ဦးဆောင်ထွက်ခဲ့တာပေါ့ဗျာ။ ထွက်လာရင်းနဲ့ လမ်းမှာလည်း စကားပြောဖြစ်ကြတာပေါ့။ “ကျုပ်တို့ရွာကို နောက်ဆို မကြာမကြာလာရောင်းနော် ပန်းညို၊ သြော် ဒါနဲ့ ပန်းညိုအသက်က ဘယ်လောက်ရှိပြီလဲ” “နှစ်ဆယ့်သုံးပါ” ကျုပ်ကလည်း နှစ်ဆယ့်နှစ်ကျော်လို့ နှစ်ဆယ့်သုံးထဲရောက်နေပြီလေဗျာ၊ အသက်အရွယ်ကတော့ မတိမ်းမယိမ်းပေါ့။ “ဒါနဲ့ ကလေးကရောဘယ်အရွယ်တုန်းဗျ” “ပန်းညိုအသက် ဆယ့်ငါးနှစ်ကျော် ဆယ့်ခြောက်နှစ်လောက်မှာပဲ အိမ်ထောင်ကျပါတယ်၊ ကလေးးက အိမ်ထောင်သက်တစ်နှစ်မှာ မွေးတာဆိုတော့ အခုဆိုရင်တော့ လေးနှစ်ကျော်၊ ငါးနှစ်နီးပါးပါ” “သြော် . . .” ပန်းညိုမျက်နှာက မသာမယာဖြစ်သွားတာနဲ့ ကျုပ်လည်း ဆက်မပြောဖြစ်တော့ပါဘူးဗျာ၊ ဒါနဲ့ပဲ ရွာထဲအမဲသားကြိုက်ကြတဲ့ ...

နှိမ်နင်းလို့ ရလိမ့်မယ်လို့တော့ ဘုန်းကြီး မထင်ဘူးကွဲ့” “တစ်ရွာလုံးက စုန်းတွေကို နှိမ်နင်းဖို့ မဟုတ်ပါ ဘူးဘုရား၊ အဲဒီရွာမှာရှိတဲ့ စုန်းမတစ်ယောက်ရဲ့ ခေါင်းပြတ်ကြီးကို သွားပြီးယူဖို့ပါဘုရား” “ဟေ” “ဗျာ” ဆရာတော်ကလည်း အံ့သြပြီး ‘ဟေ’ကနဲ အော် လိုက်သဗျ။ကျုပ်ကလည်း လန့်ပြီး ‘ဗျာ’လို့ အော် လိုက်မိတယ်။ ဆရာနွံဖက ကျုပ်ဘက်ကို လှည့် ပြီးကြည့်တယ်။ ဆေးလိပ်ခွက်ထဲမှာ ထည့်ထား တဲ့ သူ့ရဲ့ဆေးတံကို ယူပြီး ဆေးပြာတွေ ခေါက် ချတယ်။ ပြီးတော့ ဗာဂျီးနီးယား ဆေးမှုန့်တစ်ဆုံ ထပ်သိပ်ပြီး ...

သွားဖူးပါဘူး။ ဘာပဲဖြစ်ဖြစ် နေကဝင်တော့မှာဆိုတော့လည်း အမြန်သွားဖို့ အရေးကြီးနေသည် မဟုတ်ပါလား။ ဒီတော့လည်း ခြေလှမ်းတွေကို မြှင့်တင်ပြီး လျောက်ခဲ့လိုက်ပါတော့တယ်။   ဒီလိုနဲ့ မြေနီလမ်းလေးအတိုင်း တစ်ယောက်ထဲ လျောက်လာခဲ့ရင်း ဟိုဟိုဒီဒီ ကြည့်မိလေတော့ လမ်းဘေး တစ်ဖက်တစ်ချက်မှာ လူနေ အိမ်ခြေဆို၍ ဘာကိုမှ မတွေ့ရခဲ့ပေ။ တောခြံတွေနဲ့ သစ်ပင်ဝါးပင်တွေသာ အုတ်အုတ်ဆိုင်းဆိုင်း ဖြစ်နေပြီး တောတန်းလေးကသာ ကြီးစိုးလို့နေပါတယ်။ မကြာခင် နေရောင်ပျောက်တော့မှာ ဖြစ်တဲ့အတွက် စိတ်ထဲမှာ စိုးရွံ့မှုတော့ ဖြစ်နေမိပါတယ်။ ဒါကလည်း လူ့သဘာဝပါ။ ဘယ်လောက်ပဲ မကြောက်ဘူးပြောပြော ခုလိုလူသူမရှိတဲ့ ...

