အောက်က မည်းမည်းအရိပ်ကြီးတစ်ရိပ် ထွက်လာတာကို မှုံမွှားမွှားမြင်လိုက်ကြရတယ်…မသီ ပူးပူးကပ်ကပ်တိုးလာတာ နိုင်ကြီးသတိပြုမိလိုက်တယ်။နိုင်ကြီးက “ငါတစ်ယောက်လုံးရှိတယ် မကြောက်ပါနှင့်
ဆိုတဲ့သဘောနဲ့ မသရဲ့ လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုထားတယ်။မည်းမည်းအရိပ်တဖြေးဖြေးနီးလာလေ မသီက နိုင်ကြီးဘက်တိုးကပ်လာလေနှင့် နောက်ဆုံးမှာ မသီ၊ နိုင်ကြီးရဲ့ ကျောနောက်ကို ရောက်သွားတယ်။

မရဲတရဲ ခေါင်းပဲထွက်ပြီးကြည့်နေတယ်။လက်တွေကတော့ နိုင်ကြီးရဲ့ နောက်ဘက်က ပုဆိုးစကို တင်းနေအောင် ဆွဲထားလေရဲ့ … တဖြေးဖြေး မည်းမည်းအရိပ်ကြီးက နီးလာတယ်။ တစ်စတစ်စ ထင်ရှားလာတယ်။ “အမလေး” မသီလန် အော်လိုက်တယ်။ တုတ်တယ်။ မြင်ရတဲ့ မြင်ကွင်းက မသီအတွက် ထိတ်လန့်တုန်လှုပ်စရာပါပဲ။စိုးမင်းက သူမှာသွားသလိုပဲ။ သူ့ သူငယ်ချင်းရဲ့ကျောကို စီးလာတယ်။ ဒါပေမယ့် သရဲအကောင်ကို မမြင်ရဘူး။ ကျောပိုးစီးတဲ့ အနေအထားနှင့် စိုးမင်းကိုပဲ လေထဲမျောနေတာ တွေ့ရတယ်။

နိုင်ကြီးတောင် အမှတ်တမဲ့ မင်တက်မိသလို ဖြစ်သွားတယ်။ကတောင်ချောက်ချားတောင်ဖြစ်လို့ … ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိတယ် စိုးမင်းက မလှမ်းမကမ်းထိရောက်လာပြီ။

“နိုင်ကြီး၊ ဝက်သားတွဲကို မြှောက်ထားပေး၊ မြှောက်ထားပေး

စိုးပင်းအော်သံကြားမှ နိုင်ကြီးသတိရပြီး ဝက်သားတွဲတို ကိုင်မြှောက်ပေးလိုက်တယ်

“သူငယ်ချင်းရေ မင်းစားဖို့ ဝက်သားတွဲကို အသာအယာ ယူလိုက်နော်”ဆိုတဲ့ စိုးမင်းရဲ့ အသံကို ကြားလိုက်တယ်။ ခဏနေတော့ နိုင်ကြီးလက်ထဲက ဝက်သားတွဲဟာ တစ်ယောက်ယောက်က ဆွဲယူလိုက်သလိုခံစားလိုက်ရပြီး လေပေါ် မြှောက်သွားတယ်

“ကဲ သူငယ်ချင်းရေ ငါတို့ ပေါက်ပင်ကိုပြန်ကြစို့ မသီကြောက်မယ်ဆိုလည်း ကြောက်စရာပါပဲ။ စိုးမင်းဟာ ကျောပိုးစီးရက် အနေအထားနှင့် လေထဲမှာ ကျောခိုင်းပြီး ပေါက်ပင်ကြီးဘက်ပြန်လှည့်သွားတယ်။ ဝက်သားတွဲကြီးကလည်း ဘယ်သူမှမကိုင်ပဲ လေထဲ​မျောပြီးလိုက်ပါ သွားတယ်။စိုးမင်း ပေါက်ပင်ကြီးအောက်အမှောင်ရိပ်မှာ ပျောက်သွား နိုင်ကြီးမသိကို သတိရတော့တယ်။

မသီကိုကြည့်လိုက်တော့ ပါးစပ်အဟောင်းသား မျက်လုံးကြောင်ကြောင်နှင့်။နိုင်ကြီးစိုးရိမ်သွားတယ်။ ထိတ်လန့် တုန်လှုပ်သွားတယ်။

” မသီ …” ပုခုံးကိုပုတ်ပြီး အဆက်မပြတ်လှုပ်နှိုးတယ်။ မသီ ခွေခနဲ ပုံကျသွားတယ်။ အဲဒီအချိန်မှာ စိုးမင်းပြန်ရောက်လာတယ်။ “မသီဘာဖြစ်လို့ လည်း”လို့ ပေးတယ်။ “အကြောက်လွန်ပြီး သတိစေ့သွားတာနှင့် တူတယ်ကွ” နိုင်ကြီး ဒီလောက်ပဲပြောနိုင်တယ်။ မသီကိုယ်လုံးလေးကို စွေ့ခနဲပွေ့ပြီး ပုခုံးပေါ်တင်၊ အိမ်ကိုတန်းပြေးလာခဲ့တယ်။

အိမ်ရောက်တော့ မသီကို အိပ်ရာကုတင်ပေါ်အသာအယာချပြီး အဘဆရာပြေးပင့်ဖို ့လုပ်တယ်။ဒီကုန်းမှာပဲ မသိဆီက တဟားဟားနှင့်အူလှိုက်သည်။ လှိုက်ရယ်သံကြီးထွက်လာတယ်။ သရဲပူးတာလား၊ တစ္ဆေကပ်လာတာလား။ နိုင်ကြီးစိတ်ပူနေတုန်းမှာပဲ မသီပါးစပ်က အသံထွက်လာတယ်။

“ကိုနိုင်၊ ငါဘာမှမဖြစ်ဘူး။ အိမ်ကိုလမ်းလျှောက်ပြန်ရရင် ခြေညောင်းမှာစိုးလို့ နင့်ပခုံးပေါ်က လိုက်ရအောင်ကြံလိုက်တာ”တဲ့ကောင်းရော။ မသိအတွက် စိုးရိမ်သောကကြီးစွာ ပူပင်ခဲ့ရတဲ့နိုင်ကြီးခမျာစိတ်ဆိုးရမလိုလို၊ ဝမ်းသာရမလိုလို။ကယောင်ချောက်ချားတောင် ဖြစ်သွားတယ်။
အော်၊ မသီ
ီီနိုင်ကြီးလိုကျားကိုးစီးစားမကုန်တဲ့ ယောက်ျားရင့်မားကြီးကိုတောင် စကားလေးတစ်ခွန်းထဲနှင့် မွှတ်နေအောင်လှည့်ပစ်လိုက်
နိုင်တဲ့ မသီပါလားနော်။ ။

မောင်မှိုင်းညို့(ချောင်းဦး)