ပျော်ရွှင်နေခဲ့ကြတော့သည်။   “ဝေယံကျော်ရေ.. မင်းဦးလေးနေတဲ့ရွာက တောင်ငူကနေ တော်တော် ဝေးသေးလားကွ”   “နည်းနည်းပဲဝေးတာပါ.. ဆိုင်ကယ်ကယ်ရီ ပြန်ပြီး စီးသွားရမှာကွ”   “ဒါထက် ရွာနာမည်ကရော ဘာလည်း”   “မင်းကလည်းကွာ ဟိုရောက်ရင် သိလိမ့်မယ်”   ဝေယံကျော်က ကားစီးရင် မူးတတ်တဲ့ အတွက်ကြောင့် စကားကို ဖြတ်ချလိုက်လေတော့သည်။ ထို့ကြောင့် ဘယ်သူမှတော့ ဆက်မမေးတော့ပေ။ အပြင်ကို ငေးကြည့်လာတဲ့ သူတွေလည်း ကြာလာတော့ ညောင်းလာကာ ကားထိုင်ခုံကိုသာ မှီလျက် လှဲလျောင်းရင်း လိုက်ပါလာခဲ့လေတာ့သည်။   ...

တွေ့ကရာလူကို အိမ်ခေါ်မလာသင့်ဘူးကွ၊ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ၊ နောက်ဒီလိုမျိုး ရှုပ်ရှုပ်ယှက်ယှက်တွေ အိမ်ခေါ်လာရင် မင်းကိုပါ အလုပ်ဖြုတ်ပစ်မယ်”   ဒရိုင်ဘာမောင်မျိုးက မျက်နှာငိုင်ကျသွားတယ်ဗျ၊   “ဟုတ်၊ ဟုတ်ကဲ့ပါ မမကြီး၊ ကျွန်တော်ဆင်ခြင်ပါ့မယ်”   မောင်မျိုးနဲ့ ဦးဖိုးထူးနဲ့ ကျုပ်လက်မောင်းကို တစ်ယောက်တစ်ဖက်ဆွဲကိုင်ချုပ်ပြီးတော့ ကျုပ်ကိုအိမ်ပေါ်ကနေအတင်းဆွဲချလာပါရောဗျာ၊ ကျုပ်ကတော့ မလျော့သေးဘူးဗျ၊   “မဟုတ်ဘူး၊ ကျုပ်ကူညီမှဖြစ်မယ်၊ မဟုတ်ရင် ဒီအိမ်မှာ တစ်ယောက်ယောက်သေရလိမ့်မယ်”   ကျုပ်အရူးကြီးတစ်ယောက်လို အော်ဟစ်နေမိတယ်ဗျ၊ အိမ်ထဲကနေထွက်လာတဲ့အချိန်မှာပဲ အိမ်ရှေ့ကိုကားတစ်စီးက ထိုးစိုက်သွားတယ်၊ ကားလေးကတော့ အဲဒိခေတ်က သူဌေးသူကြွယ်တွေမှ စီးနိုင်တဲ့ ...

မေ့ကိုတိုက်ရှာသည်။ သူဆေးတိုက်ပြီးတာနဲ့ အိပ်ယာပေါ်ကို ပြန်သိပ်ပေးလိုက်သည်။   သူရက ဆိုင်းနောင်အမေ နေမကောင်းသည်ကို ကြားသိရသဖြင့် သတင်းမေးဖို့ ရောက်လာခဲ့သည်။ အိမ်ရှေ့မှာ ဝမ်းနည်းစွာ ထိုင်နေတဲ့ ဆိုင်းနောင်က အိမ်ထဲဝင်လာတဲ့ သူငယ်ချင်းကိုတွေ့တော့ မျက်ရည်များကိုသုတ်လိုက်ပြီး အားရဝမ်းသာ ဆီးကြိုရှာသည်။   “ဟာ သူငယ်ချင်း လာလာ။ ”   “အေး မင်းအမေသက်သာရဲ့လား”   “မသက္သာပါဘူးကြာ။ ငါ့အမေရဲ့အဆုပ်က ကျွမ်းနေပြီတဲ့။ ကုလို့မရတော့ဘူးတဲ့။ ”   “ဟာ… အခုလိုကြားရတာ စိတ်မကောင်းလိုက်တာ ဆိုင်းနောင်ရာ”   ...

နှင့် တောအုပ်အတွင်းသို့ အိမ်ဥိးနှင့်ကြမ်းပြင်ကဲ့သို့ သွားလာနိုင်သည်။ ဝါးပိုးဝါးကြီးကြီး သုံးလုံးခန့်ကို ရွာအရောက်ထမ်းပြန်နိုင်သေးသည်။ တစ်ခါတရံ ရွာလယ်လမ်းတွင် ခြင်းခတ်ကြသည့်အခါ ကာလသားများနှင့်အတူ ခြင်းခတ်လေ့ရှိသေးသည်။ ကိုညိုကြီးတို့ ကာလသားဖြစ်သည့်အခါ ဘိုးသက်ရှည်အသက်ရှည်ရသည့်အကြောင်းကို ဆွေးနွေးငြင်းခုံကြသည်။ ဘိုးသက်ရှည်မှာ ဆေးကောင်းဝါးကောင်းတစ်ခုခုရှိမည်ဟု အားလုံးကထင်မြင်ကြသည်။ နောက်ဆုံး လူငယ်ဘာသာဘာ၀ အလောင်းအစားများပင်ပါလာခဲ့သည်။ ဘိုးသက်ရှည်မှာ ကလေးများထဲတွင် ကိုညိုကြီးကို ပိုမိုခင်တွယ်ကာ တူသားအရင်းသဖွယ်ချစ်ခင်သည်ဖြစ်ရာ ကိုညိုကြီးမှာ ဘိုးသက်ရှည်အား အနီးကပ်စောင့်ကြည့်ရန် တာဝန်ကျလေတော့သည်။ ဘိုးသက်ရှည်တစ်ယောက် ဆေးသုံးမသုံး၊ နည်းကောင်းရှိမရှိကို အကဲခတ်ရန်ဖြစ်သည်။ သို့နှင့် ကိုညိုကြီးမှာ မိဘများနှင့်ရန်ဖြစ်စကားများသည်ဟု အကြောင်းပြကာ အိမ်ပေါ်မှဆင်းလာခဲ့လေသည်။ ...

ဝတ်ဆင်ထားသောမိန်းကလေးငယ်တစ်ဦးအား တွေ့လိုက်ရသောကြောင့်ပင်ဖြစ်လေသည်။ ထိုမိန်းမငယ်အား အောင်ချစ်တစ်ယောက်ကြည့်နေစဉ်အခိုက် ” ဖျတ် “ကနဲပျောက်သွား၏။ ထိုအချိန်မှအောင်ချစ်လည်းသတိရသွားပြီး   ” သရဲ ”   .ဟုအော်ကာ ချောင်းကမ်းပါးပေါ်သို့တက်ပြေးလေ၏။ နောက်မှအောင်ချစ်လည်း   ” ငါစိတ်ထင်တာပါဟု ”   တွေးကာစက်ဘီးအားယူ၍ မြို့သို့ဆက်မသွားတော့ပဲ ရွာကိုသာပြန်လာလိုက်ပြီး စက်ဘီးကိုမိုးညိုထံသို့ပြန်ပေးလိုက်သည်။   နောက်နေ့ရောက်သော် မိုးညိုတစ်ယောက်ပွဲရုံတွင် ဆန်ဝယ်သူများကျနေသဖြင့်အလုပ်ရှုပ်နေ၏။ အလုပ်သိမ်းချိန်ရောက်သဖြင့် အလုပ်သိမ်းကာရွာသို့ပြန်မည်အလုပ်   ” ဟဲ့မိုးညို နင်ရွာပြန်မလို့လား ”   မိုးညိုလည်းအသံကြားရာ လှည့်ကြည့်လိုက်ရာ မိမိနှင့်တစ်ရွာထဲနေသူ ...

သန်းရင်သည် ရေနံဆီမီးခွက်လေး အဖုံးကို ဖွင့်ကာ အိမ်ထောင့်မှ ရေနံဆီပုလင်းလေးကိုယူပြီး မီးခွက်ထဲ ရေနံဆီဖြည့်နေ၏၊ ထို့နောက် ဆေးပေါ်လိပ်ကို ဖွာရှိုက်နေသော ကျော်ဆန်းအား ကြည့်ကာ စကားဆိုလိုက်သည်   “ကိုကျော်ဆန်း ကျမတို့ သားလေးတောင် ရှစ်နှစ် ပြည့်ပြီး ရှင်ပြုပေးချင်ပြီ ”   မိန်းမဖြစ်သူ၏ ပြောစကားကို ကျော်ဆန် ‌သည် ဖွာလက်စ ဆေးပေါလိပ်ကို အားရပါးရ ဖွာရှိုက်လိုက်ပြီး မီး‌ခိုးငွေ့များကို ပါးစပ်နှင့် နှားခေါင်းမှ မှုတ်ထုတ်လိုက်ကာ   “ငါလည်း ငါ့သားလေးကို ရှင်ပြုပေးချင်တာပေါ့ဟာ နောက်လ ...

လှည့်ကာ သူ၏သူငယ် ချင်းတွေ ပျင်းနေမှာစိုး၍၊ ငယ်ငယ်က သူကြားဖူးတဲ့ သရဲပုံပြင်တစ်ပုဒ်ကို ပြောနေခြင်းဖြစ်၏။ သူ၏ ဘေးတစ်ဖက်တွင် မိန်းကလေးတစ်ဦးနှင့်၊ နောက်အခန်းတွင် မိန်းကလေးနှစ်ဦး။ ” တော်စမ်းပါ၊ မောင်ထူးရယ်၊ နင့်ပုံပြင်ကလည်း ကြောင်တောင် တောင်နဲ့ ဘာမှန်းကို မသိဘူး၊ သက်သက် ငါတို့ကို လာခြောက်နေ တယ် ” မောင်ထူး၏ ဘေးမှ မိန်းကလေးက စိတ်တိုစွာပြောလိုက်၏။ သူမက မြမိုးသိမ့်။ နောက်က ကောင်မလေး နှစ်ယောက်က ခင်စန္ဒာ နဲ့ နှင်းမြဖြူ။ “ဟား၊ ဟား၊ ...